《Late Regret ( COMPLETED )》Part 32
Advertisement
ဒီနေ့က Dream မွေးနေ့ ...
Dream CEO ရဲ့ညီဖစ်သူ မွေးနေ့ကြောင့် သူတို့ Boss ကအားလုံးကို တစ်ရက်အနားပေးပီး Restaurant တစ်ခုမှာ ညစာစားဖို့ ဖိတ်ထားတရ် ...
Dream BD လဲ ဖစ်သလို Yibo စိတ်ရွင်နေတဲ့နေ့ဆိုလဲမမှားဘူး ... အကြောင်းရင်းကတော့ နှစ်ယောက်မရှိတဲ့ သူရဲ့မောင်ကြောင့်ပေါ့ ...
Thursday လောက်ထဲက Dream BD အကြောင်းပြုပီး ကောက်နေတဲ့မောင်ဟာ သူကိုမြင်တာနဲ့ ဆူပုတ်ပြနေတော့တာပဲ ... မနက်ပိုင်း ရုံးခန်းမှာတုန်းက စကားပြောတော့လဲအကောင်း ... အလုပ်ပီးတော့ ဖုန်းလဲခေါ်ရော ...
^ မောင် ... အလုပ်ပီးပီလား ... ကျွန်တော် လာကြိုမရ်လေ ^
^ အဟမ်း ... မပီးသေးဘူး ... Wang ပြန်နှင့် ... ^
^ ဟမ် ... အရင်ကဆို ဒီအချိန် မောင်ပီးလို့ ကျွန်တော်ဆီတောင် လာခေါ်နေကျကို ... ကျွန်တော် ကူလုပ်ပေးလို့ရရင် လုပ်ပေးမရ်လေ ... ^
^ ရဘူးဆို ... မောင်က ကျောင်းတုန်းက သူငယ်ချင်းတွေနဲ့လဲ ချိန်းထားသေးတရ် ... အာ့ပြန်နှင့် ^
မောင့် စကားတွေကြောင့် သူမှာမတင်မကျ ... မောင့် သူငယ်ချင်းအရင်းကြီးဆိုလို ယွီပင်းကောနဲ့ ကျိုးချန်ကော နှစ်ယောက်ပဲရှိတာမဟုတ်လား ...
နောက်ပီး မောင်က အစာအိမ်ကြောင့် အရက်မသောက်ရဘူး ဆိုကာမှ ... တွေ့အုန်းမရ် ... စိတ်ထဲမယ် ကြိန်းမောင်းပီး မောင့်ရုံးခန်းကို သွားတော့တာပဲ ...
^ မောင် ... ^
^ ဘာလဲ ... ^
အမယ် ... Yibo ကိုမြင်တာလဲ မအံဩတဲ့ အပြင် ထူးပုံက ဘောက်ဆတ်ဆတ်နဲ့ ...
^ ဘာကို ဘာလဲ လဲ ... အိမ်ကိုတူတူပြန်မရ် ... ^
^ ပြန်ဘူး ... သွားစရာရှိတရ် ^
Yibo မျက်နှာကိုတည့်တည့်မကြည့်ပဲ ပိတ်ထားတဲ့ Laptop ကိုသာကြည့်ပီး ဖြေနေတဲ့ မောင်ကြောင့် စိတ်ထဲတစ်မျိုး ... မသိမသာ အနားတိုးကြည့်မိတော့ ... အမလေး ... နှုတ်ခမ်းကဆူထားသေးတာ ...
^ မောင် ... ကျွန်တော်ကို စိတ်ဆိုးသွားတာလား ... ကျွန်တော်က သူငယ်ချင်းတွေနဲ့သွားရင် သောက်ဖစ်မှာစိုးလို့ပါ ... မောင့် အစာအိမ်က လုံး၀ကောင်းသေးတာမှာ မဟုတ်ပဲကို ^
Xiao Zhan ကို နောက်ကပခုံးကို နှိပ်ပီး အသံတိုးတိုးလေးနဲ့ ချော့သလိုပြောနေတဲ့ Wang က သူ့အရှေ့မှာ ပြုံးချင်ချင်ဖစ်နေတဲ့ မျက်နှာကို မြင်မှာမဟုတ်ဘူး ...
^ မဆိုးပါဘူး ... မောင်က ဘာကိစ္စနဲ့ ဆိုးရမှာလဲ ^
^ ဒါဆိုလဲ ပိတ်ထားတဲ့ Laptop ကိုဆက်မကြည့်ပဲ အိမ်ပြန်ကြရအောင်လား ဆရာရှောင်း ^
စကားအဆုံးမှာ Yibo ရဲ့ ခွီးဆိုပီး မထိန်းနိုင်တဲ့ ရယ်သံပါ ပါသွားတော့ မောင်က ချက်ချင်းလှည့်ကြည့်ပီး မျက်စောင်း ထိုးပြန်တရ် ... တကယ်ပဲ ဘာတွေကောက်နေမှန်းကိုမသိတာ ...
^ မောင် ... ၀မ်အိမ်တော် မပြန်ဘူးလား ^
^ ပါးက မလာနဲ့ဦးတဲ့ ... ^
^ ဟင် ... ကျွန်တော့်ကိုတောင် ဖုန်းမဆက်ဘူး ... သားထက် သမက်ကို ကျော်ပီး ဖုန်းဆက်ရတရ်လို့ ... ကြားမကောင်းဘူး ... ^
Wang ရဲ့ ဆူပုတ်ပုတ်ပြောသံကြောင့် Xiao Zhan မှာကားမောင်းနေရင်းက ဖက်နမ်းချင်စိတ်ရော ပြုံးချင်စိတ်ကိုပါ မဟားတရား ထိန်းထားနေရတရ် ...
^ မောင် ... တကယ် ကျွန်တော်ကို စိတ်ကောက်နေတာလား ... ဘာကိစ္စလဲ ... တိုက်ရိုက်ပြောလိုက်ပါလား ... မောင် အာ့လိုကြီးနေတော့ ကျွန်တော်တကယ်မနေတတ်ဘူး ^
အိမ်ရောက်တော့လဲ ကောတို့လဲအိမ်မှာမရှိဘဲနဲ့ ဧည့်ခန်းထဲထိုင်ပီး TV ကြည့်နေတဲ့ မောင့်ကိုတကယ်နားမလည်နိုင် ...
အိပ်ခန်းကို ခဏ ခဏတော့ ၀င်လာပါရက် ... ဒါပေမဲ့ အရင်ကလို အိမ်ရောက်တာနဲ့ Yibo ကိုအရိုးကြေမတတ်ဖတ်ပီး တမွမွနမ်းနေကျမဟုတ်လား ...
^ ဘာလဲ မောင် ... Dream မွေးနေ့သွားမဲ့ ကိစ္စလား ... မောင် မသွားစေချင်ရင် မသွားဘူး မောင် ... ^
မောင် အိပ်ခန်းထဲ၀င်လာတုန်း မောင့်လက်တစ်ဖက်ကို ဆွဲပီး မေးပြန်တော့လဲ မောင်က အဖတ်မလုပ် ... ကြာတော့ ချော့ရတာ စိတ်ကုန်လာတာရော စိတ်ညစ်လာတာရော ဖစ်လာတဲ့ Yibo ဟာ ငိုချင်စပြုလာပီဖစ်တရ် ...
ငိုချင်စိတ်ကို မထိန်းနိုင်မှာစိုးလို့ ရေချိုးခန်းထဲမှာသာ ရေသွားစိမ်ရင်းနဲ့ မျက်ရည်ကျရသေးတရ် ...
မနက်ကထိ အကောင်းကြီး မောင်က ခုသူ့အပေါ်ဘာလို့ အေးစက်သွားတာလဲ ... ဟင်အင်း ... သူ့ကိုလျစ်လျူရှု့ထားသလိုမျိုး ... အကြည့်ချင်းတောင်မဆိုင်နိုင်တာ ...
^ ဘာများ အမှားလုပ်မိလို့လဲ မောင်ရယ် ^
Yibo ရေချိုးပီးတာတောင် အခန်းထဲမ၀င်နိုင်သေးတဲ့ မောင်ကြောင့် သူလဲ ထပ်ချော့ချင်စိတ်မရှိတော့ပဲ အ၀တ်အစားလဲ ဆေးသောက်ပီးသာ အိပ်လိုက်တော့တရ် ...
ရေချိုးခန်းထဲမှာ အချိန်ကြာကြီးနေပီး ငိုထားတဲ့အကျိုးဆက်ကြောင့် မသောက်ချင်တဲ့ ဆေးလဲသောက်ရပီး မဖက်ချင်တဲ့ ဖတ်လုံးကို ဖတ်ပီး အိပ်ပျော်သွားတော့တရ် ...
----------------------------------------------------------------------------------
^ Wang ... Wang ... ခဏထပါဦး ... ^
^ ဟင် ... ^
^ မျက်လုံးတွေ အရမ်းမပွတ်နဲ့လေ ... Wang မျက်လုံးတွေ နာကုန်မှာပေါ့ ^
လက်လေးကို အသာကိုင်ပီးဖယ်ပေးတော့ Wang ကပြူးကြောင်ကြောင်လေး ကြည့်လာတရ် ... မနေနိုင်မထိုင်နိုင် မျက်ခွံလေးကို ဖိနမ်းမိတော့ ကြောင်တောင်တောင်လေးကြည့်လာပြန်ရော ... မကြာလိုက် ... မျက်ရည်ဥကြီးတွေ ဝိုင်းတတ်လာတော့ သူမှာ အပျာအယာနဲ့ ...
^ ဘာဖစ်လို့လဲ Wang ... မျက်လုံးစပ်သွားလို့လား ... ^
^ အဟင့် ... မောင် ... မောင်က ကျွန်တော့ကို စိတ်ဆိုးနေတရ်ထင်တာ ... ဟင့် ... ခု ... ခုကို အိပ်မက် မက်နေတရ်ထင်နေတာ ... ^
Advertisement
^ မောင့် Wang ကတော့ကွာ ... ဘေးဘီကိုလဲကြည့်ပါဦး ... ရွတ် ^ ပါးလေးတစ်ဖက်ကို နမ်းပီးပြောမိတော့ ခေါင်းလေးပုပီး ကားပေါ်ကနေ ဟိုကြည့်ဒီကြည့်နဲ့ကြည့်ရှာတရ် ...
ကမ်းခြေဘက်ကို Wang အိပ်နေတုန်း မနိုးအောင် သေချာပွေးပီးဖြေးဖြေးလေးခေါ်လာခဲ့တာ ... ကားစက်ကိုလဲ ကြိုစက်နိုးထားပီး ဖြေးဖြေးလေးမောင်းလာရသေးတာ ... ခုလဲ အိပ်မှုတ်စုတ်ဖွားလေးက ပတ်၀န်းကျင်ကို အကဲခတ်မိတော့ သူကိုအလန့်တကြားမေးလာတော့သည်။
^ ဟမ် ... ဘယ်လိုဖစ်ပီး ကျွန်တော်တို့က ဒီကိုရောက် ... နောက်ပီး ဒါတွေကဘာလဲ ^
Wang စကားကို ပြန်မဖြေပဲ ကားတံခါးဖွင့်ပီး အသာပွေ့ချီတော့ လည်ပင်းလေးကိုအလိုက်တသိချိတ်လာပြန်တရ် ...
^ မျက်လုံးလေး ခဏမှိတ်ထားပေး Wang ... ^
သူ့အလိုကျ မျက်လုံးလေးမှိတ်ပေးလာတဲ့ Wang ကြောင့် သူ့မှာပိုအချစ်ပိုရသေးတရ် ... ယွီပင်းတို့ ပြင်ထားပေးတဲ့ အပြင်အဆင်ကြောင့် သူသဘောကျမိသွားသည်။
Photo ပေါ်မှာမြင်ရတာထက်စာရင် အပြင်မှာပြင်ရတာက ပိုတောင်ကြည့်ကောင်းနေသေးတရ် ... နောက်မှပဲ ကျိုးချန်တို့ကို တစ်ဝိုင်းလိုက်ကျွေးတော့မရ်လေ ...
Wang ကို မြေပေါ် ဖြေးဖြေးလေး ချပေးပီး မျက်လုံးမဖွင့်ဖို့ကိုပဲ ပြောထားရသေး ... သူမှာ ဟိုကောင်တွေကပြင်လို့ပီးပီးဆိုတာနဲ့ Wang ကိုခေါပီးလာဖို့ပဲ လောနေတော့ သူမှာအ၀တ်အစားလှဲတာကလွဲပီး ဘာမှမပြင်ဆင်လာရ ...
^ Wang ... မျက်လုံးဖွင့်ကြည့်လို့ရပီ ^
သူ့ရှေ့မှာ လက်စွပ်ကိုင်ပီး ဒူးတစ်ဖက် ထောက်လျက်ရှိနေတဲ့ မောင်ကြောင့် ဟင်ဆိုတဲ့ အာမေဍိတ်သံ တစ်ခုတောင် ထွက်သွားမိတရ် ...
^ မြင်မြင်ချင်းစွဲလမ်းခဲ့မိတဲ့ Wang ကိုမောင်က သံသရာအဆက်အဆက်ထိ လက်တွဲသွားချင်တရ် ... လမင်းကြီးကို သက်သေထားပီး မောင်ကတိပေးတရ် Wang ... တစ်စွန်းတစတောင် သစ္စာပျက်ခြင်းမရှိပဲ Wang ကိုပဲပုံအောချစ်ပါ့မရ် Wang ... Will you marry me , Wang Yibo ... ^
နောက်ဆုံးစကားကို အကျယ်ကြီးအော်လိုက်တဲ့ မောင်ကြောင့် သူမျက်ရည်တစ်စက်လွင့်သွားခဲ့ရသည်။
အပြင်အဆင်ကြောင့် စိတ်လှုပ်ရှားတာကတမျိုး မောင့်အပြောတွေကြောင့် ရင်ဖိုတာကတစ်ဖုံနဲ့ သူတော့ကြာရင်ညနှလုံးရောဂါရတော့မှာ မလွဲ ... မောင့်နည်းတူ သူလဲအကျယ်ကြီးအော်ပီး ...
^ အင်း ... Yes မောင် ... Let's get married ... ^
သူ့ကို လက်စွပ်စွပ်ပေးပီးတာနဲ့ မီနစ်အနည်းငယ်အချို့ကို နက်ရှိုင်းတဲ့ အနမ်းပင်လယ်ထဲ ကူးခတ်ကြသေးတရ် ...
ပီးတာနဲ့ မောင်က သူ့ကိုပခုံးကဖတ်ပီး ကမ်းခြေဘက်ကိုခေါ်သွားတော့သည်။
^ ပြောပါဦး ... ဘယ်အချိန်ကဒါတွေ စီစဉ်လိုက်တာလဲ ^
^ မောင်က စီစဉ်သူပေါ့ ... ယွီပင်းနဲ့ ကျိုးချန်က နောက်ကွယ်က လက်မည်ကြီးပေါ့ ... ^ ပြောရင်းနဲ့ ရယ်နေတဲ့ မောင်ကြောင့် ...
^ မောင်နော် ... ကောတို့ကို ... သူတို့လုပ်ပေးထားတာ ဘယ်လောက်လှလဲ ... အစက Hotel ကလုပ်ပေးတရ်ထင်နေတာ ... ^
^ Hotel က ကျိုးချန် ယောက္ခမပိုင်တာလေ ... အာ့နဲ့ မောင်လဲ အကူအညီတောင်းပီ staff တွေအကူအညီနဲ့ ချက်ချင်းစီစဉ်လိုက်ရတာ ... Wang သဘောကျရင်ပီးတာပဲ ^
^ ဟီး ... သဘောကျတာပေါ့ ... ဒါနဲ့ ... အမလေး ...နေပါဦး ^
ကမ်းခြေနားမှာ မောင်ပြင်ထားပေးတဲ့ ဖျာလေးပေါ်မှာ မောင့်ပေါင်ပေါ် ခေါင်းအုန်းရင်းကနေ ညနေကမောင့်လုပ်ရပ်ကိုပြန်တွေးမိတော့ မဆိုသလောက်လေး စိတ်တိုလာရော ...
^ ဒါနဲ့ အစောပိုင်းကမောင်က ဘာကိစ္စကျွန်တော့်ကို အဖတ်မလုပ်ရတာလဲ ... ^
^ မောင်က ဘယ်တုန်းက အဖတ်မလုပ်လို့လဲကွာ ... ^
^ တစ်ယောက်ထဲအိမ်ပြန်ခိုင်းတရ်လေ ... ^
^ ဒီမှာ မောင်ကိုယ်တိုင်လုပ်ချင်လို့ရယ်ပါ ... ^
^ ဧည့်ခန်းမှာကြီးနေတာရော ... ^
^ ဟိုကောင်တွေ ပုံပို့ရင် မောင့်ပူတူးလေးမြင်သွားမှာပေါ့ ... ရွတ် ... မေးချင်ရင်လဲ ရင်ခွင်ထဲကိုလာ ... မအေးဘူးလား ကလေးရ ... ရွတ် ^
^ ကျွန်တော် စကားပြောတာ ပြန်လဲမပြောဘူး ... ကျွန်တော်က မွေးနေ့ပွဲကိစ္စကြောင့် စိတ်ဆိုးနေတရ် ထင်နေတာ ... အဲ့ဒါနဲ့ စိတ်မကောင်းတွေဖစ်ပီး ကျွန်တော်မှာ မောင့်ကြောင့် ငိုခဲ့ရတာ ... အာ့ ခေါင်းတွေကိုက်လာတာနဲ့ ဆေးသောက်ပီး အိပ်လိုက်ရရော ^
^ ဟို ... မောင်ကလေ အိမ်ရောက်ရင် Wang ကိုမြင်တာနဲ့ ဖတ်ချင် နမ်းချင်စိတ်က ထိန်းလို့ကိုမရဘူး ... အိမ်ရောက်မှာရယ်လဲမဟုတ်ပါဘူးလေး ... နောက်ပီး မောင်က ကလေးရှေ့မှာဆို လိမ်လို့မရဘူး ... အဲ့ဒါကြောင့် မျက်နှာချင်းမဆိုင်မိအောင်နေ နေတာပါ ... မောင့်ကြောင့် ၀မ်းနည်းသွားရတဲ့အတွက် တောင်းပန်းတရ်နော် ... ^
^ ဒါနဲ့ ပြောပါဦး ... ဗြုန်းစားကြီး စီစဉ်လိုက်ရတာ ^
^ နေ့ခင်းက Wang ဖုန်းဆက်ပီးတော့မကြာဘူး ၀မ်ပါးကဆက်လာတရ် ... အိမ်တော်ကိုပြန်မလာနဲ့ဦးတဲ့ ... သူလဲ အလုပ်မသွားဘူးတဲ့ ... ၀မ်မားကိုအဖော်ပြုပီး သားတို့အကြောင်းထပ်ပီးပြောကြည့်ပေးမရ်တဲ့ ... Wang ကိုမဆက်တာက သူ့သားသား ကနေရင်း ဖုန်းပြောရရင် အရှိန်ပျက်မှာစိုးလို့ပါတဲ့ဗျာ ... ^
^ ဘာဆိုင်လို့တုန်း ... ကျွန်တော်မေးတာနဲ့ ^
^ ဟင် ... ဟို မောင်က ပြောပြတာပါ ... ဗြုန်းစားကြီး စီစဉ်လိုက်ရတာက အစက ဒီနေ့က Full Moon Day မို့ ကမ်းခြေတခုခုမှာ အနားယူရင်း လ သွားကြည့်မလို့ ... မှတ်မှတ်ရရလဲ ဖြစ်သွားရအောင် မောင်က ဒီနေ့မှာပဲ Official Propose လုပ်လိုက်တာ ... နောက်ပီး မောင် စိတ်မချလို့ ^
^ ဘာကို စိတ်မချတာလဲ ... ပြောတော့ ကျွန်တော့ကို ယုံတရ်ဆို ^ ကနဦးထဲက အရစ်စိတ်လေး ရှိနေတဲ့ Yibo လေးဟာ ဂျပန်မူလီလေး အလား ရစ်ဖို့ပဲချောင်းနေတော့ပါသည်။
^ မောင့် ကလေးလေူကို အကြွင်းမဲ့ယုံတာပေါ့ ... စိတ်မချတာကတော့ စိတ်မချတာပဲ ... မောင့်မျက်စိရှေ့ကပျောက်သွားရင်ကို စိတ်မချတာ ... ^
Advertisement
^ ပိုလွန်းပါတရ်ဗျာ ... နာမည်ပြောင်းလိုက်တော့ ရှောင်ပိုလွန်း ဆိုပီး ^
^ အသည်းယားအောင် လာစမနေနဲ့ ... 1နာရီထိုးတော့မရ် ... ခဏနေရင် အိမ်ပြန်ရအောင် ... ဒီမှာ အရမ်းအေးလာပီ ... ^
^ ဟုတ်ကဲ့ မောင် ^
ဂုတ်လေူကိုပုချပီး သူ့ရင်ဘတ်နားလေးမှေးတင်းပီး မော့ကြည့်ပီး ဖြေလိုက်တဲ့ Wang ကြောင့် Xiao Zhan မှာ အသည်းတယားယား ...
^ အာ ... ဖက်ကိုက်ပစ်ချင်လာပီနော် ... ဘာလို့ဒီလောက်ချစ်ဖို့ကောင်းနေတာတုန်း ... ဒီအသည်းတုန်းလေးကို ဘယ်နားဖွက်ထားရမလဲ ... ^
^ မောင့်ရင်ခွင်ထဲမှာ ထာ၀ရဖွက်ထားပေါ့ ^
ခဏနေရင်ပြန်တော့မဲ့ အတွဲဟာ ချစ်ကြည်နူး တစ်တီတူးကြရင်းနဲ့ ၂ နာရီလဲကျော်သွားရော နှစ်ရောက်လုံးငိုက်နေတာနဲ့ Hotel မှာသာ ၀င်အိပ်လိုက်ရပါတော့သည်။
----------------------------------------------------------------------------------
^ မောင် ... ဒါနဲ့ မောင်က ကျွန်တော့်ကို Dream BD မှာ Propose လုပ်တာပေါ့နော် ^
BD Party ကိုသွားနေတဲ့လမ်းတစ်လျောက်မှာ မောင့်လက်တစ်ဖက်ကို ဆော့ပီးမေးကြည့်မိတော့ ...
^ ဘယ်ကသာ ... မောင်က Wang ကို Dream BD ရှိမှန်းမသိခင်ထဲက Propose လုပ်ဖို့စဉ်းစားထားပီးသား ... နောက်ပီး ... မောင် Propose လုပ်တာ 12 မထိုးသေးဘူး ကလေးရဲ့ ... ^
မုသားမပါ လကံာမချောတဲ့ ... Xiao Zhan မှာ တကယ့်ကို Wang ကို Propose လုပ်ဖို့ စီစဉ်ထားပေမဲ့ ခုလို ဗြုန်းစားကြီးလုပ်ဖို့ မစဉ်းစားမိ ...
သူက အကြီးအကျယ် တခမ်းတနား သူ့လက်သူ့ခြေနဲ့ကို လုပ်ပေးချင်တာ ... ခုလို ပြီးစလွယ်လုပ်ပေးလိုက်ရတာကိုလဲ သူစိတ်မကောင်း ... ကံကောင်းတာက Wang က သူ့ Event ကြောင့်ပျော်နေတာကိုပင် ...
သူ့အရင် Plan အရဆို ခရီးတစ်ခုခုသွားပီး Suprise လုပ်ပေးချင်တာ နှစ်ဖက်မိဘတွေအရှေ့မှာပေါ့ ... ခုတော့ ၀မ်မားရဲ့ မသေချာမရေရာမှု့တွေရော ... Yinn Dream ကြောင့်ပါ ... သူ့ခပ်မြန်မြန် အကောင်အထည်ဖော်လိုက်ရတရ် ...
သူ့ရဲ့ Sixth sense ကတခုခုပြောနေသလိုပဲ ... Dream Bd ကို မကောင်းတတ်လို့သာ လာရတရ် ... သူမလာချင် ... Wang ပြောထားတဲ့ သု့ကိုတောင်းထားတဲ့ BD Present ဆိုတာရော ဘာလဲ ... ဘာကိုတောင်းမှာလဲ ဆိုတာကလဲ စိတ်ပူစရာ ဖြစ်နေပြန်တရ် ... ဟင်း ... ဒါတွေကိုခဏမေ့ပစ်ပီး ခုချိန်မှာတော့ Wang နဲ့ကြည်ကြည်နူးနူးလေးပဲ နေချင်တော့သည်။
^ နောက်ပီး ဒီလက်စွပ်လေးက နယ်နယ်ရရမဟုတ်ဘူးနော် ... ကိုယ်တို့ ဘိုးဘိုးရော ပါးရောက ဒီလက်စွပ်လေးနဲ့ ပဲ လက်ထပ်ခွင့်တောင်းခဲ့ကြတာ ... မနေ့က နေလည်ထမင်းသွားစားတုန်းက မားဆီက တောင်းလာတာ ... ပါးကလဲ သူ့သားမက်လေးကို တွေ့ချင်လို့တဲ့ ... နောက်ပီး ၀မ်ပါးကိုလဲ မောင်ကပြောပီး ... အား ... Wang မောင့်လက်ကို ဘာလို့ကိုက်တာလဲ ^
အစကတော့ သူ့လက်ကိုဆော့နေပီး နောက်ပိုင်း ကိုက်လိုက်တာမို့ Xiao Zhan မှာ အသံတောင်ထွက်သွားရသည်။
^ ကိုက်မှာပဲ ... အကုန်လုံးသိကုန်ပီပေါ့ ... ရှက်လိုက်တာနော် ^
ကိုက်လဲကိုက် မျက်နှာလေးကို သူ့လက်နဲ့ပဲ ကွယ်နေတဲ့ကောင်လေးကြောင့် သူအသံထွက်အောင်ရယ်လိုက်မိသည်။ အာ့တော့လဲ ဆရာလေးက မျက်စောင်းတထိုးထိုးနဲ့ ... တကယ် ... ဘာလေးမှန်းကိုမသိဘူး ...
^ ဘာရှက်စရာရှိလို့လဲ Wang ရယ် ... မောင်က ဖြစ်နိုင်ရင် တလောကလုံးတောင်သိစေချင်တာ အသည်းသက်လေးရဲ့ ^
^ ဟွန့် ... မောင်ကစကားသိပ်တတ်လာတတ်တာ ... ပလီပလာတွေမဖြစ်ဖို့ မျော်လင့်ပါရက် ^
^ Wang နော် ... မောင့်ကိုလာမစနဲ့နော် ... ပလီပလာလား အသေအချာလား သိချင်ရင် Company ကလူတွေအကုန်ပေးသိလိုက်မရ်လေ ဒီနေ့ ... ကျွန်တော် ခင်ပွန်းလောင်းဆိုပီး ... ^
^ ဟဲ ဟဲ ... မောင်ကလဲ ချစ်လို့ကျီစားတာကို ^
^ Wang နော် ... မောင့်ကိုအပျော်မကြံရဘူး ^
^ ဘယ်လို ... ဘယ်လို ... ^
^ ဟုတ်တရ်လေ ... Wang က ပါးတို့တောင်ပြောပြတာတောင် မောင့်ကိုကိုက်တာ ... တခြားသူများသိသွားရင် မောင့်ကို ရိုက်မလားတောင် မသိဘူး ^
^ Drama King ကြီးပဲ မောင်က ... ဟို ကျွန်တော်က ရှက်တရ်ပဲပြောတာပါ ... ^
^ ဟင် ... ဒါဆို ဒီနေ့ပွဲမှာ တခါထဲ မောင်တို့အကြောင်း အတိ အလင်းကြေငြာလိုက်မရ်လေ ... နော် ^
^ ဒီနေ့တော့ သူများမွေးနေ့ပွဲကြီးကို ... မနက်ဖြန်ပြော ဟုတ်ပီလား ကျွန်တော့် အမျိုးသားလောင်းလေးရဲ့ ^
ရေး ခနဲအော်လိုက်တဲ့ မောင့်အသံကြောင့် သူပါပြုံးမိသွားတရ် ... တခါတလေ သူထက်ပင် ရင့်ကျက်ပီး ... တခါတလေများကျ ကလေးဆန်လွန်းနေပြန်ရော ...
----------------------------------------------------------------------------------
^ ဒီနေ့ဟာ ကျွန်တော် ညီ Yinn Dream ရဲ့ မွေးနေ့ပါ ... အားလုံးပဲ လွတ်လွတ်လပ်လပ်စားသောက်ကြပါ ... ညီညီ ... ဒီနှစ်မွေးနေ့မှသည် နောက်နှစ်ပေါင်းများစွာတိုင် ပျော်ရွင်ကျန်းမာ စိတ်ချမ်းသာပါစေကွာ ... ကဲ ... အားလုံးပဲ Cheer ^
ဝိုင်ခွက်တစ်ခွက်ကိုင်ပီး ဝိုင်းထဲကလူတွေကိုကြည့်လိုက် သူ့ညီကိုကြည့်လိုက်နဲ့ ပြောနေတဲ့ သူတို့ Boss ကမိမိုက်နေတာတော့အမှန် ... မမိမိုက်တာကတော့ ဝိုင်ခွက်ပဲ ...
^ မောင် အများကြီးမသောက်နဲ့နော် ^
Yibo တကယ့်ကိုပဲ မောင့်ကို ဖြစ်နိုင်ရင် သောက်ကိုမသောက်စေချင်တာ ... မသောက်ရင် မကောင်းတဲ့ပွဲမို့သာ ခွင့်ပြုထားပေးရတာ ... နောက်ပီးမောင်က သောက်ပီဆိုရင် အသောက်တစ်မျိုးထဲသာ ဦးစားပေးပီး အမြည်းဘာညာ စားတာလဲမဟုတ် ...
^ အင်းပါ Wang ရဲ့ ... မောင် ဒီတစ်ခွက် သောက်ပီးရင် တော်ပါပီ ... ^
^ အဟင်း ... လိမ္မာလိုက်တာ ^
^ ဒါဆို အာဘွားပေးပီး ဆုမချချင်ဘူးလား ^
ပြောလဲပြော နဂိုထဲက နီးကပ်နေတဲ့ သူတို့နှစ်ယောက်ကြားထဲ၀ယ် သူ့ခါးကို လက်တစ်ဖက်နဲ့ ပွေ့လာတာမို့ အမြန် ဖယ်လိုက်ရသေး ... တကယ်ထဲ ... စားရတဲ့ကလေး ငတ်တရ်ဆိုတာ မောင်မှ အစစ် ...
^ လူကြားထဲမှာ ဘယ်လိုတွေဖစ်နေတာတုန်း ... ဟော ... ဟိုမှာ Cake ခွဲတော့မရ် ... သွားရအောင် ... ^
Cake ခွဲတော့လဲ Dream က Boss ကိုခွံပီးတာနဲ့ သူ့သူငယ်ချင်းတွေကိုမခွံ့ပဲ Yibo ကိုအရင်ခွံ့တာမို့ မောင်ကလဲ မကျေမနပ်ဖစ်သလို သူကိုယ်တိုင်လဲ အနေကျပ်သွားတာတော့အမှန် ... ဒါပေမဲ့လဲ Trainer တစ်ယောက်အနေနဲ့ ကိုယ့်တပည့်က ဆရာကိုအရင်ခွံ့တရ်လို့ပဲ တွေးလိုက်ပါတရ် ...
ခုဆို Yibo တို့က Cake ခွဲပီးတာနဲ့ လူရင်းတွေပဲ ရှိနေအောင်ဆိုပီး Boss စီစဉ်ပေးထားတဲ့ သီးသန့်ခန်းလိုမျိုးမှာ ရောက်နေတာဖြစ်သည် ... ရုံး၀န်း၀မ်းတွေကတော့ ပန်းခြံထဲမှာပေါ့ ...
အခန်းထဲမှာလဲ သူတို့အတွဲရယ် Boss ရယ် နောက်ပီး ကလေးတွေရယ်ပဲပါ ... အာ ... ကျိုးချန်ကောနဲ့ ယွီပင်းကောပါ ပါလာသေးတာ ... ယွီပင်းကောကတော့ သူနဲ့မသိတဲ့သူတွေများနေလို့ စိတ်ကျဉ်းကျပ်နေသယောင် ကျိုးချန်ကောက ချောဆွဲလာလို့လာ ပါလာတရ်ထင်တရ် ... ခုတော့ ကျိုးချန်ကောကို မျက်စောင်းတထိုးထိုးနဲ့ ...
ခွီး ... Yibo စိတ်ထဲမယ် ... ကျိုးချန်ကောသာ မိန်းမမယူခဲ့ရင် သူ ကောနှစ်ယောက်ကို ကျိတ်ပီးပေးစားနေမှာအမှန် ... အတွေးထဲကရယ်သံဟာ အပြင်ထိပါထွက်လာတာထိန်းမရ ...
^ Wang ... ဘာတွေသဘောကျ ... ^
^ ကိုကို ... အားလုံးက ကျွန်တော့်ကို လက်ဆောင်ပေးပီးပီ ... ခုကိုကို့အလှည့်ပဲ ^
မောင့်စကားတောင် မဆုံးခင် Dream အသံက Yibo နားထဲဖြတ်၀င်လာတော့သည်။
^ ဟမ် ... အင်းလေ ... ကောကိုဘာမှ ၀ယ်မလာခိုင်းတာ မင်းပဲမဟုတ်လား ... ကဲ ... ပြော ... ဘာမွေးနေ့လက်ဆောင်လိုချင်လဲ ^
^ ကျွန်တော် လိုချင်တာ ကိုကို တကယ်ပေးမှာလား ^
မွေးနေ့မှာ ခါတိုင်းတွေ့နေ့ကျပုံစံမဟုတ်ပဲ Suite အပြည့်၀တ်ထားတဲ့ကောင်လေးက ဒီနေ့ကျမှ လူကြီးပိုဆန်နေသယောင် ... ခုများက Yibo ကိုပြုံးပီး လက်ဆောင်တောင်းနေတော့လဲ ကလေးတစ်ယောက်အလား ...
^ အင်း ... သေချာ ... ^
^ Wang စကားကို အကုန်မပြောရဘူးလေ ... တဖက်လူက ဘာလိုချင်လို့ ဘာတောင်းမှာလဲ ကိုယ်ကမသိပဲနဲ့ ^
မောင်ပြောတာလဲ မှန်ပေမဲ့ သူလဲ Dream ကိုပြောသင့်သလောက် ပြောထားပီးသား ...
^ ကျွန်တော် ပြောပီးသားပါ မောင်ရ ... ကျွန်တော်ပေးနိုင်တာပဲ တောင်း ဆိုပီး ပြောထားပီးသား ... ကဲ ... ပြော Dream ... မင်းဘာလိုချင်လဲ ... ^
^ အချိန် ... ကျွန်တော့်တစ်ယောက်ထဲအတွက် ပေးနိုင်မဲ့ ကိုကိုရဲ့ အချိန် ... ^
Idol နှစ်ယောက်အပေါ်ထိခိုက်စေလိုသော အသုံးအနှုန်းများရှိရင် အားမနာတမ်းလာပြောလို့ရပါတရ်ရှင့် ...
ပုံတွေအားလုံး Credit ပေးပါတရ်ရှင့် ...
#Violet
ဒီနေ့က Dream မွေးနေ့ ...
^ မောင် ... ^
^ ဘာလဲ ... ^
^ ပါးက မလာနဲ့ဦးတဲ့ ... ^
Advertisement
- In Serial9 Chapters
Freshman Year
Freshman year. The year that can make or break high school. But, as with everything, it's best to have great friends by your side during the transition. And then there's Piper Jones. She enters high school with her best friend Samantha Brooks. But as she meets new people she learns that sometimes when it comes to friends, there's a difference between giving up and knowing when you've had enough.BTW: this is a very quick read
8 117 - In Serial8 Chapters
Bonding Journey
WARNING. EXTREME SMUT CONTENT. Lady Tsunadae has entrusted Naruto and Gaara with a very important mission: a bonding journey. With the Sand and Leaf now nurturing their alliance, a trip alone together was sure to bring the Kazekage and the destined to be Hokage closer---perhaps closer than anticipated. What could possibly happen between them?
8 157 - In Serial125 Chapters
The Boy I Admire From Afar
As Claire aims to leave her oppressive stepfamily behind, she befriends Zion. Will he be her ticket to freedom or a distraction in achieving her dreams? *****Claire Olsen has had a crush on Zion Petrakis since the first time she laid eyes on him, but he never noticed, instead only having eyes on the school's it girl, Maddie Jennings. Knowing she couldn't compete with Maddie, Claire hid her feelings for Zion, satisfied with admiring him from afar. However, when a series of events led Claire closer to Zion, her feelings for him grew from infatuation to love. And despite fighting hard to keep her feelings contained by distancing herself from Zion, he was determined to show her that he's earned a spot in her life. [[word count: 100,000-150,000 words]]
8 152 - In Serial63 Chapters
The Grey Ones
(#1) Lady Juniper becomes an ambassador when the city of Noxborough is visited by an army of elite Kas warriors, the Demons of the North, the Grey Ones. Everyone knows an invasion is imminent, and it falls upon Juniper's shoulders to appease the foreign, giant, grey-skinned Warlord.
8 171 - In Serial103 Chapters
Rescue My Drowning Heart | COMPLETED
|Bad Boy|"Could you take care of a broken soul?"-Jess GlynneBlaze Xander is alluring, attractive, and severely charming. All the girls at Homewood University are dying to be in his arms. But what they don't know is: a traumatic and painful past has landed him with the issue of Sociopathy(ASPD) which means he's unable to feel emotions like love or attachment. On the flipside, he's heartless, apathetic, and cunning; severely manipulative and deceiving. He's obsessed with acquiring anything he lays his eyes on and won't stop until he gets it. When he sees shy and tiny first-year, Harmony Skye, the 'demons' inside him instantly becomes attracted to her angelic aura. But for Blaze Xander 'attracted' is never anything good.Harmony Skye is a shy freshman. She has never had an intimate relationship before, and due to being sheltered all her life, interaction with the opposite sex makes her a bit anxious. When she meets Blaze, his outgoing and adventurous personality intrigues her. Harmony is unaware that this handsome second-year is out to get her, for impure reasons that she's too innocent to decode. And what she also doesn't know is that getting close to this empty creature could hurt her in the most emotionally detrimental way.|Sociopathy-Sociopathy refers to a pattern of antisocial behaviors and attitudes, including manipulation, deceit, aggression, and a lack of empathy for others. (Taken from PsychologyToday.com)|Rankings#5- teenfiction (26/10/2022)#1- badboygoodgirl (04/02/2021)#1- rising (13/1/2021)#1- college romance (25/10/2020)#1- college student (25/10/2020)#2- teen romance (18/11/2020)#8- bad boy (19/11/2020)#33- teen fiction (19/11/2020)#164- chicklit (26/10/2022)#82- Romance (28/10/2022)|Copyrighted JIPO.LTD.⚠️This book is heavily copyrighted, hence no plagiarism is allowed.
8 208 - In Serial8 Chapters
A baby? (A Wildchip love story)
(Art credit for cover: hazelthenut7 on Tumblr)Wildberry and Crunchy Chip Cookie were on a walk until they see a baby all by themselves. So they decided to take care of the baby until finding their real parents.
8 95

