《မင်းကို ချစ်မဝသေးလို့(BL Novel,Myanmar tran)》Ch-19 Unicode
Advertisement
မင်းကိုချစ်မဝသေးလို့
အပိုင်း(၁၉):ချင်မိသားစု (Part-1)
.......
လင်,တကျွမ်းနှင့်သူ့အဖွဲ့သည် နောက်ဆုံးတွင်ချူချုံးသို့ပြန်ရောက် လာခဲ့ကြ၏။လင်,တကျွမ်းတို့သုံးယောက်သည်လဲ တစ်လမ်းလုံးစောင့်ရှောက်ရင်းလိုက်ပါလာခဲ့သည့် မြင်းတပ်သားများအား ကျေးဇူးတင်စကားဆိုကြ၏။ပိုင်စီရင်စုအထိ လိုက်ပါပို့ဆောင်ရန်ပြင်ဆင်နေသည့်မြင်းတပ်သားများအား လင်,တကျွမ်းသည် ယဉ်ကျေးစွာငြင်းဆိုလေသည်။
ထို့နောက်အဆိုပါမြင်းတပ်သားများနှင့် ပိုင်မြို့အဝင်လမ်းတွင်လမ်းခွဲခဲ့ကြပြီးနောက် မြို့တော်အတွင်းသို့မိမိအစီစဉ်ဖြင့်သာပြန်လာခဲ့ကြလေသည်။
မြင်းရထားငါးစီးပြန်လာကြသည်ကို မြို့စောင့်တပ်သားများမြင်ကြတာကြောင့် ချင်ရှောင်ခိုင်အားရယ်မောလျက်
"သခင်လေးချင် ဒီတစ်ခေါက်ကောဘယ်နေရာကို အရောင်းဝယ်သွားလုပ်လာတာလဲ? များလှချည်လား?''
ချင်ရှောင်ခိုင် က "နန်းမြို့တော်ကပါလာတဲ့ ပစ္စည်းတွေပါ။မိသားစုနဲ့မိတ်ဆွေတွေအတွက် လက်ဆောင်အချို့ရယ် ပြန်ရောင်းမဲ့ကုန်ပစ္စည်းအချို့ရယ်ပါ''
"ဟာဟား! သခင်လေးချင် နောက်များကျုပ်ယောက္ခမ အထည်လာဝယ်တဲ့အခါ ဈေးနည်းနည်းပါးပါးလျော့ပေးပါဦး။သူဟိုရက်တွေထဲက အထည်သစ်တွေလိုချင်လို့ဆိုပြီး ပွက်လောရိုက်နေတာ...'
"ဟုတ်ပါပြီ...''
ချင်အိမ်တော်သို့ပြန်ရောက်ပြီးနောက် ချင်ချိုင်ရှောင်သည့် သူ့မိသားစုဝင်အချို့နှင့် အလုပ်သမားများကိုပါလာသောပစ္စည်းများကို အတင်အချပြုလုပ်စေ၏။ သူတို့ဝယ်လာခဲ့သော လက် ဆောင်ပစ္စည်းအချို့နှင့်အိမ်ရှေ့စံမင်းသားပေးလိုက်သော ပစ္စည်းများကို ခပ်ကြီးကြီးမြင်းရထားတစ်ခုထဲသို့ပေါင်းထည့်စေခဲ့သည်။
ထို့နောက်ချင်ချိုင်ရှောင်သည် ယောက္ခမဖြစ်သူနှင့်ယောက်ဖဖြစ်သူကို လင်ကွန်းရွာသို့ကိုယ်တိုင်ကိုယ်ကျလိုက်ပို့ပေး၏။လင်ကွန်းရွာသို့ပြန်ရောက်ချိန်သည် ညနေစာ,စားချိန်သို့ရောက်နေပြီဖြစ်၍ ရွာလည်လမ်းမ၌မည်သူမျှရှိမနေချေ။ညဦးယံရောက်ခါနီးဖြစ်တာကြောင့်အိမ်ထောင်စုတိုင်းဟာ ကိုယ့်မိသားစုနှင့်ကိုယ်အလုပ်ရှုပ်နေကြသလို သူတို့ပြန်လာသည်အားလည်း ဘယ်သူမှ သတိမထားမိကြပေ။
လင်မိသားစုသည်လည်း ညနေစာ,စားနေကြတာဖြစ်၏။အဖေဖြစ်သူနှင့်အကိုကြီးတို့ဟာ ရုတ်တရက်ပြန်ရောက်လာတာဖြစ်တာကြောင့် ကျန်းဟွေ့ညောင်သည် ည,စာစားနေရင်းတန်းလန်းဖြင့်ပင် ဟင်းလျာတို့ကိုအလျင်မြန်ပြင်ဆင်ချက်ပြုတ်ပေးလေသည်။ချင်ချိုင်ရှောင်သည်လဲ ညစာ,စာအတူပါဝင်စားသုံးလေသည်။သူက အလုပ်အမြဲရှုပ်နေသူဖြစ်တာကြောင့် မိသားစုနှင်အတူလက်စုံစားရသည့် ထမင်းဝိုင်းတွင် တကယ်ကိုပျော်ရွှင်နေခဲ့လေသည်။
ထမင်းစားနေစဉ်တွင် မိသားစုဝင်တိုင်းသည်ဂျာပေါင်(ကျားပေါင်) ၏ အခြေအနေကို မေးမြန်းကြလေသည်။ လင်တကျွမ်း က အသေချာစဉ်စားပြီးနောက်
"ဂျာပေါင် ကောင်းကောင်းနေရပါတယ်။ထမင်းအရင် စားကြရအောင်! ချိုင်ရှောင်များများထည့်စား! လမ်းမှာတော်တော်လေးပင်ပန်းခဲ့တယ်မလား..''
ဂျာပေါင်လေး အဆင်ပြေတယ်ဆိုတာ အတည်ပြုပြီးသွားတော့ အားလုံးဟာစိတ်အေးသွားကြ၏။ထို့နောက် ချင်ချိုင်ရှောင်အား အနေမခက်စေရန် စကားများပြော၍ အစားစာများထည့်ပေးကြလေသည်။
လင်,တကျွမ်းသည်ကား ဂျာပေါင် (ကျားပေါင်)၏အကြောင်းကို ကျန်းဟွေ့ညောင်အား အရင်ဆုံးအေးဆေးဆေးပြောပြချင်သည့်အတွက် သင့်တော်မည့်အချိန်ကိုအကဲခတ်နေခဲ့၏။
ညနေစာ,စားပြီးနောက် မိသားစုဝင်တွေသည် ပိုင်မြို့သို့ပြန်မည့် ချင်ချိုင်ရှောင်အား ပြန်လည်နှုတ်ဆက်ပို့ဆောင်ကြ ၏။အဲဒီနောက်မှာတော့ အားလုံးဟာသူတို့အတွက်ပါလာတဲ့ လက်ဆောင်ပစ္စည်းတွေကိုဖွင့်ကြည့်ရန် အလုပ်ရှုပ်နေကြတော့၏။
"ဒီ ချိုင်ရှောင်ကတော့ အပိုငွေတွေကုန်အောင်လို့!ငွေတွေ ဘယ်လောက်တောင်ကုန်လဲမသိဘူး။ဒီလောက်အများကြီးသုံးဖို့မလိုတာကို..!'' ကျန်းဟွေ့ညောင်သည် အရောင်တလက်လက်ဖြစ်နေသော လက်ဆောင်များကိုကြည့်ရင်း ဈေးကြီးမည်ကိုအလိုလိုခံစား၍သိနေခဲ့၏။
လင်,တကျွမ်းသည် ပါးစပ်ပိတ်၍အခြေနေကို အကဲခတ်နေရာမှ "ချိုင်ရှောင်က ကောင်းပါတယ်!သူ ဘေဂျင်းမှာ အရောင်းဝယ်လုပ်တာတော်တော်လေးအဆင်ပြေလို့ မင်းကိုလေးစားသမှုနဲ့ဝယ်လာပေးတာလေ...!အဲ့ဒါ မကောင်းဘူးလား...''
ရွှမ်းရန်ဟန်ချန် ပို့ပေးလိုက်သည့် လင်ဆောင်ပစ္စည်းတွေဟာ သူ့ဟာနဲ့သူအရည်သွေးမြင့်ပစ္စည်းတွေသာ ဖြစ် သည်။ဂျင်ဆင်း၊ငှက်သိုက်အားလုံးဟာ အရည်သွေးမြင့်တဲ့ထဲကပဲဆိုတာကို ကျန်းဟွေ့ညောင်အနေဖြင့်အလွယ်တကူသိနိုင်ပေမဲ့ ပစ္စည်းဈေးတန်ဖိုးကိုတော့ သူမ,မခန့်မှန်းနိုင်ချေ။
ထိုလက်ဆောင်ထဲတွင် ပုလဲခေါင်းထိုးအဆင်တန်ဆာတစ်ခုရယ်၊နားကပ်တစ်စုံရယ်နှင့် အဖြူရောင်ကျောက် စိမ်းလက်ကောက်တစ်ရံလည်း ပါဝင်သည်။ဒီအဆင်တန်ဆာ အစုံလိုက်သည် ကျန်းဟွေ့ညောင်အတွက် သီးသန့်လက်ဆောင်ဖြစ်လေသည်။ထိုအရည်သွေးမြင့် လက်ဝတ်ရတနာအစုံလိုက်သည် လင်မိသားစုရှိအမျိုးသမီးတွေရဲ့နှလုံးသားကို အပြည့်အဝဖမ်းစားလိုက်လေ ၏။
ကျန်းဟွေ့ညောင်က သူမရဲ့သားမက်ဖြစ်သူသည် ပိုက်ဆံအများကြီးသုံးလွန်းတယ်ဟု ဆူပူနေပေမဲ့လဲ သူမအနေနဲ့တော့ တော်တော်လေးပီတိဖြစ်နေခဲ့တာဖြစ်သည်။သူမရဲ့ သားမက်လေးက သူမအပေါ်အရမ်းသိတတ်တာပဲ!
"ဒါကအရမ်းလှတယ်။အရမ်းလဲ ဈေးကြီးမှာပဲ!ရှင်က ရှင့်သားမက် ဒီလောက်ဝယ်ခြမ်းနေတာကို မတားဘူးလား?ကျမ အနေနဲ့ ဒီလောက်တန်ဖိုးကြီးပြီးလှတဲ့ခေါင်းထိုးရှိဖို့မလိုပါဘူး။ဒါက ဖြုန်းတီးလွန်းရာ မကျဘူးလား?''
လင်,တကျွမ်း၏စိတ်ထဲတွင်ကား သူက အိမ်ရှေ့စံမင်းသားလေ ငါက ဘယ်လိုလုပ်တားနိုင်မှာလဲဟူ၍..... ။
လင်ဂျာဝမ်၏ဇနီးနှင့် အခြားကလေးများသည်လဲ သူတို့အတွက်သီးသန့်လက်ဆောင်များဖြစ်သည့် ခမ်းနားထည်ဝါသော ရောင်စုံကျောက်မျက်ပု တီးများကိုကြည့်ပြီး လွန်စွာအံ့အားသင့်နေကြ၏။မိန်းခလေးဝုသည်ပင် ပုတီးစေ့များကို ဂရုတစိုက်ကိုင်ဆောင်ကြည့်ရင်း လက်များပင်တုန်၍နေ၏။လင်ချုံအာသည်လဲ ပုတီးကုံးကိုယူကြည့်ပြီးနောက် ထည့်ယူလာသည့်ဖာလေးထဲသို့ ပြန့်ထည့်ထားလိုက်လေသည်ါ
လင်ဂျာဝမ် က သူ့အမေကိုကြည့်၍
''အမေ ဒါတွေကအရမ်းတန်ဖိုးကြီးလွန်းတယ်။ချုံအာက ငယ်သေးတယ် အမေပဲသိမ်းထားပေးလိုက်ပါ။ တော်ကြာပျောက်ပျက်ကုန်ရင် နှမြောဖို့ကောင်းတယ် "
လင်တကျွမ်း "အင်း! နောက်မှသေချာစီစဉ်ကြတာပေါ့ ဂျာဝမ်,လဲပင်ပန်းလာမှာပဲ စောစောနားကြရအောင်! လူလဲနုံးချိနေပြီ''
ထို့နောက် ကျန်းဟွေ့ညောင်သည်လဲ ပင်ပန်းနွမ်းနယ်နေသော ခင်ပွန်းနှင့်သားဖြစ်သူရေချိုးသန့်စင်ရန်အတွက် ရေ နွေးကြိုပေးသလို လိုအပ်သည်များကိုလဲပြင်ဆင်လုပ်ကိုင်ပေးရင်း အလုပ်ရှုပ်နေတော့၏။
ချင်ချိုင်ရှောင် ချင်အိမ်တော်သို့ပြန်ရောက်ချိန်သည် အလေးမှောင်နေခဲ့ပြီဖြစ်သည်။ရေမိုးချိုးပြီး အဝတ်အစားလဲပြီးနောက် 'ဘွားဘွားကြီးကမေးစရာလို့ ဧည့်ခန်းကိုလာခဲ့ပါ'ဟု အိမ်အကူတစ်ယောက်အား စေခိုင်း ၍ အခေါ်ခံရလေ၏။
ချင်ချိုင်သည်နားနေခန်းသို့ရောက်တော့ သူ့အဖေရယ်အမေရယ် ပြီးတော့ သူ့အမျိုးသမီးလေးဂျင်အာပါ သူ့အားထိုင်စောင့်နေတာကို တွေ့လိုက်ရသည်။
သခင်ကြီးချင် "ချိုင်ရှောင် ဒီတစ်ခါ ဘေဂျင်းကို သွားရတာ အဆင်ပြေရဲ့လား?ပစ္စည်းတွေအများကြီးပြန်ဝယ်လာခဲ့တာလား....''
နေ့လည်ခင်းတုန်းက သခင်မကြီးချင်နှင့်ချွေးမဖြစ်သူ လင်ဂျင်အာတို့သည် ဘေကျင်းမှချိုင်ရှောင် ပြန်ပါလာခဲ့
သည့် ပစ္စည်းများကိုနေရာချရင်းသိမ်း ဆည်းကြည့်ရှုကြ၏။အစပိုင်းတုန်းကတော့ ချင်ချိုင်ရှောင် ဝယ်ယူခဲ့သော မြို့တော်၏ တန်ဖိုးမြင့်ကုန်ပစ္စည်းတွေကိုတွေ့ရပေမဲ့ ချင်သခင်မကြီးကော ဂျင်အားကောက ထွေထွေထူးထူးမခံစားရဘူး။
ဘာလို့လဲဆိုတော့ ချိုင်ရှောင်က သူ,ဘယ်နေရာမှာပဲ အရောင်းဝယ်သွားလုပ်လုပ် ပြန်လာရင် အဲ့ဒေသရဲ့တန်ဖိုးမြင့်ကုန်ပစ္စည်းတွေကိုပြန်ဝယ်လာတာတယ်။ဒါကြောင့် ဒါက သူမတို့အတွက်ပုံမှန်ကိစ္စရပ်လို့တောင် ဆိုနိုင်တယ်!
အိမ်ရှေ့စံမင်းသားနဲ့တွေ့လိုက်ရတယ်လို့ သိလိုက်တဲ့အခါမှာတော့ တစ်ခုခုတော့လွဲနေပြီဆိုတာကို ချင်အမျိုးသမီးနှစ်ယောက် သေချာသိလိုက်၏။ပြီးတော့ တိုက်တိုက်ဆိုင်ဆိုင်ပဲ ဒီတစ်ခေါက်ပြန်လာတာ သယ်လာတဲ့ပစ္စည်းတွေကများလွန်းတယ်ဟု ထပ်ခံစားမိကြပြန်သည်။
အဲ့ဒီ့နောက် ချင်အမျိုးသမီးနှစ်ယောက်ဟာ မသင်္ကာစိတ်ဖြင့် ပစ္စည်းများကိုဖွင့်ဖောက်နေရာချနေကြ၏။အဲ့ဒီ့နောက် လက်ဆောင်စာရင်းကိုတွေ့တဲ့အခါမှာတော့ အထိတ် တလန့်ဖြစ်ကုန်ကြတော့သည်။လက်ဆောင်ပစ္စည်းစာရင်းထဲတွင် လက်ရာမြောက်သော အရည်သွေးမြှင့်လက်ဖက်ရည်ခွက်တစ်စုံ၊သခင်မကြီး ချင်အတွက်ပုလဲခေါင်းထိုးနှင့် နားဆွဲအဆင်တန်ဆာ၊လင်ဂျင်အာအတွက် အရည်သွေးမြင့် ပတ္တမြားပုတီးကုံးနှင့် နောက်ထပ် လက်ဆောင်ပစ္စည်းသေးသေးလေး ၃ခုလဲပါရှိသေး၏။
Advertisement
ထိုစာရင်းတွင် သခင်ကြီးချင်အတွက် အရည်သွေးမြင့်ကျောက်စိမ်းရုပ်တစ်ခုလဲပါရှိ၏။နဂါးနှင့်ဖီးနစ်တို့ကို ရွှေဖြင့်အနားသတ်ထားကာ ကျောက်စိမ်းသည်ကားကြည်လင်၍တောက်ပနေ၏။ထို့ပြင်ဂျင်ဆင်းနှင့်ငှက်သိုက်ကဲ့သို့သော အားဆေးအချို့လည်း ပါရှိပြန်သည်။
ဒီပစ္စည်းတွေရဲ့ဈေးနှုန်းကမနည်းဘူး။ဒါတွေအကုန်လုံးကို ငွေစ,ထောင်ချီပေးရင်တောင် ဝယ်လို့မရသေးဘူး!
လက်ဖက်ရည်သောက်ရသည်ကို နှစ်သက်သော သခင်ကြီးချင် ကိုလက်ဖက်ရည်ခွက်အစုံနှင့်လက်ဖက်ခြောက်များ အားပြသလိုက်ကြ၏။ ထိပ်တန်းအဆင့် (လက်ဖက်ဦးရွက်ခြောက်) သည် ငွေနှင့်ဝယ်၍မရပဲဂုဏ်ပြုချီးမြှင့်ခံရသူသာ သောက်ခွင့်ရသည့် လက်ဖက်ရည်ဖြစ်သည်။
ဒီလိုအရည် သွေးမြင့်ကုန်ပစ္စည်းမျိုးကို သူ့ရဲ့သားက ဘယ်လိုလုပ်ပြီးရလာရတာလဲ!သခင်ကြီးချင်သည် အလွန်စိတ်ရှုပ်ထွေးစွာပြီး အံ့သြနေတော့၏။ သူ့သားငွေဘယ်လောက်ပါသွားတယ်ဆိုတာကိုသူသိနေ၏။သူ့သား ယူသွားတဲ့ငွေနှင့်ပါသွားတဲ့ကုန်ပစ္စည်းရောင်းရငွေပေါင်းရင်တောင် ဒီပစ္စည်းတွေဝယ်ဖို့ဆိုတာမဖြစ်နိုင်ဘူး!
"အင်း! မင်းသား ဘာတွေထပ်ပါလာသေးလဲ?'' ချင် သခင်မကြီးအား မေးလိုက်၏။
ချင် သခင်မကြီးသည်ကား ယခင်သခင်မကြီး ကျီဖူစီစဉ်သည့် ပွဲတစ်ခုတွင် သခင်မကြီးကျီဖူဝတ်ဆင်ထားသည့် ခေါင်းထိုးအားပြန်မြင်ယောင်နေခဲ့၏။အဲ့ဒီ့ခေါင်းထိုးက သူ့သားယူလာခဲ့သည့် ခေါင်းထိုးနည်းနည်းကြီးမားပေမဲ့ အရည်သွေးကတော့ သူမ,ခေါင်းထိုးလောက်မကောင်းတာသေချာ၏။
ချင်ချိုင်ရှောင် သည် လက်ဖက်ရည်ခွက်ပြင်ပေးနေသော အကူကောင်မလေးအားထွက်သွားစေပြီးနောက် ခေါင်းအနည်းငယ်ငုံ့ကာ
"ဒါတွေက အိမ်ရှေ့စံမင်းသားရဲ့ နှုတ်ခွန်းဆက်လက်ဆောင်တွေပါ...''
ထိုအခါ ချင် မျိုးနွယ်သုံးယောက်တို့သည် ဇဝေဇဝါဖြင့်
"အိမ်ရှေ့စံမင်းသား..... အိမ်ရှေ့စံမင်းသားက ဘယ်သူနဲ့ဘယ်လိုအဆက်ဆက်ရှိလို့တုန်း!"
"ဂျာပေါင်...ဒါတွေကဂျာပေါင်ကြောင့် ရလာတဲ့ လက်ဆောင်တွေပါ။" ချင်ချိုင်ရှောင်သည် ခပ်တိုးတိုးဆို၏။
"ဂျာပေါင် ! ဂျာပေါင်ကဘယ်လိုဖြစ်ပြီးတော့လဲ?" လင်ဂျင်အာသည်စိတ်လှုပ်ရှားစွာ မေးမြန်းတော့သည်။
"လင်ဂျာပေါင်က အခုအိမ်ရှေ့စံမင်းသားရဲ့ကိုယ်လုပ်တော်ဖြစ်နေပြီ!ဂျာပေါင်ကတော်တော်လေး ချစ်မြတ်နိုးခံရတယ်ထင်ပါရဲ့..။ကျနော်တို့ကိုတည်းခိုဆောင်တစ်ခုမှာ အေးအေး ဆေးဆေး ဂျာပေါင်နဲ့သီးသန့်တွေ့ဆုံခွင့်ပေးတဲ့အပြင် လက်ဆောင်ပစ္စည်းတွေအများကြီးကိုလဲ ထည့်ပေးလိုက်တယ်!
ပြီးတော့ အပြန်လမ်းမှာလဲ ကျနေယ်တို့ကိုစောင့်ရှောက်ဖို့ဆိုပြီး မြင်းတပ်သားအချို့ကိုထည့်ပေးလိုက်ပါသေးတယ်။ယောက္ခထီးဖြစ်သူက ဂျာပေါင်ရဲ့အ ကြောင်းကိုဖုံဖိထားချင်သလို အာရုံစိုက်ခံရမှာလဲကြောက်တာကြောင့် ပိုင်မြို့အဝင်မှာပဲ ကျနော်တို့ မြင်းတပ်သားတွေနဲ့လမ်းခွဲခဲ့ကြတာပါ...!'' ချိုင်ရှောင်သည် အခြေနေအားအကျဉ်းချုံ့ပြောပြ လိုက်၏။
သခင်မကြီးချင်က ဝမ်းသာအားရဖြင့်
''ဂျာပေါင် လိမ္မာပြီးတော်တဲ့ခလေးပဲ..... အခုတော့ သူ
သူကောင်းပြုခံရပြီပေါ့လေ...!''
ဂျင်အာသည် သူမရဲ့မောင်ဖြစ်သူဟာအိမ်ရှေ့စံမင်းသားရဲ့ကိုယ်လုပ်တော်တစ်ယောက်ဖြစ်သွားတာကို တအံ့တသြဖြင့်နားထောင်နေခဲ့သည်။ယောက္ခမဖြစ်သူက ဝမ်းသာအားရပျော်နေပေမဲ့လဲ ဂျင်အားသည်ကားအနည်းငယ်စိုးရိမ်စိတ်ဝင်နေခဲ့လေသည်။
ချင်ချိုင်ရှောင်(ထိုက်ရှောင်)သည် ပထမဆုံးအကြိမ်သွားရောက်တဲ့ ဘေဂျင်းရဲ့အတွေ့အကြုံကို ပြောပြခဲ့ပြီးနောက် ချီမိသားစု၏ကမ်းလှမ်းမှုအကြောင်းကိုပါ ချင်အကြီးကဲသို့တင်ပြလိုက်၏။
သခင်ကြီးချင်သည် နာမည်ကြီးချီမိသားစု၏လုပ်ငန်းတံဆိပ်ပြားကိုကြည့်ပြီး စိတ်လှုပ်ရှားစွာဖြင့်
''အင်း! ဒါက အရမ်းကောင်းတဲ့အခွင့်အရေးပဲ!''
''ယောက္ခထီးဖြစ်သူက ခရိုင်မြို့တော်ကိုတရားဝင်သတင်းမကြေငြာခင်အထိ ဖုံးဖိထားဖို့ဆန္ဒရှိနေပါတယ်'' ချင်ချိုင်ရှောင်သည် သူ့ယောက္ခထီးဖြစ်သူ၏ဆန္ဒကိုလေးစားဟန်ဖြင့် သူ့မိဘများအား အသိပေး၏။
"အင်း၊ ငါ့ခမည်းခမက် တွေးတာမှန်တယ်။ဒီတစ်ခေါက်ကာသွားတဲ့သူတွေကို သေချာသတိပေးထားလိုက်"ချင် သခင်ကြီးသည် ခေါင်းတဆက်ဆက်ငြိမ့်လျက် ညွှန်ကြားလေသည်။
"ကျနော်ဒီတစ်ခေါက်ခေါ်သွားတဲ့ ခလေးတွေက ပြောရဆိုရကောင်းတဲ့သူတွေချည်းပါပဲ! သတိပေးထားပေမဲ့ အခုထပ်ပြီးသတိပေးထားလိုက်ပါ့မယ်''
ညဘက်အိပ်ချိန်တွင်တော့ လင်ဂျင်အာသည် ယောင်တောင်ယောင်ဖြင့်မအိပ်နိုင်ပဲဖြေနေရာ အိပ်ပျော်ခါနီးသူ့ယောကျာ်းအား တွန်းထုတ်၍
"ယောကျာ်း ဂျာပေါင်ကတကယ်ကော အဆင်ပြေရဲ့လားဟင်?''
⭐⭐⭐⭐⭐⭐
Advertisement
- In Serial7 Chapters
The Deep Calls
Dean Lamper, at best, a nobody investigative journalist, is called to an island off the coast of Washington.
8 135 - In Serial60 Chapters
my scarred mate
Aria never wanted her life to be this way. She never asked to be bullied.Or for her Dad to hit her.Or to be mute.But that is how her life turned out. She is broken. She is scared. She is lost.Until one day she meets Forest. A new student hiding a big secret. He is the Alphas son. He is her mate. But she has no idea she is a werewolf. What will happen when he turns her world on its head. Will she accept her new life. Or push him away.New chapters every Wednesday and Saturday. Hope you enjoy my story!Cover credits to 20_shades_of_blue
8 134 - In Serial59 Chapters
The Billionaire's Maid
~A love that'll never fade, though obstacles occur, for the billionaire's maid is quite obscure.~Join Ruth in this romantic poetry, as she tries to make ends meet for her mother and climbs her way to take what's rightfully hers.Alistair. The man she can't understand, though he claims to love her, why does he keeps other things above her?On this road filled with heartache and pain, love will always find its way again.____________________________________ The Billionaire's Maid.All Rights Reserved ©Started: 16/12/2017Completed:
8 327 - In Serial44 Chapters
Ms. Kim wants me!
(story adaptation)Lisa Manoban is an 18-year-old senior in high school. She loves studying and is very innocent. One day, she went and visit Jennie Kim, the owner and the CEO of the Kim industry. Jennie Kim is a 20-year-old businesswoman. She was cold-hearted and cold-hearted for no reason. However, the young girl caught Jennie's attention.Will Lisa change Jennie's heart? Will Jennie fall in love? Will Lisa hate Jennie?(A little mix of fifty shades of grey)Real author - Xteressa1Story - The CEO wants me
8 122 - In Serial19 Chapters
Alpha Marcellus
Eliana Khan is abused by her parents and bullied by most of the people in her class why you may ask is because she was born an omega. You might think that's not so bad but it is when your father is an Alpha. Marcellus Kingston is Alpha of the SilverMoon Pack which also happens to be one of the largest and most feared packs. Everyone thinks he's ruthless and cruel but he's really a kind-hearted person who just wants to find his mate. What happens when Marcellus brother Kyle brings home a friend for a school project and she just so happens to be his mate? Will Marcellus accept Eliana? Or will he reject her for being an omega?
8 197 - In Serial32 Chapters
The Buddy Program
After getting diagnosed with a rare, terminal illness and being forced right out of his perfectly normal life, Jeon Jeongguk lost all his faith in living. Just six more months and he'll be dead. Gone. Forgotten. However, when a new hospital friendship program pairs him with the eccentric and lovable Kim Taehyung, he's granted a second chance to live; to be remembered. Running on borrowed time and a bucket list, the only issue that remains is obvious: don't get attached. But sometimes you forget good things don't last forever until it's too late.[ a taekook fanfiction. ]
8 233

