《Late Regret ( COMPLETED )》Part 31
Advertisement
အခန်းထဲ ရောက်တာနဲ့ Xiao Zhan ရင်ခွင်ထဲတိုး၀င်ပီး တစ်ရှုံရှုံငိုနေတာမို့ သူမှာမနည်းချော့နေရတရ် ...
^ တိတ်ပါတော့ Wang ရယ် ... အိပ်ရေးလဲ၀တာမဟုတ်ဘဲနဲ့ ခေါင်းတွေကိုက်ပီး နေမကောင်းဖြစ်နေမှပဲ ^
^ အဟင့် ... ကျွန်တော် မားကိုအာ့လိုပြန်ပြောတာ ပထမဆုံးပဲ မောင် ... ကျွန်တော်ပြောလိုက်လို့ ပျက်သွားတဲ့မားမျက်နှာကို ကျွန်တော့် မျက်လုံး ထဲက မထွက်သေးဘူး ^
^ Wang မားလဲ နည်းနည်းတော့ စိတ်ထိခိုက်မှာပေါ့ Wang ရယ် ... ဒါပေမဲ့ Wang က မားကို သွေးအေးသွားမှ ပြေရာပြေကြောင်း ပြန်တောင်းပန်လိုက်ပေါ့နော် ... ခုတော့တိတ်ပါတော့ကွာ ... မောင်ရင်တွေနာလှပါပီ ^
^ ကျွန်တော် မားကိုတောင်းပန်မှာမဟုတ်ဘူးမောင် ... ^
စောနကပဲ စိတ်ပူနေပီး ခုကျပြန်တော့လဲ ခေါင်းမာနေပြန်ရော ... တကယ်ပါ ... သူ့ Wang ကိုတစ်ခါတစ်ခါ သူတောင် သိပ်နားမလည် ...
^ ရွတ် ... မောင်က ကျွန်တော်ပြောတာ မရှင်းဘူးနဲ့တူတရ် ... ကျွန်တော်ကစိတ်မကောင်းဖြစ်ရုံတင် ... ကျွန်တော့အမှား မရှိတဲ့အတွက် မတောင်းပန်နိုင်ဘူး မောင် ... ^
နှာတစ်ရွတ်ရွတ်နဲ့ပြောနေတဲ့ကောင်လေးကို သူဖစ်ညစ်ပီး ဖက်ပလိုက်တော့တရ် ...
^ အင့် ... ဖြေးဖြေး ... ဒါနဲ့ မောင် ဒီနေ့ စောစောအိပ်ရမရ်နော် ... မနေ့ကတစ်ညလုံးလဲမအိပ်ထားဘူး ^
^ မောင် နဲ့တူတူအိပ်နော် Wang ... Wang ကိုဖတ်မအိပ်ရရင် မနေတတ်တော့ဘူး သိလား ရွတ် ^
ငိုထားလို့ နှာလုံးနီနီလေးနဲ့ မျက်လုံးအစ်အသ်နဲ့ကောင်လေးကို သူဖိကပ်နမ်းပလိုက်တော့သည်။
တကယ်ပါ ... Wang ကသူရဲ့ မြတ်နိုးမ၀လေး ...
----------------------------------------------------------------------------------
^ ပါးပါး ... မားက မနက်စာ မစားဘူးလား ^
ဆိုဖာပေါ်မှာထိုင်လျက်သားတွေ့လိုက်ရတဲ့ မားကို Yibo တွေ့ပေမဲ့လဲ မနှုတ်ဆတ်မိလိုက်သလို မားရဲ့ မျက်လုံးတွေကိုလဲ မမြင်နိုင်ပေ ...
^ မင်း မားက ညထဲကအိပ်ခန်းကို ၀င်မအိပ်တာ ... ပါးက တခြားအခန်းမှာအိပ်မရ်ထင်ထားတာ ... ညထဲကပုံစံအတိုင်းပဲဆိုတော့ ^
ဒါဆို တစ်ညလုံး မားက ဆိုဖာမှာအချိန်ကုန်ခဲ့တာလို့ပြောချင်တာလား ...
^ သားငယ် ... မားနဲ့ စကားခဏပြောရအောင် ^
မောင်က အိပ်မောကျနေတုန်းမို့ သူပဲအရင်အောက်ဆင်းခဲ့တာမို့ မောင်ကဘေးနားမှာမရှိ ... သူခုထိ မားနဲ့စကားမပြောရဲသေးပေ ...
အထူးသဖြင့် မောင်နဲ့သူ့အကြောင်း မားရဲ့ရင့်သီးမှု့တွေကို နားမထောင်နိုင်တော့ဘူး ... ပါးပါးကို ကြည့်လိုက်မိတော့ မေးငေါ့ပြတရ် ... ပြောချင်တာက သူ့သဘောအတိုင်းပေါ့ ...
^ စိတ်မရှိပါနဲ့မား ... ကျွန်တော်နဲ့ မောင့်အကြောင်းပြောမရ်ဆိုရင် မောင်ရှိနေမှ သင့်တော်မရ်ထင်တရ် ... ^
^ ကောင်းပီ ... မားစောင့်နေလိုက်မရ် ^
Yibo Breakfast သာစားနေပေမဲ့ စိတ်လှုပ်ရှားနေတာထိန်းမရ ... စားလို့သာပီးသွားတရ် မောင်ကနိုးမလာတော့ သူ့ကိုယ်တိုင်ပဲ သွားနိုးလိုက်ရတော့တရ် ....
အိပ်မှုတ်စုတ်ဖွားနဲ့ လိုက်လာတဲ့ မောင်က သိပ်ချစ်ဖို့ကောင်းတာပဲ ... မနေနိုင်မထိုင်နိုင် ပါးကိုနမ်းမိတော့ တစ်ချက်ထဲကို မျက်လုံးပြူးသွားတော့တာပဲ ...
^ ကျွန်တော်တို့ ရောက်ပါပီ မား ^
သူတို့နှစ်ယောက် ဘက်တော်သားဖြစ်တဲ့ ပါးပါးကတော့ ဒီစကားဝိုင်းထဲ ၀င်မပါဘူးထင်ပါရက် ... ထမင်းစားခန်းထဲကကိုမထွက်တော့တာ ...
^ မင်းတို့ ရှေ့ဆက်သွားဖို့ပဲ စိတ်ကူးရှိတာလား ^
^ ဟက် ... မနေ့ကပြောခဲ့တဲ့ ပါးပါးရဲ့စကားတွေက မားခေါင်းထဲမှာ မရှိတော့ဘူးနဲ့တူတရ် ... ^
^ သားငယ်က မားကို ခနဲဖို့ပဲတွေးထားတရ်နဲ့တူပါတရ် ... မားက သေချာအောင်မေးကြည့်တာပါ ... မင်းတို့ ရူးရူးမူးမူးဆယ်ကျော်သက် အရွယ်တုန်းကတောင် လက်တွဲဖြုတ်ခဲ့ကြတာ ... ခုလို တည်တည်တန့်တန့်အရွယ်မှာ လက်တွဲနိုင်မရ်ထင်လား ... အထူးသဖြင့် သားကြီးပဲ ... အသိုင်းအဝိုင်းကြီးတဲ့ Xiao အိပ်တော်က သားတစ်ယောက်က လူအများကဲ့ရဲ့တာခံပီး သားငယ်ကို ဆက်ပီး လက်တွဲသွားနိုင်မှာတဲ့လား ...^
^ မား မောင့်ကိုပြောစရာမလို ... ^
Yibo စကားဖြတ်ပြောတုန်းပဲရှိသေး မောင်က သူ့လက်ကိုဆုပ်ကိုင်ပီး မပြောဖို့တားလေးတရ် ...
^ ဆက်ပြောပါ မား ... ကျွန်တော် နားထောင်နေပါတရ် ^
^ သားကြီး ... မင်းကို မားက သားရင်း တစ်ယောက်လို တကယ်ချစ်တာပါ ... နောက်ပီး မားရဲ့လုပ်ရပ်ရဲ့ နောက်ဆက်တွဲ တွေကြောင့် သားကြီးတို့ ခံစားခဲ့ရတာ တကယ်ကိုမား စိတ်မကောင်းပါဘူး ... ^
ပြောရင်းနဲ့ မားက မောင့် အရိပ်အခြေကိုတစ်ချက်ကြည့်တရ် ... မောင်က သေချာနားထောင်နေတရ်ဆိုမှ ...
^ မင်း မိသားစုဂုဏ်သိက္ခာ ရှိသေးတရ် သားကြီး ... မင်းမိသားစုကရော သားငယ်ကို လက်ခံနိုင်မှာတဲ့လား ... အထူးသဖြင့် တစ်ဦးတည်းသော သားတွေဖြစ်တဲ့ မင်းတို့နှစ်ယောက်ကို မိဘတွေက အများကြီး မျှော်လင့်ထားကြမှာပဲ ... မှန်ပါတရ် ... မားက မားဘက်ကိုမားကြည့်ခဲ့တရ် ဆိုတာ ... မားသားငယ်ကို မားကသိပ်ကို ရည်မှန်းချက်ကြီးကြီးထားခဲ့တာ ... ယောက်ျားတစ်ယောက်နဲ့ ချစ်ကြိုက်တရ်ကြားကြားချင်းတုန်းက သိပ်ကိုတုန်လှုပ်ခဲ့တရ် ... တစ်ချိန်ကျရင် သားငယ်ဟာ သူ့ချစ်သူကောင်မလေးနဲ့ ချစ်စရာကလေးတွေမွေးထားတာကို မားမသေခင်မြင်ချင်တာ မားရဲ့ ဆန္ဒပဲ ... ခုတော့ သဘာ၀တရားကို ဆန့်ကျင်တာ ဘာမှကောင်းကျိုးဖစ်လာမှာ မဟုတ်ဘူး သားတို့ ... ^
ခုထိ မာန်မလျော့သေးတဲ့ မားက Yibo တို့နှစ်ယောက်ကို အနုနည်းနဲ့ တရားချနေတုန်း ...
^ မား ကခုထိ ကျွန်တော်တို့နှစ်ယောက်ကို ... ^
^ Wang ... မောင်အရင်ပြောပါရစေ ^
^ အရင်က သရဲဘောကြောင်ပီး Wang ကိုလက်လွတ်ခဲ့တာမှန်ပါတရ် ... ဒါပေမဲ့ Wang နဲ့ခွဲရတဲ့အချိန်တွေမှာတောင် ကျွန်တော်က Wang အနားမှာအမြဲအရိပ်လိုရှိနေခဲ့တာပါ ... တစ်နှစ်ပဲ ... Wang နားမှာ ကျွန်တော်မရှိပေးနိုင်ခဲ့တာ ... တစ်နေ့မှ ... ဟင်အင်း ... အသက်ရှူနေသမျှ တစက္ကန့်လေးတောင် Wang ကိုလုံး၀မမေ့ခဲ့ဘူး ... ကံတရားက ကျွန်တော့်ကိုပြန်ဆုံဆည်းစေခဲ့တရ် ...
Advertisement
ကျွန်တော် တရုတ်ပြန်ရောက်ရောက်ခြင်းနေ့မှာပဲ Wang နဲ့ပြန်တွေ့ခဲ့တာပဲ ... အရင်လိုငေးမရ်လို့ တွေးမိပေမဲ့ Wang အနားမှာ ကျွန်တော်မဟုတ်တဲ့ တခြားတစ်ယောက်ကိုမြင်လိုက်တိုင်း နှလုံးသားကို ဆုပ်ဆွဲထားသမျိုးကိုနာတရ် ... အာ့ကြောင့် ကျွန်တော်ပြန်ကြိုးစားခဲ့တရ် ... Wang ဟာ လမ်းခွဲရတဲ့အကြောင်းသိချင်တဲ့အတွက် မလိမ်ညာရက်လို့ အမှန်တိုင်းပြောခဲ့မိတာပါ ... ^
^ ဒါပေမဲ့ မင်းတို့ ... ^
^ ခဏလေးပါ မား ... ကျွန်တော်စကားမပီးသေးပါဘူး ... Xiao အိမ်တော်က ပါးနဲ့ မား သာမက ကျွန်တော့ မိတ်ဆွေတွေကအစ တက္ကသိုလ်ဘ၀ထဲက Wang နဲ့လက်တွဲနေတာ သိကြပါတရ် ... မားဆိုရင် Wang လာရင် ကျွန်တော်ကိုတောင် ပစ်ထားတတ်တဲ့အထိ Wang ကိုသဘောကျတာပါ ... သဘာ၀တရားကို ဆန့်ကျင်ခဲ့တာ မဟုတ်ဘူးမား ... ဦးနှောက်ကငြင်းဆန်ခဲ့ပေမဲ့ နှလုံးသားက Wang မှ Wang ဖြစ်နေတဲ့အတွက် ကျွန်တော် ရှေ့ဆက်ဖို့ပဲရွေးခဲ့မိတာ ... Wang ကိုစတွေ့ထဲက ကျွန်တော် စွဲလမ်းခဲ့ရတာပါ ...
ပတ်၀န်းကျင်ကို ကျွန်တော့် ပျော်ရွင်မှု့ထက်ပိုပီး ဂရုမစိုက်နိုင်ပါဘူး မား ... တရုတ်ပြည်မှာ လိင်တူခြင်းလက်ထပ်တာလက်မခံတဲ့အတွက် ကျွန်တော် Landon မှာလက်ထပ်ဖို့ကအစ အစီစဉ်ဆွဲပီးသားပါ ...
ကျွန်တော်တို့ တစ်ချိန်ကျရင် ကျင်းပမဲ့ လက်ထပ်ပွဲအတွက် မားကောင်းချီးပေးတာ လိုချင်ပါတရ် ... ကျွန်တော်တို့ နှစ်ယောက်ကို ကျေးဇူးပြုပီး သဘောတူပေးပါ မား ... Wang ကိုမိဘနှစ်ပါးရဲ့ သဘောတူညီချက်အောက်မှာ လက်ထပ်ချင်ပါတရ် ^
ပျော်လွန်းလို့ ငိုတရ်ဆိုတဲ့ စကားကိုအရင်က Yibo အပိုတွေလို့ သတ်မှတ်ခဲ့တာ ... ခုမောင့်ကြောင့် သူမှာ ပျော်လွန်းလို့ မျက်ရည်ကျလုမတတ်ပင် ... Yibo ကသာ မောင့်ကိုချစ်ဖို့ကလွဲပီး ဘာမှမသိတာ ... တကယ်ပဲ မောင်က သူတို့နှစ်ယောက် ဘ၀အတွက် အစီစဉ်တကျရေးဆွဲပီးသားကို ...
^ ငါသဘောမတူရင် မင်းတို့ကရှေ့မဆက်ဘူးဆိုတဲ့သဘောလား ^
^ Wang လက်ကိုလွတ်ဖို့ ဒီတသက် မပြောနဲ့ နောင်ဘ၀တွေတောင် လွတ်ဖို့စိတ်ကူးမရှိပါဘူး ... Wang ကိုမှမရရင် ရူးပါ့လိမ့်မရ်ဆိုပီး အော်ဟစ်ရမဲ့အရွယ်လဲ မဟုတ်တော့ပါဘူး ... ကျွန်တော် လေးလေးနက်နက်နဲ့ တောင်းဆိုတာပါ မား ... မားဘက်က သဘောတူတာနဲ့ ကျွန်တော့်မိဘတွေခေါ်ပီး တွေ့ဆုံပွဲလုပ်ဖို့ စီစဉ်လိုက်ပါ့မရ် ^
^ အပြောကသိပ်လွယ်တရ် သားကြီး ... ယောက်ျားလေးနှစ်ယောက် ပေါင်းစပ်ဖို့က ဒီလောက်ထိလွယ်ကူမနေဘူး ... နောက်ပီး မင်းတို့နှစ်ယောက်ရဲ့ အချစ်တွေက သက်တမ်းမကုန်နိုင်တော့ဘူးလား ... အသစ်အဆန်းမို့ ခုန်မင်နေကြတာပါ ... မင်းတို့ကြား တတိယလူသာ ၀င်လာခဲ့ရော ... ^
^ အချိန် တွေ ကြာလာခဲ့ရင်တောင် ကျွန်တော့် မေတ္တာတရားက Wang အပေါ်တစ်စက်လေးမှ ပျက်သွားမှာမဟုတ်ပါဘူး ... အာ့တွက် တတိယလူဆိုတာ ရှိလာမှာလဲမဟုတ်ပါသလို အကယ်၍ ကြား၀င်ခဲ့ရင်လဲ ခဏတာ အနှောက်ယှက်တစ်ခုကလွဲ ကျွန်တော်တို့ ချစ်ခြင်းက ပျက်သွားမှာမဟုတ်ပါဘူး ... ^
^ မင်းတို့ခေါင်းသိပ်မာလွန်းတရ်ကွယ် ... မားက ... ^
^ တော်သင့်ပီ မေဟန် ... ကလေးတွေက သူ့တို့ ဖြစ်ချင်တဲ့ဆန္ဒကိုပြောပီးပီ... ငါနားထောင်ရသလောက် ခေါင်းမာနေတာ သားတွေမဟုတ်ဘူး ... မင်းပဲ ... ကဲ ... သားတို့အလုပ်ရှိသေးတရ်မလား ... သွားကြတော့ ... ^
ပါးပါးရဲ့ စကားစဖြတ်မှု့ကြောင့် မားလဲရပ်သွားသလို သူတို့လဲသုတ်ခြေတင်လစ်လာရတော့သည်။
-------------------------------------------------------------------------------
^ မောင် အလုပ်ပီးရင် ဖုန်းဆက်လိုက်မရ်နော် ... နေ့ခင်းကို ကလေးတွေနဲ့ပဲစားလိုက်တော့မရ် ^
ခုဆို Yibo ကမောင့်ကိုလိုက်မပို့ခိုင်းပဲ မောင့်အလုပ်ခန်းမှာ ခဏ၀င်နေတာဖြစ်သည်။
^ ဟုတ်ပါပီကွာ ... မောင့်ကောင်လေးက မောင်နဲ့တူတူမစားချင်ဘူးဆိုရင်လဲ ရပါတရ် ^
စိတ်ကောက်တာလဲမဟုတ်ပဲနဲ့ စိတ်ဆိုးချင်ယောင်ဆောင်နေတဲ့မောင်က အချော့ခံချင်နေပုံရတရ် ... ကျောပေးထားတဲ့ မောင့်ခါးကို ခပ်တင်းတင်းဖတ်လိုက်ပီး ...
^ ဘာ မောင့်ကောင်လေးလဲ ... မောင့်အမျိုးလောင်းလို့ ပြောရမှာပေါ့ ... ^
Yibo ပြောပီးတာနဲ့ ချက်ချင်းလှည့်ပီး ရင်းချင်းကပ်လိုက်တဲ့ မောင့်ကြောင့် လန့်တောင်သွားရသည်။
^ မောင်က အာ့စကားတွေကို Wang ကိုကြိုပြောပြထားရမှာ ... မားကြောင့် မောင့်အစီစဉ်တွေ အရင်ချပြလိုက်မိတာ ... စိတ်မဆိုးနဲ့နော် ... ^
^ ဟာ ... မောင်ကလဲ ... ဒီလောက် ပျော်ဖို့ကောင်းတဲ့ကိစ္စကို ကျွန်တော်က ဘာလို့စိတ်ဆိုးရမှာလဲ ... နောက်ပီး ကျွန်တော် မောင်လို့ ခေါ်လိုက်ထဲက မောင်ရဲ့လက်တွဲဖော်ဖြစ်ဖို့ ဆုံးဖြတ်ချက်ချပီးသား ^
^ အား ... ချစ်လိုက်တာကွာ ... ဒီတစ်လုံးတစ်ခဲကြီးကို ... မောင်က အရင် သေသေချာချာ Propose မလုပ်ထားဘဲ မောင်ဖြစ်ချင်တာတွေကြီးပဲ ပြောလိုက်မိလို့ စိတ်ဆိုးသွားလားလို့ ^
ပြောလဲပြော Yibo ကိုဖတ်ထားတာများ တင်းတင်းကြပ်ကြပ်နဲ့ ...
^ စိတ်ဆိုးစရာလား မောင်ရယ် ... ကျွန်တော်ကဖြင့် ပျော်လွန်းလို့ မျက်ရည်တောင်ကျမိတော့မလို့ ... အော် ... ဒါနဲ့ ... ကျွန်တော် နက်ဖြန် ကလေးတွေနဲ့ပဲ Dinner စားဖစ်မရ်မောင် ... Dream မွေးနေ့ဆိုတော့ ^
^ Wang သိတရ်မလား ... မောင်က ချစ်ခြင်းနဲ့ ယုံကြည်မှု့ထပ်တူ နဲ့ Wang ကိုချစ်တာ ... ^
ဖတ်လျက်သားပြောနေတာမို့ Yibo လဲ မောင့် ပခုံးမှာ မေးလေးတင်ထားပီး အသာခေါင်းညိမ့်ပြလိုက်တရ် ...
^ Dream ဆိုတဲ့ ကောင်လေးကို မောင် Wang အနားမှာ မြင်ရတာကိုအဆင်မပြေဘူးကွာ ... Wang ကိုသူ့ကြည့်တဲ့အကြည့်တွေကအစ ... ^
အင်း ... မောင် စိတ်ပူတာကိုလဲ သူနားလည်သင့်သလောက်နားလည်ပါတရ်လေ ...
^ အင်းပါ ... ဟိုလေ ... မောင် ... ကျွန်တော့်ကို သူ Propose လုပ်ဖူးတရ် ... ဒါပေမဲ့ ကျွန်တော် ချက်ချင်းငြင်းပစ်တာနော် ... ကလေးအရွယ်တွေပါ မောင်ရယ် ... ^
Propose ဆိုတဲ့ စကားကြားပီးနောက်ကနေ မောင့်ရဲ့ ဘာ ဆိုတဲ့အသံဖုံးအောင် Yibo မှာအမြန်ပြောလိုက်ရတရ် ...
Advertisement
^ ဟင်း ... မောင် စိတ်မချတာက စိတ်မချတာပဲ Wang ရယ် ^
^ စိတ်မချရင်လိုက်ခဲ့ပေါ့ မောင်ရယ် ... ကျွန်တော်က မောင်အနားမှာပဲရှိနေမှာရယ် ^
^ ရွတ် ... လိုက်မှာပေါ့ ... ရွတ် ... အသည်းတုံးလေးရဲ့ ^
အင်း ... မဆီမဆိုင် Yibo ရဲ့ပါးနှစ်ဖက်လေးလဲ အနမ်းခံလိုက်ရတရ် ... သူ့ပါးကြီး ပိန်လာရင် အဲ့ဒါမောင့်ကြောင့်ပဲ ...
-------------------------------------------------------------------------
^ ကိုကို မနက်ဖြန် ကျွန်တော့် မွေးနေ့ဆိုတာ မမေ့ပါဘူးနော် ^
ရောက်ရောက်ခြင်း တံခါးဖွင့်ခါစ Yibo ကြောင့် အခန်းထဲ ခြေအပြည့်မချရသေးဘူး တွေ့တာနဲ့ မေးတဲ့ကောင်လေးကြောင့် သူပြုံးပီး ...
^ မမေ့ပါဘူးကွာ ... ကော မနက်ဖြန် အားအောင်လုပ်ထားပါတရ်ကွ ... မွေးနေ့ရှင်လေးက ဘာလိုချင်လဲ ... ကော ဘာ၀ယ်လာခဲ့ရမလဲ ... ဒါမှမဟုတ် ကောစိတ်ကြိုက်ပဲ ၀ယ်လာခဲ့ရမလား ^
^ ဟင်းအင်း ... ဘာမှ ၀ယ်မလာနဲ့ ... ကျွန်တော် ပီးမှ လက်ဆောင်တောင်းမှာ ... အဓိကက ကိုကိုလာဖို့ပဲ ^
ပျာပျာသလဲ ငြင်းတဲ့ကောင်လေးကြောင့် သူခေါင်းစားမိတော့အမှန်ပင် ...
^ မင်း မဟုတ်တာတွေတော့ မတောင်းနဲ့နော် ... ငါ၀ယ်ပေးနိုင်တဲ့ဟာပဲ ၀ယ်ပေးမှာ ... ^
^ အဟင်း ... ကိုကိုပေးနိုင်ပါတရ် ... ^
Idol နှစ်ယောက်အပေါ်ထိခိုက်စေလိုသော အသုံးအနှုန်းများရှိရင် အားမနာတမ်းလာပြောလို့ရပါတရ်ရှင့် ...
ပုံတွေအားလုံး Credit ပေးပါတရ်ရှင့် ...
#Violet
----------------------------------------------------------------------------------
^ ဒါပေမဲ့ မင်းတို့ ... ^
-------------------------------------------------------------------------------
Advertisement
- In Serial13 Chapters
Healing in Medicine Bow
Misty Rundell, a bright eyed waitress and single mother was running for her life. She would do anything to protect her tiny daughter, even if it meant running from town to town for the rest of their lives.Jackson Silverman, a grouchy, but young and successful rancher, had sworn off women three years ago after he found his wife in HIS bed with one of the ranch hands. He was an impossible man to read and he always wore a scowl under his Stetson. He has never been known for being gentle, and certainly never known to smile.So, what happens when a friend intervenes and a certain past comes to haunt?
8 123 - In Serial8 Chapters
La Familia mas poderosa del mundo de Harry Potter
El protagonista es un mago que revivió luego de estar dormido por 2000 años, luego de despertar, decidió crear la familia más poderosa, esta historia está basada en el mundo de Harry Potter, usara su inteligencia para hacer que todo el mundo Magia conosca a la familia Ramirez; es la primera vez que escribo una novela así que ya veremos que tal queda.
8 164 - In Serial36 Chapters
It's Kinda Complicated
Hot Boss? ✔Love-Hate Relationship with Boss? ✔Weird Best Friends? ✔Complicated friendship with Best Friend? ✔History with Best Friend's Ex Boyfriend? ✔Crush on Best Friend's current Boyfriend? ✔Drama? ✔Sarcasm? ✔Confusion? ✔Humor? ✔You think your life is a soap opera?Honey, you haven't met Riya.#5 in hotness (7 March '19)#17 in comebacks (19 Oct '18)#18 in mess (19 Jan '19)
8 202 - In Serial16 Chapters
From a Cullen to a Mikaelson *Klaus LS* (Twilight x TVD )
Skyler Cullen is Renesmee's twin. The forgotten one. When the Volturi comes after the Cullen's Carlisle calls an old friend to come help. The Mikaelson's. When they do Klaus and Skyler grow close too each other and become very protective over each other. but when Skyler father suddenly 'loves' her things change. will she choose the Mikaelson's who love her with all there heart or the Cullen's when her own mother doesn't really like her and her aunt and father hate her with a burning passion.*has not been edited and was written by a grade 7/8*
8 220 - In Serial58 Chapters
Want To Be Loved (Himiko Toga x Female Reader Story)
Y/n hasn't had a happy life, she never got to be her true self. She's also in UA forced by her mother. This will change once Toga enters her life. This is a villain love story.⚠️Dni in the comments if you're under 15⚠️⚠️THERE ARE TW I INCLUDED IN THE BEGINNING PLEASE READ⚠️⚠️There's also smut in a few chapters!!!⚠️
8 134 - In Serial58 Chapters
I Do. (August Alsina)
Sarah Marshall.A 21 year old, single mother. Five years ago, at the age of 16, she was brutally beaten and raped by her ex Raymond Brown. He impregnated her and left her to die.Nine months later after the incident, she birthed a beautiful baby boy, Christian Malik Marshall. Christian, an obedient young boy, who loves meeting new people. He's very caring and lovable. Christian is all Sarah has to a family. Sarah and Christian are strong, faithful believers in Christ, hence the name Sarah had given Christian.That one night of the attack, Sarah's life changed forever.#1 in August
8 275

