《မင်းကို ချစ်မဝသေးလို့(BL Novel,Myanmar tran)》Ch-24
Advertisement
အခန်း-၂၄
.....
နောက်ရက်အနည်းငယ်အတွင်းမှာလဲ လင်တ,လီတို့လင်မယားဟာ လင်တ,ကျွမ်းတို့အိမ်ကို မကြာမကြာလာလည်နေတော့၏။ဒီလင်မယားအား လင်တ,ကျွမ်းတို့အိမ်တွင် တွေ့ရဖန်များလာသည့်အခါမှာတော့ ရွာသူရွာသားတွေဟာ လင် ညီအကိုတွေပြန်လည်သင့်မြတ်သွားကြပြီဟု အလိုလိုကောက်ချက်ချလိုက်ကြတော့သည်။
အဲ့ဒီ့နောက်မှာလဲ လင်ချန်အာသည်သူ့ယောကျာ်းကိုခေါ်ပြီး အလည်အပတ်ရောက်လာပြန်၏။ လင်ချန်အာ၏ ယောကျာ်းသည် သူ့ကိုယ်သူပညာရေး၌ပါရမီပါသူဟု မှတ်ယူထားတာကြောင့် စာအုပ်စာပေတွေကိုဝယ်ယူလေ့ရှိ၏။ထိုဝယ်ထားတဲ့စာအုပ်များအတွက်လင်ဂျာဝမ် ရဲ့ မှတ်ချက်နှင့်မေးမြန်းပညာစမ်းစရာအချို့လဲရှိတာကြောင့် အလည်ပတ်ခရီးတွင် စာအုပ်များကိုပါ သယ်ဆောင်လာခဲ့လေသည်။
ဂျာဝမ်သည် ထိုအူကြောင်ကြောင်စာအုပ်များကိုဖတ်ရင်း ခေါင်းကိုက်နေတော့၏။ သို့ပေမဲ့ ဂျာဝမ်ဟာယဉ်ကျေးစွာပဲ အလွန်စိတ်ရှည်ရှည်ထား၍ အကြောင်းရာအချို့ကိုတော့ ရှင်းပြဆွေးနွေးပေးခဲ့သည်။
ဂျာဝမ်အနေနဲ့ လင်ချန်အာရဲ့ယောကျာ်း သူ့အရည်ချင်းကို သူ့ဘာသာအရှက်ရသွားပြီး မခံမရပ်နိုင်ဖြစ်ကာ ယုံကြည်မှုကျဆင်းသွားမှာကိုမလိုလားပါချေ။ဒါပေမဲ့ ဒီခေတ်နောက်ကျနေတဲ့ အူကြောင်ကြောင်အတွေးခေါ်အရေးသားများက သူ့ရဲ့ဉာဏ်ရည်ကိုထိခိုက်စေတယ်လို့ ခံစားနေရလေသည်။
တကယ်တော့ လင်ချန်အာရဲ့ယောကျာ်းက လင်ရွာလို့လိုက်မလာချင်ခဲ့ဘူး။ဒါကြောင့်ပဲ သူတို့အကြိမ်ရေအနည်းငယ် ပြသာနာဖြစ်ခဲ့ရသေးသည်။လင်ချန်အာရဲ့ယောကျာ်းတွေထားတာက ဒီလင်မျိုးရိုးက အသိပညာဘာမှမယ်မယ်ရရမရှိဘူး ကံကောင်းလို့သာ ပြည်နယ်အဆင့် ပညာရှင်စာမေးပွဲကိုအောင်မြင်ခဲ့တာဟူ၍ပင်။
ဒီထွားကြိုင်းသန်မာလှတဲ့ ကိုယ်ဟန်နဲ့လင်ဂျာဝမ်ကိုကြည့်ပါလား? သူ့ရဲ့ဘယ်နေရာကများ ပညာရှင်ဆိုတဲ့ပုံရိပ်နဲ့ကိုက်ညီလို့လဲ...။ပညာသင်ဆုရကျောင်းသားဆိုတာ သူ့လိုအသွင်ပြင်မျိုးရှိနေရမှာ.....။ပြီးတော့သူ့အနေနဲ့လဲ လာမယ့်နှစ် သိပ္ပံစာမေးပွဲကိုအောင်မြင်စွာဖြေဆိုနိုင်ဖို့ ယုံကြည်ချက်အပြည့်ရှိနေလေသည်။
တကယ်လို့သူ မအောင်မြင်ခဲ့ဘူးဆိုရင်တော့ ဒါဟာသူကံဆိုးနေလို့ပဲဖြစ်ရမယ်။သူ့အနေနဲ့ ဘုရားကျောင်းမှာ အမွှေးနံသာ ပူဇော်ဖို့နဲ့ ဝတ်ပြုဆုတောင်းဖို့လိုနေတာလဲ ဖြစ်ချင်ဖြစ်နိုင်တာပဲလေ.....!
ရှောင်ဟိုင်ရဲ့အမေကတော့ မတင်မကျဖြသ်နေတဲ့စိတ်ကောင့် ရှောင်မူ အား ညည်းညူပြီးပြောလေ၏။
''ရှင်ပြောကြည့်! ကျမတို့ကလေးနဲ့ လီအာရဲ့ကိစ္စ...ကို..!ဟင်း... ဘာမှတော့မပြောင်းလဲသွားနိုင်ပါဘူးနော်....''
"ဘာလို့လဲ... မင်းသူတို့ရဲ့စရိုက်ကိုမသိဘူးလား..." ရှောင်မူကတော့ ဒီကလေးတွေရဲ့ကိစ္စကို လုံးဝကိုစိုးရိမ်ပူပန်ခြင်းမရှိချေ။
"သိပါတယ်.... '' ရှောင်ဟိုင်ရဲ့အမေ ဟန်ရှောင်ယိသည် ထိုအခါမှ စိတ်သက် သာရာရသွားသည်။ "ကျန်းဟွေ့ညောင် က တကယ်ကို ကောင်းချီးပေးခံထားရတာ!သူ့ရဲ့ ကလေးတွေအကုန်လုံးက အရမ်းတော်ပြီး မိဘအပေါ်လဲ သိတတ်ကြတယ်''
''ငါတို့ရဲ့ ရှောင်ဟိုင်ကလဲ မဆိုးပါဘူးဟ!ရှောင်ဟိုင် ဒီနှစ်တွေမှာဘယ် လောက် ကြိုးကြိုးစားစား အလုပ်လုပ်နေလိုက်လဲ....။ပြီးခဲ့တဲ့၂ရက်က မျက်စိကန်းနေတဲ့ ဝက်ဝံကြီးတစ်ကောင်ကို ဖမ်းမိလာတယ် အဲ့ဒီ့ကရေ သားရေရောင်းတော့လဲ ငွေစတွေအများကြီးရှာလာနိုင်ခဲ့တာပဲ။
ပြီးတော့ ဒီနှစ် ယကောက်ပဲသီးနှံကလဲ ကောင်တယ်!ငါတို့ နောက်နှစ်ကျရင်တော့ အိမ်သစ်တစ်လုံးအရင်ဆောက်ထားရမယ်။ ကလေးတွေ နောက်နှစ်လက်ထပ်ကျတော့မှာဆိုတော့ နေဖို့အိမ်ကိုအရင်လုပ်ထားပေးရမယ်!''ရှောင်မူ ကတော့ဘသူ့ဘာသာသူ တစ်နှစ်တာလုံးအတွက်ကို အစီစဉ်ချထားပြီးသား...။ခလေးတွေကတောင် ဒီလောက်ကြိုးစားပမ်းစားနဲ့အားထုတ်နေကြတာ လူကြီးဖြစ်တဲ့သူတို့က အလိုက်သတိနဲ့ကူညီပေးရမှာပေါ့!
ရှောင်ဟိုင်တစ်ယောက်ကတော့ ဒီရက်တွေမှာ တကယ်ကို ပျားပန်းခတ်နေခဲ့တာပါ။သူ့နေနဲ့ ငယ်ချစ်ဦးလေး လင်လီအာနှင့်လက်ထပ်ရမည်ကို အတည်ပြုပြီးတာကြောင့် တကယ်ကိုကျေနပ်ပျော်ရွှင်နေလေ၏။လင်လီအာ က ထက်ထက်မြတ်မြတ်လေးနဲ့ စိတ်သဘောထားပြည့်ဝတဲ့ မိန်းကလေး ဖြစ်ပေမဲ့လဲ ရွာကလူတွေကတော့ လီအာကို ခပ်စွာစွာမိန်းကလေးဟုသာ မြင်ကြလေသည်။
ဒါပေမယ့် ရှောင်ဟိုင်ကတော့ လင်လီအာကို ငယ်ငယ်လေးထဲက ချစ်မြတ်နိုးခဲ့သူပီပီ လူအများမြင်ကြသလို သူ့ကောင်မလေးကို မမြင်ခဲ့ပါချေ။သူဟာ ဘဝတစ်လျှောက်လုံး ဒီကောင် မလေးကိုပဲ ချစ်ခဲ့သလို ဒီကောင်မလေးမှီခိုအားထားနိုင်ဖို့ ရင့်ကျက်ပြီးလူကြီး လူကောင်းဖြစ်အောင် ကြိုးစားခဲ့တာပင်။လင်ဂျာပေါင်(ကျားပေါင်)နန်းတော်ထဲ ဝင်သွားရတဲ့နေ့က လီအာ သူ့ရှေ့မှာ အချိန်အတော်ကြာအောင် ငိုနေခဲ့သည်။လီအာ အဲ့နေ့ကပြောခဲ့တာက ဂျာပေါင် နန်းတော်ထဲဝင်သွားရတာက သူမကြောင့်ပါတဲ့...!
ဂျာပေါင်(ကျားပေါင်) ယသူမထက်ငယ်လို့ တကယ်တမ်းနန်းတော်ထဲ ဝင်ရမယ့်သူက သူမပါတဲ့။ ပြီးတော့ ရှောင်ဟိုင်တို့မိသားစုနဲ့ပေးထားတဲ့ကတိလဲရှိသေးလို့ အဲ့ဒီ့ကတိကိုဖျက်ခိုက်ရမှာစိုးတာကြောင့် ဂျာပေါင်က နန်းတော်ထဲ သူဝင်မယ်ဆိုပြီးဆုံးဖြတ်ခဲ့တာတဲ့လေ....။
ရှောင်ဟိုင်ကတော့ ဒီအကြောင်းတွေတွေးမိတိုင်း လင်ဂျာပေါင်(ကျားပေါင်) ကို ကျေးဇူးအမြဲတင်နေမိတော့သည်။အခု လင်ဂျာပေါင်(ကျားပေါင်)က အိမ်ရှေ့စံမင်းသား,နား ရောက်သွားပြီဟု သတင်း ကြားရတာကြောင့် သူ,တ ကယ်ကို အံ့သြသွားခဲ့ရသည်။
လင်ဂျာပေါင်(ကျားပေါင်) နန်းတော်ထဲ အဆင်ပြေပြေနဲ့ကောင်းကောင်းမွန်မွန် နေထိုင်နိုင်ဖို့ကို သူ,တကယ်ကို ရင်ထဲမှနေ၍ လှိုက်လှိုက်လှဲလှဲဆုတောင်းပေးမိလေသည်။ဒီအခြေနေကြောင့်ပဲ လင်မိသားစုဟာ ပိုပိုပြီးတိုးတတ်ကြီးပွားလာတော့မှာကို သူ,သုံးသပ်လို့ရနေခဲ့၏။ဒါကြောင့် သူလဲ အလုပ်ကြိုးစားမှရတော့မည်ဟု တစ်ဆက်ထဲတွေးလိုက်မိလေသည်။ဒါမှသာ သူ့ရဲ့မိန်းကလေးကို ချမ်းချမ်းသာသာနဲ့ပျော်ပျော်ရွှင်ရွှင်ထားနိုင်မှာ......!
.
.
.
ကျားပေါင်သည် သူ့မိသားစုမှပေးလိုက်သော စာကိုကြည့်ပြီး အလွန်ကိုစိတ်လှုပ်ရှားနေခဲ့သည်။ သူ့ရဲ့အစ်ကိုကြီးက အိမ်မှာ ဖြစ်နေတဲ့အကြောင်းရာ အများကြီးရေးပေးထားလေသည်။နောက်နှစ်မှာ ဒုတိယအမကြီးနဲ့အစ်ကိုကြီးရှောင်ဟိုင်တို့ လက် ထပ်တော့မှာမို့ သူတို့အတွက် ကျားပေါင် ဝမ်းသာနေတော့၏။
ကျားပေါင်တစ်ယောက် စာကိုအလွတ်ရသည်အထိ ထပ်ခါ ထပ်ခါဖတ်ပြီးနောက်မှာတော့ အိမ်စာစာအုပ်တွေသိမ်းသည့် သေတ္တာငယ်လေးထဲသို့ သေချာထည့်၍သိမ်းလိုက်လေသည်။
"နောက်နှစ်ကျရင် ဒုတိယအမနဲ့ အစ်ကိုကြီးဟိုင်ဟိုင်တို့ လက်ထပ်တော့မယ်။" ကျားပေါင် က ပြုံးပြုံးလေး ပြောလိုက်၏။
"ဟိုင်ဟိုင်...?"ရွှမ်းရန်ဟန်ချန် က မျက်ခုံးပင့်၍ ရေရွတ်မိလိုက်လေသည်။
"အင်း အစ်ကိုဟိုင်ဟိုင် လေ! သူက အရမ်းတော်တာ! ငယ်ငယ်တုန်းက အစ်ကိုဟိုင်ဟိုင်ရယ်၊ဒုတိယ အမရယ်သူတို့နဲ့ တောထဲလိုက်သွားပြီး အသီးအနှံတွေသွားကောက်ရင် အရမ်း ပျော်စရာကောင်းတာ" ကျားပေါင် က သူ့ရဲ့ငယ်ဘဝအကြောင်းကို ပြောပြနေခဲ့၏။သူရယ်ဒုတိယအမရယ် အကိုဟိုင်ဟိုင် ရယ်က အသက်သိပ်မကွာကျတာကြောင့် ရွယ်တူတွေလို့ပြောလို့ရတယ်။ဒါ့အပြင် သူတို့သုံးယောက်က အတူတူကြီးပြင်းလာခဲ့တာ....။
"အစ်ကိုဟိုင်ဟိုင်လို့ မခေါ်နဲ့တော့! ဒုတိယခဲအိုလို့ ပြောင်းခေါ်ရမယ်လေ..." အစ်ကို ဟိုင်ဟိုင်ဆိုပြီး ချစ်စနိုးခေါ်နေတဲ့ အသုံးနှုန်းကို ရွှမ်းရန်ဟန်ချန်တစ်ယောက် သည်းမခံနိုင်တော့ဘဲ ကျားပေါင်အား ခပ်တည်တည်ဖြင့်အသုံးနှုန်းကိုအမှန်ပြင်ပေးလိုက်လေသည်။
"ဂျာပေါင် သိပါတယ်! အစ်ကိုဟိုင်ဟိုင်ကငယ်ငယ်ကတည်းက တချိန်ချိန်မှာ သူကဂျာပေါင်ရဲ့ ဒုတိယခဲအိုဖြစ်လာမှာလို့ ပြောထားပြီးသား...!တစ်ခါတလေကျရင် ဒုတိယအမက အကိုဟိုင်ဟိုင်ကို အရမ်းရက်စက်ပြီးအနိုင်ကျင့်တာသိလား...။ ဒါပေမဲ့ အစ်ကိုဟိုင်ဟိုင်က အမလင်အာကိုတစ်ခါမှ စိတ်မဆိုးဘူး''ကျားပေါင် က ပြုံးပြုံးလေး တွေးလိုက်ပြောလိုက်လုပ်နေ၏။
"ခလေး ရှန်ကုန်း(ယောကျာ်း)ကို အနိုင်ကျင့်ပြီးရက်စက်ရင်လဲ ရှန်ကုန်းက လုံးဝစိတ်ဆိုးမှာမဟုတ်ဘူး'' သူ့ရဲ့ခလေးက ဒီအကိုဟိုင်ဟိုင်ဆိုတဲ့ ပုဂ္ဂိုလ်အကြောင်းကို ချိုသာပြီးဆွတ်ပျံ့စွာပြောနေလေတော့ သူ့ရဲ့စားသောက်ချင်စိတ်တွေဟာလဲ တဖြည်းဖြည်းပေါ်ထွက်လို့လာနေ၏။
''အဲ့လို အနိုင်ကျင့်တာတွေကို ဂျာပေါင်မသိပါဘူး..." ဂျာပေါင်က သူ့ကိုယ်သူကျားပေါက်လေးတစ်ကောင်လို့ တွေးလိုက်ပြီးနောက် "ဝေါင်း!''
ရွှမ်းရန်ဟန်ချန် သည် ဂျာပေါင်အားအလျင်မြန်ပင် ကုတင်ပေါ် သို့ဆွဲခေါ်သွားလေတော့သည်။ထို့နောက်ကျားပေါင်ကို ထွေးပွေ့ထားလျက် မြတ်နိုးစွာနမ်းရှိုက်နေမိတော့၏။
"ခလေးလေး ...ကိုယ့်ရဲ့ ခလေးလေး....''
ဒါက သူတကယ်ကို ချစ်မြတ်နိုးရတဲ့ သူ့ရဲ့အချစ်ကလေးပါပဲ....!
⭐⭐⭐⭐⭐
Cmmလေးတောင်မရေးပေးရင် မချစ်တော့ပါ ဟွင့်
Advertisement
- In Serial16 Chapters
The Villainess's Dark Side (Completed)
When she finally understood, she was already too late. The protagonists had already fallen in love with each other and planned for a marriage. Maybe she was still lucky though, for she narrowly avoided a situation of certain death. A long, painful and agonizing death. However, she couldn’t let this be. There was inside her a growing anger that had yet to disappear. She had yet to vent. It was a need. One that may lead her to death’s door too, but if she died by this person’s hands, certainly, it would be in a quicker way. She just never thought that his revenge would come in the form he chose to give it. He was quite a… bewildering man. N/A: Smutty story with little plot. It contains reverse-rape, and maybe even rape? I hope this won’t trigger anyone! Well, you’ve been warned!
8 151 - In Serial31 Chapters
Over & Over
Luke Thomas has a regular poor life. His girlfriend has just left him and his job has come to an abrupt end. He now has about two months worth of money and nothing to live for in the poorest part of town. He's lost everything so fast he can barely bring himself to care about improving his situation. God knows if you start out poor you end poor in this city, and his end was going to be coming quickly. As quickly as the concrete was rushing towards him.
8 261 - In Serial50 Chapters
The Billionaire & I
Rewritten and completed✔Ophelia Duhamels knows what rock bottom is and vows to never hit it again after getting her life back on track. What she doesn't account for is an ex, who is now to be her boss. ************ After months of depression and self-pitying, Ophelia finally starts getting her life back on track and finds a job. But fate is seemingly not done toying with her when her new boss turns out to be an ex she hasn't seen since their messy breakup years ago. Although disgruntled by the unexpected turn of events, keeping the job is much more important than whatever residual indignation she still feels. It's a rocky reunion full of clashes and arguments and as the weeks and months go by, she starts to question a lot of things. Life is full of all kinds of surprises for Ophelia, the biggest in the form of her hotshot billionaire ex. ************Excerpt;"You deserve to rot in hell, and I hope you never find your stupid files!""Get out," his voice dropped menacingly."Glady." I glared at him and flipped him off before leaving the office and slamming the door behind me.
8 312 - In Serial49 Chapters
You're My Destiny
Have you ever thought that you would go back in time? Especially, 1000 years ago?Have you ever thought you would fall in love with a person there? Would you develop feeling for the person you hate the most? How would you feel if they reciprocate your feelings? Will you insist coming back to your own timeline?Let's see how a modern girl survives on an ancient world..‡‡‡‡‡‡‡‡‡‡‡‡‡‡‡‡‡‡‡‡‡‡‡‡‡‡‡‡‡‡‡‡Thea is a middle class girl living with a lot of hardships in her life. But she wraps every hardships with her courage and attitude. She accidentally time travels to 10th century of India. She meets a prince. An handsome, charming and very good prince. But her prince charming is in love with her sister. Will he fall for her? She hates his perverted behaviour and character. He hates her guts and attitude. What happens when ice and fire collide? Will the ice melt or fire go off? Join me in the roller coaster of love, pain, betrayal, romance and hardships!Impressive Ranking#1 in culture out of 5.49k stories [21/4/22]#3 in timetravel out of 30.8k stories [21/6/22]#2 in history out of 27.2k stories [22/6/22]
8 188 - In Serial43 Chapters
Teaching The Bad Girl To Be Good (Lesbian Story)
"Is it a turn off?" She grins while revealing her purely white teeth as she inches her face closer to mine. Oh, she's flirting and my palms are becoming sweaty. I know I can't play her game because-well I'm not into girls."I don't know, I can't really explain how the girls feel about it that you date," I shrug and she chuckles and stares down and shakes her head. What is her game?"How do you feel about it personally?" She rephrase and I squirm uncomfortably. "I-If I were a lesbian, than no! No it wouldn't be a turn off," I stammer nervously. "You sure?" She tempts."Sure what exactly?" I rephrase. I know exactly what she's asking, but it's more of a rhetorical question, I guess."That you're not into chicks whatsoever." She inches closer while biting her lip seductively. Things grow tense and I feel weird. Am I suppose to feel weird?"Positive!" I affirm quickly, maybe too quickly."How positive?" She teases as she bites her lip seductively. "98% positive." Just as that leaves my mouth, her lips crash into mine. Her lips are really yummy and soft so I fall into the kiss. My lips moving in sync with hers. She goes for the biting of my bottom lip, but I pull away quickly before things can move any further. «««««»»»»»Meet Jay Alden, a 23 year old who doesn't know how to act her age, also is as straight as a line, maybe a squiggly line. Since she met Ky Guery, the 22 year old lesbian lover of her life. Well she doesn't really know if she loves her, nor does she know if she likes her, but the simplest things Ky does makes her feel warm and giddy inside, also confused maybe insane, kinda emotional, kinda confused, oh I said confused. Yeah, well that's what liking the same sex does to you.Jay seeing that Ky has the playboy ways of her EX-boyfriend makes her not wanna love another living soul ever again.
8 159 - In Serial39 Chapters
With You |COMPLETED
|#4~ Highest Rank In Teen Fiction| UNDER MAJOR CONSTRUCTION. (I wrote this when I was younger and realized how awful it is lol)Damien Ryan Carter is the schools bad boy, he is blunt with his words and doesn't care if he picks a fight or two. He is a beautiful god and he knew that, everyone did. He was a player that had a amazing way with words and he practically owned the school. he had a way of scaring people, make them wish they never crossed paths with him. The school parted for him like a sea and he liked it like this. No one messed with him, he was to powerful. Or at least he thought he was. Meet Thea Evens, the new girl. She is blunt, sweet, and knows exactly how to push Damien's buttons. She is everything he isn't and maybe that's why the school was starting to love her. She had a way with words and her beautiful eyes captivated everyone in the room. She was precious, the schools very own angel. Thea was mean when needed and occasionally uses a strong vocabulary but her charming commercial smile would make the world melt away.when these two cross paths the whole school is talking. they were polar opposites....or at least they thought.This is the story of how a girl found her place in this world and a boy found his way home...-------⚠️ there is strong language in this book ⚠️ Book cover was made by @igoodbookShe's really amazing. Go check her out.
8 165

