《၂။ ဗျူဟာခင်းတဲ့ အစ်မကြီးဇွန်ဘီ (Myanmar Translation)》203
Advertisement
၂၀၃။ ငါမှနင့်ကို သေချာမသိတာ
သူ့စကားကိုကြားသည့်အခါ ကျန်သည့်သူများသည်လည်း သူတို့၏ကံကြမ္မာကို အပြစ်တင်ကြတော့သည်။ သူတို့ထဲကတစ်ယောက်ဖြစ်သည့် လျူကျင်းသည် ပါးစပ်ဟလိုက်သော်လည်း ဘာမှမပြောတော့ပေ။ ဒီလိုအခြေအနေမှာ လူများက မကောင်းမြင်ကြမည်ဆိုသည်ကို နားလည်ပါသည်။
ထိုအချိန်တွင် နောက်တစ်ယောက်က ပြောသည်။
"တခြားသူတွေကို မသေတာထက်စာရင် ကောင်းပါတယ်။ တကယ်လို့ ဒီနေ့သေရမယ့်သူရှိရင်လည်း ငါတို့ပဲ အသေခံလိုက်ပါ့မယ်။ ငါကတော့ ဒါအဆင်ပြေပါတယ်။ တကယ်လို့ ငါတို့သာရှင်မယ်ဆိုရင် ဒါကအသက်ပိုတစ်ချောင်း ရလိုက်သလိုပဲပေါ့"
"နှစ်သက်"
ရုတ်တရက် အက်ကွဲနေသည့်အသံက ဝင်ပြောလာသည်။
"နှစ်သက်? အသက်နှစ်ချောင်းကို ငါတို့ဘယ်လိုရမှာလဲ?"
ထိုအသံကို မမှတ်မိသည့်သူသည် ဘာမှမတွေးဘဲ ပြန်ဖြေလိုက်သည်။ သို့သော်လည်း လေးစက္ကန့်လောက်ကြာသည့်အခါ သူတို့သည် အိပ်မက်ကနိုးသွားသူများလို တံခါးရှိရာသို့ လှည့်ကြည့်လိုက်ကြသည်။
တံခါးဝတွင် လူတစ်ယောက်ကရပ်နေကာ ဘယ်ချိန်တည်းက သူမရောက်နေသလဲကို သူတို့မသိကြပေ။ သူမသည် ပြောက်ကျားစွပ်ကျယ်ကိုဝတ်ထားဆဲဖြစ်ကာ သွယ်လျသည့်ခါးက လစ်ဟာနေသည်။ ဘောင်းဘီပွပွကြီးနှင့် ဘွတ်ဖိနပ်တို့က သူမ၏ရှည်လျားသွယ်လျသည့် ခြေတံများကို မဖုံးနိုင်ပေ။ ကုတ်အကျီကို ပုခုံးတွင်ချီ၍ချထားကာ နေကာမျက်မှန်ကို တပ်ထားဆဲဖြစ်ပြီး ဦးထုပ်ဆောင်းထားဆဲပင်။ သူမသည် လက်ကိုပိုက်ကာ သူတို့အား တည်ငြိမ်စွာဖြင့် ဖြန်းကြည့်နေတာဖြစ်သည်။
"အ. . .အမကြီး!"
လင်းချင်းကို စမှတ်မိသွားသည့် လျူကျင်းသည် စိတ်လှုပ်ရှားမှုဖြင့် ထအော်ကာ ပြေးလာ၍ ငိုမဲ့မဲ့မျက်နှာဖြင့် အသံများတုန်နေကာ
"အမကြီး! ရောက်လာပြီပဲ! ကျွန်တော်တော့ ဒီတစ်ခါသေတော့မယ်လို့ ထင်နေခဲ့တာဗျာ!"
လင်းချင်းသည် သူမဆီသို့ ဝမ်းသာအားရပြေးလာဖက်သူကို လှပကျော့ရှင်းစွာဖြင့် ဘေးသို့ရှောင်လိုက်သည်။ လင်းချင်းတွေးမိသည်မှာ
'ငါနင့်ကိုသေချာသိတာလည်း မဟုတ်ဘဲနဲ့ အဖက်မခံနိုင်ပါဘူးနော်! ယောက်ျားရင့်မာကြီး ဖြစ်ပြီးတော့ ငိုမဲ့မဲ့လုပ်မနေစမ်းပါနဲ့!'
အခြားသူများသည် သူမအားအံ့သြစွာ ကြည့်နေကြသည်။ ခုနတုန်းက အပျက်သဘောဆောင်သည့် အတွေးများတွေးနေသူသည် ထိုင်နေရကာနေ အခုထလာနိုင်ပြီ။
လင်းချင်းက သူတို့အား လက်နှစ်ချောင်းထောင်၍
"အသက်နှစ်ချောင်းအကြွေး"
သူမစကားကို ကြားသည့်အခါ အခြားသူများသည် ဘာဖြစ်သလဲကို နားလည်သွားကြသည်။ သူတို့သည် ရိုလာကိုစတာစီးနေရသလို အပေါ်တက်သွားလိုက် ပစ်ချခံလိုက်ရလိုက် ဖြစ်နေသလို ခံစားရသည်။ သူတို့ထဲက တစ်ယောက်မှာ သွားဖက်သော်လည်း ရှောင်ခံလိုက်ရတာကို မြင်လိုက်သော်လည်း စိတ်ဓာတ်ကျနေသူများသည် လင်းချင်းကို ခပ်တင်းတင်းပွေ့ဖက်ချင်လာကြသည်။
သူတို့သည် လင်းချင်းကို အမကြီးလို့ခေါ်ခြင်းမှာ သူတို့ထဲမှ အကြီးဆုံးသည် နှစ်ဆယ့်ငါးနှစ်လောက်သာရှိ၍ ကမ္ဘာမပျက်ခင်က တက္ကသိုလ်ကျောင်းသားအရွယ်များ ဖြစ်ကြသည်။ ကျန်သည့်သူများကတော့ နှစ်ဆယ်ကျော်လေးတွေသာ။ လင်းချင်းက ဒီလောက် သန်မာကာ သူတို့ကို လာကယ်နိုင်သဖြင့် သူတို့သည် သူမကို အဘွားတောင် ခေါ်နိုင်နေလေပြီ။ သူတို့သည် သူမ၏စကားကို ကြားမှသာ စိတ်အေးကုန်ကြသည်။
အသက်အကြီးဆုံးတစ်ယောက်ဖြစ်သည့် ကျန်းရှောင်ညန်သည် လင်းချင်းကိုကြည့်ကာ
"နှစ်သက်ပေါ့! ကျွန်တော်တို့က အသက်နှစ်သက်တောင် အကြွေးတင်နေပါပြီဗျာ! ကျွန်တော် ကပ္ပတိန်လုကို စွန့်လွှတ်လိုက်ပြီးတော့ အမကြီးနောက်ကိုပဲ လိုက်ပါတော့မယ်!"
လင်းချင်းသည် သူ့စကားကို သဘောကျသွားကာ လက်ကိုဝေ့ယမ်းပြရင်း
"ခုမပြောနဲ့"
'နင့်ဆရာက ငါ့နယ်မြေထဲမှာလေ။ သူ့ကိုဒီလိုပွင့်ပွင့်လင်းလင်းကြီး သစ္စာဖောက်တာက နင့်အတွက်ကောင်းလို့လား?'
ဒီလိုတွေးနေရင်း လင်းချင်းသည် သူမနှင့်နီးသည့်နှစ်ယောက်ကို နယ်မြေထဲသို့ အရင်ထည့်လိုက်ကာ ပြန်ပေါ်လာသည့်အခါ ကျန်သည့်သူများကိုလည်း ခေါ်လာလိုက်သည်။
လျူကျင်းသည် လုထန်ရိနှင့် အခြားသူများကို မြင်သည့်အခါ သူတို့ထံမှ ပြေးလာသည်။
"ကပ္ပတိန်!!!"
လုထန်ရိကတော့ လင်းချင်းလို မရှောင်ဖို့ သူ့ကိုဖမ်းထားလိုက်ကြသည်။ လျူကျင်းသည် အတော်ငယ်လေးကာ ကမ္ဘာပျက်ခေတ်ထဲတွင် အနည်းငယ်ရင့်ကျက်လာသော်လည်း သူ့ဆရာများကိုတော့ အရမ်းမှီခိုနေဆဲပင်။
လုထန်ရိသည် သူ့ကိုဖက်ကာ ပုခုံးကိုပုတ်ပေးထားသည်။ ဒီငါးယောက်သည် အန္တရာယ်ကြားမှ ကယ်တင်ခံလိုက်ရသဖြင့် ဘယ်လိုခံစားနေရမည်ကို သူနားလည်ပေးနိုင်ပါသည်။
လင်းချင်းကို ကြည့်လိုက်ကာ ကျေးဇူးတင်ကြောင်း ပြောဖို့လုပ်သော်လည်း သူမသည် မီးဖိုဘေးက ပုံးဆီသို့ လျှောက်သွားနေသည်ကို တွေ့လိုက်ရသည်။ သူမသည် ကိုင်းကနေမကာ ရေကိုခပ်လိုက်၍ သူတို့ဆီကိုပေးရင်း
"သောက်ကြ"
ရှဲ့တုန်းသည် လင်းချင်းဘေးသို့သွားကာ ဒီလူများကို ကြည့်နေလိုက်သည်။ ဟွမ်ရှို့သည် လင်းချင်းကို တစ်ချက်ကြည့်ကာ ရှဲတုန်းကိုကြည့်၍ မေးသည်။
"ငါတို့အကုန်လုံးကို သောက်ခိုင်းနေတာမလား?"
လင်းချင်းသည် ခေါင်းငြိမ့်ပြလိုက်ကာ တွေဝေနေသည့် လုထန်ရိကို ကြည့်လိုက်သည်။ သူနှင့်ကောင်းချင်းမင်းတို့သည် အချင်းချင်းကြည့်နေကြသည်။ သူတိုနှစ်ယောက်သည် လင်းချင်းက ဇွန်ဘီမှန်းသိသဖြင့် ဒီရေမှာ မသင့်တော်မည်ကို စိုးရိမ်နေတာဖြစ်သည်။
သို့သော်လည်း အခြားသံသယမရှိသူများက ရေမြင်သည်နှင့် အပြေးလာကြသည်။ သူတို့သည် သူတို့ဆရာများလို အများကြီးတွေးမနေပေ။ ဟွမ်ရှို့တို့သည် ရောက်လာတည်းက ကန်ထဲကရေကို ခပ်သောက်ချင်နေကြသော်လည်း သူတို့ဆရာများက တားထားသည်။ ပိုင်ရှင်၏ခွင့်ပြုချက်မရှိဘဲ သောက်ခြင်းက ရိုင်းရကျမည်ဟု သူတို့ထင်သွားကာ မသောက်တော့ခြင်း ဖြစ်သည်။ အခုတော့ ကန်ပိုင်ရှင်ကကို သောက်ဖို့ပေးနေလေရာ သူတို့၏ဆရာများကို လျစ်လျူရှုလိုက်တော့သည်။ ဟွမ်ရှို့သည် အခြားသူများထက် အရင်ပြေးလာကာ လင်းချင်းလက်ထဲက ပုံးထဲကနေ ရေကိုလက်ဖြင့်ခပ်သောက်လိုက်သည်။
"ဟို. . ."
လုထန်ရိသည် လက်ဆန့်ကာ ပြောဖို့လုပ်လိုက်သော်လည်း မပြောဖြစ်လိုက်ပေ။ ဟွမ်ရှို့က ရေကိုအငမ်းမရသောက်နေသည်ကို ကြည့်ရင်း သူကိုယ်တိုင်လည်း ဒီဇွန်ဘီမကျွေးထားသည့် သန္ဓေပြောင်းစတော်ဘယ်ရီသီးကို စားထားသည်ကို သတိရသွားသည်။ သူဘာမှမဖြစ်သ၍ သက်ပြင်းသာချလိုက်သည်။
Advertisement
ဟွမ်ရှို့သည် ဗိုက်ထဲကိရေဖြည့်ပြီးသည့်အခါ အခြားသူများအား လင်းချင်း၏လက်ထဲမှ ရေပုံးကို ပြောင်းပေးလိုက်ပြီး လျူကျင်းကို မေးသည်။
"ခုနက အပြင်မှာ ဘာဖြစ်တာလဲ? ဘာနဲ့တွေ့လို့လဲ?"
လင်းချင်းသည် အပြင်ကအကောင်မှာ အဆင့်ခြောက်ဇွန်ဘီဘုရင်ဟု ပြောခဲ့သော်လည်း သူမယုံချင်သေးပေ။ သို့သော်လည်း အဆင့်ငါးဇွန်ဘီများနေသဖြင့် ဇွန်ဘီဘုရင်က ဒီနေရာတွင် ရှိနိုင်မည်ဆိုသည်ကိုတော့ သူသိပါသည်။
လျူကျင်းသည် လင်းချင်းကို တစ်ချက်ကြည့်၍
"ဇွန်ဘီတစ်ကောင်။ အဆင့်ခြောက်မိုးကြိုးအစွမ်းရှိပုံရတယ်။ မိုးကြိုးတွေက မီတာတစ်ရာလောက်ကို ပစ်ချနေတာ။ ငါတို့အဆောက်အဦးထဲကို အမြန်ပြေးဝင်လိုက်ရတာ မဟုတ်ရင် အခုလောက်ဆို ပြာကျနေလောက်ပြီ"
စကားပြောပြီးသည့်အခါ သူသည်ရေပုံးကို ကြည့်လိုက်သည်။ အခြားသူများက ပျော်ပျော်ကြီးသောက်နေကြသဖြင့် ဟွမ်ရှို့ကိုတွန်းဖယ်လိုက်ကာ ရေပုံးဆီသို့သာ သွားလိုက်သည်။
အဆင့်ခြောက်ဇွန်ဘီဟု ကြားသည့်အခါ ဟွမ်ရှို့သည် လင်းချင်းကို တအံ့တသြကြည့်လိုက်သည်။ အဆင့်ခြောက်ကို ဇွန်ဘီဘုရင်သို့မဟုတ် ဘုရင်မဟုခေါ်ကြောင်း သူကြားဖူးသည်။ အဆင့်ခြောက်ဇွန်ဘီများသည် အလွန်တရာကို အင်အားကြီးကြရာ သူတို့စခန်းခေါင်းဆောင်လောက် အင်အားမရှိလျှင် အဆင့်ခြောက်လူသားမှာ ဇွန်ဘီဘုရင်သို့မဟုတ် ဘုရင်မကြောင့် သေလောက်သည်။
'အပြင်ကဇွန်ဘီဘုရင်မှာ မိုးကြိုးအစွမ်းရှိတယ်ဆိုတော့ ဘယ်လောက်သန်လောက်မလဲ? ပိုအရေးကြီးတာက ဒီအမျိုးသမီးက ဒီငါးယောက်ကို ဇွန်ဘီဘုရင်ကြီးဆီကတောင် ဘယ်လိုများ ကယ်လာပါလိမ့်?'
ထိုအချိန်တွင် ကျန်းရှောင်ညန်သည် လျှောက်လာကာ ပြောသည်။
"မိုးကြိုးလွတ်တဲ့နေရာကနေလည်း ဇွန်ဘီအုပ်ကြီးက ပေါ်လာသေးတယ်။ ငါတို့က အဆောက်အဦးထဲ ပိတ်မိနေတာကွာ။ ငါတို့သာထွက်လိုက်ရင် ဇွန်ဘီအုပ်ကြောင့် သေမှာပဲ"
သူပြောချင်သည်မှာ ဒီလိုထူးဆန်းသည့် အမျိုးသမီးကသာ သူတို့ကိုနယ်မြေထဲသို့ ခေါ်မလာလျှင် သူတို့သည် ဒီတစ်ခါ တကယ်သေသွားလောက်သည် ဟူ၍ပင်။
Zawgyi Ver
၂၀၃။ ငါမွနင့္ကို ေသခ်ာမသိတာ
သူ႕စကားကိုၾကားသည့္အခါ က်န္သည့္သူမ်ားသည္လည္း သူတို႔၏ကံၾကမၼာကို အျပစ္တင္ၾကေတာ့သည္။ သူတို႔ထဲကတစ္ေယာက္ျဖစ္သည့္ လ်ဴက်င္းသည္ ပါးစပ္ဟလိုက္ေသာ္လည္း ဘာမွမေျပာေတာ့ေပ။ ဒီလိုအေျခအေနမွာ လူမ်ားက မေကာင္းျမင္ၾကမည္ဆိုသည္ကို နားလည္ပါသည္။
ထိုအခ်ိန္တြင္ ေနာက္တစ္ေယာက္က ေျပာသည္။
"တျခားသူေတြကို မေသတာထက္စာရင္ ေကာင္းပါတယ္။ တကယ္လို႔ ဒီေန႕ေသရမယ့္သူရွိရင္လည္း ငါတို႔ပဲ အေသခံလိုက္ပါ့မယ္။ ငါကေတာ့ ဒါအဆင္ေျပပါတယ္။ တကယ္လို႔ ငါတို႔သာရွင္မယ္ဆိုရင္ ဒါကအသက္ပိုတစ္ေခ်ာင္း ရလိုက္သလိုပဲေပါ့"
"ႏွစ္သက္"
႐ုတ္တရက္ အက္ကြဲေနသည့္အသံက ဝင္ေျပာလာသည္။
"ႏွစ္သက္? အသက္ႏွစ္ေခ်ာင္းကို ငါတို႔ဘယ္လိုရမွာလဲ?"
ထိုအသံကို မမွတ္မိသည့္သူသည္ ဘာမွမေတြးဘဲ ျပန္ေျဖလိုက္သည္။ သို႔ေသာ္လည္း ေလးစကၠန့္ေလာက္ၾကာသည့္အခါ သူတို႔သည္ အိပ္မက္ကနိုးသြားသူမ်ားလို တံခါးရွိရာသို႔ လွည့္ၾကည့္လိုက္ၾကသည္။
တံခါးဝတြင္ လူတစ္ေယာက္ကရပ္ေနကာ ဘယ္ခ်ိန္တည္းက သူမေရာက္ေနသလဲကို သူတို႔မသိၾကေပ။ သူမသည္ ေျပာက္က်ားစြပ္က်ယ္ကိုဝတ္ထားဆဲျဖစ္ကာ သြယ္လ်သည့္ခါးက လစ္ဟာေနသည္။ ေဘာင္းဘီပြပြႀကီးႏွင့္ ဘြတ္ဖိနပ္တို႔က သူမ၏ရွည္လ်ားသြယ္လ်သည့္ ေျခတံမ်ားကို မဖုံးနိုင္ေပ။ ကုတ္အက်ီကို ပုခုံးတြင္ခ်ီ၍ခ်ထားကာ ေနကာမ်က္မွန္ကို တပ္ထားဆဲျဖစ္ၿပီး ဦးထုပ္ေဆာင္းထားဆဲပင္။ သူမသည္ လက္ကိုပိုက္ကာ သူတို႔အား တည္ၿငိမ္စြာျဖင့္ ျဖန္းၾကည့္ေနတာျဖစ္သည္။
"အ. . .အမႀကီး!"
လင္းခ်င္းကို စမွတ္မိသြားသည့္ လ်ဴက်င္းသည္ စိတ္လႈပ္ရွားမႈျဖင့္ ထေအာ္ကာ ေျပးလာ၍ ငိုမဲ့မဲ့မ်က္ႏွာျဖင့္ အသံမ်ားတုန္ေနကာ
"အမႀကီး! ေရာက္လာၿပီပဲ! ကြၽန္ေတာ္ေတာ့ ဒီတစ္ခါေသေတာ့မယ္လို႔ ထင္ေနခဲ့တာဗ်ာ!"
လင္းခ်င္းသည္ သူမဆီသို႔ ဝမ္းသာအားရေျပးလာဖက္သူကို လွပေက်ာ့ရွင္းစြာျဖင့္ ေဘးသို႔ေရွာင္လိုက္သည္။ လင္းခ်င္းေတြးမိသည္မွာ
'ငါနင့္ကိုေသခ်ာသိတာလည္း မဟုတ္ဘဲနဲ႕ အဖက္မခံနိုင္ပါဘူးေနာ္! ေယာက္်ားရင့္မာႀကီး ျဖစ္ၿပီးေတာ့ ငိုမဲ့မဲ့လုပ္မေနစမ္းပါနဲ႕!'
အျခားသူမ်ားသည္ သူမအားအံ့ၾသစြာ ၾကည့္ေနၾကသည္။ ခုနတုန္းက အပ်က္သေဘာေဆာင္သည့္ အေတြးမ်ားေတြးေနသူသည္ ထိုင္ေနရကာေန အခုထလာနိုင္ၿပီ။
လင္းခ်င္းက သူတို႔အား လက္ႏွစ္ေခ်ာင္းေထာင္၍
"အသက္ႏွစ္ေခ်ာင္းအေႂကြး"
သူမစကားကို ၾကားသည့္အခါ အျခားသူမ်ားသည္ ဘာျဖစ္သလဲကို နားလည္သြားၾကသည္။ သူတို႔သည္ ရိုလာကိုစတာစီးေနရသလို အေပၚတက္သြားလိုက္ ပစ္ခ်ခံလိုက္ရလိုက္ ျဖစ္ေနသလို ခံစားရသည္။ သူတို႔ထဲက တစ္ေယာက္မွာ သြားဖက္ေသာ္လည္း ေရွာင္ခံလိုက္ရတာကို ျမင္လိုက္ေသာ္လည္း စိတ္ဓာတ္က်ေနသူမ်ားသည္ လင္းခ်င္းကို ခပ္တင္းတင္းေပြ႕ဖက္ခ်င္လာၾကသည္။
သူတို႔သည္ လင္းခ်င္းကို အမႀကီးလို႔ေခၚျခင္းမွာ သူတို႔ထဲမွ အႀကီးဆုံးသည္ ႏွစ္ဆယ့္ငါးႏွစ္ေလာက္သာရွိ၍ ကမာၻမပ်က္ခင္က တကၠသိုလ္ေက်ာင္းသားအ႐ြယ္မ်ား ျဖစ္ၾကသည္။ က်န္သည့္သူမ်ားကေတာ့ ႏွစ္ဆယ္ေက်ာ္ေလးေတြသာ။ လင္းခ်င္းက ဒီေလာက္ သန္မာကာ သူတို႔ကို လာကယ္နိုင္သျဖင့္ သူတို႔သည္ သူမကို အဘြားေတာင္ ေခၚနိုင္ေနေလၿပီ။ သူတို႔သည္ သူမ၏စကားကို ၾကားမွသာ စိတ္ေအးကုန္ၾကသည္။
အသက္အႀကီးဆုံးတစ္ေယာက္ျဖစ္သည့္ က်န္းေရွာင္ညန္သည္ လင္းခ်င္းကိုၾကည့္ကာ
"ႏွစ္သက္ေပါ့! ကြၽန္ေတာ္တို႔က အသက္ႏွစ္သက္ေတာင္ အေႂကြးတင္ေနပါၿပီဗ်ာ! ကြၽန္ေတာ္ ကပၸတိန္လုကို စြန့္လႊတ္လိုက္ၿပီးေတာ့ အမႀကီးေနာက္ကိုပဲ လိုက္ပါေတာ့မယ္!"
လင္းခ်င္းသည္ သူ႕စကားကို သေဘာက်သြားကာ လက္ကိုေဝ့ယမ္းျပရင္း
"ခုမေျပာနဲ႕"
'နင့္ဆရာက ငါ့နယ္ေျမထဲမွာေလ။ သူ႕ကိုဒီလိုပြင့္ပြင့္လင္းလင္းႀကီး သစၥာေဖာက္တာက နင့္အတြက္ေကာင္းလို႔လား?'
ဒီလိုေတြးေနရင္း လင္းခ်င္းသည္ သူမႏွင့္နီးသည့္ႏွစ္ေယာက္ကို နယ္ေျမထဲသို႔ အရင္ထည့္လိုက္ကာ ျပန္ေပၚလာသည့္အခါ က်န္သည့္သူမ်ားကိုလည္း ေခၚလာလိုက္သည္။
လ်ဴက်င္းသည္ လုထန္ရိႏွင့္ အျခားသူမ်ားကို ျမင္သည့္အခါ သူတို႔ထံမွ ေျပးလာသည္။
"ကပၸတိန္!!!"
လုထန္ရိကေတာ့ လင္းခ်င္းလို မေရွာင္ဖို႔ သူ႕ကိုဖမ္းထားလိုက္ၾကသည္။ လ်ဴက်င္းသည္ အေတာ္ငယ္ေလးကာ ကမာၻပ်က္ေခတ္ထဲတြင္ အနည္းငယ္ရင့္က်က္လာေသာ္လည္း သူ႕ဆရာမ်ားကိုေတာ့ အရမ္းမွီခိုေနဆဲပင္။
Advertisement
လုထန္ရိသည္ သူ႕ကိုဖက္ကာ ပုခုံးကိုပုတ္ေပးထားသည္။ ဒီငါးေယာက္သည္ အႏၲရာယ္ၾကားမွ ကယ္တင္ခံလိုက္ရသျဖင့္ ဘယ္လိုခံစားေနရမည္ကို သူနားလည္ေပးနိုင္ပါသည္။
လင္းခ်င္းကို ၾကည့္လိုက္ကာ ေက်းဇူးတင္ေၾကာင္း ေျပာဖို႔လုပ္ေသာ္လည္း သူမသည္ မီးဖိုေဘးက ပုံးဆီသို႔ ေလွ်ာက္သြားေနသည္ကို ေတြ႕လိုက္ရသည္။ သူမသည္ ကိုင္းကေနမကာ ေရကိုခပ္လိုက္၍ သူတို႔ဆီကိုေပးရင္း
"ေသာက္ၾက"
ရွဲ႕တုန္းသည္ လင္းခ်င္းေဘးသို႔သြားကာ ဒီလူမ်ားကို ၾကည့္ေနလိုက္သည္။ ဟြမ္ရွို႔သည္ လင္းခ်င္းကို တစ္ခ်က္ၾကည့္ကာ ရွဲတုန္းကိုၾကည့္၍ ေမးသည္။
"ငါတို႔အကုန္လုံးကို ေသာက္ခိုင္းေနတာမလား?"
လင္းခ်င္းသည္ ေခါင္းၿငိမ့္ျပလိုက္ကာ ေတြေဝေနသည့္ လုထန္ရိကို ၾကည့္လိုက္သည္။ သူႏွင့္ေကာင္းခ်င္းမင္းတို႔သည္ အခ်င္းခ်င္းၾကည့္ေနၾကသည္။ သူတိုႏွစ္ေယာက္သည္ လင္းခ်င္းက ဇြန္ဘီမွန္းသိသျဖင့္ ဒီေရမွာ မသင့္ေတာ္မည္ကို စိုးရိမ္ေနတာျဖစ္သည္။
သို႔ေသာ္လည္း အျခားသံသယမရွိသူမ်ားက ေရျမင္သည္ႏွင့္ အေျပးလာၾကသည္။ သူတို႔သည္ သူတို႔ဆရာမ်ားလို အမ်ားႀကီးေတြးမေနေပ။ ဟြမ္ရွို႔တို႔သည္ ေရာက္လာတည္းက ကန္ထဲကေရကို ခပ္ေသာက္ခ်င္ေနၾကေသာ္လည္း သူတို႔ဆရာမ်ားက တားထားသည္။ ပိုင္ရွင္၏ခြင့္ျပဳခ်က္မရွိဘဲ ေသာက္ျခင္းက ရိုင္းရက်မည္ဟု သူတို႔ထင္သြားကာ မေသာက္ေတာ့ျခင္း ျဖစ္သည္။ အခုေတာ့ ကန္ပိုင္ရွင္ကကို ေသာက္ဖို႔ေပးေနေလရာ သူတို႔၏ဆရာမ်ားကို လ်စ္လ်ဴရႈလိုက္ေတာ့သည္။ ဟြမ္ရွို႔သည္ အျခားသူမ်ားထက္ အရင္ေျပးလာကာ လင္းခ်င္းလက္ထဲက ပုံးထဲကေန ေရကိုလက္ျဖင့္ခပ္ေသာက္လိုက္သည္။
"ဟို. . ."
လုထန္ရိသည္ လက္ဆန့္ကာ ေျပာဖို႔လုပ္လိုက္ေသာ္လည္း မေျပာျဖစ္လိုက္ေပ။ ဟြမ္ရွို႔က ေရကိုအငမ္းမရေသာက္ေနသည္ကို ၾကည့္ရင္း သူကိုယ္တိုင္လည္း ဒီဇြန္ဘီမေကြၽးထားသည့္ သေႏၶေျပာင္းစေတာ္ဘယ္ရီသီးကို စားထားသည္ကို သတိရသြားသည္။ သူဘာမွမျဖစ္သ၍ သက္ျပင္းသာခ်လိဳက္သည္။
ဟြမ္ရွို႔သည္ ဗိုက္ထဲကိေရျဖည့္ၿပီးသည့္အခါ အျခားသူမ်ားအား လင္းခ်င္း၏လက္ထဲမွ ေရပုံးကို ေျပာင္းေပးလိုက္ၿပီး လ်ဴက်င္းကို ေမးသည္။
"ခုနက အျပင္မွာ ဘာျဖစ္တာလဲ? ဘာနဲ႕ေတြ႕လို႔လဲ?"
လင္းခ်င္းသည္ အျပင္ကအေကာင္မွာ အဆင့္ေျခာက္ဇြန္ဘီဘုရင္ဟု ေျပာခဲ့ေသာ္လည္း သူမယုံခ်င္ေသးေပ။ သို႔ေသာ္လည္း အဆင့္ငါးဇြန္ဘီမ်ားေနသျဖင့္ ဇြန္ဘီဘုရင္က ဒီေနရာတြင္ ရွိနိုင္မည္ဆိုသည္ကိုေတာ့ သူသိပါသည္။
လ်ဴက်င္းသည္ လင္းခ်င္းကို တစ္ခ်က္ၾကည့္၍
"ဇြန္ဘီတစ္ေကာင္။ အဆင့္ေျခာက္မိုးႀကိဳးအစြမ္းရွိပုံရတယ္။ မိုးႀကိဳးေတြက မီတာတစ္ရာေလာက္ကို ပစ္ခ်ေနတာ။ ငါတို႔အေဆာက္အဦးထဲကို အျမန္ေျပးဝင္လိုက္ရတာ မဟုတ္ရင္ အခုေလာက္ဆို ျပာက်ေနေလာက္ၿပီ"
စကားေျပာၿပီးသည့္အခါ သူသည္ေရပုံးကို ၾကည့္လိုက္သည္။ အျခားသူမ်ားက ေပ်ာ္ေပ်ာ္ႀကီးေသာက္ေနၾကသျဖင့္ ဟြမ္ရွို႔ကိုတြန္းဖယ္လိုက္ကာ ေရပုံးဆီသို႔သာ သြားလိုက္သည္။
အဆင့္ေျခာက္ဇြန္ဘီဟု ၾကားသည့္အခါ ဟြမ္ရွို႔သည္ လင္းခ်င္းကို တအံ့တၾသၾကည့္လိုက္သည္။ အဆင့္ေျခာက္ကို ဇြန္ဘီဘုရင္သို႔မဟုတ္ ဘုရင္မဟုေခၚေၾကာင္း သူၾကားဖူးသည္။ အဆင့္ေျခာက္ဇြန္ဘီမ်ားသည္ အလြန္တရာကို အင္အားႀကီးၾကရာ သူတို႔စခန္းေခါင္းေဆာင္ေလာက္ အင္အားမရွိလွ်င္ အဆင့္ေျခာက္လူသားမွာ ဇြန္ဘီဘုရင္သို႔မဟုတ္ ဘုရင္မေၾကာင့္ ေသေလာက္သည္။
'အျပင္ကဇြန္ဘီဘုရင္မွာ မိုးႀကိဳးအစြမ္းရွိတယ္ဆိုေတာ့ ဘယ္ေလာက္သန္ေလာက္မလဲ? ပိုအေရးႀကီးတာက ဒီအမ်ိဳးသမီးက ဒီငါးေယာက္ကို ဇြန္ဘီဘုရင္ႀကီးဆီကေတာင္ ဘယ္လိုမ်ား ကယ္လာပါလိမ့္?'
ထိုအခ်ိန္တြင္ က်န္းေရွာင္ညန္သည္ ေလွ်ာက္လာကာ ေျပာသည္။
"မိုးႀကိဳးလြတ္တဲ့ေနရာကေနလည္း ဇြန္ဘီအုပ္ႀကီးက ေပၚလာေသးတယ္။ ငါတို႔က အေဆာက္အဦးထဲ ပိတ္မိေနတာကြာ။ ငါတို႔သာထြက္လိုက္ရင္ ဇြန္ဘီအုပ္ေၾကာင့္ ေသမွာပဲ"
သူေျပာခ်င္သည္မွာ ဒီလိုထူးဆန္းသည့္ အမ်ိဳးသမီးကသာ သူတို႔ကိုနယ္ေျမထဲသို႔ ေခၚမလာလွ်င္ သူတို႔သည္ ဒီတစ္ခါ တကယ္ေသသြားေလာက္သည္ ဟူ၍ပင္။
Advertisement
- In Serial1269 Chapters
Sword Among Us
When he returned to the World of Martial Arts, the game was filled with blood and battles! Chen Kaixin had chased after the footsteps of the one emperor, two empresses, three princes, seven dukes, and thirteen aces for three years, but during the eve of the Sword Among Us tournament in Mount Hua, he was ambushed by evil bastards, and was killed so much that his level dropped to that of a newbie. He completely lost the chance to join the ranks of the powerful players in the game! In great disappointment, Kaixin quit the game and got drunk so that he could forget his sadness, but during that stormy night, Chen Kaixin found that he had actually dreamed for a total of three years, because when he woke up again, he woke up to three years ago, when he was still a student.
8 176 - In Serial6 Chapters
Unexpected Friendship
Hazel lost her parents at a very young age since then she had to deal with her protective Aunt Molly and endless bullying but what happens when she meets a Monster Hunter in the middle of the woods? (A/N: This series isn't related to either the movie or the game. This as well as my other books are also readable on Quotev and Wattpad)
8 239 - In Serial53 Chapters
Wait! I Wrote That? (A Collection of Old, Horrific Stories) ✓
|5X WATTPAD FEATURED AND SPOLIGHT STORY| Saddened by her lonely life, a little girl named Victoria Christie uses her inventive imagination to write stories. Now that she's an older individual, she must find a way to share her tale with the world. ***Victoria Christie never expected to be a writer, but everything changed in 4th grade when she annoyed her mother at a barber shop. She told Victoria to write in her school notebook, which sparked her daughter's life-long passion for writing.Now, many years later, Victoria is eager to share her story-through an interactive novel that showcases how her writing has changed overtime and what hardships she faced in order to keep her island of personality-especially after her brother's unfortunate death in 2021. With the power of writing and her brother's legacy about her becoming a successful author, will Victoria's old stories spark the interest of an audience? Will they interact with her and tell her how her incomplete pieces should end, or will Victoria forever remain an undiscovered author? This is an anthology of my old stories. Most are incomplete, so it's up to my audience to decide how they should end. This is the story of how I became Viktoria Fyodorova. Let the cringe begin! *** What You'll Find in This Book: 1.) 35 fun-filled chapters of my oldest stories.2.) 11 short memoir stories--no more than 1,000 words each--that share the most important times of my writing career.3.) A whole overview of my history as a writer! 4.) There's also a bonus chapter about how this memoir came to be! Genre (s): Creative Nonfiction/Coming-of-Age, with a touch of Magical Realism. *Awesome Cover by @Shreya_VA on Wattpad!* Word Count: 200,000-250,000
8 211 - In Serial20 Chapters
The New Archdevil Conquest
Synopsis: A girl that was once a fantasy lover and a self-made millionaire, was curse the moment that she had open a Forbidden Book of Magic and was transformed into an Archdevil. Then was sent to a place lower than the prison of Gehenna itself. However, it is not all bad, since she became one of the Empress of the Devils. She vow in her devils name that she will go back to the surface world, even if she has to create mayhem across the Multiverse in order to get the thrill of reading fantasy books back in her life. So she gives her blessing to any Demon kings that she like and is even willing to fight with God himself. All for the sake of reading her fantasy books again and maybe enjoy the unbeatable villain role that she was given. This is her story of playing the ultimate villain that spread disaster like the plague across the Multiverse and her plans of conquest to bring the entire Abyss under her banner. All in order to return to her unfinished books in her personal library.... or maybe she just wants to rule the universe as the Final Boss of existence itself..... this is her story.
8 174 - In Serial44 Chapters
Letting go...
insight on the things left unseen.
8 167 - In Serial4 Chapters
Secret Jordan Phillips
Heyyy guys this story is just for fun!! I hope you enjoy
8 107

