《၂။ ဗျူဟာခင်းတဲ့ အစ်မကြီးဇွန်ဘီ (Myanmar Translation)》201
Advertisement
၂၀၁။ အထဲကိုထည့်ဖို့ အချိန်မရှိဘူး
ရှောင်ယွင့်လုံသည် အိပ်နေသည့် ဝူယွဲ့လျန်ကို ဖွဖွလေးပုတ်၍ ချော့သိပ်နေကာ သူမ၏ရှေ့ဆံမြိတ်လေးကို ထိလိုက်သည်။
"ရပါတယ် သူကငါ့သမီးလေးလိုပဲ။ ဒါပင်မယ့် မင်းမလုပ်ခင် သေချာတွေး။ သတ်နိုင်ဖို့ မသေချာရင် သွားစိန်ခေါ်တာမျိုး မလုပ်နဲ့။ မဟုတ်ရင် ငါတို့အကုန်လုံး ဒုက္ခရောက်မှာ"
ဝူချန်းယွဲ့သည် သူ့ကိုပြုံးကြည့်ကာ ဘာမှမပြောပေ။ မုန့်ယွဲ့က လှည့်ကြည့်ကာ ရှောင်ယွင့်လုံအား
"ဟုတ်ပြီ တော်တော့။ စခန်းခေါင်းဆောင်သုံးယောက်လုံးက အဆင့်တူနေပြီဆိုတာကို နင်သိတယ်မလား။ နောက်အဆင့်ကို ဖြစ်နိုင်သမျှ မြန်မြန်ရောက်မှ ဖြစ်မှာ။ တခြားနှစ်ယောက်သာ အရင်အဆင့်မြင့်သွားရင် မကောင်းတော့ဘူး!"
ရှောင်ယွင့်လုံသည် မျက်မှောင်ကျုံ့ကာ ငြိမ်ကျသွားသည်။ မုန့်ယွဲ့ပြောသည်က မှန်သည်။ အကယ်၍ စခန်းက အဆင့်၈ရောက်နေသည့် ခေါင်းဆောင်သုံးယောက်ထဲက တစ်ယောက်သာ အဆင့်ထပ်မြင့်သွားလျှင် လက်ရှိမျှတနေသည့် အခြေအနေသည် ပျက်စီးသွားမည်။ အကယ်၍ ကျိုးရှုဟွေ့သာ အရင်အဆင့်မြင့်သွားပါက ဝူချန်းယွဲ့တို့အတွက် အရမ်းမဆိုးဝါးသော်လည်း ယန်ချောင်းသာ အဆင့်မြင့်သွားလျှင် သူတို့ကို သေချာပေါက် ဖိနှိပ်တော့မှာ ဖြစ်သည်။
ဝူချန်းယွဲ့သည် လက်ရှိအခြေအနေကြောင့်သာ မဟုတ်ပါက ဒီလိုအရဲစွန့်မှာ မဟုတ်ပေ။ မုန့်ယွဲ့က ပြောသည်။
"ဟန်ကျိုးက လူဦးရေထူထပ်တယ်။ အဲ့ဒါကြောင့် ငါတို့ဒီမြို့ကနေ အစာအထောက်အပံ့အများကြီး ရလောက်မယ်။ တကယ်လို့ ဇွန်ဘီဘုရင်ကိုသာ သတ်နိုင်ရင် အများကြီးရှာနိုင်မှာ။ ဒါကိုတွေးရုံနဲ့ ငါတို့ရှေ့ဆက်လုပ်သင့်နေပြီ"
ကားများသည် လင်းချင်းရှိသည့် နေရာသို့ ရောက်လာနေပြီ။ ဆယ်မိုင်ဆိုသည်က ခနလောက်သာ ကြာသည်။
ထိုအချိန်တွင် လင်းချင်းမှာတော့ မကောင်းသည့် အခြေအနေသို့ ရောက်နေရှာသည်။ သူမသည် ကိုယ်ဖျောက်ထားသဖြင့် ဇွန်ဘီဘုရင်က မရှာနိုင်ပေ။ ထို့ကြောင့် ရူးသလိုဖြစ်နေကာ မဆင်မခြင်ဖြင့် တိုက်ခိုက်နေတာ ဖြစ်သည်။ မီတာတစ်ရာတစ်ပတ်လည်သို့ ကောင်းကင်ကနေ မိုးကြိုးများက ပစ်ချနေသဖြင့် အနားက အဆောက်အဦး၊ သစ်ပင်နှင့် ဓာတ်တိုင်များကို ထိနေသည်။ ဓာတ်ကြိုးများနှင့် အုတ်ကွန်ကရစ်အပိုင်းအစများကလည်း ပြုတ်ကျလို့နေသည်။
"ဘုန်း! ဘုန်း! ဘန်း! ဘန်း!"
မိုးကြိုးပစ်သံများကို အဆုံးမရှိအောင်ကို ဆက်တိုက်ကြားနေရသည်။ လင်းချင်းသည် နယ်မြေထဲသို့ ဝင်လိုက်သည်။ ထိုအချိန်တွင် သူမသည် ကန်ဘေးတွင် မျက်လုံးကိုမှိတ်ကာ အပြင်အခြေအနေကို ကြည့်နေသည်။ ဇွန်ဘီဘုရင်က သူမကို ဒေါသတကြီး လိုက်ရှာနေသည်ကို မြင်ရသည်။
'ငါကနယ်မြေထဲကို ဝင်ပုန်းလိုက်ပြီ။ နင်ကဘာလုပ်နိုင်မှာမလို့လဲ? ကြိုက်သလောက်သာ ပေါက်ကွဲ။ ငါကနင့်ထက် ပိုအားရှိတယ်။ နင့်ဟာနင် ကြိုက်သလိုသာ လုပ်'
လင်းချင်းက တွေးနေသည်။ သူမသည် နယ်မြေထဲကနေ အခုထွက်လို့မရပေ။ ထွက်လိုက်ပါက မိုးကြိုးပစ်ခံရမည်ဖြစ်သည်။ ကိုယ်ဖျောက်ထားသော်လည်း မိုးကြိုးပစ်ခံရလျှင်တော့ သူမက နာမှာ ဖြစ်သည်။
မိုးကြိုးများသည် ကောင်းကင်ကနေ မိုးရေစက်များလို ကျနေသည်။ လင်းချင်းသည် နယ်မြေထဲကနေ ထွက်လိုက်သည်နှင့် ပျက်စီးနေသည့် အဆောက်အဦးများကို တွေ့ရတော့မှာ ဖြစ်သည်။
လုထန်ရိနှင့် အခြားသူများသည် လင်းချင်းက ရေကန်ကို မျက်နှာမှုလျှက် ရပ်နေသည်ကို နောက်ကနေ ကြည့်ရင်း ဘာလုပ်နေမှန်း မသိကြပေ။
"ဘာဖြစ်လို့ ရုတ်တရက်ကြီး အထဲကို ခေါ်လာတာလဲ? တခြားသူတွေကို ဘာဖြစ်လို့ မခေါ်တာလဲ?"
"ဟုတ်တယ်။ ဘာဖြစ်လို့ ငါတို့ပဲလဲ? ဆရာကို ဘာပြောထားသေးလဲ?"
လုထန်ရိသည် သူတို့ကို ကြည့်လိုက်ကာ
"မင်းတို့နဲ့ ဆိုင်တဲ့ကိစ္စမဟုတ်ပါဘူး။ ဘာဖြစ်လို့ ခေါ်လာလဲကိုတော့ ငါလည်းသိချင်နေတာ။ ငါတို့စကားပြောလို့တောင် မပြီးသေးဘူး။ ရုတ်တရက်ကြီး ထွက်သွားပြီးတော့ မင်းတို့ကို ခေါ်လာတာပဲ"
လုထန်ရိနှင့် ကောင်းချင်းမင်းတို့သည် လင်းချင်း၏သရုပ်မှန်နှင့် ပတ်သတ်၍ ရှုပ်ထွေးနေကြကာ သူမက သူတို့အား ပြောတောင်မပြရသေးပေ။ သူတို့စကားပြော၍ မဆုံးသေးခင် ထွက်သွားကာ လူတွေကိုထည့်လိုက်ခြင်း ဖြစ်သည်။
"အပြင်မှာ တစ်ခုခုဖြစ်လို့လား? ကျန်တဲ့သူတွေက ဘာဖြစ်လို့ ဒီမှာ မရှိရတာလဲ?"
ကောင်းချင်းမင်းက မေးလိုက်သည်။
ဟွမ်ရှို့သည် ခေါင်းခါကာ နားမလည်စွာဖြင့် ဖြေသည်။
"ဘာမှသိပ်မထူးပါဘူး။ ကျွန်တော်တို့က လမ်းဘေးမှာထိုင် စကားပြောနေတုန်း ရုတ်တရက်ပေါ်လာပြီး ဘာမှမပြောဘဲ ခေါ်လာတာ။ ပြီးတော့တခြားသူတွေကို ခေါ်လာပင်မယ့် သူတို့ကို ဘာဖြစ်လို့ ထားခဲ့လဲတော့ မသိဘူး။ ဘာဖြစ်လို့ ခေါ်လာမှန်းလည်း ကျွန်တော်တို့သိတာမှ မဟုတ်တာ"
ထိုအချိန်တွင် ရှဲ့တုန်းသည် စာရေးပြသည်။
'ခေါ်ဖို့အချိန်မရှိတော့လို့'
"အချိန်မရှိတာ? ဘာဖြစ်လို့လဲ?"
အခြားသူများသည် တအံ့တသြမေးကြသည်။
လင်းချင်း၏အပြုအမှုအရ ရှဲ့တုန်းသည် သူတို့ကို မခေါ်လာခင် တစ်ခုခုကို အာရုံရ၍ ဖြစ်ကြောင်း သိလိုက်သည်။ မဟုတ်လျှင် ဘာကြောင့် ခေါ်ထားမည်နည်း? အန္တရာယ်ရှိ၍ပဲ ဖြစ်လိမ့်မည်။ ရှဲ့တုန်းသည် သူလည်း အဖြေကို တိတိကျကျ မသိသဖြင့် ခေါင်းခါပြလိုက်သည်။
ထိုအချိန်တွင် လင်းချင်းသည် မျက်လုံးဖွင့်ကာ သူတို့ကို လှည့်ကြည့်၍ ဖြည်းဖြည်းချင်း ပြောသည်။
"ဘုရင်"
လုထန်ရိတို့သည် သူမပြောသည်ကို ချက်ချင်းနားမလည်နိုင်ပေ။ ကောင်းချင်းမင်းက မေးသည်။
"ဘုရင်? ဘာဘုရင်လဲ?"
ဟွမ်ရှို့နှင့် အခြားသူများကတော့ လင်းချင်း၏ ခြောက်ကပ်ကာ ကွဲအက်နေသည့် အသံကြောင့် စိတ်ပျက်သွားကြသည်။ သူတို့မှာ သူမ၏အသံသည် ဆွဲဆောင်မှုရှိစွာ အေးအေးဆေးဆေးဖြင့် ရွှင်ပြသည့်အသံလေး ဖြစ်မည်ဟု မျှော်လင့်ခဲ့သော်လည်း အသံသည် အက်ကွဲနေရုံတင်မကဘဲ ယောက်ျားသံလိုတောင် ဖြစ်နေသေးသည်။
Advertisement
သူတို့လိုမဟုတ်သည် ရှဲ့တုန်းက လင်းချင်းကို တအံ့တသြကြည့်ကာ ရေး၍မေးသည်။
"ဇွန်ဘီဘုရင်လား? အဆင့်၆?"
လင်းချင်းက ခေါင်းငြိမ့်ပြသည်။
အခြားသူများသည် ဘာရေးပြ၍ ခေါင်းငြိမ့်လိုက်သလဲ သိချင်သဖြင့် ကြည့်ကြသည်။ အနားက ဟွမ်ရှို့ကတော့ ရေးလိုက်သည်ကို သေချာမြင်လိုက်၍
"ဟင်? ဇွန်ဘီဘုရင်လား? အဆင့်၆လေ!"
သူသည် မျက်လုံးအပြူးသားဖြင့် လင်းချင်းကို မော့ကြည့်လိုက်သည်။ သူ့အသံကြားသည့်အခါ အခြားသူများကလည်း ကြောင်အသွားကာ မယုံနိုင်သည့် မျက်နှာများ ဖြစ်ကုန်ကြသည်။ သူတို့ကြားလိုက်သည်ကို သူတို့မယုံနိုင်ကြပေ။
"တကယ်လား!"
"မဖြစ်နိုင်တာ!"
"သေပါတော့!"
"ဒါဆိုရင် တခြားသူတွေက"
လုထန်ရိသည့် ကျန်သည့်ငါးယောက်ကို တွေးမိသွားကာ လင်းချင်းကို ကြည့်လိုက်သည်။ လင်းချင်းသည် သူတို့ကိုတစ်ချက်ကြည့်၍ မျက်လုံးကိုမှိတ်ကာ အပြင်အခြေအနေကို ကြည့်လိုက်သည့်အခါ မိုးကြိုးအများစုက ပါးသွားပြီ ဖြစ်ကြောင်း သိလိုက်သည်။
ထို့ကြောင့် ရှဲ့တုန်းအား လက်ဟန်ပြလိုက်ကာ ချက်ချင်း နယ်မြေထဲကနေ ထွက်သွားသည်။ လုထန်ရိတို့အဖွဲ့က တချို့လူများသည် ဒီလက်ဟန်ကို နားလည်လိုက်သော်လည်း အချို့က မသိပေ။ ကောင်းချင်းမင်းက အကုန်နားလည်လိုက်ချိန်တွင် ဟွမ်ရှို့က တစ်ချို့တစ်ဝက်သာ သိလိုက်သည်။ ကောင်းချင်းမင်း၏အကိုသည် ကင်းထောက်ဖြစ်ခဲ့ရာ အိမ်သို့ပြန်လာတိုင်း သူ့ညီလေးကို သင်ပေးလေ့ရှိသည်။ ငယ်စဉ်ထဲက သင်ကြားခြင်းခံရသည့် ဉာဏ်ကောင်းသည့် ကောင်းချင်းမင်းသည် သူ့အကိုလိုပဲ ထူးချွန်သည့် ကင်းထောက်လူငယ် ဖြစ်လာတာဖြစ်သည်။ ထို့ကြောင့် မိသားစုကို ဆုံးရှုံးခဲ့သည့်နောက် ဉာဏ်ကောင်းသည့်သူသည် စခန်းသို့ဝင်ခဲ့သည်။
ဟွမ်ရှို့ကတော့ ကမ္ဘာကပ်ဖြစ်တုန်းက သူသည် တာဝန်ထမ်းဆောင်နေသည်မှာ ပထမနှစ်သာ ရှိသေးသည်။ ထို့ကြောင့် လင်းချင်း၏ လက်ဟန်အကုန်လုံးကို မသိဘဲ တစ်ဝက်လောက်သာ သိလေသည်။ ပြီးတော့ အထူးတပ်ဖွဲ့ကလူမဟုတ်ခဲ့ပေ။ ကျန်သည့်သူများကတော့ တက္ကသိုလ်ကျောင်းသားများနှင့် လုပ်ငန်းခွင်က ငယ်ရွယ်သူများ ဖြစ်ခဲ့သောကြောင့် ရှဲ့တုန်းနှင့် ကောင်းချင်းမင်းတို့သာ လင်းချင်းပြသွားသည်ကို အပြည့်အဝနားလည်ကြတာ ဖြစ်သည်။ ဟွမ်ရှို့ကတော့ လင်းချင်းလုပ်ပြသွားသည့်မှာ တပ်ဘက်ကသုံးသည့် လက်ဟန်များဖြစ်သည်ကို သေချာသိသော်လည်း ဘာအဓိပ္ပါယ်မှန်းတော့ သူသေချာမသိပေ။
Zawgyi Ver
၂၀၁။ အထဲကိုထည့္ဖို႔ အခ်ိန္မရွိဘူး
ေရွာင္ယြင့္လုံသည္ အိပ္ေနသည့္ ဝူယြဲ႕လ်န္ကို ဖြဖြေလးပုတ္၍ ေခ်ာ့သိပ္ေနကာ သူမ၏ေရွ႕ဆံၿမိတ္ေလးကို ထိလိုက္သည္။
"ရပါတယ္ သူကငါ့သမီးေလးလိုပဲ။ ဒါပင္မယ့္ မင္းမလုပ္ခင္ ေသခ်ာေတြး။ သတ္နိုင္ဖို႔ မေသခ်ာရင္ သြားစိန္ေခၚတာမ်ိဳး မလုပ္နဲ႕။ မဟုတ္ရင္ ငါတို႔အကုန္လုံး ဒုကၡေရာက္မွာ"
ဝူခ်န္းယြဲ႕သည္ သူ႕ကိုၿပဳံးၾကည့္ကာ ဘာမွမေျပာေပ။ မုန့္ယြဲ႕က လွည့္ၾကည့္ကာ ေရွာင္ယြင့္လုံအား
"ဟုတ္ၿပီ ေတာ္ေတာ့။ စခန္းေခါင္းေဆာင္သုံးေယာက္လုံးက အဆင့္တူေနၿပီဆိုတာကို နင္သိတယ္မလား။ ေနာက္အဆင့္ကို ျဖစ္နိုင္သမွ် ျမန္ျမန္ေရာက္မွ ျဖစ္မွာ။ တျခားႏွစ္ေယာက္သာ အရင္အဆင့္ျမင့္သြားရင္ မေကာင္းေတာ့ဘူး!"
ေရွာင္ယြင့္လုံသည္ မ်က္ေမွာင္က်ဳံ႕ကာ ၿငိမ္က်သြားသည္။ မုန့္ယြဲ႕ေျပာသည္က မွန္သည္။ အကယ္၍ စခန္းက အဆင့္၈ေရာက္ေနသည့္ ေခါင္းေဆာင္သုံးေယာက္ထဲက တစ္ေယာက္သာ အဆင့္ထပ္ျမင့္သြားလွ်င္ လက္ရွိမွ်တေနသည့္ အေျခအေနသည္ ပ်က္စီးသြားမည္။ အကယ္၍ က်ိဳးရႈေဟြ႕သာ အရင္အဆင့္ျမင့္သြားပါက ဝူခ်န္းယြဲ႕တို႔အတြက္ အရမ္းမဆိုးဝါးေသာ္လည္း ယန္ေခ်ာင္းသာ အဆင့္ျမင့္သြားလွ်င္ သူတို႔ကို ေသခ်ာေပါက္ ဖိႏွိပ္ေတာ့မွာ ျဖစ္သည္။
ဝူခ်န္းယြဲ႕သည္ လက္ရွိအေျခအေနေၾကာင့္သာ မဟုတ္ပါက ဒီလိုအရဲစြန့္မွာ မဟုတ္ေပ။ မုန့္ယြဲ႕က ေျပာသည္။
"ဟန္က်ိဳးက လူဦးေရထူထပ္တယ္။ အဲ့ဒါေၾကာင့္ ငါတို႔ဒီၿမိဳ႕ကေန အစာအေထာက္အပံ့အမ်ားႀကီး ရေလာက္မယ္။ တကယ္လို႔ ဇြန္ဘီဘုရင္ကိုသာ သတ္နိုင္ရင္ အမ်ားႀကီးရွာနိုင္မွာ။ ဒါကိုေတြး႐ုံနဲ႕ ငါတို႔ေရွ႕ဆက္လုပ္သင့္ေနၿပီ"
ကားမ်ားသည္ လင္းခ်င္းရွိသည့္ ေနရာသို႔ ေရာက္လာေနၿပီ။ ဆယ္မိုင္ဆိုသည္က ခနေလာက္သာ ၾကာသည္။
ထိုအခ်ိန္တြင္ လင္းခ်င္းမွာေတာ့ မေကာင္းသည့္ အေျခအေနသို႔ ေရာက္ေနရွာသည္။ သူမသည္ ကိုယ္ေဖ်ာက္ထားသျဖင့္ ဇြန္ဘီဘုရင္က မရွာနိုင္ေပ။ ထို႔ေၾကာင့္ ႐ူးသလိုျဖစ္ေနကာ မဆင္မျခင္ျဖင့္ တိုက္ခိုက္ေနတာ ျဖစ္သည္။ မီတာတစ္ရာတစ္ပတ္လည္သို႔ ေကာင္းကင္ကေန မိုးႀကိဳးမ်ားက ပစ္ခ်ေနသျဖင့္ အနားက အေဆာက္အဦး၊ သစ္ပင္ႏွင့္ ဓာတ္တိုင္မ်ားကို ထိေနသည္။ ဓာတ္ႀကိဳးမ်ားႏွင့္ အုတ္ကြန္ကရစ္အပိုင္းအစမ်ားကလည္း ျပဳတ္က်လိဳ႕ေနသည္။
"ဘုန္း! ဘုန္း! ဘန္း! ဘန္း!"
မိုးႀကိဳးပစ္သံမ်ားကို အဆုံးမရွိေအာင္ကို ဆက္တိုက္ၾကားေနရသည္။ လင္းခ်င္းသည္ နယ္ေျမထဲသို႔ ဝင္လိုက္သည္။ ထိုအခ်ိန္တြင္ သူမသည္ ကန္ေဘးတြင္ မ်က္လုံးကိုမွိတ္ကာ အျပင္အေျခအေနကို ၾကည့္ေနသည္။ ဇြန္ဘီဘုရင္က သူမကို ေဒါသတႀကီး လိုက္ရွာေနသည္ကို ျမင္ရသည္။
'ငါကနယ္ေျမထဲကို ဝင္ပုန္းလိုက္ၿပီ။ နင္ကဘာလုပ္နိုင္မွာမလို႔လဲ? ႀကိဳက္သေလာက္သာ ေပါက္ကြဲ။ ငါကနင့္ထက္ ပိုအားရွိတယ္။ နင့္ဟာနင္ ႀကိဳက္သလိုသာ လုပ္'
လင္းခ်င္းက ေတြးေနသည္။ သူမသည္ နယ္ေျမထဲကေန အခုထြက္လို႔မရေပ။ ထြက္လိုက္ပါက မိုးႀကိဳးပစ္ခံရမည္ျဖစ္သည္။ ကိုယ္ေဖ်ာက္ထားေသာ္လည္း မိုးႀကိဳးပစ္ခံရလွ်င္ေတာ့ သူမက နာမွာ ျဖစ္သည္။
မိုးႀကိဳးမ်ားသည္ ေကာင္းကင္ကေန မိုးေရစက္မ်ားလို က်ေနသည္။ လင္းခ်င္းသည္ နယ္ေျမထဲကေန ထြက္လိုက္သည္ႏွင့္ ပ်က္စီးေနသည့္ အေဆာက္အဦးမ်ားကို ေတြ႕ရေတာ့မွာ ျဖစ္သည္။
လုထန္ရိႏွင့္ အျခားသူမ်ားသည္ လင္းခ်င္းက ေရကန္ကို မ်က္ႏွာမႈလွ်က္ ရပ္ေနသည္ကို ေနာက္ကေန ၾကည့္ရင္း ဘာလုပ္ေနမွန္း မသိၾကေပ။
Advertisement
"ဘာျဖစ္လို႔ ႐ုတ္တရက္ႀကီး အထဲကို ေခၚလာတာလဲ? တျခားသူေတြကို ဘာျဖစ္လို႔ မေခၚတာလဲ?"
"ဟုတ္တယ္။ ဘာျဖစ္လို႔ ငါတို႔ပဲလဲ? ဆရာကို ဘာေျပာထားေသးလဲ?"
လုထန္ရိသည္ သူတို႔ကို ၾကည့္လိုက္ကာ
"မင္းတို႔နဲ႕ ဆိုင္တဲ့ကိစၥမဟုတ္ပါဘူး။ ဘာျဖစ္လို႔ ေခၚလာလဲကိုေတာ့ ငါလည္းသိခ်င္ေနတာ။ ငါတို႔စကားေျပာလို႔ေတာင္ မၿပီးေသးဘူး။ ႐ုတ္တရက္ႀကီး ထြက္သြားၿပီးေတာ့ မင္းတို႔ကို ေခၚလာတာပဲ"
လုထန္ရိႏွင့္ ေကာင္းခ်င္းမင္းတို႔သည္ လင္းခ်င္း၏သ႐ုပ္မွန္ႏွင့္ ပတ္သတ္၍ ရႈပ္ေထြးေနၾကကာ သူမက သူတို႔အား ေျပာေတာင္မျပရေသးေပ။ သူတို႔စကားေျပာ၍ မဆုံးေသးခင္ ထြက္သြားကာ လူေတြကိုထည့္လိုက္ျခင္း ျဖစ္သည္။
"အျပင္မွာ တစ္ခုခုျဖစ္လို႔လား? က်န္တဲ့သူေတြက ဘာျဖစ္လို႔ ဒီမွာ မရွိရတာလဲ?"
ေကာင္းခ်င္းမင္းက ေမးလိုက္သည္။
ဟြမ္ရွို႔သည္ ေခါင္းခါကာ နားမလည္စြာျဖင့္ ေျဖသည္။
"ဘာမွသိပ္မထူးပါဘူး။ ကြၽန္ေတာ္တို႔က လမ္းေဘးမွာထိုင္ စကားေျပာေနတုန္း ႐ုတ္တရက္ေပၚလာၿပီး ဘာမွမေျပာဘဲ ေခၚလာတာ။ ၿပီးေတာ့တျခားသူေတြကို ေခၚလာပင္မယ့္ သူတို႔ကို ဘာျဖစ္လို႔ ထားခဲ့လဲေတာ့ မသိဘူး။ ဘာျဖစ္လို႔ ေခၚလာမွန္းလည္း ကြၽန္ေတာ္တို႔သိတာမွ မဟုတ္တာ"
ထိုအခ်ိန္တြင္ ရွဲ႕တုန္းသည္ စာေရးျပသည္။
'ေခၚဖို႔အခ်ိန္မရွိေတာ့လို႔'
"အခ်ိန္မရွိတာ? ဘာျဖစ္လို႔လဲ?"
အျခားသူမ်ားသည္ တအံ့တၾသေမးၾကသည္။
လင္းခ်င္း၏အျပဳအမႈအရ ရွဲ႕တုန္းသည္ သူတို႔ကို မေခၚလာခင္ တစ္ခုခုကို အာ႐ုံရ၍ ျဖစ္ေၾကာင္း သိလိုက္သည္။ မဟုတ္လွ်င္ ဘာေၾကာင့္ ေခၚထားမည္နည္း? အႏၲရာယ္ရွိ၍ပဲ ျဖစ္လိမ့္မည္။ ရွဲ႕တုန္းသည္ သူလည္း အေျဖကို တိတိက်က် မသိသျဖင့္ ေခါင္းခါျပလိုက္သည္။
ထိုအခ်ိန္တြင္ လင္းခ်င္းသည္ မ်က္လုံးဖြင့္ကာ သူတို႔ကို လွည့္ၾကည့္၍ ျဖည္းျဖည္းခ်င္း ေျပာသည္။
"ဘုရင္"
လုထန္ရိတို႔သည္ သူမေျပာသည္ကို ခ်က္ခ်င္းနားမလည္နိုင္ေပ။ ေကာင္းခ်င္းမင္းက ေမးသည္။
"ဘုရင္? ဘာဘုရင္လဲ?"
ဟြမ္ရွို႔ႏွင့္ အျခားသူမ်ားကေတာ့ လင္းခ်င္း၏ ေျခာက္ကပ္ကာ ကြဲအက္ေနသည့္ အသံေၾကာင့္ စိတ္ပ်က္သြားၾကသည္။ သူတို႔မွာ သူမ၏အသံသည္ ဆြဲေဆာင္မႈရွိစြာ ေအးေအးေဆးေဆးျဖင့္ ႐ႊင္ျပသည့္အသံေလး ျဖစ္မည္ဟု ေမွ်ာ္လင့္ခဲ့ေသာ္လည္း အသံသည္ အက္ကြဲေန႐ုံတင္မကဘဲ ေယာက္်ားသံလိုေတာင္ ျဖစ္ေနေသးသည္။
သူတို႔လိုမဟုတ္သည္ ရွဲ႕တုန္းက လင္းခ်င္းကို တအံ့တၾသၾကည့္ကာ ေရး၍ေမးသည္။
"ဇြန္ဘီဘုရင္လား? အဆင့္၆?"
လင္းခ်င္းက ေခါင္းၿငိမ့္ျပသည္။
အျခားသူမ်ားသည္ ဘာေရးျပ၍ ေခါင္းၿငိမ့္လိုက္သလဲ သိခ်င္သျဖင့္ ၾကည့္ၾကသည္။ အနားက ဟြမ္ရွို႔ကေတာ့ ေရးလိုက္သည္ကို ေသခ်ာျမင္လိုက္၍
"ဟင္? ဇြန္ဘီဘုရင္လား? အဆင့္၆ေလ!"
သူသည္ မ်က္လုံးအျပဴးသားျဖင့္ လင္းခ်င္းကို ေမာ့ၾကည့္လိုက္သည္။ သူ႕အသံၾကားသည့္အခါ အျခားသူမ်ားကလည္း ေၾကာင္အသြားကာ မယုံနိုင္သည့္ မ်က္ႏွာမ်ား ျဖစ္ကုန္ၾကသည္။ သူတို႔ၾကားလိုက္သည္ကို သူတို႔မယုံနိုင္ၾကေပ။
"တကယ္လား!"
"မျဖစ္နိုင္တာ!"
"ေသပါေတာ့!"
"ဒါဆိုရင္ တျခားသူေတြက"
လုထန္ရိသည့္ က်န္သည့္ငါးေယာက္ကို ေတြးမိသြားကာ လင္းခ်င္းကို ၾကည့္လိုက္သည္။ လင္းခ်င္းသည္ သူတို႔ကိုတစ္ခ်က္ၾကည့္၍ မ်က္လုံးကိုမွိတ္ကာ အျပင္အေျခအေနကို ၾကည့္လိုက္သည့္အခါ မိုးႀကိဳးအမ်ားစုက ပါးသြားၿပီ ျဖစ္ေၾကာင္း သိလိုက္သည္။
ထို႔ေၾကာင့္ ရွဲ႕တုန္းအား လက္ဟန္ျပလိုက္ကာ ခ်က္ခ်င္း နယ္ေျမထဲကေန ထြက္သြားသည္။ လုထန္ရိတို႔အဖြဲ႕က တခ်ိဳ႕လူမ်ားသည္ ဒီလက္ဟန္ကို နားလည္လိုက္ေသာ္လည္း အခ်ိဳ႕က မသိေပ။ ေကာင္းခ်င္းမင္းက အကုန္နားလည္လိုက္ခ်ိန္တြင္ ဟြမ္ရွို႔က တစ္ခ်ိဳ႕တစ္ဝက္သာ သိလိုက္သည္။ ေကာင္းခ်င္းမင္း၏အကိုသည္ ကင္းေထာက္ျဖစ္ခဲ့ရာ အိမ္သို႔ျပန္လာတိုင္း သူ႕ညီေလးကို သင္ေပးေလ့ရွိသည္။ ငယ္စဥ္ထဲက သင္ၾကားျခင္းခံရသည့္ ဉာဏ္ေကာင္းသည့္ ေကာင္းခ်င္းမင္းသည္ သူ႕အကိုလိုပဲ ထူးခြၽန္သည့္ ကင္းေထာက္လူငယ္ ျဖစ္လာတာျဖစ္သည္။ ထို႔ေၾကာင့္ မိသားစုကို ဆုံးရႈံးခဲ့သည့္ေနာက္ ဉာဏ္ေကာင္းသည့္သူသည္ စခန္းသို႔ဝင္ခဲ့သည္။
ဟြမ္ရွို႔ကေတာ့ ကမာၻကပ္ျဖစ္တုန္းက သူသည္ တာဝန္ထမ္းေဆာင္ေနသည္မွာ ပထမႏွစ္သာ ရွိေသးသည္။ ထို႔ေၾကာင့္ လင္းခ်င္း၏ လက္ဟန္အကုန္လုံးကို မသိဘဲ တစ္ဝက္ေလာက္သာ သိေလသည္။ ၿပီးေတာ့ အထူးတပ္ဖြဲ႕ကလူမဟုတ္ခဲ့ေပ။ က်န္သည့္သူမ်ားကေတာ့ တကၠသိုလ္ေက်ာင္းသားမ်ားႏွင့္ လုပ္ငန္းခြင္က ငယ္႐ြယ္သူမ်ား ျဖစ္ခဲ့ေသာေၾကာင့္ ရွဲ႕တုန္းႏွင့္ ေကာင္းခ်င္းမင္းတို႔သာ လင္းခ်င္းျပသြားသည္ကို အျပည့္အဝနားလည္ၾကတာ ျဖစ္သည္။ ဟြမ္ရွို႔ကေတာ့ လင္းခ်င္းလုပ္ျပသြားသည့္မွာ တပ္ဘက္ကသုံးသည့္ လက္ဟန္မ်ားျဖစ္သည္ကို ေသခ်ာသိေသာ္လည္း ဘာအဓိပၸါယ္မွန္းေတာ့ သူေသခ်ာမသိေပ။
Advertisement
- In Serial18 Chapters
The Entropic Knight - a litRPG Story
[Participant in the Royal Road Writathon challenge] Jarrod is a young, quiet unassuming man from a dead-end village with nothing much going on. He loves his family but wants to see more. Wants to experience more. Wants to find where he really fits in. At the age of 18 he is due to gain access to the Great System, the plaything of the Gods - and from there is able to go off on adventures as he see's fit. Read on if you want to see a young-man try and find his own way in the world, where he doesn't quite fit. This will be a voyage of discovery / adventure / slice of life story whilst primarily focusing on Jarrod. He has been born into a world with the system already in place, not dropped in, and intrinsically understands the rules.
8 225 - In Serial177 Chapters
Broken Interface
A Post-Apocalyptic LITrpg / progression fantasy. Synopsis Early one morning, the world ended. The devastating Alpha Event rewrote the very laws of reality itself, transforming peaceful cities and communities into sprawling hellscapes filled with flesh-eating zombies - and worse! For Daniel, a Zombie Apocalypse couldn’t have happened at a worse time. If he’d been back at the farm, he might have stood a better chance than most. Instead, Daniel woke up in a distant hotel room armed with nothing but a hangover. To add insult to injury, as he and other survivors shelter for safety in their hotel, Daniel discovers another misfortune. To help guide them through the horrors of this new reality, each suvivor is supposed to have been grafted with an interface - a guide to help them level up, develop their skills, and better understand the world around them. Daniel’s is broken. Nevertheless, this new reality has gifted Daniel with other strange, new powers - powers which could enable him to unite what other survivors they can find into a force capable of surviving in this cruel, new world. Kernal is the first book in the Broken Interface series, set in Alex Kozlowski’s Alpha Physics Universe - described by readers as “a breath of fresh air” in the LitRPG genre, with stories that are “human, thought out, and realistic.” Style. Single third person POV, LITRPG, with gore, adult themes but no explicit sexual content. Warning. There will be a cute pet.
8 179 - In Serial66 Chapters
Heir of the Divine Phoenix
[Participant in the Royal Road Writathon challenge] A young man died in his original world and ended up reincarnating, however, without him knowing, his bloodline and true race were sealed for an unknown amount of time. Reincarnated in a world of both cultivation and magic without anything that could help him, he decided to live ordinarily, he was forced to do so. It all changed when he met an injured girl on the forest, a Divine Phoenix on the brink of death, she saw on him what no one saw, she decided to pass her bloodline to him, accidentally awakening his own, the boy that was forced to live ordinarily would now have an extraordinary life. This is the story of the Divine Phoenix Heir. Release Schedule: 5 chapters/week - From Sunday to Tuesday. Warning: This story WILL be harem!
8 213 - In Serial10 Chapters
Haikyuu!!
приветики, с вами я, Белобрыска.не так давно я посмотрела первый сезон волейбола, и на этой основе буду писать мнения и много чего еще. надеюсь, вам понравится.
8 131 - In Serial20 Chapters
jevon oneshots (jake + devon)
one shots of jevon !! jake wheeler and devon evans :)) check out one day (another book of mine) on my page !
8 200 - In Serial37 Chapters
MaAn : The fairytale
So, its my first ff....hope u like it....Pls koi bhool ho gayi ho toh maaf kar dena..🥺🥺Enjoyyyy
8 439

