《Late Regret ( COMPLETED )》Part 28
Advertisement
^ ညီညီ ...Yibo သွားစရာရှိလို့နေမှာပေါ့ ... ငါ့ညီတွေ ပင်ပန်းသွားပီနော် ... အားလုံးအေးဆေးနားပီးမှ ညကျမှပြန်တွေ့ကြတာပေါ့ ... ညီညီ မင်းခဏနေခဲ့ဦး ... ကိုကြီးပြောစရာရှိတရ် ^
^ ဘာကိစ္စလဲ ကိုကြီး ^
ရိုက်ကူးရေးတွေ သိမ်းစရာရှိတာသိမ်းပီးလူရှင်းတဲ့အထိ စောင့်နေတာမို့ အတော်လေးတောင် ကြာသွားတရ် ... ညီညီကို နားစေချင်ပေမဲ့ ပြောစရာရှိတာတော့ ပြောမှဖြစ်မှာမို့ ...
^ မနေ့က ညီညီ ဘယ်လိုပြန်ရောက်လာလဲသိလား ^
^ မမှတ်မိတော့ဘူး ^
^ အဟင်း ... ညီညီက ဘယ်တုန်းကတစ်ခွက်ထဲနဲ့မူးတတ်သွားတာလဲ ... ကိုကိုပဲ အမှတ်မှားတာများလား ^
^ ကိုကြီး ပြောချင်တာ ဒါပဲလား ... ဒါဆို ကျွန်တော်သွားနားတော့မရ် ^
^ Yibo ကိုမေ့လိုက် ညီညီ ... မင်းသက်တမ်းမှာ မင်းနဲ့ကိုက်ညီမဲ့လူတစ်ယောက်ရှိနေဦးမှာပဲ ^
^ ဟက် ... နောက်ဆုံးတော့လဲ ဒီစကားနဲ့ပဲ အဆုံးသတ်တာပေါ့ ... ကိုကို့ကို မေ့ဖို့ချစ်ခဲ့တာမဟုတ်ဘူးလို့ ကျွန်တော်ပြောဖူးတရ်နဲ့တူတရ် ... ကျွန်တော့်ကိစ္စတွေ ၀င်မပါနဲ့ ကိုကြီး ... ကျွန်တော်မကြိုက်ဘူး ...^
ဟာသပဲ ... Sean ဆိုတဲ့သူက ကိုကြီးကို ဘာများထပ်ပြောလိုက်လို့ ကိုကြီးက သူ့ကိုအက်ကြောင်းထပ်အောင်လာပြောနေရတာလဲ ...
^ မင်းလဲ သူများကိစ္စတွေကြား ၀င်မရှုပ်နဲ့ ညီညီ ... ဒါဆို ကိုကြီးလဲ လိုက်ပြောစရာမလိုဘူး ... Sean ကို ငနုံငအ များ မင်းထင်နေလား ... မင်းမနေ့ကမမူးတာကအစ သူသိတရ် ... အေး ... သိလို့လဲ ... ငါ့ကိုဖုန်းဆက်ပီး မင်းပြောသမျှနားထောင်ခိုင်းနေတာပေါ့ ... ညီညီ အကယ်၍သာ Yibo စိတ်ကမင်းဆီမှာရှိပီး Sean ကနှောက်ယှက်နေမရ်ဆို ကိုကြီးက မင်းဘက်ကနေဖို့ ၀န်မလေးဘူး ... ခုက ညီညီရာ ... မင်းရုပ်ရည် မင်းအဆင့်အတန်းနဲ့ သူများရည်းစားကိုမှ ... ကျစ် ^
^ ကိုကိုသာ ကျွန်တော်နဲ့ အရင်တွေ့ခဲ့မရ်ဆိုရင် Sean ဆိုတာ ကိုကို့ဘ၀မပြောနဲ့ ကိုကို့ မှတ်ညဏ်ထဲတောင် ရှိနေမှာမဟုတ်ဘူး ... ဟုတ်တရ် ... ခုချိန်မှာ ကိုကိုဟာ သူများချစ်သူ ... ဘာဖြစ်လဲ ... လက်မထပ်ရသေးသ၍ ကျွန်တော့်မှာ ကြိုးစားပိုင်ခွင့်အပြည့်ရှိတရ် ... ကျွန်တော်ကမှ ကိုကြီးညီအရင်းပါ ... သွေးကရေထက်ပျစ်တရ်တဲ့ ... ဟက် ... ကိုကြီးနဲ့မှ သူစိမ်းဘက်မှာ ရှိနေရတရ်လို့ ^
မနေ့ကသူအလုံးစုံမမူးခဲ့ဘူးဆိုရင် ရီဝေဝေတော့ဖြစ်ခဲ့တာ အမှန် ... နည်းနည်းပဲ Sean ကိုပြောမရ်လို့တွေးထားပေမဲ့ အရက်အရှိန်နဲ့ လူဟာ ဘရိတ်အုပ်လို့မရခဲ့တော့ဘူး ... တော်သေးတာတစ်ခုက ကိုကိုဟာလဲ ခေါင်းမထောင်နိုင်အောင် မူးနေတာမို့လို့ ...
^ ငါ အမှန်တရားဘက်မှာပဲရှိတာ ညီညီ ... မင်းက ငါ့ညီ ... ငါ့ကမင်းကိုဆုံးမပိုင်ခွင့်ရှိတရ် ... အချိန်မလွန်ခင် မင်းရှေ့ဆက်သမျှကို ရပ်လိုက်ပါ ... မင်းက သူတို့နှစ်ယောက်ရဲ့ ကြားလူတောင်မဟုတ်ဘူး အပြင်လူသာသာပဲ ညီညီ ... နောက်ဆုံးခံစားရမှာမင်းပဲ ... ဒီကိစ္စလောက်နဲ့ Daddy ဆီကို မင်းအကြောင်းတွေမတိုင်ချင်ဘူး ... ကိုကြီးပြောချင်တာ ဒါပဲ ... နားလိုက်တော့ ^
Daddy နဲ့တိုင်မရ်တဲ့လား ... ကိုကြီးသိပ်ရက်လွန်းရာမကျနေဘူးလား ... စီးပွားရေးလုပ်ငန်းရှင်ဖြစ်တဲ့ Daddy ဟာသူ့သားတွေကိုလဲ သူ့ခြေရာဆက်ခံ စေချင်နေတာအမှန် ... Dream အနုပညာအလုပ်လုပ်တာ ကန့်ကွက်သည်လဲမဟုတ် ... ထောက်ခံသည်လဲမဟုတ်ပေမဲ့ တခုခုသာ ကြားခဲ့ရင် သူမြတ်နိုးတဲ့အနုပညာအလုပ်ကလဲ ထွက်ရမှာအသအချာပင် ...
ဟက် ... ဘ၀ကြီးက သိပ်ကိုတရားဖို့ကောင်းနေတာပဲ ... ဘေးမှာအမြဲလိုလို ရပ်တည်ပေးတဲ့ ကိုကြီးကလဲ ခုဆို Sean ကြောင့် သူ့နားမှာမရှိသလို ... သိပ်ချစ်ရတဲ့ ကိုကိုကလဲ Sean ကြောင့်ပဲ သူ့ကိုမရွေးချယ်ခဲ့ပြန်ဘူး ... ခင်ဗျားကို ကျွန်တော်သိပ်မုန်းတာပဲ Sean ...
----------------------------------------------------------------------------------
^ ဘာဖြစ်နေတာလဲ မောင် ... ငြိမ့်ငြိမ့်နေစမ်းပါ ... ^
ခုဆို ပါးပါးချိန်းတဲ့ Hotel ရောက်နေပီး သီးသန့်အခန်းမှာရှိနေတာဖြစ်သည်။
မလာခင်ထဲက Wine ကြိုက်တဲ့ ပါးပါးဖို့ဆိုပီး မနည်းမနော Wine ပုလင်းတွေနဲ့ ... အပင်စိုက်ရတာလဲ ကြိုက်တရ်ဆိုပီးပြောလိုက်မိတော့ အပင်မျိုးစေ့ပေါင်းများစွာနဲ့ ... ခုလဲ ထိုင်မနေဘူး ... ဟိုလျောက်ဒီလျောက်နဲ့ ... ပြာယာကိုခတ်နေတော့တာ ...
^ Wang ကလဲ မောင်ကအရမ်းရင်တုန်နေလို့ပါ ... လာပါဦး ... မောင့်ကိုဖတ်ထားပေးပါဦး ^
ဟုတ်တရ် ... ထိုင်နေတဲ့ Yibo ကမတ်တပ်ရပ်နေတဲ့ မောင့်ဆီသွားပီးဖတ်ထရဦးမရ်ပေါ့လေ ... စိတ်ပေါက်ပေါက်နဲ့ ထိုင်နေမရ်လုပ်ပေမဲ့ မျက်လုံးရွဲကြီးဒဏ်ကို မခံနိုင်တဲ့အဆုံး ထသွားရတာပါပဲ ...
^ အင့် ... ဖြေးဖြေးဖတ်ပါ မောင်ရယ် ... နောက်ပီး စိတ်ကိုငြိမ်ငြိမ်ထား ... ကျွန်တော်ရှိတရ် ... ^
^ အင်း ... မောင်က အရမ်းစိတ်လှုပ်ရှားနေတာ ... မောင့်ကိုသဘောမကျမှာအရမ်းစိုးနေတာ ^
Yibo လဲဘာမှမပြောဘဲ မောင့်ပခုံးပြင်မှာပွတ်သပ်ပေးနေလိုက်တော့သည်။
တံခါးဖွင့်သံကြားတော့မှပဲ မောင့်ကိုဖက်ထားတာလွတ်ပီး ပါးပါးဆီအပြေးသွားလိုက်တော့သည်။
^ ပါးပါး ရောက်လာပီလား ... မောင်က ... ဟိုကျွန်တော့်ကောင်လေးက အရမ်းလန့်နေတာ ^
ပါးပါးရဲ့ မောင် ဆိုတဲ့အသံကြားတာနဲ့ပြူးလာတဲ့ မျက်လုံးကြောင့် မနည်းထိန်းပြောလိုက်ရတရ် ...
^ တွေ့ရတာ ၀မ်းသာပါတရ် ... ကျွန်တော် Wang ချစ်သူ Xiao Zhan ပါ ^
^ အဟင်း ... ပါးပါး အရင်ထိုင်ပါစေဦး ... တွေ့လား ပါးပါး ... ရုပ်တည်ကြီးနဲ့မနေနဲ့ ... ကျွန်တော့်ချစ်သူကနဂိုထဲကကြောက်နေရတဲ့ကြားထဲ ^
ခုံမှာတောင် မထိုင်ရသေးဘူး အတင်းကြီး မိတ်ဆတ်ပလိုက်တဲ့ မောင့်ကြောင့် သူပါရယ်မိတရ် ... စိတ်လှုပ်ရှားနေတာများ မောင်ရယ် ... ကျွန်တော်ရှိပါတရ်ဆိုမှ ...
^ အင်း ... ဟုတ်ပါပီ သားသားရာ ... ကောင်လေးလဲ ထိုင် ... အန်ကယ်နာမည်က ၀မ်ချိုးရိမ်တဲ့ ... ^
^ ဟုတ်ကဲ့ အန်ကယ် ... ^
^ ဘာအန်ကယ်နေမှာတုန်း ... ခေါ်ရတာ ထောက်နေမှာပေါ့ ... ခေါ်လိုက်လေ ပါးပါးလို့ပဲ အဟီး ^
ပါးပါးက ငြင်းဆန်မရ်မှာ မဟုတ်တဲ့အခြေအနေမို့ Yibo လဲ ကြောက်နေတဲ့ မောင်ကို အသည်းတယားယားနဲ့စနေမိတာ ...
^ Wang ကလဲ ^ ဆိုပီး စားပွဲအောက်က Yibo လက်ကိုဆုပ်ကိုင်လိုက်ကာ ပါးပါးကိုမရဲတရဲကြည့်ပီးညခေါင်းငုတ်ချပလိုက်တော့တရ် ... မောင့် လက်တွေကလဲအေးစက်လို့ ...
Advertisement
^ ဟား ... ဟား ... သားသား ပြောသလိုပေါ့ကွာ ... ကဲ ... အစားအသောက်လေး အရင်မှာကြတာပေါ့ ... သားတို့တော့မသိဘူး ... ပါးကတော့ ဗိုက်တော်တော်ဆာနေပီ ... ^
Waiter ခေါ်တဲ့ Bell နိုပ်ပီးမကြာလိုက် အစားအသောက်မှာတဲ့ ပါးပါးကြောင့် မောင့်လက်ကိုတစ်ချက်ညစ်လိုက်ပီး တိုးတိုးလေးကပ်ပြောလိုက်သည်။
^ ဘာမှမဖြစ်ဘူးမောင် ... ကျွန်တော်ရှိတရ် ... ^
လုံလောက်ပါတရ် ... Xiao Zhan အတွက်တကယ့်ကို ဒီစကားလေးပဲ လိုအပ်တာပါ ...
^ ကဲ ...စားဖို့သောက်ဖို့လဲ မှားပီးပီဆိုတော့ ... အဟင်း ... ပါးကို သားသား စပြောတုန်းက အရမ်းလန့်သွားတာ ... တစ်ခါမှ ချစ်သူရည်စားအကြောင်းမပြောနဲ့ သူငယ်ချင်းအကြောင်းတောင် ပါးကို ပြောလေ့မရှိဘူး ... ပြော့မဲ့ပြောပြတော့လဲ ချစ်သူကောင်လေးတဲ့ ... ဒီကအဘိုးကြီးက ခတ်မှီပါတရ်ကွ ... မင်းအာ့လောက်လဲမလန့်စမ်းပါနဲ့ ... ပါးကတော့ သမီးတစ်ယောက် ၀မ်အိမ်တော်ကို ရောက်လာရမဲ့အစား သားတစ်ယောက်ရလိုက်တရ်ပဲ သဘောထားတရ် ... အာ့တော့ သား အနေနဲ့ ပါးကိုကြောက်မနေနဲ့ ... ဟုတ်ပီလား ^
^ ဟုတ် ... ဟုတ်ကဲ့ ပါး ^
^ သားသားကတော့ လက်ရှိ Dancer တဲ့ကွာ ... တစ်ခါမှအိမ်ကပ်တရ်ကိုမရှိဘူး ... သားရော လက်ရှိဘာလုပ်နေတုန်း ^
^ ကျွန်တော်က Wang တို့ Company မှာပဲ Wang တို့ Team Designer ရော Share holder ရော လုပ်နေပါတရ် ^
^ ဟေ ... ဟားဟား ... ကောင်းပါ့ကွာ ... အစားသောက်တွေလဲ လာပီဆိုတော့ စားရင်နဲ့ပဲပြောကြတာပေါ့ ^
မောင်နဲ့ သူနဲ့ Company တသ်ခုထဲဆိုလို့ ပါးပါးကသဘောကျသွားပုံရတရ် ... နောက်ပိုင်းပီးတာနဲ့ Share ကိစ္စတွေနဲ့ သူတောင်၀င်ကူပြောစရာမလိုလိုက် ... မောင်နဲ့ ပါးပါးက လေပေးတည့်ကြလို့ရယ် ...
^ သားသား Desert ဘာစားဦးမလဲ ... သား သောက်တတ်ရင်သောက်နော် ... ပါးလဲ Wine လောက်တော့သောက်ဦးမရ် ... ဒါနဲ့ မင်းတို့ကွာ အပိုတွေ ၀ယ်လာရတရ်လို့ ... လက်ဗလာနဲ့လာလဲ ပါးကကြိုဆိုပါတရ်ကွ ^
^ ဘယ်ဟုတ်မလဲပါးပါးရဲ့ ... ဒါတောင် မောင်က ကျွန်တော်မနည်းပြောထားလို့ ... ဒါနဲ့ ကျွန်တော်က ice cream ပဲ ပါးပါး ... မောင်လဲ အဲ့ဒါပဲစား ... ဘာမှမသောက်ရဘူး ^
^ သားသား ... ဘယ်လိုဖြစ်လို့အတင်းတွေလုပ်နေတာတုန်း ... သားကြိုက်တာသောက်ပါစေ ... မင်းလဲ Wine ပဲမလား ... ပါးလဲအဖော်ရတာပေါ့ကွာ ^
သူလဲ ယောက္ခထီးစကား မငြင်းပယ်ချင်ပေမဲ့ Wang စကားကသူ့အတွက် အဓိကဆိုတော့ကား ...
^ ကျွန်တော်က အစာအိမ်သိပ်မကောင်းလို့ ပါး ... Ice cream လောက်ပဲစားတော့မရ် ... ^ အာ့တော့မှ ချစ်သည်းထားလေးကလဲ ပြုံးတော်မူတော့တရ် ...
^ သားသားနော် ... အကြီးကိုနိုင်တာ ပါးမကြိုက်ဘူးနော် ... ^
^ မောင်က ဆေးရုံကအစာအိမ်နဲ့ဆင်းလာတာ မကြာသေးဘူး ပါးပါးရဲ့ ... အာ့တောင် မနေ့ကသောက်ထားသေးတာ ^ ဆူပုတ်ပုတ်နဲ့ပြောနေတဲ့ Wang ကတကယ့်ချစ်မွေးလေး ...
^ ဟုတ်ပါပီ ... ဒါနဲ့ သားတို့ချစ်သူဖြစ်တာကြာပီလား ... ပါးကိုတော့ သားသားကဟိုနေ့ကမှပြောတာ ^
^ ဟီး ... ကျွန်တော်တို့ တက္ကသိုလ်ကျောင်းသားထဲကဆိုတော့ လေးနှစ်ကျော်လောက်ရှိပီ ပါးပါး ^
တစ်ယောက်နဲ့တစ်ယောက်ကြည့်ပီး ပြောနေကြတဲ့ကလေးတွေကို ကြည့်ပီး ၀မ်ပါးတစ်ယောက်တောင် နုပျိုသွားတရ်လို့တောင် ခံစားရတရ် ...
^ ကောင်းပါ့ကွာ ... ပါးတို့အိမ်လဲ လာခဲ့ဦး ... မင်းမားက ဟင်းချက်ကောင်းကွ ... သားသားကထူးထူးဆန်းဆန်း ပါးနဲ့ ဦးဆုံးတွေ့ပေးတာ ... အရင်ကဆို သူ့မားမားကို ဘာဖြစ်ဖြစ် အရင်ပြောနေကြ ... ^
၀မ်ပါးစကားတွေကြောင့် Yibo နဲ့ Xiao Zhan ကျောက မတ်ခနဲပင် ...
^ ပါးပါး ... တကယ်တော့လေ ... ^
^ Wang ... ^ ဆိုပီး ခေါင်းအသာခါပြတဲ့မောင့်ကြောင့် စားပွဲပေါ်တင်ထားတဲ့ မောင့်လက်ကိုအသာဖစ်လိုက်တရ် ...
တစ်ချိန်မှာ တွေ့ကြုံရတဲ့ သူတို့နှစ်ယောက်အခက်ခဲပဲလေ ... အနည်းဆုံးတော့ ပါးပါးကို အကုန်ဖွင့်ပြောထားရင် အကြံညဏ်တောင်းလို့ရသလို သူတို့ဘက်ကလဲရပ်တည်ပေးနိုင်တရ်မလား ...
^ ပြောလေ သားသား ^
^ ကျွန်တော် မောင်နဲ့ မားကို အရင်တွေ့ပေးထားတာ ပါးပါး ... လွန်ခဲ့တဲ့ ၃နှစ်ကျော်လောက်ထဲက ^
^ ဟေ ... ^
^ ဟုတ်တရ် ပါးပါး ... အာ့တုန်းက ကျွန်တော်တို့တွဲပီး လပိုင်းကျော်လောက်ပဲရှိဦးမရ် ... ကျောင်းပီးတာနဲ့ လက်ထပ်ကြမရ် လို့ ရည်ရွယ်ပီး မားနဲ့အရင်မိတ်ဆတ်ပေးဖစ်တာ ^
^ သားသား မားက ပါးကိုဘာမှမပြောလာဘူး ^
^ ကျွန်တော် မားကို တကယ်နားမလည်ဘူး ပါးပါး ^ ပြောရင်းနဲ့ ဒေါသထွက်လာတဲ့ Yibo ကမတ်တပ်ရပ်လိုက်တာမို့ မောင်ကပါ သူ့ဘေးနား ရောက်လာတော့တရ် ...
^ သားသား အေးဆေးထိုင်ပြောမှပေါ့ ^ ပါးပါးကလဲ သူ့အပြုအမူကိုနားမလည်နိုင်အောင်ကြည့်နေတော့တရ် ...
^ မောင့်ကို သားကြီးလို့ စတွေ့ထဲက ပါးစပ်ဖျားကမချတဲ့ မားကြောင့် ကျွန်တော့် တကယ့်ကိုပျော်ခဲ့ရပါတရ် ... ပါးပါးသာ သဘောမတူခဲ့ရင် မားက ကျွန်တော်ဘက်ကရပ်တည်ပေးနိုင်ကောင်းပါတရ် လို့လဲထင်ခဲ့မိတရ် ... အာ့စိတ်ကူးတွေကသိပ်မကြာလိုက်ဘူး ... နောက်တစ်ပတ် မောင်ကျွန်တော်ကို လမ်းခွဲတဲ့နေကစပီး ပြန်ပျောက်ကွယ်သွားတော့တရ် ^
ဒေါသရှိန်ကြောင့်ရော ၀မ်းနည်းစိတ်ကြောင့်ပါ Yibo မျက်ရည်တွေ ကျလာတော့ မောင်ကပျာပျာသဲသဲ သုတ်ပေးပြန်တရ် ...
^ ဒါဆို သားတို့ကဘယ်လို ... ^ အံဩတကြီးဖြစ်သွားတဲ့ ပါးကြောင့် သူခပ်ယဲ့ယဲ့ပြုံးပြလိုက်တရ် ...
^ မားကြောင့် ကျွန်တော်တို့ကွဲခဲ့တာ ပါးပါး ... မောင်ရော ကျွန်တော်ရော လွန်ခဲ့တဲ့သုံးနှစ်က ချစ်ရက်နဲ့ ဝေးခဲ့ရတာ မားကြောင့် ... ကျွန်တော်ဘာလို့ အာ့တုန်းက အိမ်ပြန်မလာတာလဲ ပါးပါးသိလား ... တစ်ယောက်ထဲ ကမ္ဘာပျက်ပီးရူးမလိုဖြစ်နေတဲ့ ကျွန်တော့်ကိုမမြင်စေချင်လို့ ... ဟောက်ရွမ်းမရှိခဲ့ရင် ပါးပါးသားကို အရူးထောင် မဟုတ်ရင် သေသွားတာပဲ မြင်ရမှာ ... ^
Advertisement
^ သားသားက အာ့လောက်ထိ ဘယ်လို ... ^
^ ကျွန်တော့်တစ်ယောက်ထဲ ရူးခဲ့ရတာမဟုတ်ဘူး ပါးပါး ... မောင်ဆို ကျွန်တော့ကြောင့်နဲ့ အရက်သမားလုံးလုံးဖြစ်ပီး ဆေးရုံတတ်ရတဲ့ ရက်ပေါင်းဆိုတာနည်းတာမဟုတ်ဘူး ... အာ့တုန်းကမား မောင့်ကို ဘယ်လိုပြောခဲ့လဲဆိုတာ ပါးပါးသိရင် ပိုအံဩသွားလိမ့်မရ် ... မားက နောက်ရက် မောင့်ကို ချိန်းပီး -------------- ^
^ သားသား မားကလေ ^
Yibo ပြောအပီးမှာ ပါးပါးက ဒီစကားကိုပဲ ထပ်ခါထပ်ခါမေးနေတော့သည်။
^ မောင့်နေရာမှာသာ ကျွန်တော်ဆို အလာတူးဆုံဖြတ်ချက်ပဲချမိမှာ ... မောင်နဲ့ လမ်းခွဲခဲ့ရတဲ့ ၃နှစ်တာကလာမှာလဲ မောင့်ကိုအရင်ထဲက အပြစ်တင်စိတ်မြူမှုန့်တစ်ဆမှ မရှိဘူး ... ကျွန်တော် မောင့်ကို လွယ်လွယ်နဲ့ပြန်လက်ခံခဲ့ရတာမဟုတ်ဘူး ပါးပါး ... မောင့်ကိုချစ်ပေမဲ့ ကြောက်နေခဲ့မိတာ ... မားအကြောင်းတွေ ကြားပီးနောက်ပိုင်း ကျွန်တော့် မောင့်ကိုသနားလွန်းလို့ ဘယ်လိုပြန်တောင်းပန်ရမှန်းကိုမသိဘူး ... ကျွန်တော်တို့နှစ်ယောက် အရင်အချစ်လမ်းကကြမ်းခဲ့တဲ့ ပါးပါး ... ဒီတစ်ခေါက်တော့ ဘာအကြောင်းကြောင့်နဲ့မှ ထပ်ပီးအဝေးမခံနိုင်ဘူး ... ^
တိုင်ပင်ထားခြင်းမရှိပါပဲနဲ့ သူတို့နှစ်ယောက်လက်ချင်း ချိတ်လိုက်မိကြသည်။
^ ကျွန်တော်လဲ ဒီတစ်ခေါက် Wang နဲ့ဝေးရရင် သေသွားနိုင်တရ် ပါး ^
မောင်ရဲ့အက်ကွဲသံတစ်ချို့ကြောင့် သူမောင့်လက်ကိုခပ်တင်းတင်းပြန်ဆုပ်ကိုင်လိုက်သည်။
ပါးပါးကတော့ သူတို့နှစ်ယောက်ကို ခဏတာတွေတွေကြီးကြည့်ပီးတော့မှ ...
^ ပါး ကတော့ မင်းတို့ဘက်မှရှိပါတရ် ... ကလေးတွေ ဒီထက်မနာကျင်စေရတော့ပါဘူးကွာ ^
မေဟန် ... မင်းဘာတွေလျောက်လုပ်နေတာလဲကွာ ... ငါ့ဘ၀ထဲကိုတောင် အချစ်တစ်ခုထဲနဲ့ ၀င်လာရဲတဲ့မင်းက သားတွေရဲ့အချစ်ကို နားမလည်ပေးနိုင်တာဘာကြောင့်များလဲ ...
Idol နှစ်ယောက်အပေါ်ထိခိုက်စေလိုသော အသုံးအနှုန်းများရှိရင် အားမနာတမ်းလာပြောလို့ရပါတရ်ရှင့် ...
ပုံတွေအားလုံး Credit ပေးပါတရ်ရှင့် ...
#Violet
^ ဘာကိစ္စလဲ ကိုကြီး ^
^ မမှတ်မိတော့ဘူး ^
----------------------------------------------------------------------------------
^ ဟုတ်ကဲ့ အန်ကယ် ... ^
^ ဟုတ် ... ဟုတ်ကဲ့ ပါး ^
^ ပါးပါး ... တကယ်တော့လေ ... ^
^ ပြောလေ သားသား ^
^ ဟေ ... ^
Advertisement
- In Serial1438 Chapters
The Problem with Marrying Rich: Out of the Way, Ex
Married rich for three years with no child born. Just when she was finally cured of infertility and ready to give him a child, he brought home his pregnant mistress in high profile.
8 2150 - In Serial34 Chapters
smoke with me? (girlxgirl)
"you look like you need a smoke." "do you finally wanna smoke with me?"tory, an 18 year old lesbian girl with the nickname "goodie two shoes".ashlyn, a 19 year old girl who hates everything, except tory and cigarettes.trigger warning: alcohol, violence, abuse, self harm, mature scenes and language
8 93 - In Serial19 Chapters
Umbrella | Yandere x reader
One day you were just about to walk home- though sadly it starts to rain."Here, use my umbrella." A boy with the same school uniform offers you, his oddly coloured yellow eyes seemingly shining against the rain.You accept his offer and start to walk home; umbrella in hand, not noticing the horrible look in the boys eyes... "Oh? Too bad you don't remember (y/n)~ because you are mine~" Cover made by @Sophiec321The final chapters were written by @Magicalgirlizumi1 ** thank you! **WARNING THIS STORY IS A JOKE**
8 170 - In Serial59 Chapters
vinnie hacker - do i love you yet? (INCLUDES SMUT!)
this is just vinnie smut for one of my best friends because we're obsessed (more her than me) so this is for you ansh 💗😣vinnie smut story, but with a plot too to follow along with ;).
8 164 - In Serial60 Chapters
Artemis
"Let them go, Dante." I whip my head to see a small boy standing the clearing with blonde hair and a green cloak hanging from shoulders. He isn't very tall however he holds his stance well. He doesn't seem to be more than Cassandra's age. Maybe 12 at most. I abruptly turn my head back hearing the man holding a sword to my throat chuckling with a sinister grin. "Oh, poor boy, what are you go to do about it?" The yellow teeth gleam as he begins stalking towards the boy who does not look the least bit fazed. I look around at the other men who are following the leader. I pull Cassandra tighter to my back as I take small steps back. I keep my eye trained on the men but also fear for the naive boy. "Do you really want to test me Dante?" He asks raising a single eyebrow. For a minute the men stop their movements. I see their hesitation for fear... Fear of what? I take the moment to stick Cassandra behind a nearby tree. She crouches down while I pull my sword out from its place. "How do you know my name?" The scoundrel raises his sword challenging towards the boy before taking a final step towards him. Then the unexpected happens. The young boy chuckles so darkly. It sounded almost... demonic. All the men instinctively raise their swords. "Oh Dante, I didn't know your name... but you know someone dear to me." "Spit it out boy!" The once grinning man is now looking around frantically. I continue my eyes scanning the small boy. He looks directly me and gives me a small nod before saying one word that caused all hell to breaks loose. "Artemis." Artemis is not an ordinary girl. She grew up in the wilderness after being shunned due to unique abilities and her different physical attributes. Blessed with an ability that scared others, she roams the wild with only her guarded one. That is until she stumbles into a situation that brings her in front of a prince.
8 270 - In Serial57 Chapters
Everything Inbetween Bones [BxB] ✓
How to describe Logan Pierce: Happy, bubbly, nice to everyone. He wasn't the type of boy anyone expected to be anorexic.How to describe Oliver Cross: Brutally honest, blunt, harsh, considered terrifying by most. He wasn't the type of boy anyone expected to be the sweet and caring guy Logan saw him for, the guy he used to be best friends with.#1 Bullying#18 in Lgbt
8 173

