《Late Regret ( COMPLETED )》Part 33
Advertisement
^ အချိန် ... ကျွန်တော့်တစ်ယောက်ထဲအတွက် ပေးနိုင်မဲ့ ကိုကိုရဲ့ အချိန် ... ^
Dream ပြောအပီးမှာ Yibo လဲအာ့စကားကို မမျော့်လင်ထားသလို မောင်ကလဲ သု့လက်ကိုဆွဲပီး နောက်ကို တန်းပို့ပစ်တော့တာပဲ ...
^ ကောင်လေး ... မင်းလိုချင်တဲ့ ငါ့အမျိုးသားလောင်းဆီက မွေးနေ့လက်ဆောင်က တဆိတ်တော့ များတရ်ထင်တရ် ... တွေ့လား ... လက်စွပ် ... ^
လက်တစ်ဖက်ထောင်ပြပီး ဒေါသသံနဲ့ ပြောလိုက်ပေမဲ့ တစ်စက်မှ Dream ဟာမျက်နှာပျက်ခြင်းတောင် မရှိခဲ့ ...
^ စ၀င်လာထဲက တွေ့လဲတွေ့တရ် ... မြင်လဲမြင်တရ် ... ကျွန်တော် တောင်းတာ ခင်ဗျားဆီက မဟုတ်ဘူး ... ကိုကိုဆီက ... ^
မောင် အံကြိတ်ပြောတာတောင် မခန့်ပဲ မောင်နောက်မှာနေတဲ့ Yibo ကိုစေ့စေ့ကြည့်ပီးပြောတော့ မောင်က လှုပ်လှုပ်ရွရွဖြစ်လာတော့တရ် ...
^ မောင် ... မွေးနေ့ပွဲကြီးမှာ ... အားလုံးစိတ်ပျော်နေတဲ့အချိန် ... ပွဲပျက်ရင်မကောင်းဘူး ... စိတ်ထိန်းဦး ... ကျွန်တော် ပြောလိုက်ပါ့မရ် ... ဟုတ်ပီလား ^
ကိုယ့်လူရင်းတွေပဲ ရှိတရ်ဆိုပေမဲ့ ရုတ်ရုတ်ဖြစ်လာရင် အပြင်ကလူတွေပါ စိတ်၀င်စားလာကြတော့မှာ ... သူတို့ကြောင့်နဲ့ ပွဲပျက်တာမျိုး မဖြစ်စေချင်တာ အမှန် ...
Lucas တို့တွေလဲ စားစားသောက်သောက်နဲ့ Yibo တို့ကိုစိတ်၀င်စားမှု့ရှိမနေတော့ ... သူ့တို့သူငယ်ချင်းကို ထိန်းမဲ့သူမရှိ ... Boss ကလဲ ကျိုးချန်ကောတို့နဲ့ အဖွဲကျနေ ...
^ Dream ... မင်း လိုချင်တဲ့ မွေးနေ့လက်ဆောင်ကို ကောမပေးနိုင်တာ စိတ်မရှိပါနဲ့ ... ^
^ ကျွန်တော်က ကိုကိုပေးနိုင်တာ တောင်းတာပါ ... အချိန်လေးတစ်ခုပါပဲ ... ကျွန်တော့်အတွက်သီးသန့် ^
^ မင်းက ကပ်သီးကပ်သပ်ပြောနေတာပဲ Dream ... ငါ့မှာ ရှိတဲ့အချိန်တွေမှန်သမျှ မောင့်အတွက်ပေးထားပီးသား ^
^ ဟက် ... ကျွန်တော်က တသတ်လုံးအတွက်ပြောတာ မဟုတ်ပါဘူး ကိုကိုရဲ့ ... ၆နာရီလောက်ပါပဲ ... ကျွန်တော့်ဘေးနားမနေပေးနိုင်ဘူးလား ကိုကို ^
ခြောက်ကပ်ကပ်ရယ်ပီး ပြောနေတဲ့ကောင်လေးက ကြွေကွဲနေပုံရပေမဲ့ အားတင်းလို့ပြုံးထားသေးတာ ... မပေးနိုင်တဲ့ မေတ္တာတွေအတွက် အားနားပေမဲ့ ... အားနာလွန်းရင် ခါးပါတတ်တရ်မဟုတ်လား ...
နောက်ပီး မောင် ... သူကိုဆို အကြည့်နဲ့တောင် အတင်ဆီးမခံတတ်တဲ့ မောင်က အဆင်ပြေနိုင်မှာမဟုတ်ပေ ... သူဘာမှမပြောပဲ တွေတွေကြီးနေ နေတော့ မောင်ကပဲ ...
^ Wang ကမင်းဘေးနားရှိနေလဲ စိတ်ကမင်းဘေးမှာမှ မရှိတာ ... ဘာများထူးသွားသလဲ ... ^
^ ခင်ဗျား နာမလည်နိုင်တဲ့ခံစားချက်တွေကို ကျွန်တော် ကကြီးကအစ အ အဆုံးမရှင်းပြနိုင်ဘူး ... ကိုကို ... တစ်နှစ်မှာ တစ်ခါပဲ ကျင်းပရတဲ့ မွေးနေ့မှာ ကိုကိုဆီက ကျွန်တော်လိုချင်တဲ့ လက်ဆောင်ကသိပ်မကြီးကျယ်ပါဘူး ... ^
^ မောင် ... ကျွန်တော် ဘယ်လိုလုပ်ရမလဲ ^
သူ့တပည့်ကိုလဲ အားနာဟန် ... သူ့ကိုလဲ စိတ်မညစ်စေချင် ဖြစ်နေတဲ့ ကောင်လေးကို Xiao Zhan လဲသနားမိပါတရ် ... သူတို့နှစ်ယောက် ရန်ပွဲကြား ညှပ်နေရရှာတရ်မလား ... ဒါပေမဲ့လည်း ...
^ မောင် စိတ်မချဘူး Wang ... သူနဲ့ နှစ်ယောက်ထဲကို ... ^
^ ကျွန်တော်တို့နှစ်ယောက်ထဲ မဟုတ်ပါဘူး ... ကျွန်တော်တို့ တဖွဲလုံးအတူတူသွားကြမှာပါ ... ကိုကိုတော့ ကျွန်တော့်ကားနဲ့ပဲ လိုက်ခဲ့ပေါ့ ... နောက်ပီး ခင်ဗျားစိတ်ပူစရာမလိုပါဘူး ... ကျွန်တော့်ကိုယ်ကျင့်တရားနဲ့ ပတ်သတ်ပီး ... ကိုကို့ ကို မဲ့တစ်ပေါက်မစွန်းစေရဘူး ... ^
^ ဟင်း ... ကောင်းပီ ... မင်းဘယ်ချိန်ကနေ ဘယ်ချိန်ထိ Wang ကိုခေါ်ထားမှာလဲ ... အပြန်ကို ငါကိုယ်တိုင်လာကြိုမှာမို့ နေရာအတိအကျပါ ပြော ^
သက်ပြင်းတချချနဲ့ ပြောနေတဲ့ မောင်က သူ့ကိုစိတ်မရှုပ်စေဟန် လက်ခံလိုက်ပုံရတရ် ...
^ နေရာလား ... ပြန်ခါနီး လှမ်းဆက်လိုက်မရ် ... မနက် ၈နာရီ ကိုကိုနဲ့ တွေ့ချင်တရ် ... မနက်စာ ကျွန်တော်တို့နဲ့ပဲ စားလိုက်နော် ကိုကို ^
Dream နဲ့ပြောပီးထဲက ဘယ်သူ့ကိုမှမနှုတ်ဆတ်ပဲ ပွဲကနေထွက်ကို အိမ်ကိုတန်းမောင်းလာတဲ့ မောင်က Yibo ကိုလဲ စကားမပြော ... စိတ်ဆိုးလားဆိုတော့လဲ မြဲမြန်အောင်တွဲထားတဲ့ မောင့်လက်က စိတ်မဆိုးဘူးဆိုတာ ပြနေသယောင် ...
အခန်းထဲရောက်တာနဲ့ Yibo ကိုတန်းပီး ရင်ခွင်ထဲ မြုပ်နေအောင်ဖတ်လိုက်တဲ့မောင်က နှစ်ရှည်လများကြာလို့ ခုမှတွေ့ရတဲ့ပုံနဲ့ အင်တိုက်အားတိုက်ပင် ...
^ မောင် ... စိတ်ဆိုးသွားတာလား ... ^
^ ဟင်အင်း ... Wang လဲမလွဲမရှောင်လို့ရော အားနာလို့ရောတာ မောင်နားလည်ပါတရ် ... ကျစ် ... နားလည်ပေမဲ့လဲ Wang ရယ် ... Wang ကိုစိတ်၀င်စားတဲ့သူနဲ့ ရှိနေမဲ့ကိစ္စကို မောင်တွေးမိတိုင်း ပူလောင်လွန်းတရ် ^
^ ကျွန်တော်ကို ယုံတရ်မလား မောင် ... ဘယ်ချိန်ဘယ်နေရာမှာ ဘယ်သူနဲ့ရှိနေပါစေ ကျွန်တော့်စိတ်အစုံဟာ မောင်ဆီမှာ ... ကျွန်တော့်အချစ်တွေ အားလုံးဟာလဲ မောင့်ဆီမှာဆိုတာသိထားပေးပါ ... ^
Yibo စကားဆုံးတာနဲ့ မောင်ကခေါင်းတဆတ်ဆတ်ညိမ့်ပီးပိုတင်းနေအောင် ဖတ်ထားတော့သည်။
အပြင်ကပြန်လာပီးထဲက အ၀တ်အစားမလှဲပဲ မတ်တပ်ဖတ်လျက်သားဆိုတော့ ကြာတော့ Yibo လဲခြေညောင်းလာပီဖြစ်သည်။
^ မောင် ... အ၀တ်အစားလှဲလိုက်ဦး ... ပီးတာနဲ့ ကျွန်တော်တို့တန်းအိပ်ကြတာပေါ့ ... ဒီနေ့အရမ်းပင်ပန်းထားတရ်မလား ^
^ မလှဲတော့ဘူး Wang ... Wang ကိုမောင် ဖတ်ထားတာ မလွတ်ချင်ဘူး ... Wang အိပ်ငိုက်နေရင် မောင်တို့တခါထဲပဲတန်းအိပ်ကြမရ်လေ ... ^
နဖူးတစ်ချက်ကို အနမ်းပေးပီးပြောလိုက်တဲ့မောင်က သူ့စကားအတိုင်း တညလုံး Yibo ကိုဖတ်ထားတာ မလွတ်ခဲ့သလို Yibo လဲ မောင့်ရင်ခွင်ထဲကနေ ငြိမ်ငြိမ်လေးသာ အိပ်စက်လိုက်တော့သည်။
----------------------------------------------------------------------------------
^ Wang ... မောင့်ကို မပြန်ခင် ဖုန်းကြိုဆက်နော် ... ဒါဆို မောင်သွားတော့မရ် ... ^
Dream ချိန်းထားတဲ့ နေရာကိုရောက်တာနဲ့ တစ်ဖက်ကားလမ်းမှာ ရပ်ပီး မောင်ကသူ့ကို နဖူးတစ်ချက်နမ်းပီး သူပြန်တော့မရ်ဆိုပီး ညိုးညိုးနွမ်းနွမ်း နှုတ်ဆတ်လာတဲ့ မောင့်ကိုကြည့်ပီး Yibo ရင်ထဲမှာမကောင်းလှပေ ...
Advertisement
^ မောင် ... ဒီညစာကို မောင်ကြော်ကျွေးတဲ့ ထမင်းကြော်စားချင်တရ် ... ကျွန်တော်ကိုလာကြိုပီးရင် City Mart မှာလိုတာတွေသွား၀ယ်ရအောင်နော် ^
^ ဟင် ... အင်း Wang ... မောင်လုပ်ကျွေးမရ် ^
Yibo ပြောလိုက်မှ အနည်းငယ်လန်းလာတဲ့ မျက်နှာကြောင့် သူကိုယ်တိုင်လဲ စိတ်နည်းနည်းကြည်သွားတော့သည်။
ကားပေါ်တတ်မလို့လုပ်နေတဲ့ မောင့်ကို လက်ကနေအသာဆွဲပီး ပါးကိုတစ်ချက်နမ်းလိုက်တော့ မောင်ကပြုံးပါ ပြုံးသွားတော့သည်။
^ ဒါဆို ညနေမှ တွေ့မရ် မောင် ... ကားကိုဂရုတစိုက်မောင်း ... ကျွန်တော်က လွမ်းနေမှာမို့ မောင်ကလဲသတိရနေပေး ^
မောင်ကပြုံးပီး ခေါင်းတဆတ်ဆတ်ညိမ့်ပီး သူ့မြင်ကွင်းထဲက မောင့်ကားပျောက်သွားမှသာ သူလဲဟိုဘက်ကားလမ်းကူးလာလိုက်တော့သည်။
^ Dream ... မင်းဘယ်သွားချင်လဲ ... ကော ဒီနေ့မင်းကို အချိန်ပေးထားတရ်ဆိုတော့ ^
^ မနက်စာလဲ စားချိန်ကျော်သွားပီဆိုတော့ ကိုကိုကသေချာပေါက် စားပီးသွားရောပေါ့ ... ဟိုကောင်တွေရော ကျွန်တော်ရောက မစားရသေးဘူးဆိုတော့ အထူးအဆန်းဖစ်သွားအောင် မြို့ပြင်က ကမ်းနားမှာ မုန့်၀ယ်ပီး သွားစားကြမရ်လေ ... ဟိုကောင်တွေ မုန့်၀ယ်ပီး လိုက်ခဲ့ကြ ... လိပ်စာပို့လိုက်မရ် ... ငါ့တို့သွားနှင့်မရ် ^
မနေ့က Dream ပြောပုံအရဆို ကလေးတွေပါ သူတို့နဲ့အတူရှိနေမှာမဟုတ်လား ... Dream ကိုကြည့်ပီး ပြောမလိုလုပ်လိုက်တော့ ...
^ ကျွန်တော် မနေ့ကပြောတာ အမှန်ပဲလေကိုကို ... ဟိုကောင်တွေကလိုက်လာမှာပဲလေ ... အရင်သွားနှင့်တာပဲရှိတာ ... ကျွန်တော်က ကိုကို့ကို ကိုက်မစားပါဘူးဗျာ ... လာပါဗျာ ... သွားမရ် ^
^ အေး ... ပီးတာပဲ ... သွားမရ် ... ^
ဇိုးဆတ်နဲ့ ကားပေါ်တတ်သွားတဲ့ ကိုကိုက စိတ်ဆိုးသွားဖို့ဟန် ... ကလေးတစ်ယောက် ပူဆာတာမရလိုက်တော့ စိတ်ကောက်သွားတဲ့အတိုင်းပဲ... ချစ်စရာလေး ...
^ ဟာ ... Dream ... မင်းမသွားသေးဘူးလား ^
^ လာပါပီ ကိုကိုရေ ... ^
မြို့ပြင်ဘက်ကိုလာရတာ Dream မှာလဲ သူ့အကြောင်းနဲ့သူ ... Video တင်တာသိပ်မရှိပေမဲ့ သူတို့ကအတော်လေး နာမည်ရနေတာတော့အမှန်မို့ ကိုကိုနဲ့ ရှားရှားပါးပါးနေရတုန်းလေး အနှောက်အယှက်တွေ အ၀င်မခံနိုင်ဘူး ...
^ ကဲ ... ဆင်းတော့ ကိုကို ... အခင်းဘာညာတော့ ပါမလာတော့ ကားပေါ်မှာပဲ ထိုင်ကြတာပေါ့ ^
^ ပီးရောကွာ ^
^ ကိုကိုကလဲ ကျွန်တော့်ကိုစိတ်ဆိုးတဲ့လေသံကြီးနဲ့ ... ကျွန်တော့် ကိုကို့ကို ဒီနေ့ပိုင်းလေးပဲ ခေါ်ထားတာပါ ... ပျော်ပျော်နေပါဗျာ ... ^
^ အေးပါ ... ကောကဘာပြောနေလို့လဲ ... ^
အခုမှ စကားပြောရော မျက်နှာကြောပါ ပြေသွားတဲ့ကိုကိုကြောင့် သူကျေနပ်သွားတော့သည်။
လေအေးတိုက်နေတာကို မျက်လုံးလေးမှိတ်ပီး ခံစားနေတဲ့ကိုကို့ ကိုငေးရင်း ...
^ အချစ်ဦးကို မေ့ပစ်နိုင်လား ကိုကို ^
^ ငါ မသိဘူး Dream ... မောင်က ငါ့အချစ်ဦးဆိုတော့ ^
Dream နာနာကျင်ကျင်ကို ပြုံးမိသွားသည်။
^ ကိုကိုက ကံကောင်းလိုက်တာ ... အချစ်ဦးကိုပိုင်ဆိုင်ထားလို့ ... တခါတလေ Sean ကိုသိပ်မနာလိုတာပဲ ... ကိုကို့အချစ်ကို အကုန်သိမ်းထားလို့လေ ... အဟင်း ^
^ မင်းလဲ မင်းကိုချစ်တဲ့ ဖူးစားမှန်နဲ့တွေ့မှာပါ Dream ... ^
^ အဟင်း ... အားလုံးကပြောကြတာပါပဲ ... ကျွန်တော် ဒီနေ့ပီးသွားရင် ကိုကို့ကို မေ့နိုင်အောင် ကြိုးစားတော့မရ် ^
^ လိမ္မာလိုက်တာ Dream က ... ကောက မင်းဆီခဏလာတဲ့ ဧည့်သည်ပါ ... မင်းဘ၀မှာ မလွတ်ပေးချင်လောက်တဲ့အထိ ချစ်တဲ့ ချစ်သူမျိုး ပေါ်လာမှာပါ ... ^
ကိုကို့ကို မေ့နိုင်အောင်ကြိုးစားနေတာ ကြာပီ ကိုကို ... ပိုတိုးချစ်လာတာတော့ မတတ်နိုင်ဘူးပေါ့ဗျာ ...
^ ကဲပါ ... ကိုကို့ကို ဘယ်လို စကြွေခဲ့လဲ ပြောပြရမလား ^
^ ပေါက်တတ်ကရတွေမပြောစမ်းနဲ့ ... ^
ရှက်ဝဲဝဲပြောလိုက်တဲ့ ကိုကိုကြောင့် သူ ပြုံးမိသွားသည် ...
လာမဲ့အနာဂတ်မှာ အရေးမပါတော့မဲ့ ခံစားချက်တချို့ကို မျိုသိပ်ဖို့အတွက် ဒီနေ့တော့ ကျွန်တော့ရင်ထဲ ကိုကို့အပေါ်ခံစားရသမျှ အလုံးစုံကို ရင်ဖွင့်ချင်တရ် ...
^ ဒီနေ့တစ်နေ့တော့ နားထောင်ပေးနော် ... နောက်နေ့တွေ ကိုကိုကြားချင်ရင်တောင် မပြောပြတော့ဘူး ... ဟက် ... ကိုကြီး ဓါတ်ပုံပြထဲက အသက်ဘယ်လောက်မှ မကွာတဲ့ ဖြူဖြူလုံးလုံးလေးက နှလုံးသားထဲ ရောက်မှန်းမသိရောက်လာခဲ့တရ် ... အစွဲလန်းကြီးတတ်တဲ့ ကျွန်တော်က ကိုကို စတွေ့တဲ့နေ့မှာတင် သွေးထွက်အောင်တောင် လုပ်မိခဲ့တရ် ... ဒါပေမဲ့ ဒေါသထွက်သွားလို့ နီရဲသွားတဲ့ မျက်နှာလေးနဲ့ချစ်ဖို့ကောင်းနေတော့ ပိုတိုးလို့သာ စချင်နေခဲ့မိတာ ... မခေတဲ့ ကိုကိုလဲ ကျွန်တော်တို့ကို Lesson ပါးပါးလေး ပြန်ထည့်သွားတော့ ကျွန်တော်မှာ ဟိုကောင်တွေအလစ်မှာ သဘောတကျပြုံးမိသေးတာ ...
တကယ့်ကို ကိုကို့က ငဂျစ်လေးနဲ့တူတရ် အာ့တုန်းက ... ကျွန်တော်တို့ ရန်ဖြစ်တုန်းကလဲ ကျွန်တော့်ဘက်က အပြည့်အ၀ကာကွယ်ပေးတဲ့ ကိုကို့ကို ပိုပီးရင်ခုန်လာတရ် ... ပိုပီးလဲ သဘောကျလာတရ် ... ဆေးထည့်ပေးဖို့တိုးလာတဲ့ ကိုကို့မျက်နှာဖူးဖူးလေးကို မြင်လိုက်ရတော့ ကျွန်တော့်ခံစားချက်တွေက ပိုပီးသေချာသွားတော့တရ် ... နောက်ရက်တွေ ဟိုကောင်တွေကိုပြောတော့ သူတို့ကလဲမြောက်ပေးကြပြန်ရော ...
ပထမဆုံးရင်ခုန်သံဖြစ်တဲ့ ကိုကို့အပေါ် ချွဲမိသလို ဆိုးလဲဆိုးမိတရ် ... ပိုင်ဆိုင်မရ်လို ထင်ခဲ့မိပေမဲ့ ပိုင်ရှင်အစစ်ပေါ်လာတဲ့အခါ လုပီးပြေးချင်လာတရ် ...
ကိုကို့ကို ပိုင်ဆိုင်ထားတဲ့ Sean ကိုတခုခုလုပ်ပစ်ချင်တဲ့အထိ အတွေးပေါ်ခဲ့ပေမဲ့ Sean ဆေးရုံတက်ရတဲ့ သတင်းကြားတုန်းက ပျာသွားတဲ့ ကိုကို့မျက်နှာလေးကြောင့် ဘာဆိုဘာမှ မလုပ်ရက်ခဲ့ဘူး ... ကိုကို့ကို အပိုင်ချုပ်ပီးခေါ်ထားမရ်ကြံတော့လဲ ကိုကိုမျက်နှာညိုးမှာတောင် မလိုချင်တဲ့ ကျွန်တော်က အနားမှာထားပီး စိတ်မချမ်းသာအောင် မလုပ်ချင်ပြန်ဘူး ...
နောက်ဆုံးတော့ ကျွန်တော် အချစ်အပေါ်ထားတဲ့ ခံယူချက်ပဲ ပြောင်းလိုက်တရ် ... ပိုင်ဆိုင်ခြင်းမဟုတ်တော့ဘဲ ပေးဆပ်ခြင်းပေါ့ ... အစွဲလမ်းကြီးလွန်းတာမို့ ကိုကို့ကိုမေ့ပစ်ဖို့မလွယ်ပေမဲ့ ကျွန်တော်ကြိုးစားမှာပါ ... နောက်ပီး ဒီစကားတွေကြောင့် ကိုကို ၀န်မလေးပါနဲ့ ... စိတ်ထဲလဲထားမနေပါနဲ့ ... နောက်ဆုံးအနေနဲ့ ဒီစကားလေးကို ပြောပါရစေ ကိုကို ... ကျွန်တော် ကိုကို့ကို သိပ်ချစ်ခဲ့တာပါ ^
Advertisement
Dream မငိုမိအောင် အသံနေအသံထားကအစ ထိန်းပီးပြောပေမဲ့ နောက်ဆုံးတစ်ခွန်းမှာ မျက်ရည်တစ်စက် လွင့်သွားခဲ့တရ် ...
^ အကယ်၍များ ကိုကို ... တကယ့်လိုများသာ ... Sean ဆီမှာ မပျော်တော့ရင် အချိန်မရွေး ကျွန်တော်ဆီလာလို့ရပါတရ် ... ကျွန်တော့်ကို ရင်ဖွင့်လို့လဲရတရ် ... ^
ကိုကို့အတွက်ဆို အရံလူအဖြစ် အမြဲရှိနေပေးပါ့မရ် ... ကိုကို့ နောက်လှည့်ကြည့်လိုက်တိုင်း ကျွန်တော်က ရှိနေပေးမရ် ...
^ Dream ... မင်းက သိပ်ချစ်တတ်တဲ့ ကောင်လေးပါ ... ကော မင်းအချစ်ကို အသိအမှတ်ပြုပါတရ် ... တုန့်ပြန်မှု့မပေးနိုင်တဲ့အတွက်လဲ တောင်းပန်ပါတရ် ... ဟင်း ... ကော ညီလေးကိုလဲ သိပ်ချစ်တတ်တဲ့သူတစ်ယောက်နဲ့ ဆုံပီး ကောကြောင့် နာကျင်ရတာတွေမှန်သမျှ မေ့သွားစေချင်တရ် ^
Dream ခေါင်းလေးကိုပွတ်ပီး ချောမြူနေတဲ့ ကိုကို့က သူ့စကားတွေကြောင့် စိတ်မကောင်းဖစ်သွားဟန်တူသည်။
^ ကိုကို့ကြောင့် မနာကျင်ခဲ့ရပါဘူး ... ခံစားချက်အသစ် အဆန်းတွေပါပဲ ... ဟဲ ဟဲ ... လောကကြီးရဲ့ အနှစ်သာရလို့ပဲ သတ်မှတ်ပါတရ် ... စကားအများကြီးပြောလိုက်လို့ ဗိုက်ကတော်တော်ဆာလာပီ ... Ethan တို့ကကြာလိုက်တာ ... ^
သူစိတ်မကောင်းဖြစ်မှာစိုးလို့ အရယ်တ၀က်နဲ့ စကားစလွဲသွားတဲ့ ကောင်လေးကြောင့် သူလဲသက်ပြင်းသာချမိလိုက်တော့တရ် ...
^ အေးလေ ... မင်းလဲ ဗိုက်ဆာရောပေါ့ ... ဖုန်းလေးဘာလေးဆက်ကြည့်ဦး ... အော်ဟော် ... ပြောရင်းနဲ့ရောက်လာပါပီ ...
စားကြသောက်ကြနဲ့ အချိန်က နေခေါင်းပေါ် ရောက်မှန်းမသိရောက်လာတော့ အဆိုတော်တွေက Karaoke သွားဆိုချင်တရ်တဲ့ ... အာ့တော့ Yibo မှာ ကလေးထိန်းကြီးကျနေတာပဲ ...
အမှန်တော့ လာခါစက မောင့်ကိုသာမပြောတာ Dream နဲ့ကားအတူစီးဖို့ကအစ Yibo အနေနဲ့ ဂဂျိုးဂဂျောင်ဖစ်နေတာအမှန် ... ခုတော့လဲ အားလုံးကအဆင်ပြေနေသား ...
^ ဆရာလေးတို့ ... ခုသီချင်းလဲ ဆိုပီးသွားပီ ... နေ့လည်စာ စားဖို့အချိန်ရောက်ပါပီ ခင်ဗျ ... ^
^ ဟီး ... ကောကလဲ ... ကျွန်တော်က ဆိုလို့တောင်မ၀သေးဘူး ... ဗိုက်ဆာလာလို့ရယ်သာ ^
^ Lucas ... မင်းမလဲ ... Training Room မှာလဲ မင်းလောက်ဆိုတာမင်းပဲ ... ခုလဲမင်းအသံကြီးပဲ ... တကယ် အဆိုတော်ပီသပါ့ပေ့ ^
^ ပြောမနေနဲ့ ကိုကို ... အာ့ကောင်က ရေချိုးခန်းမှာလဲ ရှယ်ဆိုတာ ... ^
^ အေး ... မင်းပြောထား ... ညကျမှ Lucas ရေ ... ငါဗိုက်ဆာလို့ တခုခုဆို ... အေး ... လက်တော့မဟုတ်တော့ဘူး ... ခြေထောက်ပဲရမရ် ... ညဘက် မုန့်လုပ်ကျွေးတဲ့ စေတနာတွေမှမထောက် ^
ဘောက်ဆတ်ဆတ်နဲ့ပြောပီး ရှေ့ကသွားတဲ့ Lucas နောက် ကျန်နှစ်ယောက်ကအပြေးလိုက်ပါလေရော ...
^ သွားချော့လိုက်ဦးလေ Dream ... Lucas တော့ကောက်သွားပီ ^
^ လုပ်ကောက်ကြီးပါ ကိုကိုရာ ... Lunch ဘာစားချင်လဲ ... ^
^ မင်းတို့ရွေးပါကွာ ... ကလေးတွေစိတ်တိုင်းကျ ^
^ ဒါဆို Hot Pot လိုက်မရ်နော် ... ^
^ အင်း ... ရတရ် ^
ဆိုင်ရောက်တော့လဲ Lucas ကသူမဟုတ်တဲ့အတိုင်းရယ်ရယ် မောမော နဲ့ ... ကလေးတွေကအာ့လိုပါပဲ ... အမှတ်သည်းခြေမထားတတ်ကြဘူး ...
အာ့ထဲမှာ Dream လဲ ပါရင်ကောင်းမရ် ... Dream ခံစားချက်တွေပြောတုန်းကဆို သူကိုယ်တိုင် မွန်းကြပ်သလိုတောင် ခံစားရတရ် ... သူ့ညီလေးလဲ သူ့ကိုသဘောကျမိတာ ဒုက္ခတစ်မျိုးပဲ ... အမြန်ဆုံး လူမှန်နေရာမှန်နဲ့တွေ့ပါစေကွာ ...
^ ကိုကို ... လိုချင်တာရှိရင်ထပ်ယူနော် ... ^
^ ဟုတ်ပါပီ ... မင်းတို့လဲ စားကြ ... ကောကိုအားမနာနဲ့ ^
^ ကျွန်တော်က အစားဆို ရှယ်စားပီးသားပဲ ကောရ ^
^ အေး ... ညဘက် ဗိုက်အောင့်လို့ Ethan ရေ ဆေးဘူးလေး ယူပေးပါဦးဆို ဆော်ရီးပဲနော် ^
Alex ရဲ့ ဆူပုတ်ပုတ်မျက်နှာဘေးကြောင့် Yibo အသံထွက်အောင်သာရယ်မိလိုက်တော့တရ် ... သူတို့ Friendship လေးကသိပ်သဘောကျဖို့ကောင်းတာပဲ ... တစ်ယောက်နဲ့တစ်ယောက် ချွန်ကြပေမဲ့ တကယ့်ကိစ္စတွေဖြစ်လာရင် အားလုံးကဂရုတစိုက်ရှိပေးကြတာ ...
^ ဟား ဟား ... မင်းတို့ကကွာ ... ကြုံတာနဲ့ ဖဲ့မရ်ဆိုတာကြီးပါပဲလား ... ^
^ ဟီး ... အာ့လိုလဲ မဟုတ်ပါဘူးကောရ ... စားပီးသောက်ပီး ဘယ်သွားကြမလဲ ... နေလဲရိပ်လောက်ပီဆိုတော့ ^
^ ဟမ် ... ကောကိုမမေးနဲ့ ... Dream ကိုမေးလေ ... ^
^ အင်း ... အစက ကစားကွင်းသွားမလို့ပဲ ... နေကမပူပေမဲ့ ရှိန်နေသေးတရ်လေ ... ကိုကို ဖျားမှာစိုးလို့ ^
^ အာ ... ငါအာ့လောက်မပျော့ဘူး ... မင်းတို့သွားချင်ရင်သွားကြ ... ကောလိုက်ခဲ့မရ် ^
^ ရတရ် ကော ... ကျွန်တော်တို့လဲ ဗိုက်လေးနေတော့ ငိုက်တာကလွဲပဲ တခြားစိတ်မပါတော့ဘူး ^
မျက်နှာရိပ် မျက်နှာခြေကြည့်နေတဲ့ ကလေး ၃ယောက်က Dream စကားကြောင့် ငြင်းလိုက်မှန်း သိသာပါတရ် ... မျောက်တွေလား မသွားပဲနေချင်မှာ ...
^ ကောက ရ ... ^
^ ကိုကို ... ကျွန်တော်တို့ ဟိုနားက ခုံမှာ ခဏသွားထိုင်ရအောင် ^
^ အင်း ... သွားလေ ^
သူ့စကားဆုံးအောင်တောင် မစောင့်ပဲ ဖြတ်ပီးပြောလိုက်တဲ့ ကောင်လေးက မသွားစေချင်မှန်းသိသာနေတော့ Yibo လဲထပ်တိုးမပြောတော့ ...
^ ကိုကို့ကို ခဏနေရင်ပြန်လိုက်ပို့တော့မရ်လေ ... ဒါမှမဟုတ် Sean ကိုလာခေါ်ခိုင်းမလား .. ကိုကို့သဘော ... ^
^ အင်း ... မောင့်ကို ကော Msg ပို့ထားလိုက်မရ် ... မင်းပြောစရာရှိသေးလို့လား ကောကို ^
^ ထွေထွေထူးထူးရယ်လို့ မရှိတော့ပါဘူး ... ကိုကို့နား သီးသန့်နေချင်လို့ ... ဟိုကောင်တွေနဲ့ဆို နားငြင်းတရ်လေ ... နောက်ပီး ကျွန်တော့်ကို အားနာမစရာမလိုပါဘူး ကိုကို ... ကိုကိုက ငါ့ကိုချစ်ပေးပါ ဆိုပီး ပြောခဲ့တာမဟုတ်ပဲ ကျွန်တော်ကိုယ်တိုင် စိတ်လိုလက်ရချစ်ခဲ့တာပါ ... ပီးတော့ နောက်ပိုင်းတွေမှာလဲ ကိုကို့ကို အစ်ကိုတစ်ယောက်လိုပဲ ဆက်ဆံတော့မှာမို့ မျက်နှာမပူပါနဲ့ ... အခေါ်ဝေါ်ကတော့ မပြောင်းတော့ဘူးနော် ကိုကို ... နှုတ်ကျိုးနေလို့ ^
^ ရပါတရ်ကွာ ... ကောက မင်းတို့ကိုစတွေ့ထဲက ဂျစ်ကန်ကန်လေးတွေဆိုပေမဲ့ ညီတစ်ယောက်လိုတကယ့်ကိုခင်မိတာ ... အပေါင်းအသင်းနဲ့တဲ့ ကောက ရှိတဲ့တစ်ယောက်ကလဲ ကလေးလိုဆက်ဆံ ... မောင်နဲ့ သူ့သူငယ်ချင်းတွေကြတော့လဲ ကောကို ကလေးတစ်ယောက်လိုပဲထင်ကြတရ်လေ ... မင်းတို့နဲ့ကျ ကောကအကြီးဆိုတော့ အရမ်းပျော်သွားတာ ... ^
^ အာ့လိုပဲပျော်ပျော်နေပေးပါ ကိုကို ... ကျွန်တော် ခဏဖတ်ထားလို့ရလား ^
မရဲတရဲနဲ့ ပြောလာတဲ့ ကောင်လေးကြောင့် Yibo ခေါင်းညိမ့်ပေးလိုက်တရ် ... သူ့ညီလေး သိပ်ကိုပင်ပန်းထားတရ်မလား ... သူ့ကို ခပ်ဖွဖွဖတ်ထားပေးတဲ့ ကောင်လေး ကျောကိုပွတ်ပေးပီးတော့ ...
^ ငါ့ညီလေးလဲ ပျော်ရွင်ရမှာပါ ... နောက်ပီး ကျေးဇူးတင်ပါတရ် ... ကောကို သဘောကျပေးတဲ့အတွက် ... ပီးတော့ တောင်းပန်ပါတရ် ... ^
^ ဟင်အင်း ... ကိုကို့ အမှားတစ်ခုမှမရှိပါဘူး ... ဟော ... ဟိုမှာ ကိုကို့ အမျိုးသားလောင်းရောက်လာပီပဲ ... မနက်ဖြန်မှ တွေ့မရ် ကိုကို ... ^
^ အင်း ... ကော သွားပီ ... ကလေးတွေ ကောသွားပီ ... စောစောပြန်ကြနော် ... ^
တစ်ဖက်ကားလမ်းကူးသွားတဲ့ ကိုကို့ ကိုငေးပီးပဲကျန်ခဲ့တော့တရ် ... တော်တော်ကြာတဲ့အထိ မထမိသလို ... Lucas တို့ကလဲ သူ့ကိုသွားရအောင်ဆိုပီး မပြောခဲ့ ...
မနေ့က မွေ့နေ့က သူ့အသဲကွဲတဲ့နေ့လို့ မထင်ထားခဲ့တာ အမှန် ... တလတ်လတ်ဖြစ်နေတဲ့ ကိုကို့ လက်စွပ်က သူ့ကို နေရာမှန်ပြလိုက်သလိုပါပဲ ...
အမြဲပျော်ရွင်နေပါစေ ကိုကို ... Sean ရင်ခွင်မှာ မပျော်ရင် အချိန်မရွေး ကျွန်တော်ဆီပြန်လာလို့ရပါတရ် ... ငြိုငြင်ခြင်း အလျင်းမရှိပဲ ကြိုဆိုနေမှာပါ ... ဒါပေမဲ့ Sean နဲ့မှ ပျော်မဲ့ကိုကို့အတွက် သက်ဆုံးတိုင် Sean နဲ့ပျော်ရွင်ပါစေ ...
ဒီနေ့တော့ အ၀ငိုလိုက်မရ် ကိုကို ... မခေါ်ဘဲ ရောက်လာတဲ့ မျက်ရည်တွေကို မတားဆီးတော့ပါဘူး ... အားနာရိပ်နဲ့ကြည့်နေမဲ့ ကိုကို့မှ မရှိပဲဟာ ...
Idol နှစ်ယောက်အပေါ်ထိခိုက်စေလိုသော အသုံးအနှုန်းများရှိရင် အားမနာတမ်းလာပြောလို့ရပါတရ်ရှင့် ...
ပုံတွေအားလုံး Credit ပေးပါတရ်ရှင့် ...
#Violet
Advertisement
- In Serial8 Chapters
Once I was a plain princess
when I was a little girl my brilliant older sister wrote a romantic play and gave me the role of the plain royal princess who was in love with the male lead but after a pitiful struggle to win his heart, she killed herself. twelve years after playing that role I died in my own birthday party, next thing, I was the fifteen year old princess confessing her love to him. Cover credit: Young Girl Reading, Jean-Honoré Fragonard, c. 1770
8 219 - In Serial6 Chapters
(Un)Luckiest Person On Earth?
His black hair falls on his face as he flips open his side bag. He puts his hand into the bag and pulls out a whitemask with a black 'I' on it. He smirks as he pulls it on, once he had put it on he murmured "Ine-Kenos"-----This is a story about a child named Nathan Young, and his journey through the magical side of his world.[A/N- Hello! this is a semi serious series about Nathan Young and Strange Earth! Anyways, I am going to try to write 1k each couple of day, also english is my second language so my english is going to be horrendous.]
8 148 - In Serial77 Chapters
No Matter What
Even if Sebastian thought of the possibility, he still couldn’t believe it. There was no way his best friend was a werewolf. Sure, he’d been acting kind of weird. An increased appetite, higher sensitivity to sounds and smells, incredible speed and stamina, burning himself on a cold silver spoon. But werewolves didn’t exist so there was no way Edmund had become one. Right?
8 559 - In Serial8 Chapters
Todobaku
this is a Todobaku story (IT INCLUDES BOY X BOY) it's my first story sooo please don't judge
8 209 - In Serial71 Chapters
The First Fae Mate
Visena Sage knows two things for sure. Her name, and that she's part Faery. After waking in an unfamiliar realm with no memories (or clothes), Visena is dragged by the scruff to the Earth realm by two insulting and unusual strangers. They seem eager to take her to their leader, an unidentified enemy with unknown motives. However, in a potentially wonderful twist of fate, she is immediately rescued by a small group who use gibberish words to address one another.Alpha? Beta? Mates?The apparent damsel searches for answers while familiarising herself with the group's deliciously scented, cautious leader: Gideon Steel. Gideon seems intrigued by her blunt, confident approach and keeps a watchful eye on her as she navigates his strange world. Both seek answers to the same questions while feeling an unnatural pull to each other.Who is she? (Who is he?) What happened to her family?And is she really the damsel in this story?Happy reading ;) [Mature content: language, humour, violence and sex. 17 and up] ...~~~~~~~~~~~~~~~~Top tags to date:#11 Vampire of 209k#12 in werewolf of 198k #38 in romance of 1.98 mil#1 in Witch of 80.5k#1 in fairies of 12.5k#1 strong female lead of 7.7k#1 in faeries of 4.86k#1 in fairfolk of 180
8 426 - In Serial21 Chapters
Swans's Romance
This is a story about a geek that is in love with a popular girl.
8 81

