《မင်းကို ချစ်မဝသေးလို့(BL Novel,Myanmar tran)》Ch-20 Unicode
Advertisement
မင်းကိုချစ်မဝသေးလို့
အပိုင်း(၂၀):လပြည့်ပွဲ (Part-1)
.....
ကျန်းဟွေ့ညောင်သည် မီးဖိုချောင်တွင်ကြက်ဥနီချက်ပြုတ်နေရင်း အလုပ်များနေတော့၏၊ ဒါပေမဲ့ သူမစိတ်ထဲကျေနပ်ပျော်ရွှင်နေတာကိုတော့ ဖော်ပြလို့တောင်မရချေ။ ချွေးမဖြစ်သူကလဲ တုတ်တုတ်ခဲခဲကောင်ငယ်လေးကိုမွေးဖွားပေးခဲ့သည်။
ဂျာပေါင်(ကျားပေါင်) ကလဲ နန်းတွင်းထဲမှာနေရတာအဆင် ပြေတယ်။ပြီးတော့ ဒီနှစ်အိမ်ရဲ့စီးပွားရေးကလဲ ကောက်ပဲသီးနှံအထွက်များတာကြောင့် ဝင်ငွေကလဲပိုများလာဦးမှာ!ဒီနှစ်ကတော့ ဘယ်လိုတွေးတွေးပျော်စရာတွေကြီးပဲ!သူမ တွေးရင်းတွေးရင်း တကယ်ကိုစိတ်ချမ်းသာနေတော့သည်။
အရမ်းကိုပျော်ရွှင်ကြည်နူးနေတဲ့ဇနီးသည်ကြောင့် ဂျာပေါင်အကြောင်းကို ဘယ်လိုပြောရမလဲဆိုတာကို စဉ်းစားရင်း လင်,တကျွမ်းတစ်ယောက် ခေါင်းခြောက်နေလေရဲ့...။
"ဒါနဲ့ စကားမစပ် ကလေးတွေအဖေ,ရှင် ဘေဂျင်းကိုသွားနေတဲ့အချိန်တုန်းက ရှောင်ဟိုင်ရဲ့မိဘတွေလာပြီး လီအာနဲ့ရှောင်ဟိုင်ကို လက်ထပ်ပေးချင်နေတာ ရမလားဆိုပြီးလာမေးသွားတယ်။ကျမထင်တာတော့ ဂျင်အာလဲအခုဆို ၁၅နှစ်ထဲရောက်လာပြီလေ....။ဒီ့ထက်နောက်မကျခင် လက်ထပ်ပေးလိုက်ရင်မကောင်းဘူးလား'' ကျန်းဟွေ့ညောင်သည် လင်,တကျွမ်း၏ သဘောထားအားမေးမြန်းလေသည်။
"စောစောအိပ်ပါ၊ မနက်ဖြန်ရှောင်ဟိုင်တို့မိသားစုနဲ့ အေးအေးဆေးဆေး စကားပြောလို့ရပါတယ်!ပေါ်ဂါးဂါးလေးရဲ့ လပြည့်ကိုပဲအရင်အာရုံစိုက်ကြပါဦး'' လင်ဂျာဝမ်ကသူ့သားကို ပေါ်ဂါးဂါးဆိုပြီး နာမည်ပြောင်လေးထားလေ၏။
ပေါ်ဂါးဂါးလေးရဲ့ နာမည်ရင်းက လင်ကွမ်းပေါ်ဖြစ်ပြီးတော့
ဉာဏ်ရည်ဉာဏ်သွေးပြည့်ဝတယ်ဆိုတဲ့ အဓိပ္ပါယ်ရပါတယ်။ဂျာဝမ်ဟာ သူ့သားလေးကိုငယ်ရွယ်နုပျိုပြီး အပူပင်ကင်းကင်းနဲ့အရွယ်ရောက်ကြီးပြင်းလာစေဖို့ကိုသာ မျှော်လင့်လို့နေခဲ့၏။
လင်,တကျွမ်းသည်ကား ဂျာပေါင်၏အကြောင်းကို ဘယ်လိုပြောရမလဲဆိုတာကိုသာစဉ်းစားနေမိပြီး အတွေးများနေတော့သည်။သူဟာအခုချိန်ထိလဲ နည်းလမ်းရှာမရသေးသလို ပြောလဲမပြောရသေးပါဘူး။တစ်ခုမပြီးသေးခင်မှာပဲ လီအာရဲ့အကြောင်းကပေါ်လာပြန်ပြီ။နဂါးနဲ့ဖီးနစ် မောင်နှမကငယ်သေးတာဆိုတော့ နောက်မှသေချာရှင်းပြလို့ရပေမဲ့ လီအာ....ကိစ္စကိုတော့ သူ,မကိုင်တွယ်နိုင်သေးပေ။
"တစ်ခုခု စိတ်ပူစရာရှိနေတာလား...." ဟွေ့ညောင်က လင်,တကျွမ်း၏အတွေးများနေတဲ့ပုံကိုကြည့်ပြီးပြော၏။
"ရှောင်ဟိုင် တော်တော်လေးအလျင် လိုနေပြီထင်တယ်!လီအာ လက်ထပ်မှာနဲ့ဆို အိမ်မှာကိစ္စတွေကအရမ်းများနေပြီ။ကလေးရဲ့ တစ်လပြည့်ကလဲရှိသေးတယ်။အဲ့လိုမဟုတ်ရင်တောင်မှ ဂျာဝမ်ကလဲ မြိုတော်အဆင့်စာမေးပွဲအတွက် ပြင်ဆင်နေရတာနဲ့ စာမေးပွဲဖြေဦးမှာနဲ့တော်တော်လေးအလုပ်များဦးမှာ.... ။ဒီနှစ် အိမ်မှာတော်တော်လေးအလုပ်များနေလို့ နောက်နှစ်အစောပိုင်းလောက်မှပဲ အဆင်ပြေမယ်ထင်တယ်....''လင်,တကျွမ်းသည် လေးလေးပင်ပင်ဖြေဆို၏။
ကျန်းဟွေ့ညောင်သည်လဲ သေချာစဉ်းစားကြည့်ပြီးနောက် အကျိုးသင့်အကြောင်းသင့်ဖြစ်သည်ဟု ခံစားမိလေရာ
''အင်း! ကျမ မနက်ဖြန် ရှောင်အိမ်ကိုအဲ့လိုပဲသွားပြောလိုက်မယ်''
နောက်တစ်နေ့တွင် ကျန်းဟွေ့ညောင်သည် ရှောင်ဟိုင်ရဲ့မိသားစုအိမ်သို့သွားရောက်တွေ့ဆုံ၏။ရှောင်ဟိုင်ရဲ့ မိ သားစုတွေကတော့ စောစောလက် ထပ်ပေးထားချင်နေကြတာပေါ့လေ! အခု လင်,မိသားစုရဲ့နေ့ရက်တွေ ပိုပိုပြီး ကောင်းမွန်လာသလို လူတော်တော်များများကလဲ လင်မိသားစုနဲ့ဆက်စပ်ချင်နေကြတာ ...။
ရှောင်ဟိုင်ရဲ့နှလုံးသားကို လင်,လီအာသည်ငယ်စဉ်ကထဲကအပိုင်သိမ်းထားနိုင်ခဲ့၏။ဒါကို ရှောင်ဟိုင်ရဲ့ အမေဖြစ်သူကလဲ သိနေခဲ့သလို သူမကလဲ ကလေးနှစ်ယောက်ကို ငယ်စဉ်ကထဲကကြည်ဖြူသဘောတူခဲ့တာပင်!တကယ်လို့ အခုချိန်မှတစ်ခုခုချွတ်ချော်သွားခဲ့ရင် သားဖြစ်သူသည် တော်တော်လေးယူကြုံးမရဖြစ်ပြီး ဖြေဆည်နိုင်မှာမဟုတ်ချေ။ဒါကြောင့် နှစ်ရှည်လများမက်ခဲ့ရတဲ့အိပ်မက်ရှည်ကို မြန်မြန်အကောင်ထည်ဖော်ချင်နေခဲ့ကြတာဖြစ်လေသည်။
ကျန်းဟွေ့ညောင်ကလဲ ရှောင်ဟိုင်ကိုတော်တော်လေးစိတ်တိုင်းကျနေတာဖြစ်သည်။ ရှောင်ဟိုင်ရဲ့မိသားစုဝင်တွေကလဲ ကြင်နာတတ်သူများဖြစ်ကြ၏။
ပြီးခဲ့တဲ့နှစ်တွေတုန်းက အနည်းငယ်ဒုက္ခရောက်ခဲ့တဲ့ သူတို့ဇနီးမောင်နှံကို ရှောင်မိသားစုဝင်တွေက ဖေးဖေးမမရှိပေးခဲ့သည်။ရှောင်ဟိုင်က လယ်ယာလုပ်ငန်းကိုလဲ ကောင်းကောင်းမွန်မွန်လုပ်ကိုင်တတ်သလို သူ့အဖေ ရှောင်မုထံမှ ကျွမ်းကျင်တဲ့အမဲလိုက်ခြင်းပညာကိုလဲ လေ့လာနေတာဖြစ်သည်။
ရှောင်ဟိုင်တို့မိသားစုက တော်တော်လေးအခြေနေကောင်းတယ်လို့ဆိုနိုင်တယ်။သူတို့ဆီမှာက မကြာမကြာတောရိုင်းအမဲလိုက်ပွဲတော်တွေကျင်းပလေ့ရှိကြသည်။တစ်ခါတစ်ရံ ရှောင်မိသားစုသည် တိရိစ္ဆာန်သားရေတွေကိုရောင်းချရာမှ ငွေစ,များစွာရရှိတတ်ကြ၏။ရှောင်ဟိုင်ရဲ့ ပင်ကိုယ်သဘာဝကိုက အေးဆေးတည်ငြိမ်၍ရိုးသားပြီး လုံ့လဝီရိယရှိသူဖြစ်တာကြောင့် လီအာအတွက် အများကြီးစိတ်ပူစရာမလိုချေ။
ကျန့်ဟွေ့ညောင် ရှောင်မိသားစုရဲ့အိမ်သို့သွားရောက်တွေ့ဆုံပြီးနောက်မှာတော့ ရှောင်မိသားစုနှင့်လင်မိသားစုတို့သည့် နောက်နှစ်ကောက်သစ်စားပွဲတော်အချိန်တွင် ကလေးနှစ်ယောက်အားလက်ထက်ထိမ်းမြှားပေးမည်ဟု သဘောတူညီချက်ရယူခဲ့ကြလေသည်။ ရှောင်မိသားစုကတော့ သဘောတူညီမှုရတာနှင့် မင်္ဂလာပွဲပြင်ဆင်ရန်အတွက် ပွဲစားတစ်ယောက်ကိုငှားရမ်းပြီး အလျင်မြန်ပြင်ဆင်စရာတွေကိုပြင်ဆင်တော့၏။
လင်လီအာသည်လဲ မင်္ဂလာပွဲသတင်းကြားပြီးထဲက အိမ်ပြင်သို့ထွက်ခဲ့လာပြီး သူမရဲ့မင်္ဂလာပွဲဝတ်စုံတွင်ပါဝင်မည့်ချည်ထိုးများကို အခန်းထဲတွင်ထိုးနေခဲ့လေသည်။ဒီနှစ်ပွဲတော်မှာ ဝယ်လာတဲ့အနီရောင် ဖောင်ကြွချည်ထိုးတွေက အရမ်းလှတာ ဒါတွေကိုမင်္ဂလာဝတ်ရုံမှာချည်ထိုးပြီးထည့်လိုက်ရင် မင်္ဂလာဝတ်ရုံက တော်တော်လေးလှနေမှာ.....!
.
.
.
အရှေ့ဆောင်ရဲ့တံခါးမှုး ဟူကျန်းသည် အစောင့်အနည်းငယ်ကိုခေါ်၍ ချူချုံးသို့ခရီးပြင်းနှင်ရလေသည်။အကြောင်းကတော့ လင်ရှောင်ဇူရဲ့တူလေးတစ်လပြည့်ပွဲတော်အတွက် လင်ဂျာ(ကွန်း)ရွာသို့ အချိန်မှီသွားရောက်ရမည်ဖြစ် ကြောင်း အမိန့်ပေးခဲ့တာကြောင့်ပင်။
နီးကပ်နေပြီဖြစ်တဲ့ လ,ပြည့်ပွဲတော်ကြောင့် သူတို့အုပ်စုလဲအချိန်မဆွဲရဲပဲ ခရီးပြင်းနှင်ခဲ့ရလေသည်။နောက်ဆုံးမှာတော့ သူတို့အဖွဲ့ဟာ လပြည့်ပွဲတော်နှင့်ခွာပြီး ၂ရက်အလိုတွင် ချင်ချုံးသို့ကြိုရောက်ခဲ့ကြလေ၏။
ချင်ချူံးသို့ရောက်ချင်းတွင်လဲ ဟူကျန်းနဲ့ဖွဲဝင်တွေဟာ မနားနိုင်ပဲ ချင်ချုံးရဲ့အာဏာပိုင်ရှီချီသျှန်းနှင့်သွားရောက်တွေ့ဆုံရလေသည်။
ရှီချီသျှန်းသည် သူ့ရဲ့လက်အောက် ငယ်သားတွေထံမှသူ့ထံသို့ အိမ်ရှေ့စံမင်းသားစေလွှတ်လိုက်သည့်အဖွဲ့တစ်ဖွဲ့ရောက်နေကြောင်းကို ကြားသိခဲ့ရသည်။သူအနေဖြင့်အနည်းငယ် အံ့အားသင့်သွားပေမဲ့လဲ အချိန်မဆွဲရဲပဲချက်ချင်းဆိုသလို ထိုအဖွဲ့ဆီသို့ လူကိုယ်တိုင်သွားရောက်တွေ့ဆုံခဲ့လေ၏။
"ဆရာဟူ၊ ဘယ်လိုဖြစ်ပြီးဒီကိုရောက်လာရတာပါလဲ?'' ရှီချီသျှန်းသည် ဟူကျန်းကို ပင်မဧည့်ခန်းဆောင်တွင်နေရာပေးရင်း မေးလိုက်၏။သူနဲ့ ဟူကျန်းဟာပေကျင်းသို့သွားကောက်သတင်းပို့စဉ်က အနည်းငယ်သိကျွမ်းခဲ့ဖူးသည်။
သို့ပေမဲ့ သူတို့နှစ်ယောက်က ရင်းနှီးတဲ့ဆက်ဆံရေးလဲမဟုတ်ကြတာကြောင့် ဟူကျန်းဘာအကြောင်းနဲ့ သူ့ကိုလာရောက်တွေ့ဆုံတယ်ဆိုတာကို ခန့်မှန်း၍ပင်မရချေ။
"မဟုတ်မှလွဲရော အိမ်ရှေ့စံမင်းသားက တစ်ခုခုမိန့်ကြား လိုက်လို့လား?"
ရှီချီသျှန်း သည် ပြည်နယ်ရဲ့ထိပ်တန်းအကြီးကဲငါးယောက်ထဲက တစ်ယောက်ဖြစ်ပေမဲ့ ဟူကျန်းကတော့အရှေ့ဆောင်၏ဆဌမအဆင့်တံခါးမှုးသာဖြစ်သည်။ရာထူးအရ ဟူကျန်းထက်မြင့်တယ်လို့ဆိုနိုင်ပေမဲ့လဲ သူဟာ ဟူကျန်းကိုလျစ်လျူမရှုရဲပါချေ...။ဘယ်လိုပဲဖြစ်ဖြစ် သူက အိမ်ရှေ့စံမင်သားရဲ့ဘေးမှာ အနီးကပ်နေရတဲ့ လက်အောက်ငယ်သားတစ်ဦးလေ....!
"အကြီးကဲ ရှီက ယဉ်ကျေးလွန်းနေပြီ! ကျနော်က ဒီအတိုင်း ဂါရဝပြုရုံ သက်သက်ပဲလာတာပါ။ ပြီးတော့ ဂုဏ်ပြုစရာကိစ္စလဲပါလာပါသေးတယ် " ဟု ဟူကျန်းကပြောလိုက်၏။
ရှီချီသျှန်းသည် အနည်းငယ်စိတ် သက်သာရာရသွားပြီး စိတ်အေးလက်အေးဖြင့် "ဆရာကြီး ဟူက ငါ့ကိုစိတ်ရှုပ်အောင်လုပ်နေတော့တာပဲ!ပြောပါဦး သတင်းကောင်းကဘာများလဲ?''
"အကြီးကဲ ရှီရဲ့ စီမံအုပ်ချုပ်မှုအောက်မှာ ချင်ချုံးကပြည်သူတွေအေးအေး ချမ်းချမ်းနဲ့လုပ်ကိုင်စားသောက်နိုင်ကြတယ်လေ...!အဲ့ဒါကြောင့် အကြီးကဲ ရှီကို ဆုချီးမြှင့်လိုက်ပါတယ်။ပြီးတော့ ချူချုံးကနေ နန်းတော်ထဲဝင်လာတဲ့ တစ်ယောက်က သူကောင်းပြုခံထားရပါတယ်။ အခု ကျွန်တော်မျိုး ဒီကိုရောက်လာရတာကလဲ သူ့ကြောင့်ဆိုရင်မှားမယ်မထင်ပါဘူး....''ဟူကျန်းက လာရင်းအကြောင်းကိုအရိပ်မြွတ်ပြလိုက်၏။
"အိုး...ဒါက သတင်းကောင်းပဲ!ဧကရာဇ်မျက်စိကျသွားတာ ဘယ်သူလဲဆိုတာကို မေးကြည့်လို့ရပါသလား ..?'' ရှီချီသျှန်း သည် သူ့ရဲ့မှတ်ဉာဏ်ကိုပြန်ခေါ်ပြီး အသေချာကိုစဉ်းစားကြည့်နေခဲ့၏။သို့ပေမဲ့ သူ့မှတ်ဉာဏ်ထဲတွင် ထိုသူကောင်းပြုခံရလောက်သည်အထိ မျက်စိကျချင်စရာကောင်းသည့် သူမျိုးကိုတွေး၍မရနိုင်ခဲ့ချေ...။
Advertisement
''ဧကရာဇ်မဟုတ်ပဲ အိမ်ရှေ့စံမင်းသားရဲ့ မျက်စိကျခြင်းကိုခံရသူပါ။ အခုသူက အိမ်ရှေ့စံမင်းသားရဲ့အရှေ့နန်းဆောင်ကိုရောက်ရှိနေပြီး လင်ရှောင်ဇူ လို့ခေါ်ပါတယ်။ လင်ရှောင်ဇူက ဒွိလိင် ပါ သူက ပိုင်စီရင်စုကဖြစ်ပြီးတော့ ယွမ်တိုင်ရဲ့လေးနှစ်မြောက်မှာ နန်းတော်ထဲကိုဝင်ရောက်လာခဲ့ပါတယ်။
ပြောရမယ်ဆိုရင် အိမ်ရှေ့စံမင်းသားက သူ့ကို တော်တော်လေးချစ်မြတ်နိုးပြီး အလေးမြတ်ထားတယ်လို့ဆိုနိုင်ပါတယ်။အခု ကျနော်ရောက်လာရတဲ့ကိစ္စကလဲ လင်ရှောင်ဇူရဲ့တူလေး တစ်လပြည့်အထိမ်းမှတ်ပွဲကို လက်ဆောင်ပို့ပေးရန်အတွက်စေခိုင်းလိုက်လို့ရောက်လာရခြင်းပါ။'' ဟူကျန်းက ရှည်လျားစွာရှင်းပြလေသည်။
"အိမ်ရှေ့စံမင်းသားလား.....!ဒါဆို တကယ့်ကို ကောင်းချီးပေးခံရတာပဲ !" ဧကရာဇ်မင်းရဲ့ မျက်စိကျခြင်းကိုခံရတာထက် အိမ်ရှေ့စံမင်းသားရဲ့ကိုယ် လုပ်တော်ဖြစ်ခွင့်ရတာကပိုပြီး အလားလာကောင်းတွေအများကြီးရှိတယ်ဆိုတာ အသိသာကြီးပဲ!ဧကရာဇ်က သက်လတ်ပိုင်းထဲရောက်နေပြီဖြစ်သလို သားတော်သမီးတော်တွေလဲ ရှိနေပြီးသားပင်။
အိမ်ရှေ့စံမင်းသားကတော့ ငယ်ရွယ်သေးပြီးသားသမီးရတနာလဲ မရှိသေးပေ။တကယ်လို့ အနာဂတ်မှာမင်းသားငယ်ကို မွေးဖွားပေးနိုင်ရင် သူဟာနိုင်ငံရဲ့ရတနာတစ်ပါးဖြစ်လာနိုင်သလို သူ့ရဲ့မိသားစုကလဲ အလိုလိုအထွဋ်ထိပ်ရောက်ပြီး အလေးမြတ်ပြုခံရမှာပင်။
ရှီချီသျှန်းသည် ဟူကျန်းအားသူ့အိမ်သို့ညစာဖိတ်ကြားတဲ့အပြင် သူ့အိမ်၌ပင် တည်းခိုနားနေရန်ပါ ဖော်ရွေစွာဖိတ်ခေါ်လေ၏။ ဟူကျန်းကတော့ယဉ်ကျေးစွာပင် ငြင်းဆိုခဲ့ပြီးနောက် ချူချုံးရှိတည်းခိုဆောင်သို့သာပြန်လာခဲ့လေသည်။
ယခုသတင်းဟာရက်ပိုင်းအတွင်း ချူချုံး၏ လူကုံထံအသိုင်းဝိုင်းထဲသို့ ကျယ်လောင်စွာပျံနှံ့သွားမယ်ဆိုတာကို ဟူကျန်းတစ်ယောက်မထင်ခဲ့ချေ။အင်း နန်းတော်ပြန်ရောက်ရင်တော့ သူ,အိမ်ရှေ့စံမင်းသားကို အစီရင်ခံစာတင်ပြရဦးမယ်ထင်ပါရဲ့....။
ရှီချီသျှန်း သည် ယနေ့သူသိခဲ့သော အကြောင်းရာများကို သူနှင့်ရင်းနှီးသောမိတ်ဆွေများအားပြောပြခဲ့သလို ဇနီးဖြစ်သူနှင့်လဲ လင်,မိသားစုအကြောင်းအား တစ်ညနေလုံးတိုင်ပင်ဖြစ်ခဲ့လေသည်။
သခင်မကြီး ရှီတဖြစ်လဲ အမျိုးသမီးကြီး တုန်း သည် စီရင်စု၏အာဏာရမိသားစုမျိုးရိုးမှဆင်းသက်လာသည့် ဂုဏ်ကျက်သရေကြီးမားသည့် အမျိုးသမီးတစ်ယောက်ဖြစ်သည်။သူမခင်ပွန်းပြောသည့်အကြောင်းရာများကို သေချာခွဲခြမ်းစိတ်ဖြာနေပြီးနောက် လင်,မိသားစုနှင့် ပိုမိုနီးစပ်တဲ့ဆက်ဆံရေးတစ်ခုကိုဖန်တီးထားသင့်တယ်ဟု ခံစားမိခဲ့လေ၏။
လင်ရှောင်ဇူရဲ့အမဖြစ်သူ ချင်အိမ်တော်နှင့်လက်ဆက်ရတုန်းက လင်မိသားစုနှင့်အနည်းငယ် သိကျွမ်းခဲ့ဖူးတာကို သတိရသွားလေသည်။ပြီးတော့ အထက်တန်းစားအိမ်ထောင်ရှင်မများအစုဝေးတွင်လဲ ချင်မျိုးရိုးအမျိုးသမီးတွေနှင့်တွေ့ဆုံဖူးလေသည်။ဒီကနေပြီးတော့ လင်,မိသားစုနဲ့ဆက်ဆံရေးစလို့ရတာပဲ....!
ရှီချီသျှန်း သည် ဇနီးဖြစ်သူနှင့် အချိန်အတော်ကြာ ဆွေးနွေးခဲ့ပြီးနောက် လပြည့်နေ့တွင် ပေးမည့် လက်ဆောင်ကိုရွေးချယ်ခဲ့ကြလေသည်။
နေက်တစ်နေ့မှာတော့ ရှီချိသျှန်းသည် ပိုင်စီရင်စုရဲ့ ကျိရှိန်းဒေသ အာဏာပိုင် တစ်ယောက်ဖြစ်တဲ့ တုရှန်းဟန်ကို ခေါ်ယူတွေ့ဆုံပြီးနောက် လင်,မိသား စု ၏အကြောင်းကို မေးမြန်းပြောဆိုလေသည်။တုရှန်းဟန်သည်လဲ လင်,မိသားစု အ ကြောင်းကို သိသူဖြစ်တာကြောင့် ကောင်တီအာဏာပိုင်အား ဝမ်းသာအားရပြောပြခဲ့လေသည်။လင်မိသားစုရဲ့ အိမ်ထောင်ဦးစီးတွေဟာ အရည်ချင်းရှိသူဖြစ်ကြောင်းကို ဝန်ခံချီးမွန်းစကားဆိုဖို့လဲ တုရှန်းဟန်ဟာ မမေ့ခဲ့ပါချေ။
ရှီချီသျှန်း က တုရှန်းဟန်အား "ဒီ လင်မိသားစုက မင်းရဲ့တရားစီရင်ပိုင်ခွင့်အောက်မှာရှိနေတာကြောင့် မင်းရဲ့နားရက်မှာတောင် ကောင်းကောင်းအာရုံစိုက်ပြီး အလုပ်လုပ်ရလိမ့်မယ်ထင်တယ်''
တုရှန်းဟန်သည် အာဏာပိုင်၏စကားကို ဘယ်လိုအင်အားမျိုးနဲ့ အလျင်မြန်မတုန့်ပြန်ဘဲ နေရဲမှာလဲ?
တုရှန်းဟန်သည် သတိကြီးကြီးပြန်သွင်းလိုက်ပြီးနောက် လင်ဂျာဝမ်၏သား တစ်လပြည့်မှာ လင်မိသားစုထံသွား ရောက်ဖို့နှင့် ပေးအပ်မည့် လက်ဆောင်ပစ္စည်းအကြောင်းကို အကြီးကဲရှီနှင့် အသည်းသန်တိုင်ပင်ဆွေးနွေးတော့၏။
တစ်ရက်အတွင်းမှာပဲ ပိုင်စီရင်စုရှိလူကုံထံအသိုင်းဝန်းသို့ ဒီသတင်းဟာ လျှို့ဝှက်ချက်အနေဖြင့် တိတ်တဆိတ်ပျံ့နှံ့လာခဲ့လေ၏။ ထိုအထက်တန်းမိသားစုများဟာလဲ လင်မိသားစုနဲ့မိတ်ဖွဲ့ထားရန် လျှို့ဝှက်စွာကြံစည်နေကြတော့သည်။
.
.
.
.
ပေါ်ဂါးဂါးလေးရဲ့တစ်လပြည့်မွေးနေ့ပွဲဟာ မျက်စိတစ်မှိတ်အတွင်းမှာပဲ လျင်မြန်စွာရောက်ရှိလို့လာ၏။လင်မိသားစုသည်လဲ ရွာမှချက်ပြုတ်ရေးကျွမ်းကျင်အဖွဲ့ကိုငှားရမ်း၍ စားပွဲဝိုင်း
ကြီးခြောက်ဝိုင်းအထိခင်းကျင်း၍ ခေါက်ဆွဲဖြင့်တည်ခင်းဧည့်ခံလေသည်။ထို့ပြင်တစ်ရွာလုံးအား လပြည့်နေ့အထိမ်းမှတ်ဝိုင်သောက်သုံးရန်အတွက်လဲ ဖိတ်ခေါ်ထားသေး၏။
ရှောင်ဟိုင်တို့မိသားစုသည်လဲ ကူညီလုပ်ကိုင်ပေးရန်အတွက် မနက်စောစောထဲကလာရောက်ခဲ့ကြသလို ချင်မိသားစုလဲ မနက်အစောပိုင်းထဲကရောက်လာခဲ့ကြလေသည်။အမျိုးသမီးချင်သည် ကျန်းဟွေ့ညောင်အား ယဉ်ကျေးစွာဖော်ရွေစွာနှုတ်ဆက်လိုက်ပြီးနောက် ဂျင်အာသည်သူမရဲ့ယောက္ခမဖြစ်သူအား ဧည့်သည်များကိုမိတ်ဆက်ပေးလေသည်။
အခန်းနားမစခင် အခန်းတွင်း၌မိန်းခလေးဝုရဲ့ အမေဟာ သမီးဖြစ်သူနှင့်စကားပြောနေခဲ့လေသည်။ ဝုချောင်းလန်ရဲ့နှင်းဆီရောင်သန်းနေတဲ့ပုံရိပ်လေးကိုကြည့်ပြီး အမေဖြစ်သူဟာ သူ့သမီးဘယ်လောက်ဂရုစိုက်ခံထားရတယ်ဆိုတာ သိနေခဲ့လေသည်။
''သမီးအတွက် အမေတကယ်ကိုဝမ်းသာတယ်....။သမီး ယောက္ခမ သမီးအပေါ်ဘယ်လောက်ကောင်းထားလဲ ကြည့်စမ်း!နောက်ကျရင် သမီးသူတို့အပေါ်ကိုသိတတ်ရမယ်နော်...။''
"ဟုတ်ကဲ့...." ဝုချောင်လန်သည် ရိုကျိုးစွာပြန်ဖြေ၏။
ယောက္ခမတွေကလဲ သူမအပေါ်ကောင်းပေးသလို ယောကျာ်းဖြစ်သူရဲ့မွေးချင်းတွေကလဲ နွေးထွေးစွာဆက်ဆံပေးကြ၏။ထို့အပြင် ယောကျာ်းဖြစ်သူက အရည်ချင်းလဲရှိသလို သူမအပေါ်တွင်လဲ ကြင်နာစွာဆက်ဆံလေသည်။ ဒီမိသားစုက သူမကိုပျော်ရွှင်စေသလို အားအင်လဲပေးကြလေသည်။ဒါကြောင့် အရမ်းကိုပျော်ရွှင်နေတော့၏။ အခုဆို သားယောကျာ်းလေးတစ်ယောက်ပါမွေးဖွားထားတာကြောင့် အားလုံးဟာအရာရာဟာ အဆင်ပြေတာထက်ကိုပိုနေပါပြီ။
"ဂျာဝမ်ကော အလုပ်အဆင်ပြေရဲ့လား?မင်း အဖေပြောတာတော့ ဂျာဝမ်က ပညာရေးမှာအရမ်းပါရမီပါတာဆို....။ဒီတစ်ခေါက်ကိုတော့ အမေသေချာမျှော်လင့်ထားပါတယ်။သူ့စာတွေကိုလဲ သေချာလုပ်ခိုင်းဦး ပေါ့ပေါ့လျော့လျော့မနေစေနဲ့ ဟုတ်ပြီလား'' သူ့သမီးကို ပြော၏။
"မေမေ စိတ်အေးထားပါ....။ ယောကျာ်းဖြစ်သူက အခုသေချာအာရုံစိုက်ပြီးလေ့လာနေပါတယ် အရမ်းအာရုံစိုက်နေလို့ နားပါလို့ကိုပြောနေရတယ်...." ဝုချောင်လန်သည် ပြုံးပြုံးလေးဖြင့်ပြန်ဖြေ၏။
ယနေ့တွင် လင်မိသားစုသည် လက် ဆောင်များစွာကို လက်ခံရရှိခဲ့၏။ လင်ဂျချိုင်(ချုံချိုင်)သည်လဲ လက်ဆောင်စာရင်းကို ကူညီလုပ်ကိုင်ပေးလေသည်။လင်ဂျာချိုင်(ချုံချိုင်)က အခုနှစ်မှာ အသက် ၁၀ နှစ်သာရှိသေးပေမဲ့ လွန်ခဲ့သည့် ၂ နှစ်ကစပြီး အခြေခံစာရေးနည်းနှင့် မျိုးရိုးအမည် ၁၀၀ ကျော်ကို သင်ယူခဲ့ပြီးဖြစ်သည်။သူ့ရဲ့အကိုကြီး လင်ဂျာဝမ်လောက် အရည်အချင်းမရှိပေမယ့် သူသည်လဲကြိုးကြိုးစားစားဖြင့်လေ့လာနေခဲ့တာဖြစ်သည်။
⭐⭐⭐⭐⭐⭐⭐
Advertisement
- In Serial539 Chapters
The Cursed Prince
This book is about baby-making.
8 877 - In Serial225 Chapters
Katalepsis
For Heather Morell, nightmares and hallucinations lurk around every corner, relics of schizophrenia and childhood bereavement. Until she meets Raine and Evelyn, that is — self-proclaimed bodyguard and bad-tempered magician — and learns she’s not insane at all. The spirits and monsters she sees are all too real, the god-thing in her nightmares is teaching her how to surpass human limits, and her twin sister who supposedly never existed could still be alive, somewhere Outside, beyond the walls of reality. Heather plunges into a world of eldritch magic and fanatic cultists, trying to stay alive, stay sane, and deal with her own blossoming attraction to dangerous women. But being ‘In The Know’ isn’t all terror and danger. Sometimes the monsters wear nice dresses and stick around for afternoon tea. Sometimes you find you have more in common with them than you think. Perhaps this is Heather’s chance to be something more than the defeated husk she’d grown up as, to find real friendship and meaning among things like herself - and perhaps, out there on the rim of the possible, to bring her twin sister back from the dead. Katalepsis is a Ancient Greek word which means ‘comprehension’, or perhaps more accurately, ‘insight’. Katalepsis is a serial web novel about cosmic horror and human fragility, urban fantasy and lesbian romance, set in a sleepy English university town. New chapters are currently posted once a week, on Saturdays. This is a Royal Road mirror of Katalepsis' own website, located here, currently updated at the same time with a new chapter every Saturday.
8 142 - In Serial32 Chapters
You in Real Life
Mazie has fallen in love. Okay, maybe it's with the ghost of a boy from school she hates, but love conquers all, right? *****Soon after sixteen-year-old Mazie moves to the town of Dorn, she becomes haunted by the ghost of a teenage boy. The ghost doesn't remember anything, so Mazie calls him Jack. Until then, she never knew that ghosts could tap dance, nor that it was possible to fall in love with one! But then Mazie meets Blake, a mean, popular boy at her new high school - and she realizes that Blake is Jack's living counterpart. This means Blake is in grave danger, and only Mazie can help him, but saving this unpleasant boy might kill her ghostly love forever...[[word count: 50,000-60,000 words]]
8 299 - In Serial9 Chapters
Just a Brawl Stars Game
It's just up because it's my most popular book.Otherwise i don't associate with this fandom anymore and even find it toxic asfPLEASE READ! ---> 1. NO I WONT MAKE MORE BS FANFICS STOP HARASSING ME OR IM LITERALLY ARCHIVING THE FIC / DISABLING THE COMMENTS2. NO I WONT CONTINUE THE BOOK STOP HARASSING ME IN DMS / INSTA3. EVERY PERSON ASKING ME IN DMS OR PERSONALLY ON INSTA WILL BE MASS BLOCKED ON BOTH OF MY INSTA AND WATTPAD.i hope i made myself clear.-Darwin
8 169 - In Serial39 Chapters
Love or Business?
Aurora Baldwin is a 19 year old girl that would do anything for her parents. In hopes of getting appreciated and loved. Mattheo Rossi is a 24 year old hardworking man who doesn't really believe he would ever find someone to fall in love with let alone marry. So what happens when their parents decided they will have to marry so that the Business can get more powerful on both sides?...Started: November 2nd 2021 Finished: December 3rd 2021
8 208 - In Serial166 Chapters
[BL] What Should I Do If I'm Being Targeted by a Paranoid Attack [Quick Wear]
What Should I Do If I'm Being Targeted by a Paranoid Attack [Quick Wear]被偏執攻盯上了怎麼辦[快穿]Author杭白Status166 ChaptersDescription Mi Dao is a game screenwriter who is male and loves males. Every time he writes a game, he will bring private goods with him, set the character of his crush on important characters, and add all kinds of YY(sexual thoughts). These YY include but are not limited to: Blackening, Jealousy, Shura Field, "Beep-" and "Beep-". Until one day, Mi Dao accidentally wore it in, and accidentally increased the favorability of important characters. So, he pretended to be aggrieved and shouted "No" while he couldn't collapse, while listening to his crush saying to him in various ways: "Senior brother, I won't allow you to leave me again." "Everything about you belongs to me. ." "I can give you everything except freedom." Ahhh what a delightful God unfolds he can ahhhh! ! ! Afterwards, Mi Dao snorted with a lollipop by the bedside: "Don't ask, it's cool to act."---NOTE: FOR OFFLINE PURPOSES SO DON'T REPOST MTLED IF YOU DON'T UNDERSTAND THEN IT IS IN POOR QUALITY I DID THIS FOR PEOPLE LIKE ME WHO CAN'T AFFORD PROPERLY TRANSLATED AND LIMITED INTERNET CONNECTION SO PLEASE DON'T CRITICIZE THE QUALITY NOR THE WAY I MTLED IT THANK YOU
8 1102

