《မင်းကို ချစ်မဝသေးလို့(BL Novel,Myanmar tran)》Ep-15.2 Unicode
Advertisement
မင်းကိုချစ်မဝသေးလို့
အပိုင်း(၁၅):ပြန်လည်တွေ့ဆုံခြင်း (Part-2)
....
လင်,တကျွမ်းဟာ ကုန်းကုန်း၏စကားကိုနားထောင်ပြီးနောက် စိတ်သက်သာရမရသည့်အပြင်ပိုပိုပြီးတောင် စိုးရိမ်လာလေ၏။ ဒါပေမဲ့လဲလင်ဂျာပေါင်ရောက်ရှိလာမှာကိုသာ ငြိမ်ငြိမ်လေး စောင့်ဆိုင်းနေခဲ့ကြသည်။
ရွှမ်းရန်ဟန်ချန် နံနက်စောစော ဖျင်အော်နန်းဆောင်မှပြန်သွားခဲ့ပြီး အခုနောက်တစ်ကြိမ်ဖျင်အော်နန်းဆောင်ကိုယွမ်ဖူနှင့်အတူ ပြန်ရောက်လာပြန်တာဖြစ်၏။ နန်းဆောင်နားရောက်လာတော့ ဂျာပေါင်(ကျားပေါင်)တစ်ယောက် နန်းဆောင်ဝန်းထဲဆင်း၍ သူ့အားထွက်စောင့်နေသည်ကိုတွေ့လိုက်ရသည်။
ရွှမ်းရန်ဟန်ချန်၏နှုတ်ခမ်းတို့သည် ကြည်နူးမှုနဲ့အတူ လှစ်ခနဲတွန့်ချိုးသွားလေသည်။ဂျာပေါင်(ကျားပေါင်) သည် သူ့မိသားစုနှင့် တွေ့ဆုံရမည်ကိုသိပြီးကတည်းက တော်တော်လေးစိတ်လှုပ်ရှားနေပြီး တငိုငိုတရယ်ရယ်ဖြစ်နေခဲ့တာကြောင့် သူ့မှာထိုခလေးငယ်လေးအား ညကအချိန်အတော်ကြာအောင် ချော့မော့နေခဲ့ရ၏။
အခုသူပြန်ရောက်လာတော့ ထိုကောင်ငယ်လေးသည် မနေ့ည,ကနှင့်မတူညီစွာ လွန်စွာမှတတ်ကြွပျော်ရွှင်နေဟန်ရှိလေသည်။ဒီကောင်ငယ်လေးပျော်ရွှင်တတ်ကြွနေတာ သူ့ကြောင့်မဟုတ်ဘူးလို့တွေးမိပြန်တော့ အနည်းငယ်မနာလိုဖြစ်မိပြန်၏။
ဒီနေ့ လင်ဂျာပေါင်(ကျားပေါင်)တော်တော်လေးဝတ်စားပြင်ဆင်ထားတာဖြစ်သည်။ ချူးယိနှင့်ချူးချင်တို့သည် ရှောင်ဇူးတစ်ယောက် ယနေ့တွင် သူ့မိသားစုနှင့် တွေ့ဆုံမည်ကို သိရှိပြီးဖြစ်တာကြောင့် အထူးပင်ရွေးချယ်ဝတ်ဆင်ပေးထားတာဖြစ်၏။
လင်ဂျာပေါင်(ကျားပေါင်)သည် အပြာရင့်ရင့်ဝတ်စုံကို ဝတ်ဆင်ထား၏။ ထိုဝတ်စုံပေါ်ကပန်းထိုးများမှာလည်း အလွန်ကိုလက်ရာမြောက်လှပပြီး အလွန်လှပပြီးလက်အစွန်အနားကို ရွှေချည်ထိုးများဖြင့်အနားသတ်ထားလေသည်။အင်္ကျီ၏အရောင်ထင်ဟပ်လျက်ရှိသော ဂျာပေါင်(ကျားပေါင်)၏ အသားအရည်သည် လွန်စွာမှကြည်လင်ပြီးတောက်ပ၍နေလေသည်။
လင်ဂျာပေါင်၏ဆံပင်ကို ကျောက်စိမ်းဆံထိုးဖြင့် ချည်နှောင်ထားပြီး ခါးတွင်လည်းရောင်စုံကျောက်မျက်များစီချယ်ထားသော ချားစည်းကြိုးကိုချည်ထားလေသည်။ဂျာပေါင်(ကျားပေါင်)၏ပုံစံလေး ခပ်လှမ်းလှမ်းမှကြည့်ရင်တောင် အိမ်တော်ရဲ့ချစ်ခင်မှုကိုအပြည့်ဝရရှိထားတဲ့ နုနုဖက်ဖက်သခင်ငယ်လေးဟု အထင်းသားသိမြင်နိုင်၏။
ရွှမ်းရန်ဟန်ချန်သည် လင်ဂျာပေါင်(ကျားပေါင်) အား တစိမ့်စိမ့်ဖြင့် အကြည့်မလွှဲနိုင်အောင်ကိုဖြစ်နေလေသည်။
"ခလေးလေး ဒီနေ့ ဝတ်ထားတာအရမ်းလှတယ်။ ဒီ တရားမျှတခြင်းဆိုင်,က အဝတ်အစားတွေကအရည်သွေးကောင်းသားပဲ။ေ နာက်တစ်ခါလဲအဲ့ကပဲမှာကျတာပေါ့။''
"မှန်လှပါ"ချုးယိနှင့်ချုးချင်းတို့သည် တညီတညွတ်တည်း ပြန်လည်လျှောက်တင်ကြ၏။
ထပ်ဆင့်ခမ်းနားထည်ဝါခြင်းသည် နိုင်ငံတစ်ဝှမ်း ချည်ထိုးပန်းထိုးလုပ်ငန်းစက်ရုံများစွာထဲမှ အကောင်းဆုံး တော်ဝင်အဝတ်အထည်စက်ရုံတစ်ခုဖြစ်သည်။ အထူးသဖြင့်ဧကရာဇ်၊ မိဖုရား၊ မင်းသားတို့၏ဝတ်ရုံများကို အဓိကထားပြုလုပ်ထားသည်။
နန်းတော်ရှိအဆင့်အတန်းမြင့်အာဏာရအရာရှိများအတွက်သာ အထူးဒီဇိုင်းဆွဲဖန်တီးပေးတာဖြစ်ပြီး သာမန်ကိုယ် လုပ်တော်များနှင့်မှူးမတ်များကိုတော့ ပြည်ထဲရေးဝန်ကြီးဌာန ရှန်ယီဗျူရိုမှ တူညီဝတ်စုံများကိုပြင်ဆင်ချုပ်လုပ်ပေးလေသည်။
လင်ဂျာပေါင်(ကျားပေါင်) သူ့အနားကိုစ,ရောက်တဲ့နေကစပြီးတော့ ရွှမ်းရန်ဟန်ချန်သည် သူ့ခလေးငယ်လေးအားအကောင်းဆုံးအရာတွေကိုသာ ဖြည့်ဆည်းသုံးစွဲစေခဲ့သည်။ဧကရီမိဖုရားကြီး ကိုယ်တိုင်ခန့်အပ်ပေးထားသော သခင်ငယ်လေးဖြစ်နေသည့်အပြင် ရွှမ်းရန်ဟန်ချန်၏ ထိုသခင်ငယ်လေးအပေါ်ထားရှိသော သဘောထားကိုလဲရှင်းရှင်းလင်းလင်းသိမြင်ကြလေသည်။
ထို့ကြောင့် ဖျင်အော်နန်းဆောင်က လိုအပ်သည့်အရာမှန်သမျှကို ဘယ်သူမှကဖျက်ကယက်မလုပ်ရဲကပေ။ထိုဖျင်အော်နန်းဆောင်အရှင်ငယ်လေးသည် နန်းတော်ရှိလူတိုင်၏အမြင်တွင် အလွန်ထူးကဲ၍လေးနက်သောအသွင်ကိုဆောင်လေသည်။သင်သာ ငတုံး၊ငမိုက်၊သုံးစားမရတဲ့ဦးနှောက်ပိုင်ရှင်မဖြစ်သေးသရွေ့ ဧကရီမိဖုရားကြီးနှင့်အိမ်ရှေ့စံမင်းသားတို့က လင်ဂျာပေါင် (ကျားပေါင်)အား ဘယ်လောက်ချစ်ပြီးအလေးနက်ထားတယ်ဆိုတာ မင်းနားလည်နိုင်လိမ့်တယ်။
ယခုအကြိမ် လင်ကျားပေါင်(ဂျာပေါင်) နန်းတော်မှထွက်သွားသောအခါ ယွမ်ဖူနှင့်နောက်ထပ်အစောင့်နှစ်ယောက်ကိုပါ မူလအစောင့်နှစ်ယောက်အတူလိုက်ပါသွားရန် ညွှန်ကြားခဲ့သည်။ တွေ့ဆုံရာနေရာသည်မြို့တော်ရှိ ဖူယန်အဆောက်အအုံဖြစ်ပြီး သူ့ရဲ့သစ္စာခံလက်အောက်ငယ်သား တစ်ယောက်ပိုင်ဆိုင်သောနေရာဖြစ်တာကြောင့် ဘာပြဿနာမှမရှိနိုင်ပေ။
လင်ဂျာပေါင်(ကျားပေါင်) နှင့် ရွှမ်းရန်ဟန်ချန်တို့သည် စီးလာသော မြင်းရထားသည် နန်းတော်ဂိတ်တံခါးဆီသို့ခပ်ဖြည်းဖြည်း မောင်းနှင်၍ နန်းတော်တွင်းမှ ချောချောမွေ့မွေ့ ထွက်ခွာလာကြလေသည်။
"ခလေး ဒီနေ့တစ်နေ့ပဲမိသားစုနဲ့တွေ့ရတာဆိုတော့ ညစာ,စားပြီးမှပြန်လာခဲ့။ ဘယ်လိုလဲပျော်နေလား?" ရွမ်းရန်ဟန်ချန် သည် လင်ဂျာပေါင်(ကျားပေါင်)၏ လက်သေးသေးလေးကိုရောယှက်ဆုတ်ကိုင်ထားရင်း နူးညံ့ညှင်သာသော အသံဖြင့် ပြောလေသည်။
"တကယ်လား? ကောင်းလိုက်တာ!မတွေ့ရတာအရမ်းကြာပြီမို့လို့ အများကြီးသတိရနေတာ။ပြီးတော့သူတို့နဲ့လဲပြောစရာတွေ အများကြီးရှိသေးတယ်" ဒီနေ့ သူ့ကိုမိသားစုထဲဘယ်သူတွေများလာတွေ့ ကြမှာလဲမသိဘူး။
"မင်းပျော်နေရင်ပဲရပါပြီ!" ရွှမ်းရန်ဟန်ချန်သည် လင်ဂျာပေါင်(ကျားပေါင်) ၏ နှုတ်ခမ်းလေးကို ဖိကပ်နမ်းလိုက်လေသည်။လင်ဂျာပေါင်သည်လဲ အခုဆို ရွှမ်းရန်ဟန်ချန်၏ အနမ်းများကို လွန်စွာမှကျင့်သားရပြီဖြစ်သည့်အပြင် တစ်ခါတစ်ရံတွင် သူ့အားပြန်လည်၍တုံ့ပြန်တတ်လာပြီဖြစ် သည်။ခလေးငယ်လေး၏ တုန့်ပြန်မှုသေးသေးလေးကိုပြန်လည်ရရှိသည့်အခါတိုင်း သူ့သည်တကယ်ကိုကျေနပ်ပျော်ရွှင်မှုကိုခံစားရစေလေ၏။
မြင်းရထားသည် ဖူယန်အဆောက်ဦးအဝင်ဝတွင် လျင်မြန်စွာ ရပ်သွားလေသည်။
"သွားတော့!ကိုယ်တော် ယွမ်ဖူကိုမင်းနဲ့ထည့်ပေးလိုက်မယ်နော်။ ညဘက်ကျလာပြန်ကြိုမယ်ဟုတ်ပြီလား!'
ရွှမ်းရန်ဟန်ချန်သည် ယွမ်ဖူအားထပ်မံ၍မှာကြားပြန်၏။
''သတိထားပြီးသေချာဂရုစိုက်စောင့်ရှောက်ပေးပါ။
တစ်ခုခု မှားယွင်းမဖြစ်စေနဲ့!''
"မှန်လှပါ! စိတ်ချပါ အိမ်ရှေ့စံမင်းသား" ယွမ်ဖူသည် လင်ကျားပေါင်(ဂျာပေါင်)အား မြင်းရထားပေါ်မှဆင်းရန် ကူညီပေးပြီးနောက် အစောင့်နှစ်ဦးကစားသောက်ဆိုင်ထဲသို့ အတူလိုက်ဝင်သွားခဲ့သည်။
လင်ဂျာပေါင်(ကျားပေါင်) သည် ယွမ်ဖူနောက်ကနေ ထင်ဇီ အခန်းနံပါတ်၁သို့လိုက်လာခဲ့၏။သူတကယ်ကိုအရမ်း စိတ်လှုပ်ရှားနေခဲ့သဖြင့် တံခါးကိုပင်ကောင်းကောင်း တွန်းမဖွင့်နိုင်ခဲ့ချေ။ နောက်ဆုံးတော့ လွန်ခဲ့သည့် ၂နှစ်က,မတွေ့ခဲ့ရသည့် သူရဲ့ချစ်ခင်ရသော မိသားစုကိုပြန်တွေ့ရပြီ။
"ဖေဖေ! အစ်ကိုကြီး ! ခဲအို!"လင်ဂျာပေါင်သည် တံခါးပွင့်သွားပြီးနောက် သူ့ရဲ့မိသားစုဝင်တွေကိုမြင်သည်နှင့်တပြိုင်နက် သူ့အဖေကိုပြေးဖက်တော့ ၏။
''ဂျာပေါင်, အဖေတို့ကိုအရမ်းအလွမ်းနေတာ !"
"ဂျာပါင် အဖေတို့လည်း မင်းကိုသတိရနေပါတယ်ကွယ်!လာပါဦး ဖေဖေမင်းကိုသေချာကြည့်ရအောင်" သူ့သားငယ်အား တင်းကြပ်စွာပြန်လည်ပွေ့ဖက်ထားသော လင်,တကျွမ်း၏ မျက်လုံးများသည်လဲ အနည်းငယ်နီရဲ၍နေ၏။
မိသားစုဝင်တွေဟာတစ်ယောက်နဲ့တစ်ယောက်မတွေ့ရတာ တော်တော်လေးကြာနေပြီဖြစ်သလို ယခုမှပြန်လည်ဆုံတွေ့ရတာကြောင့် အရမ်းစိတ်လှုပ်ရှားနေခဲ့ကြလေသည်။ဒါကြောင့်ပဲ စိတ်တည်ငြိမ်အောင်အချိန်အတော်ကြာစောင့်ခဲ့ရလေသည်။
ယွမ်ဖူ နှင့် ယွမ်ချင်းတို့သည်လဲ အခြေနေတည်ငြိမ်သွားခါမှ အစောင့်အကြပ်နှစ်ယောက်နှင့်အတူ တံခါးအပြင်တွင်ထွက်စောင့်နေခဲ့ကြတော့၏။
အပြင်လူများ ထွက်သွားပြီးနောက် လင်,တကျွမ်း သည် အလောတကြီးဖြင့် "ဂျာပေါင် လွန်ခဲ့တဲ့၂နှစ်က သား,ဘာတွေဖြစ်ခဲ့တာလဲ? ဘယ်ကနေ ဘယ်လိုဖြစ်ပြီး အိမ်ရှေ့စံရဲ့ကိုယ်လုပ်တော်ဖြစ်သွားရတာလဲ?''
"ဂျာပေါင် လွန်ခဲ့တဲ့၂နှစ်အတွင်းတုန်းကလဲ အဆင်ပြေပါတယ်။အိမ်ကို အရမ်းလွမ်းတာပဲရှိတာ..''
လင်ဂျာပေါင်(ကျားပေါင်) သည်သူ,နန်းတော်သို့စ,ဝင်ရောက်ချိန်မှ ယခုလက်ရှိအချိန်ထိဖြစ်နေသော သူ့ရဲ့အခြေနေများကို မိသားစုဝင်များအားအကြမ်းဖျင်းပြောပြ၏။သို့ပေမဲ့ သူ, ဘယ်ကနေဘယ်လို အိမ်ရှေ့စံ၏ကိုယ်လုပ်တော်ဖြစ်သွားရလဲဆိုတာကိုတော့ သူ,ကိုယ်တိုင်လဲမသိသလို မိသားစုဝင်များအားလဲပြန်မရှင်းပြတတ်ချေ။
"ဘယ်လိုပဲဖြစ်ဖြစ် ဧကရီမိဖုရားကြီးရဲ့ အမိန့်ကိုနာခံပြီးတော့ အိမ်ရှေ့စံရဲ့ကိုယ်လုပ်တော်ဖြစ်လာရတော့တာပဲ....!''
လင်ဂျာဝမ် သည် သူ့ညီငယ်၏အူအူကြောင်ကြောင်ဖြင့် သေချာမရှင်းပြတတ်တဲ့ပုံစံကိုကြည့်ရင်း သူ့စိတ်ထဲတွင် သက်ပျင်းခပ်သာသာချမိလေကာ
"အိမ်ရှေ့စံမင်းသားကရော... မင်းအပေါ်ကောင်းရဲ့လား
"ဟီး! အိမ်ရှေ့မင်းသားကဂျာပေါင်ကို ကောင်းကောင်းဆက်ဆံပါတယ်'' လင်ကျားပေါင်(ဂျာပေါင်)သည် ထပ်ခါထပ် ခါခေါင်းညိတ်ပြရင်းဆို၏။
Advertisement
"အိမ်ရှေ့စံမင်းသားက ကျားပေါင်(ဂျာပေါင်)ရဲ့ယောကျာ်းလေ!ယောကျာ်းပြောတာတော့ သူက ဂျာပေါင်ကိုအရမ်းသဘောကျတယ်တဲ့ ပြီးတော့ ဂျာပေါင်ကလဲ ယောကျာ်းကို အရမ်းသဘောကျတယ်''
လင်ဂျာဝမ် သည် သူ့ညီငယ်ဟာအိမ်ရှေ့စံမင်းသားအား တော်တော်လေးချစ်ခင်စုံမက်နေပြီဖြစ်ကြောင်း သိမြင်လိုက်ရတဲ့အတွက် စိတ်နှလုံးမသက်မသာဖြစ်နေရတော့သည်။ဒီညီငယ်လေးဟာ အိမ်ရှေ့စံမင်းသားဟာအနာဂတ်တွင် ဘာဖြစ်လာမယ်ဆိုတာကော သိပါရဲ့လားဟုသံသယဝင်လာ၏။ဒီကောင်ငယ်လေးဟာ စိတ်ထားဖြူစင်လွန်းပြီး အဖြူထည်သက်သက်လေးဖြစ်တာကြောင့် အိမ်ရှေ့စံမင်းသားကိုသာမန်လူတစ်ယောက်လို့များရိုးရိုးလေးတွေပြီး ယုံကြည်စွာဆက်ဆံနေသလားလဲ မသိတော့ချေ။
ချင်ချိုင်ရှောင်သည်လဲ လင်ဂျာပေါင် ၏ တလတ်လတ်တောက်ပနေသော မျက်လုံးလေးများကိုကြည့်ပြီး စိတ်ထဲမှ သက်ပြင်းသာချမိလေသည်။ဒီကလေးငယ်လေး ဒုက္ခတောထဲရောက်မှာသွားကိုသာ တွေးကြောက်မိလေ၏။
ယခုအချိန်တွင်လင်ဂျာပေါင်(ကျားပေါင်) သည် ငယ်ရွယ်နုပျိုပြီး ချစ်စရာကောင်းတာကြောင့် အိမ်ရှေ့စံမင်းသား ၏ ချစ်ခြင်းကိုလွယ်လွယ်ကူကူရရှိထားသော်လည်း နောင်တွင် ယခုလောက်လွယ်ကူတော့မည်မဟုတ်ကြောင်း သတိပြုထားသင့်သည်။ဒါ့အပြင် လင်ကျားပေါင်(ဂျာပေါင်)ဟာ ဒွိလိင်ခလေးတစ်ယောက်လေ.....
လင်,တကျွမ်း သည်လဲတစ်ခုခုကိုတွေးမိပြီးဖြစ်လေရာ လင်ဂျာပေါင်အား "အင်း....!အိမ်ရှေ့စံမင်းသားရဲ့ဘေးမှာ မိန်းခလေးဘယ်နှစ်ယောက်လောက်ရှိလဲ.....?''
လင်ဂျာပေါင်(ကျားပေါင်) သည် အချိန်ခဏလောက်တုံ့ဆိုင်းသွားပြီးနောက် "မိန်းခလေး?''
''အိမ်ရှေ့စံမင်းသားဆီမှာ ကိုယ်လုပ်တော်မိန်းခလေးတော်တော်များများရှိနေသလားလို့...!လင်,တကျွမ်းသည် ဂျာပေါင်၏အခြေနေမှန်ကိုအကဲခတ်ဖို့ရန်အတွက် သားဖြစ်သူ၏အဖြေကိုစိတ်လှုပ်ရှားစွာဖြင့် သိချင်နေခဲ့လေ၏။
"ဂျာပေါင် သေချာမသိဘူး၊ အရင်ကတော့တစ်ခါမှမတွေ့ဖူးဘူး"လင်ဂျာပေါင်(ကျားပေါင်)သည် သေချာစဉ်းစားကြည့်ပြီးမှဖြေလေသည်။
"မင်းသမီးငယ်ဆိုတာကိုကော မမြင်ဖူးဘူးလား" ဂျာဝမ် က သူကြားဖူးထားခဲ့သော သတင်းတစ်ခုကြောင့် မေးလိုက်၏။
"မတွေ့ဖူးဘူး။မင်းသမီးငယ်လေးက နေမကောင်းဖြစ်နေလို့ သူ့ကိုတွေ့လို့မလိုဘူးလို့ အိမ်ရှေ့စံမင်းသားက ပြောတယ်"
လင်ဂျာပေါင်(ကျားပေါင်) သည်လဲသူ့ရဲ့အိမ်ရှေ့မင်းသားအား မင်းသမီးငယ်လေးအားတွေ့ရလားလို့မေးကြည့်ခဲ့ဖူးသည်။အိမ်ရှေ့စံမင်းသားက သူတို့နှစ်ယောက်တွေ့ပေးဖို့အတွက်ရံရွေတော်ကြီးကို ပြန်မေးကြည့်ဦးမယ်ဟုသာ ပြန်ပြောခဲ့လေသည်။
"အဲ...ဒါက အဓိပ္ပါယ်မရှိဘူး" လင်ဂျာဝမ် နှင့် ချင်ချိုင်ရှောင် တို့သည် တစ်ယောက်ကိုတစ်ယောက်ကြည့်မိကြလေသည်။
"ဒါပေမယ့် ဧကရီမိဖုရားကြီးဆီကိုတော့ နှုတ်ဆက်ဂါဝရပြုဖို့ မကြာခဏ ခေါ်သွားပေးတယ်'' လင်ဂျာပေါင်(ကျားပေါင်) က သူ တွေးမိတာကိုထပ်ပြောပြလိုက်၏။
လင်,တကျွမ်းတို့သုံးယောက်သည်လဲ ခေါင်းညိတ်လျက် အနည်းငယ်စိတ်သက်သာရာရကြလေသည်။ဧကရီမယ်မယ်ကြီးနှင့် တွေ့ဆုံရဖို့ကပိုအရေးကြီးတယ်။
ထိုအချိန်တွင် တံခါးအပြင်ဘက်မှ တံခါးခေါက်သံတစ်ခုထွက်ပေါ်လာသည်။''လင်ရှောင်ဇူ နေ့လည်စာစားချိန်ရောက်ပြီ၊ ရှောင်ဇူ နဲ့သခင်ကြီးတို့ ရင်ထမင်းစားလိုက်ကြပါဦး'' ယွမ်ဖူ သည် ဂျာပေါင်(ကျားပေါင်)ဆီသို့ရောက်လာပြီး ဂါရဝပြုစကားဆို၏။
"ကောင်းပါပြီ" လင်ဂျာပေါင်(ကျားပေါင်)ကလဲ တုံ့ပြန်စကားဆိုသည်။
ထို့နောက် ယွမ်ချင် ၏စီစဉ်မှုအောက်တွင် စားပွဲရှည်ကြီးပေါ်တွင် ဟင်းအမယ်မျိုးစုံထည့်ထားသည့် ပန်းကန်များပြည့်နှက်လာတော့၏။
အားလုံးပြင်ဆင်ပြီးနောက် မြန်မြန်ပြန်ထွက်သွားကြပြန်သည်။ "ဖြည်းဖြည်းလုပ်ပါ ရပါတယ်!''
သူတို့ထွက်သွားပြီးနောက် လင်,တကျွမ်းတို့ သုံးယောက်သည် လင်ဂျာပေါင်(ကျားပေါင်) နှင့် စကားနည်းငယ်ဆက်ပြောပြီးနောက် သူတို့ရဲ့စိုးရိမ်စိတ်တွေကို မဆိုသလောက် ဖယ်ရှားလိုက်နိုင်ကာ တဖြည်းဖြည်းစိတ်တည်ငြိမ်သွားကြ၏။
လင်ဂျာပေါင်သည်နေ့လည်စာ အတူတူစားကြပြီးနောက် အိမ်ရှေ့စံမင်းသား၏အရှေ့နန်းဆောင်တွင် နေထိုင်ရသည့် သူ့ရဲ့နေ့စဉ်တစ်နေ့တာအကြောင်းကိုပြန်ပြောပြလေသည်။ အတူတူ စကားပြောကြသည်။
အိမ်ရှေ့စံမင်းသားသည် လင်ကျားပေါင်(ဂျာပေါင်)အား ပန်းချီနှင့် လက် ရေးလှပညာသင်ကြားပေးရန်အတွက် ပညာရှင်တစ်ယောက်အား ကိုယ်တိုင်ရှာဖွေ၍သင်ကြားစေခဲ့ကြောင်း ကြား သိရပြန်လေရာ သူတို့အလွန်စိတ်သက် သာရာရခဲ့ကြသည်။ကြည့်ရတာ အိမ်ရှေ့စံမင်းသားက ဂျာပေါင်(ကျားပေါင်)ကို တကယ်ကိုနှစ်သက်သဘောကျတာပဲဟု လင်ဂျာဝမ်တွေးမိလေ၏။
လင်ဂျာပေါင်(ကျားပေါင်) ကလည်းသူ့အဖေနဲ့ ခဲအိုအိမ်မှာ ဖြစ်နေလဲဆိုတာကိုမေး၏။မနှစ်က သူ့ရဲ့အမကြီးက နဂါးနဲ့ ဖီးနစ်မောင်နှမကိုမွေးတယ်လို့ ခဲအိုဖြစ်သူကပြောပြလေရာ သူ,အရမ်းအရမ်းကို ဝမ်းသာနေမိတော့သည်။ဒီနှစ်အစောပိုင်းမှာ အစ်ကိုဖြစ်သူက ပညာရှင်အဆင့်အရည်အချင်းစစ်အဖြစ်ဝင်ခွင့်ရခဲ့သလို မရီးကလည်း နောက်လမှာမွေးတော့မယ်ဟူသော သတင်းကောင်းများကိုဆက်ကြားရပြန်သည်။သူ ,တူ၊ တူမငယ်လေးတွေ အများရှိလာတော့မှာလား?ကောင်းလိုက်တာ! အစ်ကိုကြီးအကြောင်းစဉ်းစားမိတော့လဲ တကယ်ကိုကျေနပ်ပျော်ရွှင်မိလေ၏။
လင်ကျားပေါင်(ဂျာပေါင်) သည် သူ,စုပြီးထည့်ပေးလိုက်သောငွေကို အိမ်တိုးချဲ့ပြင်ဆင်ရန်နှင့် လယ်ဝယ်ရာတွင်အသုံးပြုလိုက်ကြောင်း ဖခင်ဖြစ်သူပြောနေသည်ကို နားထောင်ခဲ့သည်။လင်,တကျွမ်းပြောပြနေသည့် အိမ်ရဲ့ အသေးအဖွဲအကြောင်းတွေကိုလဲ ဂျာပေါင်(ကျားပေါင်)သည်ဂရုတစိုက်နားထောင်နေခဲ့၏။
ပျော်ရွှင်စရာပြန်လည်ပေါင်းစည်းချိန်တွေက အမြဲတိုတောင်းလေ့ရှိတာဟာသဘာဝပဲမို့ သူတို့ညစာစားပြီးပြီးချင်း မကြာမီမှာပဲ ယွမ်ဖူသည် တံခါးခေါက်လာတော့၏။
"အချိန်လင့်နေပါပြီ လင်ရှောင်ဇူ!
မြင်းရထားကိုလာကြိုမယ့်အချိန်ရောက်နေပါပြီ"
လင်ဂျာပေါင် နှင့် လင်,တကျွမ်း တို့သည် စားသောက်ဆိုင်တံခါးတွင် တွန့်ဆုတ်လျက်နှုတ်ဆက်ကြလေသည်။ ယွမ်ချင်း က ရှေ့သို့ တိုးလာပြီးလင်ဂျာပေါင် အား မြင်းရထားပေါ်တက်ရန်ကူညီပေးလေ၏။
လင်ဂျာပေါင် သည် မြင်းရထားပေါ်တက်ရာတွင် အိမ်ရှေ့စံမင်းသားသည် ထိုမြင်းရထားတွင်း၌ရှိနေခဲ့လေသည်။ရွှမ်းရန်ဟန်ချန်သည် သူ့ခလေးငယ်ရဲ့နီရဲနေတဲ့မျက်လုံးတွေကို ကြည့်ပြီးနောက် ကန့်လန့်ကာတံခါးကိုဖွင့်ပေးလိုက်၏။ လင်ဂျာပေါင်(ကျားပေါင်) သည် ရထားပြတင်းပေါက်မှ ခေါင်းထွက်၍ အဖေဖြစ်သူအားလက်ပြနှုတ်ဆက်ပြန်သည်။
လင်,တကျွမ်းတို့ သုံးယောက်သည်လဲ လင်ဂျာဝမ် အားပြန်လည်လက် ဝှေ့ယမ်းကာနှုတ်ဆက်ရင်း ဖြည်းညှင်းစွာရွေ့လျားသွားနေသော မြင်းရထားတဖြည်းဖြည်းဝေးရာသို့ ထွက်သွားသည်ကို စောင့်ကြည့်နေမိကြသည်။မြင်းရထားသူတိူ့မြင်ကွင်းကနေမပျောက်သွားမချင်းပေါ့လေ.....။
"အိမ်ရှေ့စံမင်းသား...မြင်းရထားပေါ်မှာရှိနေတဲ့ပုံပဲ..."
ဂျာပေါင်တစ်ယောက် မြင်းရထားပေါ်တက်သွားစဉ် ကန့်လန့်အတွင်းမှ အရပ်ရှည်ဟန်ရှိသောဥပဓိရုပ်ကောင်းကောင်းဖြင့် အမျိုးသားတစ်ဦး၏ပုံရိပ်ကို လင်ဂျာဝမ်တွေ့လိုက်ရလေသည်။အဲ့ဒီ့နောက်သူတွေးမိလိုက်တာက ဒီလူဟာ အိမ်ရှေ့စံမင်းသားပဲဟူ၍ပင်....။
လင်,တကျွမ်း နှင့် ချင်ချိုင်ရှောင်တို့သည် ဂျာပေါင်(ကျားပေါင်) ကို နှုတ်ဆက်ဖို့သာအာရုံစိုက်နေသောကြောင့် သတိမထားမိလေပေ။ဒါကြောင့်လင်ဂျာဝမ်၏စကားကိုကြားလိုက်ရတဲ့အခါ တကယ်ကိုပင်ထိပ်လန့်သွားကြ၏။
အိမ်ရှေ့စံမင်းသား !!!!.....။
တကယ်ပဲ သူတို့ရွှန်းယန်အင်ပါယာ၏ အနာဂတ်ဧကရာဇ်နှင့် အလွန်နီးစပ်တဲ့ဆက်ဆံရေးရှိနေပြီလား......။
⭐⭐⭐⭐⭐⭐
Advertisement
-
In Serial238 Chapters
The Alliance Marriage Went Wrong
Whoever insult the Jerivians is insulting my fiancee and insulting my fiancee is insulting me.
8 1771 -
In Serial21 Chapters
Her Dreams!!! ✔
Meet Miral Mansoor , a 18 years old beautiful girl who loves to sing and keep on singing no matter where she is and what she is doing .Meet Syed Zarrar Ali Shah, a 25 years old handsome hunk who loves peace and silence.She was sweet ,polite ,funny,ambitious, naughty and fiesty.He was rude ,arrogant. Workholic would be the best word to define him.she loves and smiles for everyone.He smiles and cares for only his family. He was fond of his Dada Jan and can do anything for him.what will happen when these two opposite souls cross path with each other ..HOLD ON! Real drama and thrill will began when on sudden notice they have to marry each other.Buckle your seat belts and enjoy the journey of their arranged and sort of forced marriage comprising of love ,fun, drama and friendship.IT IS MY FIRST BOOK EVER SO PLEASE KINDLY GIVE IT A TRY AND ADD IT IN YOUR LIBRARY .I WILL ENSURE THAT YOU GUYS ENJOY THIS .THANK YOU.
8 150 -
In Serial10 Chapters
Freedom { Shownu Series }
Shownu deepens his relationship with his English teacher.
8 139 -
In Serial24 Chapters
The Next Day-- Tobi x Deidara (TobiDei/ DeiTobi) (A Naruto fan fiction)
Tobi lost all of his clan in what appears to have been a murder spree- the murderer was never caught. What's stranger is that he seems to have lost all of his memories, his only recollection being his own identity. Is that really who he is, though?When he transfers to Konoha High and moves into the biggest city in his country, he meets Deidara, an arrogant boy that doesn't care for Tobi in the slightest. They get closer, but during an outing with friends he meets someone who claims that Tobi's real name is Obito.With mysteries at hand about who killed his clan and who he really is plus his eventful adventures with his friends, Tobi tries to settle in Konoha city and figure out who he truly is.(First fanfic >/////<>------(EDIT From like 2 years later- this story isn't very good. It has some Nice Gay™ but there are plot holes and the sentences are choppy lol. I might go back and edit everything, maybe even rewrite it- who knows. But just know this isn't the best story out there!)
8 96 -
In Serial44 Chapters
Late Regret ( COMPLETED )
Unicodeချစ်နေတုန်းပါ ... ဒါပေမဲ့လဲ မပတ်သက်ချင်တော့ဘူး ခင်ဗျားရယ်Wang Yiboငေးကြည့်ရုံနဲ့ တင်းတိမ်နိုင်မရ်ထင်လို့ လွတ်ချမိလိုက်တာပါ ... မင်းနဲ့ပတ်သတ်ရင် လောဘကအတောမသတ်နိုင်ဘူးဆိုတာ ကိုယ်မေ့သွားတာ ...Xiao ZhanZawgyiချစ်နေတုန်းပါ ... ဒါပေမဲ့လဲ မပတ်သက်ချင်တော့ဘူး ခင်ဗျားရယ်Wang Yiboငေးကြည့်ရုံနဲ့ တင်းတိမ်နိုင်မရ်ထင်လို့ လွတ်ချမိလိုက်တာပါ ... မင်းနဲ့ပတ်သတ်ရင် လောဘကအတောမသတ်နိုင်ဘူးဆိုတာ ကိုယ်မေ့သွားတာ ...Xiao Zhan
8 131 -
In Serial30 Chapters
Sontails: Truth Of The Heart
Sonic the hedgehog and Miles "Tails" Prower have fallen in love with each other, but are scared to confess their feelings. Once they do, how will their friends react? How well will they handle the pressure towards them?And how far will their life together go?
8 52
