《၂။ ဗျူဟာခင်းတဲ့ အစ်မကြီးဇွန်ဘီ (Myanmar Translation)》213
Advertisement
၂၁၃။ လျန်လျန်ကို ခေါ်သွားတယ်
အခုမှ ရှောင်ယွင့်လုံသည် အမြီးရှိနေကြောင်းကို မြင်သွားကာ အရမ်းစိတ်ဝင်စားသွားသည်။
'ဇွန်ဘီတွေက အမြီးပေါက်လို့လား? ဒီသတ္တဝါတွေက ထူးဆန်းတဲ့နည်းတွေနဲ့ သန္ဓေပြောင်းနေတာပဲ'
ဒီလိုတွေးနေမိသော်လည်း ချက်ချင်းပဲ ဒါကိုတွေးရမည့် အချိန်မဟုတ်ဘဲ သူတို့အား ဇွန်ဘီမငယ်က မိတော့မည်ဖြစ်သည်။ ရှောင်ယွင့်လုံသည် သူမအားကြည့်ကာ ချွေးအေးများ ထွက်လာသည်။ ထိုအချိန်တွင် ဇွန်ဘီမငယ်သည် ရုတ်တရက် ပျောက်ကွယ်သွားသည်။
"ဟင်?"
ရှောင်ယွင့်လုံသည် သတိအပြည့်ဖြင့် ပတ်ကြည့်သည်။
"သွားပြီလား? ဘယ်ကိုသွားတာလဲ?"
သူ့အသံကြားသည်နှင့် မုန့်ယွဲ့သည် ကားကိုရပ်မိသွားသည်။ ထို့နောက် ကားနောက်မှန်မှ ကြည့်သည့်အခါ ဇွန်ဘီသည် တကယ်မရှိတော့ပေ။ ဒီလမ်းကို ကားများစွာ စွန့်ပစ်ထားသဖြင့် သူမသည် အော်ပြောလိုက်သည်။
"ရှောင်ယွင့်လုံ လမ်းဖွင့်ပေး!"
ရှောင်ယွင့်လုံသည် လှည့်မကြည့်ဘဲ လက်ကိုလှုပ်လိုက်ရာ ကားများသည် ဘေးသို့တွန်းပို့ခံလိုက်ရသည်။ ကားများကို ဖယ်နေသည့် အသံများကြောင့် သာမန်ဇွန်ဘီများ၏ အာရုံကို စွဲဆောင်မိကာ အများကြီး ရောက်လာတော့သည်။
ရှောင်ယွင့်လုံသည် ကားအမိုးပေါ်တွင်နေသော်လည်း ဇွန်ဘီကို မတွေ့ပေ။ ထွက်သွားသေးမှာ မဟုတ်သည်ကတော့ သေချာသည်။ ထို့အတူ ထူးဆန်းသည့် ဇွန်ဘီမငယ်သည် မြွေတစ်ကောင်လို ခိုးတိုက်ဖို့ ပြင်နေကြောင်းကို သူနားလည်သည်။
သူတွေးနေစဉ်တွင် ကားရှေ့သို့ သဏ္ဍာန်တစ်ခုက အမြန်ရောက်လာကာ လက်နှစ်ဖက်ဖြင့် ကားကိုတားစီးထားလိုက်သည်။ မုန့်ယွဲ့သည် ဒီဇွန်ဘီဘယ်လို ပေါ်လာသလဲကို မမြင်လိုက်သလို ဘရိတ်မဆွဲခင်မှာကို ဇွန်ဘီသည် ကားဆီသို့ လက်ဖြင့် မြှောက်လိုက်နှင့်သည်။ ကားသည် တစ်နာရီကို မိုင်တစ်ရာ့နှစ်ဆယ်နှုန်းဖြင့် မောင်းနေလေရာ ကားတိုက်ခံရသည့်သူက သာမန်သူဆိုလျှင် ဆယ်မီတာလောက်ကို လွင့်ထွက်သွားမှာ ဖြစ်သည်။
ဘုန်း!
မုန့်ယွဲ့သည် ခေါင်းမူးဝေသွားသည်။
ရှောင်ယွင့်လုံသည် ဘာဖြစ်မှန်းသိသည့်အခါ သူနှင့်ကားသည် လွင့်ထွက်သွားတာဖြစ်သည်။ သို့သော်လည်း သူသည် အမြန်ခုန်ဆင်းကာ လှိမ့်ချလိုက်သည်။ ဘုန်းဆိုသည့်အသံကို ကြားသည့်အခါ သူ့မျက်နှာက ပျက်ယွင်းသွားသည်။
"မုန့်ယွဲ့! လျန်လျန်!"
ရှောင်ယွင့်လုံသည် မှောက်သွားသည့်ကားဆီသို့ ကြောက်လန့်တကြား အော်ခေါ်ရင်း ပြေးသွားသည်။
"လျန်လျန်! မုန့်ယွဲ့! မုန့်ယွဲ့!"
ကားဆီသို့ အမြန်ပြေးလာကာ ကားပြတင်းပေါက်ကနေ အော်လိုက်သည်။ ကားသည် ပြောင်းပြန်ကြီးမှောက်နေလေရာ မုန့်ယွဲ့သည်လည်း ပြောင်းပြန်ဖြစ်နေသည်။
"အား"
မုန့်ယွဲ့သည် ညည်းညူမိသည်။ သူမ၏ကိုယ်သည် ဒဏ်ရာများဖြင့်ဖြစ်ကာ ခေါင်းမှလည်း သွေးထွက်နေသည်။ သူမ၏မျက်မှောင်များကို ကျုံ့ထားကာ မျက်လုံးက တင်းတင်းပိတ်ထားသည်။ ရှောင်ယွင့်လုံ၏အသံကြားမှ သူမသည် ပြန်တုံ့ပြန်လာနိုင်ခြင်း ဖြစ်သည်။
"မုန့်ယွဲ့ နင်ဘယ်လိုနေလဲ? မုန့်ယွဲ့! လျန်လျန်. . .လျန်လျန်ဘယ်မှာလဲ? ဘာဖြစ်လို့ လျန်လျန်က ဒီမှာမရှိတာလဲ?"
ကားပြတင်းပေါက်ကနေ ကြည့်လိုက်သည့်အခါ မုန့်ယွဲ့သည် သွေးများရွှဲနေလေသည့်အခါ ကြောင်အသွားပြီးနောက် ဘေးခုံတွင် ဘယ်သူမှ မရှိတော့သည်ကို တွေ့လိုက်ရသည်။
ဝူယွဲ့လျန်က ပျောက်သွားပြီ။ သူ့တစ်ကိုယ်လုံးတွင် ချွေးအေးများရွှဲကာ ရှောင်ယွင့်လုံသည် မုန့်ယွဲ့အား ကားထဲကနေ ထုတ်ပေးလိုက်သည်။ ထိုအခါ သူမသည် ဒဏ်ရာဆိုးဆိုးဝါးဝါးမရဘဲ မေ့နေရုံလောက်သာ ဖြစ်ကြောင်း တွေ့လိုက်သည်။ သူကိုယ်ပိုစိတ်ခြောက်ခြားစေသည်မှာ ဝူယွဲ့လျန်က ဇွန်ဘီနှင့်အတူ ပျောက်သွားခြင်း ဖြစ်သည်။ သံသယဝင်စရာ မလိုအောင်ကို ဇွန်ဘီက ခေါ်သွားသည်မှာ သေချာသည်။
'ငါဘယ်လိုလုပ်ရမလဲ? ဇွန်ဘီကို ဘယ်လိုရှာရမလဲ? မုန့်ယွဲ့ကလည်း အခုဒဏ်ရာရနေတာ။ သူ့ကိုစောင့်ရှောက်ဖို့ လူလိုတယ်'
လျန်လျန်ကို ခေါ်သွားသည့် ဇွန်ဘီသည် အဆင့်၆ဇွန်ဘီဘုရင်မ ဖြစ်လိမ့်မည်။ အဆင့်မြင့် ဇွန်ဘီများသည် ကလေးများနှင့် မိန်းမတို့ကို စားရသည်ကို အကြိုက်ဆုံးပင်။ ဝူယွဲ့လျန်ကို ခေါ်သွားသဖြင့် အသက်ရှင်ကျန်နေဖို့ အခွင့်အရေးက အရမ်းရှားသွားပြီ။
'ဝူချန်းယွဲ့ကို ငါဘယ်လိုရှင်းပြရမလဲ? ဇွန်ဘီဘုရင်မကို အခုတွေ့တောင် ငါဘယ်လို လျန်လျန်ကို ပြန်ခေါ်ရမလဲ? ပြီးတော့လည်း ဇွန်ဘီဘုရင်မက ဘယ်သွားမှန်းမှ ငါမသိတာ။ လျန်လျန်ကို ဘယ်လိုရှာရမလဲ?'
ရွေးချယ်စရာ မရှိတော့ကာ မုန့်ယွဲ့နိုးလာမည်ကို စောင့်နေရင်း လင်းလင်း၏ တည်နေရာကို အာရုံခံဖို့ပဲ ရှိတော့သည်။ သူမအား အမှုအယာမဲ့စွာဖြင့် ပွေ့သွားကာ သန့်သည့်နေရာသို့ သွားလိုက်သည်။
ဘန်း!
သူတို့ငါးမီတာ အကွာသို့ရောက်သည်နှင့် ကားသည်ပေါက်ကွဲသွားသည်။ မီးခိုးလုံးကြီးများသည် မီးတောက်များနှင့်အတူ ထွက်လာသည်။
တစ်ဖက်တွင်တော့ ဇွန်ဘီမငယ်သည် ဝူယွဲ့လျန်ကိုချီကာ အနောက်ဘက်ရေကန်သို့ ပြေးနေသည်။ ခနပြေးပြီးနောက် သူမသည် အဆောက်အဦးတစ်ခု၏ အမိုးပေါ်တွင် နားလိုက်သည်။ သူမသည် မေ့နေသည့် ဝူယွဲ့လျန်ကို ကြမ်းပြင်ပေါ်တွင် သေချာချကာ နံရံကိုမှီထားစေသည်။
သူမသည် ဘာဆိုဘာမှကို မမှတ်မိတော့ပေ။ သို့သော်လည်း လူသားများကို မစားသင့်သည်ကိုတော့ သိသေးသည်။ ဒီလိုဖြစ်လာသည့်နောက် သူမသည် လျှောက်သွားလာနေတာ ဖြစ်သည်။ သူမသည် တစ်နေရာတည်းတွင် နေရမည့်အစား ခရီးထွက်နေရခြင်ကို သဘောကျသည်။ သူမသည် အများကြီး မသိပေ။ ဇွန်ဘီတွေက ဘယ်လိုလဲဆိုသည်ကို မသိသော်လည်း လူသားများကိုတော့ သိသည်။ သူမသည်လည်း လူသားမဟုတ်တော့ကြောင်းကို သတိထားမိသည်။ သို့သော် ဘယ်သူလဲဆိုသည်ကိုတော့ မသိတော့ပေ။
လူသားအနံ့များက အရမ်းကောင်းသဖြင့် သဘောကျသည်။ ဗိုက်အရမ်းမဆာရအောင် တစ်ကိုက်လောက် လူသားများကို ကိုက်ကြည့်ချင်သည်။ သို့သော်လည်း လူသားများကို မစားသင့်တာကိုတော့ သေချာသိသေးသည်။ ဘာဖြစ်လို့မှန်း မသိသော်လည်း သူမ၏ခေါင်းထဲကအသံက ပြောနေတာဖြစ်သည်။
Advertisement
သူမသည် တစ်ယောက်တည်းမနေချင်ဘဲ အဖော်အပေါင်းသင်းဖြင့် နေချင်သည်။ သို့သော်လည်း လူသားများက သူမကိုကြောက်နေကြသည်။ သူမကိုမြင်တာနှင့် ထွက်ပြေးတာ သို့မဟုတ် တိုက်ခိုက်တာမျိုး လုပ်တက်ကြသည်။
ပြီးတော့လည်း လျှောက်သွားနေသည့်လူသေများက ရှင်နေသည့် လူသားများနှင့်မတူပေ။ သူတို့အနံ့များသည် ဆိုးဝါးလွန်းကာ ညစ်ပတ်ပြီး ရုပ်ဆိုးသေးသည်။ ထို့ကြောင့် သူမသည် သူတို့နားသို့ ကပ်ကိုမနေချင်ပေ။ သူတို့ခြေလက်များက ကျိုးနေသေးသော်လည်း လမ်းလျှောက်နိုင်သေးသည်။ အချို့ဆိုလျှင် ဗိုက်မှာပေါက်နေသော်လည်း လှုပ်ရှားနေနိုင်ကြသေးသည်။ အလိုလိုကို သူမသည် သူတို့ကို မကြိုက်ပေ။
ထို့ကြောင့် တစ်ယောက်တည်းသာ ခရီးထွက်နေသည်။ အခြေစိုက်စခန်းများနားတွင်နေကာ လူသားများကို စောင့်ကြည့်တက်သည်။ အထဲသို့ဝင်ကာ သူတို့နှင့်အတူ နေချင်သော်လည်း လူသားများက သူမကို ကြောက်ကြသည်ကို သိသည်။
'ဘာဖြစ်လို့လဲ? ဘာဖြစ်လို့ ငါ့ကိုကြောက်တာလဲ? ငါဘယ်သူ့ကိုမှ ထိခိုက်အောင် မလုပ်ဖူးတာ'
ဇွန်ဘီမငယ်သည် ထိုင်ချလိုက်ကာ ဝူယွဲ့လျန်ကို ဖက်ထား၍ နားမလည်စွာ စိုက်ကြည့်နေသည်။
'ကလေးလေး ချစ်ဖို့ကောင်းလိုက်တာ!'
သူမသည် ခရီးအကြာကြီး သွားလာနေသော်လည်း ဒီလိုကလေးမျိုးကို ပထမဆုံးအကြိမ် မြင်ဖူးတာ ဖြစ်သည်။ ဝူယွဲ့လျန်၏ မျက်နှာလေးကို စပ်စုစွာဖြင့် လက်ဖြင့်ထိဖို့လှမ်းလိုက်သည်။ သို့သော်လည်း မထိခင်မှာ ရပ်လိုက်သည်။ သူမ၏ လက်သည်းချွန်များကိုကြည့်ကာ လက်ကိုပြန်ရုတ်သိမ်းလိုက်သည်။ သူမ၏လက်သည်းများက အဆိပ်ရှိသည်ကို သိသောကြောင့် ဖြစ်သည်။
Zawgyi Ver
၂၁၃။ လ်န္လ်န္ကို ေခၚသြားတယ္
အခုမွ ေရွာင္ယြင့္လုံသည္ အၿမီးရွိေနေၾကာင္းကို ျမင္သြားကာ အရမ္းစိတ္ဝင္စားသြားသည္။
'ဇြန္ဘီေတြက အၿမီးေပါက္လို႔လား? ဒီသတၱဝါေတြက ထူးဆန္းတဲ့နည္းေတြနဲ႕ သေႏၶေျပာင္းေနတာပဲ'
ဒီလိုေတြးေနမိေသာ္လည္း ခ်က္ခ်င္းပဲ ဒါကိုေတြးရမည့္ အခ်ိန္မဟုတ္ဘဲ သူတို႔အား ဇြန္ဘီမငယ္က မိေတာ့မည္ျဖစ္သည္။ ေရွာင္ယြင့္လုံသည္ သူမအားၾကည့္ကာ ေခြၽးေအးမ်ား ထြက္လာသည္။ ထိုအခ်ိန္တြင္ ဇြန္ဘီမငယ္သည္ ႐ုတ္တရက္ ေပ်ာက္ကြယ္သြားသည္။
"ဟင္?"
ေရွာင္ယြင့္လုံသည္ သတိအျပည့္ျဖင့္ ပတ္ၾကည့္သည္။
"သြားၿပီလား? ဘယ္ကိုသြားတာလဲ?"
သူ႕အသံၾကားသည္ႏွင့္ မုန့္ယြဲ႕သည္ ကားကိုရပ္မိသြားသည္။ ထို႔ေနာက္ ကားေနာက္မွန္မွ ၾကည့္သည့္အခါ ဇြန္ဘီသည္ တကယ္မရွိေတာ့ေပ။ ဒီလမ္းကို ကားမ်ားစြာ စြန့္ပစ္ထားသျဖင့္ သူမသည္ ေအာ္ေျပာလိုက္သည္။
"ေရွာင္ယြင့္လုံ လမ္းဖြင့္ေပး!"
ေရွာင္ယြင့္လုံသည္ လွည့္မၾကည့္ဘဲ လက္ကိုလႈပ္လိုက္ရာ ကားမ်ားသည္ ေဘးသို႔တြန္းပို႔ခံလိုက္ရသည္။ ကားမ်ားကို ဖယ္ေနသည့္ အသံမ်ားေၾကာင့္ သာမန္ဇြန္ဘီမ်ား၏ အာ႐ုံကို စြဲေဆာင္မိကာ အမ်ားႀကီး ေရာက္လာေတာ့သည္။
ေရွာင္ယြင့္လုံသည္ ကားအမိုးေပၚတြင္ေနေသာ္လည္း ဇြန္ဘီကို မေတြ႕ေပ။ ထြက္သြားေသးမွာ မဟုတ္သည္ကေတာ့ ေသခ်ာသည္။ ထို႔အတူ ထူးဆန္းသည့္ ဇြန္ဘီမငယ္သည္ ေႁမြတစ္ေကာင္လို ခိုးတိုက္ဖို႔ ျပင္ေနေၾကာင္းကို သူနားလည္သည္။
သူေတြးေနစဥ္တြင္ ကားေရွ႕သို႔ သ႑ာန္တစ္ခုက အျမန္ေရာက္လာကာ လက္ႏွစ္ဖက္ျဖင့္ ကားကိုတားစီးထားလိုက္သည္။ မုန့္ယြဲ႕သည္ ဒီဇြန္ဘီဘယ္လို ေပၚလာသလဲကို မျမင္လိုက္သလို ဘရိတ္မဆြဲခင္မွာကို ဇြန္ဘီသည္ ကားဆီသို႔ လက္ျဖင့္ ျမႇောက္လိုက္ႏွင့္သည္။ ကားသည္ တစ္နာရီကို မိုင္တစ္ရာ့ႏွစ္ဆယ္ႏႈန္းျဖင့္ ေမာင္းေနေလရာ ကားတိုက္ခံရသည့္သူက သာမန္သူဆိုလွ်င္ ဆယ္မီတာေလာက္ကို လြင့္ထြက္သြားမွာ ျဖစ္သည္။
ဘုန္း!
မုန့္ယြဲ႕သည္ ေခါင္းမူးေဝသြားသည္။
ေရွာင္ယြင့္လုံသည္ ဘာျဖစ္မွန္းသိသည့္အခါ သူႏွင့္ကားသည္ လြင့္ထြက္သြားတာျဖစ္သည္။ သို႔ေသာ္လည္း သူသည္ အျမန္ခုန္ဆင္းကာ လွိမ့္ခ်လိဳက္သည္။ ဘုန္းဆိုသည့္အသံကို ၾကားသည့္အခါ သူ႕မ်က္ႏွာက ပ်က္ယြင္းသြားသည္။
"မုန့္ယြဲ႕! လ်န္လ်န္!"
ေရွာင္ယြင့္လုံသည္ ေမွာက္သြားသည့္ကားဆီသို႔ ေၾကာက္လန့္တၾကား ေအာ္ေခၚရင္း ေျပးသြားသည္။
"လ်န္လ်န္! မုန့္ယြဲ႕! မုန့္ယြဲ႕!"
ကားဆီသို႔ အျမန္ေျပးလာကာ ကားျပတင္းေပါက္ကေန ေအာ္လိုက္သည္။ ကားသည္ ေျပာင္းျပန္ႀကီးေမွာက္ေနေလရာ မုန့္ယြဲ႕သည္လည္း ေျပာင္းျပန္ျဖစ္ေနသည္။
"အား"
မုန့္ယြဲ႕သည္ ညည္းၫူမိသည္။ သူမ၏ကိုယ္သည္ ဒဏ္ရာမ်ားျဖင့္ျဖစ္ကာ ေခါင္းမွလည္း ေသြးထြက္ေနသည္။ သူမ၏မ်က္ေမွာင္မ်ားကို က်ဳံ႕ထားကာ မ်က္လုံးက တင္းတင္းပိတ္ထားသည္။ ေရွာင္ယြင့္လုံ၏အသံၾကားမွ သူမသည္ ျပန္တုံ႕ျပန္လာနိုင္ျခင္း ျဖစ္သည္။
"မုန့္ယြဲ႕ နင္ဘယ္လိုေနလဲ? မုန့္ယြဲ႕! လ်န္လ်န္. . .လ်န္လ်န္ဘယ္မွာလဲ? ဘာျဖစ္လို႔ လ်န္လ်န္က ဒီမွာမရွိတာလဲ?"
ကားျပတင္းေပါက္ကေန ၾကည့္လိုက္သည့္အခါ မုန့္ယြဲ႕သည္ ေသြးမ်ား႐ႊဲေနေလသည့္အခါ ေၾကာင္အသြားၿပီးေနာက္ ေဘးခုံတြင္ ဘယ္သူမွ မရွိေတာ့သည္ကို ေတြ႕လိုက္ရသည္။
ဝူယြဲ႕လ်န္က ေပ်ာက္သြားၿပီ။ သူ႕တစ္ကိုယ္လုံးတြင္ ေခြၽးေအးမ်ား႐ႊဲကာ ေရွာင္ယြင့္လုံသည္ မုန့္ယြဲ႕အား ကားထဲကေန ထုတ္ေပးလိုက္သည္။ ထိုအခါ သူမသည္ ဒဏ္ရာဆိုးဆိုးဝါးဝါးမရဘဲ ေမ့ေန႐ုံေလာက္သာ ျဖစ္ေၾကာင္း ေတြ႕လိုက္သည္။ သူကိုယ္ပိုစိတ္ေျခာက္ျခားေစသည္မွာ ဝူယြဲ႕လ်န္က ဇြန္ဘီႏွင့္အတူ ေပ်ာက္သြားျခင္း ျဖစ္သည္။ သံသယဝင္စရာ မလိုေအာင္ကို ဇြန္ဘီက ေခၚသြားသည္မွာ ေသခ်ာသည္။
'ငါဘယ္လိုလုပ္ရမလဲ? ဇြန္ဘီကို ဘယ္လိုရွာရမလဲ? မုန့္ယြဲ႕ကလည္း အခုဒဏ္ရာရေနတာ။ သူ႕ကိုေစာင့္ေရွာက္ဖို႔ လူလိုတယ္'
လ်န္လ်န္ကို ေခၚသြားသည့္ ဇြန္ဘီသည္ အဆင့္၆ဇြန္ဘီဘုရင္မ ျဖစ္လိမ့္မည္။ အဆင့္ျမင့္ ဇြန္ဘီမ်ားသည္ ကေလးမ်ားႏွင့္ မိန္းမတို႔ကို စားရသည္ကို အႀကိဳက္ဆုံးပင္။ ဝူယြဲ႕လ်န္ကို ေခၚသြားသျဖင့္ အသက္ရွင္က်န္ေနဖို႔ အခြင့္အေရးက အရမ္းရွားသြားၿပီ။
Advertisement
'ဝူခ်န္းယြဲ႕ကို ငါဘယ္လိုရွင္းျပရမလဲ? ဇြန္ဘီဘုရင္မကို အခုေတြ႕ေတာင္ ငါဘယ္လို လ်န္လ်န္ကို ျပန္ေခၚရမလဲ? ၿပီးေတာ့လည္း ဇြန္ဘီဘုရင္မက ဘယ္သြားမွန္းမွ ငါမသိတာ။ လ်န္လ်န္ကို ဘယ္လိုရွာရမလဲ?'
ေ႐ြးခ်ယ္စရာ မရွိေတာ့ကာ မုန့္ယြဲ႕နိုးလာမည္ကို ေစာင့္ေနရင္း လင္းလင္း၏ တည္ေနရာကို အာ႐ုံခံဖို႔ပဲ ရွိေတာ့သည္။ သူမအား အမႈအယာမဲ့စြာျဖင့္ ေပြ႕သြားကာ သန့္သည့္ေနရာသို႔ သြားလိုက္သည္။
ဘန္း!
သူတို႔ငါးမီတာ အကြာသို႔ေရာက္သည္ႏွင့္ ကားသည္ေပါက္ကြဲသြားသည္။ မီးခိုးလုံးႀကီးမ်ားသည္ မီးေတာက္မ်ားႏွင့္အတူ ထြက္လာသည္။
တစ္ဖက္တြင္ေတာ့ ဇြန္ဘီမငယ္သည္ ဝူယြဲ႕လ်န္ကိုခ်ီကာ အေနာက္ဘက္ေရကန္သို႔ ေျပးေနသည္။ ခနေျပးၿပီးေနာက္ သူမသည္ အေဆာက္အဦးတစ္ခု၏ အမိုးေပၚတြင္ နားလိုက္သည္။ သူမသည္ ေမ့ေနသည့္ ဝူယြဲ႕လ်န္ကို ၾကမ္းျပင္ေပၚတြင္ ေသခ်ာခ်ကာ နံရံကိုမွီထားေစသည္။
သူမသည္ ဘာဆိုဘာမွကို မမွတ္မိေတာ့ေပ။ သို႔ေသာ္လည္း လူသားမ်ားကို မစားသင့္သည္ကိုေတာ့ သိေသးသည္။ ဒီလိုျဖစ္လာသည့္ေနာက္ သူမသည္ ေလွ်ာက္သြားလာေနတာ ျဖစ္သည္။ သူမသည္ တစ္ေနရာတည္းတြင္ ေနရမည့္အစား ခရီးထြက္ေနရျခင္ကို သေဘာက်သည္။ သူမသည္ အမ်ားႀကီး မသိေပ။ ဇြန္ဘီေတြက ဘယ္လိုလဲဆိုသည္ကို မသိေသာ္လည္း လူသားမ်ားကိုေတာ့ သိသည္။ သူမသည္လည္း လူသားမဟုတ္ေတာ့ေၾကာင္းကို သတိထားမိသည္။ သို႔ေသာ္ ဘယ္သူလဲဆိုသည္ကိုေတာ့ မသိေတာ့ေပ။
လူသားအနံ႕မ်ားက အရမ္းေကာင္းသျဖင့္ သေဘာက်သည္။ ဗိုက္အရမ္းမဆာရေအာင္ တစ္ကိုက္ေလာက္ လူသားမ်ားကို ကိုက္ၾကည့္ခ်င္သည္။ သို႔ေသာ္လည္း လူသားမ်ားကို မစားသင့္တာကိုေတာ့ ေသခ်ာသိေသးသည္။ ဘာျဖစ္လို႔မွန္း မသိေသာ္လည္း သူမ၏ေခါင္းထဲကအသံက ေျပာေနတာျဖစ္သည္။
သူမသည္ တစ္ေယာက္တည္းမေနခ်င္ဘဲ အေဖာ္အေပါင္းသင္းျဖင့္ ေနခ်င္သည္။ သို႔ေသာ္လည္း လူသားမ်ားက သူမကိုေၾကာက္ေနၾကသည္။ သူမကိုျမင္တာႏွင့္ ထြက္ေျပးတာ သို႔မဟုတ္ တိုက္ခိုက္တာမ်ိဳး လုပ္တက္ၾကသည္။
ၿပီးေတာ့လည္း ေလွ်ာက္သြားေနသည့္လူေသမ်ားက ရွင္ေနသည့္ လူသားမ်ားႏွင့္မတူေပ။ သူတို႔အနံ႕မ်ားသည္ ဆိုးဝါးလြန္းကာ ညစ္ပတ္ၿပီး ႐ုပ္ဆိုးေသးသည္။ ထို႔ေၾကာင့္ သူမသည္ သူတို႔နားသို႔ ကပ္ကိုမေနခ်င္ေပ။ သူတို႔ေျခလက္မ်ားက က်ိဳးေနေသးေသာ္လည္း လမ္းေလွ်ာက္နိုင္ေသးသည္။ အခ်ိဳ႕ဆိုလွ်င္ ဗိုက္မွာေပါက္ေနေသာ္လည္း လႈပ္ရွားေနနိုင္ၾကေသးသည္။ အလိုလိုကို သူမသည္ သူတို႔ကို မႀကိဳက္ေပ။
ထို႔ေၾကာင့္ တစ္ေယာက္တည္းသာ ခရီးထြက္ေနသည္။ အေျခစိုက္စခန္းမ်ားနားတြင္ေနကာ လူသားမ်ားကို ေစာင့္ၾကည့္တက္သည္။ အထဲသို႔ဝင္ကာ သူတို႔ႏွင့္အတူ ေနခ်င္ေသာ္လည္း လူသားမ်ားက သူမကို ေၾကာက္ၾကသည္ကို သိသည္။
'ဘာျဖစ္လို႔လဲ? ဘာျဖစ္လို႔ ငါ့ကိုေၾကာက္တာလဲ? ငါဘယ္သူ႕ကိုမွ ထိခိုက္ေအာင္ မလုပ္ဖူးတာ'
ဇြန္ဘီမငယ္သည္ ထိုင္ခ်လိဳက္ကာ ဝူယြဲ႕လ်န္ကို ဖက္ထား၍ နားမလည္စြာ စိုက္ၾကည့္ေနသည္။
'ကေလးေလး ခ်စ္ဖို႔ေကာင္းလိုက္တာ!'
သူမသည္ ခရီးအၾကာႀကီး သြားလာေနေသာ္လည္း ဒီလိုကေလးမ်ိဳးကို ပထမဆုံးအႀကိမ္ ျမင္ဖူးတာ ျဖစ္သည္။ ဝူယြဲ႕လ်န္၏ မ်က္ႏွာေလးကို စပ္စုစြာျဖင့္ လက္ျဖင့္ထိဖို႔လွမ္းလိုက္သည္။ သို႔ေသာ္လည္း မထိခင္မွာ ရပ္လိုက္သည္။ သူမ၏ လက္သည္းခြၽန္မ်ားကိုၾကည့္ကာ လက္ကိုျပန္႐ုတ္သိမ္းလိုက္သည္။ သူမ၏လက္သည္းမ်ားက အဆိပ္ရွိသည္ကို သိေသာေၾကာင့္ ျဖစ္သည္။
Advertisement
- In Serial83 Chapters
Summoned
This is a Hotd (Highschool of the dead.) fanfiction. OC that has seen the anime and is thrown into the hotd world. (Being dyslexic expect some, hiccups down the road.)
8 711 - In Serial17 Chapters
Death God's Descent (DROPPED)
Consumed by boredom, Mlithru, God of Death, has decided to change things up a little. Instead of watching others venture the realm of mortals, he himself has decided to walk in their shoes and experience the world first hand. Thus begins his adventure.
8 197 - In Serial24 Chapters
Fluffy Tails and Horned Heads
A man, a martyr, sacrificed for the good of humanity, is now confronted with the lack of body. someone not calling themselves a god in any way decides that the only way is reincarnation, whether the man likes it or not. :3 ah, yes, the classic reincarnated as a monster trope in a fantasy world of magic and stuff. funsie funs. I'm not gonna come and say I've turned it on its head or anything, I'm just gonna say that the main character is a rabbit, he does not have any knowledge of any o these types of novels, the "god" character is not a god in any way, the evolution process is gradual and there are no screens telling him all the usual information like "what is that" in summary, don't expect anything great, but I hope you'll be along for the ride. :^))
8 206 - In Serial21 Chapters
The Natural Dungeon of Bugs
Aphids, ants, beetles, and bees...Creepy crawlies of every type always fascinated Matt. After his death, instead of reuniting with his lost loved ones, Matt is reborn as a Dungeon core. Determined to make the best of the situation, Matt decides to create the Dungeon of his dreams and others’ nightmares. Welcome to the Dungeon of bugs.
8 80 - In Serial34 Chapters
Motherly Love
Kayla is a single mother that is about it graduate high school with supporting parents, after her last boyfriend who did some unforgivable things to her, she kinda gave up on love but what happens when she meets Jayceon.Jayceon is a laid back kinda guy, he focus on school, and has only a supporting friends with not many people in the picture he really isn't looking for love, he doesn't mess with anyone and he stays to himself but what happens when he meets Kayla.
8 317 - In Serial21 Chapters
Incorrect Heathers Songs {Completed}
Heathers songs translated into 10 different languages and back to english. The result is pure poetry.
8 123

