《၂။ ဗျူဟာခင်းတဲ့ အစ်မကြီးဇွန်ဘီ (Myanmar Translation)》208
Advertisement
၂၀၈။ ဝင်ပတ်သက်မိခြင်း
လင်းချင်းသည် မြင့်မားသည့်အဆောက်အဦး အစွန်းတွင် ထိုင်နေကာ ခြေထောက်နှစ်ဖက်ကို လေထဲတွင် လှုပ်ယမ်းနေသည်။ လူအချို့က သူမ၏နောက်တွင် ရပ်နေသည်။
ရှဲ့တုန်း၊ လုထန်ရိ၊ ကောင်းချင်းမင်းနှင့် အကုန်လုံးသည် နယ်မြေထဲကနေ ထွက်လာကြပြီ ဖြစ်သည်။ လင်းချင်းသည် မြေပုံကိုကြည့်နေရင်းက အောက်ကိုငုံ့၍ လမ်းအနေအထားများကို ကြည့်သည်။ ဒီလူစုသည်လည်း စီမံရေးရုံးကို မြေပုံပေါ်တွင် လိုက်ရှာပေးနေကြသည်။
"ငါတို့ဒီနေရာကို ရှာကြည့်ပင်မယ့် မတွေ့ဘူး"
ကောင်းချင်းမင်းသည် သူတို့ဖြတ်လာခဲ့သည့်နေရာကို ကြည့်၍ပြောသည်။ ထို့နောက် လူစုသည် လင်းချင်းကိုကြည့်ကာ မေးသည်။
"ဘယ်ကိုထပ်သွားမှာလဲ?"
လင်းချင်းသည် သူတို့ကိုလှည့်ကြည့်ကာ မြေပုံပေါ်မှ မြို့အောက်ပိုင်းခရိုင်နားက နေရာတစ်ခုကို ထောက်ပြလိုက်သည်။ ဒါသည် သူတို့သွားမည့်နေရာပင်။
"ဒီလမ်းလား? ပန်းခြံရှိတယ်"
"ဘာပန်းခြံလဲ? ဒီလမ်းပေါ်မှာ ပန်းခြံတွေ အတော်များတယ်"
"ဘာပဲဖြစ်ဖြစ် အဲ့နေရာတွေနဲ့ ဝေးဝေးနေတာကောင်းတယ်"
လင်းချင်းသည် မြေပုံကို ပြန်ကြည့်လိုက်သည်။ အချို့သန္ဓေပြောင်းကောင်များသည် အနောက်ပိုင်းကန်ထဲတွင် ရှိနေမည်ဖြစ်ရာ ကန်ဘေးကပန်းခြံများထဲတွင်တော့ ရှိမည်က မေးနေစရာကို မလိုပေ။
'ကြည့်ရတာ ငါသန္ဓေပြောင်းအပင်တချို့ကို ရှာရပြီး နွယ်လေးအတွက် အပင်အမြူတေရနိုင်တယ်'
သူမသည် တွေးမိလိုက်သည်။ ထို့နောက် ခေါင်းမော့ကာ ထလိုက်ပြီး မြို့အထက်ပိုင်းခရိုင်ဘက်ကို ကြည့်လိုက်သည်။
"ဘာဖြစ်လို့လဲ?"
အခြားသူများသည် သူမအား တအံ့တသြဖြင့် မေးသည်။
လင်းချင်းသည် အခြားသူများကို ကျောပေးထားရင်းဖြင့် နေကာမျက်မှန်ကို ချွတ်လိုက်ကာ မျက်လုံးများကိုမှိတ်၍ ထိုဘက်သို့ အာရုံစိုက်ထားလိုက်သည်။ ထိုအခါ ခရမ်းရောင်စွမ်းအင်နှစ်လုံးသည် အရှိန်ပြင်းစွာဖြင့် သူမတို့ရှိရာသို့ လာနေကြောင်း သိသွားသည်။ ထို့နောက် လင်းချင်းသည် နေကာမျက်မှန်ကို ပြန်တပ်လိုက်သည်။
လုထန်ရိနှင့် ကောင်းချင်းမင်းတို့သည် လင်းချင်း၏ဦးထုပ်လွတ်ရာ နောက်ကျောမှာ ကတုံးဖြစ်နေသည်ကို မြင်လိုက်ရသည်။ ဦးထုပ်က ခေါင်းပေါ်တွင်ဆောင်းထားသော်လည်း အကုန်လုံးကိုတော့ လုံနိုင်သည်မှ မဟုတ်တာ။
'ဘာဖြစ်လို့ ဆံပင်မရှိတာလဲ?'
သူတို့သည် ကတုံးဖြစ်ကြောင်း သတိမထားမိခင်က လင်းချင်းသည် သူမ၏ဆံပင်များကို ဦးထုပ်ထဲတွင် သိမ်းထားသည်ဟု ထင်ခဲ့တာ ဖြစ်သည်။ သို့သော်လည်း လင်းချင်း၏ ဦးထုပ်အစွန်းတွင် ဘာဆံပင်မှ ရှိမနေပေ။ ဦးထုပ်ထဲတွင် သိမ်းထားသည်ဆိုလျှင် ဆံပင်အစအနများတော့ ရှိသင့်သည်မလား။ အခုမှ သူတို့က လင်းချင်းက ကတုံးဖြစ်ကြောင်းကို သိတော့သည်။
'ဘာဖြစ်လို့ ဆံပင်ညှပ်ပစ်တာပါလိမ့်? ဒါမှမဟုတ် အခုမြင်လိုက်တဲ့အပိုင်းလောက်ပဲ ရိတ်ထားတာလား?'
ထိုအချိန်တွင် လင်းချင်းသည် အုတ်ဘောင်တန်းမှနေ ထလာသည်။ ထို့နောက် သူမသည် လုထန်ရိနှင့် ကောင်းချင်းမင်းတို့ကို ဆွဲလိုက်ပြီးနောက် သူတို့သုံးယောက်ပျောက်သွားကာ လင်းချင်းပဲ ပြန်ပေါ်လာသည်။
"ဘာဖြစ်လို့လဲ?"
ဟွမ်ရှို့က လင်းချင်းကို နားမလည်စွာ မေးသည်။
"ရောက်လာပြီ"
လင်းချင်းသည် မြို့အထက်ပိုင်းခရိုင်ကိုကြည့်ကာ ဖြေလိုက်ပြီးနောက် သူနှင့်ရှဲ့တုန်းကို နယ်မြေထဲသို့ ခေါ်သွားသည်။
"ဘာကရောက်လာတာ?"
နယ်မြေထဲတွင် လူစုံသည့်အခါ ဟွမ်ရှို့က မေးသည်။ လင်းချင်းကို အခြားသူများကလည်း စပ်စုစွာဖြင့် ကြည့်နေသည်။
လင်းချင်းသည် သင်ပုန်းကိုယူကာ ရေးလိုက်သည်။
'မြို့ပေါ်ကဇွန်ဘီဘုရင်'
စာဖတ်ပြီးသည့်အခါ အခြားသူများသည် အံ့သြသွားကြသည်။
"မဖြစ်နိုင်တာ! ငါတို့ဒီမှာဆိုတာကို ဘယ်လိုလုပ်သိသွားတာလဲ?"
လင်းချင်းက ထပ်ရေးပြသည်။
'ငါတို့ရှိလို့ လာတာဟုတ်မဟုတ် မသိဘူး။ ဒါပင်မယ့် ဒီကိုလာနေတာတော့ သေချာပဲ'
သူမသည် သူတို့အား ဇွန်ဘီဘုရင်အပြင် နောက်တစ်ခုပါကြောင်းကို မပြောလိုက်ပေ။ ထိုစွမ်းအားသည်လည်း ခရမ်းရောင်ဖြစ်ကာ ဇွန်ဘီဘုရင်ထက်တောင် သန်မာပုံရသည်။ ထို့အတူ လင်းချင်းသည် ထိုစွမ်းအားကို အရင်က အာရုံခံဖူးသည့်အလား အနည်းငယ် ရင်းနှီးနေသည်။
သူမသည် ဒီလူများကို တစ်ချက်ကြည့်လိုက်ပြီးနောက် စတော်ဘယ်ရီသီးစားဖို့ ဆွဲဆောင်ပြီးသည်နှင့် အာလူးတို့ ဖရုံသီးများကို ခူးလေသည်။ ထို့နောက် ကန်ထဲကရေဖြင့် အိုးထဲတွင် ထည့်ပြုတ်လိုက်သည်။ ထို့နောက် သူတို့သည် ဗိုက်ပြည့်အောင် စားလိုက်ကြသည်။ သူတို့သည် သေမည်ဆိုရင်တောင် ဗိုက်ဝ၍သေချင်နေပုံပေါ်သည်။ လင်းချင်းက သူတို့အားလုံးက ဒီလိုတွေးကြောင်းကို သိသည်။ သူတို့သည် စတော်ဘယ်ရီကြောင့် ပိုးကူးခံရ၍ ဇွန်ဘီဖြစ်မည်ကို ကြောက်သော်လည်း စားချင်စိတ်နှင့် ဗိုက်ဆာခြင်းကိုတော့ မခံစားနိုင်ကြပေ။
မကြာခင်တွင် လင်းချင်းသည် မျက်လုံးမှိတ်၍ နယ်မြေထဲကနေ ကိုယ်ဖျောက်ထွက်လာသည်။ ထို့နောက် သူမသည် အမိုးပေါ်သို့ ထွက်လာကာ ထိုဘက်ကို မျက်လုံးဖွင့်ကြည့်လိုက်သည်။
မကြာခင်တွင် မည်းသည်း၍ရှည်လျားလွန်းသည့်အရာက ပြေးလာသည်ကို မြင်လိုက်ရသည်။ ထိုအရာသည် ဇွန်ဘီဘုရင်ဖြစ်သော်လည်း အရင်ကလို မဟုတ်တော့ပေ။ အစက သူမကြောင့် ကြွက်သားများပေါ်ကာ သွေးများဖြင့်စေးကပ်ရွှဲနေသော်လည်း အခုတော့ အသားကင်နံ့များလိုထွက်ကာ နီညိုရောင်ဖြစ်နေပြီ။ ဇွန်ဘီဘုရင်သည် အခြေအနေကောင်းပုံမရဘဲ နောက်ကလိုက်နေသည့်အရာကြောင့် အလျင်စလိုဖြင့် ပြေးနေရပုံပေါ်သည်။
လင်းချင်းသည် အမိုးပေါ်တွင် ဒူးနှစ်ချောင်းကို လက်ဖြင့်ပိုက်၍ ထိုင်ချကာ ဇွန်ဘီဘုရင်နှင့် သူ့နောက်က လိုက်လာသည့် သာမန်ဇွန်ဘီများကို ကြည့်နေသည်။ အဆင့်ငါးဇွန်ဘီအချို့သည် အဆင့်လေးဇွန်ဘီများနှင့်အတူ အနားက အဆောက်အဦးများသို့တက်ကာ စွမ်းအားဖြင့် ဇွန်ဘီဘုရင်နောက်သို့ လိုက်နေသည့်အရာကို တိုက်နေသည်ကို တွေ့ရသည်။ လင်းချင်းသည် ထိုအရာထံမှ ရင်းနှီးသည့် ခံစားချက်ကို ရသော်လည်း ဘာမှန်းမသိပေ။
Advertisement
ဂါး!
ဇွန်ဘီဘုရင်သည် ကျယ်လောင်စွာ အော်လိုက်သည့်နှင့် အနားက သာမန်ဇွန်ဘီအုပ်သည် ထိုယောက်ျားဆီသို့ သွားကြသည်။
လင်းချင်းသည် ထိုအရာမှာ ယောက်ျားဖြစ်ပြီး အရမ်းသန်မာကာ မိုးကြိုးအစွမ်း ရှိသူဖြစ်ကြောင်း အာရုံခံမိသည်။ ထိုအစွမ်းနှင့် မိုးကြိုးများသည် သူမနှင့် ရင်းနှီးနေသည်။
'ကလေးမလေးရဲ့ အဖေလား? သူ့ကိုအဝေးထဲက ရင်းနှီးသလို ဖြစ်နေတာ မဆန်းတော့ဘူး။ သူ့မိုးကြိုးဒဏ်ကို ဘယ်လိုလုပ် ငါကမေ့နိုင်မှာလဲ?'
ဇွန်ဘီဘုရင်က ပြေးနေသည်မှာလည်း မဆန်းတော့ပေ။ အဆင့်၆ဇွန်ဘီ ဘုရင်နှင့် အဆင့်၇စွမ်းအားရှင်ကြားက အစွမ်းများသည် တကယ့်ကိုကွာခြားသည်။ ဝူချန်းယွဲ့သည် အဆင့်လေးနှင့် အဆင့်ငါးဇွန်ဘီများ၏ တိုက်ခိုက်မှုများကို အလွယ်လေး ခုခံလိုက်သည်။ ဒါသည် သူ့အား လုံးဝနှေးမသွားစေဘဲ မကြာခင်တွင် ဇွန်ဘီဘုရင်ကို ဖမ်းမိတော့မှာ ဖြစ်သည်။
ဂါး!
ဝူချန်းယွဲ့က အနားသို့နီးလာသည်နှင့် ဇွန်ဘီဘုရင်သည် ဒေါသထွက်ကာ အော်သည်။ ထိုအခါ ဇွန်ဘီဘုရင်၏နောက်မှ အဆင့်ငါးဇွန်ဘီသုံးကောင်သည် သူတို့အစွမ်းဖြင့် တိုက်ခိုက်မှုများက ဝူချန်းယွဲကို မထိခိုက်သဖြင့် အောက်သို့ဆင်းလာကာ ဇွန်ဘီဘုရင်၏ အမိန့်အတိုင်း အနီးကပ်တိုက်ခိုက်တော့သည်။
လင်းချင်းကတော့ ဇွန်ဘီများသည် သူတို့အသက်ဖြင့် စွန့်စားကာ ဝူချန်းယွဲ့အား အသည်းအသန်တိုက်နေခြင်းကို ကြည့်လို့သာ နေသည်။
ဝူချန်းယွဲ့သည် မိုးကြိုးလုံးများကို ဆက်တိုက်ပစ်လိုက်ကာ တစ်ကောင်ချင်းဆီကို ထိသွားသည်။ သို့သော်လည်း ဇွန်ဘီများက ပို၍ပို၍တိုးလာသည်။ အမိုးပေါ်သို့ ခုန်တက်လိုက်ကာ ဝူချန်းယွဲ့သည် ဇွန်ဘီအုပ်ကြီးကို တစ်ချက်ကြည့်လိုက်၍ မီတာတစ်ရာလောက်က ဇွန်ဘီဘုရင်ကိုသာ လက်ဖြင့်ချိန်ရွယ်လိုက်သည်။ ထိုအခါ ဇွန်ဘီဘုရင်သည် မိုးကြိုးဒဏ်ကို ပြင်းစွာ ခံလိုက်ရသည်။
၂၀၈။ ဝင္ပတ္သက္မိျခင္း
လင္းခ်င္းသည္ ျမင့္မားသည့္အေဆာက္အဦး အစြန္းတြင္ ထိုင္ေနကာ ေျခေထာက္ႏွစ္ဖက္ကို ေလထဲတြင္ လႈပ္ယမ္းေနသည္။ လူအခ်ိဳ႕က သူမ၏ေနာက္တြင္ ရပ္ေနသည္။
ရွဲ႕တုန္း၊ လုထန္ရိ၊ ေကာင္းခ်င္းမင္းႏွင့္ အကုန္လုံးသည္ နယ္ေျမထဲကေန ထြက္လာၾကၿပီ ျဖစ္သည္။ လင္းခ်င္းသည္ ေျမပုံကိုၾကည့္ေနရင္းက ေအာက္ကိုငုံ႕၍ လမ္းအေနအထားမ်ားကို ၾကည့္သည္။ ဒီလူစုသည္လည္း စီမံေရး႐ုံးကို ေျမပုံေပၚတြင္ လိုက္ရွာေပးေနၾကသည္။
"ငါတို႔ဒီေနရာကို ရွာၾကည့္ပင္မယ့္ မေတြ႕ဘူး"
ေကာင္းခ်င္းမင္းသည္ သူတို႔ျဖတ္လာခဲ့သည့္ေနရာကို ၾကည့္၍ေျပာသည္။ ထို႔ေနာက္ လူစုသည္ လင္းခ်င္းကိုၾကည့္ကာ ေမးသည္။
"ဘယ္ကိုထပ္သြားမွာလဲ?"
လင္းခ်င္းသည္ သူတို႔ကိုလွည့္ၾကည့္ကာ ေျမပုံေပၚမွ ၿမိဳ႕ေအာက္ပိုင္းခရိုင္နားက ေနရာတစ္ခုကို ေထာက္ျပလိုက္သည္။ ဒါသည္ သူတို႔သြားမည့္ေနရာပင္။
"ဒီလမ္းလား? ပန္းၿခံရွိတယ္"
"ဘာပန္းၿခံလဲ? ဒီလမ္းေပၚမွာ ပန္းၿခံေတြ အေတာ္မ်ားတယ္"
"ဘာပဲျဖစ္ျဖစ္ အဲ့ေနရာေတြနဲ႕ ေဝးေဝးေနတာေကာင္းတယ္"
လင္းခ်င္းသည္ ေျမပုံကို ျပန္ၾကည့္လိုက္သည္။ အခ်ိဳ႕သေႏၶေျပာင္းေကာင္မ်ားသည္ အေနာက္ပိုင္းကန္ထဲတြင္ ရွိေနမည္ျဖစ္ရာ ကန္ေဘးကပန္းၿခံမ်ားထဲတြင္ေတာ့ ရွိမည္က ေမးေနစရာကို မလိုေပ။
'ၾကည့္ရတာ ငါသေႏၶေျပာင္းအပင္တခ်ိဳ႕ကို ရွာရၿပီး ႏြယ္ေလးအတြက္ အပင္အျမဴေတရနိုင္တယ္'
သူမသည္ ေတြးမိလိုက္သည္။ ထို႔ေနာက္ ေခါင္းေမာ့ကာ ထလိုက္ၿပီး ၿမိဳ႕အထက္ပိုင္းခရိုင္ဘက္ကို ၾကည့္လိုက္သည္။
"ဘာျဖစ္လို႔လဲ?"
အျခားသူမ်ားသည္ သူမအား တအံ့တၾသျဖင့္ ေမးသည္။
လင္းခ်င္းသည္ အျခားသူမ်ားကို ေက်ာေပးထားရင္းျဖင့္ ေနကာမ်က္မွန္ကို ခြၽတ္လိုက္ကာ မ်က္လုံးမ်ားကိုမွိတ္၍ ထိုဘက္သို႔ အာ႐ုံစိုက္ထားလိုက္သည္။ ထိုအခါ ခရမ္းေရာင္စြမ္းအင္ႏွစ္လုံးသည္ အရွိန္ျပင္းစြာျဖင့္ သူမတို႔ရွိရာသို႔ လာေနေၾကာင္း သိသြားသည္။ ထို႔ေနာက္ လင္းခ်င္းသည္ ေနကာမ်က္မွန္ကို ျပန္တပ္လိုက္သည္။
လုထန္ရိႏွင့္ ေကာင္းခ်င္းမင္းတို႔သည္ လင္းခ်င္း၏ဦးထုပ္လြတ္ရာ ေနာက္ေက်ာမွာ ကတုံးျဖစ္ေနသည္ကို ျမင္လိုက္ရသည္။ ဦးထုပ္က ေခါင္းေပၚတြင္ေဆာင္းထားေသာ္လည္း အကုန္လုံးကိုေတာ့ လုံနိုင္သည္မွ မဟုတ္တာ။
'ဘာျဖစ္လို႔ ဆံပင္မရွိတာလဲ?'
သူတို႔သည္ ကတုံးျဖစ္ေၾကာင္း သတိမထားမိခင္က လင္းခ်င္းသည္ သူမ၏ဆံပင္မ်ားကို ဦးထုပ္ထဲတြင္ သိမ္းထားသည္ဟု ထင္ခဲ့တာ ျဖစ္သည္။ သို႔ေသာ္လည္း လင္းခ်င္း၏ ဦးထုပ္အစြန္းတြင္ ဘာဆံပင္မွ ရွိမေနေပ။ ဦးထုပ္ထဲတြင္ သိမ္းထားသည္ဆိုလွ်င္ ဆံပင္အစအနမ်ားေတာ့ ရွိသင့္သည္မလား။ အခုမွ သူတို႔က လင္းခ်င္းက ကတုံးျဖစ္ေၾကာင္းကို သိေတာ့သည္။
'ဘာျဖစ္လို႔ ဆံပင္ညွပ္ပစ္တာပါလိမ့္? ဒါမွမဟုတ္ အခုျမင္လိုက္တဲ့အပိုင္းေလာက္ပဲ ရိတ္ထားတာလား?'
ထိုအခ်ိန္တြင္ လင္းခ်င္းသည္ အုတ္ေဘာင္တန္းမွေန ထလာသည္။ ထို႔ေနာက္ သူမသည္ လုထန္ရိႏွင့္ ေကာင္းခ်င္းမင္းတို႔ကို ဆြဲလိုက္ၿပီးေနာက္ သူတို႔သုံးေယာက္ေပ်ာက္သြားကာ လင္းခ်င္းပဲ ျပန္ေပၚလာသည္။
"ဘာျဖစ္လို႔လဲ?"
ဟြမ္ရွို႔က လင္းခ်င္းကို နားမလည္စြာ ေမးသည္။
"ေရာက္လာၿပီ"
လင္းခ်င္းသည္ ၿမိဳ႕အထက္ပိုင္းခရိုင္ကိုၾကည့္ကာ ေျဖလိုက္ၿပီးေနာက္ သူႏွင့္ရွဲ႕တုန္းကို နယ္ေျမထဲသို႔ ေခၚသြားသည္။
"ဘာကေရာက္လာတာ?"
နယ္ေျမထဲတြင္ လူစုံသည့္အခါ ဟြမ္ရွို႔က ေမးသည္။ လင္းခ်င္းကို အျခားသူမ်ားကလည္း စပ္စုစြာျဖင့္ ၾကည့္ေနသည္။
လင္းခ်င္းသည္ သင္ပုန္းကိုယူကာ ေရးလိုက္သည္။
'ၿမိဳ႕ေပၚကဇြန္ဘီဘုရင္'
စာဖတ္ၿပီးသည့္အခါ အျခားသူမ်ားသည္ အံ့ၾသသြားၾကသည္။
"မျဖစ္နိုင္တာ! ငါတို႔ဒီမွာဆိုတာကို ဘယ္လိုလုပ္သိသြားတာလဲ?"
လင္းခ်င္းက ထပ္ေရးျပသည္။
'ငါတို႔ရွိလို႔ လာတာဟုတ္မဟုတ္ မသိဘူး။ ဒါပင္မယ့္ ဒီကိုလာေနတာေတာ့ ေသခ်ာပဲ'
သူမသည္ သူတို႔အား ဇြန္ဘီဘုရင္အျပင္ ေနာက္တစ္ခုပါေၾကာင္းကို မေျပာလိုက္ေပ။ ထိုစြမ္းအားသည္လည္း ခရမ္းေရာင္ျဖစ္ကာ ဇြန္ဘီဘုရင္ထက္ေတာင္ သန္မာပုံရသည္။ ထို႔အတူ လင္းခ်င္းသည္ ထိုစြမ္းအားကို အရင္က အာ႐ုံခံဖူးသည့္အလား အနည္းငယ္ ရင္းႏွီးေနသည္။
Advertisement
သူမသည္ ဒီလူမ်ားကို တစ္ခ်က္ၾကည့္လိုက္ၿပီးေနာက္ စေတာ္ဘယ္ရီသီးစားဖို႔ ဆြဲေဆာင္ၿပီးသည္ႏွင့္ အာလူးတို႔ ဖ႐ုံသီးမ်ားကို ခူးေလသည္။ ထို႔ေနာက္ ကန္ထဲကေရျဖင့္ အိုးထဲတြင္ ထည့္ျပဳတ္လိုက္သည္။ ထို႔ေနာက္ သူတို႔သည္ ဗိုက္ျပည့္ေအာင္ စားလိုက္ၾကသည္။ သူတို႔သည္ ေသမည္ဆိုရင္ေတာင္ ဗိုက္ဝ၍ေသခ်င္ေနပုံေပၚသည္။ လင္းခ်င္းက သူတို႔အားလုံးက ဒီလိုေတြးေၾကာင္းကို သိသည္။ သူတို႔သည္ စေတာ္ဘယ္ရီေၾကာင့္ ပိုးကူးခံရ၍ ဇြန္ဘီျဖစ္မည္ကို ေၾကာက္ေသာ္လည္း စားခ်င္စိတ္ႏွင့္ ဗိုက္ဆာျခင္းကိုေတာ့ မခံစားနိုင္ၾကေပ။
မၾကာခင္တြင္ လင္းခ်င္းသည္ မ်က္လုံးမွိတ္၍ နယ္ေျမထဲကေန ကိုယ္ေဖ်ာက္ထြက္လာသည္။ ထို႔ေနာက္ သူမသည္ အမိုးေပၚသို႔ ထြက္လာကာ ထိုဘက္ကို မ်က္လုံးဖြင့္ၾကည့္လိုက္သည္။
မၾကာခင္တြင္ မည္းသည္း၍ရွည္လ်ားလြန္းသည့္အရာက ေျပးလာသည္ကို ျမင္လိုက္ရသည္။ ထိုအရာသည္ ဇြန္ဘီဘုရင္ျဖစ္ေသာ္လည္း အရင္ကလို မဟုတ္ေတာ့ေပ။ အစက သူမေၾကာင့္ ႂကြက္သားမ်ားေပၚကာ ေသြးမ်ားျဖင့္ေစးကပ္႐ႊဲေနေသာ္လည္း အခုေတာ့ အသားကင္နံ႕မ်ားလိုထြက္ကာ နီညိုေရာင္ျဖစ္ေနၿပီ။ ဇြန္ဘီဘုရင္သည္ အေျခအေနေကာင္းပုံမရဘဲ ေနာက္ကလိုက္ေနသည့္အရာေၾကာင့္ အလ်င္စလိုျဖင့္ ေျပးေနရပုံေပၚသည္။
လင္းခ်င္းသည္ အမိုးေပၚတြင္ ဒူးႏွစ္ေခ်ာင္းကို လက္ျဖင့္ပိုက္၍ ထိုင္ခ်ကာ ဇြန္ဘီဘုရင္ႏွင့္ သူ႕ေနာက္က လိုက္လာသည့္ သာမန္ဇြန္ဘီမ်ားကို ၾကည့္ေနသည္။ အဆင့္ငါးဇြန္ဘီအခ်ိဳ႕သည္ အဆင့္ေလးဇြန္ဘီမ်ားႏွင့္အတူ အနားက အေဆာက္အဦးမ်ားသို႔တက္ကာ စြမ္းအားျဖင့္ ဇြန္ဘီဘုရင္ေနာက္သို႔ လိုက္ေနသည့္အရာကို တိုက္ေနသည္ကို ေတြ႕ရသည္။ လင္းခ်င္းသည္ ထိုအရာထံမွ ရင္းႏွီးသည့္ ခံစားခ်က္ကို ရေသာ္လည္း ဘာမွန္းမသိေပ။
ဂါး!
ဇြန္ဘီဘုရင္သည္ က်ယ္ေလာင္စြာ ေအာ္လိုက္သည့္ႏွင့္ အနားက သာမန္ဇြန္ဘီအုပ္သည္ ထိုေယာက္်ားဆီသို႔ သြားၾကသည္။
လင္းခ်င္းသည္ ထိုအရာမွာ ေယာက္်ားျဖစ္ၿပီး အရမ္းသန္မာကာ မိုးႀကိဳးအစြမ္း ရွိသူျဖစ္ေၾကာင္း အာ႐ုံခံမိသည္။ ထိုအစြမ္းႏွင့္ မိုးႀကိဳးမ်ားသည္ သူမႏွင့္ ရင္းႏွီးေနသည္။
'ကေလးမေလးရဲ႕ အေဖလား? သူ႕ကိုအေဝးထဲက ရင္းႏွီးသလို ျဖစ္ေနတာ မဆန္းေတာ့ဘူး။ သူ႕မိုးႀကိဳးဒဏ္ကို ဘယ္လိုလုပ္ ငါကေမ့နိုင္မွာလဲ?'
ဇြန္ဘီဘုရင္က ေျပးေနသည္မွာလည္း မဆန္းေတာ့ေပ။ အဆင့္၆ဇြန္ဘီ ဘုရင္ႏွင့္ အဆင့္၇စြမ္းအားရွင္ၾကားက အစြမ္းမ်ားသည္ တကယ့္ကိုကြာျခားသည္။ ဝူခ်န္းယြဲ႕သည္ အဆင့္ေလးႏွင့္ အဆင့္ငါးဇြန္ဘီမ်ား၏ တိုက္ခိုက္မႈမ်ားကို အလြယ္ေလး ခုခံလိုက္သည္။ ဒါသည္ သူ႕အား လုံးဝေႏွးမသြားေစဘဲ မၾကာခင္တြင္ ဇြန္ဘီဘုရင္ကို ဖမ္းမိေတာ့မွာ ျဖစ္သည္။
ဂါး!
ဝူခ်န္းယြဲ႕က အနားသို႔နီးလာသည္ႏွင့္ ဇြန္ဘီဘုရင္သည္ ေဒါသထြက္ကာ ေအာ္သည္။ ထိုအခါ ဇြန္ဘီဘုရင္၏ေနာက္မွ အဆင့္ငါးဇြန္ဘီသုံးေကာင္သည္ သူတို႔အစြမ္းျဖင့္ တိုက္ခိုက္မႈမ်ားက ဝူခ်န္းယြဲကို မထိခိုက္သျဖင့္ ေအာက္သို႔ဆင္းလာကာ ဇြန္ဘီဘုရင္၏ အမိန့္အတိုင္း အနီးကပ္တိုက္ခိုက္ေတာ့သည္။
လင္းခ်င္းကေတာ့ ဇြန္ဘီမ်ားသည္ သူတို႔အသက္ျဖင့္ စြန့္စားကာ ဝူခ်န္းယြဲ႕အား အသည္းအသန္တိုက္ေနျခင္းကို ၾကည့္လို႔သာ ေနသည္။
ဝူခ်န္းယြဲ႕သည္ မိုးႀကိဳးလုံးမ်ားကို ဆက္တိုက္ပစ္လိုက္ကာ တစ္ေကာင္ခ်င္းဆီကို ထိသြားသည္။ သို႔ေသာ္လည္း ဇြန္ဘီမ်ားက ပို၍ပို၍တိုးလာသည္။ အမိုးေပၚသို႔ ခုန္တက္လိုက္ကာ ဝူခ်န္းယြဲ႕သည္ ဇြန္ဘီအုပ္ႀကီးကို တစ္ခ်က္ၾကည့္လိုက္၍ မီတာတစ္ရာေလာက္က ဇြန္ဘီဘုရင္ကိုသာ လက္ျဖင့္ခ်ိန္႐ြယ္လိုက္သည္။ ထိုအခါ ဇြန္ဘီဘုရင္သည္ မိုးႀကိဳးဒဏ္ကို ျပင္းစြာ ခံလိုက္ရသည္။
Advertisement
- In Serial16 Chapters
Draconic Overlord
Ever since she had been discovered as being a lesbian Yuki has been all alone. Her parents were disappointed and despised her. Her friends all abandoned her. Very quickly her personality turned cold and the only thing she had left was the immensely popular VRMMORPG Niflheim. However like they say all good things must come to an end. In the last moments of Niflheim Yuki decided to stay till the end cherishing her memories, but what happens when the timer hits 0 and nothing changes? Nothing changed right? (Hiii Shard here sorry if your not fan of yuri/lesbian stories, but being a fan myself it's probably going to be 99% of my content! This novel has a lot of Futanari content. Thanks for reading my first piece of writing. Thanks for reading!) image source: https://www.deviantart.com/inawong/art/Sindragosa-725696153
8 209 - In Serial14 Chapters
The Lurking Lair - An Adventurer Series Short Story
Charlie had never felt comfortable in their own skin. Enduring the taunts and teasing that echoed from their youth had become all too commonplace. Most adults don't think twice about staring at someone who looks different. They may not speak the insults, but they are felt just the same. This book is a prequel to Adventurer, it is independent and stand alone, but it does contain spoilers that will give away world elements of that work. Spoiler: Nextlife offered the ultimate solution to Charlie's problems. Not only were they able to participate in the development of whole new worlds, they could find the perfect one. A world where Charlie could become the ultimate expression of their desires, dreams, and aspirations. After all, a dungeon isn't confined by the constraints of human interpretation. Join Charlie as they dive headfirst into the world of Elysium! Authors Note: I understand that gender discussions are not for everyone. If gender fluid concerns are an issue for you please consider not reading this story as it may upset you. If you can withhold your judgement, it is not a heavy topic of the narrative, but it is the MC's motivation to become what they become. I hope that this note helps folks.
8 150 - In Serial96 Chapters
The Matrioshka Divide
A signal has been detected on the outer edge of the galaxy, possibly from a colony ship thought lost nearly three thousand years ago. The Free Exchange, the dominant power of the known universe, puts together an unexpected crew to go find it. Only time will tell if this impossible beacon will change the course of human history forever. Updated weekly.
8 132 - In Serial6 Chapters
Dan's Birthday-PhanOneshot
Phil takes Dan on a lil birthday adventure.
8 169 - In Serial9 Chapters
Fifty Shames of Earl Grey
Young, arrogant tycoon Earl Grey seduces the naïve coed Anna Steal with his overpowering good looks and staggering amounts of money, but will she be able to get past his fifty shames, including shopping at Walmart on Saturdays, bondage with handcuffs, and his love of BDSM (Bards, Dragons, Sorcery, and Magick)? Or will his dark secrets and constant smirking drive her over the edge?This extended excerpt from Fanny Merkin's Fifty Shames of Earl Grey is presented courtesy of Da Capo Press.
8 184 - In Serial31 Chapters
Re:Interference- Did something go wrong with my Rebirth?
> The GOD made a simple offer. And the man rejoiced, and gladly accepted. However...something goes wrong, and instead of being reborn, the man wakes up inside a strange room in a ruined temple. > -NOTICE- This series is also available on my personal blog, along with two other series I am currently working on (blog exclusives). -NOTICE- CHANGE OF SCHEDULE- Due to some IRL stuff, I am forced to change the schedule for Re:Interference. Because of that, I will make two major changes to the schedule. First, I will be able to release one single chapter each week. Next, the release of it will be random. That means, one week I could release it on friday, the next one on sunday etc... whenever a chapter is ready (writing, editing, proofreading of 9000+ words) it will be released. If you read this, please do keep in mind that: English is not my native language (so, by all means, if you spot bad grammar/ wrong terms etc take your time to leave a comment, it will help me a lot) As this is my first attempt at writing a web novel (well...technically it's my second attempt...but oh well) please leave some feedback about the story. Any kind of feedback will be appreciated (unless it is just blatant, non-funny insult) Thank You for your Time!
8 504

