《Late Regret ( COMPLETED )》Part 26
Advertisement
Yibo နိုးနိုးခြင်းခံစားမိတာ ကိုက်ခဲနေတဲ့ ခေါင်းနဲ့ တစ်ခုခုနဲ့ရစ်ထားသလို လှုပ်မရတဲ့ သူ့လက်တွေရော ခြေတွေ ...
အိပ်ချင်မူးတူးနဲ့မို့ မျက်စလုံးမပွင့်ပဲ ဟိုရွေ့ဒီရွေ့လုပ်လဲ ပိုတင်းကျပ်သွားတာပဲ အဖတ်တင်တာပဲမို့ ဒီတိုင်းပဲထားလိုက်တော့တရ် ...
ခေါင်းကိုက်နေရတဲ့ကြားထဲ ပင်းပန်းတဲ့အလုပ်တွေထပ်လုပ်ရင် Wang Yibo မဟုတ် ...
နဲနဲတင်းကျပ်တားပဲရှိတာ အိပ်ရတာ နွေးတောင်နွေးသေးဆိုပီးတောင် တွေးလိုက်မိပါသေးတရ် ...
^ အဟင်း ... Wang ကတော့ နိုးနေတာတောင် အပျင်းတစ်နေပြန်ပီ ... မထသေးဘူးလား မောင့်အိပ်ပုတ်လေးရဲ့ ^
ဟင် ... ငါ မောင့် အသံကြားနေရပါလား ... အိပ်မက် မက်နေတာများလား ...
မျက်လုံးမနည်းဖွင့်ကြည့်လိုက်တော့ မြင်လိုက်ရတဲ့ လိုက်ကာကြောင့် စောနက မောင့်အသံဟာ အိမ်မက်မဟုတ်ဘူးဆိုတာ သက်သေပြသွားလေတော့သည်။
^ ကျွန်တော်က ဘယ်လို မောင်တို့နဲ့ပြန်ပါလာရတာလဲ ... ဟိုကောင် ... ဟောက်ရွမ်းတို့ရော ^
^ မောင့် Wang ကအရမ်းသောက်နိုင်တော့ တစ်ခွက်ထဲနဲ့တင် မှောက်သွားရော ... ဟောက်ရွမ်းတို့လဲ မောင်တို့အိမ်မှာပါပဲခင်ဗျာ ... ဘာများသိချင်ပါသေးလဲဗျ ^
ပြောလဲပြော Yibo ရဲ့ ဂုတ်ကို တမွမွ နမ်းနေတဲ့မောင့်ကြောင့် အသည်းတယားယား ... ခုထိလဲ သိမ်းကြုံးဖတ်ထားတာ မလွတ်သေးတာမို့ သူကခုထိလှုပ်မရသေး ... ဖတ်ထားတာများ လူကို အရိုးကျိုးမတတ် ...
မောင့် ညာလက်တစ်ဖက်က သူ့ပခုံးအောက်ကိုလျိုးသွင်းပီး သူ့ညာလက်ကိုပါ မောင်က ပြန်ကိုင်ထားတာ ... ကျန်တဲ့မောင်လက်ကတော့ သူ့ခါးကိုရစ်ပွတ်ထားပီး သူ့လက်ကိုပါ ဆုပ်ကိုင်ထားသေးတာ ... အမလေး ... ဒါတင်မပီးသေး ... ခြေထောက်ကြီးကပါ ကိုယ့်အပေါ်ပစ်တင်ထားသေးတာ ... မသိရင် Yibo မှာ မောင့်အတွက် ဖတ်လုံးကြီးကျနေတာပဲ ...
^ လွတ်ဦးလေဗျာ ... ^
^ လွတ်ချင်သေးဘူး ... ပြန်အိပ်ဦး ... စောသေးတရ် ^
^ ဘယ်ကိုပြန်အိပ်ရမှာလဲ ... ကလေးတွေ ရိုက်ကူးရေးရှိနေတာကို ... နောက်ပီး မောင်တို့ပါ ရှိနေရမှာမလား ... ^
^ အင်း ... မောင့် ဂျူနီယာတွေကရှိနေမှာပါ ... မောင်တော့ မလာတော့ဘူး ^
^ ဘာလို့ ^
ခုထိ Yibo ကကျောပေးစကားပြောနေတဲ့ အနေအထားမို့ ကိုရိုးကားယားနိုင်တရ်ဆိုပေမဲ့ မောင်ကလဲ ဖတ်ထားချင်သေးသလို သူကလဲအဖတ်ခံထားချင်တရ်ဆိုတော့ကားလဲ ...
^ Wang က အရမ်းတွေ မိုက်နေလို့ မောင်က မနေနိုင်ပဲ ဖတ်နမ်းချင်လာရင် ဘယ်လိုလုပ်မလဲ ... ရွတ် ^
ပြောပီးတာနဲ့ Yibo ရဲ့ မျက်နှာမသစ်ရတဲ့ပါးလေးတစ်ဖတ်ဟာ အနမ်းခံလိုက်ရသေးတာ ...
^ ဟား ... ဆူပုတ်နေတာပဲကွာ မောင့် Wang ... ဘာလဲ ... ပါးကြီးတွေဖောင်းထားပေးတာ မောင်ကိုက်ဖို့အတွက်လား ... ပြော ^
တဂယ်လဲ ... Yibo က မောင့်စကားကြောင့် ကောက်သွားတာအမှန် ... ဘယ်နှယ် ... သူက လူကို မိမိုက်နေမှ နမ်းနေတာကျနေတာပဲ ... နေစမ်းပါဦး ... ငါကအမြဲမိမိုက်နေတာပဲကို ... ငါဆိုတဲ့ Wang Yibo က Cool Guy လေ ... ဒါကို မောင့်ကမသိဘူးလား ... ရှုပ်မဲ့မဲ့နဲ့ တွေးချင်းတာတွေးနေတဲ့ Yibo ဟာ မောင်ပြောတဲ့စကားတွေကိုလဲမကြားလိုက် ...
^ ဟမ်လို့ ... မောင်ကိုက်မှာနော်လို့ ... ^
^ မောင်နော် ... မနက်အစောကြီး ဘယ်လိုတွေဖစ်နေလဲ ... လွတ်ဦး ... ချွေးတွေတောင်ပြန်လာပီ ^
^ Morning Kiss ပေးမရ်လို့ ပြောရင် လွတ်ပေးမရ် ... မဟုတ်ရင် နိုးပါ ^
^ ဆုတောင်း ^
စောနက ကောက်လတ်စအခံရှိနေတဲ့ Yibo ဟာ ခုဆိုဘေးထိုင်ဘုပြောနေတော့တာဘဲဖြစ်သည်။
ဒါပေမဲ့လဲ ...မကြာလိုက် ... ယုန်ကြီးရဲ့ နောက်ကနေ ကလိမှု့ကိုတွေမခံနိုင်အဆုံးမှာ မုန်လာဥလေးမှာ ကတိတွေပေးလိုက်ရတော့သည်။
^ ကဲ ... ပေးမရ် ... လွတ်တော့ ^
^ စိတ်ဆိုးတဲ့ လေသံနဲ့မပြောနဲ့ ... ဖြေးဖြေးပြောတဲ့ လေသံလေးပြော ... Wang မောင့်ကိုလေ Morning Kiss လေးပေးမရ်နော်လို့ ... အာ့လို့ပြော ^
^ အဟီး ... ဒီက မောင့်ကိုလေ Wang က Morning Kiss ...... ပေးမရ်လို့ ဘယ်သူပြောလဲ ^ ပြောလဲပြော တန်းနေအောင် ရေချိုးခန်း၀င်ပြေးတော့တာပါပဲ ...
Xiao Zhan မှာတော့ လုံးတုံးလုံးတုံး နဲ့ ပြေး၀င်သွားတဲ့ကောင်လေးကြောင့် အသည်းတယားယား ... လွတ်တုန်းတော့လုပ်ထားဦးပေါ့ ... အပြင်ထွက်လာတာနဲ့ အတင်းချုပ်ပီးနမ်းပစ်ဦးမရ် ... ခုတော့ သူ့ကလေးလေးအမူးပြေရေးအတွက် မနက်စာလေး စီစဉ်လိုက်ရပါဦးမရ်လေ ...
----------------------------------------------------------------------------------
^ မောင် တကယ်မလိုက်ဘူးလား ^ အိမ်ကအထွက်နောက်ကျနေတာမို့ Company Canteen မှာ Coffee သောက်ရင်းနဲ့ Yibo မေးနေမိသည်။
အမှန်ဆို Breakfast ကမောင့်လက်ရာလေးစားလာပီးသားဆိုပေမဲ့ Training Room ပေါ်တတ်ဖို့ကလဲစောနေသေးတာမို့ မောင်နဲ့ အချိန်လာဗြုန်းနေတာပင် ...
^ ဟား ဟား ... မောင့်ကို Wang မေးတာ ဘယ်နှခါတောင်ရှိနေပီလဲဟင် ... မောင် ဒီနေ့တော့မလိုက်ကြည့်တော့ဘူး ... နောက်တစ်ခေါက်မှ လိုက်ကြည့်တော့မရ် ^
^ မောင်ကလဲဗျာ ... ဟုတ်ပါပီ ... ကျွန်တော် ပီးတာနဲ့ ဖုန်းဆက်လိုက်မရ် ... ကလေးတွေက ရိုက်ကူးရေးပီးရင် ပြန်လေ့ကျင့်ပီးမှ သူတို့ Training ပီးမှာ ^
^ ဟုတ်ကဲ့ ဆရာ၀မ် ^ လက်နှစ်ဖက်ကိုပိုက်ပီး ပြောနေတဲ့မောင်က တကယ့်ကိုကလေးကလားနဲ့ ...
အရင်ကဆို မောင်က သူမခေါ်ရင်တောင် စိတ်မချဘူးဆိုပီး လိုက်နေကြသူက ... ခုများကျတော့ ...နေစမ်းပါဦး ... ပြင်ထားဆင်ထားတာက ပုံမှန် Company သွားတဲ့ပုံစံနဲ့ကို တူမနေတာ ...
^ မောင် ... ခင်ဗျား ဘယ်သွားမလို့လဲ ^
^ ခင်ဗျာ ... ကျွန်တော် ကဘယ်သွားရမှာလဲ ^
^ မောင် ... မရွဲနဲ့နော် ... ^ ဆူပုတ်လာရာကနေ ငိုမဲ့မဲ့ဖြစ်သွားလိုက် ... ပီးတာနဲ့ ဒေါသရိပ်လေးတွေတတ်လာလိုက်နဲ့ သူ့ရဲ့ Wang ကသိပ်စလို့ကောင်းတာပဲ ...
Advertisement
^ ဟော်ဗျာ ... တကယ် ... ဘယ်မှသွားစရာမရှိဘူး ... မောင်ကဒီညနေ Share holder Meeting ရှိတရ်လေ ... သပ်သပ်ရပ်ရပ်လေးမှ ကောင်းမှာမလား ... မောင့်ဆီ လိုက်မကြည့်ဘူးဆိုတာကလဲ မောင်က Dew နဲ့ပြောစရာကိစ္စလေးရှိနေလို့ ... ကြာမလား ... စောမလား မသိလို့ ... ပီးတာနဲ့ အာ့ကောင်နဲ့တူတူလာခဲ့မရ် ... စိတ်မပူနဲ့ ... ပီးတော့ ကျိုးချန်ပါ ခဏနေရင်လာမှာ ... သူတို့ နှစ်ယောက်မတွေ့တာကြာပီလေ ... ^
^ ဒါဆို Boss ကမလာဘူးပေါ့ ... မောင်က ကျွန်တော်ဆီမလာပဲ မောင့်သူငယ်ချင်းတွေနဲ့စကားသွားပြောမရ်ပေါ့ ... ^
ပုံမှန်ဆို Yibo က ဒီကိစ္စလောက်ကို ရစ်မိမှာမဟုတ်ပေမဲ့ ပထမဆုံးရိုက်ကူးရေးလုပ်မဲ့နေ့မှာ မောင့်ကိုအနားမှာရှိစေချင်မိတာ ...
ဘာမှမပြောဘဲ ငြိမ်နေတဲ့မောင့်ကြောင့် မညိမ်းသေးတဲ့ ဒေါသက ထွက်လာတော့ ဘာမှမပြောဘဲ ကွကိုယ်ထွက်လာတော့ မောင့်ရယ်သံက သူ့နောက်ပါးကပါလာတာမို့ သူပါခိုးပြုံးမိလိုက်တရ် ...
^ ဟော ... စောင့်ပါဦး ဒေါသအိုးလေးရဲ့ ... မောင်က နည်းနည်းလေးစတဲ့ဟာကို ... ^
တကယ့်ကို ကောက်သွားပုံရတဲ့ Wang ကြောင့် လူကြားထဲမှာ အကျယ်ကြီးထအော်မိတော့ ရုတ်ခြင်းရပ်သွားပီး သူကို ပြုးကြောင်ကြောင်လေးပြန်ကြည့်နေတရ် ... ဖက်နမ်းလိုက်ပြန်ရင်လဲ မကောင်းရှိတော့မရ် ... မင်းလေးနဲ့တော့ ...
^ အကျယ်ကြီး အော်မှပဲရပ်တော့တရ် မောင့် Wang က ... လာ ... မောင်လိုက်ပို့မှာပေါ့ ^ လက်တစ်ဖက်ကို တွဲပီး Elevator ထဲ၀င်ထဲအထိ Wang ဟာကြောင်နေတုန်း ...
သူတို့ ချစ်သူစဖစ်တုန်းကဆို Wang ကလဲ ငယ်သူမို့ Xiao Zhan ကိုယ်တိုင် Public Attention မလိုချင်လို့ လက်တွဲချင်လဲမတွဲရ ... ဖက်ချင်လဲမဖက်ရနဲ့ ... သူ့မှာချုပ်တည်းခဲ့ရတာနည်းတာမဟုတ်ဘူးမလား ...
ခုဆို သူတို့ကအရွယ်တစ်ခုလည်းရောက်နေပီဆိုတော့ ... နောက်ပီး Public Attention ရလဲဂရုမစိုက်တော့ဘူး ... ကိုယ့်အပိုင်ဖြစ်ကြောင်းမပြထားရင် လိုချင်တဲ့သူကနည်းတာမဟုတ်ဘူး ... အပိုင်းဖြစ်ကြောင်း မောင်ခတ်ထားတာတောင် လုယူချင်တဲ့တစ်ချို့တစ်ချို့ကရှိသေး ...
^ ကဲ ... Wang ရောက်ပီ ... ^
^ မောင် ... စောနက ^
^ Wang ကလဲ ... မောင်တို့က Silent တွဲနေတာလဲမဟုတ်သလို ... လူသိမခံနိုင်စရာအကြောင်းလဲ မရှိဘူးမဟုတ်လား ... ဘာလဲ Wang ကရှက်သွားလို့လား ^
Yibo Training Room ရှေ့ရော ဘာသော နားမလည်တော့ မောင့်ခါးကိုသာဖတ်ပီး မောင့်ရင်ခွင်ထဲတိုး၀င်ပလိုက်တော့တာပဲ ...
သူတို့ပြန်တွဲတုန်းကတောင် Company ရှေ့ရောက်တာနဲ့ သူကအလိုက်တသိဖြုတ်ပေးခဲ့တာ ... မောင်မကြိုက်မှာစိုးလို့ ... ခုတော့ မောင်က ...
^ အင်း ... ရှက်လို့ ... ဟိုလေ ... မောင်နဲ့တွဲလို့ရှက်တာမဟုတ်ပေမဲ့ ... ဟိုဟာကိုရှက်တာ ... ဟာ ... ဘယ်လိုပြောရမှန်းကိုမသိတော့ဘူးဗျာ ^
ရှက်ရမ်းရမ်းပီး သူ့ရင်ခွင်ထဲပုန်းနေတဲ့ Wang ကြောင့် သူ့မှာ အသည်းတယားယား ... တင်းတင်းကြပ်ကြပ်ပြန်ဖတ်လိုက်ပီး
^ မျက်နှာလေးမော့ပါဦး ... မတွေ့ရမဲ့အချိန်လေးအတွက် အားလေးယူချင်လို့ ^
^ ဟာ ... ရှက်နေတရ်ဆို ... ဘယ်လိုဖြစ် ... ^
မျက်နှာလေးနီနီနဲ့ ခေါင်းလေးဖြေးဖြေးချင်းမော့လာတာမို့ နူဖူးလေးကိုပဲ ခပ်ကြာကြာကပ်ပီး အနမ်းချွေလိုက်တော့တရ် ...
^ ကဲ ... မောင် ခဏသွားလိုက်ဦးမရ် ... မောင်လာကြည့်မှာ ... စိတ်ချ ... မောင်ရဲ့ Wang Fighting ^
ပြောလဲပြောပီး နောက်လှည့်တကြည့်ကြည့်နဲ့ သွားတဲ့မောင့်ကို သူလဲလည်တမော့မော့နဲ့ကြည့်ရပါသေးတရ် ...
----------------------------------------------------------------------------------
^ Sean ... မင်းမြန်သားပဲ ^
^ Wang ကိုလိုက်ပို့ပီးတစ်ခါထဲတန်းလာတာ ... ကျိုးချန်ရောက်နေပီဆို စလိုက်ကြတာပေါ့ ^
^ ဘာလဲ ... ငါ့ကိုဘာကိစ္စခေါ်တာတုန်း ... ဘုမသိဘမသိနဲ့ ငါကရောက်နေရတာပါ ^
Landon မှာနေတာကြာခဲ့တဲ့ ကျိုးချန်က ရှောင်ကျန့်နဲ့ ရင်နှီးခဲ့တဲ့ Dew နဲ့မိတ်ဆွေတွေဆိုလဲ မမှား ...
^ မင်းကို သက်သေအဖြစ်ခေါ်ထားတာ ... မင်းနဲ့ကရှင်းစရာရှိသေးတရ် ... နေဦး ^
^ ဟုတ်ကဲ့ အဖေ ^
ထုံစံအတိုင်း ရွဲတဲ့တဲ့နဲ့ပြန်ဖြေလေရက် ... တကယ်ပါ ... အာ့ကောင်ကို ဘယ်သူမှယူမဲ့သူ့ကိုမရှိဘူးထင်ထားတာ ... ပါးစိပါးစပ်ကများသေး ... ဇီဇာကကြောင်သေးနဲ့ ...
^ Dew ... ငါမနေ့က ဖုန်းခေါ်တာ မင်းကြားတရ်မလား ... မင်းရဲ့ညီတော်မောင်အသံတွေ ... နား၀င်ချိုနေလား Dew ... မင်းညီကို လွတ်ထားတော့မှာလား ... အေး ... ဒါဆိုတစ်ခုခုဆို ငါ့ကိုအပြစ်မတင်နဲ့နော် ... ^
ဒေါသသံနဲ့စလိုက်တဲ့စကားဝိုင်းကြောင့် Dew ကလေသံအေးအေးနဲ့ ဖြန်ဖြေလေတရ် ...
^ ညီညီက အရက်၀င်သွားလို့ ပြောမိပြောရာပြောတာပါ ... နောက်ပီး ... ဒီနေ့ရိုက်ကူးရေးလေ ... ငါဆူလို့ သူ mood မကောင်းရင် အားလုံးအတွက် နှောင့်နှေးကုန်မှာစိုးလို့မပြောသေးတာပါ ... ငါနောက်ရက် သီးသန့်ခေါ်ဆူပေးပါမရ် ^
^ ငါကတော့ မင်းညီကို မူးနေတရ် မထင်ဘူး ^ ဆိုဖာကိုမှီချပီး လက်တန်းကို လက်ကိုတင်ရင်း မျက်ရိုးနားနှစ်ခုကို အသာလေးညစ်လိုက်ပီးပြောတော့ ကျိုးချန်က နားမလည်သလိုမေးလေတရ် ...
^ မင်းဘာကိုပြောတာလဲ Xiao Zhan ^
^ မင်းလဲရှိတာပဲ ကျိုးချန် ... သူခုံပေါ် ခေါင်းစိုက်နေတာကလွဲရင် ငါ့ကိုပြောသွားတာတွေမှန်သမျှ ထေ့ထေ့ငေါ့ငေါ့ ဘာတစ်ခုမှမရှိဘူး ... ဟက် ... မင်းညီက မူးလို့ပြောချင်တာပြောတာမဟုတ်ဘူး ... ပြောချင်တာပြောဖို့အတွက် ရဲဆေးတင်တာပဲနေမှာ ^
ခပ်ထေ့ထေ့ပြောလိုက်တဲ့ Xiao Zhan စကားကြောင့် ကျိုးချန်လဲပြန်တွေးကြည့်မိတရ် ... တကယ့်ကိုပဲ ... အာ့ကောင်လေးက ခေါင်းငိုက်နေလို့သာ မူးတရ်လို့သူတို့သတ်မှတ်ခဲ့တာ ... တခြားကောင်လေးတွေဆို စကားပြောဖို့နေနေသာ သူ့တို့ခွက်တောင် သူတို့မ မနိုင်ကြတော့ဘူးမလား ...
^ ညီညီက အချစ်ဦးမို့ နည်းနည်းလေး စိတ်... ^ Dew စကားတောင် မစောင့်နိုင်ပဲ Xiao Zhan ဖြတ်ပြောလိုက်တော့တရ် ...
^ မင်းသိလား Dew ... မင်းညီပြောခဲ့တဲ့စကားတွေကို ငါအလွတ်ရတုန်းပဲ ... Wang ကငါနဲ့တန်လို့လားတဲ့ ... သူနဲ့သာအရင်တွေ့ခဲ့မရ်ဆိုရင် Wang အချစ်က သူ့အတွက်ဖြစ်လာမှာတဲ့ ... ဟက် ... သိပ်ကိုရူးလွန်းမနေဘူးလား ... ဘာကိုပိုနာလဲသက်လား ... ယုံကြည်လို့ပြောမိရဲ့ ငါ့ရဲ့အတိတ်ကို မင်းကလွယ်လွယ်ကူကူ မင်းညီကို ပြောပြလိုက်တာပဲ ... ခုဆို မင်းညီက ငါ့အတိတ်ကို ချနှင်းပီး Wang နဲ့ငါ့ကြားသွေးခွဲဖို့ Plan ဆွဲနေလောက်ပီ ^
Advertisement
^ ငါမရည်ရွယ်ပါဘူး Sean ... ငါက ညီညီလက်လျော့သွားစေလိုတဲ့ ရည်ရွယ်ချက်နဲ့ပဲ ပြောလိုက်မိတာပါ ... ငါတောင်းပန်ပါတရ် ^
သူလဲ Dew စိတ်ရင်းအမှန်ကိုသိပါတရ် ... နဂိုထဲကစိတ်ပျော့တဲ့အပြင် အမြဲအလိုလိုက်တဲ့သူ့ညီကို သူ့ကိုယ်တိုင်ပြောဖို့အရေးမို့ Xiao Zhan ပိုပိုသာသာလေးဖိပြောပေးလိုက်သည်။
^ မလိုပါဘူး ... တောင်းပန်လို့လဲ ထူးမသွားဘူး ... ငါလိုချင်တာ မင်းညီကိုဆက်ပီး မလွန်ကဲဖို့ပဲ ... ဒီထက်ဆိုးလာရင် Uncle Chirst တို့ကိုပါ ငါပြောသင့်ရင်ပြောရမှာပဲ ... သူ Wang ကိုချစ်တာကို ငါတားလို့မရဘူးဆိုတာ နားလည်တရ် ... ပိုင်ရှင်ရှိပီးသားလူကို လုမယူရဘူးဆိုတဲ့ လူကျင့်၀တ်ကို နားလည်အောင် မင်းညီကိုသင်ပေးလိုက်ဦး ... ငါ ကျိုးချန်နဲ့ခဏစကားပြောလိုက်ဦးမရ် ... ပီးမှ ငါနဲ့အတူWang ဆီသွားတာပေါ့ ... Wang ရှေ့မှာ မူမပြတ်အောင်နေပေးပါ ... ငါသွားပီ ^ ပြောချင်တာပြောပီး ခြေလှမ်းကျဲကြီးနဲ့ တံခါးနားရောက်သွားတဲ့ Xiao Zhan ကို Dew က
^ Daddy တို့ကို အသိမပေးလိုက်ပါနဲ့ ... ငါ ညီညီ ကိုနိုင်အောင်ပြောပေးပါ့မရ် ... မင်းတို့နှစ်ယောက်စကားပြောပီးရင် ဖုန်းခေါ်လိုက် ^
နောက်လှည့်မကြည့်ပဲ လက်တစ်ချက်သာပြသွားတဲ့ Xiao Zhan နောက်ကို ကျိုးချန်မနည်းမှီအောင်လိုက်ရပါတရ် ...
^ ဖြေးဖြေးသွား ဟေ့ကောင်ရ ... မင်းနောက်ဘယ်သူလိုက်လာလို့လဲ ^ ဟောဟဲစိုက်နေတဲ့ လေသံနဲ့ပြောတဲ့ ကျိုးချန်ကိုအံဩလိုက်တာဆိုတာ ...
^ Drama တွေမချိုးနဲ့ ... ငါအိမ်မှာမမေးချင်လို့ ... သီးသန့်ခေါ်လာတာ ... လျာကိုရှည်တရ် ... ဒီမှာ ငါ့ရုံးခန်း ... ထိုင် ... ဒီမှာရေ ... ^
အငမ်းမရသောက်နေတဲ့ ကျိုးချန်ကို Xiao Zhan စိတ်ရှည်ရှည်နဲ့စောင့်ပေးလိုက်ပါတရ် ...
^ မင်းပထွေးခေါ်ပါလား ... ငါ့ခေါ်စရာလား ^
^ ငါ့ ပထွေးက အိမ်မှာ ဟောက်ရွမ်းတို့စားဖို့ Breakfast လုပ်ရင်းကျန်ခဲ့တရ်လေ ... နောက်ပီး Dew နဲ့မှမသိတာ ... ခေါ်လာတော့ ကြောင်နေမှာပေါ့ ^
^ အေးပါ ...အာ့များ လေကြီးလေကျယ် သက်သေအဖြစ်ခေါ်ထားတရ်ရှိသေး ... ထားပါတော့ ... ပြော ... မင်းဘာသိချင်လို့လဲ ^
^ Wang ... ငါဆေးရုံတတ်တုန်းက ဘယ်လိုသိပီးရောက်လာတာလဲ ^ ရှု့တည်တည်နဲ့မေးလိုက်တော့
^ မင်း ဟိုတစ်ခေါက်လဲ မေးပီးပီကို ... မင်းစာဖတ်ပီးရောက်လာတာဆိုနေ ... ငါမိန်းမဆီဖုန်းဆက် ^
ဟုတ်တရ် ... သူWang အိမ်ပြန်တဲ့ညကလဲ တစ်ခေါက်မေးဖူးတရ် ... အာ့တုန်းကလဲ နှစ်ကောင်သားမူပျက်ပီး ရှောင်ထွက်သွားကြတာ ...
^ ငါ့ဆီက စာ Wang မရမှန်း ငါသိတရ် ... ^
Idol နှစ်ယောက်အပေါ်ထိခိုက်စေလိုသော အသုံးအနှုန်းများရှိရင် အားမနာတမ်းလာပြောလို့ရပါတရ်ရှင့် ...
ပုံတွေအားလုံး Credit ပေးပါတရ်ရှင့် ...
ရှေ့ရက်ပိုင်းက Violet နေမကောင်းလို့မ up ပေးနိုင်တာပါရှင့် ...
#Violet
^ လွတ်ဦးလေဗျာ ... ^
^ ဘာလို့ ^
^ ဆုတောင်း ^
^ ကဲ ... ပေးမရ် ... လွတ်တော့ ^
----------------------------------------------------------------------------------
^ ကဲ ... Wang ရောက်ပီ ... ^
^ မောင် ... စောနက ^
----------------------------------------------------------------------------------
^ Sean ... မင်းမြန်သားပဲ ^
^ ဟုတ်ကဲ့ အဖေ ^
Advertisement
- In Serial32 Chapters
After Agonising ,Will You Love Again? [ Completed ]
သူ့ ကြောင့် နာကျင်စွာ ခံစားပြီးရင် မင်း သူ့ ကို နောက်တစ်ကြိမ် ထပ်ချစ်ဦးမလား ?သူ့ ကြောင့် နာကျင်စွာ ခံစားပြီးရင် မင်း သူ့ ကို နောက်တစ်ကြိမ် ထပ်ချစ်ဦးမလား ?BJYX HISTORICAL FANFICTION
8 134 - In Serial54 Chapters
Different
This book contains sexual assault, suicidal behaviour, drugs, alcohol and self harm.If any of these things trigger you, I advise you not to read this book.~"Who do you think you are?" I snap."A very hot guy that I know you can't resist," he winks at me.Dick."Well you got that wrong as usual," I roll my eyes at him and turn around, to walk home."Please don't go," I hear a sad whisper behind me. Is he for real?"Stop playing these games with me. I'm not just one of your other whores that you can just have sex with whenever you feel like it. I know how you are. I know what you are," I snap at him, disgust clear in my voice.I wait for a response but I don't get one so I just turn around and leave.~#1 in heartbreak 10th December 2k19#1 in college 27th March 2k19#1 in toxic 20th July 2k19#6 in romance 4th March 2k21
8 289 - In Serial12 Chapters
Corner's Café
"Good Afternoon! This is Corner's Café, where we sell more than just coffee, how can I help you?""More than just coffee? So how much will it be for a sloppy?"In which a boy and a girl talk over a landline without knowing each other's identities, but what happens when things begin to unravel?[dialogue || storyline]
8 145 - In Serial62 Chapters
The Chapstick Girl
"Who is she?" Damien asks, pointing at the girl who's smile instantly stood out to him. He hasn't seen her before, but even from afar, her smile was contagious. Maybe it was the way her lips curved upward, or how her eyes brightened in the dullness of the boxing arena.His friend follows the direction of his eyes to the girl sitting across the room, "Coach's daughter?" He asks.Damien nods his head, "That my friend, is the Chapstick girl." ~~~~~~~~~Amber is just your average girl trying to survive through her junior year of highschool. Well, let's elaborate on that average part, there is just a small little detail that was left out.That she is known as the Chapstick girl. Why? No one hates her, in fact, everyone adores her kind, happy nature. Always willing to put others before herself. Or maybe it was because no matter where she goes, she always has HER chapstick. It defined her.A lot of people bypass the reason why she always has it, but maybe it has a deeper meaning than what other people see.Well, except one person.Damien.~~~~~~~~~~~~~Book three in the T.B.B.B (The Bad Boy Boxer) Series.Cover by @_broken_chords
8 127 - In Serial26 Chapters
Slut Meets Satan
Seylah Thomson moved into town with just one goal. To take over as the queen bee. She's been at the top all her life so this time wasn't going to be different. At least that's what she thought before she met Damien McKay aka SATAN.Damien turned out to be the only person who knew the secret she tried so hard to hide. And he just had to take advantage of that. "Meeting you was the worst thing that has ever happened to me". I said fuming with anger."If I were you I would watch my mouth. I'm not the one with the secret. You are. And I could tell the whole world with just one push of a button".
8 188 - In Serial95 Chapters
His Maid | Kim Taehyung
[cover made by @kimtata12301995 thank you so much] Everything was fine until Kim Taehyung, the classmate who definately doesn't like you, found out about you working at a maid caffee.And you're afraid of the way he might use it to his benefit.Highest ranks:#1 on btsv#1 on kimtaehyung#1 on jungkook#1 on jhope#1 on reader*Inspired by the anime Kaichou wa maid-sama!**BTS V Fanfiction*
8 103

