《Late Regret ( COMPLETED )》Final Episode
Advertisement
Yibo တို့တော်တော် နောက်ကျမှ အိပ်ယာ၀င်မိတာမို့ နိုစနိုးခြင်း ခေါင်းနှောက်ပီး စိတ်ကမကြည်သလိုကိုဖြစ်နေမိတာ ...
အမြဲလိုလို ဘေးက မြွေတစ်ယောက်လို ရစ်ပတ်ပီး အရင်နိုးနေရင်အောင် သူမထမခြင်း ဖတ်ထားပေးတဲ့ မောင်ကလဲ ဘေးမှာ မရှိတော့ နှုတ်ခမ်းကဆူချင်ချင် ...
နာရီပိုင်းလောက် အနမ်းခံထားရတာမို့ နှုတ်ခမ်းကို ထိကြည့်မိလိုက်တော့ ပုံမှန်ထက်ပိုဖောင်းနေပီး နည်းနည်းလဲနာနေသေးတာ ... မနေ့ညကတော့ လူကိုကြိုက်သလို အသားယူနေပီး မနက်ကျတော့ ဘေးမှာရှိမနေတာ ဘာသဘောလဲလို့ ...
မပွင့်တပွင့် မျက်လုံးကိုပွတ်ပီး မောင့်ကိုလိုက်ရှာတော့ မားမားနဲ့ တန်းတိုးတော့တာပါပဲ ...
^ Morning မားသားငယ်လေး ... အိပ်ရေးမ၀သေးဘူးလား ^
မားက သူ့ကိုမြင်တာနဲ့ နှုတ်ဆတ်ပီး အံဩသလိုလေး ဖစ်သွားတရ် ... ပုံမှန်ဆို အိပ်ယာနိုးတာနဲ့ ကိုယ်လက်သန့်စင်ပီးမှ အိမ်အောက်ဆင်းလာတတ်တဲ့ သူ့အကျင့်ကြောင့် ခုလို ဖိုသီဖက်သီနဲ့ မို့ မားကအံဩသွားတရ်နဲ့တူတရ် ...
^ ဝါး ... နည်းနည်း ပိချိလေး မ၀သေးဘူး ... ^
မားကို လက်မောင်းကနေဖက်ပီး ပခုံးပေါ်ခေါင်းတင်ပီး ချွဲချွဲလေးပြောမိတော့ မားကသဘောတကျရီတော့တာပဲ ...
^ အမလေး ... မား သားကအရမ်းကိုချွဲနေတော့တာပဲ ... အရင်ကဆို နိုးတာနဲ့ ကိုယ်လက်သန့်စင်ပီး မနက်စာတန်းစားတတ်တဲ့ သားငယ်က ခုလို အိပ်ချင်မူးတူး ခေါင်းစုတ်ဖွားနဲ့ ဆင်းလာထဲကိုက သားကြီးကို ရှာနေတာမလား ... မားကို မှန်မှန်ပြောစမ်း ^
^ အဟီး ... မားမားက အားလုံးကိုသိနေတော့တာပဲ ... ^
^ သားကြီးက မနက်အစောကြီး သားငယ်ဖို့ ထမင်းတွေကြော်ပီးတာနဲ့ ဖုန်းဆက်ဖို့ဆိုပီးခြံထဲ ဆင်းသွားတာ ... မားတောင် သားကြီးချက်ပြုတ်ပီးမှ နိုးလာတာ ^
ပုံမှန်ဆို မားမားက တအိမ်လုံးထက်အရင်နိုးနေကြ ... ထမင်းချက်တဲ့ အားရီကိုတောင် မားကသွားနိုးနေကြဆိုတော့ ... ခုက ညကလဲ ညနက်တော့မှ အိပ်ယာ၀င်တဲ့ မောင်က ဘယ်လိုတွေဖစ်ပီး အစောကြီးနိုးနေတာပါလိမ့် ...
^ ဒါဆို သား မောင်ကို သွားခေါ်လိုက်ဦးမရ် မားမား ^
^ သဘောပါတော့ ^ ဆိုပီး သူ့ပါးကိုအသာဆွဲပီး မီးဖိုထဲပြန်၀င်သွားတော့သည်။
ဧည့်ခန်းထဲက နာရီကိုကြည့်မိတော့လဲ ၈နာရီတောင် ထိုးဖို့နည်းနည်းလိုသေးတရ် ... ကောတို့တောင် နိုးဦးမရ် မထင်ဘူး ... အဟမ်း ... သူကတော့ ဘေးက အနွေးဓါတ်လေးမရှိလို့ နိုးလာရတာရယ် ...
ခြံထဲမှာလဲ သိပ်မရှာလိုက်ရ ... ဒန်းပေါ်မှာ တပြုံးပြုံးနဲ့ပြောနေတဲ့ မောင်က အိပ်ရေးပျက်လို့ ညိုးနွမ်းနေတာမျိုးမရှိ ... တက်ကြွနေလိုက်တာများ ... သူကတော့ မောင့်ဆီကို တဝါးဝါးနဲ့ သွားလိုက်တော့သည်။
^ မောင် ... ^ ဖုန်းပြောနေရော ဘာရောသူနားမလည်တော့ဘူး ... ဆူအောင့်အောင့်နဲ့ ခေါ်လိုက်မိတော့ မောင်က ဖုန်းကိုစကားစဖြတ်ပီး လက်နှစ်ဖက်ကိုဖွင့်လို့ ကြိုဆိုပြန်တရ် ...
^ ဘယ်လိုဖြစ်လို့ အစောကြီးနိုးနေတာတုန်း ... နိုးလာတာနဲ့ အနားမှာလဲမရှိဘူး ^
^ မောင့် Wang လေးက ဒီတိုင်းလေးထွက်လာတာပေါ့ ... ^
^ အင်းလေ ... မောင့်ကို လိုက်ရှာနေတာ ... မားမားနဲ့တွေ့ပီးပြောလို့ လိုက်လာတာ ... မေးတာကို မဖြေပဲနဲ့ လူကိုပြန်မေးနေပြန်တရ် ... မောင်ကဆိုးလာလိုက်တာ ... ကြည့်ရတာ ကျွန်တော် အလိုလိုက်လို့နေမရ် ^
^ အိုက်ယိုး ... စကားလေးကို ဘယ်လိုလေးပြောနေတာတုန်း မောင့် ကလေးလေးက ... အသည်းတွေယားလာပီနော် ... ^
ပါးကိုတစ်ချက်နမ်းပီး အရိုးကြေမတတ်ဖတ်လိုက်တဲ့ မောင့်ကြောင့် လူကအစ်ခနဲပင် ...
^ မောင်က အိပ်ရေမ၀လဲ လူကလန်းဆန်းနေတာပဲ ... မနေ့က အာဘွားတွေ တ၀အပေးခံတဲ့ ကောင်လေးတစ်ယောက်ကြောင့်ပေါ့ ^
^ မောင်နော် ... ^ ဆိုပီး မောင့် ရင်ဘတ်မှာပဲ မျက်နှာ ဝှက်လိုက်ရတရ် ...
မားမားတို့ ပါးပါးတို့အပြင် တခြားကိုယ့်ထက်အကြီးကို ချွဲဖို့ မရှက်ပေမဲ့ မောင့်အပေါ် ချွဲဖို့ကျတော့ နည်းနည်းတောင်မဟုတ်ဘူး အများကြီးကို ရှက်နေမိတာ ...
မောင့်ရဲ့ အာ့လို Flirt တဲ့စကားတွေကြားမိရင်လဲ မျက်နှာကိုဘယ်နားထားရမှန်းမသိ ... မောင့် ချစ်သူအဖြစ် အသားမကျတာမဟုတ်ပေမဲ့ မောင့်ရဲ့အပြောအဆိုနဲ့ အထိအတွေ့တွေကို ခုထိသူ့မှာ အသည်းတယားယားပင် ...
^ ဘယ်သူနဲ့ဖုန်းပြောနေတာလဲ မောင် ... အစောကြီးကို ^
^ မောင့် မားနဲ့လေ ... မောင်တို့ Engagement အတွက်ရော ... နောက်ပီး Wedding အတွက်ပါလေ ^
သူ့ကို ရွန့်ရွန့်စားစားကြီး ကြည့်ပီးပြောတဲ့ မောင်ကြောင့် သူမှာ အရှက်ပိုရသေးတရ် ...
^ မောင့် အသည်းလေးက ရှက်သွားတာလား ... ပါးဖောင်း လေးတွေကရဲနေရော ... ^
သူပါးနှစ်ဖက်ကို အသာဆွဲပီးပြောနေတဲ့ မောင့်ကြောင့် သူမှာ မောင့်လက်နှစ်ဖက်ကို ပြန်ကိုင်ပီးရပ်ခိုင်းရသေးတရ် ...
မောင်က ကိုယ်လက်သန့်စင်ပီးပေမဲ့ သူကခုမှ အိပ်ယာနိုးတာနဲ့ မောင့်ရှာပုံတော်ဖွင့်နေရတာမို့ ခုဆို မျက်နှာပြောင်နဲ့ ... အိပ်ယာနိုးခါစမို့ အဆီတွေကရှိနေမှာ အမှန် ...
^ မောင်ကလဲ ကျွန်တော်က မျက်နှာတောင်မသစ်ရသေးဘူး ... ညစ်ပတ်နေတရ် ... ဒါနဲ့ မားကိုဘာကိစ္စ အစောကြီးဆက်ရတာတုန်း ... မောင့်ကြောင့် အိပ်ရေးပျက်ကုန်ဦးမှဖြင့် ^
^ မားက အစာကြီးနိုးနေကြ ကလေးက ... မောင့် ညစ်ပတ်အိုးလေးကို ဘယ်လိုနေနေချစ်တရ် ... ^
^ ဘာ ညစ်ပတ်အိုးလဲ ... ^
Advertisement
ပတ်ခနဲ ရန်ပြန်တွေ့ခံရတဲ့ Xiao Zhan မှာတော့ တပြုံးပြုံးပင် ...
^ ဟောဗျာ ... စောနကပဲ ညစ်ပတ်တရ်လို့ ပြောတာ ဘယ်အကောင်ပေါက်လေးတုန်း ^
^ သိဘူး ... အဲ့တာ မောင် ကျွန်တော့်ကိုမစောင့်ဘဲ အိပ်ယာထသွားလို့ ဖြစ်တာ ... အဲ့တာ ... ဟို ... စိတ်ကောက်နေတရ် ... ချော့ ^
Wang ရဲ့ကလေးဆန်တဲ့ တဖတ်ခြမ်းကို သူမမြင်ရတာ တောင်တော်ကြာပီ ... သူတို့စတွဲခါစလိုမျိုး အပြုအမူလေးတွေပြန်မြင်ရတာမို့ Xiao Zhan မှာ ပိုပီးရင်ခုန်နှုန်း ပိုမြန်ရပြန်တရ် ...
^ ပြောပါဦး ... မောင့်ရဲ့ အသည်းအသက်လေးကို ဘယ်လိုချော့ရင် စိတ်ပြေနိုင်ပါမလဲ ခင်ဗျာ ^
^ မ ... မသိဘူးလေ ... ^
^ မောင်က အစောကြီး မောင့် ပူတူးလေးဖို့ ပုဇွန်ထမင်းကြော် စပ်စပ်လေး လုပ်ထားပေးတရ် ... နောက်ပီး မောင့်အသည်းလေးက အရမ်းစပ်နေရင် သောက်ဖို့အတွက် Mango Juice လေးကို Breakfast မစားခင်လုပ်ထားပေးဦးမှာ ...
ပီးရင် မောင့်ကလေးလေးကို ကားမောင်းပီး အလုပ်ကိုလိုက်ပို့ပေးပါမရ်ဗျ ... မောင့် အသည်းအသက်လေးကို ပို့ပီးတာနဲ့ မားတို့ဆီ သွားမှာပါခင်ဗျ ... မောင့် ချစ်ဆုံးလေးရေ ... ဒီက မောင်က သည်းငယ်လေးအတွက် မိုးလင်းထဲက ပြင်ဆင်ပေးထားတာနော် ^
^ မောင် ... လူကိုဘယ်နှမျိုးလောက် ခေါ်နေတာတုန်း ... ကျွန်တော် ကြက်သီးတွေတောင် ထကုန်ပီ တကယ်ပဲ ... စိတ်မကောက်ပါဘူး ... မောင့်ကို စတာ ... ဒါနဲ့ မောင်က မားဆီဘာသွားလုပ်မလို့ ^
^ ဟောဗျာ ... မောင့်တို့ ကိစ္စသွားတိုင်ပင်ဖို့လေ ... အစအဆုံးပေါ့ ... ဖုန်းထဲမှာပြောရတာထက် အပြင်မှာသွားပြောတော့ ပိုအဆင်ပြေတာပေါ့ ... ပါးတောင် Companyမသွားပဲ စောင့်နေတာရယ် ^
^ အဟီး ... ဟုတ်သား ^
ဇတ်ခလေးပုပီး သူ့ရင်ခွင်ထဲ တိုး၀င်လာတဲ့ကောင်လေးကို တင်းတင်း ကြပ်ကြပ် ပြန်ဖတ်လိုက်တော့တရ် ...
^ Wang ... မောင့်ကို စိတ်ကြိုက် စိတ်ဆိုး စိတ်ကောက် ချွဲလို့ရတရ်နော် ... ^
^ ဟင် ... ^
^ Wang ကို မောင့်က မောင့်အသက်ထက်ပိုချစ်တာမို့ မောင့်ကိုစိတ်ကြိုက်ဆိုးလို့ရတရ်လို့ ... တခါတခါတော့ မောင့်လူကြီးပေါက်စလေးက မောင့်အပေါ်ဆိုးတာ ခံချင်မိသား ... ခုလိုမျိုးပေါ့ ... မောင်က ညိုညှင်မှာမဟုတ်တဲ့ အတွက် Wang က စိတ်ကြိုက်စိတ်ကောက် မောင်ကတဖွဖွလိုက်ချော့ပေးမရ် ... ကဲ ... ခုတော့ မောင့်ညစ်ပတ်အိုးလေး ကိုယ်လက်သန့်စင်ရအောင် ... အလုပ်လဲသွားရဦးမှာဆိုတော့ ^
မောင့်စကားကြောင့် သူသဘောတကျပြုံးပီး ခေါင်းညိမ့်ပြလိုက်တရ် ...
ကြည့်ရတာ မောင်က သူ့တက္ကသိုလ်က ပုံစံမျိုးကို လွမ်းနေပုံရတရ် ... တခါတလေတော့ မောင့်ကို အပျော်သဘောနဲ့ စိတ်ကောက်ဦး မှပါလို့ပဲ တွေးထား လိုက်တော့တရ် ...
သူ့ကို နောက်ကနေတွန်းပီး မီးရထားလိုမျိုး အတွဲလိုက် အခန်းပေါ်တတ်လာတော့သည်။
ကြည့်ရတာ အကုန်လုံးက နောက်ကျမှ အိပ်ယာ၀င်တော့ ဘယ်သူမှနိုးပုံမပေါ်သေး ... စောစောနိုးနေကြ ပါးပါးတောင် မနိုးသေးတဲ့ပုံပင် ...
Yibo ရေချိုးခန်းထဲ ရောက်တာနဲ့ ဖွာလန်ကျဲဆံပင်ကို ပုံပြန်သွင်းဖို့ မှန်ကိုကြည့်မိလိုက်တော့ လည်ပင်းမှာ အကွက်လိုက်တွေ နီရဲနေတာပဲ ... နေပါဦး ... ငါ့အခန်းက ခြင်မရှိပါဘူး ...
အနီးကပ်ကြည့်လိုက်တော့မှ ခြင်ကြောင့်မဟုတ်ပဲ ယုန်ဆိုးကြီးကြောင့် ဖြစ်တာသိရတော့တရ် ... အသာလေးတို့လိုက်မိတော့လဲ နည်းနည်းစပ်နေသေးတရ် ...
မနေ့က ညအိပ်လဲဖို့ ပျင်းတာနဲ့ အိမ်နေရင်း Tshirt လေးပဲ ၀တ်အိပ်တာမို့ မောင့်အတွက် ပိုအဆင်ပြေသွားပုံတောင်ဖြစ်သွားသေးတရ် ... အား ... မားမားနဲ့တွေ့ခဲ့တာဆိုတော့ ... သွားပီ ... Yibo အသံတိတ်ပဲ အော်ဟစ်လိုက်တော့တရ် ...
မရဲတရဲနဲ့ သူ့အကျီကို ဆွဲချလိုက်တော့ ရင်ဘတ်နားထိပါ အကွက်လိုက် ကိုက်ရာတွေ ... တော်သေးတာပေါ့ ... Tshirt ကအာ့လောက်ထိပဲ ဆွဲချလို့ရလို့ ...
ဒါပေမဲ့ ငါက ဘာလို့မသိရတာတုန်း ... ဘယ်လောက် အိပ်ပျော်ပျော် နာရင်သိရမှာမဟုတ်လား ... ကာလနဂါး Wang Yibo ရယ်ဆိုပီး ကိုယ့်ကိုသာ အပြစ်တင်လိုက်တော့တရ် ...
ခုတော့ Dance Practice ကို Turtle Neck ပါတဲ့ အကျီကြီး၀တ်ပီး သွားရတော့မရ် ... ပူရပူနဲ့ ဟိုစပ်စုစိန်တွေကလဲ မေးကြဦးမှာ မလွဲ ... ငါနော် ... Wang Yibo ရှင်ချင်တရ် တကယ် ...
ရေချိုးပီးတာနဲ့ ထွက်လာလိုက်တော့ တဘက်အဆင်သင့်နဲ့ မောင့်ကိုတွေတော့ ဆူပုတ်ပီး အကျီသွားထုတ်နေလိုက်တော့တရ် ...
^ မောင့် အသည်းလေးကလဲ မောင်ကမနေ့က နည်းနည်းလေး သွားလေးယားသွားလို့ရယ် ... နောက်ပီး Wang က အရမ်းတွေ ချစ်ဖို့ကောင်းနေတော့ မောင့်က သေးသေးလေး အမှတ်အသားလေး ပေးမိတာပါ ... ^
ဘာမှမဖြေပဲ ကွကိုယ် ၀တ်ဖို့ရှာနေတော့ ခါးကနေ သိုင်းဖတ်လာပီး မောင့်ကို စိတ်မဆိုးပါနဲ့ ဆိုပီး တတွတ်တွတ်ပြောလာတဲ့ လူကြီးကို ဘယ်အင်အားနဲ့ စိတ်ဆိုးနိုင်မှာတုန်း ...
နောက်ပီး Yibo ကစိတ်ဆိုးနေတာတော့ မဟုတ်ဘူး ... ဒီအခြေအနေကို ရှက်နေတာဆို ပိုမှန်မရ် ... နမ်းရုံလေးအဆင်လောက်ကနေ အမှတ်အသားပေးတဲ့အထိ တတ်သွားတော့ မဆိုသလောက်လေး မောင်နဲ့မျက်နှာချင်းမဆိုင်ရဲသေးတာ ...
Advertisement
^ ဖယ် ... ရေတွေစိုကုန်မရ် ... စိတ်မဆိုးဘူး ... ဟုတ်ပီလား ^
^ တကယ်နော် ...^
^ အင်း ... ^
^ Wang ကအာ့လို လျစ်လျူရှု့လိုက်တော့လေ မောင် နှလုံးသားလေးက နည်းနည်းလေး နာကျင်သွားတာ သိလား ^
တဘတ်လေးပဲ မယူမိတာပါ မောင်ရယ် ... ပြောပုံအရ မသိရင် Yibo ကပဲ ပစ်ထားသလို ... ခုလဲ စက္ကန့်ပိုင်းအတွင်း စကားပြန်ပြောတာကို Drama တွေဇွတ်ခင်းတဲ့မောင့်ကြောင့် သက်ပြင်းပဲ ခပ်ဖွဖွချလိုက်တော့တရ် ...
အကျယ်ကြီးမချရဲဘူး ... တော်ကြာ မောင့်ကို မချစ်တော့ဘူးလားဆိုပီး မျက်လံးရွဲကြီးနဲ့ ပြောတာတွေ မခံစားနိုင်ဘူး ...
^ ဒါဆို ကျွန်တော်က ဘယ်လိုပြန်လုပ်ပေးရမလဲ ... ^
ယုန်ကြီးသဘောကြိုက် Yibo လဲပြောပေးလိုက်ပါတရ် ...
^ ဟိုလေ ... မောင့်ကို တကိုက်လောက်ပေးကိုက်ပါလား ^
^ ဘာ ... ^
^ မအော်ပါနဲ့ ... မောင်က Wang လည်ပင်းလေးက နီပီး ဂုတ်လေးပဲ ကွက်ဖြူနေတာ ... စေတနာနဲ့ကို ... ဖွဖွလေး ... ပွက်ချိတ်ကိုက်သလောက်တောင် နာဘူး ... ^
အေးလေ ... မထူးပါဘူး ... ဘယ်လိုပဲ ဖြစ်ဖြစ် လည်ပိတ်အကျီနဲ့ပဲ နှစ်ပါးသွားရမဲ့အတူတူဆိုတော့ ... Yibo မောင့်ရင်ဘတ်ကို မှီလိုက်တော့ သိပ်မကြာလိုက် ဆစ်ခနဲနေအောင် ယားကျိကျိဖြစ်သွားတော့တရ် ...
တစ်ကိုက်ထဲဆိုတဲ့ မောင်က ကိုက်ရုံတင်မဟုတ်ပဲ နမ်းလိုက်ကိုက်လိုက် လုပ်နေတာမို့ ရင်တလှပ်လှပ်နဲ့ ကြက်သီးတွေတောင်ထလာတရ် ...
^ မောင် ... မောင် တော်ပီလေ ... အလုပ်သွားရဦးမှာ ^
^ အာ ... Okay ... မောင် အောက်မှာ စောင့်နေမရ်နော် ^
Yibo တံခါးပိတ်သံကြားမှ ခုတင်ပေါ်ကို ရင်ဘတ်ကိုလက်နဲ့အုပ်ပီး ထိုင်ချပလိုက်ရတော့တရ် ... မောင်က ပြန်တွေ့ခါစကတော့ လက်ရဲဇက်ရဲနဲ့ ခုတော့ ... တွေးရင်းနဲ့တင် အသည်းတယားယားနဲ့ ကြက်သီးထလာရပြန်ရတရ် ...
ကိုယ့်ချစ်သူမို့ တဏှာမကင်းတဲ့ သူတစ်ယောက် အနေနဲ့ မောင့်ယုယ ချစ်ပေးတာကိုတော့ ခံချင်တာအမှန်ပဲ ... ဒါပေမဲ့ မောင်နဲ့အာ့လိုမျိုး တစ်ခါမှမဖြစ်ဘူးတာမို့ ရင်တုန်ဗန်းတုန်းရှိလှတာတော့ အမှန် ...
မောင်နဲ့သူနဲ့က ခုဆို လက်ထပ်ဖို့ထိပါ မိဘနှစ်ဖက်လုံးက သဘောတူပီမို့ မောင်စိတ်တိုင်းကျ ဒီတပတ်အတွင်းတောင် ဖြစ်သွားနိုင်တရ် ... Yibo မပျော်ဘူးလား မမေးနဲ့ ... ခြေထောက်နဲ့မြေကြီးနဲ့ မထိသလိုကိုပျော်တာ ... But ကြောက်တာကကြောက်တာပဲ ...
Wedding Night မှာ သူဘယ်လိုမောင်နဲ့ နှစ်ပါးသွားရမလဲ ... မောင်ကိုလဲ ပိုင်ဆိုင်ချင်တာမို့ နောက်ခါလာ နောင်ခါဈေးတွေးပီးတော့လာ အလုပ်သွားဖို့ ပြင်ဆင်လိုက်တော့တရ် ...
------------------------------------------------------------------------------
Yibo ထင်ထားသလိုပါပဲ မောင်နဲ့ Wedding ကနှစ်ပတ်အတွင်း စီစဉ်လိုက်နိုင်ခဲ့တရ် ... ခမ်းခမ်းနားနား လုပ်ချင်တဲ့မောင့်ကို Yibo မှာလဲ မနည်းချော့မော့ခဲ့ရသေးတရ် ...
^ မောင်ကလဲ ... ကျွန်တော်က Dinner ပွဲလေးပဲ လုပ်ချင်တာကို ^
^ အင်းလေ ... Dinnerရော Wedding ရောကို Hotel တစ်ခုခုမှာ လုပ်မရ်လေ ... ^
^ အာ့လိုလုပ်လို့ ကုန်မဲ့ပိုက်ဆံကို ကျွန်တော့်တို့ လှူလိုက်ကြမရ်လေ ... နောက်ပီး Hotel ကမှာပီး ကျွန်တော်တို့ နေမဲ့ ခြံလေးထဲမှာပဲ ရင်းနှီးတဲ့ မိတ်ဆွေတွေဖိတ်ပီး လုပ်လိုက်မရ်လေ မောင်ရယ် ... နော် ^
^ Wang ကကွာ ... မောင်က မင်းကို တိုင်းသိပြည်သိလက်ထပ်ချင်တာ ... ပုန်းလျိုးကွယ်ရိုးလုပ်စရာ မှမရှိတာ ... တစ်သက်တာမှာတစ်ခါပဲ ကျင်းပရတဲ့ပွဲကို ပီးစလွယ်မဖြစ်ချင်တာ ... ^
^ ကျွန်တော်ကရော ... ပြောတာမှားနေလို့လား ... အဓိက ပေါင်းဖက်ရမှာ ကျွန်တော်တို့ပါ မောင်ရ ... မိဘနှစ်ပါး ကောင်းချီးပေးတာနဲ့တင် ပြည့်စုံနေတာကို ... နောက်ပီး ကျွန်တော့်တို့ပတ်သတ်မှု့ကို ပတ်၀န်းကျင်ကိုလဲ အသိပေးမဲ့ကိစ္စကို ... နောက်ပီး ရှေ့မှာ ဂုဏ်ပြုပါတရ် ပြောပီး နောက်ကွယ်မှာ ရှုတ်ချနေမဲ့ သူမျိုးတွေကိုလဲ မရှိစေချင်ဘူး ... ^
ရှောင်နဲ့ ၀မ်အိမ်တော် ပေါင်းစည်းမှု့ကို ပေါ်တင်ဘယ်သူ့မှ မပြောရဲကြပေမဲ့ ဆီလိုအပေါက်ရှာတတ်တဲ့ လူတွေက ညဏ်နည်းစွာ ပြောဆိုကြမှာတွေကို မလိုလားဘူး ...
^ ယောက်ျားလေးနှစ်ယောက် ပေါင်းစည်းမှု့ကို ပတ်၀န်းကျင်ကို ထုတ်ပြရမှာ ရှက်လို့မဟုတ်ဘူး မောင် ... ပျားသကာလို ကျွန်တော်တို့ ရှေ့မှာချိုပြနေပေမဲ့ နောက်ကွယ်ကနေ အတင်းတွေမချပါဘူးဆိုတာကို မောင်အာမခံရဲလို့လား ... မောင်က အာ့လိုကိစ္စတွေ မကြုံတွေ့ခဲ့ရလို့ မသိနိုင်ပေမဲ့ ကျွန်တော်ကတော့ သိတရ် မောင် ... ^
အတိတ်က ကိစ္စတွေက ခုထိ Yibo ရင်ကို လှိုင်းခတ်စေတုန်း ... အထူးသဖြင့် ပတ်၀န်ကျင်ဆိုတာကြီးကို ... အမှု့မဲ့အမှတ်မဲ့ ပြောလိုက်ပေမဲ့ ခံလိုက်ရတဲ့ လူရဲ့ ရင်ထဲမှာနှစ်ခနဲ ဆိုတာ သူတို့သိကြမှာမဟုတ်ဘူး ...
Yibo ကိုပြောတာခံနိုင်ပေမဲ့ မောင့်ကိုပါ ဆက်နွယ်ပီး ပြောကြမှာကို စိတ်အထိခိုက်ဆုံးပဲ ... နောက်ကွယ်က ဘယ်လောက်ပြောပြော ဂရုမစိုက်ပေမဲ့ ... ကိုယ့်ရှေ့မှာ ချိုပြနေပီး အတွင်းစိတ်ပုတ်တဲ့ လူတွေနဲ့ ရင်မဆိုင်ချင်တာ ...
^ မောင် ... မောင်ကလေ ... ^
^ ကျွန်တော် ဘာမှမဖြစ်ဘူး မောင် ... ကျွန်တော်တို့ပတ်သတ်မှု့ကို မီဒီယာကနေပဲ အသိပေးလိုက်မရ်လေ ... နောက်ပီး နေရာအနှံသွားပီး. Wedding အတွက်ရော ... ကျွန်တော်တို့ concept အစုံသုံးပီး Photo တွေရိုက်ကြမရ် ... Dinner ပွဲမှာ ကျွန်တော်တို့ အသိတွေနဲ့ နှစ်ဖက်မိဘတွေရော အမျိုးတွေရော အားလုံးပျော်ပျော်ပါးပါး ဆိုလိုက်စားလိုက်သောက်လိုက်နဲ့ ... ဘယ်လိုလဲမောင် ... ကျွန်တော့် စိတ်ကူးလေး ^
^ ဖြစ်စေရမရ် ... Wang စိတ်ကူးအတိုင်း မောင်ဖြစ်အောင် ဖန်တီးပေးမှာမို့ စောနက မောင်အသံကျယ်နဲ့ပြောမိသွားတာ တောင်းပန်ပါတရ်နော် ... မီဒီယာတွေကိုတော့ မောင်တို့ Wedding Dinner ပွဲပီးမှာ ခြံထဲမှာပဲ interview ဖို့ ခေါ်လိုက်မရ် ^
^ အင်း ... မောင့်သဘောအတိုင်းပါပဲ ... ကျေးဇူးတင်ပါတရ် မောင် ... ကကျွန်တော့် ဆန္ဒကို ဦးစားပေးလို့ ^
မောင်ကခုဆို Dream Company ကနေ Share holder တစ်ယောက်အနေနဲ့ပဲ ရပ်တည်ပဲ Designer ဆက်မလုပ်တော့ပဲ Xiao Company ကိုပဲအမွေဆက်ခံ ဦးစီးတော့မှာဆိုတဲ့အကြောင်းကို Xiao ပါးက ကြေငြာပီးသားဖြစ်ပေမဲ့ ဘယ်သူဘယ်ဝါမှန်းသား မသိကြသေး ...
မောင်ကိုယ်တိုင်ကလဲ စီးပွားရေး လောကထဲကို Xiao ပါးအကူအညီနဲ့ ၀င်လာတဲ့သူမဟုတ်တော့ မောင့်ကို Xiao အိမ်တော်ကဆိုတာ သိတဲ့သူကအတော်နည်းသည် ... Yibo ကိုဆို ပိုဆိုးတာပေါ့ ... YouTubers တစ်ယောက်အနေနဲ့တော့ လူနည်းစုသိကြပေမဲ့ Wang အိမ်တော်ကလို့ ဘယ်သူမှထင်ကြမှာမဟုတ် ...
စီးပွားရေး လောကမှာ အရှိန်အဝါ တစ်ခုရှိနေတဲ့ ရှောင်နဲ့ ၀မ်အိမ်တော်ရဲ့ ဆက်ခံသူနှစ်ယောက်ကို တစ်ခါထဲ Yibo တို့သတ်သတ်မှု့နဲ့အတူ ပြောပြလိုက်ရင် တစ်ချက်ခုတ် သုံးချက်လောက်ပြတ်မဲ့ကိန်း ...
ခုဆို မောင်နဲ့ Yibo တို့က ကောတို့ရော ဟောက်ရွမ်းတို့နဲ့ အတူခရီးသွားပီး Wedding Photo အတွက်ရိုက်ဖို့သွားနေကြပီ ...
ကျိုးချန်ကောကတော့ သူ့မဟေသီဆီ ပြန်သွားလေတော့ ယွီပင်းကောမှာ 5th Wheel ကြီးလို့ဖြစ်လို့ ...
သူတို့မှာတော့ Professional Photographer ပါလာပေမဲ့ ဟောက်ရွမ်းတို့အတွဲက ယွီပင်းကော ရိုက်ပေးပါဦးဆိုပီး ရိုက်တဲ့နေရာတိုင်းကို ခေါ်ရိုက်နေတော့တာ ... ယွီပင်းကောကလဲ အတွဲတွေကြား စိတ်ညစ်နေပေမဲ့ မညီးမညူ ရိုက်ပေး
ရှာတရ် ...
Traditional Costume လေးနဲ့ရိုက်ချင်တဲ့ဆိုပီး ပူဆာလို့ မောင်ကလဲ လိုက်၀တ်ပီးရိုက်ပေးရှာတရ် ...
ဒီ Wedding Photoလေးကတော့ သူတို့ ဧည့်ခန်းမှာ
ချိတ်မဲ့ပုံလေး
မ
ောင်က Wedding အမှတ်တရဆိုပီး သူပုံတူပန်းချီလေး လက်ဆောင်ပေးသေးတရ် ...
^ မောင် မအားတဲ့ကြားကနေ ... ^
^ အသည်းလေးအတွက်ပဲ ... ဘယ်လိုလဲ ကြိုက်ရဲ့လား ^
^ အရမ်းကြိုက်တရ် ... ကျေးဇူးတင်ပါတရ် မောင် ... ကျွန်တော့်ပုံတွေ ပြခန်းတောင် ဖွင့်လို့ရနေလောက်ပီ ... အဟီး ^
^ မဖွင့်ပါဘူး ... မောင့် Wang ရဲ့အလှတွေကို လူတွေမြင်မှာကြည့်မှာ မကြိုက်ပါဘူး ... မောင်တို့ခြံလေးထဲမှာ Greenhouse လိုအခန်းလေး လုပ်ခိုင်းထားတရ် ... မောင့် အသက်စုဖူးလေး ပုံတွေအာ့မှာထားမရ် ... ^
^ ဟိုလေ မောင် ... ကလေးတွေကလဲ ပန်းချီကားလေး တး်ချက်လက်ဆောင်ပြင်ထားပေးတရ်တဲ့ ^
ကလေးလေးယောက်ပေးတဲ့ လက်ဆောင်
ဟုတ်လား ... လက်ခံလိုက်ပေါ့ Wang ရဲ့ ^
^ အယ် ... မောင်က သ၀န်မတိုဘူးလား ^
^ ကလေးတွေဆိုတာ Wang Training ပေးနေတဲ့ကောင်လေးတွေမလား ... မောင့်ကို Dew ကကြိုပြောပြထားပီးသား ... မောင်က သ၀န်မတိုတာတော့ မဟုတ်ဘူးနော် ... နည်းနည်းလေးလျော့ထားပေးတာ ... နောက်ပီး မောင့်တို့အတွက်လက်ဖွဲဆိုတော့ ... ^
^ အာ ... ကျွန်တော်က မောင့်ဖို့ ဘာမှမပြင်ခဲ့ရသေးဘူး ... ^
^ မလိုပါဘူး ကလေးရယ် ... Wang မောင့်ကို နေ့စဉ်တိုးချစ်ပေးတာ မောင့်အတွက်လက်ဆောင်ပဲ ... ပေးမရ်မလား ပူတူးလေး ^
^ မောင်ကတော့ တောင်းစရာမလိုတဲ့ လက်ဆောင်တွေ တောင်းနေပြန်ပီ ^
လစ်ခနဲ့ Dinner ဝိုင်းတဲ့ ပြေးသွားတဲ့ Wang ကိုသူမဖမ်းလိုက်နိုင် ... မားတို့ကြားထဲ ပြုံးပီးချွဲနေတဲ့ ကောင်လေးကိုကြည့်ပီး သူမျက်ရည်ဝဲမိသွားတရ် ...
Idol နှစ်ယောက်အပေါ်ထိခိုက်စေလိုသော အသုံးအနှုန်းများရှိရင် အားမနာတမ်းလာပြောလို့ရပါတရ်ရှင့် ...
ပုံတွေအားလုံး Credit ပေးပါတရ်ရှင့် ...
#Violet
Advertisement
- In Serial17 Chapters
Half a Step Away from Love
In the scheming world of palace intrigue, Inessa Antego is in her element. Being the first lady-in-waiting to the Duke's sister, she won't stop at anything to please her mistress. Cancel an unwanted wedding? Easy. Show a secret lover out of the Duchess' bedchamber? Not a problem. Steal a portrait which compromizes the Duke? All you need is ask. Never mind she does it all with a little help from the palace ghosts. It's true that ghosts' friendship comes with strings attached, but what's a few favors between friends? The only problem is, Inessa has to play her scheming game against Lord Cameron Estley. Who is smart, clever and painfully handsome. Can she successfully juggle her lady's interests and those of her own heart? Especially considering that hate is only half a step away from love?
8 127 - In Serial14 Chapters
wrong number | ✓
in which a girl texts the wrong number and gets a response.
8 118 - In Serial27 Chapters
The Letters I Never Sent || completed
I like someone but he doesn't like me back
8 112 - In Serial10 Chapters
YanShi Fanfic (Ice Fantasy) [COMPLETED]
Short stories between the hot headed Fire Princess and level headed Fire - Ice Prince. Pairings: Ying Kong Shi x Yan Da Yun Fei x Yan Da
8 95 - In Serial32 Chapters
Isolation - a Dramione Fanfiction
When the war survivors from the school of Which Craft and Wizardry return to finish their remaining years, everyone seems to have different feelings. The Golden Trio is happy to be back to their rebuild home and happy to finally safe. Though it's not quite as safe as they had hoped. When Dementors suddenly start popping up and people start dying, what length will they go to, to have the life they want, to be safe and to save the people they love. Best Ranking - #1 in Hermione & Draco-I do not own any characters or settings, only the plot- -Some Mature Content (for some language and darker themes)-
8 152 - In Serial140 Chapters
Of All Things, I Became a Crow
After Yeo-ju dies in an accident, she is reincarnated as a crow in a female-oriented (otome) game she played a long time ago. The first place she opened her eyes was in a forest, and she was afraid and terrified of the reality that she had to live as a crow in the future. Thinking that she needs to find someone to raise her, she searches for people and finds the wounded Crown Prince Karmeut. She hopes that the Crown Prince will take care and raise her later with utmost sincerity. She evaded the orcs, bring him food, and find some herbs to heal him… Thank you for reading Of All Things, I Became a Crow novel @ ReadWebNovels.net Read Daily Updated Light Novel, Web Novel, Chinese Novel, Japanese And Korean Novel Online.
8 197

