《Late Regret ( COMPLETED )》Part 36
Advertisement
အခုဆို Xiao Zhan တို့ မိဘနှစ်ဖက်ရောက သဘောတူလို့ အဆင်ပြေသွားပေမဲ့ မပြေတာတော့ သူ့ကလေးက သူ့အနားမှာကို မရှိတော့တာပါပဲ ...
၀မ်အိမ်တော်ရောက်သွားထဲက ၀မ်မားနားမှာ ဟောက်ရွမ်းနဲ့နှစ်ယောက်သား တွတ်ထိုးနေကြတာ ... ထားပါ ... ညစားမစားခင် ကြိုပီး ပြင်ဆင်ဖို့ ကူလုပ်နေကြတော့ လွတ်ထားလိုက်ပါတရ်လေ ... ခုဆို စားသောက်ပီး Desert Time တောင်ရောက်နေပါပီ သူ့ပူတူးလေးက သူ့အနားမှာကိုရှိမနေသေး ...
Xiao Zhan မှာတော့ ၀မ်ပါးနဲ့ ဟိုကောင်တွေနဲ့ပဲပေါ့ ... ၀မ်ပါးနဲ့လဲ ဒီနေ့တွေ့ပီးနောက်ပိုင်း အရင်ကနေ့တွေထက် ပိုပီးပွင့်ပွင့်လင်းလင်းဖြစ်လာတာ အမှန် ... အရင်နေ့တွေက Wang သူ့အနားမှာ ရှိနေလို့သာ ...
၀မ်ပါးက ဘယ်လောက်သဘောကောင်းကောင်း ကိုယ့်ကောင်လေးရဲ့ ဖခင်ဆိုတဲ့ အသိက အလိုလိုကို ရှိန်နေရတာ ...
^ သား စားလေ ... ဗိုက်တင်းနေပီလား ... ^
^ မဟုတ်ပါဘူး ပါး ... ^
ရယ်ကျဲကျဲဖြေပီး Wang ကိုမသိသာကြည့်လိုက်တော့ ... သူ့ကိုတချက်တော့ အကြည့်ပို့ရှာသား ... ပီးတာနဲ့ သူ့မားဆီလှည့်ပီး ဘာတွေပြောနေမှန်းကိုမသိတာ ...
တစ်ခါတစ်ခါ သဘောတကျ အသံထွက်ရယ်တာများ ချစ်ဖို့ကောင်းလွန်းလို့ ဖျစ်ညစ်ချင်တဲ့စိတ်က တဖွားဖွား ...
^ သားငယ် နဲ့ သားကြီးရော သားတို့တွေရော ဒီနေ့တော့ ဒီမှာအိပ်လိုက်တော့နော် ... မား အခန်းပြင်ပေးဖို့ အကုန်ပြောပီးသွားပီ ^
^ ဟုတ် ၀မ်မား ^
တပြေးညီ ထဲထွက်လာတဲ့ အသံကြောင့် ၀မ်မားကလဲ တပြုံးပြုံး ...
တော်တော်ကြာ စကားပြောလိုက် ရုပ်ရှင်ကြည့်လိုက် စားလိုက်နဲ့ အိပ်ခါနီးအချိန်ရောက်တဲ့ထိ Wang ဟာ သူ့အနားမပြောနဲ့ အကြည့်နဲ့တောင် စွေမကြည့်ခဲ့ဘူး ...
Xiao Zhan ဘ၀ကြီးဟာ ဒီနေ့သာယာပင်မဲ့ မသာယာသလိုလိုပါပဲ ... သူ့ကလေးက အကြီးအကျယ်ကြီး ပစ်ထားတော့ အခန်းထဲရောက်မှ အတိုးချလို့ ချော့ခိုင်းရပါဦးမရ် ...
^ သားကြီး ... မအိပ်ခင် မားနဲ့စကားပြောရအောင်လား ... ခြံထဲမှာပဲ ဖြစ်ဖြစ် ^
^ ဗျာ ... ဟုတ် ... ရပါတရ် ၀မ်မား ^
ဘယ်လောက်ပဲ ၀မ်မားကသဘောတူပီပြောပြော နှစ်နဲ့ချီပီး ကြောက်လန့်ခဲ့ရတဲ့ သူ့အတွက် ခုလိုပြောတာ မလန့်သွားဖူးဆိုတာ လိမ်တာပါပဲ ...
^ ကျွန်တော်ပါ လိုက်မရ်လေ ... ^
^ သားငယ်က အခန်းသွားရှင်း ... မားက မင်းတို့အခန်းကို ရှင်းခိုင်းဖို့ မေ့သွားလို့ ^
^ ဟင်အင်း ... မောင်နဲ့မှ တူတူရှင်းမှာ ... မားက ဘာစကားပြောမှာမလို့ မောင့်ကိုပဲ ပြောရမှာလဲ ... ခုတမျိုး တော်ကြာတမျိုး မရဘူးနော် ... ^
^ သားသား ... မဆိုးနဲ့လေ ... ^
၀မ်ပါးက တချက်ဟန့်လိုက်တော့မှ Wang ဟာသူ့အရှိန်သူလျော့ပီး ၀မ်မားအရိပ်အခြေကို ပြန်ကြည့်တော့တရ် ...
၀မ်မားကလဲ အပြုံးမပျက်နေပေမဲ့ Wang စကားကြောင့် မျက်နှာပျက်သွားတာ သူမြင်ဖြစ်အောင် မြင်လိုက်မိပါသေးတရ် ...
^ မဟုတ်ပါဘူး သားငယ်ရယ် ... မားက ဒီတိုင်း သားကြီးနဲ့ စကားနည်းနည်းလောက်ပြောချင်ရုံပါ ^
^ ဟုတ် ... ဒါဆို ကျွန်တော်ဆို့ ခြံထဲဆင်းကြတာပေါ့ ၀မ်မား ... Wang ဒီမှာပဲ ပါးကို အဖော်ပြုပေးလိုက်ဦးနော် ... မောင်နဲ့မှ အခန်းတူတူရှင်းကြတာပေါ့ ^
Wang ကမသွားစေချင်တဲ့ အရိပ်အယောင်တွေပြပေမဲ့ သူ့အနေနဲ့တော့ ၀မ်မားစကား တနည်းအားဖြင့် သူ့ချစ်သူရဲ့ မိခင်ဖြစ်နေတာမို့ သူ့မှာ မလွန်ဆန်၀င့်တာတော့ အမှန်ပင် ...
-------------------------------------------------------------------------------
^ လာ သားကြီး ... မားတို့ ဒန်းပေါ်မှာ ခဏထိုင်ကြတာပေါ့ ^
^ အပြင်မှာအေးနေတရ် ၀မ်မား ... ကျွန်တော် အပေါ်ထပ်ခြုံထားပါလား ^
^ ရတရ် သားကြီး ... မားက အာ့လောက်မအေးဘူး ... ခဏနေပြန်၀င်မှာပဲကို ... မဟုတ်ရင် နောက်မှာချောင်းနေတဲ့ သားငယ်တို့လဲ ခြေတောင့်မှာစိုးရတရ် ^
သူနောက်လှည့်ကြည့်လိုက်တော့ လိုက်ကာနောက်မှာ အရိပ်ပေါင်းများစွာတွေ့လိုက်တော့ သူပြုံးမိသွားတရ် ... ကြည့်ရတာ ပါးလဲ မနိုင်လို့ လွတ်ထားပုံရတရ် ...
^ ဟီး ... Wang ကနည်းနည်းစိုးရိပ်တတ်လို့ပါ ^
^ နည်းနည်းမကပါဘူးကွယ် ... သားငယ် က မားကို သားကြီးအတွက်နဲ့ပဲ ပြန်ပြောဖူးခဲ့တာ ^
^ အာ ... ကျွန်တော် တောင်းပန် ... ^
၀မ်မားရဲ့ စကားဦးအစကြောင့် Xiao Zhan မှာ ပျာယာခတ်သွားမိတရ် ...
^ အို ... သားကြီးက အစိုးရိမ်လွန်ပြန်ပီ ... မားက သားတို့နှစ်ယောက်ကို သဘောတူပီးသားပါ ... သားငယ်က မားခြေရာအတိုင်းတထပ်ထဲ နင်းတရ်လေ ... အဟင်း ... သားကြီးကတော့ မားအမျိုးသားထက် ပိုချစ်တတ်မဲ့ပုံပဲ ... သားငယ်ကို အများကြီးချစ်ပေးပါကွယ် ... မားက သားငယ် အပေါ် မေတ္တာတွေပေးခဲ့လို့ ထင်မိပေမဲ့ အတ္တတွေပဲဖြစ်နေခဲ့တာ ... ^
^ ကျွန်တော်ဘ၀မှာ ပထမဆုံးနဲ့ နောက်ဆုံးချစ်ရတဲ့သူဟာ Wang ပါပဲ ၀မ်မား ... ကျွန်တော့်ကို စိတ်ချလို့ရပါတရ် ^
^ မား ယုံပါတရ်ကွယ် ... မားကို သားငယ်ကစိတ်မနာခဲ့တာကိုပဲ ကျေးဇူးတင်ရမှာ ^
^ Wang က မားကို အရမ်းချစ်တာပါ ... စိတ်နာဖို့မဆိုထားနဲ့ ၀မ်မားမျက်နှာ ပျက်မှာတောင် မလိုလားတဲ့ သူမျိုးပါ ... သူ့ပေါက်ကွဲပီး ပြောဆိုခဲ့ပေမဲ့ အခန်းထဲပြန်ရောက်တာနဲ့ အရမ်းငိုခဲ့တာ ... ကျွန်တော် မနည်းချော့ခဲ့ရတရ် ^
^ သားငယ်က အပြင်ပိုင်း မာကျောတရ်ထင်ရပေမဲ့ အတွင်းစိတ်ကအရမ်းနူးညံတရ် ... မားက သိသိရက်နဲ့တောင် ဒဏ်ရာတွေပေးခဲ့မိသေးတာ ... သားကြီးလဲ မားကိုစိတ်နာနေခဲ့မှာပဲ ^
^ ကျွန်တော် တစ်ခါမှ စိတ်မနာခဲ့ရိုးပါ ၀မ်မား ... Wang အရမ်းချစ်တဲ့ သူ့မိခင်ကို ကျွန်တော်က ဘယ်လိုအားမျိုးနဲ့ စိတ်နာရက်ပါ့မလဲ ... ကျွန်တော်က Wang စွန့်ပစ်သွားမှာ ကြောက်လို့ အရင်ကလမ်းခွဲမိခဲ့တာပါ ... ဒါပေမဲ့ မပိုင်ဆိုင်ရတော့ ပူလောင်ရတရ်လေ ... Wang ဘေးနားမှာ ကျွန်တော်မဟုတ်တဲ့ တခြားသူတွေကို မရှိစေချင်ဘူး ...
Advertisement
၀မ်မားက သားအတွက်နဲ့ အတ္တပဲ ကြီးခဲ့တာပါ ... ကျွန်တော်က Wang အပေါ်မှာ အတ္တရော လောဘရောကြီးခဲ့မိတာ ... မောဟနဲ့ ဒေါသ တွေကပါ အဆစ်ပေါ့ ... ပူလောင်စေမဲ့ အရာတွေဆိုပေမဲ့ Wang မျက်နှာလေး တွေ့လိုက်တာနဲ့တင် အရာရာအေးချမ်းသွားရတရ် ... ^
^ သားကြီးလောက် သားငယ်အပေါ်ချစ်ပေးနိုင်မဲ့သူမျိုးကို မားနောက်တစ်ယောက်မတွေ့နိုင်တော့ပါဘူး ... မားဘာလို့ စစတွေ့တွေ့ခြင်းမှာ သားကြီးလို့ ခေါ်ခဲ့လဲ သိလား ^
ခေါင်းအသာခါပြတော့ ၀မ်မားကသဘောတကျပြုံးပြတရ်
^ မားကတကယ့်ကို သားတစ်ယောက်လို ခံစားခဲ့ရလို့ ခေါ်ခဲ့တာ ... တကယ့်တော့ မားက သားကြီးအကြောင်းလဲ စုံစမ်းခဲ့ဘူးတရ် ... သားငယ်မိတ်မဆတ်ပေးခင်ကပေါ့ကွယ် ... ဓါတ်ပုံလေးကြည့်လိုက်တာနဲ့တင် မားစိတ်ထဲအေးချမ်းခဲ့တာ ...
သားကြီးကတကယ့်ကို အကြည်ဓါတ်ရှိတာ ... အပြင်မှာတွေ့တော့လဲ ကလေးတစ်ယောက်လိုပဲ ... မားက စိတ်ရင်းနဲ့ သားကြီးလို့ ခေါ်ခဲ့တာပါကွယ် ... အေးလေ ... အရင်အခြေအနေတွေမှာ မားပြုမူခဲ့သမျှဟာ သားတို့နှစ်ယောက်အတွက် အတုအယောင် ဖြစ်ကောင်းဖြစ်နေမှာပေါ့ ^
^ မဟုတ်ပါဘူး ၀မ်မား ... ^
လက်တကာကာနဲ့ ရှင်းပြမိတော့ ၀မ်မားက ခေါင်းအသာငြိမ့်ပြတရ် ...
^ သားတို့ပါးဆီက ကြားပီးပီ ... သားငယ်ကို တောင်းရမ်းချင်နေပီဆို ... မစောလွန်းဘူးလားကွယ် ... မားကသဘောမတူလို့ပြောတာ မဟုတ်ဘူးနော် ... ချစ်သူဘ၀လွတ်လွတ်လပ်လပ်များ နေချင်သေးသလားလို့ ... ^
^ ဟို ... ကျွန်တော့်ကတော့ မစောဘူးလားလို့ ... ဖြစ်နိုင်ရင် မနက်ဖြန်စေ့စပ် သန်ဘက်ခါတောင် လက်ထပ်ချင်တာ ... Wang ကိုစိတ်ချပီး ယုံပေမဲ့ Wang ဘေးကသူတွေက ဘယ်လောက်ဖြူစင်တရ်ပဲ ပြောပြော ကျွန်တော်က မယုံချင်ဘူး ... ကျွန်တော့်သဘောကို အရင်ပြောပြထားတာပါ ... Wang နဲ့တော့ မတိုင်ပင်ရသေးဘူး ... Wang သဘောအတိုင်းပဲ ကျွန်တော်လုပ်သွားမှာပါ ^
^ လူငယ်တွေအချင်းချင်းညှိကြပေါ့ ... မားတို့က ကန့်ကွတ်စရာမရှိဘူး ... သားကြီး မားနဲ့တောင် မနေ့ကဖုန်းပြောပီး တောင်းပန်လိုက်သေးတရ် ... အိမ်တော် တစ်ခုရဲ့ အဖိုးတန်သားတစ်ယောက်က မားကြောင့် အိမ်မက်တွေပျောက်ဆုံးမလို ဖြစ်ခဲ့ရလို့ပေါ့ ...
သားမားက အင်မတန်သဘောထားပြည့်၀တဲ့ အမျိုးသမီးပါ ... မားကို အပြစ်တင်စကား တစ်ခွန်းမဆိုခဲ့ဘူး ... မားက ကိုယ့်ဖြစ်ချင်တာတွေကို ရှေ့တန်းတင်ပီး လုပ်ချင်တာတွေ လုပ်ခဲ့ပေမဲ့ သားမားကတော့ မိခင်တစ်ယောက်ပီသစွာ သားပျော်ရွင်မှု့ကိုသာ ဦးစားပေးခဲ့တရ် ... သားကြီး မားနဲ့ ဖုန်းပြောပီးတော့ မားပထမဆုံးအနေနဲ့ ကိုယ့်ကို ရှက်မိတရ် ... ^
^ မားက ကျွန်တော့်ကိုဘာမှမပြောဘူး ... ^
တအံတဩဆိုမိတော့ ကောင်းကင်ကို ကြည့်နေတဲ့ မားကသူ့ဘက်လှည့်ပီးပြုံးပြတရ် ...
^ မားက အံဩစေချင်လို့ပါ ... သားတို့ပါးတောင် မသိသေးဘူး ... ဒီနေ့ချိန်းလိုက်တာကလဲ မားကသားကို Suprise အနေနဲ့ပြောမလို သားတို့လူအုပ်ကိုကြည့်ပီး မားကပဲ Suprise ပြန်ဖြစ်သွားတော့တရ် ^
^ စိတ်ပူပီး လိုက်လာကြတာ ... နောက်ပီး ဆိုင်ကလဲ Wang တို့သူငယ်ချင်းနှစ်ယောက် ဖွင့်ထားတဲ့ဆိုင်ဆိုတော့ အားလုံးတဆင့်စကားနဲ့ ရောက်ချလာကြတာ ^
^ သားကြီးတို့နှစ်ယောက်လုံး သူငယ်ချင်းကောင်းတွေ ရထားတာပဲ ... မားကတော့ သားတွေထပ်တိုးတာပေါ့ကွယ် ... ^
မားရယ်သံသဲ့သဲ့နဲ့ပြောအပီးမှာ နှစ်ယောက်လုံး လမင်းကြီးဆီအကြည့်ပို့ဖစ်ပီး တော်တော်နဲ့စကားမဆိုဖစ် ... အတော်ကြာမှ
^ သားငယ်ကို သားကြီးလက်ထဲ မားတို့အပ်လိုက်ပီနော် ... သားငယ်ကို အလိုအလိုက်ဖို့ပဲ မစဉ်းစားနေနဲ့ဦး ... ဆူချိန်တန်ဆူ ... မားတို့က ... အင်း ... သားတို့ ပါးက အရမ်းအလိုလိုက်ထားတာ ... ကလေးကနည်းနည်းဆိုးချင်တရ် ... ပြောလို့မရရင်တော့ မားဆီသာ ခေါ်လာခဲ့ ... ^
^ Wang ကလိမ္မာပီးသားပါ ... ^
^ အေး ... မင်းတော့ အနိုင်ကျင့်ခံရမှာ မြင်ယောင်မိသေးတရ် ... သားငယ်က ဆိုးပေမဲ့ သူတပါးထိခိုက်အောင်မလုပ်တတ်တာတော့ မားကချီးကျူးမိတရ် ... သားငယ်ကို သည်းခံပေးပါ ... ပိုချစ်ပေးပါ ... သားကြီးကို ဒီလိုစကားတွေ ပြောစရာမလိုလောက်အောင် သားငယ်အပေါ် ဂရုစိုက်ချစ်ပေးနေပေမဲ့ မားကတော့ ထပ်ခါထပ်ခါ ပြောနေမိပြန်ပီ ... အဟင်း ... နှစ်ဖက်မိဘတွေ့ဖို့တော့ သားကြီးပဲ စီစဉ်လိုက်ပါဦး ... လက်ထပ်ဖို့ကတော့ မင်းတို့ညှိကြပေါ့ ... ခြင်တွေကိုက်တရ် ... လာ ... မားတို့သားအမိနှစ်ယောက် အိမ်ထဲပြန်၀င်ကြတာပေါ့ ... အော် ... နောက်ပီး သားငယ်ရော သားကြီးရောပါ မားနဲ့ပါးက ချစ်တရ်နော် ... ^
၀မ်မား စကားအဆုံးမှာ သူပထမဆုံးအကြိမ် ၀မ်မားအပေါ် သက်တောင့်သက်သာ ပြုံးပြနိုင်သွားပီ ...
^ ကျေးဇူးတင်ပါတရ် မား ... ^
အိမ်ထဲရောက်တာနဲ့ Wang ရဲ့အကြည့်တွေက စူးစူးစိုက်စိုက်နဲ့ ... သူ့ကိုကြည့်နေတာများ ... Wang သာနဂါးသာဆို သူကပြာဖြစ်လောက်ပီ ... သို့သော်ငြားလဲ သူ့အမျိုးသားလောင်းလေးက ချစ်စရာ ၀က်ပေါက်ငဂျစ်လေးဆိုတော့ ...
^ မောင် ... အခန်းသွားရှင်းမရ် ... ပါးပါးနဲ့ မားမား ကျွန်တော်တို့အပေါ်တပ်ပါတော့မရ် ... ကောတို့ရော ဟောက်ရွမ်းရော Good Night ပါ ^
လှေကားပေါ် ဒုန်းစိုင်းပီး ဆောင့်အောင့်ပီး ခြေသံမြည်အောင်တက်သွားတဲ့ Wang ကစိတ်မကြည်ပေမဲ့ အားလုံးကို နှုတ်ဆတ်ဖို့ မမေ့သေးတာကို သူပြုံးမိလိုက်တရ် ...
^ ပြောစမ်းပါဦး ... ကျွန်တော်က မသွားပါနဲ့လို့ ဒီလောက် မျက်ရိပ်ပြနေတာ ... လူလဲ လေဖျန်းတော့မတတ်ကို ... ^
ဘာမှမပြောဘဲ Wang ရင်ခွင်ထဲသာ တိုး၀င်လိုက်တရ် ... လွယ်တော့မလွယ်ဘူး ... ခြေထောက်တော့ နည်းနည်းကားထားရတာပေါ့ ...
^ Wang ကမောင့်ကို အော်တရ် ... ဆူလဲဆူတရ် ^
^ ဟမ် ... ကျွန်တော်က ဘယ်မှာအော်လို့လဲ မောင်ရယ် ^
Yibo မှာရင်ခွင်ထဲတိုး၀င်ပီး အသံလေးတိုးတိုးလေးနဲ့ပြောနေတဲ့ မောင့်ကို အသာဖတ်ထားရသေးတရ် ... မောင့်ကိုပဲချော့ရမလား ... ဘာတွေပြောလိုက်လို့ မောင်ကဒီလောက်ထိစိတ်အားငယ်သွားရဟလဲ ဆိုပီး မားမားကိုပဲရန်သွားတွေ့ရမလား ... အာ ... Wang Yibo အရမ်းတွေ လမ်းပျောက်နေပါပီနော် ...
ရင်ခွင်ထဲက အကြံဇိုးနဲ့ ယုန်ပြုံးကြီးကို သူ့မှာမမြင်ပဲကို ...
^ ဟို ... ကျွန်တော်က စိုးရိမ်လို့ပါ ... မောင်ကိုတစ်ခုခုများ ထပ်ပီးပြောမှာစိုး ... ထျန်းနား ^
Advertisement
Yibo မှာ ချော့နေတုန်းရှိသေး သူ့ကို မပီး ခုံပေါ်ထိုင်လိုက်တဲ့ မောင်ကြောင့် သူ့မှာ မောင့်ကိုခွရက်သားလေး ...
^ ၀မ်မားက မောင့်ကို Wang နဲ့စိတ်ချတရ်တဲ့ ... နောက်ပီး နှစ်ဖက်မိဘတွေ့ဖို့လဲ စီစဉ်ကြပါတဲ့ ... Wang ကိုလဲ ဂရုစိုက်ပေးပါတဲ့ ^
^ တကယ် ^
မောင့်ပေါင်ပေါ် ထိုင်ထားတာမို့ သူကခေါင်းတစ်လုံးပိုမြင့်နေတာမို့ မောင့်ကိုငုတ်ကြည့်မိတော့ သူ့ကိုယုန်သွားလေးပေါ်အောင် ပြုံးပြပီး ခေါင်းညိမ့်ပြတရ် ...
^ နောက်ပီး မောင်တို့ လက်ထပ်ဖို့ကိစ္စကိုလဲ မောင်တို့သဘောတဲ့ ... မောင်ကဖြစ်နိုင်ရင် ဒီရက်ပိုင်းအတွင်း စီစဉ်လိုက်ချင်တာ ... ဒါပေမဲ့ Wang လွတ်လွတ်လပ်လပ် နေချင်သေးရင်လဲ မောင်ကအတင်းမတိုက်တွန်းပါဘူး ... ^
ပြောရင်းနဲ့ ခေါင်းငုတ်လိုက်ပီး သူ့ရင်ခွင်ထဲ ခေါင်းတိုးပီး ချွဲနေတာမို့ သူ့မှာအသည်းတယားယား ... Yibo အသံတိတ်သွားတော့ မောင်ကစကားလမ်းကြောင်း လွဲပလိုက်တော့တရ် ...
^ Wang မောင့်ကို ဒီနေ့ပစ်ထားတာများတရ်နော် ... မောင်စိတ်ကောက်နေတရ် ... ခုချော့ မောင့်ကို ^
Yibo အသံထွက်အကျယ်ကြီးရယ်မိပီးမှ Brake အုပ်လိုက်ရတရ် ... ဟိုဘက်ခန်းမှာက ကောတို့တွေရှိနေတာမဟုတ်လား ...
^ ပြပါဦး ... မောင့်မျက်နှာလေးကို ... Wang Yibo ရဲ့ တစ်ဦးထဲသော တစ်လုံးတစ်ခဲကြီးကို ကြည်ချင်လို့ ^
^ စိတ်ကောက်နေပါတရ်ဆို ... ပြစရာလား ^
ပြောလဲပြော သူ့ခါးကို နောက်တစ်ခါဆွဲဖက်ပီး ရင်ခွင်ထဲ မျက်နှာအပ်ထားပြန်တရ် ... သူသိပါတရ် ... မောင်က စိတ်ကောက်တာထပ် လက်ထပ်ဖို့အကြောင်းကို သူဘက်ကဘာမှမပြောလို့ စိတ်မကောင်းဖြစ်သွားတရ်ဆိုတာ ...
ရင်ခွင်က မျက်နှာကို မနည်းဆွဲထုတ်ပီး တမွမွနမ်းပေးလိုက်တရ် ... အဆုံးသတ်မှာ နှုတ်ခမ်းဖူးဖူးလေးကို ခပ်ကြာကြာဖိပီး ပြတ်စ်ခနဲမြည်အောင် ဆွဲနမ်းပလိုက်တရ် ...
^ စိတ်ဆိုးပြေတော့နော် ... ကျွန်တော်လဲ အိပ်ငိုက်နေပီ ... မောင့်ရင်ခွင်ထဲမှာ အိပ်ချင်နေပါပီလို့ ... နောက်ပီး လက်ထပ်ဖို့ကပြောနေစရာတောင် လိုသေးလို့လား မောင်ရယ် ... မောင်ဆန္ဒက ကျွန်တော့်ဆန္ဒပဲပေါ့ ...
လွတ်လွတ်လပ်လပ်က မောင်နဲ့နေရင်ရော မလွတ်လပ်မှာကြနေတာပဲ ... ကျွန်တော်က မောင့်လက်ကို သံသရာအဆက်အဆက်တွဲသွားမှာ ... ကျွန်တော့ ခင်ပွန်းလောင်းက တနေ့တခြား မိမိုက်လာတာ စိတ်မချနိုင်ပါဘူး ... အမြန်ဆုံးလက်ထပ်ကြမရ် ... အားရိုး ... မောင်နဲ့ လက်ထပ်ဖို့ စိတ်ကူးတွေယဉ် ... အု ... ^
Yibo တောင် စကားမဆုံးသေးဘူး ဂဟေဆက်သွားတဲ့ နှုတ်ခမ်းနှစ်စုံက အရှိန်ခပ်ပြင်းပြင်းနဲ့ ... တကယ်ပဲ မောင်ဟာ စောနက ငိုတော့မယောင်လေးနဲ့ ... အခုများကျတော့ ဇိုးဇတ်နဲ့ ... အာ့တော့ မကြိုက်ဘူးလား မမေးနဲ့ ... Yibo တို့က မဟားတရားကြိုက်ပဲ ...
မိနစ်အနည်းငယ်လောက် အသက်ရှူရပ်မတတ် နမ်းရှိုက်ပီးတော့ ဖလပ်ပြသွားတာလဲ Yibo ပါပဲ ... မောင်ကတော့ သူတွန်းလိုက်လို့သာ ရပ်သွားပုံပေါ်တရ် ... အားမရနိုင်အောင်ပဲ သူ့လည်ပင်းနဲ့ မေးရိုးတွေကိုပါ ပွတ်ဆွဲနမ်းနေတုန်း ...
^ အားရား ... မောင် အိပ်ငိုက်နေပါပီဆို ... ^
^ မောင့်ကို ခဏလေး ပေးနမ်းပါဦးလားကွာ ... နော် ^
စကားပြန်မရတဲ့ Yibo ကြောင့် မောင်က Okay Sign ပြတရ်ထင်လားမသိ သူ့နှုတ်ခမ်းဆီကို အလည်တစ်ခေါက်ထပ်လာပြန်တော့တရ် ... သူကအမောဖြေနေတာကို ...
^ မောင် ... တော်ပီဆို ... မမောဘူးလား ^
ဟုတ်ပါတရ် ... Yibo လဲ အာ့စကားမေးနေတာ အခေါက်ပေါင်းမနည်းသလို မောင်က နမ်းချင်သေးတာကို ဆိုပီး ချွဲတဲတဲလေးပြောတိုင်း သူပါအလိုတူအလိုပါ လိုက်နမ်းမိပြန်ရော ... အာ့လိုနဲ့ မိုးလင်းတော့မှာမို့ မတည်းတားယူရတရ် ...
^ မနက်ကျမှ အ၀နမ်းတော့ ဟုတ်ဘူးလား ... ကျွန်တော် အရမ်းအိပ်ချင်နေပီလို့ ^
^ ပြတ်စ် ... ဟုတ်ပီ ... မောင့်အချစ်လေး သဘောပါပဲဗျာ ^
တကယ်တော့ ယုန်လည်ကြီးကို ဘတ်ကီးရိုက်ပလိုက်တော့တာ ... ခုတောင် နည်းနည်းလေးထိတာနဲ့ နာချင်နေတဲ့ နှုတ်ခမ်းက မနက်ဆို ဖူးယောင်နေမှာမလွဲ ...
ပေးနမ်းစရာလား ... ဟုတ်တရ် ... နှုတ်ခမ်းကလွဲရင် ... ခုတော့ ရင်ခွင်ထဲ အနွေးဓါတ်လေးယူပီး အိပ်တော့မရ်ရယ် ... အာ့တောင် မောင်က နားသည်စပ်တွေ လိုက်နမ်းနေလို့ တားယူရသေး ...
စားရတဲ့ ကလေး ပိုငတ်တရ် ဆိုတာ မောင်မှအစစ် ...
Idol နှစ်ယောက်အပေါ်ထိခိုက်စေလိုသော အသုံးအနှုန်းများရှိရင် အားမနာတမ်းလာပြောလို့ရပါတရ်ရှင့် ...
ပုံတွေအားလုံး Credit ပေးပါတရ်ရှင့် ...
#Violet
^ မဟုတ်ပါဘူး ပါး ... ^
^ ဟုတ် ၀မ်မား ^
^ ဗျာ ... ဟုတ် ... ရပါတရ် ၀မ်မား ^
^ သားသား ... မဆိုးနဲ့လေ ... ^
-------------------------------------------------------------------------------
^ မဟုတ်ပါဘူး ၀မ်မား ... ^
Advertisement
- In Serial25 Chapters
Love and Let Die (사랑해, 처리해줘)
Is it true that people, fated to be together, are tied with the red thread and will always find their way back to each other? Da In is a simple young woman - she has a stable job, good friends, and a goal she's working towards. Her life changes with the sudden return of a person she never thought she would see again, bringing in new acquaintances, painful memories, and experiences she was happy to live without.
8 120 - In Serial73 Chapters
My Cold Husband
Min y/n had to get married to Kim taehyung because of their parents. Y/n is a sweet, kind but a reserved girl, whereas taehyung is cold but kind.••••"even If we're arranged, I'm still yours and..." he spoke coming closer to my ear and whispered, "you're mine" he smirked seeing me.__________________________________Started :- 23 October, 2021. Finished :- 1 January, 2022.~~~~Highest ranks #13 in romance #17 in random #1 in Taeff #2 in fanclub#16 in btsv #8 in Taehyung#31 in Fanfictions #33 in fanfiction#1 in Kpopimagines#3 in Btsff#3 in taetae#10 in Kim #9 in btssmut#7 in btstaehyung#39 in bangtan#55 in kpopidols#1 in Btsarmy
8 162 - In Serial22 Chapters
Diagnosed
Third and last installment of the Pills trilogy.She keeps on looking for her Adonis, but she found her Hephaestus.
8 120 - In Serial14 Chapters
Love's Counterpart
Annabelle is frightened as her first season in London approaches. Marriage? She always hoped it would be for love. But what does she know about love. When looking for clues among her letters from her past suitors, she finds a letter she's never read before. Such passion and love, although she does not know its author, she has made it her ideal of what she wishes to find ... Love's Counterpart. Cyril Kane is probably the least romantic person on the planet. He wouldn't know a sonnet from a bonnet but upon seeing Annabelle all that has to change. He does not know how but he is determined to be the man worthy of her love. Made it through 3 rounds of the contest and on the short list from which the top five finalists and grand prize winner will be picked. 2-19-1802-01-18 Ranked 215 in Historical Fiction#OpenNovellaContest©All Rights Reserved by Ruechari If you are reading this story on any other site other than Wattpad you may be subjecting yourself to Malware. To view this story in it's original, safe form please go to the link provided. https://www.wattpad.com/story/128874217-love%27s-counterpart-opennovellacontest
8 198 - In Serial53 Chapters
Conditionally Married
Highest ranking dated: 8-Feb-2019No.1 in #billionaire, No.1 in #wifeNo.1 in #marriageNo.1 in #hatelove (4-3-19)No.4 in #insecuritiesSia : A girl next door is working with one of the powerful businessman as assistant. She enjoys everything at her work except son of her boss.Ashar : A rich handsome businessman who works under his father. He gets whatever he wants, but he can't so anything about assistant of his fatherThey both hate each other and are total opposite.But fate had other plans for them..This book in under editing for grammatical errors
8 229 - In Serial75 Chapters
Lowkey
Arabella Malik, the lethal American mob boss's daughter.The beauty of the nineteen-year-old was well-known. Her hourglass figure and glowing grey eyes-which mirrored her father's, had practically everyone praising the ground she walked on.Arabella was a sweet, soft-hearted woman. Although she was also recognised as the best assassin and seductress in the underworld.Not only did her appearance attract men and women's notice, but she also managed to capture the attention of her father's business partner's son.Roman Agnello, the heir to the Italian Mafia. The twenty-year-old was every bit as ruthless as everyone alleged he was. Like his soul, his heart was cold and empty. Roman had no emotions or feelings for anything or anyone.But that all changed when his gaze fell on the seductress herself. And when he discovered the forbidden fruit, his soul begged him to take a bite.~~ Highest Rankings #4 ChickLit - NOV 2021#1 College Student - JAN 2022#1 Forbidden Romance - JULY & OCT 2022#2 Teen Romance - SEP 2022
8 223

