《Late Regret ( COMPLETED )》Part 11
Advertisement
Xiao Zhan အခန်းထဲကို ၀င်ပီးတာနဲ့ သူ့ရဲ့အသည်းနှလုံးလေးကို ရှာမိတယ် ... ဟော ... တွေ့ပါပီ ... ချွေးကပ်နေတဲ့ အကျီဖြူဖြူလေးကြောင့် ခန္ဓာကိုယ်ကောက်ကြောင်းလေးတစ်ချို့တောင် ထင်းနေသယောင် ...
ကိုယ့်ကိုဆို ပစ်စလတ်ခတ်နေတတ်တဲ့ သူ့ရဲ့ Wang က အကျီအပိုလဲ ထည့်လာမရ်မထင်ဘူး ...
Yibo ကိုငေးနေတဲ့ အစ်ကိုက ပြုံးပီးမှပြန်တည်သွားတာမို့ ဘာကြောင့်ပါလိမ့်ဆိုပီး စဉ်းစားနေတုန်း ...
^ ဆူဇီနဲ့ ရို့စ် ကလေးတွေကို ဆွဲထားတဲ့ Design လေးပြပီး ကိုယ်တိုင်းတိုင်းပေးလိုက် ... နောက်ပီး သူတို့လိုချင်တဲ့ Design Idea တွေကိုပါ ချရေးထား ... ကိုယ် Trainer လေးကို တိုင်းပေးလိုက်မရ် ^
ဟင် ... နေပါဦး ... Yibo ကပွဲထွက်မှာမှ မဟုတ်တာ ဘာကိစ္စလိုမှာတဲ့တုန်း ...
^ နေပါဦး ကော ... ကျွန်တော်က လိုမှမလိုတာ ^
^ လိုတာပေါ့ Yibo ရ ... YouTube မှာ ညီညီတို့အတွက် Channel လုပ်ပေးဦးမှာ .. အာ့မှာ Yibo ပါကပြရမှာဆိုတော့ Oufit ဆင်သယောင်ယောင်လေးမှ ကြည့်ကောင်းမှာပေါ့ ... ဒီမှာလေ ... Yibo ရဲ့ စီနီယာက Yibo အတွက် Sponsor ပေးမှာတဲ့ ^
မေးလိုက်တာ အစ်ကို ကိုဆိုပေမဲ့ ကြားဖြတ်ဖြေလိုက်တဲ့ Boss ကြောင့် အစ်ကိုက မျက်ခုံး တစ်ချက်ပင့်ပီး သက်ပြန်ချပြန်တယ် ...
ဘာတွေ အလိုမကျပြန်တာတုန်း အစ်ကိုရယ် ...
^ Dew မင်းညီတွေကို တစ်ချက်ကြည့်ပေးလိုက်ဦး ... ဟိုမှာရစ်နေဦးမရ် ... ငါ Wang ကို တစ်ချက်တိုင်းပီး လာခဲ့မယ် ^
Dew ကစကားပြောဟန်ပြင်ပီးကာမှ Okay လိုသာဆိုပီးသွားလေတော့သည်။
Training Room ဖြစ်တဲ့အလျောက် အခန်းဖွဲ့စည်းထားပုံအရ မကျဉ်းမကျယ်လေး ... မလှမ်းမကမ်းမှာ နံရံကိုမှီထိုင်နေတဲ့ ကလေးတွေက စိတ်ပါလက်ပါ ဆွေးနွေးနေတာကို မြင်နေရသေးတယ် ... Dream တစ်ယောက်ပဲ ဆူပုတ်ပုတ်ဖြစ်နေတာ Yibo တို့ဆီကို လှမ်းလှမ်းကြည့်နေတယ် ... ထုံးစံအတိုင်း ဘာတွေရစ်ချင်ပြန်ပီလဲမသိ ...
^ Wang ^ ချိုအိအိအသံက နားထဲတိုး၀င်လာတော့ အစ်ကိုဆီ အကြည့်လှည့်မိလိုက်သည်။
ဘယ်လောက်ပဲ အခန်းထဲမှာ Boss နဲ့ကလေးတွေအပါအ၀င် ကျဲတို့လဲ ရှိနေတယ်ဆိုပေမဲ့ အစ်ကိုနဲ့ နီးနီးကပ်ကပ် နှစ်ယောက်ထဲရှိနေတယ်ဆိုတဲ့ အတွေးက Yibo ကို ရင်ခုန်စေပါတယ် ...
^ Wang ... မုန့်တွေလဲမစားရသေးဘူးနော် ... နောက်ပီး အကျီအပိုမပါဘူးမှတ်လား ^
မေးခွန်းနှစ်ခုက ဆိုင်တော့မဆိုင်ဘူးဆိုပေမဲ့ မေးသူက အစ်ကိုဆိုတော့ Yibo ကပြန်မရစ်တော့ဘဲသေချာလေး ပြန်ဖြေပေးချင်မိတယ် ...
^ ကလေးတွေက 9 နာရီ Training စတာဆိုတော့ ကျွန်တော်က နောက်ကျမှာစိုးလို့ပါ ... ခုလို Break Time မျိုးမှာ စားမလို့ပါ ... ဟို ... အကျီအပိုက Hoodie ထပ်လာတော့ ၀တ်ထားတာကို ချွတ်ပီး Hoodie ပဲပြန်၀တ်သွားမလားလို့ ... ချွေးခြောက်တာ ကျွန်တော်က မြန်ပါတယ် ကောရဲ့ ^
ပြုံးပြုံးလေး Yibo ဖြေတာကို ကြည့်နေတဲ့ အစ်ကိုက ကော ဆိုတဲ့ အခေါ်အဝေါ်လေး တစ်ခုမှာ မျက်နှာပျက်သွားတော့ Yibo လဲ စိတ်ထဲမကောင်းပေ ...
^ အစ်ကို လို့ Wang ပြန်ခေါ်တာ ကြားချင်လိုက်တာကွာ ^
^ အရင်လို ပြန်ခေါ်တိုင်း အရင်လို အခြေအနေမျိုး ပြန်ရောက်မှာမှမဟုတ်ပဲ ^
တောင်းပန်ပါတယ် အစ်ကို ... စကားနာထိုးတာမျိုး မဟုတ်ပေမဲ့လဲ Yibo ရင်ထဲကအတိုင်းသာ ဆိုခဲ့တာ ...
^ အရင်ကလို ကိုယ့်အပေါ် ခံစားချက်ရှိနေသေးရင် ရပီ Wang ... အရင်အခြေအနေမျိုး ကိုယ် Wang ကိုကျောခိုင်းခဲ့တာမျိုး ဒီတစ်သက်မှာ ထပ်ဖြစ်တော့မှာ မဟုတ်လို့ ... Wang က ရပ်နေတဲ့ နေရာလေးမှာပဲ ရပ်နေပေပါ ... ကိုယ်က တစ်လှမ်းခြင်းလှမ်းလာပါ့မယ် ... ဒါလေးတော့ ကျေးဇူးပြုပီး ^
အစ်ကိုရဲ့ ဖွင့်ဟသံတစ်ချို့ကြောင့် Yibo လက်တွေ ရော ဒူတွေပါ တုန်လာတာမို့ မသိသာအောင် ထိုင်ချပလိုက်ပီး အစ်ကို ပေးတဲ့ Cookies တွေကိုယူစားနေတော့ ...
စောနက ညိုးရိပ်နေတဲ့ မျက်၀န်းတွေနဲ့ ပြောနေတဲ့ အစ်ကိုက ချက်ချင်း လင်းလက်လာပီး Yibo မျက်နှာချင်းဆိုင် ရှေ့တည့်တည့်ကိုမှ လာထိုင်တယ် ...
^ ဘေးလာထိုင်လေ ... ဘယ်လိုဖြစ်ပီး အရှေ့မှာကွယ်နေတာတုန်း ... ကလေးတွေကို ကြည့်မလို့ပါဆို ^
^ ကိုယ့်ကိုကြည့်လေ ... ကိုယ်နဲ့ စကားပြော ...ကလေး တွေကိုကြည့်တော့ ဘာရမှာလဲ ... ကိုယ့်ကိုကြည့်ပီး ကိုယ်ကို ပြန်လက်ခံနိုင်အောင်သာလုပ် ... အဲ့တာက Wang တာ၀န်ပဲ ^
နှာခေါင်းထိပ်ကို လက်နဲ့ဆွဲချပီး ပြောလိုက်တဲ့ အစ်ကိုကြောင့် Yibo ရင်ထဲထိတ်ခနဲပဲ ... လုပ်ချင်မိရင် ရှေ့မကြည့်နောက်မကြည့်နဲ့ ... တော်သေးတာပေါ့ ... ကျောပေးထားတဲ့ အစ်ကိုကြောင့် ဘာမှမတွေ့လိုက်ကြတာ ...
အာ့လိုတွေသာ ဆက်လုပ်နေမယ်ဆိုရင် Yibo တော့ကြာရင် လုံးပါးပါးတော့မှာပဲ ... ချထားမိတဲ့ တစ်ချို့ဆုံးဖြတ်ချက်တွေတော့ ယိုင်းနဲတော့မလို့ ...
" " တဲ့လား အစ်ကို ...
အစ်ကိုဆုံးဖြတ်ချက်ကို ယုံကြည်ပေးနိုင်ပေမဲ့ ကံကြမ္မာကို မယုံရဲပြန်ဘူး ... အာ့အတွက်လဲ တောင်းပန်ပါတယ် အစ်ကို ...
အစ်ကိုနဲ့ ဒီအခြေအနေလေးမှာပဲ ပျော်လဲပျော်တယ် ... ကျေလဲကျေနပ်တယ် ...
အရင်ကလို ထင်ယောင်ထင်မှား အစ်ကိုရဲ့ ပုံရိပ်ယောင်ကို မြင်ရတာမဟုတ်လို့လဲပျော်တယ် ... အစ်ကိုရဲ့ ချစ်ခြင်းတွေရော ကရုစိုက်မှု့တွေရနေသေးလို့လဲပျော်တယ် ...
Cookies ကို တမြုတ်မြုတ်ဝါးနေပီး Coffee သောက်နေတဲ့ Wang ရဲ့ပါးဖောင်းလေးကို ကြည့်ပီး ကိုက်ဆွဲချင်လိုက်တာ ...
ခုလဲ ဘာတွေတွေးနေမှန်းလဲမသိ ရှေ့မှာ ထိုင်နေတဲ့ Xiao Zhan ကိုအဖတ်လဲမလုပ် ...
Dew ရဲ့ ညီ Wang ကို တကြည့်ကြည့် လုပ်နေတာတွေ့လို့ကို ရှေ့တည့်တည့် ပိတ်ထိုင်မိတာ ...
မြွေမြွေခြင်း ခြေမြင်တဲ့ ...
Wang ရဲ့ဘေးနားမှာ ပျားပိတုန်းတွေကလဲ များလိုက်တာ ...
ကိုယ်ကတော့ Wang ရဲ့ တစ်ဦးတည်းသော လိပ်ပြာလေးပဲ ဖြစ်ချင်မိတရ် ... ငေးနေလို့ ကောင်းတုန်းမှာပဲ Wang ကစားတာသောက်တာ အကုန်ပီးသွားတော့ ...
^ ကဲ ... စားလို့သောက်လို့ပီးရင် ကိုယ်တိုင်းယူရအောင် ... ထ တော့ Wang ^ ကြမ်းပြင်မှာ ထိုင်နေတဲ့ အစ်ကိုက လှမ်းပီး လက်ကမ်းပေးနေတာမို့ Yibo လဲဆွဲပီးသား ထ လိုက်တော့သည်။
Advertisement
^ ကိုယ် စတိုင်းပီနော် ^
တံတွေးမြိုချပီးသား Yibo ခေါင်းညိမ့်ပြလိုက်သည်။
Yibo ရဲ့ ကိုယ်တစ်လျောက်မှာ ပြေးနေတဲ့ ပေကြိုးနဲ့ တစ်ချက်ချက် ထိမိသွားတဲ့ အစ်ကို လက်တွေကြောင့် အသက်ရှူတောင်မမှန်ချင် ...
ခါးကိုတိုင်းခါနီးတော့ ပေကြိုနဲ့ ခါးကိုပတ်ပီးတာနဲ့ ...
^ အင်း ... နောက်ဆိုလဲ အစ်ကို လို့မခေါ်နဲ့တော့နော် ... မောင်လို့ ခေါ်ပေး ... ရှေ့ဆက်မဲ့အနာဂတ်မှာ စိတ်သစ်ကိုယ်သစ် ကိုယ်ချစ်တဲ့ Wang နဲ့ မောင် တို့ရှေ့ဆက်ကြတာပေါ့ ^
ဟုတ်တရ် ... ဘယ်လောက်ပဲ Xiao Zhan အနေနဲ့ Wang ခေါ်တဲ့ အစ်ကို ဆိုတဲ့ ဝေါဟာရလေးကို မြတ်နိုးပါစေ ... တမ်းတမိပါစေ ... အတိတ်တစ်ခုမှာ Wang ဟာ အာ့ဝေါဟာရလေးကိုသုံးပီး သူ့ကိုဖတ်တွယ်ပီး ငိုခဲ့ဖူးသည်။
ရင်နာစရာ အတိတ်တွေကို အခေါ်အဝေါ်တစ်ခုကြောင့်နဲ့တောင် Wang ကို စိတ်မညိုညင်စေချင်တော့ဘူး ...
Yibo မှာ အစ်ကိုရဲ့ လေသံ ဖျော့ဖျော့အေးအေးလေးနဲ့ နီးကပ်လွန်းတဲ့ သူတို့အနေအထားကြောင့် လေငွေ့တချို့ သူ့နားတစ်ဝိုက်ဖြတ်တိုက်သွားသေးတရ် ...
မောင် တဲ့လား အစ်ကိုရယ် ... ခင်ဗျားလဲ ကျွန်တော့်ကိုတော်ရုံခြွေပါ ...
အစ်ကို စကားအဆုံးအပီးမှာ သူ့နားတစ်ဖက်ကို အစ်ကို နှာခေါင်းနဲ့ပွတ်ဆွဲသွားသေးတာ ... ဆိုးလိုက်တာဗျာ
စကားနဲ့တင်မကသေး အပြုအမူနဲ့ပါ အစ်ကိုက ရူးအောင်လုပ်နေသလိုပဲ ...
ခွေကျသွားတဲ့ ဒူးကြောင့် အစ်ကိုက အသာလေး ထိန်းပီး ထိုင်စေပြန်တယ် ...ပြီးတာနဲ့ ...
^ မောင့်ဆီမှာ အ၀တ်အပိုထည့်လာတရ် ... Wang အတွက်သွားယူလိုက်ဦးမရ် ^
Yibo လဲ သဘောမတူရပါသေးဘဲနဲ့ သူ့ကိုယ်သူ မောင် လို့သုံးလိုက်တဲ့ အစ်ကိုကို ထိုးပစ်လိုက်တရ် ... မျက်စောင်းနဲ့ ...
အတွေးထဲမှာတောင် မခေါ်ဝံတဲ့ နာမ်စားတစ်ခုကို သုံးနှုန်းသွားတာကြောင့် ရင်ထဲမှာလဲ တလှပ်လှပ်ပင် ...
အရင်ပုံစံနဲ့ကွဲထွက်သွားတဲ့ အစ်ကိုက အပြုအမူက အစ ရဲတင်းလာတယ် ... အရင်ကဆို လူကြားထဲတောင် နမ်းရှုံဖို့မပြောနဲ့ လက်တွဲသွားတာမျိုးတောင် မရှိသလောက်ရှားတရ် ...
ခုများတော့ Boss နဲ့ ကလေးအုပ်စုရှိတာတောင် Yibo ကိုဗြောင်းဆန်အောင် မရမက လုပ်သွားသေးတဲ့ အစ်ကိုက လူဆိုးလေး ...
^ ကိုကို ^
ဆောင့်ကြီးအောင့်ကြီး ထွက်လာတဲ့အသံကြောင့် Yibo တောင်လန့်သွားတရ် ...
^ လန့်လိုက်တာ Dream ရာ ... မင်းမလဲ ဘယ်လိုဖစ်လို့ စွတ်အော်တာတုန်း ^
Boss ကတော့ Yibo ကိုခေါ်လိုက်တဲ့အသုံးအနှုန်းကြောင့်ပဲ အံဩနေတာလား ... သူ့ညီနဲ့ပဲ အမြန်ရင်းနှီးသွားလို့ အံအားသင့်နေတာလား မသိပေမဲ့ ပါးစပ်ကြီးဟလို့ ... သိပ်မကြာလိုက်
^ ဟုတ်ပ ညီညီရယ် ... ကိုကြီးတောင် လန့်သွားတရ် ... ^ ဆိုတဲ့တုန့်ပြန်စကားထွက်လာတော့တယ် ...
Dream လဲဘယ်သူ့စကားမှ ပြန်မဖြေပဲ ဆေးဘူးယူပီး ကိုကို ရှေ့ထိုးပေးလိုက်တော့သည်။
ကိုကို ကို Sean ရောက်လာထဲက ကြည်နေတာတော့မဟုတ် ... တစ်သီးသန့်ခွဲလိုက်တာမို့ အထွန့်တတ်ချင်ပေမဲ့ အလုပ်ကိစ္စမို့သာ ငြိမ်နေလိုက်ရတာ ...
ငေးမယ်ကြံတော့လဲ ရှေ့ကနေ သူ့ကိုယ်ကြီးနဲ့က ကွယ်ထားသေး ... အဆိုးဆုံးက ကိုယ်တိုင်းယူနေတုန်းက အရမ်းနီးကပ်နေတာကိုပဲ ... နောက်ပီး ကိုကို မျက်နှာကလဲ ပန်းရောင်လေးသန်းနေသေးတယ် ...
^ ဆေးလိမ်းခိုင်းတာ လူသတ်တာကြနေတာပဲကွာ ... လိမ်းပေးမရ် ... ပေး ပေး ^
^ ကိုကို ပဲ လိမ်းပေးမရ်ပြောပီး ပလစ်ထားပီးတော့ ^
^ လိမ်းပေးမှာပေါ့ကွာ ... မင်းလဲစိတ်ကြီးပဲ ^ ရယ်သွေးသွေးပြောပီး ပတ်တီးဖြေနေတဲ့ ကိုကို မျက်နှာလေးကိုကြည့်ပီး
^ ကိုကိုနဲ့ Sean နဲ့က သိတာကြာပီလား ^ ပြုံးနေတဲ့ ကိုကိုမျက်နှာလေးက 1second လောက်ပျောက်သွားပီးမကြာလိုက် ...
^ Uni မှာ ကိုကို Senior လေ ^ တိုတိုတုတ်တုတ် ဖြေလာတဲ့ အဖြေက ရိုးရှင်းနေပေမဲ့ Dream စိတ်ထဲမတင်မကျ ...
တံခါးဖွင့်သံကြောင့် လှည့်ကြည့်မိလိုက်တော့ အိတ်တစ်အိတ်နဲ့ Sean ...
ပြုံးပီးလာတဲ့ မျက်နှာက ကိုကို နဲ့ သူ့ကို မြင်လိုက်တော့ မျက်နှာပျက်သွားသယောင် ...
^ ဒီမှာ Wang ဖို့ ... ချွေးတိတ်ရင် လဲလိုက်ဦးနော် ^ ဘေး၀င်ထိုင်ချလိုက်တဲ့ Sean ကို ကိုကို က ခေါင်းတစ်ချက်ညိမ့်ပြပီး ဆေးဆက်လူးပေးနေပြန်တယ် ...
ဒါပေမဲ့ ... ဘာလို့ ကိုကိုလက်က အေးလာတာလို့ ခံစားမိတာလဲ ... စောနက သတိမထားမိတာများလား ...
^ Sean နဲ့ ကိုကိုနဲ့က အရင်ထဲကသိတာဆို ^ ကိုကြီး နဲ့ Landon မှာခင်လာတာမို့ သူနဲ့လဲ မျက်မှန်းတန်းမိပေမဲ့ ရင်းရင်းနှီးနှီးတော့မရှိလှ ...
Dream ရဲ့အမေးကို ကိုကိုက
^ ကဲ ... ဆေးလိမ်းပီးပီ Dream ... အဖွဲ့ဆီပြန်သွားဦး ... ကျဲတို့တွေ ပြောလို့မပီးသေးဘူး ထင်တယ် ^
Sean ဆီက အဖြေကိုမကြားရခင်မှာပင် ကိုကို ကအတင်းနှင်ထုတ်နေတာမို့ ချစ်ရသူလေး စိတ်ချမ်းသာအောင် အလိုက်တသိထွက်လာပေးလိုက်ပါတယ် ...
^ ဟို ... ကျေးဇူးတင်ပါတရ် ကော ... အကျီအတွက် ^ Yibo ပြောလိုက်ပေမဲ့လဲ ပြန်ဖြေသံမကြားတာမို့ အစ်ကိုကို ခိုးကြည့်လိုက်မိတယ် ...
Dream အခေါ်အဝေါ်ကြောင့် အစ်ကို စိတ်မကြည့်ဖစ်သွားမှာလဲ ဆိုးပေမဲ့ ဘယ်လိုပြန်ရှင်းပြရမလဲဆိုတာလဲ မစဉ်းစားတတ်နိုင်အောင်ပဲ ...
^ အင်း ... ကိုယ် ပြန်တော့မရ် Wang ... နေ့ခင်းအချိန်မှန် စားဦးနော် ^ Yibo ဆံပင်ကို ဆော့ပီး ပြန်သွားတဲ့ အစ်ကိုက ဘယ်သူကိုမှလဲ မနှုတ်ဆတ် ... တစ်ချက် ... မျက်ရည်တွေများသိုင်းနေသေးလားလို့ ... ထွက်သွားတဲ့ အစ်ကိုနောက်ကို မှီအောင် မနဲလိုက်မိတယ် ...
ဘာလို လိုက်သွားလဲဆိုရင် သူမြင်လိုက်ရတဲ့ မထင်မရှား မျက်ရည်တွေကြောင့်ပဲ ဖြစ်လိမ့်မရ် ...
ခြေလှမ်းကျဲကျဲနဲ့သွားတတ်တဲ့အစ်ကိုက အရင်အတိုင်းပဲ ... Yibo မှာပြေးလိုက်ပီး မှီတာနဲ့ ကိုယ်ကို အားနဲ့ တစ်ဖက်ဆွဲလှည့်လိုက်တော့ ...
^ ဟင် ... Wang ^ ပါးပေါ်မှာ မျက်ရည်တစ်စက် ရှိသေးတဲ့အစ်ကိုက သုတ်ဖို့မေ့နေတရ် ထင်ပါရက် ...
Xiao Zhan မျက်ရည်တစ်စက် လွင့်သွားသလို Wang Yibo နှလုံးသားလဲ နာကျင်ခဲ့ရတရ် ...
အစ်ကို မျက်နှာပေါ်က မျက်ရည်စက်ကို သုတ်ပေးဖို့ လက်လှမ်းလိုက်တော့ အစ်ကို ကအသာယူပီး ရင်ဘတ်ပေါ်ကိုတင်ပေးတရ် ...
^ ကိုယ် မတရားမှန်းသိတရ် Wang ... တစ်ချက်လောက်ပဲ ကိုယ်ပေါ်ပြန်ကြည့်ပေးပါ ... Wang ရဲ့ တခြားသူပေါ် ကရုစိုက်မှု့တွေကို ခံနိုင်ရည်မရှိဘူး ... ကိုယ့် ဒီထဲကနာတရ် ^
Advertisement
အစ်ကိုရဲ့ ဆုပ်ကိုင်ထားတဲ့ လက်တစ်ဖက်ကို နောက်လက်တစ်ဖက်နဲ့ကိုင်လိုက်ပီး
^ ကျွန်တော်ကို ဆေးလိမ်းပေးဖို့ ဂျီကျနေတာပါ ... နောက်ပီး Dream က ကလေးသာသာပါ ... အစ်ကို စိတ်မပူပါနဲ့ ^
သူတို့နှစ်ယောက်အခြေအနေက ဘာလို့ခေါင်းစဉ်တပ်မရပေမဲ့ အစ်ကို့ မျက်ရည်တွေကို မလိုလားတာမို့ အမှန်ကန်ဆုံးရှင်းပြပေးလိုက်မိသည်။
^ ကိုယ့်ကို အစ်ကို လို့ခေါ်မိရင် နာကျင်ရတရ်မလား Wang ^
ခေါင်းအသာခါပြလိုက်တော့ ... အစ်ကိုက မျက်ရည်ကြားထဲက ပြုံးတရ် ...
^ ဒါဆို အခုတော့ အစ်ကို လို့ပဲခေါ်ထား ... တစ်ချိန်ကျရင် ကိုယ့်ခင်ပွန်းဖြစ်လာမဲ့သူကို မောင် လိုခေါ်တတ်ဖို့ကျင့်ထားနော် ^
အစ်ကိုက သူ့ကို ခုလက်ထပ်ဖို့ရည်ရွယ်ထားတာလား ... ဒါပေမဲ့လဲ အစ်ကိုရယ် ... ကျွန်တော်က ဒီအခြေအနေလေးကိုပဲ သဘောကျတာ ...
အစ်ကိုနဲ့ ထပ်ပီးဝေးရရင်လဲ အရင်လို ငါ့ကိုပစ်ချခဲ့ရလား ဆိုတဲ့ အစ်ကိုအပေါ်အပြစ်တင်ချက်တွေလဲ ရှိတော့မှာမဟုတ်ဘူးမလား ... Negative Thinking ဆိုပေမဲ့ အစ်ကိုနဲ့ ပတ်သတ်လာရင် နီးဖို့ဆိုတာထပ် ဝေးဖို့အကြောင်းကို ပိုတွေးမိတရ် ... ထပ်ပီး ဖြစ်လာရင် ခံနိုင်ရည်ရှိအောင်လို့ရယ်ပါ ...
^ ကျွန်တော်တို့ Lunch တူတူစားမလား ^ Yibo ဘက်က ပထမဆုံး ကမ်းလှမ်းခြင်း ...
ဘယ်လောက်ပဲ အစ်ကိုနဲ့ မပတ်သတ်တော့ဘူး ပြောနေပါစေ ...
ဒီလူသားနဲ့ ပတ်သတ်ရင် သူကရှုံးမြဲ ရှုံးဆဲ ... တခါတလေဆို သူ့ကိုယ်သူတောင် မပိုင်တော့သလိုပဲ ... အစ်ကိုရဲ့ ညှို့ချက်တွေမှာ သူလိုလိုလားလား ညှတ်ဆင်းရပါတရ် ...
Idolနှစ်ယောက်ပေါ်ထိခိုက်တဲ့အသုံးအနှုန်းများရှိခဲ့ရင် အားမနာတမ်းလာပြောလို့ရပါတရ်ရှင့်
ပုံတွေအားလုံး credit ပေးပါတရ်ရှင့်
#Violet
" အရင်အခြေအနေမျိုး ကိုယ် Wang ကိုကျောခိုင်းခဲ့တာမျိုး ဒီတစ်သက်မှာ ထပ်ဖြစ်တော့မှာ မဟုတ်လို့ " တဲ့လား အစ်ကို ...
^ ကိုယ် စတိုင်းပီနော် ^
^ ကိုကို ^
Advertisement
- In Serial18 Chapters
The Exhausting Reality Of Novel Transmigration
I’ve had enough of being transmigrated into books.
8 666 - In Serial226 Chapters
I Refuse To Become Scumbag In Tokyo
This is a work of fiction. Names, characters, business, events, and incidents are the products of the author's imagination. Any resemblance to actual persons, living or dead, or actual events is purely coincidental.
8 755 - In Serial23 Chapters
I’ll Take Care Of My Heart First
It’s been 11 years since I’ve lived for others and not for me.
8 504 - In Serial673 Chapters
Hell’s Consort
"I will make you my queen."
8 893 - In Serial22 Chapters
The quiet felon/ BWWM
"What's in your pocket? Your wallet?" She asked him as she tried to get comfortable while sitting on his lap. Why would his wallet be so weirdly shaped?"My pockets are empty, Muffin." He whispered lowly in her ear as he held her hips still because she kept wiggling. She blushed hardly as he smirked. ~~~~~~~~~~~~~~~~~~(This is a Mafia book)This story is about two people. {bwwm} {wmbw}The first is Ace Hardwick he's a man that has just gotten out of prison for a crime he didn't commit. He went into the system when he was 16. He was at the wrong place at the wrong time. He's been in prison for 8 years and he just got out 2 weeks ago. He went from talk of the party to anti social. He just got a job at a local coffee shop. He's just trying to make a living as a wrongfully convicted felon.The second person is Teagan Travis she's a woman that's making it somewhat some where in life. She's had a trouble childhood that she likes to think she forgot about. She has a nine to five job working as a IT girl at a big company. She is a person that lives by routine. She wakes up at a certain time eats and sleeps at a certain time. What happens when Ace comes and turn her life upside down, but maybe in a good way?This book is definitely not edited!Started August 17, 2020. Ended November 26,2021.
8 191 - In Serial49 Chapters
Desire ✓ - OLD VERSION
Lydia Cruz was the average girl , with a steady job as a waitress and sharing an apartment with her best friend Olivia and living in manhattan .Seth Madden was a powerful cold man , the man meant business when it came to his powerful company . Seth never had time for girls nor did he ever want to get involved in one .But when his mother throws a ice ball at his building and Lydia stumbles in wearing a blue beautiful dress . Seth can't help but feel captivated by the beautiful woman behind the mask .WARNING: I am in the process of rewriting this book , this book is an old draft that I wrote three years ago and I am in the process of rewriting as of now.
8 135

