《Late Regret ( COMPLETED )》Part 6
Advertisement
အချိန်ကတလိမ့်လိမ့်နဲ့ ကုန်လာလိုက်တာ Dream မှာ Trainer လုပ်ရမဲ့အချိန်ရောက်မှန်းမသိကို ရောက်လာတာ ...
^ မင်းတဂယ်ကြီး ပြောင်းမလို့လားကွာ ... ငါနေ့တိုင်းလိုက်ပို့မရ်ဆိုတာကိုကွာ ^ မငိုယုံတမယ် လက်ကြီးဆွဲပီးပြောလာတဲ့ ဟောက်ရွမ်းကိုကြည့်ပီး Yibo ရယ်ချင်လာသည်။
သူက Company နဲ့နီးတဲ့ တိုက်ခန်းကိုပြောင်းဖို့ အကုန်စီစဉ်နေပီးသားကို လာရှုပ်နေတဲ့ ဟောက်ရွမ်းရယ်ပါ ...
^ မင်းက အလုပ်တဖက်နဲ့ လေကွာ ... ^ သူအရာရာတိုင်းကို ဟောက်ရွမ်းကို အားကိုးနေရင် သူဘာမှလုပ်တတ်ကိုင်တတ်မှာမဟုတ်တော့ဘူး ...
^ ငါ့ဆိုင်လဲ မင်းဆိုင်ပဲလေကွာ ... ငါ ရှယ်ယာ တ၀က်ထည့်ထားပီးထဲက မင်းလဲ ဆိုင်ကို ပလစ်ထားတာတော်တော်ကြာပီကို ^
ဟုတ်တရ် ... Yibo တို့နှစ်ယောက်က CALM & CHILL ဆိုတဲ့ Coffee ဆိုင်သေးသေးလေး တစ်ဆိုင်ဖွင့်ထားတာ ...
Green Tea ကြိုက်တတ်ပီး အေးဆေးရှိလှနေရာမှာ စာအုပ်လေးထိုင်ဖတ်တတ်တဲ့သူတစ်ယောက်ကြောင့် Coffee ဆိုင်လေးဖွင့်ဖို့ ရည်ရွယ်ခဲ့တာ ...
စဖွင့်ဖို့ ခေါင်းဆောင်ခဲ့တာ Yibo ဆိုပေမဲ့ ရှယ်ယာထည့်ပီး နောက်ပိုင်း နေ့တိုင်းအလုပ်မပြတ်သွားတာ ဟောက်ရွမ်း ...
^ အေးလေ ... ကျောင်းမပီးခင်ထဲက မင်းပဲ ဦးစီးနေတာ အဆင်ပြေတာပဲကို ... ငါမရှိလဲ ရတာပဲ ^
^ မင်းနဲ့တူတူလုပ်ချင်လို့တောင် ငါကရှယ်ယာထည့်တာလေကွာ ^ ဆူပုတ်ပြတ်နဲ့ရစ်နေတဲ့ ဟောက်ရွမ်းကိုကြည့်ပီး ကျိရန်ကော တောင်သနားမိတရ် ...
^ ဟေ့ကောင် ... ငါမင်းကျိရန်ကောမဟုတ်ဘူး တော်ယုံရစ် ^
Wang Yibo ဒေါသက လက်တဆစ် ...
^ ငါစိတ်မချဘူး Yibo ... မင်းကိုတစ်ယောက်ထဲ လွတ်ထားဖို့ငါစိတ်မချဘူး ... မင်းသွားရင် ငါပါလိုက်မရ် ... မဟုတ်ရင် မင်းလဲအာ့မှာလုပ်မနေနဲ့ ... ^
ရုပ်တည်ကြီးနဲ့ပြောလာတဲ့ ဟောက်ရွမ်းကြောင့် အ၀တ်ထည့်နေတဲ့ Yibo လက်က ရပ်တန့်သွားသည်။
သူ့အခြေအနေက အရင်လိုမဟုတ်တော့ဘူးဆိုတာ Yibo ကိုယ်တိုင်သိတယ် ...
^ ငါအခြေအနေကို ငါသိပါတရ် ... မင်းစိတ်မပူလဲဖစ်နေပါပီ ... နောက်ပီး ငါပိတ်ရက် မင်းဆီပြန်လာနေမှာပဲကို ^
ကာယကံရှင်ဖြစ်တဲ့ Yibo ဘယ်လောက်ပဲ ပြောပြော ၃နှစ်လုံး အရုပ်ကြိုးပျက်ဖြစ်ခဲ့ရတဲ့ Yibo ကို မြင်ခဲ့ရတဲ့ ဟောက်ရွမ်းတော့ ဘယ်လိုနေနေ စိတ်မချနိုင်။
^ ငါပြောတာနားထောင်စမ်းပါ Yibo ရာ ... မင်းသွားရင် ငါလဲဒီမှာတစ်ယောက်ထဲ ... မင်းအသွားအပြန် ငါတာ၀န်ယူတရ်ဆိုနေကွာ ... ငါမအားလဲ ကော ရှိတရ် ... မင်းတို့ Company နဲ့ ကော ဆေးရုံနဲ့က နီးနီးလေးပဲ ... ဖစ်နိုင်ရင် ငါကမင်းကို သွားတောင်လုပ်စေချင်တာမဟုတ်ဘူး ... အေး ... ဘယ်သူဘယ်ဝါရှိတရ်ဆိုတာထက် မင်းတစ်ယောက်ထဲကို အပြင်မလွတ်ချင်တာ ... ^
YouTube မှာ Yibo Channel ထောင်ပီး Dance Practice တွေတင်တုန်းက ဟောက်ရွမ်းကိုယ်တိုင်အားပေးခဲ့တာ ...
Interview ခေါ်ဖို့ Mail ပို့လာထဲက ဟောက်ရွမ်းကမသွားဖို့ပြောတာ အကြိမ်ကြိမ် ...
ကျိရန်ကောရဲ့ နားချမှု့ကြောင့်သာ လက်ခံသွားတာ ... ခုထိကျေနပ်ပုံကမပေါ်သေး ... ပိုဆိုးသည်မှာက Xiao Zhan နဲ့ပတ်သတ်နေတဲ့ Company ဖစ်နေတာကြောင့် ...
^ အေး ... အေး ... မသွားတော့ဘူး အဖေရေ ... အာ့မှာ မင်းတစ်ယောက်ထဲ ထုပ်ထားတဲ့ အကျီတွေပြန်ထည့်တော့ ... ငါသွားပီ ^
ကိုယ်ကြိုက်တဲ့ ဝါသနာနဲ့ ကိုက်ညီတဲ့အလုပ်မို့ Yibo လဲလက်မလွတ်ချင် ... ဟောက်ရွမ်းကိုလဲ စိတ်ချမ်းသာစေချင်တာကြောင့် ...
အဲ့တာတောင် ဘယ်သွားမလို့လဲ ဆိုပီး လက်ကြီးဆွဲပီး မေးနေ့လို့ ... ရေသွားသောက်မလို့ဟ ဆိုပီး မီးဖိုခန်းထဲထွက်လာရသေးတရ် ...
----------------------------------------------------------------------------------
Trainer စလုပ်မဲ့ ရက်မှာ လူကဖိန်းတိန်းရှိန်းတိန်းပဲ ... ကြောက်သလိုလို ... ရှူးပေါက်ချင်သလိုလိုနဲ့ ... တက္ကသိုလ်စတတ်ရမဲ့ ဆယ်ကျော်သက်လိုပဲ ... ဘယ်လိုသူမျိုးတွေကို Train ပေးရမလဲလို့စဉ်းစားရင်းနဲ့ ကို ညက အိပ်ပျော်သွားတာ ...
ဒီနေ့တော့ ဟောက်ရွမ်းက လိုက်ပို့ပေးပီး အပြန်ကို ကျိရန်ကောက လာကြိုပေးလိမ့်မရ်တဲ့ ...
ဟောက်ရွမ်းဆိုတဲ့ကောင်က ပြောမရ ဆိုမရ ... ဆိုင်ကယ်နဲ့ သွားမရ်ဆိုလဲမဟုတ် ... တကူးတက ကျိရန်ကော ကို သက်သက်အလုပ်ရှုပ်အောင် ... ပြောလိုက်သေးတရ် ...
^ နေ့တိုင်း ငါ့ဆီလာနေတာပဲကို ... မင်းကိုကြိုပီးလာတော့လဲ ဘာပင်ပန်းတာမှတ်လို့ အတူတူပဲကို ^ ဆိုပဲ ... အေးလေ ... သူကဘယ်အားနာမလဲ ... သူ့ဘဲ ကို ...
ကျိရန်ကောကလဲ Yibo ကို ဆိုင်ကယ်မမောင်းစေချင်သေးဘူးဆိုပီး ပြောလာတော့ ... လာကြိုပေးတာ ဘာမှ မပင်ပန်းဘူးဆိုပီ ပြောလာပေမဲ့ မျက်နှာကတော့ ပူမြဲပင် ...
^ သွားပီနော် ဟောက်ရွမ်း ^
^ အေး ... တခုခုဆို ဖုန်းဆက်ဦး ... ညနေ ကောလာကြိုပေးလိမ့်မရ်... အားနာတရ်ဆိုပီး ကွကိုယ်ပြန်လာလို့ကတော့ နရင်းကြီးပဲ တီးပစ်မှာ ... ^ Company ထိကို မှာတမ်းခြွေမဆုံးနိုင်တဲ့ ဟာက်ရွမ်းကို ခေါင်းငုပ်ပြပီး
^ ဟုတ်ကဲ့ အဖေ ^ ဆိုပီး လျှာထုတ်ပီး ပြေးလာလိုက်တော့သည်။
ထုံးစံအတိုင်း ၀န်းထမ်းကတ်မရသေးတော့ အဆင့်ဆင့်ကို ကျော်ဖြတ်ပီး Boss ရုံးခန်းကို အရင်၀င်လိုက်ရသေး ...
^ နိဟောင် Yibo ... Welcome Back ပါ ^ ရုံးခန်းရောက်တာနဲ့ ၀မ်းပန်းတသာကြိုတဲ့ Boss ကစိတ်ကြည်နေတဲ့ပုံပင် ...
^ ဟုတ်ကဲ့ ... ကျွန်တော် နောက်မကျဘူးထင်ပါတရ်နော် ^ နာရီလေးကို တချက်ကြည့်ပီးဖြေလိုက်မိတော့ ...
^ နောက်မကျပါဘူးကွာ ... Right Time ပဲ... ကိုယ့်ကိုရင်းရင်းနှီးနှီး Dew လို့ခေါ်နိုင်ပါတရ် ... ^ ပြုံးပြုံးလေး ဖြေလာတဲ့ Boss ကလူတိုင်းနဲ့ ရင်းနှီးလွယ်တဲ့ပုံပင် ...
^ အလုပ်မှာဆိုတော့ ရိုသေသမှုနဲ့ပါ ... ကျွန်တော် Train ရမဲ့ ကလေးတွေက ... ^
^ ဟုတ်ပါကွာ ... ကိုယ်လိုက်ပြပေးမရ် ... အာ့မှာ ကိုယ့်ညီလဲပါတရ်ဆိုတော့ ... Yibo ကိုအပ်ပါတရ် ... သူကအဆိုးလေး ... အလိုလိုက်ထားတော့ဂျစ်တီးဂျစ်ကန်နဲ့ ^
သွားတွေပေါ်တဲ့အထိပြုံးပီး ညီအကြောင်းချီးမွမ်းနေပုံက တော်တော်ချစ်မဲ့ပုံပင် ...
Staff တစ်ယောက်ယောက်ကိုပြခိုင်းလဲရတရ်ဆိုတဲ့ အကြောင်းပြချက်နဲ့ အထွန့်တတ်မိတော့လဲ ကိုယ်လဲ တခါထဲ ညီညီ ကိုတွေ့ပီး သေချာမိတ်ဆတ်ပေးချင်လို့ဆိုပီး Boss ကိုယ်တိုင်လိုက်ပို့တာကတော့ နဲနဲ ကသိကအောက်နိုင်လေရက် ...
Advertisement
ဖြစ်နိုင်ရင် Xiao Zhan နဲ့ပတ်သတ်တဲ့ သူတွေနဲ့လဲ ဝေးဝေးနေလို့မရရင်တောင် အရမ်းမရင်းနှီးချင်ဘူး ...
လမ်းတသ်လျောက်မှာလဲ ဘယ်အခန်းကဘယ်လိုဆိုပီး ပြောပြနေတဲ့ Dew ကသဘောကောင်းမည့်ပုံပင် ...
^ ဒီအခန်းပဲ Yibo ... ကလေးတွေက မနိုးသေးဘူးနဲ့ တူတရ်ကွာ ... လက်ရှိ သူတို့ Manager ကနေမကောင်းတော့ခွင့်ယူထားတော့ ကြားထဲမှာလွတ်နေကြတာ ^
^ ကျွန်တော် ဒီနေ့ရောက်မှာ မသိကြဘူးလား Boss ^
^ ကိုယ်ပြောပြပီးသားပါ ... မနေ့က Train ကြသေးတော့ ပင်းပန်းပီး အအိပ်လွန်တရ် ထင်ပါရက် ... အဟင်း ^ ကာပြောနေတဲ့ Boss က သူ့ညီအုပ်စုကို အလိုလိုက်ထားမှန်သိပ်သိသာတယ် ...
^ သူတို့က ဒီ Company မှာပဲ အိပ်ကြတာမလား Boss ... ဖုန်းဆက်ပီး နိုးတာဖစ်ဖစ် တစ်ယောက်ယောက်ကို နိုးခိုင်းတာ ဖစ်ဖစ် လုပ်ပေးပါ ... ကျွန်တော့်အချိန်တွေလဲပေါမနေဘူး ... နောက်တစ်နာရီအတွင်း သူတို့မလာရင် ကျွန်တော့အတွက် ဒီနေ့အလုပ်ချိန်ပီးပီ လို့ယူဆလိုက်ပါ့မရ် ^ ပြောပီးတာနဲ့ ကြမ်းပြင်မှာ တင်ပလင် ခွေထိုင်လိုက်တဲ့ Yibo ကိုကြည့်ပီး Dew ပါးစပ်လေးဟပြီး ခဏကြောင်နေပီးမှ ဖုန်းဆက်ပီး ပြောလေရက် ...
Wang Yibo က တစ်ယောက်နဲ့တစ်ယောက် Respect မရှိတာအမုန်းဆုံးပဲ ... သူလာမှန်းသိရက်နဲ့ အဆင်သင့်မလုပ်ထားတာ သူ့ကိုမခန့်တာလို့ပဲ ယူဆတရ် ... အလုပ်ကို အလုပ်နဲ့တူအောင် လုပ်ချင်တာ Yibo ရဲ့ ဆန္ဒ ...
Yibo ကဒီမှာလာ Train ပေးတာ ပိုက်ဆံမက်လွန်းလွန်းတော့မဟုတ်ဘူး... အတွေ့အကြုံရချင်လို့ရယ်... ပညာခြင်းဖလှယ်ချင်လို့ရယ် ... ဖုန်းကို တစ်နာရီ Alarm ပေးပီးမျက်စိစုံမှတ်ပီး ထိုင်စောင့်နေလိုက်တယ် ...
မျက်နှာကြီးနီပီး ထိုင်ရက်နဲ့ မျက်လုံးမှိတ်ထားတဲ့ Yibo ကဒေါသကို ထိန်းနေဟန် ... ညီညီတို့ Group ကလဲ အရင် Trainer တွေတုန်းကအတိုင်းပညာပြဦးမရ် ထင်ပါ့ရက် ...
အကုန်လုံးလဲ လန့်ဖြတ်ပီး ထွက်ပြေးသွားပေမဲ့ ဒီသေးသေးလေးတော့ ပါမယ်မထင်ဘူး ...
တဆိတ် ကောင်လေးက ဒေါသထွက်ရင်ပိုလှတရ် ... ပါးဖောင်းဖောင်းလေး နီရဲတတ်သွားတာများ ပိုရဲသွားအောင် ကိုက်ချင်စရာလေး ...
မျက်စိမှတ်ထာတော့ အနီးကပ်လေးကြည့်မိတော့ မျက်တောင်မွေးလေးတွေပြန့်ကျဲ နေပီ ဖြူလွန်းတဲ့အသားအရည်ကြောင် သွေးစိမ်းကြောလေးတွေက ယှက်နွယ်လေရက် ...
ခပ်စူစူဖစ်ချင်နေတဲ့ နှုတ်ခမ်းလေးနဲ့ လူကြီးဟန်ဆောင်ထားတဲ့ ကလေးလေးလို့ပဲ Dew ကမြင်မိနေတော့လဲ အခက်သား ...
မျက်လုံးမှတ်ပီး နေနေတဲ့ Yibo ကို မျက်တောင်မခတ်ပဲ ကြည့်နေတဲ့ Yinn Dew လဲရှိနေလေရက် ...
ခဏအကြာမှာ Phone Alarm နဲ့ တံခါးဖွင့်သံနဲ့က စီးချက်ကိုက်ထားသည့်အလား...
^ Hay Bro ... I'm here ... ဒီတခါလဲ Landon မှာတုန်းက Trainပေးတဲ့ Trainer မခေါ်ပေးရင် အလားတူဖြစ်ရပ်မျိုးပဲနော် ကိုကြီး ^
တခေါင်းလုံး ခဲရောင်ဆိုးထားတဲ့ကောင်လေးက Boss လက်မောင်းကို လက်သီးနဲ့ဖွဖွထိုးပီး စကားစလာခဲ့တရ် ...
Wang Yibo ထိုင်ရာမှ ထလိုက်ပီး သူတို့နှစ်ယောက်ရှိတဲ့ဆီလာတော့ ဘေးကခြေထိုးခံလိုက်တဲ့ ခြေထောက်တစ်ဖက်ကြောင့် ပတ်လတ်ပြန်လှဲသွားပြန်တယ် ...
သူ့မေ့သွားတာ ... ဘေးမှာ လူရှိပေမဲ့ စကားပြောတဲ့သူနှစ်ယောက်ဆီ အာရုံရောက်မိလို့ ... ဦးဆုံးနေ့မှာ အရှက်ခွဲခံလိုက်ရတာ မျက်နှာကို ရေနွေးနဲ့ပက်လိုက်သလိုပင် ...
^ Calm Down Bro တို့ ... ငါ့တို့ ဆရာအသေးလေး နာသွားပါဦးမရ် ကျွတ် ကျွတ် ... ရရဲ့လား ^
ဆွဲထိုးပစ်ချင်လောက်ထိ ဒေါသထွက်သွားပေမဲ့ ထိန်းလိုက်ပါသေးတယ် ... Wang yibo ကသွေးဆူလွယ်တယ် ... သူစိတ်ရှည်တာကလဲ တလောကလုံးမှာ နှစ်ယောက်ပဲရှိတရ် ... နောက်ပီး အလုပ်၀င်တဲ့နေ့နဲ့ ထွက်တဲ့ရက် အတူတူမဖြစ်ချင်သေးဘူး ... ပီးတော့ အာ့စောက်ကလေးတွေကို ပညာမပြသေးပဲ သူအလုပ်မထွက်နိုင်ဘူး ...
^ ညီညီ ... မင်းတို့က ... လုပ်လိုက်ရင် ^ Boss ကတချက်ဟန့်ပီး လာထူပေမဲ့ Yibo ကိုယ့်အားကိုယ်သုံးပီးပဲ ထလာလိုက်သည်။
ကျတဲ့အရှိန်ကမပြင်းပေမဲ့ နုလွန်းတဲ့ Yiboအသားအရည်ကြောင့် လက်ကပွန်းပီး သွေးထွက်သွားတယ် ...
သွေးမြင်တော့ Dew ကပျာသွားပီး အားလုံးတောင်းပန်လိုက်ဆိုပီး ဒေါသသံနဲ့ ပြောလဲ Dew ညီဆိုတဲ့ သူက ပခုံးတချက်တွန့်ပြန်တယ် ...
တခြားသုံးယောက်ကို ကြည့်လိုက်တော့လဲ Dew ညီကိုကြည့်ပီး ခေါင်းညိမ့်ပြလိုက်တော့ ဘယ်သူ့အားကိုးနဲ့ဆိုးနေတာလဲ ဆိုတာ အလိုလိုသိလာတရ် ... ငါနဲ့တွေ့ကြသေးတာပေါ့ ...
^ ရတရ် Boss ... ဒီလောက်နဲ့ မသေပါဘူး ... Boss လဲ ကိစ္စရှိရင် ပြန်လို့ရပါပီ ... ဒီအထိလိုက်ပို့ပေးတာကျေးဇူးပါ ^
^ ကိုယ် မိတ်ဆတ်ပေးပါရစေ ... ဒါက ကိုယ့်ညီ Yinn Dream ...ဟိုဘက်က ညီညီ သူငယ်ချင်းတွေပဲ ... Lucas Alex Ethan တဲ့ ... စောနက ဖြစ်ရပ်အတွက်ကိုယ်တောင်းပန်ပါတယ် ... ကလေးတွေက ငယ်သေးတော့ နဲနဲဆိုးချင်တရ် ^
^ အဟင်း ... ကျွန်တော်သာ Boss ညီနဲ့သူငယ်ချင်း လို့မိတ်မဆတ်ပေးရင် လူရမ်းကားတွေလို့ ထင်မိမှာအမှန်ပဲ ... ^ Boss ကညီကို ထိတော့ မျက်နှာအနည်ငယ်ပျက်ချင်တယ် ...
ဒါပေမဲ့လဲ Wang Yibo ကတောင်းပန်ဖို့အစီအစဉ်မရှိနေ ...
ခင်ဗျာဆိုပီး Yinn Dream ရဲ့ အသံမာမာက ထွက်လာပေမဲ့ Yibo ကအဖတ်မလုပ် ...
^ Boss ကျွန်တော်ကို ဘာများပြောစရာကျန်သေးလဲမသိဘူး ... ^ ရုပ်တည်နဲ့ ရပ်နေတဲ့ Boss ကိုမေးမြန်းယူရတရ် ... သူ့ညီကိုပြောလို့ သွေးတတ်သွားတရ်ထင်လို့ ...
^ အာ ... 11:30 နာရီ မှာ အစည်းအဝေးလေးရှိတရ် Yibo ... ကိုယ်က Company ကို လူသစ်တွေရောက်တိုင်း ၀င်၀င်ချင်းနေမှာ Staff Card ပေးပီး အားလုံးနဲ့မိတ်ဆတ်ပေးလေ့ရှိတရ် ... သိပ်တော့မကြာဘူး ... ပီးတာနဲ့ Lunch Break ပဲ ^
နာရီကို ကြည့်လိုက်မိတော့ 10:45 ...
^ဒါဆို မလိုတော့ဘူးပဲ ... ကျွန်တော် Boss နဲ့ တခါထဲ လိုက်ခဲ့ပါ့မရ် ... ဪ ... ဒါနဲ့ ညီတို့လဲ အစ်ကို Channel ကိုကြည့်ပီး လေ့ကျင့်ထားလို့ရတရ်နော် ...ဒါမှမဟုတ် အစ်ကို စောနကထိုင်နေသလို ထိုင်နေလဲရတရ်နော် ... As u wish bros ... ဒါဆို Break Time ပီးမှ တွေ့ကြတာပေါ့ ... Bye ... ^ တမင် လက်ပြပီးတော့ကို ထွက်လာလိုက်တာ ...
Advertisement
အံဩသွားတဲ့ သုံးယောက်မျက်နှာနဲ့ အံကြိတ်ထားတဲ့ Boss ညီမျက်နှာက ကြည့်လို့ကောင်းလိုက်တာ ... ပီးမှ Boss ကိုသတိရလို့ နောက်ပြန်လှည့်ကြည့်ရသေး ...
^ Sry Boss ... ^
^ Yibo လဲ အဆိုးလေးပဲ ... မထင်ရဘူး ... ^ ခေါင်းတစ်ချက်ပုတ်ပီး ပြုံးပြုံးနဲ့ပြောသွားတဲ့ Boss ကိုကြည့်ပီး အသံတစ်ခုကြားယောင်မိတရ် ...
" " ခေါင်းအသာရမ်းပီး အတွေးထဲကထုတ်ပစ်ရတရ် ... အတွေးများလာရင် Yibo အတွက်ကောင်းကျိုးတွေ ဖစ်လာမှမဟုတ်ပေ။
Boss လဲ အစည်းအဝေးါခန်းလိုက်ပြပီးတာနဲ့ သူ့အခန်းဆီပြန်သွားလေတော့တယ် ...
အစည်းအဝေးစဖို့ 45 mins လောက်ကို Yibo က Lunch စားရင်း ကုန်ဆုံးတရ် .. ဒေါသထွက်လိုက်ရတော့ Energy ကကုန်ဆုံးတရ်လေ ...
11:25 ဆိုတာနဲ့ Yibo ကအစည်းအဝေးအခန်းဆိုတာကြီးကို ၀င်ရောက်ပီး ဦးအောင် အားလုံးကိုစောင့်နေလိုက်သည်။
11:30 လူစုံပီဆိုတာနဲ့ Boss က Yibo အားလုံးကို မိတ်ဆတ်ပေးပီး Yibo Train မဲ့ Team ကို လအနည်းငယ်ကြာရင် Debut လုပ်မဲ့အကြောင်းဆွေးနွေးနေပြန်တယ် ...
တံခါးဖွင့်သံကြားလို့ လှည့်ကြည့်မိလိုက်တော့ ...
^ အားလုံး Sorry ပါ ... ကားနဲနဲပိတ်သွားလို့ နောက်ကျသွားတာ ^ ဆိုပီး Yibo ဘေးခုံအလွတ်မှာ ၀င်ထိုင်တရ် ...အသံချိုချိုကို လှည့်မကြည့်လဲ မှတ်မိနေတော့လဲ အခက်သား ...
3နှစ်လောက်ဝေးကွာနေရတဲ့ ဒီလူရဲ့ အငွေ့အသက်က ပြောင်းလဲခြင်းမရှိ ... စစတွေ့ချင်းတုန်းက အကွာအဝေးတစ်ခု ရှိပေမဲ့ ခုက ရေမွေးနံသင်းသင်းပါရနေပီး အသားချင်းကပ်မတတ် ...
အစွန်မှာ ထိုင်နေတဲ့ Yibo အဖြစ်က ဘေးကိုရွေ့ပါများလို့ Boss နေရာထိတောင် ရောက်တော့မဲ့အနေအထားမို့ ကိုယ်ကို ကျုံနိုင်သလောက်ကျုံ့ပီးထိုင်လိုက်တော့တယ် ...
Boss ရဲ့ မိတ်ဆတ်သံကြားပီနောက်မှာ ရင်တွေတုန်လာပီး လက်ဖျားခြေဖျားတွေပါ အေးစက်လာတော့တယ် ...
^ အားလုံးကို မိတ်ဆတ်ပေးပါရစေ ... သူက Xiao Zhan ... Sean လို့လဲခေါ်လို့ရပါတရ် ... ခု Debut မဲ့ Group ရဲ့ Designer ပါ ... နောက်ပီး ကျွန်တော့ Share holder တစ်ယောက်ဆိုလဲ မမှားပါဘူး ^ ပြုံးပြုံးလေးပြောသွားတဲ့ Boss စကားအပီးမှာ ...
^ အားလုံး တွေ့ရတာ၀မ်းသားပါတရ် ^ ဘေးကို ဆတ်ခနဲမော့ကြည့်မိလိုက်တော့ စစတွေ့တုန်းကလို ငြိုးငယ်မနေပဲ အပြုံးတွေဖောဖောသီသီသုံးနေလေရက် ... ပီးတော့ Yibo ကိုငုတိကြည့်ပီး ပြုံးပြလေပြန်တယ် ...
ခင်ဗျားက လပိုင်းအတွင်းမှာ အရောင်တွေသိပ်ပြောင်းတတ်တာပဲ ...
ဒီလူက Yibo Train ပေးမဲ့ Group ရဲ့ Designer တဲ့ ...
Idol နှစ်ယောက်အပေါ် စကားအသုံးအနှုန်း အဆင်မပြေတာများရှိရင် အားမနာတမ်းလာပြောလို့ရပါတရ်ရှင့် ...
ပုံတွေအားလုံး Credit ပေးပါတရ်ရှင့် ...
#Violet
----------------------------------------------------------------------------------
Advertisement
- In Serial9 Chapters
I Want To Become The Emperor, So I Need A Divorce
Born as an imperial princess, Arnoah was forced to marry a pathetic king from a small neighboring kingdom. Her older brother is the emperor, so what is she supposed to do?
8 231 - In Serial87 Chapters
Reincarnated Renegade
The son of a Duke woke up with amnesia. It's the truth. Was it the whole truth? Not necessarily. The whole truth was that the Duke's son's memories were replaced. By Bellavarn. Bellavarn didn't think he deserved a second life if that was what this was. He died young, sure. But he was the one who ended it in the first place. Did he want this life? It wasn't his, wasn't deserved, and unasked for. Take one of the thousands who beg uncaring gods instead, not him. He wanted oblivion. Examining his new surroundings, the plush pillows, expensive draperies, and the nervous maid, he assumed the worst. Who was he in this world? Time to find out. So... "Close the doors." "Lord?" "Do it." *This Novel contains dark themes not suitable for all readers. This is an original novel. Any similarities to existing characters, locations, or otherwise is purely coincidental. (Cover art is my original drawing.)
8 94 - In Serial58 Chapters
Finally
(Thank you to all who have taken a chance and read Finally. However, I wrote this book years ago and there are many, many errors. Editing will hopefully happen soon and make improvements to the story.)Lisa Grey's life has never been easy with an abusive, alcoholic father, and bullied by classmates with friends. Her life has been very hollow and lifeless but it's all about to change when she meets Aiden Knight. A man you who has everything at his fingertips from money to women to his father's company. But their lives are about to entwine, never being able to go back to normal. A story about love, forgiveness, and revenge.
8 265 - In Serial34 Chapters
Marriage For His Revenge
He entered in her lifeShe thought it was love But her wrenched when he showed her who he really was ! Not a sweet innocent boy but a Devil !A Devil who fooled her for His Revenge! lets see what he wanna do?Dark story *read only if you are comfortable *
8 151 - In Serial6 Chapters
No Matter What (Toshiro Hitsugaya X Reader)
"You dont believe me Hitsugaya-kun?" I cry as I hang onto the cold, steel bars of my priaon cell. My head bowed and pressed against the bars, tears spilling from my (e/c) eyes."And I thought I could trust you (Y/N). I guess people really can change from being kind to being evil in seconds." He stated and quickly turned away, walking from my cell back to his office. This is what I get for being kind to everyone. I guess I understand why Hitsugaya-kun is so cold hearted. I guess I should become cold hearted like him
8 74 - In Serial49 Chapters
Rowan: Queen of Chav's
Your teen years can be hell on earth, just ask Rowan Addams, she'll tell ya all about it...Starts in September 2013
8 221

