《Late Regret ( COMPLETED )》Part 34
Advertisement
^ Wang ဒီအချိန်ကြီး အိပ်မပျော်လို့လားဟင် ^
ခြုံလွာအပါးလေးကို ခြုံပေးပီး Wang ကိုယ်သေးသေးလေးကို နောက်ကနေ့ ဖတ်ထားလိုက်ပီး မေးလိုက်တော့ ခေါင်းလေးပဲခါပြတဲ့ Wang ဟာ သူ့တပည့်အတွက် စိတ်ထိခိုက်နေဟန်ရှိတရ် ...
ကားပေါ်ပြန်ရောက်ထဲက မျက်နှာလေးညိုးနေတဲ့ Wang ဟာ သူစိတ်မကောင်းဖစ်မှာစိုးလို့ တစ်ချက်ချက် မျက်လုံးတွေပိတ်အောင် ပြုံးပြတတ်သေးတာ ...
ခုလဲ ညကြီးအချိန်မတော် ၀ရံတာမှာ လေညှင်းခံနေတဲ့ သူ့ရဲ့ Wang ဟာ ဘာတွေစိတ်ညိုညင်နေပါလိမ့် ...
^ Wang စိတ်ရှုပ်နေရင် မောင့်ကို ပြောပြလို့ရတရ်နော် ... ဘာကိစ္စမဆို မောင်ကနားထောင်ပေးဖို့အသင့်ပဲ ^
^ မောင် ... ကျွန်တော် စိတ်ရှုပ်နေတာတော့မဟုတ်ပေမဲ့ ... စိတ်ထဲတမျိုးပဲ ... ^
^ Dream နဲ့ပတ်သတ်နေတာလား Wang ^
^ အင်း ... ဒါပေမဲ့ မောင်စိတ်ချပါ ... ကျွန်တော်ချစ်တာ မောင့်တစ်ယောက်ထဲကို ^
သူသက်ပြင်းချသံကြားလိုက်တာနဲ့ Wang ဟာကျောပေးထားကနေ သူဆီတန်းလှည့်လာပီး သူ့ရင်ခွင်ထဲ ၀င်ပီးတင်းတင်းကြပ်ကြပ်ကိုဖတ်ထားတော့တာ ...
ခုဆို Wang ဟာ ခြုံလွာလေးနဲ့ လုံးပီး သူ့ရင်ခွင်ထဲရောက်နေတာမို့ အနှီးထုပ်ထဲက ကလေးလေးအတိုင်းပဲ ... ညမီးရောင်အရှိန်ကြောင့် ပါးဖောင်းဖောင်းလေးဟာလဲ ပြောင်ပြောင်လေးဖစ်နေတော့ အသည်းယားပီး နမ်းလိုက်မိသေး ...
^ မောင် ယုံတာပေါ့ ... မောင့်ကလေးလေးကို ... ခု စိတ်ထဲမတင်မကျဖြစ်နေတာကို မောင့်ကိုပြောပြ ... ညကြီးအချိန်မတော် မောင့်ရင်ခွင်ထဲမှာ အိပ်နေတဲ့ ဒီကပူတူးလေးပျောက်သွားတော့ မောင်လဲ နိုးလာရော ^
^ ကျွန်တော် စတွေထဲက ကလေးတွေကို ညီတစ်ယောက်လို ခင်ခဲ့တာ ... အဲ့ဒါကြောင့် ရင်းရင်းနှီးနှီးပြောဆိုခဲ့မိတာ Dream အပေါ် မျော်လင့်ချက်ပေးမိသလိုများ ဖြစ်ခဲ့တာလား ... ကျွန်တော် အပြုအမူ အပြောအဆိုတွေ ဘောင်မကျော်ခဲ့ပါဘူးနော် မောင် ^
^ မကျော်ခဲ့ပါဘူး Wang ရယ် ... ရင်းရင်းနှီးနှီးပြောခဲ့တာလဲ မောင့်ကလေးက စိတ်ရင်းအတိုင်းလေ ... သဘောရိုးနဲ့ပြောခဲ့တာပဲ ... မောင့် Wang မှာ အပြစ်မရှိပါဘူးကွယ် ^
^ ကျွန်တော် နက်ဖြန် ဘယ်လို မျက်နှာချင်းဆိုင် ရမလဲတောင် မသိဘူး ... တကယ် ... အလုပ်ထွက်ချင်စိတ်တောင် ပေါက်တရ် ^
^ အဲ့ဒါကြောင့် စိတ်ရှုပ်နေတာလား ... မောင်ကတော့ Wang ဝါသနာနဲ့ ထပ်တူကျတဲ့ အလုပ်မို့ သေချာစဉ်းစားစေချင်တရ် ... နောက်ပီး Dream ကိုယ်တိုင်ကလဲ အစ်ကိုတစ်ယောက်လိုပဲ ပြောဆိုပေးမရ်ဆိုတော့လေ ^
အိမ်ပြန်ရောက်ထဲက သူကိုယ်တိုင်က Wang ကိုယုံလို့ ဘာဆိုဘာမှ ခရေစေ့တွင်းကျမမေးပေမဲ့ Wang ကတော့ အကုန်လုံးဖွင့်ပြောလာခဲ့တရ် ...
^ Dream ကသူ့ကို တကယ်မြတ်နိုးပီးချစ်တဲ့သူမျိုးနဲ့ တွေ့သင့်တာ ... ငယ်ငယ်ရွယ်ရွယ်နဲ့ မခံစားစေချင်ဘူး ... အထူးသဖြင့် ကျွန်တော့်ကြောင့် မပူလောင်စေချင်ဘူး ... ^
^ ဟင်း ... ဘယ်သူ့ကိုပဲ ချစ်ရမရ်ဆိုပီး မောင်တို့ကအမိန်ပေးလို့မှ မရတာ ... Yinn Dream ကိုအချိန်ကကုစားပေးမှာပါ ... Wang ဟာတခြားတစ်ယောက်အတွက်နဲ့ စိတ်ရှုပ်နေတာမျိုး မောင်တကယ်မကြိုက်ဘူး ^
သူပြောလိုက်တော့ ရင်ခွင်ထဲကမော့ပီးကြည့်လာတဲ့ ပေါက်စီလုံးလေး ...
^ အာ့တော့ မောင့်ကြောင့်နဲ့ပဲ စိတ်ရှုပ်ပေါ့ ^
အယ် ... သူကပြေရာပြေကြောင်းပြောလိုက်တာပါ ... ခုတော့ မြှားဦးက သူ့ဘက်လှည့်လာပါရောလား ...
^ အာ ... Wang ကလဲ ... မောင်က အာ့သဘောမျိုးမဟုတ်ဘူးလေကွာ ^
^ ဘာကွာလဲ ... လူကိုစိတ်မရှည်တာလား ... လူတစ်ယောက်ကိုနစ်နစ်၀င်၀င်ချစ်ပီး အပစ်ခံရတဲ့ ခံစားချက်ကို သိနေလို့ ကျွန်တော်ကပိုစိတ်မကောင်းဖစ်တာ ... မောင့်လမ်းခွဲပီးပီးခြင်း သိပ်မကြာဘူး ... နောက်ရက် မောင့်အိမ်တံခါးလာခေါက်တာတောင် ဖွင့်မပေးဘူးလေ ... မောင်က အသည်းအရမ်းမာတာပဲ ^
^ မဟုတ်တာ Wang ရယ် ... မောင်က Wang ကိုပစ်ထားမဲ့သူတဲ့လား ... အာ့တုန်းက အိမ်မှာ မောင်မရှိပါဘူးကွယ် ... အာ့အကြောင်းကို Wang ပြောပြမှ မောင်သိရတာ ... မောင်လဲ လမ်းခွဲပီးတော့ ခဏခဏ ဆေးရုံတတ်လိုက်ရတာဆိုတော့ အိမ်မှာနေတာ တော်တော်နည်းခဲ့တာ ^
^ ဟို ... ကျွန်တော် တောင်းပန်ပါတရ်နော် မောင် ... မောင့်ကိုရမ်းမိသလို ဖစ်သွားတရ် ... ကျွန်တော်တို့နှစ်ဖက်လုံး အထိနာခဲ့ကြတာပါ ... ကျွန်တော်က တဖတ်သတ်ကြီး ပြောမိသွားတရ် ... ကျွန်တော် တောင်းပန် ... အင့် ^
Wang ရဲ့ တောင်းပန်သံတွေကို မခံနိုင်တဲ့အဆုံး Wang ကိုသာတင်းနေအောင် ဖတ်လိုက်တော့တရ် ...
^ မတောင်းပန်ပါနဲ့ Wang ... အစအဆုံးမှားခဲ့မိတာ မောင်မို့လို့ ^
^ မားမားရဲ့ အတ္တတွေသာမရှိခဲ့ရင် ... ^
^ ဘယ်လိုပဲ ၀မ်မားကြောင့်ဆိုပါစေ ... ကာယကံရှင်ဖစ်တဲ့ မောင်က သိပ်ပျော့ညံခဲ့တာမဟုတ်လား ... ^
^ တော်တော့ မောင် ... အာ့အကြောင်းတွေထပ်မပြောချင်ဘူး ... ခုလက်ရှိကိုပဲ စိတ်၀င်စားတရ် ... နောက်ပီး မောင်နဲ့ရှေ့ဆက်မဲ့အနာဂတ်အတွက်ပဲ ခေါင်းထဲမှာရှိတရ် ... ^
^ အင်းပါ ... ဒါနဲ့ စောနက ဘယ်ကောင်လေးလဲ မသိဘူးနော် ... တခြားတစ်ယောက်ကြောင့် ခေါင်းရှုပ်နေတာတဲ့ ^
သပွတ်အူ ဆိုတာ အဲ့ဒါပါပဲ ... စောနကပဲ Yibo ရစ်ပီးတော့ ... ၀မ်းနည်းစရာတွေရှိလာတော့ စကားလှည့်လိုက်မိတော့ ခုကမောင်ရစ်မဲ့အလှည့်ပေါ့လေ ...
^ ကျွန်တော်က သနားတာပါ မောင်ရယ် ... ကျွန်တော့် ညီတစ်ယောက်လိုပါပဲ ... Dream မှမဟုတ်ဘူး တခြား Lucas Alex Ethan သုံးယောက်လုံး ... ^
^ မောင့် Wang ကပေါ့ပေါ့ပါးပါးပဲ စိတ်ထားပါကွယ် ... Wang မျက်နှာ တချက်ညိုးရင် ဒီကမနေတတ်ဘူးကွ ^
^ မောင်ကတော့ ပိုပီ ... ပြောလတ်စနဲ့ပြောလိုက်ပါဦးမရ် ... Dream ဆုံးဖြတ်တာကိုတော့ ကျွန်တော် လေးစားတရ်သက်လား ... အကယ်၍များသာ မောင်သာ ကျွန်တော်ကို အရင်ထဲက လက်မခံခဲ့ရင် ငေးကြည့်ခြင်းနဲ့ပဲ အသားကျမလားပဲ ... ^
နောက်ဆုံးစကားတစ်ခွန်းကို Xiao Zhan လုံး၀ကိုသဘောမကျ ... တိုးတိုးလေး ထွက်သွားတဲ့ စကားသံအရ Wang ကလဲ ပြောပီး စိတ်မကောင်းဖစ်သွားဟန် ... သူ့ကလေးဆိုသည်မှာ မဖြစ်နိုင်တာတွေ သိပ်တွေးတာကို ...
Advertisement
^ Wang မှတ်ထား ... မောင်က Wang ကိုချစ်ဖို့မွေးလာတာ ... Wang ကိုမချစ်ဖို့ဆိုတာ ရေမသောက်ရသလိုပဲ ... အသက်ဆက်ဖို့အတွက် ရေလိုအပ်သလို မောင်အနားမှာ မောင့်အသက်ဗူးဖစ်တဲ့ Wang ရှိမှပြည့်စုံမှာ ^
^ ကျွန်တော်လဲ မောင်ချစ်ဖို့ မွေးလာတာပါ ... စောနက စကားအဖြစ်ပြောတာပါ မောင်ရဲ့ ... တကယ်လို့သာ မောင်သာ Dream နေရာဆို ဘယ်လိုလုပ်မလဲဟင် ^
Xiao Zhan သက်ပြင်းချမိသွားသည်။ သူသာ Dream နေရာမျိုးမှာ ... တစ်ခါမှမစဉ်းစားမိတဲ့ မေးခွန်းပဲ ... သူငြိမ်နေတာ တော်တော်ကြာသွားတော့ Wang ကရင်ခွင်ထဲက ခေါင်းလေးပြူလာပီး သူအရိပ်အကဲကြည့်လေတရ် ...
^ မောင် စိတ်ဆိုးသွားတာလား ... ^
^ မဆိုးပါဘူး ကလေးရယ် ... မောင် အာ့လိုမျိုးတစ်ခါမှမတွေးမိဖူးဘူး ... မောင်သာ ဟိုကောင်လေးနေရာမှာဆိုရင်တောင် လက်လွတ်ခံမှာမဟုတ်ဘူး ... မောင်က Wang ထင်ထားတာထက် အချစ်ရော အတ္တရော သိပ်ကြီးတရ် ... အထူးသဖြင့် Wang အနားမှာနေရဖို့ဆိုရင် မောင်ကပိုပီး လောဘကြီးတရ် ... တကယ်လို့ Wang သာမောင်နဲ့အရင်မတွေ့ခဲ့ပဲ Yinn Dream နဲ့ပတ်သတ်သူဖစ်ပီး မောင်က တတိယလူဖစ်ခဲ့ရင် မောင်က Wang ကိုချစ်ပီလို့သေချာတဲ့ နေ့ထဲက ခိုးပြေးသွားမှာ ... မောင်က တစ်ခါ Wang နဲ့ဝေးဖူးတော့ နောက်တစ်ခါထပ်ဝေးမဲ့ ဒဏ်ကိုခံမဲ့အစား သေဖို့ကိုသာ ... ^
^ မောင်နော် ... ပါးစပ်ပုတ်နဲ့ မပြောရဘူးလေ ... ဘယ်လိုအခြေအနေမျိုး ရောက်နေပါစေ ကျွန်တော့် အချစ်က Xiao Zhan ဆိုတဲ့ မောင်ဆီမှာပဲ ... စောတွေ့တွေ့ နောက်ကျမှ တွေ့တွေ့ ကျွန်တော့်ရင်ခုန်သံက မောင်ပဲ ... နောက်ပီး မောင် ကျွန်တော့်အပေါ် အတ္တကြီးတာ သိပ်သဘောကျတရ် ... အတ္တရော လောဘရော အချစ်ရော ကြီးချင်သလောက်ကြီးလို့ရတရ် ... ချစ်တရ် မောင် ... အရမ်းအရမ်းကို ... ^
^ အိုက်ရိုး ... အသည်းတွေရော အူတွေရော ယားလာပါပီ အမောင် Wang Yibo လေးရေ ... ^
စွေခနဲ ချီပလိုက်တော့ Wang ကလန့်သွားတရ်ထင် ... သူ့လည်ပင်းကို အလန့်တကြားလာဖတ်လေတော့သည်။
^ အိပ်ကြရအောင် ... အချိန်လဲမနည်းတော့ဘူး ၀မ်သခင်လေးရဲ့ ^
နာရီကြည့်ပီးပြောလိုက်တော့ Wang ကသဘောတကျပြုံးတရ် ... အာ့လိုလေး အမြဲပြုံးနေပေးဖို့ မောင်ကအားလုံး Wang အလိုကျနေပေးဖို့ အသင့်ပဲ ...
^ ဟီး ... မောင်ကလဲ ၃နာရီလေးတောင်မထိုးသေးတာကို ^
^ ကဲ ... တွေ့မရ် ... အိပ်ယာပေါ်ရောက်ရင် ကလိထိုးပစ်ပီး လူကြီးကို စတဲ့ကလေးကို အပြစ်ပေးဦးမှ ... ^
အာ့လိုနဲ့ တဟီးဟီး တဟားဟားနဲ့ အတွဲဟာ မိုးလင်းခါနီးမှ အိပ်ကြတော့ Boss ကို နှစ်ယောက်လုံးခွင့်တိုင်ဖို့ Msg ပို့ပီး နေ့လည်လောက်ထိအိပ်ကြလေတော့သည်။
----------------------------------------------------------------------------------
^ Hello ^
ဖုန်းသံလိုက်စမ်းရင်း Yibo မှာမျက်လုံးမပွင့်တပွင့်နဲ့ ဖုန်းကိုင်လိုက်ရသေးတရ် ... ထုံးစံအတိုင်း ခါးပေါ်က မောင့်လက်ကိုရွေ့ပီးပေါ့ ... အရင်ကဆို နိုးနေကျ မောင်ဟာ ခုများကျ တုန့်တုန့်တောင်မလှုပ် ...
^ Hello ကိုကို ... ကျွန်တော် Dream ပါ ... ဒီနေ့ခွင့်တင်ထားတရ်ဆိုလို့ ^
^ ဟင် ... Dream ... အင်း ... ဒီနေ့တော့ ကောမလာနိုင်တော့ဘူး ... ^
^ ဟို ... ကျွန်တော့်ကြောင့်များလား ကိုကို ^
^ မဟုတ်တာကွာ ... ငါ့ညီကြောင့်မဟုတ်ဘူး ... မနေ့က ကောတို့သူငယ်ချင်းနဲ့တွေ့ပီး အသောက်များသွားလို့ မနက်မထနိုင်တာနဲ့ ခွင့်တိုင်လိုက်တာ ... ကော Lunch Break နောက်ပိုင်း လာခဲ့မရ်လေ ... မင်းတို့ မနက်ပိုင်းကို ကောနဲ့ကျင့်တဲ့အကွက်တိုင်း ပြန်ကျင့်ထားကြ ... ဟုတ်ပီလား ^
မုသားမပါ လင်္ကာမချောတဲ့ ... Alcohol မသောက်တောင် မနေ့က မောင်နဲ့ စကားတပြောပြောနဲ့ နောက်ျမှပြန်အိပ်ဖစ်တာဆိုတော့ ...
^ ကိုကို အဆင်မပြေရင်ရတရ် ... ကျွန်တော်က ဒီ ... ဒီတိုင်း ဆက်ကြည့်တာပါ ^
ထစ်ထစ်ငေါ့ငေါ့ ပြောလာတဲ့ကောင်လေးက သူ့ကြောင့်စိတ်ရှုပ်နေမှာမလိုလားပုံ ...
^ Dream ... မင်းပဲကောကို မနေ့ကစိတ်ရှင်းရှင်းထားဆို ... အာ့တော့ ငါ့ညီလေးလဲ စိတ်ရှင်းရှင်းထား ... ^
^ ဟုတ် ကိုကို ... ဒါဆို ဒီနေ့နားလိုက်ပါ ... ကျွန်တော်တို့ကို စိတ်ချနော် ^
^ ကော အဆင်ပြေရင် လာခဲ့မရ် ... ပျက်ရက်တွေလဲ များနေပီ မဟုတ်လား ... နောက်နှစ်ပတ်လောက်ဆို ရိုက်ကူးရေးလဲပြန်စမှာဆိုတော့ ကောတို့ Ready ဖစ်ဖို့လို့မှာ ^
^ ကိုကိုကလဲ ... တစ်ရက်လောက်နဲ့ ဘာမှမဖစ်ဘူး ... နောက်ပီး ကိုကို ပင်ပန်းနေတော့ ကျွန်တော်လဲ ... ဟို ကျွန်တော်တို့အားလုံးလဲ စိတ်ကောင်းမှာမဟုတ်ဘူး ^
^ ဟုတ်တရ် ကော ... နားနားနေနေ တစ်ရက်လောက်နေလိုက်ဦးနော် ^
ကလေးတွေက စာကလေးအုပ်လိုပဲ ... တဂျီဂျီနဲ့ ... သူမှာလဲ အာ့ကလေးတွေနဲ့ ဘယ်ဘ၀ကရေစက်မှန်းကိုမသိဘူး ... ခုလဲ သူ့ကိုအတင်းနားခိုင်နေတော့ ... Yibo တို့ကအကြိုက်ပေါ့ ...
ဒါပေမဲ့လဲ ရိုက်ကူးရေးတွေက ရှိနေတော့ တစ်ရက်ဆိုတစ်ရက် အရေးကြီးနေတော့ ... နေ့ခင်းမှ သွားချောင်းလို့မရ်ဆိုပီးပဲ တေးထားလိုက်တော့သည်။
^ ဟား ဟား ... ဟုတ်ပါပီကွာ ... ဒါဆို အားလုံး See ya Tmr ကွာ ^
^ ဟုတ် ကိုကို ... ဒါဆို နက်ဖြန်မှတွေ့မရ်နော် ^
အင်း ... ဖုန်းချသွားပီးတာတောင် Yibo ဖုန်းကြီးကိုတွေတွေကြီး ကြည့်မိနေသေးတရ် ... တရိုတသေ ဖြစ်ပီး စကားကိုထိန်းပြောနေတဲ့ Dream ကိုသူမရင်းနှီးပေ ...
ဒါပေမဲ့လဲ သိပ်မတွေးလိုက်နိုင် ... အလေးဆုံးက မျက်ခွံဆိုတဲ့ စကားအတိုင်း ပြန်လည်အိပ်စက်ခြင်းသို့ပဲ ...
-------------------------------------------------------------------------------
^ ကလင် ကလင် ^
Advertisement
Wang စားဖို့တစ်ခုခုပြင်ပေးနေတုန်း အိပ်ခန်းထဲမှာထားခဲ့တဲ့ Xiao Zhan ဖုန်းမြည်သံကြောင့် အမြန်အဆန်သွားကိုင်ရသေးတရ် ... သူ့အသည်းလေးနိုးသွားမှာ စိုးလှပါတရ် ... နိုးသွားမှာသာဆိုးတာ မနေနိုင်မထိုင်နိုင် ဖုန်းယူရင်းနဲ့ Wang ပါးလေးကိုဖိကပ်နမ်းလိုက်ရသေးတာ ...
မီးဖိုခန်းကို အမြန်ပြေးပီး ဖုန်းကိုကြည့်လိုက်တော့ သူတစ်သတ်လုံးမှတ်မိစေတဲ့ နံပါတ် ... Contact နဲ့ တွဲမမှတ်ထားတာတောင် သူ့ကို တလလောက် ဖုန်းမြည်သံကို ကြောက်လန့်အောင် လုပ်ခဲ့တဲ့သူ ... Wang ပြောသလိုပေါ့ ... လာမဲ့ဘေး ပြေးတွေ့တာပေါ့ ...
^ Hello ^
^ Hello သားကြီး ... ^
အာ့အသံ ... Xiao Zhan မတ်တပ်တောင် ကောင်းကောင်းမရပ်နိုင်ပဲနဲ့ တုန်ယင်နေတဲ့ ခြေထောက်တွေကြောင့် ထိုင်ခုံပေါ် ပုံလျက်သားထိုင်လိုက်တော့တရ် ...
^ ဟုတ်ကဲ့ ... ပြောပါ ၀မ်မား ... ကျွန်တော် နားထောင်နေပါတရ် ^
^ သားကြီးက ခု Company မှာလား ... စကားပြောလို့အဆင်ပြေရဲ့လား ... ^
^ ဟုတ် ... ပြေပါတရ် ... ^
စကားတွေကို မထစ်မငေါ့အောင်ပြောရတာလဲ သိပ်ခက်လွန်းပါတရ် ... တုန်ယင်နေတဲ့ လက်တွေကြောင့် Speaker ဖွင့်ပီး ဖုန်းကို စားပွဲပေါ်တင်ထားရသေးတရ် ...
Xiao Zhan ဟာအရမ်းကိုအပြောကြီးခဲ့တရ် ... Wang ကိုပိုင်ဖို့ ဘာမဆို ရင်ဆိုင်နိုင်တရ်လို့ ကြွေးကြော်ခဲ့သမျှ ၀မ်မားနဲ့ နှစ်ယောက်ထဲ ဆိုတဲ့ အသိကရိုက်ချိုးပါတရ် ... ဖုန်းထဲမှာတောင် ဟန်မဆောင်နိုင်တာ ... အပြင်မှာဆိုရင် သူ့အဖြစ်ဟာ သိပ်ကိုရှက်ဖို့ကောင်းနေမှာ ...
အရင်တစ်ခေါက်က Wang ရော ၀မ်ပါးရော ရှိလို့သာ သူ့ရင်ဆိုင်ပြောဆိုရဲခဲ့တာ ... ဒါပေမဲ့လဲ Wang ဘေးနားရှိနေတာတောင် ကြောက်စိတ်ရော စိုးရိမ်စိတ်ရော ရှိနေတာမို့ စကားပြောတဲ့တလျောက်လုံး Wang လက်ကို အမြဲဆုပ်ကိုင်ထားခဲ့တာ ...
^ သားကြီး အားရင် စကားပြောချင်လို့ ... စားသောက်ဆိုင်တစ်ခုခုပဲ ဖစ်ဖစ်ပေါ့ ^
^ ဟုတ်ကဲ့ ... ^
^ ဘယ်နေ့အားလဲ သားကြီး ... မားက ရှေ့အပတ်လောက် ကိုရီးယား သွားစရာရှိတရ် ^
^ ၀မ်မားအဆင်ပြေမဲ့ရက်ကို ပြောလိုက်ပါ ... ကျွန်တော် လာတွေ့ ပါ့မရ် ^
^ သန်ဘက်ခါ နေ့လည်လောက် တွေ့ကြတာပေါ့ကွယ် ... ^
^ ဟုတ်ကဲ့ ... ကျွန်တော် ဆိုင်ရွေးထားလိုက်ပါ့မရ် ^
^ အေးကွယ် ... ဒါပဲနော် သားကြီး ^
၀မ်မား ဖုန်းချလိုက်တာနဲ့ Xiao Zhan မျက်နှာကို လက်နဲ့အုပ်ပီး အသံတိတ်ငိုရတရ် ... Wang အိပ်နေတရ်မဟုတ်လား ...
စကားကိုငြိမ်ငြိမ်သက်သက်နဲ့ အေးအေးဆေးဆေး ပြောသွားတဲ့ ၀မ်မားဟာ အရင်အတိုင်းပဲ ... တစ်ခါက သူကို Wang နဲ့ဝေးစေဖို့ ဖုန်းဆက်ပီး တွေ့ဖို့ချိန်းခဲ့တဲ့အတိုင်း ...
ဒါပေမဲ့ ဒီတခေါက်တော့ Wang နဲ့ဝေးဖို့ဆိုတာ တော့ မဖြစ်စေရဘူး ... သူကြောက်လွန်းပါတရ် ... စကားချိုချိုလေးနဲ့ နှလုံးသွေထွက်အောင်ပြောတတ်တဲ့ ၀မ်မားကို ... မဖြစ်မနေရင်ဆိုင်ရမဲ့ ပြဿနာမို့ Xiao Zhan သတ္တိမွေးပီး သွားတွေ့ရပါမရ် ... အခုက Wang ကသူ့ရင်ခွင်ထဲမှာ ... နောက်များမှာလဲ သူရင်ခွင်ထဲမှာ အမြရှိနေဖို့အတွက် သူ၀မ်မားနဲ့ ရင်ဆိုင်ဖို့ အသင့်ရှိနေမှ ဖစ်မှာ ... အတော်ကြာတဲ့အထိ အားရအောင် ငိုပီးမှ ဟင်းချက်ဖို့ ပြန်ပြင်ရတော့တရ် ...
Xiao Zhan ထလိုက်တာနဲ့ မောင် ဆိုတဲ့ အသံတစ်ခုကြောင့် ခုံပေါ်ပြန်ထိုင်မိလျက်သား ...
^ Wang ... နိုးလာပီးလား ... မောင် ဟင်းချက်ပေးမရ်နော် ... ခဏလေးစောင့် ^
^ မောင် ... ငိုချင်သေးလား ... ကျွန်တော်ရှိတာမို့ မငိုပါနဲ့လို့ တားချင်ပေမဲ့ မောင်ငိုချင်ပွေ့ဖက်ပေးဖို့ အမြဲရှိတရ် ^
မောင့်နားသွားပီး ခေါင်းလေးကို ရင်ခွင်ထဲထည့်လိုက်တော့ Yibo ခါးကိုဖတ်ပီးအသည်းအသန် ငိုကြွေးတော့တာပါပဲ ...
^ ကျွန်တော် မောင်နမ်းထဲကနိုးနေတာ ... အကုန်လုံးလဲ ကြားပီးပီ ... ^
^ ဟင့် ... မောင် သွားတွေ့မှာ ... မောင့်ကိုယုံတရ်မလား ^
^ သိပ်ယုံတာပေါ့ ... ကျွန်တော်မှာ မောင့်ကိုမယုံရင် ဘယ်သူ့ကိုယုံရမှာလဲ ... နောကီး မားကို ဒီည ပြန်ချိန်းလိုက် ... ကျွန်တော်ပါ လိုက်မှာမို့ ^
^ ဒါပေမဲ့ ... ^
^ ဟင်အင်း ... ကျွန်တော်က မောင့်ကို တစ်ယောက်ထဲမလွတ်နိုင်ဘူး ^ မျက်နှာကို လက်ကိုအသာပင့်ပီး ယူကြည့်လိုက်တော့ မျက်ရည်ဗလတ်ပွနဲ့ တလုံးတစ်ခဲကြီးက ပါလာတရ် ... မျက်ရည်တွေကို အသာယာသုတ်ပေးပီး ...
^ မောင်ပြောခဲ့သလိုပေါ့ ... Wang မရှိရင် မောင်သေမရ်ဆိုတာ ... ကျွန်တော် ကလဲ မောင်အနားက ထွက်သွားတာနဲ့ သေလူပဲ ... ^
^ အာ့လိုစကားတွေပြောတာ မောင်မကြိုက်ဘူး Wang ^
Yibo ပြန်မဖြေပဲ မောင်ကိုသာ ရင်ခွင်ထဲ ပြန်ထည့်လိုက်တော့ သည်။ ထိုင်လျက်ရှိနေတဲ့ မောင်ဟာလဲ ခါးကိုတင်းတင်းကြပ်ကြပ် ပြန်ဖတ်ထားပီး တရှုတ်ရှုတ်လုပ်နေတော့တရ် ...
တကယ်ဆို Yibo ဟာ မောင် ဖုန်းယူသွားထဲက စမလိုဆိုပီး နောက်ကနေ စောင့်နေခဲ့တာ ... ဖုန်းကြည့်လိုက်တာနဲ့ ပျက်ရွင်းသွားတဲ့ မောင့်မျက်နာကြောင့် စိတ်ပူသွားပေမဲ့ ဘယ်သူလဲ သိချင်တာကြောင့် ဒီတိုင်းရပ်စောင့်နေခဲ့တာ ...
သူ့ဇောနဲ့ သူ ဖြစ်နေတဲ့မောင်ဟာလဲ တံခါးနားမှာရပ်နေတဲ့ Yibo ကိုမမြင်ခဲ့ ... မားမား ဆိုတာသိပီးနောက်ပိုင်း မောင်နဲ့ထပ်တူ တုန်လှုပ်သွားမိတာအမှန် ... ဘာတွေထပ်ပီး စိတ်ဒဏ်ရာတွေပေးချင်သေးတာလဲ ... ဖုန်းကိုစားပွဲပေါ်တင်ပီး လက်အချင်းချင်းပွတ်တိုက်နေတဲ့ မောင့်ကိုကြည့်ပီး သူယူကြုံးမရ ... တွေ့ဖို့ ချိန်းနေတဲ့ မောင့်ကိုလဲ အားမရ ... ငြင်းလိုက်ပါလား မောင်ရယ် ... မဟုတ်လဲ Wang နဲ့အတူတူမှ လာတွေ့နိုင်မရ်လို့ ပြောလိုက်စမ်းပါလား ...
လူကြီးကို ရိုသေတတ်တဲ့ မောင်ဟာ ခွန်းတုန့်ပြန်စကားလဲ ဆိုခဲ့ခြင်းမရှိ ... မျက်နှာအုပ်ပီး အသံတိတ်ရှိုက်ငိုနေတဲ့မောင့်ကို ကြည့်ပီး သူသွေးပျက်မတတ်ပင် ... မားမားနဲ့ ပတ်သတ်လာရင် မောင်ဟာ Trauma တစ်ခုလိုပင် ... အေးလေ ... ထိုးနှက် ချက်တွေက နည်းမှမနည်းခဲ့တာကို ...
ဒီတစ်ခါတော့ မောင့်ရှေ့မှာ ကျွန်တော်တစ်ယောက်လုံးရှိနေပေးမှာမို့ စိတ်မပူနဲ့မောင် ... ကျွန်တော့် ကမ္ဘာဟာ မောင်မလို့ ... ကျွန်တော့် ကမ္ဘာကြီးမပြိုလဲ မငိုကြွေးအောင် ကျွန်တော်က ကာကွယ်ပေးမှာ ...
Idol နှစ်ယောက်အပေါ်ထိခိုက်စေလိုသော အသုံးအနှုန်းများရှိရင် အားမနာတမ်းလာပြောလို့ရပါတရ်ရှင့် ...
ပုံတွေအားလုံး Credit ပေးပါတရ်ရှင့် ...
#Violet
Advertisement
- In Serial17 Chapters
The Entangled Fates
It is said that angels and devils walk on Earth in human forms. But what if it's not just a myth and they actually are present around us, keeping a low profile. What if it's the boy you bully in school, or the girl who always keeps to herself in class are not humans and waiting to creep into your dreams. What if it's a girl who always tops the class and her brainiac image is actually a part of her superpowers, the bullied boy is keeping chains around his ire, not letting his unstable powers to unleash and the world doesn't lack such beings. Aden and Amara are such two lost souls which are fated to be together. But is it really that simple for them to be together? Or destiny has something else written for them. What will happen if these two finally cross each other's path after walking for decades on Earth. Or is it really the first time they will run into each other?
8 72 - In Serial23 Chapters
What Went Wrong?! [Yandere! various Resident Evil Village X OC]
What happens when a teenage girl gets reincarnated into her favourite game?...Of course she starts to run around, exploring the place.Buuuuuut what if she doesn't have a main role? what if she's just a character that wasnt even mentioned in the game?Well thats good! now she can watch the story unfold from the sidelines!but waiiiitt......Why does all the characters keep chasing her?!What went wrong?!How will she get herself out of the mess she got herself in?Read to find out.Best Rankings---------No. 1 in yanderevariousxocNo. 2 in residentevilvillageNo. 4 in ethanwinters
8 165 - In Serial17 Chapters
Not My Type | ✔️
Olivia Miller and Carter Young never had any intentions of meeting one another. But fate had other plans. At Boston State University, Carter is one of the classic cool kids. He's not a bad boy, he's not a player, he's just part of the popular crowd. Olivia, on the other hand, is far from being popular. She's the school's nerd. She has her best friend, Liam, though. Together, they make the nerdiest friendship. When Carter and Olivia finally notice each other's existence, they began to flaunt more towards each other. They didn't ever want to be apart. But Carter hits trouble before he and Olivia could get much closer. Someone is trying to stop their relationship from going to the 'next level'. Will they overcome this situation or does their relationship go down in flames?
8 96 - In Serial31 Chapters
The Wolves ✓
They call themselves the wolves. They're dangerous people but they're the best at what they do- and that's surviving. Freya and her younger brother, Greg find themselves in grave trouble when they move to the north with their family and there's a sudden outbreak- namely, the Smoke. The smoke is spreading and there's no news for government intervention. When all seems lost, the pair come across the wolves but they're not there to help. Everything changes when group leader, Tristan Wolfe gets involved. Are the Wolves to be trusted? And can Freya save herself and her brother from things that go bump in the night?WATTPAD FEATURED
8 237 - In Serial43 Chapters
The Pain You Bring *EDITING*
True love is something in dreams. The happy couple live in a giant castle, rule over the kingdom, and live happily ever after. For Amanda Ivy, life was never a fairytale. When Mandy is swept off her feet, she begins to think twice about the choices she has made that brought her face-to-face with Carter Osteen. Charming, wealthy, and respectful, he is exactly the distraction Mandy doesn't need. Carter will stop at nothing to get her attention and Mandy doesn't know if she can handle the undeniable spark between them.But Mandy is going to find out there's more to Carter than what his money can buy. That the perfect exterior is only the cover of who he truly is... and how he truly makes her feel. Maybe he's been through just as much as she has. Maybe, their pain can bring them together. Just maybe. #1 in BIGCITY#1 in Relatable#1 CollegeRomance
8 245 - In Serial22 Chapters
central cee x reader [my love]
y/n goes to a party, she gets drunk and high. she meets this really handsome man who drives her home. she gives him her snap and they start to grow close. see for yourself what happens next
8 104

