《Late Regret ( COMPLETED )》Part 30
Advertisement
^ အာ့တော့ မင်းသွားမှာလား Yibo ^
မနက်ပိုင်းထဲက စိတ်နဲ့လူနဲ့မကပ်တော့တဲ့ မောင်က ခုလဲ Yibo ကို ဟောက်ရွမ်းနဲ့သွားဆိုပီး လွတ်လိုက်လေတဲ့ ... သူကအပြင်သွားစရာရှိလို့တဲ့ ... ဘယ်သွားမရ်လဲ မပြောသွားတဲ့ မောင့်ကို စိတ်ပူမိပေမဲ့ ယွီပင်းကောတို့ပါ ပါသွားတော့ နည်းနည်းတော့စိတ်ချပါသေးတရ်လေ ...
^ အင်း ... ပါးပါးကိုယ်တိုင်ခေါ်ထားတာလေ ^ Company ရဲ့ Canteen မှာပဲ ဟောက်ရွမ်းနဲ့ Breakfast စားရင်းပြောဖစ်တော့တရ် ... ကျိရန်ကောလဲမပါမဖြစ်ပေါ့ ...
^ Yibo ဒီနေ့ကလို့ အဆင်ပြေပါ့မလား ... ကောကြည့်ရတာ မင်းညမအိပ်ပျော်ဘူးနဲ့ တူတရ် ... ^ မျက်တွင်းညိုနေတဲ့ သူပုံစံက သိသာတရ်နဲ့တူပါတရ် ...
^ အိပ်ပျော်သွားတရ်ထင်ပါတရ် ... နိုးလိုက် အိပ်လိုက်နဲ့ဆိုတော့ ^
သူထက်စာရင် မောင်ကမှ တစ်ညလုံးမအိပ်ခဲ့တာဖြစ်မရ် ... Yibo နိုးလို့ လှုပ်သွားတိုင်း မောင်ကခပ်တင်းတင်းပြန်ဖတ်ပီး ပခုံးကိုခပ်ဖွဖွလေးပုတ်ပီးပြန်ချော့သိပ်သေးတာ ...
^ အင်း ... သတိထားဦး Yibo ... ကရင်း ချွေးထွက်တာများပီး မူးလဲမှာစိုးလို့ ^
^ ဟုတ်ကဲ့ ကော ... ကျွန်တော့်ထက်စာရင် မောင်ကမှ ညဘက်မအိပ်ရသေးတာ ... ဟောက်ရွမ်း ယွီပင်းကောတို့ကိုဖုန်းဆက်ပီး မောင့်အနားမှာ ငါ့အစား ဒီနေ့တစ်ရက်နေပေးပါလား ... ငါစိတ်မချဘူး ... ^
^ အင်းပါ ... ငါ ကောကိုလိုက်ပို့ပီး ဖုန်းဆက်လိုက်မရ် ... မင်းလဲသွားတော့ ... ၉နာရီထိုးတော့မရ် ... ^
^ အင်း ... ^
Yibo Training Room ကိုဘယ်လိုပုံစံနဲ့ရောက်လို့ ရောက်သွားမှန်းကိုမသိလိုက်ဘူး ... အတွေးထဲမှာလဲ Yibo ရှေ့မှာမူမပျက်အောင်ထိန်းနေတဲ့ မောင်များ အဆင်ပြေပါ့မလားလို့ပဲ တွေးပူနေတော့တရ် ... မောင် ဒီတစ်ခေါက်တော့ ထွက်ပြေးသွားတာ မဟုတ်တန်ပါဘူးလို့လဲ ကိုယ့်ကိုဖြေသိမ့်နေရတရ် ...
^ ကော အကျီလဲဦးမှာလား ... ကျွန်တော်တို့စလိုက်ရမလား ^
၀င်လာထဲက ငူငူငိုင်ငိုင်ကြီး ထိုင်နေတဲ့ ကောက Lucas ကိုယ်ကိုထိလိုက်မှပဲ အသိပြန်၀င်တော့တရ် ...
^ ဟမ် ... မလဲတော့ဘူး ... မင်းတို့လဲ သွေးပူအောင် အကြောလျော့ထားလိုက် ... နောက်ပီး ကောမပါပဲ တစ်ခေါက်ပြန်ကထားကြဦး ... ^
Dream ကိုကို့ကို ဒီလိုမျိုး စိတ်နဲ့ကိုယ်နဲ့မကပ်တာ ပထမဆုံးမြင်ဘူးတာပဲ ... မနေ့ကထိ ပျော်ပျော်ရွင်ရွင်ရှိနေတဲ့ ကိုကိုက ဒီနေ့မှ ... ကျစ် ... Sean က ကိုကို့ကို ဂရုမစိုက်တာလား ...
မနေ့ကညထဲက Ethan ပြောသလို အဝေကငေးပီး ချစ်နိုင်အောင်လုပ်မရ်ဆိုပီး အားတင်လာသမျှဟာလဲ ကိုကို့မျက်နှာလေးကို မြင်တာနဲ့ကြက်ပျောက်ငှက်ပျောက်ပဲ ...
^ ကိုကို နေမကောင်းဘူးလား ... မျက်နှာလေးလဲ မလန်းဘူး ... နားချင်ရင်နားပါလား ... ကျွန်တော်တို့ဘာသာလေ့ကျင်လဲဖြစ်ပါတရ် ^
^ အဆင်ပြေပါတရ် ... မင်းလဲသွားတော့ ... ကော ခဏနေလာခဲ့မရ် ... တကယ်ဘာမှမဖြစ်ဘူး ... သွားတော့ ^
ပြုံးရင်းနဲ့ ပြောမှမသွားချင်သွားချင်နဲ့ သွားတဲ့ကောင်လေးရယ်ပါ ... ဒီကလေးတွေနဲ့ သူနဲ့ အစကအဆင်မပြေဘူးထင်ပေမဲ့ ခုတော့ Yibo ကိုတောင် စိတ်ပူပန်ပေးနေကြပီ ...
^ ဪ... ဒါနဲ့ ကိုကို ... လာမဲ့သောကြာက ကျွန်တော့် မွေးနေ့နော် ... ဘာကိစ္စပဲရှိရှိ ကျွန်တော့်မွေးနေ့တော့ မပျက်မကွက်လာရမှာနော် ... ကတိနော် ကိုကို ^ ကိုကို့ကို ကြိုသတိပေးထားမှတော်ကာကြသည်။
မဟုတ်ရင် Dream တို့က ကို့ကို့ရဲ့ နောက်ဆုံးဦးစားပေးမဟုတ်လား ...
^ ဟား ဟား ... ဟုတ်ပါပီ ... ပြော ... မွေးနေ့လက်ဆောင် ဘာလိုချင်လဲ ... ^
^ ကျွန်တော် ဘာလိုချင်ချင် ကိုကို့ကပေးမှာလား ^
^ အာ ... ငါ ၀ယ်ပေးနိုင်တဲ့အနေအထားဆိုရင်ပေါ့ ... မင်းက အရမ်းဈေးကြီးတာတွေတော့ မ၀ယ်ခိုင်းနဲ့ပေါ့ ^
သူဠေးသားလေး Yibo ဟာ သူ့မောင်အတွက်သာ ကပ်စီးမကုတ်တာ ...
^ ကိုကို့ကို ဘာမှမ၀ယ်ခိုင်းပါဘူး ... ကျွန်တော်လိုချင်တဲ့ မွေးနေ့လက်ဆောင်ကို သေချာတောင် မစဉ်းစားရသေးဘူး ... စိတ်ချ ... ကိုကိုပေးနိုင်တာပဲ တောင်းမှာ ... ^
ပြောပီးတာနဲ့ ပြုံးပီးတန်းထွက်သွားတဲ့ ကောင်လေးကြောင့် Yibo မှာဘာမှပြန်ပြောချိန်တောင်မရလိုက်ဘူး ... သူလဲ ကလေးတွေနဲ့ သွား Join ဦးမှပါ ... Personal နဲ့ အလုပ်ကို မရောပစ်နဲ့ Yibo ... ကိုယ့်ကိုအားပေးပီးပဲ သွားကလိုက်တော့သည်။
----------------------------------------------------------------------------------
ညနေ Training ပီးတဲ့အထိ မဆက်သွယ်လာတဲ့ မောင့်ကို Yibo စိုးရိမ်စပြုလာပီဖြစ်သည်။ တစ်ခုခုဆို ဟောက်ရွမ်းလဲ ဖုန်းဆက်မှာဆိုပေမဲ့လဲ သူစိတ်ပူနေတာတော့အမှန် ... အခန်းထဲမှာပဲ အ၀တ်အစားမလဲသေးပဲ ခဏထိုင်နားနေတော့ ကလေးတွေကပါ သူ့အနားအဖော်ပြုနေကြတရ်လေ ... ပြန်တော့ဆိုတော့လဲမဟုတ် ...
^ ကောက ခဏနေရင် ပြန်တော့မှာ ... မင်းတို့လဲ ပြန်တော့လေ ... ^
^ ကော ပြန်မှသွားမှာ ကျွန်တော်တို့လဲပြန်တော့မရ်လေ ... ကျွန်တော်တို့က အားနေတာ အဟီး ^
^ အေးပါ ... မင်းတို့လဲပြောနိုင်မဲ့သူမှ မဟုတ်တာ ... ^
^ ဟီး ကောကလဲ ^ ဆိုပီး သုံးယောက်သား ခွီနေကြတော့တရ် ...
^ ကိုကို ကျွန်တော့်ကို မွေးနေ့လက်ဆောင်ပေးဖို့ကော ... မွေးနေ့လာဖို့ရော ကတိပေးပီးသွားပီနော် ... ဒီတစ်ခေါက် ဘာအကြောင်းနဲ့မှ ဖြတ်မရဘူးနော် ^
^ အေးပါ ... ကော မှတ်မိပါတရ် ... မင်းကလဲ လက်ဆောင်တောင်းတာ ဓားပြတိုက်နေသလိုပဲ ^
Alex တို့နဲ့ပြောနေတုန်း ဖြတ်ပြောတဲ့ကောင်လေးက မျက်နှာတည်ကြီးနဲ့ ... Yibo အရွန်းဖောက်လိုက်မှ မျက်နှာကြောပြေတော့တရ် ... သူလဲသူပါပဲလေ ... ကလေးတွေနဲ့ ချိန်းတိုင်းတစ်ခုမဟုတ်တစ်ခုပေါ်လာတတ်တော့ လွဲနေတော့တာ ... ဒီတစ်ခေါက်တော့ မွေ့နေ့လဲ ဖြစ်တာမို့ သူမှတ်မှတ်ရရ သွားဖစ်မှာပါလေ ...
Advertisement
Dream ဆက်ပြောမရ်လုပ်ပေမဲ့လဲ Yibo ဖုန်းသံကြောင့် တန့်သွားတော့သည်။ သူကလဲ ဖုန်းမျှော်နေသူမို့ ခပ်မြန်မြန်ကြည့်ပီး ကိုင်လိုက်တော့ ...
^ Yibo ... ငါရောက်နေပီ ... Xiao ကောမအားလို့ ... သူခုအိမ်မှာပဲ ... မင်းဆင်းလာတော့လေ ^
^ အေး ... ခုလာပီ ... ခဏပဲစောင့် ^
ကလေးတွေတောင်မနှုတ်ဆတ်ပဲ ခပ်သွက်သွက်ထမိလိုက်တော့ ...
^ ကိုကို ... အ၀တ်အစားမလဲတော့ဘူး ... ချွေးတွေနဲ့ကို ^
^ ဟမ် ... အင်း ... ရတရ် ... ချွေးကခြောက်တောင် ခြောက်နေပီ ... ကလေးတွေ ... ကောသွားပီနော် ... ကူစောင့်ပေးတာ အားလုံကိုကျေးဇူးနော် ... နောက်မှ ကော မုန့်၀ယ်လာခဲ့မရ် ^
^ ဟုတ် ကော ... ဖြေးဖြေးသွားဦး ^
မပြေးရုံတမယ်ထွက်လာတဲ့ သူ့ကို ကလေးတွေရဲ့ စိတ်ပူတဲ့လေသံနဲ့အော်သံလဲကြားလိုက်ရပေမဲ့ သူကအရှိန်မလျော့ဖစ် ... မောင်နဲ့ ပတ်သတ်ရင် သူကဂနာကိုမငြိမ်မိတာရယ် ...
ကားပေါ်ရောက်တာနဲ့ မရမက ဟောက်ရွမ်းကိုမေးကြည့်တော့ မင်းအိမ်ရောက်မှသာ ကြည့်ဆိုတဲ့ တုန့်ပြန်သံကြီးကြောင့် Yibo စိတ်ထဲမရ် မတင်မကျ ...
^ ဟာ ... ဟေ့ကောင် ... ငါပါကင်ထိုးပီးမှ သွားလေ ... ကားပါကင်လဲထိုးမနေတော့ဘူး ... ငါတစ်ခါထဲပဲ ပြန်ပီ Yibo ရေ ^
မောင့် တိုက်ရှေ့ရောက်တာနဲ့ ကားတံခါးအတင်းဖွင့်ပီး ပြေးတတ်လာတော့ ဟောက်ရွမ်းရဲ့ အသံကြီးကနောက်မှာကျန်ခဲ့လေတရ် ...
^ ကျိုးချန်ကော ... မောင် ရော ^ ပြေးတတ်လာတာမို့ ဟောဟဲစိုက်နေတဲ့ Yibo ကိုကြည့်ပီး ယွီပင်းကောက သနားလို့ ရေခတ်တိုက်လေတရ် ... သူလဲတကယ် မောနေတာမို့ ရေကို အ၀သောက်ပီးမေးကြည့်တော့ မောင့် အခန်းကိုမေးငေါ့ပြလေတရ် ...
^ မောင် ^
တံခါးဖွင့်တာနဲ့ မြင်လိုက်ရတဲ့ မျက်မှန်တစ်လက်နဲ့ မောင့်ပုံရိပ်ကြောင့် Yibo မှာတကယ်ကြီးကို အံအားသင့်သွားတာ ... တမနက်လုံး အလုပ်ရှုပ်နေတာ ဒီကိစ္စကြောင့်ပေါ့လေ ...
^ ပင်ပန်းလိုက်တာ မောင်ရယ် ... ^
^ မဟုတ်တာ Wang ရယ် ... မောင်ပီးတော့မှာသက်လား ... Wang ခဏစောင့်ပေးဦးနော် ^
မောင့် ကျောပြင်ကို ပါးလေးကပ်လိုက်ပီး ခါးကိုခပ်တင်းတင်းဖတ်ထားလိုက်တော့သည်။
^ အေးဆေးလုပ် မောင် ... အစောကြီးရှိသေးတာ ... ပါးပါးတို့က နောက်ကျမှ Dinner စားတာ ^
သုလဲ ရေချိုးလိုက်ပါဦးမရ်လေ ... ချွေးစော်တွေနဲ့ ... မောင့်ကိုမနေနိုင်မထိုင်နိုင်တောင် ဖတ်မိသေးတာ ...
^ ကျွန်တော် ရေသွားချိုးလိုက်ဦးမရ် မောင် ^
^ အင်း ... အင်း ... အကြာကြီးမချိုးနဲ့နော် ... ^ မအားတဲ့ကြားကတောင် သူ့ကိုစိတ်ပူပေးတဲ့ မောင်ကြောင့် သူသဘောတကျပြုံးလိုက်မိသည်။
၁၅ မိနစ်လောက် ရေချိုး အ၀တ်စားလှဲပီးတာတောင် မပီးသေးတဲ့မောင်ကြောင့် သူလဲမရှုပ်တော့ဘဲအပြင်ကိုပဲထွက်လာလိုက်တော့တရ် ...
^ ယွီပင်းကော ... မနက်ထဲက မောင်ကလုပ်နေတာလား ... ဘာစားထားပီးပီလဲ ^
^ ဟင်း ... ငါတို့လဲ ဘာမှကျွေးမရဘူး ... အစောကြီး သွား၀ယ်ပီး Xiao မားဆီပြေးတော့တာပဲ ^
သက်ပြင်းတချချနဲ့ ပြောနေတာကြောင့် အစားမစားရသေးတဲ့ မောင့်ကိုစိတ်ပူသွားသလို မားကိုလဲအားနာမိသွားတရ် ...
^ မောင့်က ဘယ်ကနေဘယ်လို သိုးမွေးထိုးပီး လက်ဆောင်ပေးဖို့ Idea ရသွားလဲမသိပါဘူးဗျာ ... ^
^ Designer ဖြစ်တဲ့သူက သူ့လက်ရာတစ်ခုခုပေးချင်တရ်တဲ့ ... ဗြုန်းစားကြီးဆိုတော့ Design ဆွဲပီးချက်ချင်းလုပ်ဖို့ကလဲအဆင်မပြေဘူးတဲ့ ... တစ်ညလုံးစဉ်းစားလိုက်တာ ဒီအဖြေပဲထွက်တရ်တဲ့ Yibo ရာ ... ကောလဲ တစ်သက်နဲ့တစ်ကိုယ် Xiao Zhan ပန်းချီဆွဲတာလောက်ပဲ မြင်ဘူးတာ ... သိုးမွေးထိုးတတ်လိမ့်မရ်လို့ စိတ်ကူးထဲတောင်မရှိဘူး ^
ကျိုးချန်ကောရဲ့ စကားကြောင့် သူလဲ မောင့်ကို သိုးမွေးတစ်နေကုန် ထိုင်ထိုးနေလိမ့်မရ်လို့ အတွေးထဲတောင် မ၀င်ခဲ့မိဘူးရယ် ...
^ ဒါနဲ့ Xiao မားမားဆီ ဘာလို့သွားတာလဲ ^
^ သိုးမွေးထိုးတာ မေ့ကုန်လို့တဲ့ကွာ ... အိမ်ပြန်ရောက်ပီးမှ ပြန်သွားတာ ... အဲ့တာတောင် ဆွယ်တာထိုးပေးချင်တာတဲ့ ... အချိန်မလောက်တော့လို့ မာဖလာနှစ်ထည်ပဲထိုးပေးတာ ... ရေလဲထ်သောက်ဘူး ... တစ်နေကုန် အခန်းထဲမှာပဲ ... ^
ကော စကားကိုကြားပီး သူသက်ပြင်တွေပဲချမိတော့တရ် ... ပင်းပန်းလိုက်တာ မောင်ရယ် ... ကျွန်တော့် ချစ်သူအဖြစ် ပါးပါးတို့ရှေ့မှာရပ်တည်ဖို့ ဒါတွေမလိုပါဘူးမောင်ရယ် ... ဧည့်ခန်းထဲ မျက်လုံးဝေ့ကြည့်တော့ အထုပ်ကြီးအထုပ်ငယ်တွေ့တာနဲ့ ...
^ ကော ဒါတွေကရော ... ^
^ Xiao Zhan ချည်သွားဝယ်ရင်း ကုန်တိုက်တစ်ခုမှာ ၀င်၀ယ်ခဲ့တာတွေ ... အကျီကလွဲလို့ အစုံပဲ ... ရေမွေးတွေရော ... နာရီတွေရော ... အသီးအနှံတွေတောင်ပါသေး ... ^
^ ကျွန်တော်သိရင် မ၀ယ်ခိုင်းဘူး ... မောင့်ကိုစိတ်လှုပ်ရှားနေတရ်ထင်ပီး ကျွန်တော်ကခဏလွတ်ထားတာ ... မောင်ကလျောက်၀ယ်နေတာပဲ ... ^
^ အင်း ... အရမ်းလဲစိတ်ပူနေတရ် Yibo ... တညလုံးလဲမအိပ်ထားဘူးပြောတရ် ... ၀မ်အိမ်တော်ရောက်ရင် အပြောအဆိုမတတ်မှာလဲ ဆိုးနေတရ် ... Yibo ညီလေးပဲ အာ့ကောင်ကို ကြည့်ပြောလိုက်တော့ ... နောက်ပီး တစ်ခုခုဆို ... ^ စကားစဖြတ်သွားတဲ့ ကောကြောင့် သူလဲမော့ကြည့်မိလိုက်သည်။
^ စိတ်ချပါ ကော ... မောင့်ဘက်မှာ ကျွန်တော် အပြည့်အ၀ရှိနေမှာပါ ... ^ ဒီစကားကိုတော့ Yibo ယုံကြည်ချက်ရှိရှိပြောရဲတရ် ...
^ Wang ရေ ... မောင်ပီးသွားပီ ... လာကြည့်ပါဦး ^
မောင့်အသံကြောင့် ကပျာကယာသွားကြည့်မိတော့ ...
မာဖလာအရှည်လေး အပြာနဲ့အနီလေးကို တွေ့လိုက်ရတရ် ...
Blue Scarf
Red Scarf
^ မောင်ကတော်လိုက်တာ ... ^ တကယ်လဲ ထိုးထားတာလေးကသပ်သပ်ရပ်ရပ်နဲ့ပင် ...ချီးကျူးစကားဆိုလိုက်မိတော့ မောင်ကသူ့အနားလာဖို့ လက်ယပ်ခေါ်တရ် ...
Advertisement
^ မောင်တို့ ခဏနေရင် သွားမရ်နော် ... ခုတော့ ဒီလိုလေးခဏပေးနေဦးနော် ^ မတ်တပ်ရပ်နေတဲ့ Yiboခါးကိုဖတ်ပီး ပြောနေတဲ့မောင်ကြောင့် သူလဲ မောင့်ခါးလေးကို အသာယာလေးပွတ်ပေးမိသည်။
^ တကူးတက မောင်ရယ် ... အာ့တွေမပါလဲ ဖြစ်ပါတရ် မောင်ရယ် ... နောက်ပီးအပြင်မှာ ၀ယ်ထားတာတွေလဲ နည်းတာမဟုတ်ဘူး ... ခုလဲကြည့်ဦး ... ဘာမှမစားမသောက်ပဲ တစ်နေကုန်လုပ်နေတာ ... မှန်း ... လက်ထိပ်တွေနာနေပီမှတ်လား ^
Yibo လဲ သူကိုယ်တိုင် သိုးမွေးမထိုးဖူးထိတိုင် တခါတခါ မားတို့ထိုးနေတာမြင်နေကျမို့ ဘယ်လောက်အားစိုက်ထုတ်ရလဲ ဘယ်လောက်ပင်းပန်းလဲဆိုတာ မြင်နေကြမဟုတ်လား ...
ခုလဲ Yibo ခါးကိုဖတ်ထားတဲ့ မောင့်လက်ကို အသာကိုင်ကြည့်တော့ မောင့်ရဲ့ညာဘက်လက်ညိုးလေးဆို အရည်ကြည်ဖုတောင်ထချင်ချင်ဖြစ်နေပီ ... ပြောမနိုင်ဆိုမနိုင် လုပ်ချင်ရာလုပ်တဲ့ မောင့်ကို သက်ပြင်းချမိတော့ မောင်က Yibo ကိုဆတ်ခနဲဆွဲချလိုက်တာမို့ သူကိုယ်က မောင့်ပေါင်ပေါ်မှာ ဒူးထောက်လျက်သား ခွလျက်လေး ...
ပုံမှန်အတိုင်းဆို ရုန်းမိမှာဖြစ်ပေမဲ့ ပင်ပန်းနေတဲ့မောင့်ကြောင့် ပေါင်ပေါ်ထိုင်ပလိုက်ပီး ပါးတစ်ဖက်ကို ဖိနမ်းပီး လက်တိုင်ကိုတွဲလို့ ခပ်တင်းတင်းဖတ်ထားလိုက်တော့သည်။
^ အဟင်း ... မောင့် Wang ဖို့နောက်ရက်မှ ထိုးပေးမရ်နော် ^ Yibo ကျောကိုပြန်ဖတ်ပီး ပြောနေတဲ့မောင်က Yibo လုပ်ရပ်ကြောင့်မြူးနေဟန် ...
^ မလုပ်ရပါဘူး ... မောင်ပင်းပန်းပီးမှ ရလာမဲ့အရာကိုမလိုချင်ဘူး ... မောင် ကျွန်တော်ဘေးနားမှာရှိနေသမျှ ဘာမှမလိုအပ်ဘူး ^
^ ဟာ ... ခြွေတရ်ကွာ ... ထဦး ... မောင်တို့သွားရအောင် ^
Yibo ပါးတစ်ဖက်ကို ရွတ်ခနဲနမ်းပီး ပြောလိုက်တဲ့ မောင်ကြောင့် သူလဲ သွားဖို့ပြင်ရတော့သည်။
----------------------------------------------------------------------------------
^ မောင် ... ကျွန်တော် ရှိတရ် ^
သူ့လက်ကို ကိုင်ရင်းပြောလာတဲ့ ကောင်လေးကြောင့် သူပြုံးလိုက်မိသည်။ ကားပေါ်မှာထဲက ဒီစကားကို ထပ်ခါထပ်ခါ ပြောနေတဲ့ကောင်လေးက သူ့ကိုကြောက်နေမရ်ထင်လို့ တူပါတရ် ... ကြောက်တရ်ဆိုတာထက် စိုးရိမ်စိတ်ကပိုလွန်ကဲတရ် ... အဲ့ဒါကြောင့်လဲ အမှတ်ပိုရအောင်ဆိုပီး သူကိုယ်တိုင် သိုးမွေးထိုးပီး လက်ဆောင်ပေးချင်တာ ...
^ သားသားတို့ လာပီလား ... ပါးပါးလဲ ပြန်ရောက်တာမကြာသေးတော့ ကွက်တိပဲ ... သား Xiao လွတ်လွတ်လပ်လပ်နေနော် ... မေဟန်ရေ ... သားသားပြန်ရောက်နေပီ ... ဟင်းတွေပြင်တော့လေကွာ ... ^
^ လာပါပီရှင် ... အစောကြီးထဲက ပြင်ပီးသွားတာ ... ဟင်းတွေ ပြန်နွေးပေး ... ^
မီးဖိုခန်းထဲက ထွက်လာတဲ့ Wang မားမားဟာ သူကိုတွေ့တာနဲ့ စကားစတောင်ပြတ်သွားတော့သည်။
^ ဟား ... ဟား ... Suprise မေဟန် ... သားသားချစ်သူကိုပါ ခေါ်ထားတာ ... မင်းနဲ့တွေ့ပေးပီးသားဆို ... ကိုယ်လဲ တွေ့ပီးပီ ... သားXiao ကသဘောသိပ်ကောင်းပဲ ... ကဲ ... နှုတ်ဆတ်လိုက်ကြပါဦး ... ^
ပြုံးပြုံးနဲ့ပြောနေတဲ့ Wang ပါးက တကယ်ကို သရုပ်ဆောင်ကောင်းလွန်းတာ ... မင်းသမီးဖြစ်တဲ့ Wang မားတောင် မျက်စိပျက်မျက်နှာပျက်နဲ့ ...
^ ကျွန်တော်တို့ ပြန်တွေ့ပြန်ပီနော် Wangမား ... ဪ ... ဒါက ကျွန်တော် လက်ဆောင်တွေပါ ... နောက်ပီး ဒါကကျွန်တော်ကိုယ်တိုင် ထိုးထားတာ ... လက်ရာက တော့ အရမ်းအကောင်းကြီးမဟုတ်ပေမဲ့ ... ^
^ ဟေ ... ပြစမ်းပါဦး ... သား Xiao က ဒါလဲရတာပဲလား ... ပါးပါးနက်ဖြန် ၀တ်သွားလိုက်မရ် ... အရမ်းသဘောကျတာပဲ ... ကျေးဇူးနော် ... ဪ ... မိန်းမ ... ယူလိုက်ဦးလေ ... ကလေးကပေးနေတာကို ^
ကျောက်ရုပ်သဖွယ်ဖြစ်နေတဲ့ သူ့မိန်းမကို လဲတို့ပီးယူခိုင်းသေးတာ ... Wang ကိုကြည့်မိတော့လဲ ပြုံးစိစိနဲ့ ... သူ့ပါးပါး ပြောပုံကိုသဘောကျနေဟန် ... အင်း ... အခြေအနေအရ အရမ်းအဆိုးကြီးတော့ မဟုတ်တာတော့ သေချာတရ် ...
^ ဟမ် ... အင်း ... ကျေးဇူးပါ သားကြီ ^
သားကြီးဆိုတဲ့ အသံကြားတော့ Yibo လက်ကပိုတင်းကျပ်သွားတာကိုသတိထားမိတရ် ...
^ ပါးပါး ... မောင်က တစ်နေကုန် ဘာမှမစားသောက်ပဲ ထိုးထားရတာ ... ဗိုက်ဆာနေလောက်ပီ ... သွားစားရအောင်လေ ^
^ အေးအေး ... ပါးပါးလဲ ဗိုက်ဆာနေပီ ...^
ထမင်းစားခန်းမှာလဲ Wangမားက အိန္ဒြေမဆယ်နိုင်အောင် မျက်နှာပျက်နေသလောက် Wangပါးကတော့ ပျော်ပျော်ရွင်ရွင်ပင် ... သူ့ကိုလဲ ဟင်းတွေထည့်ပေးလို့ပေးနဲ့ ... Wang နဲ့သူ့ကိုလဲ စကားပြောမပျက်စေရ ...
^ မောင် လက်က အဆင်ပြေပါ့မလား ... တူကိုင်ရတာ နာနေမှာပေါ့ ... ကျွန်တော် ခွံပေးမရ်လေ ^
Xiao Zhan အနေနဲ့ သဘောမတုနိုင်ဘူးလို့ သွယ်ဝိုက်ပီးပြောထားတဲ့ ယောက္ခမရှေ့မှာ သူ့သားခွံကျွေးတာစားရလောက်တဲ့ထိ မျက်နှာပြောင်မတိုက်ဘူးလို့ တွေးထားပေမဲ့ Wang ပါးရဲ့ ...
^ မေးနေရသေးတရ် သားသားရယ် ... ခွံလိုက်ပေါ့ ... သားသားအာ့လို့မေးတော့ သားXiao က ရှက်ပီးမစားပဲနေမှာပေါ့ ^
ဆိုတဲ့စကားအောက်မှာ သူအလိုလို Wang ခွံကျွေးသမျှကို မျက်နှာပြောင်ပြောင်နဲ့စားလိုက်တော့သည်။
Wang မားကို မသိမသာကြည့်မိလိုက်တော့ ထမင်းကလဲအရာမရွင်းသလို တူကိုင်ထားတဲ့ လက်နဲ့ နှုတ်ခမ်းတွေကပါ တုန်နေသယောင် ... မကြာလိုက် ...
^ အားလုံးရပ်လိုက်တော့ ... ၀မ်ချိုးရိမ် ... ရှင်ဘာတွေ လျောက်လုပ်နေတာလဲ ... ^
တူတွေကိုပါ လွတ်ပစ်ပီး အသံကျယ်ကျယ်ပြောလာတဲ့ Wangမားကို ပါးက တစ်ချက်သာအကြည့်ပို့ပီး အစားအသောက်မပျက် ...
^ ဘာတွေဖြစ်နေတာလဲ မေဟန် ... မင်းပြောစရာရှိရင် နောက်မှပြော ... ကလေးတွေနဲ့ငါနဲ့ ထမင်းစားနေတာ မြင်တရ်မလား ^
^ ကောင်းပြီ ... ကျွန်မ ဧည့်ခန်းထဲကစောင့်နေမရ် ... သားငယ်တို့ နှစ်ယောက်လုံး စားပီးတာနဲ့ ကိုယ့်အိမ်ကိုပြန်ကြတော့ ^
Xiao Zhan တို့ကိုပါတစ်ခါထဲ နှင်ထုတ်နေပုံအရ Wang ပါးနဲ့ ပြဿနာဖြစ်တော့မှာမလွဲ ...
^ ပါးပါး ... သားတို့တကယ်ပြန်ရမှာလား ^
မျက်နှာငယ်လေးနဲ့ မေးလိုက်တဲ့ Wang ကိုပါးပါးက အပြုံးကြီးကြီးပေးပီး ...
^ ဘယ်ကိုပြန်မှာတုန်း ... ဒီည ဒီမှာအိပ်သွားကြ ... ဟက် ... ပါးနည်းနည်းလေးပဲ အကွက်ရွေ့လိုက်တာ သားသားမားရဲ့ မျက်နှာဖုံးလေးကွာကျလာတာ ... ^
Wang ပါးစကားကိုသူတကယ်လိုက်မမှီနိုင် ... ဒါပေမဲ့ တကယ်ပဲ Wang မားက ဒေါသထွက်သွားတာ ... အရင်ကဆို Wang မားအသံကတိုးတိုးလေးနဲ့အေးအေးလေး ... ခုလို ဒေါနဲ့မောနဲ့ အော်လိုက်တာမို့ Xiao Zhan တောင်လန့်သွားရသေးတရ် ...
^ သားငယ် ... အရမ်းမိုးမချုပ်ခင်ပြန်တော့ ... သားပါးနဲ့ပြောစရာရှိသေးတရ် ^
^ ကျွန်တော် အကြောင်းမလား ... ကျွန်တော်ရှိနေမှာ ^
Wang ပါးရဲ့ ထောက်ခံချက်အပြည့်ရထားတဲ့ Wang ဟာ သူမားကိုမကြောက်မလန့်နဲ့ကို ပြန်ခံပြောနေတော့တာ ...
^ မားပြောနေတရ် သားငယ် ... ပြန်တော့ ^
^ ဟက် ... ဘာလဲ မား ... အရင်တုန်းကလို ကျွန်တော်နောက်ကွယ်မှာ စကားချိုချိုလေးတွေနဲ့ နောက်ကျောဓါးနဲ့ထိုးဦးမလို့လား ... ^
အရှိုက်ထိသွားတဲ့ Wang မားဟာ Wang Yibo ဆိုပီးအကျယ်ကြီးထအော်တော့တရ် ...
^ သားကြီးကို မားက ယောက်ျားတစ်ယောက်လို့ထင်ထားတာ ... အဟင်း ... မားနောက်ကွယ်မှာ သားငယ်ကို ဂုန်းရှောနေမရ်လို့ မတွေးမိဘူး ^
^ မား ... စကားကိုလူကြီးလူကောင်ဆန်ဆန်ပြောပါ ... မောင့်ကိုဘာမှပြောစရာအကြောင်းမရှိဘူး ... အကျိုးရှိလို့ အကြောင်းဖြစ်လာတာ ... ^
ဆက်ပြောဖို့ ပြင်နေတဲ့ Wangမားကို ပါးက
^ သားသား တော်တော့ ... ထိုင်ကြဦး ... ကလေးတွေကို မရမ်းနေတဲ့ မေဟန် ... မင်းငါ့ကို ဘာပြောချင်တာလဲ ^
^ ရှင်ကပြောရမှာမဟုတ်ဘူးလား ၀မ်ချိုးရမ် ... ^
^ ငါက ... ဘာကို ^ အံဩတကြီး ဖြစ်သွားပုံကြောင့် Wang မားဟာ ဒေါသပိုထွက်လာဟန် ...
^ ကိုယ့်သား တစ်ယောက်လုံးကို ယောက်ျားတစ်ယောက်နဲ့ လွယ်လွယ်ကူကူသဘောတူလိုက်ရတဲ့ ကိစ္စပေါ့ ^
Wang မား ပြောပီးတဲ့အဆုံးမှာ Wang ဟာချက်ချင်း မတ်တပ်ထရပ်လိုက်တာမို့ လက်တွဲထားတဲ့သုပါ အော်တိုရပ်ပီးသားပင် ...
^ သားသား ဘာမှ၀င်မပြောနဲ့ ... ပါးပါးပဲပြောမရ် ... မင်းတောင် မင်းကြိုက်တဲ့ငါ့နောက်လိုက်ခဲ့ပီးခါမှ ခုသားသားကိုယ်တိုင် ချစ်လို့ ရွေးချယ်ထားတဲ့ လက်တွဲဖော်ကို ငါကလက်မခံနိုင်စရာမရှိဘူး ^
^ ရှင် ရူးနေလား ... မိန်းမဖြစ်တဲ့ကျွန်မက ယောက်ျားဖြစ်တဲ့ ရှင်နောက်ကို ကြိုက်လွန်းလို့ လိုက်ခဲ့တာ မှန်တရ် ... ခု Yibo ရွေးချယ်ထားတာ ယောက်ျားတစ်ယောက် ... ကျွန်မတို့ ပတ်၀န်းကျင် အသိုင်းအဝိုင်းကဘယ်လိုထင်ကြမလဲ ... ရှင် မရှက်ဘူးလား ^
^ ဟား ဟား ...ချူးမေဟန် ... ချူးမေဟန် ... ငါက အစက ဘာကိစ္စသဘောမတူတာလဲဆိုပီးစဉ်းစားနေတာ ... မင်းလို ခေတ်ပညာတတ် တစ်ယောက်က ဒီလိုအတွေးအခေါ်တွေရှိနေသေးတာပဲ ... ငါ့သား စိတ်ချမ်းသာဖို့ထက် ဘာကိုဦးစားပေးနေရမှာလဲ ... နောက်ပီး သားXiao ဟာ ငြင်းစရာမရှိတဲ့လူတစ်ယောက် ... ^
^ သားငယ်ဟာ တစ်ချိန်မှာ ပရိတ်သတ်တွေကြားထဲရပ်တည်ရမဲ့ လူတစ်ယောက် ... အာ့လိုလုမျိုးဟာ Gay ပါဆိုပီး ပတ်၀န်ကျင်က တံထွေးခွက်မှာ ပတ်လတ်အမြောမခံနိုင်ဘူး ... သားငယ်ဟာ တတ်လမ်းတွေအများကြီးနဲ့ ... ဘာမဟုတ်တဲ့လူတစ်ယောက်အတွက်နဲ့ ကျွန်မအပျက်အစီးမခံနိုင်ဘူး ^
^ အတ္တတွေက သိပ်ကြောက်ဖို့ကောင်းတရ် မေဟန် ... အမြဲတမ်း မင်းဖြစ်ချင်တာ မင်းလုပ်ချင်တာ မှန်သမျှ မင်းလုပ်တရ် ... သားသားနဲ့ပတ်သတ်တဲ့ ဆုံးဖြတ်ချက်မှန်သမျှ သားသားသဘောထားကို မေးမြန်းခြင်းမရှိဘဲ မင်းလုပ်တရ် ... သားသား ငါ့တို့ကိုတောင်းဆိုဖူးတာ တစ်ခုရှိဘူးလား ... ငါ့တို့ကို ခိုးကြောင်ခိုးဝှက်နဲ့လုပ်ဖူးတာလဲ တစ်ခုမှမရှိဘူး ... ချစ်ရမဲ့သူရလာတော့လဲ မင်းကိုအရင်မိတ်ဆတ်ပေးခဲ့တာပဲ ... ဒါပေမဲ့ မင်းက ကလေးနှစ်ယောက်လုံးရဲ့ စိတ်တွေကိုသတ်ပစ်ခဲ့တရ် ^
တစ်ယောက်တစ်ခွန်း ပြောနေတဲ့ လင်မယားနှစ်ယောက်ကြောင့် Xiao Zhan ငြိမ်ငြိမ်လေးနေကာ Wang လက်ကိုသာ လက်နှစ်ဖက်နဲ့ဆုပ်ကိုင်လိုက်တော့သည်။
^ ကျွန်မ အာ့တုန်းကပြောခဲ့တာ လိမ်ညာတာ တစ်ခုမှမရှိဘူး ... သားငယ်ကို ကျွန်မ သူငယ်ချင်း သမီးနဲ့ စီစဉ်ထားပေးတာ အမှန်ပဲ ^
ဒုတိယတစ်ခေါက်ပြန်ကြားရတဲ့စကားဆိုပေမဲ့ Xiao Zhan ရင်ထဲမှာ နာဆဲပဲ ... Wang ကိုသူမဟုတ်တဲ့အခြားတစ်ယောက်ပိုင်ဆိုင်သွားမရ် ဆိုတဲ့အတွေးကတောင် ရင်ထဲမှာတဆစ်ဆစ် ... Wang ကိုကြည့်မိတော့ သူ့ဘက်လှည့်ပီးပြုံးပြကာ ခေါင်းညိမ့်ပြတရ် ... သူရှိတရ်ဆိုတဲ့ သဘောနဲ့ ...
^ မင်းကို ဦးနှောက်ရှိတဲ့မိန်းမလို့ ထင်ခဲ့မိတာ ... သားသားချစ်သူကို အာ့စကားတွေပြောရလောက်တဲ့ အထိညဏ်နည်းမရ်လို့မထင်ခဲ့ဘူး ... မင်းရဲ့မဆင်မခြင်အပြောတွေကြောင့် Xiao Zhan ရူးမလိုဖစ်ခဲ့တာ မင်းသိလား ... ဆေးရုံခဏခဏတတ်ရပီး အနာဂတ်ပျောက်မလိုဖစ်ခဲ့ရတာ ... မင်း သားXiao မိဘနေရာမှာ ကိုယ်ချင်းစာကြည့်စမ်းပါ ... နောက်ပီး မင်းသိပ်ချစ်ပါတရ်ဆိုတဲ့ သားငယ် Counseling Doctor နဲ့တောင် ပြရတဲ့အခြေအနေထိတောင် ဖြစ်ခဲ့တာ မင်းသိလား ... ^
Xiao Zhan အကြောင်းပြောတုန်းကထိ ခပ်ထေ့ထေ့ပြုံးနေတဲ့ Wang မားဟာ Wang အကြောင်းလဲကြားရော Wang ကိုတုန်လှုပ်စွာနဲ့ကြည့်လာခဲ့တရ် ...
^ သိပ်ကိုအံဩသွားမှာပဲ မား ... ကျွန်တော့် ဘ၀ကိုခြယ်လှယ်ခြင်းတိုင်း ခြယ်လှယ်ခံခဲ့တာ မားကိုချစ်လို့ ... မားလုပ်ရပ်တိုင်းဟာလဲ ကျွန်တော်ကိုချစ်လို့လုပ်တာလို့ ယုံကြည်ထားတာ ... ပါးပါးနောက်ကို ရဲရဲဝံဝံ လိုက်လာရဲတဲ့မားကို ကျွန်တော့်ကအချစ်သူရဲကောင်းလို့တောင် ထင်ထားတာ ... အာ့ကြောင့်လဲ ကျွန်တော်အချစ်ကိုနားလည်ပေးမရ်လို့ထင်ခဲ့ပီး မောင်နဲ့ မိတ်ဆတ်ပေးခဲ့တာ ... ၃နှစ် မား ... ဘာမှန်းမသိလမ်းခွဲခံခဲ့ရတဲ့ ကျွန်တော်ဟာ မောင့်ကိုတစ်ချက်လေးတောင် မမေ့ခဲ့ဘူး ... ရူးမလိုအခြေအနေတွေရောက်လဲ အိမ်ကိုပြန်မလာခဲ့ဘူး ... ဘာလို့လဲသိလား ... မားတို့စိတ်ပူနေမှာစိုးလို့ ... ကျွန်တော့်ကြောင့် မောင့်ကိုအမြင်မကြည်မှာစိုးလို့ ... မောင်နဲ့တွေ့ပီးနောက်ပိုင်းတောင် မားအကြောင်း တစ်ခွန်းတလေတောင် မဟခဲ့ဘူး ... ကျွန်တော် အကြပ်ကိုင်မှသာ ထုတ်ပြောခဲ့တာ ... ဒီနေ့ မားစကားတွေကြားလိုက်ရတော့ ကျွန်တော်သိလိုက်ရတာ တစ်ခုရှိတရ် ... မားက ကျွန်တော်ကိုချစ်တာမဟုတ်ဘူး ... ကိုယ့်ကို ချစ်တာ ... ကျွန်တော့်ကိုမားက အရုပ်တစ်ရုပ်လို သဘောထားတာ ... မားကို ကျွန်တော် အရမ်းစိတ်ပျက်မိတရ် ^
ပြောပီးတာနဲ့ လှေကားပေါ်တန်းတက်သွားတဲ့ Wang ကြောင့် လက်တွဲလျက်သားသူမှာလဲ ပါးကိုတောင်မနှုတ်ဆတ်နိုင်ပဲပါသွားတော့တရ် ...
^ သားသား ပြောတာမင်းကြားတဲ့မလား မေဟန် ... ငါ့နောက်ကို လိုက်လာခဲ့တဲ့ မင်းကိုလဲ ငါစိတ်မပျက်ချင်ဘူး ^
Advertisement
- In Serial8 Chapters
The Villainess Is Shy In Receiving Affection
My wicked mother brought a girl one day. She was the Duke’s hidden daughter, Loretta, the heroine of [Duke’s Four Children]
8 218 - In Serial85 Chapters
I Have The Halo Of Overbearing President
Chu Chu suddenly transmigrated as the vicious female president in the book. The original owner wasn’t only obsessed with the male lead, but also hurt the female lead.
8 926 - In Serial53 Chapters
The Alluring Girl
she is a mysterious beauty
8 455 - In Serial52 Chapters
The Wallflower's Revenge
Russian heiress Tatiana Rostova thought that her 'happily ever after' would be with her beloved fiance. However, the people she cared about most betrayed her and left her dying. Saved by a handsome Italian duke, a plan of revenge blooms.*******Tatiana Rostova took upon herself to seek revenge on the two people she loved the most after their betrayal left her half-dead, even if it meant she had to sell herself to the devil-especially since the devil is in the form of the handsome six-foot-two, silver-eyed Italian duke named Lucca Cavelli. This wallflower vowed to take everything that is rightfully hers. But in the process of her revenge, will she be willing to risk her heart again?Cover designed by Ren Tachibana
8 317 - In Serial45 Chapters
Me, Myself, & My Babies
**The timeline is from 2016 to May of 2018 & is a little messy**16 year old Maisie has always been the quiet, invisible girl.Until Friday night, her and her older brother got into a nasty argument leaving her angry and careless.Before she left for the party that night, she's never had a drop of alcohol or didn't even know what a "body shot" was.She messages her close friend about a party. She goes, has a drink. She wakes up the next morning with a pounding headache, naked, and in bed with Darren, your typical player. Two weeks later Maisie finds out she's pregnant with Darren's child.Darren, the guy who took her first kiss that night.Who took her virginity that night.Who she's going to have a baby with.Who is the father.Who made her little bundle of joy.
8 270 - In Serial15 Chapters
Boo! (Various!Slashers x Fem!Reader)
Your eyes widened, "Okay, let me get this straight you want me to accept the job of a nurse, taking care of 8 killers that just killed six out of twelve nurses, which will be endangering me and my family's and friends lives and all for what?" "1,000 per hour." He grimaced. "I'm in." You grinned wickedly. SLASHERS X READER I do not own any of the slashers characters, but I do own you- *wink wink* *aggressive coughing in the background performed by Freddy Krueger*
8 172

