《Late Regret ( COMPLETED )》Part 35
Advertisement
မောင့်ကို ဖုန်းပြန်ဆက်ပီး ချိန်းဆိုလိုက်တဲ့နေရာဟာ သူမောင့်အတွက်ရည်ရွယ်လို့ ဖွင့်ထားခဲ့တဲ့ CALM & CHILL ဆိုတဲ့ Coffee ဆိုင်သေးလေး ...
ဟောက်ရွမ်းကိုလဲ အကျိုးအကြောင်းဖုန်းဆက်ပီး တစ်နေကုန်ဆိုင်ပိတ်ပေးဖို့ပြောထားရသေးတရ် ...
ဆိုင်လေးက သေးပေမဲ့ အေးဆေးနေတတ်တဲ့သူတွေအတွက် အဆင်ပြေတဲ့ နေရာလေးမို့ သူ့တို့ဆိုင်ကိုဆို Laptop ကြီးတကားကားနဲ့ တစ်နေကုန်ထိုင်နေတတ်တဲ့ သူတွေဟာလဲ မနည်းမနော ...
သူတို့နှစ်ယောက်နဲ့ မားနဲ့ ရှိဖို့ ပိတ်ခိုင်းပေမဲ့ ဟောက်ရွမ်းက သူ့ပါရှိပေးမရ်ပြောတော့ Yibo တို့အတွက် အားပါပဲလေ ...
ဟောက်ရွမ်းအကြောင်းပြုပီး ကျိရန်ကောရော ယွီပင်းကောနဲ့ ကျိုးချန်ကောပါ Coffee ဆိုင်မှာလာစုလာကြရော ...
မားစချိန်ထဲဆိုတဲ့က အဆိုးဘက်သွားဖို့ Point တွေကပိုများတာမို့ အနားမှာ သူငယ်ချင်းနဲ့ အစ်ကိုရှိနေတာ မောင်နဲ့ သူအတွက် အားကိုးစရာ ရှိသလိုပါပဲ ...
မောင်ရှိတရ် ဆိုပီး သူ့ လက်ကိုကိုင်ပီး အားပေးနေတဲ့မောင်က လက်ဖျားတွေအေးစက်ပီး ချွေးစေးတွေထွက်နေတာတောင် သတိထားမိပုံရမှာမဟုတ်ဘူး ... အင်း ... ဒီနေ့တော့ ကလေးတွေဆီသွားချောင်းမဲ့ အစီစဉ်ပျက်ရောပေါ့ ...
^ မောင် ... တစ်ခုခုစားပါလား ... ^
သူ့အတွက် မနက်စာကို လုပ်ပေးဖို့ သတိရတဲ့မောင်ဟာ ခုချိန်ထိ ဘာမှမစားရသေးတာ သတိရမှာမဟုတ်ဘူး ...
^ မောင်က ဗိုက်မဆာသေးဘူး Wang ... ဘာလို့လဲ ... ကလေး ဗိုက်ဆာလို့လား ... မောင် သွားလုပ်ပေးမရ်လေ ^
^ ကျွန်တော်က မနက်စာစားပီးသားလေ ... မောင်က ခုချိန်ထိ ရေတောင် သောက်ထားတာမဟုတ်ဘူးမလား ... မောင် မချက်နဲ့တော့ ... ကျွန်တော်တို့မှာစားကြမရ်လေ ... မောင့်အကြိုက် Seafood ^
^ အာ ... မောင်က ဗိုက်မဆာဘူး ... Wang စားချင်ရင်မှာလိုက်လေ ... အစပ်ကို အများကြီး မထည့်ဖို့ပြောလိုက်ဦးနော် ^
^ မောင် ... ကျွန်တော့်ကိုကြည့်ပါဦးလား ^
Yibo လက်ကိုပဲ ကြည့်ပီးပြောနေတဲ့ မောင်က မနေ့က မောင်နဲ့ လားလားမှမသတ်ဆိုင် ...
^ ကျွန်တော်ရှိတရ် ... မောင် ကျွန်တော့်ကိုယုံတရ်မလား ... ^
^ အင်း ... မောင်ကိုလဲ ယုံနော် Wang ... မောင်က အရမ်းကြီးကြောက်နေတာတော့ မဟုတ်ဘူး ... ဒီတိုင်း ... အင်း ... စိတ်ပူရုံပဲ ... ဒီလောက်ပါပဲ ... ^
^ အင်း ... ဟုတ်ပီ ... ဟုတ်ပီ ... ကျွန်တော် မုန့်မှာလိုက်ဦးမရ် ... ^
လက်ကို အသာရုန်းပီး ဖုန်းသွားယူတော့လဲ သူသွားလေရာ တလျောက် မျက်လုံးကမရွေ့သွား ... စိတ်ပြောင်းအောင်ဆိုပီး ရောက်တတ်ရာရာ ပြောတော့လဲ ခဏပဲ ...
မောင် အာ့လောက်ထိ စိတ်ပူပန်နေတာသာဆို Yibo ညနေတွေ့ဖို့မချိန်းခိုင်းပဲ ခုချက်ချင်းတွေ့မရ်ဆိုပီး ပြောခိုင်းလိုက်မှာ ... မောင် အရမ်းပင်ပန်းလွန်းတရ်လေ ... ရှောင်လွယ်လို့မရတဲ့ ကိစ္စမို့ မြန်မြန်သာရင်ဆိုင်ပလိုက်ချင်တရ် ...
----------------------------------------------------------------------------------
Yibo တို့ ချိန်းထားတဲ့အချိန်ထက် နာရီ၀က်စောပီး Coffee ဆိုင်မှာအသင့်စောင့်နေလိုက်တော့တရ် ...
ကားစမောင်းလာထဲက ရှေ့ကိုရှု့တည်တည်နဲ့ ကြည့်နေတဲ့ မောင်ဟာတည်ငြိမ်နေတရ် ထင်ရပေမဲ့ ရင်ထဲဘယ်လောက်တောင် ဗလောင်ဆူနေမလဲဆိုတာ ခံစားမိပါတရ် ...
ခုထိမား သဘောမတူသေးဘူးဆိုလဲ Yibo တို့က ထပ်ပီးစောင့်ရဦးမှာပါ ... ကိုယ့်စိတ်နဲ့ကိုယ်သာဆို မောင့်နောက်လိုက်ပြေးတာ ကြာပီ ...
မောင်ကသာ တခမ်းတနား လက်ထပ်ချင်ပါတရ်ဆိုပီး ဇွဲကြီးနေတာ ... လက်ထပ်ပီးရင် အချိန်တန်တာနဲ့ မားကသဘောတူမှာပဲကိုရယ် ... မောင်က တခါတလေ သိပ်အတွေးတိမ်လွန်းတရ် တကယ် ...
ခုလဲ တစ်မနက်လုံး အစားသာတစ်ပန်းကန်ပြည့်အောင်မ၀င်တာ Yibo လက်ကိုတော့ မောင့်လက်နဲ့ တွဲပီး ကြိုးတုပ်ထားသလိုမျိုး တင်းတင်းကြပ်ကြပ်ကို ဆုပ်ကိုင်ထားတာ ...
ခုလဲ Yibo တို့ပတ်ချာလည်မှာ ကောနှစ်ယောက်ရော ဟောက်ရွမ်းရော ... ကျိရန်ကောပါ အဆစ်ပါသေး ... မောင့်ပခုံးကိုကိုင်ပီး အဆင်ပြေသွားမှာဆိုပီး အားပေးနေလိုက်ကြတာ စရောက်ထဲကပဲ ... မောင်ကလဲ အားတင်းပီး တစ်ချက်တစ်ချက်ပြုံးပြသေးတာ ...
Yibo ကဒီနေ့ Mood လုံး၀မကောင်းတာတော့မဟုတ်ဘူး ... မကောင်းတာဆိုလို့ မောင်မျက်နှာပျက်နေလို့ စိတ်အခြေအနေမပျော်တာပဲရှိနေတာ ...
မားနဲ့ပတ်သတ်ပီး လေးလေးပင်ပင်ခံစားရတာမျိုးရှိမနေတာတော့ အမှန် ... ဟိုတခေါက် ရှင်းရှင်းလင်းလင်း သူ့စိတ်အတိုင်းပြောပီးထဲက ပေါ့ပါးသွားတာ ...
မားကသူမသိအောင် မောင့်ကို စချိန်းလို့ ဘ၀င်မကျတာပဲရှိနေတာ ... မောင်ကတော့ သူလိုမဟုတ် ... အေးလေ ... မောင်က ခဲမှန်ဖူးတဲ့ စာသူငယ်လို့ပေါ့ ...
^ ဟင် ^
မောင့်ရဲ့ အာမေဍိတ်အသံကြောင့် Yibo မှာအတွေးဝဲဂယက်ထဲက ထွက်လာတော့သည်။
Yibo တို့က အပေါက်၀ကို ကျောပေးထိုင်နေတာမို့ ဘယ်သူ၀င်လာမှန်းမသိပေမဲ့ ... ရှေ့ကလူတွေတော့ မတ်တပ်ကိုယ် စီရပ်လို့ ပါးစပ်ကြီးပွင့်လျက်ပင် ... မောင်ကလဲ ရှေ့ကလူကိုကြည့်ပီး အံဩသွားတာပဲဖြစ်ရမရ် ...
^ သားတို့အဖွဲတွေ လူစုံတတ်စုံပါလား ^
ပါးပါးအသံကြောင့် မောင်ရော သူရော ရှေ့ကသူတွေကိုကြောင် ကြည့်နေကာမှ အလန့်တကြား ပြန်လှည့်ကြည့်မိလိုက်သည်။
^ ပါးပါး ... ^
^ သားမားမားက သားရှောင်းနဲ့ စကားပြောချင်တရ်ဆိုလို့ ပါးပါးကို အဖော်ခေါ်လာလို့ လိုက်လာပေးတာ ... သားတို့တွေ နည်းနည်းဖယ်ပါဦး ... ^
ငုတ်တုပ်ရပ်ကြောင်လျက်သားဖြစ်နေတဲ့ ကောတို့တွေကိုကြည့်ပီး Yibo စိတ်ထဲက ခွီမိသွားသည်။
^ ဗျာ ... ဟုတ်ကဲ ... ထိုင်ပါ အန်ကယ် နဲ့ အန်တီ ^
ပီးတာနဲ့ အသီးသီး Yibo တို့နောက်မှာ နေရာ၀င်ယူလိုက်ကြပြန်တရ် ...
ကောတို့အားလုံးကလဲ မားတစ်ခုခုပြောရင် ကူပြောပေးဖို့ဆိုပီး မသိမသာတခြားဝိုင်းမှာ ထိုင်ပေးမရ်ဆိုပီး ခုတော့ ပါးပါး လိုက်လာတော့ အိန္ဒြေတောင်မဆောင်နိုင်ပဲ Yibo တို့နောက်မှာ အသီးသီးမတ်တပ်ရပ်သားလေ ...
မောင့်ကိုကြည့်တော့ မျက်နှာလေးအနည်းငယ်ပြန်ကြည်နေပေမဲ့ ကြောက်နေသေးတရ် ဆိုတာ မျက်နှာမှာအတိုင်းသား ...
Advertisement
၀မ်အိမ်တော် လိုက်တုန်းကထက်တောင် မောင်ကပိုစိတ်လှုပ်ရှားနေတာတော့ အမှန်ပဲ ...
^ မောင့်တစ်ယောက်တည်းကို ဖုန်းဆက်ပီး မားချိန်းလိုက်လို့ ကျွန်တော်ပါလိုက်လာတာ ... ^
^ Wang ... ^ မောင့်ရဲ့ ဟန့်တားသံကြောင့် ဆက်မပြောတော့ပဲ မားကိုသာရှု့တည်တည်ကြည့်နေလိုက်တော့သည်။
သူရှိနေရက်နဲ့ မားက မောင့်ကို အနိုင်ကျင့်မှာ ဖြစ်စရာအ ကြောင်း ကိုမရှိတာ ...
^ သားငယ်က မားကိုအမြင်မကြည်သေးဘူးဘဲကွယ် ^
^ ဒီနေ့ မောင်ဘာမှ ကောင်းကောင်းမစားဘူး ... အဲ့ဒါမားကြောင့် ... ကျွန်တော်ပြောပီးသားပဲ ... တခုခုဆို ကျွန်တော်ကို အရင်ဖုန်းဆက်ပီး ဆူဆဲလို့ရတရ် ... ကျွန်တော့်ကိုကျော်ပီး မောင့်ကိုသီးသန့်ဖုန်းဆက်တာ မောင်ဘယ်လောက်တောင် လန့်လိုက်မလဲ ^
^ Wang လူကြီးစကားပြောနေတာကို မချေမငံမေပြောနဲ့လေ ... မောင်မကြိုက်ဘူးနော် Wang ^
^ ရပါတရ် သားကြီး ... သားငယ် မားကိုစိတ်ဆိုးတာ ဖစ်သင့်ပါတရ် ... မားအတ္တတွေသိပ်ကြီးခဲ့တာကို ... သားကြီးကိုဖုန်းဆက်လိုက်တာကလဲ သားငယ်ပါးက အကကနေရင် အနှောက်ယှက်ဖြစ်မှာစိုးလို့ သားကြီးပဲဆက်လိုက်ဆိုလို့ပါ ... သားတို့အတွက် အထိတ်အလန့်ဖြစ်သွားဖို့ မရည်ရွယ်ခဲ့တာအမှန်ပါ ^
^ ကျွန်တော်က ဒီတိုင်းစိတ်လှုပ်ရှားပီး မစားနိုင်တာကို Wang ကစိတ်ပူသွားတာပါ ^
^ နှစ်နာရီလောက် ထိုင်ငိုခဲ့တာလဲ ပြောဦးလေ ^
^ Wang တော်ပီလေကွာ ^
^ မား ရှင်းရှင်းလင်းလင်းသိအောင်ပါ ... အတိတ်ကမားရဲ့ ရိုက်ခက်မှု့ကို မောင်ကခုထိ ခံစားနေရတုန်းဆိုတာ မားသိစေချင်လို့ပါ ^
^ အဟမ်း ... သားသား မင်းမားမားပြောပါစေဦးကွာ ^
^ ရပါတရ် ... သားငယ် နေရာမှာ ကျွန်မသာဆိုလဲ အာ့လိုပဲပြောမိမှာပါ ... မားအမှားတွေပါ ... မားကိုယ်တိုင်လဲ ငယ်ရာကကြီးလာပီး သားတို့ကိုနားမလည်ပေးမိဘူး ... အချစ်အတွက်နဲ့ ငယ်စဉ်ကလုပ်ချင်ရာလုပ်ခဲ့တဲ့ မားဟာ တကိုယ်ကောင်းဆန်ပီး သားငယ်ကိုနားမလည်ပေးနိုင်ခဲ့ဘူး ...
မား သားတို့နှစ်ယောက်လုံးကိုတောင်းပန်ပါတရ် ... မား ... ရှေးရိုးစွဲအယူအဆတွေနဲ့ တစ်ဦးတည်းသော သားလေးကို မျက်စီရှေ့အောက်မှာပဲ ထားချင်ခဲ့တရ် ... သားငယ်ကလဲ သိပ်လိမ္မာခဲ့တာ ... အာ့တော့ မားကလိုသလိုပုံသွင်းခဲ့မိတရ် ...
အဟင်း ... အမှန်တိုင်းပြောရရင် သားငယ်ဘာအရောင်ကြိုက်မှန်းတောင် မားသေချာမသိခဲ့ဘူး ... ဟို့နေက သားငယ် ပထမဆုံးမားကို အခြေအတင်ပြောဖူးတာပဲ ... သိပ်ကိုတုန်လှုပ်မိသလို သိပ်ကိုကြောက်မိသွားတရ် ... မားကိုများ မုန်းသွားမလား ... မားလုပ်ရပ်တွေမှားခဲ့ပေမဲ့ မားကသားငယ်ကိုသိပ်ချစ်တာပါ ... ^
ပြောရင်းနဲ့ မျက်ရည်ခိုးသုတ်နေတဲ့ ၀မ်မားကို ပါးက ကျောကိုအသာပုတ်ပေးနေတရ် ...
Wang ကိုကြည့်လိုက်မိတော့လဲ ခေါင်းကို အောက်ကိုသာတွင်တွင်ငုတ်ထားတာမို့ သူ့လက်လေးကိုအသာလေးဖျစ်ပီးအားပေးလိုက်တရ် ...
^ မားက သားငယ်ကိုချစ်လွန်းလို့ နောက်ကလေးတောင်ထပ်မယူခဲ့ဘူး ... သားငယ် ပါးပါးက ကလေး သုံးယောက်လောက် လိုချင်ပေမဲ့ မားက သားငယ်တစ်ယောက်ထဲကိုပဲ အာရုံစိုက်ပြုစုပျိုးထောင်ချင်ခဲ့လို့ ...
မားဟာ သားပါးနောက်ကို ချစ်လွန်းလို့ လိုက်ခဲ့ပေမဲ့ အိမ်ထောင်သည်ဘ၀မှာ ကတောက်ကစတွေက ရှိစမြဲပဲ ... ဒါပေမဲ့ သားငယ်လေးမွေးပီးနောက်ပိုင်း မားတို့ပိုစည်းရုံးလာကြတရ် ... မားတို့ရန်ဖြစ်ခဲ့ရင် စိတ်မကောင်းဖြစ်ရမှာ သားငယ်ဆိုတဲ့ အတွေးနဲ့ ဒေါသထွက်စရာရှိရင်တောင် မအော်ဟစ်တော့ဘဲ ငြိမ်သက်စွာ ဖြေရှင်းခဲ့ကြတရ် ...
အိမ်ထောင်ရေးမှာ သားသမီးရှိခြင်းမရှိခြင်းရဲ့ ကွာဟမှု့ကို သိလာတဲ့ မားက သားငယ်ရဲ့ ချစ်သူဟာ အမျိုးသားတစ်ယောက်မှန်းသိသိခြင်း လုံး၀ကို လက်မခံနိုင်ခဲ့ဘူး ...
နောက်ပီး မားသားကြီးကို ပြောတုန်းက သားကြီးက လွယ် လင့်တကူ လမ်းခွဲပေးခဲ့တရ်လေ ... သားကြီးရဲ့ အတွေးကိုမသိတဲ့ မားဟာ မားဆုံးဖြတ်ချက်မှန်တရ် ဆိုပီးတောင် ဂုဏ်ယူခဲ့သေးတာ ... သားတို့နှစ်ယောက်ရဲ့ နာကျင်မှု့တွေကို မားကမျက်ကွယ်ပြုခဲ့တာမဟုတ်ပါဘူး ငါမှန်တရ် ဆိုတဲ့ အတ္တစွဲကဖုံးကွယ်သွားခဲ့တာပါ ...
ဒါပေမဲ့ အိမ်တော်ကိုလာတဲ့ နေ့က သားကြီးရဲ့ အပြောအဆိုနဲ့ ကိုယ့်ကိုယုံကြည်ချက်ပြည့်နေတဲ့ မျက်၀န်းတွေကြောင့် မားကတွေဝေခဲ့တရ် ... သားငယ်ရဲ့ မားကိုစိတ်ပျက်တဲ့ အကြည့်တွေက မားကို အိပ်မက်အထိတောင် ခြောက်လန့်ခဲ့တရ် ...
နောက်ပိုင်း သားငယ်ရဲ့ ပါးပါးရဲ့ စကားတွေကြောင့် မားရဲ့ လုပ်ရပ်တွေ ဘယ်လောက်ထိတောင်မှားနေကြောင်း သိခဲ့ရတရ် ... မားသားတို့နှစ်ယောက်လုံးကို တောင်းပန်ပါတရ် ... နောက်ပီး မား သားတို့ကို သဘောတူပါပီ ...^
Xiao Zhan မှာ မားရဲ့ နောက်ဆုံးပြောလိုက်တဲ့ စကားကိုကြားကြားချင်း မတ်တပ်ရပ်မိလျက်သား ... လက်အတွဲမပြုတ်တာမို့ Wang ကပါ သူနဲ့အတူ ထလျက်သားလေ ...
^ ကျေးဇူးတင်ပါတရ် ... တကယ့် တကယ့်ကို ကျေးဇူးတင်ပါတရ် ... ကျွန်တော် Wang ကိုတသတ်လုံးစာအတွက် ပျော်အောင်ထားမှာပါ ... ကျွန်တော့် ဘ၀မှာ Wang ကလွဲပီး ဘယ်တစ်ဦးတစ်ယောက်ကမှ ကျွန်တော် အိမ်သား ဖြစ်လာမှာမဟုတ်ပါဘူး ^
ခေါင်းကို အထပ်ထပ်ငုတ်ပီး ပြောမိတော့ ၀မ်မားက မျက်ရည်ဝဲလျက်ပြုံးပြတရ် ... ၀မ်ပါးကတော့ Wang ကိုမေ့ငေါ့ပြတာမို့ သူကြည့်မိလိုက်တော့ ...
နှာထိပ်လေးတွေရဲပီး မျက်ပေတုံးလေးတွေကို တဖျက်ဖျက်ခတ်နေပီး နှုတ်ခမ်းတွေတုန်ယင်နေတဲ့ ကောင်လေးက ငိုချင်တာကို အောင့်အီးထားသလို ...
^ သားငယ် ... မားမားဆီလာပါဦးလား ^
သူ့လက်ကို ဖြုတ်ပီး ၀မ်မားရင်ခွင်ထဲမှာ အ၀ငိုနေတဲ့ ကောင်လေးကို ကြည့်ပီး သူပါ ၀မ်းသာမျက်ရည်ကျမိတရ် ...
မဆီမဆိုင် ဟောက်ရွမ်းကပါ ငိုကြီးချက်မနဲ့ ၀မ်မားကို ဖတ်ပီး
^ အဟင့် ... ၀မ်မား ကျွန်တော်လဲ တောင်းပန်ပါတရ် ... ၀မ်မား နောက်ကွယ်မှာ မကောင်းကြောင်းတွေ ကျွန်တော့်ကောကို ပြောမိပါတရ် ... Yibo ဒီလောက်တောင် ခံစားနေရတာကို ၀မ်မားက လျစ်လျူရှု့ရက်သလားဆိုပီးလဲ အပြစ်တွေတင်နေမိတဲ့ အတွက်လဲ တောင်းပန်ပါတရ် ^
၀မ်မားကလဲ ဟောက်ရွမ်းကျောလေးကို ပုတ်ပီး
^ မားနားလည်ပါတရ် သားရယ် ^ နှစ်သိမ့် နေတော့သည်။
Advertisement
၁၅ မိနစ်လောက် ဟောက်ရွမ်းမှာ ပြောပြောပီး ငိုနေသလောက် Wang ကတော့ ဘာမှမပြောဘဲ တရှုတ်ရှုတ်သာ ငိုကြွေးနေတော့တရ် ... ကျိရန်ကတော့ ဟောက်ရွမ်းကို ဆွဲခြင်းပြုခြင်းမရှိပဲ ကြည့်နိုင်ပေမဲ့ Wang ငိုရလွန်းလို့ ပင်းပန်မှာစိုးတာမို့ ...
^ Wang ... ခေါင်းတွေအရမ်းကိုက်တော့မှာပဲကွာ ^
၀မ်မားက လက်ခံလိုက်တရ်ဆိုပေမဲ့ ယောက္ခမဆိုတဲ့ အသိကြောင့် ရှိန်နေသေးတာမို့ သွားလဲမဆွဲရယ် ...
^ အမလေး ... သားရှောင်းရယ် ... မင်းမလဲ ... ပိုကိုပိုလွန်းတရ် ... ^
၀မ်ပါးကို သွားဖြဲပြပီး ကြည့်လိုက်မိတော့ ၀မ်ပါးဟာလဲ မျက်ရည်တွေဝဲလို့ ...
^ ကျွန်တော် မားမားကိုတစ်ခါမှ မမုန်းခဲ့ဖူးပါဘူး ... စိတ်ပျက်မိတာကိုတော့ ၀န်ခံပါတရ် ... ပီးတော့ မောင်နဲ့ သဘောတူပေးတဲ့အတွက်လဲ ကျေးဇူးတင်ပါတရ် ... မောင်နဲ့သာဆို ကျွန်တော် အမြဲပျော်နေရမှာ ... နောက်ပီး တစ်ခါမှမပြောဖြစ်ခဲ့ပေမဲ့ ဟောက်ရွမ်း ... ငါ့အနားမှာသာ မင်းမရှိရင် ခုလိုချိန်မှာတောင် ငါရှိနေနိုင်မှာမဟုတ်ဘူး ... ငါ့ကအမြဲ မင်းကိုးနောက်နေပေမဲ့ မင်းကလဲ ငါ့အတွက် မရှိမဖြစ်သူငယ်ချင်းကောင်းပါပဲ ... ကျေးဇူးတင်ပါတရ် သားကြီး ^
^ အဟင့် ... Yibo ... မင်းကလဲ ငါ့ရဲ့တစ်ဦးတည်းသော သူငယ်ချင်းကောင်းပါပဲကွာ ^ ပြောရင်းနဲ့ အငိုမရပ်တော့တဲ့ ကလေးနှစ်ယောက်ကြောင့် ...
^ ကဲ ... တော်ကြတော့ ကလေးနှစ်ယောက် ... ပင်းပန်းလို့ကွယ် ... မငိုကြနဲ့တော့နော် ... ဒီနေ့ သားတို့နှစ်ယောက်အကြိုက် မားက Fruit Salad စပ်စပ်လေးလုပ်ပေးမရ် ... သားကြီးနဲ့ သားတို့အားလုံးလဲ ၀မ်အိမ်တော်မှာပဲ ညစာစားကြတော့ ^
^ တကယ်နော် ... ဒါဆိုသွားမရ်လေ ... ဘေးက City Mart မှာတခြားအစားအစာတွေပါ သွားကြည့်ရအောင်လေ ၀မ်မား ^
ဟောက်ရွမ်းရဲ့ စကားကို Yibo ကလဲ ခေါင်းတညိမ့်ညိမ့်နဲ့
^ မောင် ... ကျွန်တော်တို့ ဟိုဘက်ခဏသွားလိုက်ဦးမရ် ... ပါးပါးကို အဖော်ပြုပေးလိုက်ဦးနော် ... မကြာဘူး ... ^
ပြောရင်းနဲ့ ၀မ်မားလက်တစ်ဖက်ဆီကိုဆွဲရင်း သွားတဲ့ ကောင်လေး နှစ်ယောက်ကြောင့် သက်ဆိုင်သူတွေကတော့ တပြုံးပြုံးပင် ...
^ ဟောက်ရွမ်းလေးက ပါးတို့ဆီမှာပဲ ကြီးပြင်းလာတရ်ဆိုရမှာပဲ ... ငယ်ငယ်ထဲက မိဘတွေကနိုင်ငံခြားမှာဆိုတော့ ၀မ်မားကိုပဲ ကပ်ကြတာ ... ခုလိုမြင်ရတာ ပါးတော့ သိပ်စိတ်ချမ်းသာပါ့ ^
^ ပါးကျေးဖူးတွေလဲ ပါပါတရ် ... ကျွန်တော် ဒီပိတ်ရက်မှာ မိဘတွေခေါ်လာပီး Wang ကိုတောင်းရမ်းပြရစေ ^
^ ဟေ ... မင်းလဲ ဗြုန်းစားကြီးပါလား ^ ၀မ်ပါးက သဘောတကျရယ်တော့ သူမှာ ရှက်ပြုံးလေးနဲ့ပဲ ... ကြားထဲက ဟိုကောင်တွေကပါ စနေတာမို့ သူခေါင်းမဖော်နိုင်အောင်ကိုပဲ ...
ကျိုးချန်နဲ့ ယွီပင်းကို Xiao Zhan တကယ်ကျေးဇူးတင်တရ် ... သွေးချင်းမနီးပေမဲ့ စိတ်ချင်းနီးကြတဲ့ ညီအစ်ကိုတွေဆိုလဲ မမှား ...
၀မ်မားမလာခင်ထဲက တစ်မျိုးတစ်ဖုံနှစ်သိမ့်ပေးနေကြတာ ... ၀မ်မားလာပြန်တော့လဲ Xiao Zhan ပခုံးကို တစ်ယောက်တစ်ဖက်ကိုင်ထားပီး သူတို့ရှိကြောင်း စိတ်ပူစရာမလိုကြောင်း သိစေပြန်တရ် ...
^ Wang လိုပဲ ငါလဲ မင်းတို့နှစ်ယောက်ကို ကျေးဇူးတင်စရာတွေ ရှိတရ် ... ကျိုးချန် နဲ့ ယွီပင်း မင်းတို့သာမရှိရင် ငါက အရက်သမားလုံးလုံး ဖြစ်နေတော့မှာ ... အလယ်တန်းထဲက ခုချိန်ထိ ငါ့ဘေးမှာ ကောင်းကောင်းဆိုးဆိုး ရပ်တည်ပီး လမ်းပြပေးခဲ့တဲ့ သူငယ်ချင်းတွေ ... ငါမင်းတို့ကို ကျေးဇူးတင်ပါတရ် ...^
သူပြောတော့ မလိုပါဘူးကွာဆိုပီး ပြောတဲ့နှစ်ယောက်ကလဲ မျက်ရည်တွေလည်နေခဲ့တရ် ... ကျိရန်ကတော့ စကားဝိုင်းထဲမပါပေမဲ့ သူတို့ကိုကြည့်ပီးတပြုံးပြုံးနဲ့ ... ၀မ်ပါးမေးတာဖြေလိုက်နဲ့ ဟုတ်နေတော့တာပါပဲ ...
ခုဆို နှစ်ဖက်မိဘတွေရဲ့ ခွင့်ပြုချက်ရပီးတာမို့ Xiao Zhan တွေးထားတဲ့ အိမ်မက်ကမ္ဘာလေးကို Wang နဲ့အကောင် အထည်ဖော်ဖို့ပဲ ကျန်တော့တရ် ...
အာ့လိုပါပဲ ... တခါတလေ လပြင်းမုန်းတိုင်းကျရောက်တတ်တရ် ထင်ရပေမဲ့ လေပြေလေညင်းလေးလောက်နဲ့လဲ ပီးသွားတတ်ပါတရ် ...
Idol နှစ်ယောက်အပေါ်ထိခိုက်စေလိုသော အသုံးအနှုန်းများရှိရင် အားမနာတမ်းလာပြောလို့ရပါတရ်ရှင့် ...
ပုံတွေအားလုံး Credit ပေးပါတရ်ရှင့် ...
#Violet
----------------------------------------------------------------------------------
^ ဟင် ^
^ ပါးပါး ... ^
ကောတို့အားလုံးကလဲ မားတစ်ခုခုပြောရင် ကူပြောပေးဖို့ဆိုပီး မသိမသာတခြားဝိုင်းမှာ ထိုင်ပေးမရ်ဆိုပီး ခုတော့ ပါးပါး လိုက်လာတော့ အိနြေ္ဒတောင်မဆောင်နိုင်ပဲ Yibo တို့နောက်မှာ အသီးသီးမတ်တပ်ရပ်သားလေ ...
^ Wang တော်ပီလေကွာ ^
Advertisement
- In Serial25 Chapters
My Unwanted Child
Mia just turned 21 and is about to graduate from Columbia in 2 months when she finds out she is pregnant by her long term boyfriend, Nathan, of two years. It was not planned but she is happy. But her world is crushed when he rejects their unborn child and dumps her as well.
8 221 - In Serial14 Chapters
Daphné
After a chance encounter, Daphné finds herself a member of the Les Amis de L'ABC and throws herself at the chance to overthrow a corrupt government, making friends for life and attempting to save her Patria.I DO NOT OWN LES MIS OR ANY OF THE CHARACTERS EXCEPT DAPHNE!!!!!
8 627 - In Serial70 Chapters
Angel In Devil's hell √
His love became her biggest curse in the world. She thought when somebody is in love, the other person's happiness matters the most to that person but her innocence became her biggest enemy.He was the young age owner of Khurana companies owning the wealth earned by his father and chachu. The person he loves and respects the most in the world is his chachi.He was the reason why people started fearing Khuranas. His brain worked like a devil with his devilish looks. His dark eyes observe the littlest details in his surroundings. He earned the name of the devil for himself.She was the definition of an angel with her innocence and beauty. Her heart is pure as an angel and her brain innocent as a child. She was the heart of her family. She never believed in darkness and attracted the devil himself towards her. The devil never wants a single male to look at her the way, he looks at her.He never thought he could ever feel love ever in his life but everything changed when his eyes fall on her. His obsession, his possession, his soulmate, his angel, his babydoll.
8 129 - In Serial27 Chapters
The Gang Leader
"What are you doing on my territory?!" He snarled in my face in anger."I don't see your name anywhere" I say looking around.------------------------------------------- Cecilia Adams Was walking down the dark streets of London, after that long, hard shift at Sainsbury's, meeting Reece Dennings was the last thing on her mind. All she wanted was to go home, and sleep. But nooooooo she had to run into the gang leader of one of London's biggest gang. One encounter leads to another.9th in teen fiction (highest rank)BE WARNED THIS BOOK IS REALLY CHEESY!!!!Cover By : LUCIJA1409
8 211 - In Serial99 Chapters
[✓](BL)Don't You Like Me
COMPLETEDShort, rich, and handsome, Lin Feiran was always the center of attention. But after transferring schools in his second year of high school, he discovered that his limelight was snatched by his Adonis classmate, Gu Kaifeng.Lin Feiran was very resentful, and he and Gu Kaifeng became archnemesis (one-sidedly). Although the two lived together, they were like strangers.When Lin Feiran went back home to attend his grandfather's funeral, he accidentally inherited the Yin-Yang eyes that had been passed down from generation to generation. After gaining the ability to see ghosts, the timid Lin Feiran discovered that his two-person dormitory was actually a sixteen-person (ghost) room. Every day, he was scared to the point of collapsing.The more aggravating thing is that because of Gu Kaifeng's innate body constitution, he possessed an abundant amount of Yang energy. Lin Feiran found out that whenever he touched Gu Kaifeng, Gu Kaifeng's Yang energy could temporarily disable his Yin-Yang eyes. A light touch would disable it for five minutes, a kiss for an hour, and so on...Lin Feiran had no choice but to throw himself into his archnemesis's embrace. This complete reversal in attitude to being intimate with Gu Kaifeng persisted every day from morning till night.When sleeping, he must squeeze in the same bed as Gu Kaifeng. Going to the toilet? He must drag Gu Kaifeng with him. Homework? It must be done hand-in-hand with Gu Kaifeng... He also had to try his best to persuade the teacher to make him Gu Kaifeng's deskmate. Every day in class, he would rub Gu Kaifeng's calf with his foot beneath the desks...Following the clingy little bastard's sudden change in personality, the initially shocked Gu Kaifeng gradually became smitten. Every day he would chase Lin Feiran to flirt with him, make crazy confessions, and even routinely push him against the wall and kiss him...I DO NOT OWN EITHER THE WORK OR THE TRANSLATION. Credit to the rightful owners.
8 193 - In Serial11 Chapters
Running | (GxG) (Darlentina)
In a world where Darna and Valentina never existed, only a pair named Narda and Regina."Stop running, I've caught you now"
8 128

