《မင်းကို ချစ်မဝသေးလို့(BL Novel,Myanmar tran)》Ep-16.2 Zawgyi
Advertisement
မင်းကိုချစ်မဝသေးလို့
အပိုင်း(၁၆):အိမ်ပြန်လမ်း (Part-2)
...
ချင်ချိုင်ရှောင်သည် မြင်းလှည်းသမားကောင်လေး၏စကားကိုကြားပြီးနောက် သုံးယောက်သားမြင်းရထားပေါ်မှ အမြန်ထွက်လာခဲ့ကြလေသည်။မလှမ်းမကမ်းတွင် မြင်းရထားနှစ်စင်းရယ် မြင်းသည်တော်အနည်းငယ်ရယ်နှင့်အတူ ရပ်စောင့်နေသော ကျုံးကျင်းရှန်ကိုတွေ့လိုက်ရ၏။
လင်,တကျွမ်းတို့သုံးယောက်က ဆရာကြီးကျုံးကိုအရိုသေပေးပြီးနောက် ရှေ့ကိုဆက်လျှောက်သွားလိုက်ကြသည်။
"သခင်ကြီးလင်က အရမ်းယဉ်ကျေးနေပြန်ပါပြီ ။ခင်ဗျားတို့ ဒီနေ့ ဘေဂျင်းကနေထွက်ခွာမယ်ဆိုတဲ့အကြောင်း အိမ်ရှေ့စံမင်းသားကြားသိသွားတာကြောင့် ကျွန်တော်ကိုတွေ့ဖို့အထူးညွှန်ကြား စေခိုင်းလိုက်တာပါ။''
ကျုံးကျင့်ရှန်သည် သူ့နောက်ကမြင်းရထားနှစ်စင်းနှင့်မြင်းသည်တော်အနည်းငယ်ကိုညွှန်ပြလိုက်ပြီး "ဒါကလင်ရှောင်ဇူ ရဲ့မိသားစုပြန်လည်တွေ့ဆုံပွဲအထိမ်းမှတ်အဖြစ် အိမ်ရှေ့စံမင်းသားပေးလိုက်တဲ့လက်ဆောင်ပစ္စည်းတွေပါ''
ကျုံးကျင်းရှန်သည် လက်ဆောင်ပစ္စည်းစာရင်းကို လင်,တကျွမ်းလက်ထဲသို့ထည့်လိုက်ပြီးနောက် ''လမ်းခရီးကဝေးလွန်းတဲ့အတွက် သခင်ကြီးလင်အနေနဲ့မြင်းရထားငယ်လေးနဲ့သွားရင်သက်သောင့်သက်သာမဖြစ်နိုင်ပါဘူး။ ဒါကြောင့်အိမ်ရှေ့စံမင်းသားက သခင်ကြီးကိုစောင့်ရှောက်ဖို့အတွက် မြင်းတပ်သား အနည်းငယ်နဲ့မြင်းရထားလုံးတစ်စင်းကို စီစဉ်ပေးလိုက်ပါသေးတယ်''
လင်,တကျွမ်း သည်လက်ဆောင်စာရင်းကိုလက်ခံရင်း အံ့သြလို့မှမဆုံးနိုင်သေးခင် အိမ်ရှေ့မင်းသားကလမ်းခရီးတွင် သူ့ကိုစောင့်ရှောက်ပေးဖို့အတွက် မြင်းစစ်သည်များကိုပါစေလွှတ်လိုက်ကြောင်းထပ်မံကြားသိလိုက်ပြန်တာကြောင့် သူ့မှာလိပ်ပြာလွှင့်မလိုပါဖြစ်ပြီး ဘယ်လိုတုံ့ပြန်ရမှန်းကိုမသိတော့ချေ။
"ဒါ...ဒါက အိမ်ရှေ့စံမင်းသားက အရမ်းဖော်ရွေတာပဲ....။"
ဒီအခြေနေကိုမြင်တဲ့ လင်ဂျာဝမ်နဲ့ချင်ချိုင်ရှောင် တို့သည်လဲ ဆရာကြီးကျုံးကိုကျေးဇူးတင်ကြစကားပြေလိုက်ကြပေမဲ့ အနည်းငယ်တော့အံ့သြနေကြ၏။ဘယ်လိုပဲဆိုဆို ဂျာပေါင်ကအခုမှ အိမ်ရှေ့စံရဲ့လုပ်တော်အဆင့်မှာပဲရှိသေးတာလေ။ အဲ့ဒါကိုဘယ်လိုဖြစ်ပြီး သူတို့ကိုဒီလောက်တောင် မျက်နှာသာပေးစောင့်ရှောက်နေတာလဲ.....!
အိမ်ရှေ့စံ၏အမိန့်ဖြစ်တာကြောင့် လင်,တကျွမ်း သည်လဲအကြောင်းပြချက်ကောင်းကောင်းဖြင့် မငြင်းပယ်နိုင်ပဲရှိလေရာ ကျုံးကျင့်ရှန်အားနှုတ်ဆက်လျက် အိမ်ရှေ့စံမင်းသား၏ စီစဉ်ပေးမှုအတိုင်းသာ ပြန်ခဲ့ရလေတော့သည်။
မြင်းရထားပေါ်ပြန်ရောက်တော့ သူတို့သုံးယောက်သား တီးတိုးတိုင်ပင်ကြလေ၏။ လင်,တကျွမ်းက ''ကြည့်ရတအိမ်ရှေ့စံမင်းသား လွန်လွန်ကဲကဲပြူမူနေသလိုပဲ....!''
လင်ဂျာဝမ် နှင့် ချင်ချိုင်ရှောင်တို့သည်လဲခေါင်းညိတ်၍ သဘောတူကြောင်းပြလိုက်၏။ လင်ဂျာဝမ်သည် လက်ဆောင်စာရင်းကိုဖွင့်ပြီးနောက်မှာတော့ ဒီအိမ်ရှေ့စံမင်းသားသည် ဓလေ့ထုံးစံနှင့်အညီ သူတို့မိသားစုအားချဉ်းကပ်နေကြောင်းကိုပါ သိရှိသွားတော့၏။
ဂျင်ဆင်းငှက်သိုက်၊ ဖဲပိုး၊ ရွှေငွေနှင့်ကျောက်စိမ်းအလှဆင်ပစ္စည်းများ အစရှိသဖြင့်စာရင်းအတိကျပါသည့်အပြင် ဘယ်ပစ္စည်းကိုဘယ်သူ့အတွက်ဆိုတာမျိုးကိုပါ အသေးစိတ်ထည့်ရေးထားပြန်သည်။ မိသားစုဝင်တိုင်းတွင် သက်ဆိုင်ရာလက်ဆောင်အသီးသီးပါရှိလေသည်။
ချင်ချိုင်ရှောင်သည် ထိုစာရင်းတွင်ပါရှိနေသော ချင်မျိုးရိုး မိသားစုဝင်အားလုံးရဲ့နာမည်တွေကိုပါ တွေ့လိုက်ရတာကြောင့် "အိမ်ရှေ့စံမင်းသားကငါတို့အားလုံးရဲ့ ကိုယ်ရေးအချက်လက်တွေကို သေသေချာချာစုံစမ်းပြီးပြီထင်တယ်"
လင်,တကျွမ်းနှင့် လင်ဂျာဝမ်နှစ်ယောက်စလုံးသည်လဲ ခေါင်းထဲတွင်ဗလာကြီးဖြစ်သွားသလို ခံစားလိုက်ရလေသည်။
"ဒီပစ္စည်းတွေကိုပြန်သယ်သွားရတာထက် အရေးကြီးတာရှိသေးတယ် ဟင်း...! ဂျာပေါင်တစ်ယောက် အိမ်ရှေ့စံမင်းသားရဲ့ကိုယ်လုပ်တော်ဖြစ်သွားတာကို အမေ့ကိုဘယ်လိုပြန်ပြောရပါ့မလဲ...?အမေသိရင်ဘယ်လိုများနေမလဲမသိဘူး....။''
သူတို့ရဲ့အမေဟာဂျာပေါင်ကို သူ့ရဲ့ကံကောင်းစေတဲ့ရတနာလေးလို့အမြဲတွေးကာ ချစ်ခင်ယုယတတ်တာကို လင်ဂျာဝမ်,တွေးမိတာကြောင့် ရင်မောနေတော့၏။
''ဒီအကြောင်းကို အဖေ့ဘာသာပဲမင်းအမေကို နားဝင်အောင် ပြောပြလိုက်ပါ့မယ်။ ရွာသားတွေမေးရင်တော့ ဘေဂျင်းပြန် အထူးလက်ဆောင်တွေလို့ပဲပြောကြတာပေါ့ကွာ....။သတင်းတွေမပျံ့အောင်လုပ်ရမယ်....''
ယောက္ခမဖြစ်သူသည် ဝံ့ဝါးဂုဏ်မောက်တတ်သူမဟုတ်ပဲ အေးအေးဆေးဆေးသာနေတတ်သူဖြစ်ကြောင်း ချင်ချိုင်ရှောင်သိထားပြီးဖြစ်ရာ ခေါင်းညိတ်ပြီး "စိတ်အေးအေးထားပါ အဖေ ဒီတခေါက်ခေါ်လာတဲ့လူတွေကို ကျနော်နှုတ်ပိတ်ပြီး လျှို့ဝှက်ထားလိုက်ပါ့မယ်"
"ဒါပေမယ့် ပြည်နယ်ကိုကသတင်းတွေရောက်လာနိုင်တာပဲလေ။" ဂျာဝမ်ကစိုးရိမ်တကြီးထောက်ပြ၏။ အဲဒီ့အချိန်ကျရင် ရွာနဲ့ ခရိုင်ရုံးကတော့ ဝက် ဝက်ကွဲနေတော့မှာပဲ....ငါတော့ စဉ်းစားတိုင်းခေါင်းကိုက်နေပါရောလား.....။
"အင်း... ဘာပဲဖြစ်ဖြစ်ဖုံးထားကြတာပေါ့ ..." လင်,တကျွမ်းသည် ဘာမှရှည်ရှည်ဝေးဝေးကို ဆက်မတွေးချင်တော့ပေ။
တော်ဝင်ဥယျာဉ်တော်, ရွှမ်းရန်ဟန်ချန်သည် လင်ဂျာပေါင်၏ လက်လေးကိုကိုင်ရင်း လမ်းလျှောက်နေလေ၏။ တော်ဝင်ဥယျာဉ်တော်ရှိ ဂန္ဓမာပင်များပွင့်နေပြီဖြစ်ကြောင်းကြားသိရလေသည်။ဒါကြောင့် အတော်လေးမျက်စိပဒါဿဖြစ်စရာကောင်းတဲ့ ဂန္ဓမာပန်းတို့အားပြပေးရန်အတွက် သူ့ရဲ့ခလေးငယ်လေးအားခေါ်လာခဲ့ခြင်းဖြစ်၏။
တကယ်ကိုပဲ ဒါဇင်ထင်မနည်းတဲ့ ဂန္ဓမာပန်းအမျိုးစားစုံစွာလှပစွာဖူးပွင့်နေကြ၏။အထူးသဖြင့် အိုးခပ်လတ်လတ်အိုး၂အိုးထဲရှိ ရွှေအဆင်းနှင့် ဂန္ဓမာပန်းများဟာထူးထူးခြားခြား စွဲမက်ဖွယ်ကောင်းသည်။ ဒီရွှေရောင်တောက်တောက်နှင့်ခပ်ထင်းထင်းရှိပွင့်ဖက်ချည်မျှင်များဟာ လင်ဂျာပေါင်ကို ပိုသဘောကျစေခဲ့သည်။
ရွှမ်းရန်ဟန်ချန်သည် လင်ဂျာပေါင်၏လက်သေးသေးလေးကိုကိုင်လိုက်ပြီး "မင်းကြိုက်လား?ဒီ၂အိုးလုံးဖျင်အော်နန်းဆောင်ကို တစ်ယောက်ယောက်နဲ့ပို့ခိုင်းလိုက်ရမလား?''
"ရပါတယ်၊ ဂျာပေါင်ဘာသာပဲ မကြာမကြာလာကြည့်လိုက်ပါ့မယ်'' ဤကဲ့သို့လှပသောပန်းပွင့်တွေကို တခြားသူများကိုလည်း မြင်ဖူးစေ့ချင်သည်။ဂျာပေါင်ဒီပန်းအိုး၂အိုးကိုအရမ်းသဘောကျတယ်ဆိုပေမဲ့ တစ်ကိုယ်ကောင်းဆန်ပြီး သူတစ်ယောက်ထဲအတွက်တော့ အပိုင်,မသိမ်းယူသွားချင်ပေ။
ရွှမ်းရန်ဟန်ချန် သည် လင်ဂျာပေါင်၏အတွေးကို နားလည်လိုက်တာကြောင့် ပိုပို၍ချစ်မြတ်နိုးလာပြီး မထိန်းချုပ်နိုင်တော့ပဲ ခလေး၏ လက်ကိုဆုတ်ကိုင်ကာနမ်းလိုက်တော့သည်။
"ယောကျာ်း...ဂျာပေါင်..." လင်ဂျာပေါင်က သူ့ခြေဖျားလေး ထောက်လျက် ရွှမ်းရန်ဟန်ချန်၏နားရွက်နားလေးသို့ကပ်၍ တိုးတိုးလေး ပြောလိုက်လေ၏။
"အမ်... ကလေး၊ ကိုယ့်ကိုဘာပြောချင်နေတာလဲ...?'' ရွှမ်းရန်ဟန်ချန် သည် သူ့ရဲ့ခလေးကရုအားတက်သရော ကြည့်၍ မေးလိုက်လေသည်။
"ဂျာပေါင်... ယွိရှန်းဖန်ကိုပြန်ချင်လို့ ရလားဟင်" လင်ဂျာပေါင်သည် ခက်ခက်ခဲခဲသတ္တိမွေးပြီးပြန်ပြောလိုက်၏။သူတကယ်ပဲ ယွိရှန်းဖန်(ယွီဒန်ဖန်း)ဆောင်ကအမ,တွေကိုတကယ်လွမ်း ဆွတ်နေခဲ့တာ...။
ရွှမ်းရန်ဟန်ချန်သည်မျှော်နေခြင်းအပြည့်ဖြင့် ငေးကြည့်နေသည့် ဂျာပေါင်၏အကြည့်တို့အား တွေ့လိုက်ရပြီးနောက် ခဏကြာမျှစဉ်းစားလ်ုက်ပြီး
"အင်း!ယွမ်ချင်းကို မနက်ဖြန်နေ့လည်မှာ လိုက်ပို့ခိုင်းလိုက်။ဟုတ်ပြီလား...!'' ယုံရှောင်နန်းဆောင်ရှိယွိရှန်းဖန်အဆောင် သည် သူ့အတွက်တော့ အများကြီး သက်သောင့်သက်သာခံစားချက်ရခဲ့သည့်နေရာတစ်ခုပင်။
"ဝိုး! ဂျာပေါင်အရမ်းဝမ်းသာတာပဲ! မနက်ဖြန် ယောကျာ်း အတွက် အဆာပြေမုန့်လုပ်ခဲ့ပေးမယ်'' လင်ဂျာပေါင် သည် ပျော်ရွှင်စွာမြူးတူးနေခဲ့သလို ရွှမ်းရန်ဟန်ချန်သည်လဲ သူ့ခလေးငယ်လေး၏လက်ရာကို မြည်းစမ်းကြည့်ရန်မစောင့်နိုင်တော့ပေ။
ရွှမ်းရန်ဟန်ချန် သည် လင်ဂျာပေါင်၏ပျော်ရွှင်နေသောပုံရိပ်လေးကို ကျေနပ်စွာငေးကြည့်နေခဲ့၏။ ဒီခလေးက လွယ်လွယ်နဲ့ရောင့်ရဲတင်းတိမ်နိုင်တယ်။ ဒီခလေးငယ်လေးကို စိတ်ကျေနပ်အောင်လုပ်ပေးဖို့က တကယ်ကိုလွယ်လွန်းသည်။ သေးငယ်တဲ့အရာတွေကတောင် ဒီခလေးငယ်ကို အချိန်အကြာကြီး ကျေနပ်ပျော်ရွှင်စေနိုင်ပြီး ထိုကောင်းမွန်သော ခံစားချက်တွေသည်လဲ သူ့ကိုပင်ကူးစက်စေ၏။
နန်းကျဘုရင်နှင့်ချွဲမိသားစုကြောင့်စိတ်ပူပြီး သူ ဘယ်လောက်ပဲ ပင်ပန်းပါစေ ဒီခလေးငယ်ကိုတွေ့လိုက်ရတာနဲ့ သူ့ရဲ့နွမ်းနယ်နေတဲ့စိတ်တွေဟာ အလိုလိုအေးချမ်းသွားလေသည်။ဂျာပေါင်ဟာသူ့ရဲ့ရတနာတစ်ပါး....။တန်ဖိုးထားရတဲ့ သူ့ရဲ့ တကယ့်အကြည်ဓာတ်လေးပင်။
"ဟုတ်ပါပြီ။ယောကျာ်း ခလေးရဲ့သရေစာမုန့်ကို စောင့်နေပါ့တယ်။ အရမ်းပင်ပန်းတာမျိုးတော့မဖြစ်စေနဲ့ လွယ်ပြီးသက်သောင့်သက်သာဖြစ်တာမျိုးပဲလုပ်'' ရွှမ်းရန်ဟန်ချန်က ဖြည်းဖြည်းချင်းပြောလိုက်၏။
"ဟုတ်ကဲ့!ဂျာပေါင် မပင်ပန်းစေရဘူးလို့ ကတိပေးပါတယ်''
ရွှမ်းရန်ဟန်ချန် သည် ဂျာပေါင်၏ နာခံတတ်တဲ့အကြည့်လေးကိုကြည့်ပြီးနောက် "ခလေး၊ ကိုယ်တို့တရေးပြန်အိပ်ကြမလား"
Advertisement
ဂျာပေါင်သည်လဲ သူ့ယောကျာ်း၏စကားကို မငြင်းပဲနာခံစွာဖြင့် ဖျင်အော်နန်းဆောင်သို့သာပြန်လာခဲ့လေ၏။
ယခုဆို ရွှမ်းရန်ဟန်ချန် သူ့ရဲ့ခလေးလေးနှင့်အတူ တစ်ရေးတစ်မောအိပ်ရတာကိုသဘောကျနေပြီဖြစ်သည်။ ကုတင်ပေါ်ရှိ ကန့်လန့်ကာကိုချလိုက်ပြီးရင် အသေးအဖွဲအရာတွေကိုရောက် တတ်ရာရာ တီးတိုးပြောဖြစ်ကြ၏။
အချိန်အများစုတွင် ဂျာပေါင်က သူ့ငယ်ဘဝရဲ့ စိတ်ဝင်စားဖွယ်အကြောင်းအရာအချို့ကို ပြောပြလိမ့်မည်။သူ့ကတော့ ဒီကောင်ငယ်လေးတဲ့ ဘယ်အကြောင်းရာကိုမဆို မငြီးမငြူနှစ်ခြိုက်စွာနားထောင်၏။ အဲ့လိုနဲ့ပဲ သူတို့တဖြည်းဖြည်း အိပ်ပျော်သွားလေ့ရှိသည်။
အရင်နိုးလာသူ,သည် အမြဲတမ်း ရွှမ်းရန်ဟန်ချန်သာဖြစ်နေခဲ့သည်။နိုးလာတဲ့အချိန်တိုင်း ခလေးငယ်၏အိပ်မော ကျနေသောမျက်နှာလေးကို ငေးကြည့်ရတာဟာလဲ သူ့ရဲ့အကျင့်တစ်ခုလိုဖြစ်နေခဲ့ပြီ။ထိုသို့ငေးကြည့်မိတိုင်းမှာလဲ သူ့နှလုံးသားဟာ အလွန်နူးညံ့နွေးထွေးပြီး ကျေနပ်နှစ်သိမ့်မှုကိုအတိုင်းသားခံစားနေရလေသည်။
လင်ဂျာပေါင်သည်လည်း သူ့ရဲ့ယောကျာ်း နှင့် တစ်ရေးတစ်မောအိပ်ရတာကို အလွန်နှစ်သက်နေတာဖြစ်သည်။သူ, ရှန်ကုန်းရဲ့(ယောကျာင်္း)လက်မောင်းတွေကြားထဲမှနိုးလာရတဲ့အခါတိုင်း ရှန်ကုန်း၏လက်တွေကအရမ်းကိုနွေးထွေးပြီး သူ့ကိုစိတ်သာရစေသလို လုံခြုံမှုကိုအပြည့်အဝခံစားရလေသည်။
(T/N:ဒီနေရာကစပြီး ယောကျာ်းလို့ထောက်နေတဲ့နေရာတွေကို ရှန်ကုန်းလို့ပဲရေးသွားတော့မယ်နော်)
ရွှမ်းရန်ဟန်ချန်တို့ထွက်သွားပြီးနောက် တော်ဝင်ဥယျာဉ်တော်ရဲ့ ပန်းပွင့်လေးများကြားတွင် ကလေးငယ်တစ်ယောက် ထွက်ပေါ်၍လာသည်။
"ဒါက ငါ့ခမည်းတော်ဘေးက မကောင်းဆိုးဝါးကောင်ကြီးပဲဖြစ်ရမယ်...."ခန်းအာ သူတစ်ယောက်ထဲရပ်နေရင်း တီးတိုးပြောနေမိ၏။
ခန်းအာသည် သူ့ခမည်းတော်ကိုတော်ဝင်ဥယျာဉ်တော်ထဲတွင်တွေ့လိုက်ရတာကြောင့်အရမ်းပျော်သွားပြီး သွားရန်ပြင်လိုက်ပေမဲ့ အထိန်းတော်ကြီးအိမ်ရှေ့စံမင်းသားကိုသွားပြီး မနှောင့်ယှက်မပေးသင့်ဘူးဟု တားမြစ်ခဲ့လေသည်။
ခန်းအာ တကယ်ကိုမပျော်မရွှင်ဖြစ်သွားခဲ့ပြီး နေမထိထိုင်မသာဖြစ်နေခဲ့၏။ဘာလို့ သူမကအနှောက်ယှက်ဖြစ်ရမှာလဲ!ခမည်းတော်ရဲ့အချစ်ဆုံးနဲ့ အလေးပေးခံရဆုံး သမီးတော်က သူမဆိုတာကိုလဲသိနေခဲ့သည်။
ဒါကြောင့် အထိန်းတော်အဖွားအိုကြီးထံမှ လွတ်အောင်ထွက်ပြေးပြီး တော်ဝင်ဥယျာဉ်တော်ထဲသို့ ခိုးဝင်လာလေသည်။ဥယျာဉ်ထဲတွင်ပန်းများအားကြည့်ရှုနေသော အမျိုးသားငယ်လေးကိုသာ တွေ့လိုက်ရတာကြောင့် ထိုအမျိုးသားငယ်ဆီကိုသာ တဖြည်းဖြည်းချဉ်းကပ်သွားမိခဲ့လေသည်။
သူ့ခမည်းတော်က ထိုအမျိုးသားငယ်၏ ခန္ဓာကိုယ်အားလာရောက်ဖက်တွယ်လိုက်ချိန်မှာတော့ ခန်းအာသည်နီးရာပန်းများကြားထဲသို့ အလျင်မြန်ဝင်ပုန်းလိုက်တာကြောင့် သူမရှိနေသည်ကို သတိမထားမိလိုက်ကျချေ။
သူ့ရဲ့ခမည်းတော်ဟာ ထိုအမျိုးသားငယ်အားအလွန်နူးညံ့သိမ်မွေ့စွာပွေ့ဖက်ထားပြီး ချစ်ခြင်းမေတ္တာအပြည့်ဖြင့်ငေးကြည့်ပြီး ပြုံးနေတာကိုတွေ့လိုက်ရချိန်မှာတော့ သူမ,တကယ်ကို,အကြီးကျယ်မနာလိုဖြစ်သွားခဲ့ရတော့၏။
သူ့ခမည်းတော်က သူမကိုကြင်နာစွာပြုံးပြဖူးတယ်ဆိုတာတောင်မှ ယခုလိုမျိုးသဘောတကျပြုံးပြခဲ့တာမျိုး မဟုတ်ချေ။ နောက်ဆုံးတော့သူတို့ထိုင်ပြီး လမ်းလျှောက်သွားတာကို သည်းခံ ကြည့်ပြီးတဲ့နောက်မှာတော့ ဒေါသအရမ်းထွက်နေခဲ့ရလေသည်။သူမ ဒီလောက်ကြင်နာနူးညံ့တဲ့အပြုမူမျိုးကို မခံစားခဲ့ရဘူးလေ......!
"မင်းသမီးငယ်လေးက ဒီကိုရောက်နေတာပဲ! အထိန်းတော်ကြီး လိုက်ရှာနေပါတယ်... မင်းသမီးငယ်,တစ်ရေးတစ်မောအိပ်ရမယ်အချိန်ပါ။ဒါကြောင့် ကျွန်တော်မျိုးမနဲ့ပြန်လိုက်ခဲ့ရပါမယ်" နန်းတွင်းအပျိုတော်ငယ်လေးက ပြေးလွှားလိုက်ရှာခဲ့ရပြီးနောက် ရင်တထိတ်ထိတ်နဲ့ပဲ ဆိုလိုက်၏။
"သင် ဂရုမစိုက်စရာမလိုဘူး! ထွက်သွား!''ခန်းအာ သည် အပျိုတော်ငယ်လေးထံမှ ပြေးထွက်သွားပြီးအော်လိုက်၏,
"ငါ့နောက်ကို ထပ်မလိုက်လာနဲ့။အဲ့လိုမှမဟုတ်ရင် သင်ငါ့ကိုကြိမ်းမောင်းဆူပူပါတယ်ဆိုပြီး မင်းကိုရိုက်ခိုင်းလိုက်မယ် ဟမ့်!'' ခန်းအာသည် ခိုးမခန့်ရယ်ရင်းသဘောကျစွာပြောလိုက်၏။
အပျိုတော်လေး သည် မင်းသမီးငယ်လေး၏စကားကြောင့် တုန်လှုပ်သွား၏။အရင်တုန်းကမင်းသမီးငယ်ကို ပြစ်မှားမိ၍ အပြစ်ပေးခံရတာကို ပြန်တွေးမိသွားတာကြောင့် ရှေ့ဆက်မတိုးဝံ့တော့ပဲ ထိုနေရာတွင်ပင်ရပ်၍ကျန်ခဲ့လေတော့သည်။
⭐⭐⭐⭐⭐
Advertisement
- In Serial38 Chapters
We Met At Our Wedding ( JJK FF )
#1 in Kpopff In which Y/N and Jungkook met at each other's weddings with only one thing in common : "Both Your Partners were Nowhere To Be Found" -----" How hard it is to say I Love You ?" New BTS Jungkook Fanfiction All rights resevered
8 197 - In Serial116 Chapters
Keeping The Balance
After being stabbed accidentally by a neighbor who thought he was their cheating boyfriend Hol soul was taken by a system that told him that if he does enough tasks he could be reborn again. All he has to do is take care of people from different worlds who keep on messing with the balance of the world and destroying the said world. Doing the tasks are easy but there is always this one person who keeps showing up and making him fall in love.Hol: Why are you so in love with me?!ML: I just find your personality so endearing and I want to keep you to myself.Hol : (●///▽///●) Keep me. . .System: Host! You give in so easily!
8 116 - In Serial29 Chapters
Elijah(Eli) has always been competing with Grayson(Gray) for as long as he could remember. Whether it was grades, athletics, or even popularity they had been at each other's throats trying to surpass one another (sometimes literally). So, what happens when everyone is given their sub-genders and Elijah turns out to be an omega while Grayson is an alpha?Complete. Chaos.Grayson is next in line to be head alpha of the Feral Howl pack, and everyone is expecting him to be a great leader; just like his father. However, what will happen when his old rival turned enemy turns out to be his fated mate?Complete. Chaos.Will these two feuding individuals be able to forgive their painful past and forget their hatred for each other, in order to give love a chance? Warning: This story will have some smut (most likely when these two get together), mature scenes and language.
8 239 - In Serial79 Chapters
My Mute Soulmate |Mewgulf| *complete*
Gulf Kanawut Is A man who has selective mutism, due to some problems with his family in the past and the death of his father everything turned after that having to raise himself with no help from an adult.after turning into his early twenty's where he gets and interview with Mew Suppasit the richest man in there city, a single father who is the CEO of the company he's been interviewed at. Gulf didn't expect to get the job and mew didn't expect himself to fall for the non talkative man and he surely didn't expect to fall at first sight
8 171 - In Serial10 Chapters
Hoshigaki Kisame's love
Sasuke is gone. He despises the person he once loved the most, his brother. Knowing this, Itachi's heart is shattered to pieces. He would do anything to get his little brother back, while Kisame would do anything for Itachi, his love interest. It's time for Sasuke to know the truth.Itachi and Sasuke's story [kind of], but in the modern era. +Kisame's one-sided love.
8 168 - In Serial40 Chapters
The Second Chance (GirlXGirl)
~COMPLETED~Dying young was never Rachel Kidder's plan, especially on the night of graduation. She had just laid everything on the table with her bestfriend, Devon, and after a horrible rejection she faces the fatality of drunk driving. Getting a second chance at life, Rachel does not remember who she used to be, because she isn't Rachel anymore. Getting a second chance is well worth it, but will Rachel's past memories resurface? Along with the undying love for her bestfriend?
8 96

