《Late Regret ( COMPLETED )》Part 8
Advertisement
Campany က ကားနဲ့ သွားမရ်ဆိုပီးသွားနေတဲ့ Yibo ကို
^ ဘာ Company ကားမှမလိုဘူး ... ဟေ့ကောင်တွေ ငါ့ကားနဲ့သွားမရ် ^
ကားပါကင်ကို ဆောင့်ကြွားဆောင့်ကြွားတဲ့ သွားတဲ့ Dream ကို Yibo မမြင်မှန်းသိပေမဲ့ မျက်ဇောင်းထိုးလိုက်မိသည်။
မလှမ်းမကန်းမှာ သွားနေတဲ့ Lucas အနားကို ကပ်ပီး...
^ Lucas , Boss ကိုအပြင်သွားမှာကို ခွင့်တောင်းပီးပီလား ... ဒါနဲ့ မင်းတို့အပိုးကျိုးလှချည်လား ^
^ ကျွန်တော့်တို့ပြောပီးပါပီ ... ဆူလဲဆူခံထိပီးပါပီ ^
ဆူပုတ်ပုတ်နဲ့ပြောလာတဲ့ကောင်လေး က ချစ်ဖို့ကောင်းတာတော့အမှန် ...
Lucas က အဖွဲထဲမှာ အရပ်အပုဆုံးဆုံးပြောရအောင်လဲ Yibo ထပ်နဲ့နဲ့မြင့်တဲ့ အရပ်ကိုပိုင်ဆိုင်ထားသေး ...
ခရမ်းဆိုးထားတဲ့ဆံသားတွေကြောင့် ဖြူနေတဲ့အသားကို ပိုဖြူအောင်ပံပိုး ပေးနေသလို ... ရယ်လိုက်ရင် သွားတတ်လေးပေါ်ပေါ်လာတာ သူ့ဆွဲဆောင်မှု့တစ်ခုနဲ့ တူပါရက် ...
ငယ်ငယ်ထဲက တူတူကြီးပြင်းလာတဲ့ ဟောက်ရွမ်းနဲ့ဆို အမြဲအငယ်လို ဆက်ဆံခံရတဲ့ Yibo အတွက် သူTrain ရမဲ့ကလေးတွေက သူ့ညီလေးတွေလိုပဲ ...
^ ကောကို ပြောပါဦး ... ဆူခံရတဲ့ အကြောင်းလေး ^ ပခုံးတစ်ဖက်ကို ဖက်ပီး ရင်းရင်းနှီးနှီး ပြောလိုက်တာကြောင့် ကောင်လေးက အံဩသွားသယောင် ...
^ ကိုကြီးက မုန့်ဖိုးဖြတ်မရ်တဲ့ ... ^ အသံပျောလေးနဲ့ပြောလာတဲ့ပုံအရ မုန့်ဖိုးဖြတ်မှာတော့ တစ်ဖွဲလုံးက ကြောက်တဲ့ပုံ ... ဟိုကောင်လေးကလွဲရင်ပေါ့ ...
^ ဟင် ... မင်းတို့ကိုပါ Boss ကမုန့်ဖိုးပေးတာလား ^
^ မဟုတ်ဘူး ... ကျွန်တော်တို့ မာမီတွေက Landon မှာ ... မုန့်ဖိုးကိုလဲ Boss ကတဆင့်ပဲပေးရတာ ^ နှုတ်ခမ်းဆူလာပီး ပြောလာတော့ ...
^ ကော ပြန်ပြောပေးပါ့မရ် ... မင်းတို့စိတ်ရင်းအမှန်နဲ့ ဆက်ဆံတာပဲ လိုချင်တရ် ... တွေ့ရမဲ့ ၅နှစ်တာကလ မှာ ကောလဲ မင်းတို့ကိုစိတ်ရင်းအမှန်နဲ့ပဲ ပြောဆိုမှာ ^
Yibo က ငါးနှစ်စာချုပ်နဲ့ Bond ထိုးထားတာဆိုတော့ ကလေးတွေနဲ့လဲ ရင်းရင်းနှီးနှီးနဲ့ အဆင်ပြေပြေပဲ ရှေ့ဆက်ချင်တယ် ...
^ ဟုတ်ကဲ့ ... နောက်ပီး ကျေးဇူးတင်ပါတရ် ကော ...^
ကော ဆိုပီး နောက်ဆုံးမှာ တိုးတိုးလေးထွက်သွားတဲ့ အသံကြောင့် Yibo အသံထွက်အောင်ရယ်ပီး ဆံပင်ကိုဖွလိုက်မိသည်။
ကလေးတွေက ကလေးပါပဲ ... ချိုချိုသာသာလေးပြောလိုက်တော့လဲ နား၀င်သား ... တချို့ကလေးဆိုးတွေကလွဲရင်ပေါ့ ... ခုလဲ အာ့ကလေးဆိုးကြီးက အော်ခေါ်လို့ Yibo တို့မှာ သုတ်ခြေတင်ရသေး ...
^ ဘာတွေကြာနေတာလဲ ... အချိန်တွေကပေါမနေဘူး ^
ဟုတ်တရ် ... သူတစ်ယောက်ပဲ အချိန်တွေက တန်းဖို့ရှိနေတာဆိုတော့ ... ဒါပေမဲ့လဲ ပြိုင်မငြင်းတော့ပါဘူးလေ ... သိတယ်မလား ... ဒီအချိန်မှာ Yibo က အစ်ကိုကြီး အဖရာ ပဲ ...
အဟွန်း ... ကိုယ့်အတွေးနဲ့ ကိုသဘောကျပီး နောက်တံခါးဖွင့်ပီး ထိုင်မရ်အလုပ် ... သုံးယောက်သားက ပူးတွဲထိုင်နေတာတွေ့တော့ ...
^ မင်းတို့က ဘာလိုဖစ်ပီး ပူးကပ်ထိုင်နေတာတုန်း ... ရှေ့တစ်ယောက်သွားထိုင်လေ ... ^
Yibo က သူ့တို့ထက်စာရင် အကောင်သေးတဲ့ထဲပါတာမို့ ...
စေတနာနဲ့ အရှေ့မှာ ခန္ဓာကိုယ်ထွားတဲ့ တစ်ယောက်ထိုင်ရင် ပိုအဆင်မပြေဘူးလား ...
^ ကျွန်တော်တို့လဲ အရှေ့မှာ ထိုင်လို့မရဘူး ကော ... ^
^ ဟင် ... ဘာလို့ ... ^
^ ကျွန်တော်ချစ်သူကလွဲပီး ရှေ့ခုံမှာ ဘယ်ကောင်မှမထိုင်ရဘူး ^
ခပ်မာမာထွက်လာတဲ့ Dream အသံကြောင့် Yibo ပြုံးမိတယ် ...
" " စူပုတ်ပုတ်နဲ့ ပြောလာတဲ့ စကားကို အစ်ကိုတဖြစ်လဲ Xiao Zhan က ဆုပ်ကိုင်ထားတဲ့ လက်တစ်ဖက်ကို ညစ်ပီး " " ဆိုပီးအဖြေပေးလာပြန်တယ် ... အင်း ... အတိတ်အကြောင်း အများစုက Xiao Zhan နဲ့စပီး Xiao Zhan နဲ့ပဲ ဆုံးတဲ့ အမှတ်တရအများစုသာ နေရာယူထားပြန်တယ် ...
အေးလေ ... Yibo ကိုယ်ချင်းစာပါတယ် ... ဘယ်သူမဆို ကိုယ့်ချစ်သူကိုပဲ ကိုယ့်ဘေးမှာ ထိုင်စေချင်မှာပေါ့ ... မဆိုးပါဘူး ... Dream ကအသက်ငယ်ပေမဲ့ မတော်ရသေးတဲ့ ချစ်သူတောင် ဦးစားပေးတတ်နေပြန်ရော ... ညီမသာ ရှိရင် အော်သွယ်ပေးမှာလို့လဲ တွေးမိလိုက်ပြန်တယ် ...
^ ကောင်းပီ ... လိပ်စာ ကော ကိုပြော Taxi နဲ့လိုက်ခဲ့မရ် ... ^
ပြောရဆိုရ အဆင်ပြေတာ လေးယောက်ထဲမှာက Lucas တစ်ယောက်ထဲမို့ သူ့ကိုပဲမေးလိုက်မိတော့လဲ ...
^ ကျုပ်တစ်ယောက်ထဲ လိပ်စာသိတာ ... ^
ဘောက်ဆတ်ဆတ်ထွက်လာတဲ့ Dream အသံက ဘာကိုအလိုမကျမှန်းမသိ ...
^ Okay ... ဒါဆို မင်း ပဲ လိပ်စာပြောပြ ^
^ Sry ပဲ ... စိတ်ပြောင်းသွားပီ ... Taxi ငှားပီး ကျုပ်ကားနောက်သာလိုက်ခဲ့ ^
ဒီသောက်ကလေးက အမျိုးမျိုးပဲ ... Yibo မှာ Taxi အသည်းအသန်ငှားပီး မျက်ခြေမပျက်အောင် လိုက်ရတရ် ...
----------------------------------------------------------------------------------
မြို့စွန်းနား မရောက်တရောက်မှာ ကားရပ်သွားတော့ Yibo လဲဆင်းပီး ဘေးဘီကို အကဲခတ်လိုက်မိသည်။
နေ့ခင်းကြောင်တောင် နေပူထဲမှာတော့ Battle မဆိုင်လောက်ဘူးမလား ...
ကွင်းပြင်ကြီးလို့ အလွတ်ထဲဘာလို့ ပွဲစီစဉ်ရမှာလဲလို့တွေးနေတုန်း သောက်ကလေးက ကားမောင်းပီး ပြန်ထွက်သွားတော့ တပတ်ရိုက်ခံရပီဆိုတာ အလိုလိုသိလာတော့ ဒေါသတွေက ထိန်းမနိုင်သိမ်းမရ ...
^ တောက် ... ဒီသောက်ကလေးတွေက လုပ်သွားပြန်ပီ ... ^
ကျိန်းဝါးလိုက်ပေမဲ့ မနူးမနပ်အရွယ်တွေ ကွက်ကျော်ရိုက်တာခံရတာမို့ ကိုယ့်ကိုကိုယ့် ဒေါသထွက်တာက ပိုသည်။
Advertisement
နေပူကျဲတဲထဲမှာ စိတ်ကိုပြန်တည်ငြိမ်ထားရတာလဲ လွယ်ကူမနေ ... အနီးနားမှာလဲ ဖြတ်သွားဖြတ်လာ ကားတောင်မတွေ့ရဘူး ...
အာ ... Business Card ... ညဏ်ကောင်းတဲ့ ကွကိုယ်တောင် ချီးကျူးချင်သွားပီ ...
Boss Business Card က ခုထိ wallet ထဲမှာရှိနေတုန်းမို့ Card ကို အလုပ်အကြောင်းရှင်းပြထဲက ပေးသွားတဲ့ Boss PA ကိုတောင် ထိုင်ကန်တော့ချင်မိသွားသည်။
^ Hello Boss ... ကျွန်တော် Yibo ပါ ... ကလေးတွေနဲ့ အပြင်သွားရင်း လူစုကွဲသွားလို့ ကျွန်တော့ကိုဖုန်းနံပါတ်လေး ပေးပါလား ^
^ ရတရ် Boss ... ရတရ် ... Lucas ph no ရရင် Okay ပါတယ် ^
တစ်ဖွဲလုံးမှာ ကိုယ့်ကိုအဖတ်လုပ်ပီး ပြန်ပြောတာ Lucas ပဲရှိတရ် မဟုတ်လား ... ဖုန်းခေါ်လိုက်ပြန်ရင်လဲ ဟိုကလေးတွေက ဖုန်းချခိုင်းဦးမှာမို့ Msg ပဲပို့လိုက်တော့သည်။
တော်သေးတာက Boss က မေးခွန်းတွေ ပြန်မထုတ်ခဲ့တာပဲ ... သူ့လူတွေအကြောင်းသူသိလို့နေမှာပေါ့ ...
Ph ကိုဖွင့်ပီး မြန်မြန်ဆန်ဆန်ပဲ Lucas ကို Msg ပို့လိုက်တော့
5 mins လောက်နေမှာ ဒေါင်ခနဲ ကြားလိုက်ရတဲ့ ဖုန်းသံကြောင့် ...
^ ကျွန်တော့်တို့ ____ မှာ ... မြန်မြန်လာနော် ကော ... ပွဲကစနေပီရယ် ... ^ Msg ပို့တာကျေးဇူးတင်ပေမဲ့ မင်းပထွေးလေးသာ အကျင်မယုတ်ခဲ့ရင် ငါလဲပွဲမလွတ်ဘူးလို့ သာ အော်ပြောပစ်ချင်တော့သည်။
ကားငှားဖို့ လာရာလမ်းပြန်လည့်ထွက်တော့ ပြောင်းဖူးတွေ သယ်လာတဲ့ ကုန်တင်ကားကြီးနဲ့တွေ့လို့ တာပီး အကျိုးအကြောင်းပြောပြလိုက်တော့ လမ်းကသင့်နေလို့တော်သေး ...
နာရီ၀က်လောက်အကြာမှ ပွဲရှိတဲ့နေရာကို တန်းတန်းမတ်မတ် ရောက်လာတော့သည်။
တကယ့်ပွဲလုပ်တဲ့နေရာက Skate ကွင်းထဲမှာ ... အလယ်မှာဦးလေးကြီးနှစ်ယောက်နဲ့ ကောင်မလေးတစ်ယောက်နဲ့ ကောင်လေးတစ်ယောက် က ခုံနဲ့ထိုင်နေပီး သူတို့ပတ်ပတ်လည်မှာလဲ လူတွေဝိုင်းထားသည်။
လူ လေးယောက်ရဲ့ အရှေ့မှာတော့ Battle ၀င်နေတဲ့ကောင်လေးတွေကိုတွေ့လိုက်ရတယ် ... နေပါဦး ... Free Show မဟုတ်ဘူးလား ...
Judge တွေဘာတွေနဲ့ဆိုတော့ ၀င့်ခွင့်ကတ်တွေဘာတွေ ရော လိုသေးတာလား ... Yibo လက်တွေက ခပ်မြန်မြန်ပဲ ကော ရောက်နေပီ ဆိုပီး msg ပို့လိုက်တော့သည်။ အမှန်ဆို Yibo ကဒီလို ပွဲတွေနဲ့ မစိမ်း ...
Freestyle Dance ကိုသူ့အရမ်းသဘောကျတာ ... စိတ်ထဲရှိသမျှကို ကိုယ်ပုံဖော်ချင်သလို ဖန်တီးလို့ရတရ် ... Cover Dance တွေကြတော့ original dancer တွေကို repect ထားတဲ့အနေနဲ့ သူ့ထပ်ပီးဖန်းတီးလို့မရပေ ... သူတစ်ယောက်ထဲသွားကြည့်တဲ့အခေါက်ရှိသလို ... ဟောက်ရွမ်း နဲ့ သွားကြည့်တဲ့အခေါက်တွေလဲ မနည်းပေ။
ပွဲလုပ်တဲ့ တစ်နေရာနဲ့ တစ်နေရာမတူသလို စည်းမျဉ်းစည်းကမ်းတွေလဲတူမှာမဟုတ် ...
တစ်ချို့နေရာတွေကျတော့ နာမည်ကို Box တစ်ခုထဲထည့်ထားပီး မဲနိုက်ပီးခေါ်ကြတာ ...
တချို့တွေကြတော့ ကိုယ်ပြိုင်ချင်တဲ့ လူကို ကိုယ်တိုင်လက်ညိုးထိုးပီး ရွေးတာ ...
Yibo ကိုယ်တိုင်လဲ ၀င်ကတဲ့ အခေါက်တွေရှိသလို ပွဲကြည့်ပီးလဲ ပြန်တဲ့ အခေါက်တွေလဲရှိသည်။ သူအပြင်က ကြည့်ရသလောက်တော့ လက်ညိုးထိုးပီး ရွေးတာနဲ့တူတယ် ...
ပြိုင်ပွဲကို အကဲခတ်နေတုန်း ခရမ်းရောင်ဆံပင်နဲ့ ခပ်လှမ်းလှမ်းက လက်ပြတဲ့ Lucas ကိုတွေ့လိုက်တော့ သူကပဲ လက်ပြန်ပြပီး ခေါ်လိုက်ရတရ် ...
အစောင့်တစ်ယောက်က ဘယ်ချောင်ထဲက ထွက်လာမှန်းမသိဘဲ Lucas ကိုမေးနေတယ် ... သူထင်တော့ထင်တယ် ... Free Show မဟုတ်လောက်ဘူးဆိုပီး ...
Program အနေနဲ့ ရိုက်ကူးရေးမလုပ်ရင်တောင် Judge တွေဘာတွေနဲ့ဆိုတော့ ပေါ့သေးသေးတော့ဟုတ်မရ် မထင်။
အနားကို ချွေးသံတရွဲရွဲနဲ့ရောက်လာတော့ ...
^ ငါ၀င်လို့ရပါ့မလား Lucas ^
^ ရတရ်ကော..ကျွန်တော့အစောင့်ကို နဲနဲလေးပေးလိုက်တရ် ^
လက်ညိုးနဲ့ လက်မကိုဝိုင်းပီးပြောလာတော့ ...
^ မင်းတို့ပဲ မုန်းဖိုးအဖြတ်ခံထားရတရ်ဆို ^
^ အထင်းမသေးစမ်းပါနဲ့ ကောရယ် ... လာ ... သွားကြည့်ရအောင် ^ ဆိုပီး လက်ကြီးဆွဲပီး ခေါ်လာတဲ့ ကောင်လေးက ကိုယ့်ကိုခင်မင်သွာတဲ့ပုံရတရ် ...
Dream တို့ရှိတဲ့ဘက်ထိ ဆွဲခေါ်လာတော့ Yibo ကိုဘုကြည့်ကြည့်လေတယ် ... ဂရုမထားတော့ပဲ Dance Battle ကိုသာ အာရုံစိုက်လိုက်တော့သည်။ သိပ်မကြာလိုက် ...
သံစဉ်တွေနဲ့အတူ တဖြည်းဖြည်း Yibo ပါမြူးကြွလာတော့ ပွဲထဲကို ဇာန် ၀င်လာတော့သည်။
လာကတဲ့ သူတွေကလဲလူတန်းစားစုံသလို အကပညာလဲ စုံသည်။
Underground Battleမှာ လာပြိုင်တရ် ဆိုပီး အထင်သေးလို့ရမဲ့ သူတွေမဟုတ် ... သူ့အရည်အချင်းနဲ့ သူမို့ ပွဲကမြိုင်နေတော့သည်။
သူအာရုံပြုမိတာ ကိုရီးယာကောင်လေး တစ်ယောက် ... တစ်ယောက်ပီး တစ်ယောက်ဖြုတ်လာလိုက်တာ ဆိုတာ ... Judge တွေလဲတော်တော်သဘောကျနေပုံပင် ...
Next ဆိုပီး အသံအဆုံးမှာ လက်ညိုးထိုးလာတာက Dream ကို ...
Dream က သူ့အဖွဲနဲ့ Yibo ကိုတချက်ကြည့်ပီး သွားတော့သည်။
ဒီပွဲက အနိုင်အရှုံးဆိုတာထက် ပညာချင်းမလှယ်တဲ့ပွဲလို့ပဲ Yibo မြင်သည်။
Dream ဆိုတဲ့ကောင်လေးကလဲ ခေသူမဟုတ် ... တဖက်က ထေ့လာရင် သူကပါအလိုက်သင့်ပြန်ချေပပီး ကနေတာမျိုးမို့ ပွဲက ဘယ်သူနိုင်မလဲဆိုတာ ဝေခွဲမရ ...
သီချင်းသံဆုံးတာနဲ့ Yibo လဲ သိချင်တယ် ... ကိုယ့်လူပါနေတော့ ပိုပီးလဲရင်ခုန်မိသည် ... 2:2 Tie ဖစ်နေတဲ့ပွဲမို့ နောက်ထပ်ပြိုင်ဖို့ သီချင်းသံက ထွက်လာပြန်တယ် ...
Korean ကောင်လေးက အရင်ကတာမို့ လက်ခုပ်သံတွေက တဆဲဆဲ ...
Moon Walk နဲ့Dream ဆီလှမ်းလာပီး ပခုံးချင်းဘလိန်းကြီး တိုက်ချလိုက်တာမို့ Yibo မျက်မှောင်ကြုတ်လိုက်မိသလို Alex တို့ ၃ယောက်လဲ လှုပ်လှုပ်ရှားရှားဖစ်လာတယ် ...
Advertisement
Dream လဲ ဒေါသထွက်မဲ့ပုံပေါက်ပေမဲ့ အခြေအနေကိုထိန်းနေဟန် ... Dream အလှည့်မှာတော့ Break Dance ဖစ်တဲ့ Power Moves တွေပါထည့်သုံးထားတာမို့ အကပီးတဲ့အချိန်မှာ Judge တွေကပါ လက်ခုပ်ဝိုင်းတီးလာကြတရ် ...
Judge အဖြေကို စောင့်နေတုန်း ဟောက်ရွမ်းဆီက ဖုန်းဆက်လာတာကြောင့် အပြင်ခဏထွက်လိုက်ရသေး ... ဘေးကအသံတွေဆိုကြားရမှာမဟုတ် ...
^ Hello ... ပြော အဖေ ^ ဟောက်ရွမ်းကို အဖေ ဆိုပီး Yibo နောက်ပီး ခေါ်တိုင်း အသံနက်ကြီးနဲ့ ဆဲနေကျမို့ ခဏခဏစဖစ်တယ် ...
^ #&&-+ ^ ဆဲသံတွေ ထွက်လာမရ်ဆိုတာ သိတာမို့ နားနဲ့ ဖုန်းကို ခပ်ခွာခွာထားလိုက်ရသေး ...
^ ဟဟ ... ငါ့ကောင်ကြီးက ရှယ်ဆဲတာတော့ ... ^ ဟောက်ရွမ်းနဲ့ ပြောနေတုန်းရှိသေး ... နောက်က Lucas ရဲ့ ကောဆိုတဲ့အသံကြောင့် ....
^ ဘာဖစ်လို့လဲ Lucas ... ^
^ ဟိုမှာ ရန်ဖစ် ... အဟွတ် ... Dream နဲ့ Ethan နဲ့ ရန်ဖစ်နေလို့ ^
အမောတကောနဲ့ ပြေးလာတာမို့ Lucas မှာ ချောင်းတွေတောင်ဆိုးကုန်တယ် ... ဟောက်ရွမ်းကို အကျိုးအကြောင်းမြန်မြန်ပြောပီး ဖုန်းချအပီး သွားကြည့်တော့ ... ထိုးကုန်တာတော့ ...
အရင်က တိုးကြိတ်နေတဲ့ လူအုပ်ကြီးလဲ မရှိတော့ဘူ ... လူအနည်းစုသာ အကွယ်ကနေ နေပီး Video တွေရိုက်နေကြသည်။
Judge ဖစ်တဲ့ ယောက်ျားလေးတွေ၀င်ဆွဲလဲ ခဏပဲ ချုပ်ထားလို့ရတရ် ... ပီးတာနဲ့ တစ်ယောက်နဲ့တစ်ယောက်သတ်ကျပြန်ရော ... Yibo လဲ မနေသာ တော့တာနဲ့ ...
နေသာစရာလား ... ကိုယ့်ဘက်ကလူကလဲ အလဲလဲအပြဲပြဲနဲ့ ခံထားရတာဆိုတော့ ... ချုပ်ထားတောင် ရုန်းကန်နေတာကြောင့် ...
^ နေဦး Dream ... နေဦး ... ^ နှစ်ဘက်ကို ဆွဲထားတဲ့အချိန် အလယ်ကနေ Yibo ၀င်ပီးမေးကြည့်တော့ ...
^ ဘာဖစ်ကြတာလဲ ... ကျွန်တော် ဟိုကလေးနှစ်ယောက်ရဲ့ အစ်ကိုပါ ^
^ အာ့ကောင်က စ ထိုးတာ ^ ချုပ်ထားရက်ကနေ ကောင်လေးတစ်ယောက်က Ethan ကိုကြည့်ပီး ပြောလာတော့ ...
^ မင်းကို မေးလို့လား ... ငါ Judge ကိုမေးနေတာ ... မမေးရင်မဖြေနဲ့ ... ^ ဟိုဘက်ကလဲ သွေးသံတရဲရဲနဲ့ဆိုပေမဲ့ ကိုယ့်ဘက်ကကလတွေခံထားရတာကိုကြည့်ပီး ကိုယ်ပါ ဒေါသထွက်လာရတရ် ...
^ အဟမ်း ...ဒီလိုပါ ... ညီ ညီလေးနိုင်သွားတော့ ဟိုဘက်က ထပ်ပြိုင်မရ်ဆိုပီး ပြောတာကစဖစ်တာပါ ^ Judge တစ်ယောက်စကားသံအဆုံးမှာ ...
^ ဒါဆို ဟိုကောင်လေးက ဘာလို့ပါလာရတာလဲ ^ Ethan ကိုမကျေမချမ်းကြည့်ပီး ပြောတာမို့ သူမေးလိုက်သည်။
^ ဒါ Korean ကောင်လေးရဲ့ စကားပြန် ^
အော် ... ဒါဆို Korean ကောင်လေးက တရုတ်စကားနားလည်မှာမဟုတ်ဘူးပေါ့ ... အထက်တန်းတုန်းက မားမားရှိရာ Korea မှာကျောင်းတတ်ခဲ့တာ အကျိုးတော့မယုတ်ဘူးပေါ့ ...
( မင်းလား ... ငါ့လူတွေကို ထိုးတာ ) Yibo Korea စကားပြောလိုက်တာမို့ တစ်ဝိုင်းလုံးကရှိတဲ့ သူတွေပါကြောင်သွားသည်။
( သူတို့စလို့ ထိုးတာ ... )
^ Ethan နဲ့ Dream မင်းတို့ အရင် စထိုးတာလား ... ^
နှစ်ယောက်လုံးက ဘာမှပြန်မဖြေပေမဲ့ ခေါင်းတော့ညိမ့်ပြကြသေး ... Alex ကပဲ၀င်ပီး ...
^ သူအရင်စတွန်းတာ ကော ... Dream ကအေးဆေးပြောပြနေတာကို တောက်လျောက် လက်ပါပီး ပြောနေတာ ... အဲ့ဒါကို Ethan ကမခံနိုင်ပဲ စထိုးတော့တာ ^
အင်း ... ဆိုတော့ ... ကိုယ့်ဘက်က လူတွေကလဲ မမှားပေးမဲ့ မမှန်နေဘူး ...
^ Judge ကြားတဲ့အတိုင်းပဲနော် ... ကျွန်တော် ဒီကိစ္စကို အကျယ်တ၀င့် မဖြစ်ချင်ပါဘူး ... သူ့ဘက်ကသာ လက်မပါခဲ့ရင် ကျွန်တော့်ကလေးတွေက လက်ပြန်ပါမှာမဟုတ်ဘူး ... Battle မှာတုန်းကလဲ တွန်းလိုက်တာ Judge လေးယောက်လုံး မျက်စိရှင်ရင် တွေ့ကြမှာပါ ... အနေအေးတဲ့ ကလေးတွေက ရန်ဖစ်တရ်ဆိုလို့ အံဩနေတာ ... ^
နောက်ဆုံးတစ်ကြောင်းကိုတော့ Yibo ပြောလိုက်ရတာ လျှာတောင်ယားတရ် ...
^ ဦးတို့လဲ ဒီမှာပဲ ပီးစေချင်ပါတရ်ကွယ် ^ တခုခုဆို နစ်နာမှာက သူတို့လဲပါနေတော့ ...
^ ကောင်းပါပီ ... ^
( ငါ့လူတွေကို ပြန်တောင်းပန်ပါ )
( ဘာကိစ္စတောင်းပန်ရမှာလဲ )
( ငါတောင်ပန်းခိုင်းတာ ထိုးတဲ့ကိစ္စမဟုတ်ဘူး Battle မှာ မင်း Physical အရတွန်းခဲ့တာကိုပြောတာ ) တချက်တော့ တွေသွားပီး ...
( ငါ့ကိုအရင်ထိုးခဲ့တာအတွက်လဲ တောင်းပန်ရမရ် )
( Okay )
^ တောင်းပန်ပါတရ် ^ တရုတ်သံ ဝဲတဲတဲ ကို Korean ကောင်လေးဆီက ထွက်လာတော့ အားလုံးက ဟင်ခနဲ ... ဒီလိုပဲ ... Wang Yibo ကအရင်ဘ၀က တရားသူကြီးဖစ်ခဲ့ပုံရတရ် ...
^ ခွင့်ပြုပါဦး Judge ... အော် ... နောက်ပီး ဒီမှာ ဖစ်ခဲ့တဲ့ Video တခုခုသာ ပြန့်သွားမရ်ဆိုရင် 4လောက်လုံးရဲ့ career မှာလဲ အနှောက်အယှက်ဖစ်သွားနိုင်တရ် နဲ့ တူတရ်နော် ... ^
ကလေး4 ယောက် ၀တ်စားထားပုံနဲ့ ရုပ်ရည်ကို ကြည့်ပီး Judge တွေကလဲ အကောင်ကြီးကြီးထဲက လို့ထင်ပုံရသည်။ ဟို လေးယောက်ခေါ်ပီး ပြန်အထွက်မှာ ... စကားပြန်ကောင်လေးက ...
^ မင်းစကားမင်းတည်လေ ... မတောင်းပန်ပဲ ဘာကိစ္စပြန်မှာတုန်း^
^ ငါက ဘာလုပ်လို့ တောင်းပန်ရမှာတုန်း ... ^
^ မင်းလူတွေကိုပြောတာ... မင်းပဲ okay ပါတယ်ဆိုပီး ပြောခဲ့တာမလား ... ဘာမှ ဝေ့လည်ကြောင်ပတ်လုပ်မနေနဲ့ ^
^ အာ ... အဲ့ဒါလား ... ငါက ငါအဆင်ပြေတရ်ပြောတာလေ ... သူတို့အဆင်ပြေတရ်ပြောတာမှမဟုတ်တာ ... ငါမှားရင်တောင်းပန်မရ်ဆိုပီး ခုကငါမှာထားတာမှမရှိတာ ... ^
ခပ်ပြုံးပြုံး Yibo စကားကြောင့် စကားပြန်မှာ သွေးတတ်သွားပုံရတရ် ...
( ကောင်လေး ... ဒီပွဲမှာ မင်းရှုံးတာမရှိ သေးဘူးနော် ... မင်းသုံးသွားတဲ့ကကွက်တွေ ငါအရမ်းသဘောကျတာပဲ ... ငါတောင် မင်းအရွယ်တုန်းက အာ့တွေမရသေးဘူး ... မင်းရှေ့ဆက်မဲ့ လမ်းတွေရှိပါသေးတရ် ... ဒီပွဲတစ်ခုထဲနဲ့ ဘ၀ကို ရှေ့မဆက်နဲ့ ... နောက်ပီး အစ်ကို ညီတွေအစား တောင်းပန်ပါတယ် ...) အစက မတောင်းပန်ဘူးလုပ်ထားပေမဲ့ တခြားတစ်နိုင်ငံကနေတောင် လာပီး ပွဲကိုလာပြိုင်ထဲက သူ့ရဲ့ အကပေါ် ရူးသွပ်မှု့ကလဲမသေး ...
သူကိုယ်တိုင်လဲ အရှုံးကိုမကြိုက်ပေမဲ့ သူလဲ ရှုံးခဲ့ရတာတွေ ရှိခဲ့တာပဲ ... အရှုံးတစ်ခုထဲကိုပဲ မှတ်ထားရင် နောက်လာမဲ့ပွဲတွေမှာလဲ ငါရှုံးသွားမလားဆိုတဲ့ စိတ်နဲ့ ခြေတုန်ချတုန်ဖစ်နေမိမှာ ... အာ့ကြောင့် သူစာနာပီး အားပေးဖစ်တယ် ...
( ပွဲဆက်တိုင်း နိုင်လာပီးကာမှ တစ်ပွဲထဲရှုံးပီး ထွက်လိုက်ရတာမို့ နဲနဲပေါက်ကွဲသွားတာပါ ... ခုလိုပြောပြပေးတာ ကျေးဇူးလဲတင်ပါတယ် )
Korean ကောင်လေးက နာလည်မှု့ရှိပေမဲ့ စကားပြန်ကတော့ နှာတစ်ကစ်ကစ်နဲ့ ကျေနပ်ပုံမရသေး ...
Judge တွေအားလုံးကို ခွင့်ပြုပါဦးလို့ပြောပီးပဲ ထွက်လာလိုက်တော့တယ် ... သူပြောစရာရှိတာလဲ ကုန်ပီဆိုတော့ ...
^ ဟိုလေးယောက် ... အဓိကက Ethan နဲ့ Dream ဒေါသကို နဲနဲထိန်းစမ်းပါ ^ ကွင်းနဲ့ နဲနဲဝေးတာနဲ့ အနည်းငယ်ဆူလိုက်တော့ ... Alex နဲ့ Lucas ကအသံမထွက်ပေမဲ့ ...
^ သူလာစလို့ဖစ်တာလေ ^ အထွဉ့်မတတ်ရရင် မနေနိုင်တဲ့ အမောင် Dream ရယ်ပါ ... အသံသေးသေးလေးနဲ့ပြောလာလေရက် ... သူမှားတာတော့ သူသိသေးသား ...
^ အေး ... သူလာစတာမှန်တယ် ... ဘယ်သူစမှားလဲဆိုတာ ကွင်းထဲကအကုန်လဲသိတရ် ... မင်းတို့စထိုးတာကိုလဲပြောဦးလေ ... ဟမ် ... ^
အာ့တော့မှ အသံကတိတ်သွားလေရက် ... မျက်နှာငယ်လေးတွေနဲ့ဆိုတော့လဲ စိတ်မကောင်း ... စစတွေ့ခြင်းကဆို ထိုကလေးတွေက လူရမ်းကားမျက်နှာဘေးလေး တွေနဲ့မလား ... ခုတော့ ဒဏ်ရာဗလပွနဲ့ဆိုတော့ ...
^ ပြစမ်း မင်းတို့မျက်နှာတွေ ... မင်းတို့မှာလဲ ရှေ့ဆက်ရမဲ့အလုပ်တွေအများကြီး ... မင်းတို့နာမည်ကြီးလာရင် ဒီကိစ္စက မင်းတို့ကို ချနှင်းနိုင်တဲ့ အားနည်းချက်တစ်ခုဖစ်သွားလိမ့်မယ် ... ^
Ethan မျက်နှာကို လက်နဲ့ပင့်ပီး ကြည့်လိုက်တော့ မဖြူမညို မျက်နှာ ညိုမဲနေတာ မြင်လို့တောင်မကောင်း ... နှုတ်ခမ်းထောင့်ကလဲ သွေးထွက်နေသေး ...
Ethan ကတော့ Yibo ဆူလိုက်တာကို လန့်သွားလားဘာလားမသိပေမဲ့ မျက်လုံးတွေက အောက်ကြမ်းပြင်ကို ကြည့်နေလေရက် ... သူ့အမှားသူသိတာလဲ ပါမှာပေါ့ ...
Dream ကိုလဲ ဒဏ်ရာကြည့်မို့ လက်နဲ့ မေးကို ပင့်တင်လိုက်တော့ ကောင်လေးက စူးစူးရဲရဲကြည့်လာပြန်တယ် ... ဖယ်ရှားခြင်းတော့မပြု ...
အလိုလိုက်ခံထားတဲ့ အငယ်ဆုံးသားလေးဆိုတော့ ဆူတာဆိုတာ သူ့အတွက် ထူးဆန်းနေမှာပေါ့ ...
Dream က Ethan လောက် ဒဏ်ရာသိပ်မများပေမဲ့ နှုတ်ထောင့်ထောင့်မှာ ပေါက်သွားပုံရတရ် ... လက်မောင်းတော့ထိထားပုံရတရ် ... ကျန်တစ်ဖက်နဲ့ လက်ကိုထိန်းထားပုံအရ ...
^ လက်ထိသွားတာလား ... ကျစ် ... မင်းတို့ကတော့ကွာ ... တခါထဲဆေးခန်း၀င်ပြလိုက်ကြ ... တစ်ခုခုဆို မင်းတို့ပဲနစ်နာမှာ... Dream မင်းတော့ ကားမမောင်းနဲ့တော့ Alex မောင်းလိုက် ... ငါဆေးခန်းကိုတန်းလိုက်လာခဲ့မယ် ^
^ ဟို ... ကော ကျွန်တော်တို့နဲ့ပဲ လိုက်ခဲ့ပါလား ^ Dream ကိုလဲ အရိပ်အကဲ ကြည့်တဲ့ကောင်လေးက ချစ်ဖို့လဲကောင်ပါသေး ... သူ့ ညီလေးတွေ အားလုံးက တစ်ယောက်တစ်မျိုးချစ်ဖို့ကောင်းကြတာကြီးပဲ ...
^ ရတရ် Alex ... ကော ဘာသာ ငှားသွားလိုက်မရ် ^
^ အဟမ်း ... မောင်းလိုက် ... ကျွန်တော်ဘေးကလိုက်စီးမရ် ^
^ ဟမ် ... အေး ... အေး ... ^ မပြောစဖူး ယဉ်ယဉ်ကျေးကျေးပြောလာတော့လဲ Yibo တောင်ကြောင်မိတယ် ... မဆိုးပါဘူး ... ကလေးတွေက ဆုံးမရတာ သိပ်လွယ်တာပဲလို့လဲတွေးမိလိုက်သေး ...
Boss ကို အကြောင်းကြာမရ်လုပ်ပြန်တော့လဲ သူတို့ဘာသာပြောပါ့ရစေတဲ့ ...
ဆရာ၀န်ကတော့၂ပတ်လောက် သေချာနားဆိုတော့လဲ ...
သူတို့လေးတွေ အရှင်းပျောက်မှလဲ စလေ့ကျင့်ခိုင်းရတော့မှာပဲ ...
ဆေးခန်းပြပီး Company ကားပါကင်လဲ ရောက်တော့ အားလုံးက အလျိုလျို နှုတ်ဆတ်ပီး ပြန်သွားကြတယ် ...
Dream တစ်ယောက်ပဲ ရပ်စောင့်နေတော့ ...
^ ရော့ ... ဒီမှာ ... မေ့တော့မလို့ ... မင်းလဲ ၀င်တော့ ... ကောလဲ ပြန်တော့မရ် ... ဆေးသေချာသောက်ထားနော် ^ ကားသော့စောင့်နေတရ်ထင်လို့ပြောပီး ဖုန်းရှာနေတုန်း ...
^ ဟုတ် ... ကျေးဇူးတင်ပါတရ် ကိုကို ^
တိုးတိုးလေးထွက်လာတာမို့ Yibo ကမကြားတာမို့ ဟမ် ဆိုပီးတောင်ပြန်မေးရသေး ...
^ ဟိုလေ ... ကျွန်တော့ အစ်ကိုကိုလဲ ကိုကြီးလို့ခေါ်တာမို့ ...
ဟို ကျွန်တော်လဲ ကိုကို လို့ ပဲခေါ်တော့မယ် .. အသက်မှ အများကြီးမကွာတာ ^
^ အော် ... အေး ... ရပါတရ် ... မင်းတို့ကလဲ ငါ့ညီအရွယ်တွေပါပဲကွာ ... ကဲ ... သွားတော့ ^
Dream က တစ်ခုခုပြန်ပြောမရ် အလုပ် ဆက်မပြောပဲ စကားနာထောင်ပီး ၀င်သွားတော့မှ ...
ဟောက်ရွမ်းရဲ့ အော်ဝါဒကြောင့် အားနာနာနဲ့ ကျိရန်ကောကို ဖုန်းခေါ်ရတယ် ...
Alex
Ethan
Lucas
Idol နှစ်ယောက်အပေါ် သုံးနှုန်းထားတာ အဆင်မပြေတာများရှိရင် အားမနာတမ်း လာပြောလို့ရပါတရ်ရှင့် ...
ပုံတွေ အားလုံး Credit ပေးပါတရ်ရှင့် ...
Dance တွေပတ်သတ်ပီး အသုံးအနှုန်းအမှားအယွင်းများရှိရင် လာပြောလို့ရပါတရ်ရှင့် ...
#Violet
Advertisement
- In Serial544 Chapters
The 3 B’s- Beauty , Brains And Bravery
Rong Xinghe with an indescribably painful past: from being thrown down a running train by her own family at 13 to getting stabbed in the heart by the one she believed to be her one true love.
8 353 - In Serial30 Chapters
Say That You Want Me
'Mona, the Slut', they call her. She doesn't care. She wont let anyone get to her, or get close to her. Certainly not any man. That is until Aaron comes along. She seems unable to brush off the strange attraction she feels toward him and he seems determined to dig his way into her heart.
8 70 - In Serial142 Chapters
Texts | Justin
Holly-May doesn't know the number she's texting accidently turns out to be Justin Biebers...will she find out?Highest Ranking: #9 in Fanfiction, #2 in justinbieber, #1 in jb*currently editing*
8 222 - In Serial11 Chapters
Summer Heartbreak
You can’t save yourself through other people. A story about two girls and the rock music they loved. (This work was based on this album I made in 2019 - listen to it here: https://johnjrenns.bandcamp.com/album/17) (You can also listen to this playlist of instrumentals: https://audius.co/johnjrenns/playlist/17%EC%82%B4%EC%9D%98-%EC%97%AC%EB%A6%84%EB%B9%84%ED%83%84-summer-heartbreak-instrumentals-3387)
8 151 - In Serial23 Chapters
TO CAPTURE A HEART
История в която Jungkook отива на гледачка, за да разбере дали приятелката му наистина му изневерява, както най-добрият му приятел Jimin все му повтаря. Но какво ще стане когато гледачката всъщност е окаже гледач - при това много секси?°°°°°°°°°°°-Знам защо си тук. - каза един дълбок глас карайки ме да потрепна -Ха, това го казват всички гледачки! - отвърнах с насмешка. Прочистих си гърлото, след което ксзах: - Е приятелката ми не ми изневерява, нали? -Ха, това казват всички идиоти като теб!Приключена история:17/03/2019 - 29/12/2019 г.
8 240 - In Serial9 Chapters
The Badboy Is My Bully |✔️
{ Lily Collins } is a nineteen year old sophomore college student who's trying to get through without any problems. But it's proven difficult as her long time bully attends the same college. A bully she couldn't help have undying feelings for••[ Asher Grey ] is a nineteen year old sophomore college student. He's a rich popular arrogant guy who finds pleasure in bullying the girl he is in love with. At some point he won't be able to hold in his feelings, they will start to peek out.• • • • • • • • • • • • • • • • • • • •Lily looked up frightened as Asher shoved her on the lockers.Closing her eyes and waiting for what would come next....But was only shocked to feel his soft warm lips on hers.*𝙏𝙝𝙞𝙨 𝙗𝙤𝙤𝙠 𝙞𝙨 𝙤𝙣𝙡𝙮 𝙖 𝙨𝙖𝙢𝙥𝙡𝙚* #1 nerd#1 bullied#1 rich#1 hate #1teenromance#3 cute#2 teenfiction#2 lovestory#2 innocent#1 badboy #1 jealousy#6 romance#3 love
8 212

