《၂။ ဗျူဟာခင်းတဲ့ အစ်မကြီးဇွန်ဘီ (Myanmar Translation)》217
Advertisement
၂၁၇။ ကလေးမလေးကို ကယ်ခြင်း
ဇွန်ဘီမငယ်သည် ထပ်မငိုတော့ဘဲ မျက်နှာကို ဒူးနှစ်ဖက်ကြားအပ်၍ ဒူးကိုဖက်ထားရင်း အလွန်တရာဝမ်းနည်းနေသည့်ပုံဖြင့် ထိုင်နေသည်။
လင်းချင်းသည် အတော်ထူးဆန်းသလို ခံစားရသည်။ မျက်လုံးဖွင့်၍ ကလေးမလေးကို ကြည့်သည့်အခါ မျက်နှာတွင် ခြစ်ရာအချို့ကလွဲ၍ အခြားထိခိုက်ဒဏ်ရာမရှိပေ။
'ထူးဆန်းလိုက်တာ! ဇွန်ဘီက ကလေးမလေးကို ထိခိုက်အောင် လုပ်ချင်ပုံမရဘူး။ ဒါပင်မယ့် ဘာဖြစ်လို့ ကလေးမလေးက သူနဲ့အတူရှိနေတာလဲ? ကလေးမလေးကို ငါခေါ်ထားလိုက်တာနဲ့ ဘာဖြစ်လို့ ရတနာအခိုးခံရတဲ့သူလို ဇွန်ဘီကလုပ်နေတာလဲ? ကလေးလိုပဲ!'
ထို့အပြင် လင်းချင်းသည် ဇွန်ဘီမငယ်ထံမှ မကောင်းသည့် ရည်ရွယ်ချက်ကို မထောက်လှမ်းမိပေ။ ကလေးမလေးကို ခိုးခံလိုက်ရတာတောင် စိတ်ဆိုးခြင်းမရှိဘဲ ငိုနေရုံသာ လုပ်နေတာ ဖြစ်သည်။
လင်းချင်းသည် ဖြစ်နိုင်ချေတစ်ခုကို တွေးမိသွားသည်။ ဇွန်ဘီတွေမှာ လူသားဆန်မှု ရှိမည်ဟု မထင်ခဲ့သော်လည်း သူမသည် ရှဲ့တုန်း၊ ကျွင်းကျွင်းနှင့် ချူးလီလီတို့ဖြင့် တွေ့ဆုံရသည့်နောက် ယုံကြည်လာသည်။
'အပြင်က ဇွန်ဘီက ချူးလီလီလို အခြေအနေမျိုး ဖြစ်မယ်'
သူမသည် ကုတင်ဘေးမှာ ထိုင်တွေးနေတုန်း ကလေးမလေးက မျက်လုံးဖွင့်လာသည်။ လင်းချင်းသည် လှည့်ကြည့်သည့်အခါ ကလေးမလေးက သူမအား စိတ်ရှုပ်သည့် မျက်လုံးဝိုင်းကြီးများဖြင့် ကြည့်နေသည်။
ကလေးမလေးသည် သူမကို ခနကြည့်ပြီးနောက် စိတ်ရှုပ်မှုက ကြောက်လန့်ခြင်း ဖြစ်သွားသည်။ ကလေးမလေးသည် မျက်လုံးများကို ကျယ်ကျယ်ဖွင့်ကာ ချက်ချင်းပဲ ထထိုင်၍ နောက်သို့ရွေ့သွားသည်။
ကလေးမလေးက ဒီလိုဖြစ်သည့်အခါ လင်းချင်းသည် ကုတင်ပေါ်က ပြုတ်ကျမည်ကို စိုးရိမ်၍ ပုခုံးကို လက်ဖြင့်ဆွဲထားလိုက်သည်။ ကလေးမလေး၏ ကြောက်လန့်ခြင်းကို အာရုံခံမိမှ လင်းချင်းသည် သူမကို မမှတ်မိကြောင်းကို သိလိုက်သည်။ ဒါသည်ဖြစ်သင့်သည်။ အခုဆိုလျှင် သူမသည် ဦးထုပ်နှင့် မျက်မှန်တပ်ထားကာ မျက်နှာက အမာရွတ်များသည်လည်း ပျောက်သွားပြီ။
ပုခုံးကို အကိုင်ခံရသည့်အခါ ကလေးမလေးသည် ကြောက်ရွံ့တုန်လာသည်။ သူမသည် ကားကပြောင်းပြန်လန်သွား၍ မှောက်သွားခြင်းကို မှတ်မိနေသေးသဖြင့် အခုအရမ်းကို သက်သောင့်သက်သာ ဖြစ်မနေတော့ပေ။
လင်းချင်းသည် ကလေးမလေး၏ ခြေထောက်ပေါ် လက်တင်လိုက်သည့်အခါ တစ်ကိုယ်လုံးက တောင့်ပြီး တုန်နေသည်ကို သိလိုက်ရသည်။ ပြင်းထန်သည့် ကြောက်လန့်မှုကို လင်းချင်းသည် ကလေးမလေး၏ ခြေထောက်မှတစ်ဆင့် သိလိုက်ရသည်။
ကလေးမလေးသည် မငိုသော်လည်း ဒူးများကို ကွေးလာကာ ခေါင်းကိုအပ်လိုက်သည်။ လင်းချင်းသည် ပထမဆုံးအကြိမ် ကယ်တုန်းကလိုမျိုး ဖြစ်နေတာ ဖြစ်သည်။ ကလေးမလေးသည် စိတ်ထိခိုက်လုနီးပါး ဖြစ်နေသည်။
လင်းချင်းက ဘာမှမလုပ်ရဲတော့ပေ။ ကလေးမလေးက ကုတင်ပေါ်က ဆင်းဖို့မလုပ်သည်မှာ သေချာတော့မှ လင်းချင်းသည် လက်ကိုဖယ်လိုက်သည်။ ကလေးမလေး၏ခေါင်းကို ပုတ်ပေးချင်သော်လည်း ပိုကြောက်သွားမှာကို စိုးရိမ်ရသည်။ သူမသည် ခနတွေးပြီးနောက် မီးခိုးရောင်ယုန်ကို သတိရသွားသည်။ ထို့ကြောင့် ချက်ချင်းထကာ စတော်ဘယ်ရီခင်းနားက မြက်ခင်းထဲသို့ အမြန်ပြေးသည်။
ဟိုလူစုသည် ရေအမြန်ချိုးပြီး၍ ဘောင်းဘီဝတ်ပြီးနေကြပြီ။ သို့သော်လည်း အကျီကို သဘတ်အဖြစ်သုတ်ထားသောကြောင့် စိုနေသဖြင့် အပေါ်ပိုင်းကို မဝတ်ရသေးပေ။ ရေချိုးပြီးမှ ညစ်ပတ်နေသည့်လူစုသည် သန့်ပြန့်သွားကြသည်။
လင်းချင်းသည် စတော်ဘယ်ရီသီးခင်းနားကိုပြေးကာ တစ်ခုခုရှာနေသည်ကို သူတို့မြင်လိုက်ရသည်။ လုထန်ရိနှင့်အခြားသူများသည် ဝူယွဲ့လင်းနားသို့ သွားကြည့်လေရာ သူတို့စခန်းမှ မင်းသမီးလေးဖြစ်ကြောင်း သေချာသွားသည်။ စခန်းခေါင်းဆောင် သုံးယောက်အနက် ဝူချန်းယွဲ့မှာသာ သမီးလေးတစ်ယောက်ရှိသည်။ ထို့ကြောင့် ဝူယွဲ့လျန်သည် သူတို့စခန်း၏ မင်းသမီးလေး ဖြစ်လာသည်။
"သူက တကယ့်ကို ငါတို့မင်းသမီးလေးပဲ။ ဒါပင်မယ့် ဘယ်လိုဖြစ်လို့?"
လုထန်ရိသည် ဝူယွဲ့လျန်ကို ကြည့်ကာ စိတ်ရှုပ်နေသည်။ သူသည် လင်းချင်းကို ခေါင်းထောင်ကြည့်သည့်အခါ သူမက မြက်တောထဲတွင် တစ်ခုခုကို ရှာနေပုံရသည်။
"ဘာလုပ်နေတာလဲ?"
ကောင်းချင်းမင်းသည် လင်းချင်းကို ကြည့်ပြီးနောက် ခနကြာမှဖြေသည်။
"ငါ့အထင် ယုန်ကိုရှာနေတာ ဖြစ်မယ်။ ခုနက မီးခိုးရောင်ယုန်ကို ငါတို့မြင်တယ်မလား?"
လုထန်ရိသည် စိတ်ရှုပ်နေဆဲပင်။ သူသည် ကောင်းချင်းမင်းကို ကြည့်ကာမေးသည်။
"ယုန်လား? ဘာဖြစ်လို့ ယုန်ကိုရှာနေတာလဲ?"
ကောင်းချင်းမင်းသည် ပုခုံးကိုတွန့်ကာ ဖြေသည်။
"ငါလည်းဘယ်သိမလဲ။ ဒီတိုင်းမှန်းကြည့်တာ"
ရှဲ့တုန်းသည် အနားသို့လာသည်။ လင်းချင်းသည် ယုန်ရှာခြင်းမှာ မင်းသမီးလေးနှင့် သိသောကြောင့် ဖြစ်ကြောင်းကို သူသိသည်။ ကလေးမလေးသည် လင်းချင်းကို မမှတ်မိနိုင်ကြောင်းကိုလည်း သူနားလည်သည်။ လင်းချင်း၏ ရုပ်ရည်က သိသိသာသာကို ပြောင်းလဲသွားသောကြောင့်ပင်။ ကြောက်လန့်နေသည့် ကလေးမလေး ဝူယွဲ့လျန်ကိုကြည့်ကာ အပြင်တွင် ဘာဖြစ်ခဲ့သလဲကို သူတွေးကြည့်နေမိသည်။
မကြာခင်တွင် လင်းချင်းသည် မီးခိုးရောင်ယုန်ဖြင့် ပြန်လာသည့်အခါ လုထန်ရိနှင့် ကောင်းချင်းမင်းတို့သည် အံ့သြသွားကြသည်။ ကောင်းချင်းမင်း မှန်းသည်က မှန်သည်။ လင်းချင်းက တကယ့်ကိုယုန်သွားရှာတာပင်။
လင်းချင်းသည် ယုန်ဖြင့် ကုတင်ဆီသို့ ပြန်လာသည့်အခါ လူတစ်စုက ကုတင်နားကနေ သူမကို စပ်စုစွာ ကြည့်နေသည်ကို တွေ့လိုက်ရသည်။ ရှဲ့တုန်းနှင့် လင်းချင်းတို့သည် အချင်းချင်း ကြည့်လိုက်သည်။ သူတို့နှစ်ယောက်က နားလည်မှုရစဉ် အခြားသူများက စိတ်ရှုပ်ဆဲပင်။
လင်းချင်းသည် အနားသို့သွားကာ ကုတင်ပေါ်တွင် မထိုင်တော့ဘဲ ယုန်ကို ကုတင်ပေါ်သို့ ညင်သာစွာ တင်ပေးလိုက်ကာ နောက်သို့နှစ်လှမ်းဆုတ်နေလိုက်သည်။ ယုန်သည် လူများကို မှတ်မိနေသည်။ ပထမတော့ ကုတင်ပေါ်ကနေ အမွေးပွလုံးလို လှိမ့်ဆင်းဖို့ လုပ်သော်လည်း နှာခေါင်းရှုံ့ကာ အနံ့ခံပြီးနောက် ဝူယွဲ့လျန်ဆီသို့ တိုးသွားသည်။
Advertisement
"ဟင်? မပြေးဘူးလား? ဘာဖြစ်လို့ ကလေးနားကို ကပ်နေတာလဲ?"
ဟွမ်ရှို့သည် ကလေးနားသို့ ယုန်မှာကပ်သွားသည်နှင့် အသံတိုးတိုးဖြင့်ပြောသည်။
လုထန်ရိတို့သည် အဖြေမသိသဖြင့် လင်းချင်းကို တစ်ချက်ကြည့်လိုက်သည်။ အစက ယုန်သည် သူတိုကိုမြင်တုန်းက မြက်ခင်းထဲသို့ ချက်ချင်းဝင်ပြေးသွားသည်။ ဆိုလိုသည်မှာ လူများကို ကြောက်သည်။ အခုတော့ မင်းသမီးလေးနားသို့ ကပ်သွားနေသည်က ထူးဆန်းသည်။
"မင်းသမီးလေးကို မကြောက်ဖူးလား? ကလေးဖြစ်နေလို့လား?"
ယုန်သည် ဝူယွဲ့လျန်နားသို့ ကပ်သွားမှ လင်းချင်းသည် သက်ပြင်းချနိုင်သည်။ ထိုအချိန်တွင် လူစုသည် အနားကပ်ဖို့ မလုပ်ပေ။ သူတို့အကုန်လုံးသည်လည်း အနားသို့ကပ်ပါက ကလေးက ပိုကြောက်မည်ကို နားလည်ကြသည်။ ကလေးသည် အခုအရမ်းကြောက်နေပုံရသဖြင့် သူတို့က သူမကို မေ့သွားအောင် ထပ်မလုပ်သင့်ပေ။
မီးခိုးရောင်ယုန်သည် ကလေးမလေးနားသို့ ခုန်ဆွခုန်ဆွဖြင့် သွားသည်။ ယုန်သည် စိတ်ခံစားချက်များကို မသိသော်လည်း ကလေးမလေး၏အနံ့ကိုတော့ သိသည်။ ထို့ကြောင့် သူ့ခေါင်းလေးဖြင့် ကလေးမလေး၏ ဒူးခေါင်းကို တိုးဝှေ့လိုက်သည်။
ကလေးမလေးသည် သူမ၏ခြေထောက်ကို အမွေးလုံးတစ်ခုက လာတိုးနေသည့်အခါ ကြောက်သွားပြန်သည်။ ယုန်သည် ခေါင်းဖြင့် သူမခြေထောက်ကို တိုးနေလေရာ အနည်းငယ်ယားယံစေသည်။ သို့သော်လည်း မလှုပ်ရဲသေးဘဲ ကိုယ်ကပို၍တောင့်သွားသည်။ ယုန်ကတော့ သူမဆီမှ တုန့်ပြန်ခြင်းကို မရသည့်အခါ ခြေထောက်ပေါ်သို့ ခုန်တက်၍ ထိုင်နေတော့သည်။
လူစုသည် ဘာပြောရမှန်းကို မသိပေ။ လင်းချင်းက စိတ်မပူတော့ဘဲ စတော်ဘယ်ရီခင်းသို့သွားကာ မှည့်နေသည်များကိုခူး၍ ရေဆေးကာ ကုတင်နားသို့ ပြန်လာသည်။
ခနကြာမှ ကလေးမလေးသည် တဖြည်းဖြည်းငြိမ်သွားကာ ခြေထောက်ပေါ်က အမွေးလုံးကြောင့် အာရုံပြောင်းသွားပြီး သိပ်မကြောက်တော့ပေ။ သူမသည် ခေါင်းကိုဖြည်းဖြည်းချင်း မော့ကြည့်သည့်အခါ မီးခိုးရောင်အမွေးလုံးကို မြင်လိုက်ရသည်။
'ဟင်? ဒီအမွေးလုံးက ရင်းနှီးနေသလိုပဲ'
ဤသို့ဖြင့် ဝူယွဲ့လျန်သည် ကြောက်နေသည်ကို ရုတ်တရက်မေ့သွားကာ ခြေထောက်ပေါ်က အမွေးလုံးကိုသာ ခိုးကြည့်၍ စူးစမ်းနေတော့သည်။
Zawgyi Ver
၂၁၇။ ကေလးမေလးကို ကယ္ျခင္း
ဇြန္ဘီမငယ္သည္ ထပ္မငိုေတာ့ဘဲ မ်က္ႏွာကို ဒူးႏွစ္ဖက္ၾကားအပ္၍ ဒူးကိုဖက္ထားရင္း အလြန္တရာဝမ္းနည္းေနသည့္ပုံျဖင့္ ထိုင္ေနသည္။
လင္းခ်င္းသည္ အေတာ္ထူးဆန္းသလို ခံစားရသည္။ မ်က္လုံးဖြင့္၍ ကေလးမေလးကို ၾကည့္သည့္အခါ မ်က္ႏွာတြင္ ျခစ္ရာအခ်ိဳ႕ကလြဲ၍ အျခားထိခိုက္ဒဏ္ရာမရွိေပ။
'ထူးဆန္းလိုက္တာ! ဇြန္ဘီက ကေလးမေလးကို ထိခိုက္ေအာင္ လုပ္ခ်င္ပုံမရဘူး။ ဒါပင္မယ့္ ဘာျဖစ္လို႔ ကေလးမေလးက သူနဲ႕အတူရွိေနတာလဲ? ကေလးမေလးကို ငါေခၚထားလိုက္တာနဲ႕ ဘာျဖစ္လို႔ ရတနာအခိုးခံရတဲ့သူလို ဇြန္ဘီကလုပ္ေနတာလဲ? ကေလးလိုပဲ!'
ထို႔အျပင္ လင္းခ်င္းသည္ ဇြန္ဘီမငယ္ထံမွ မေကာင္းသည့္ ရည္႐ြယ္ခ်က္ကို မေထာက္လွမ္းမိေပ။ ကေလးမေလးကို ခိုးခံလိုက္ရတာေတာင္ စိတ္ဆိုးျခင္းမရွိဘဲ ငိုေန႐ုံသာ လုပ္ေနတာ ျဖစ္သည္။
လင္းခ်င္းသည္ ျဖစ္နိုင္ေခ်တစ္ခုကို ေတြးမိသြားသည္။ ဇြန္ဘီေတြမွာ လူသားဆန္မႈ ရွိမည္ဟု မထင္ခဲ့ေသာ္လည္း သူမသည္ ရွဲ႕တုန္း၊ ကြၽင္းကြၽင္းႏွင့္ ခ်ဴးလီလီတို႔ျဖင့္ ေတြ႕ဆုံရသည့္ေနာက္ ယုံၾကည္လာသည္။
'အျပင္က ဇြန္ဘီက ခ်ဴးလီလီလို အေျခအေနမ်ိဳး ျဖစ္မယ္'
သူမသည္ ကုတင္ေဘးမွာ ထိုင္ေတြးေနတုန္း ကေလးမေလးက မ်က္လုံးဖြင့္လာသည္။ လင္းခ်င္းသည္ လွည့္ၾကည့္သည့္အခါ ကေလးမေလးက သူမအား စိတ္ရႈပ္သည့္ မ်က္လုံးဝိုင္းႀကီးမ်ားျဖင့္ ၾကည့္ေနသည္။
ကေလးမေလးသည္ သူမကို ခနၾကည့္ၿပီးေနာက္ စိတ္ရႈပ္မႈက ေၾကာက္လန့္ျခင္း ျဖစ္သြားသည္။ ကေလးမေလးသည္ မ်က္လုံးမ်ားကို က်ယ္က်ယ္ဖြင့္ကာ ခ်က္ခ်င္းပဲ ထထိုင္၍ ေနာက္သို႔ေ႐ြ႕သြားသည္။
ကေလးမေလးက ဒီလိုျဖစ္သည့္အခါ လင္းခ်င္းသည္ ကုတင္ေပၚက ျပဳတ္က်မည္ကို စိုးရိမ္၍ ပုခုံးကို လက္ျဖင့္ဆြဲထားလိုက္သည္။ ကေလးမေလး၏ ေၾကာက္လန့္ျခင္းကို အာ႐ုံခံမိမွ လင္းခ်င္းသည္ သူမကို မမွတ္မိေၾကာင္းကို သိလိုက္သည္။ ဒါသည္ျဖစ္သင့္သည္။ အခုဆိုလွ်င္ သူမသည္ ဦးထုပ္ႏွင့္ မ်က္မွန္တပ္ထားကာ မ်က္ႏွာက အမာ႐ြတ္မ်ားသည္လည္း ေပ်ာက္သြားၿပီ။
ပုခုံးကို အကိုင္ခံရသည့္အခါ ကေလးမေလးသည္ ေၾကာက္႐ြံ႕တုန္လာသည္။ သူမသည္ ကားကေျပာင္းျပန္လန္သြား၍ ေမွာက္သြားျခင္းကို မွတ္မိေနေသးသျဖင့္ အခုအရမ္းကို သက္ေသာင့္သက္သာ ျဖစ္မေနေတာ့ေပ။
လင္းခ်င္းသည္ ကေလးမေလး၏ ေျခေထာက္ေပၚ လက္တင္လိုက္သည့္အခါ တစ္ကိုယ္လုံးက ေတာင့္ၿပီး တုန္ေနသည္ကို သိလိုက္ရသည္။ ျပင္းထန္သည့္ ေၾကာက္လန့္မႈကို လင္းခ်င္းသည္ ကေလးမေလး၏ ေျခေထာက္မွတစ္ဆင့္ သိလိုက္ရသည္။
ကေလးမေလးသည္ မငိုေသာ္လည္း ဒူးမ်ားကို ေကြးလာကာ ေခါင္းကိုအပ္လိုက္သည္။ လင္းခ်င္းသည္ ပထမဆုံးအႀကိမ္ ကယ္တုန္းကလိုမ်ိဳး ျဖစ္ေနတာ ျဖစ္သည္။ ကေလးမေလးသည္ စိတ္ထိခိုက္လုနီးပါး ျဖစ္ေနသည္။
လင္းခ်င္းက ဘာမွမလုပ္ရဲေတာ့ေပ။ ကေလးမေလးက ကုတင္ေပၚက ဆင္းဖို႔မလုပ္သည္မွာ ေသခ်ာေတာ့မွ လင္းခ်င္းသည္ လက္ကိုဖယ္လိုက္သည္။ ကေလးမေလး၏ေခါင္းကို ပုတ္ေပးခ်င္ေသာ္လည္း ပိုေၾကာက္သြားမွာကို စိုးရိမ္ရသည္။ သူမသည္ ခနေတြးၿပီးေနာက္ မီးခိုးေရာင္ယုန္ကို သတိရသြားသည္။ ထို႔ေၾကာင့္ ခ်က္ခ်င္းထကာ စေတာ္ဘယ္ရီခင္းနားက ျမက္ခင္းထဲသို႔ အျမန္ေျပးသည္။
ဟိုလူစုသည္ ေရအျမန္ခ်ိဳးၿပီး၍ ေဘာင္းဘီဝတ္ၿပီးေနၾကၿပီ။ သို႔ေသာ္လည္း အက်ီကို သဘတ္အျဖစ္သုတ္ထားေသာေၾကာင့္ စိုေနသျဖင့္ အေပၚပိုင္းကို မဝတ္ရေသးေပ။ ေရခ်ိဳးၿပီးမွ ညစ္ပတ္ေနသည့္လူစုသည္ သန့္ျပန့္သြားၾကသည္။
Advertisement
လင္းခ်င္းသည္ စေတာ္ဘယ္ရီသီးခင္းနားကိုေျပးကာ တစ္ခုခုရွာေနသည္ကို သူတို႔ျမင္လိုက္ရသည္။ လုထန္ရိႏွင့္အျခားသူမ်ားသည္ ဝူယြဲ႕လင္းနားသို႔ သြားၾကည့္ေလရာ သူတို႔စခန္းမွ မင္းသမီးေလးျဖစ္ေၾကာင္း ေသခ်ာသြားသည္။ စခန္းေခါင္းေဆာင္ သုံးေယာက္အနက္ ဝူခ်န္းယြဲ႕မွာသာ သမီးေလးတစ္ေယာက္ရွိသည္။ ထို႔ေၾကာင့္ ဝူယြဲ႕လ်န္သည္ သူတို႔စခန္း၏ မင္းသမီးေလး ျဖစ္လာသည္။
"သူက တကယ့္ကို ငါတို႔မင္းသမီးေလးပဲ။ ဒါပင္မယ့္ ဘယ္လိုျဖစ္လို႔?"
လုထန္ရိသည္ ဝူယြဲ႕လ်န္ကို ၾကည့္ကာ စိတ္ရႈပ္ေနသည္။ သူသည္ လင္းခ်င္းကို ေခါင္းေထာင္ၾကည့္သည့္အခါ သူမက ျမက္ေတာထဲတြင္ တစ္ခုခုကို ရွာေနပုံရသည္။
"ဘာလုပ္ေနတာလဲ?"
ေကာင္းခ်င္းမင္းသည္ လင္းခ်င္းကို ၾကည့္ၿပီးေနာက္ ခနၾကာမွေျဖသည္။
"ငါ့အထင္ ယုန္ကိုရွာေနတာ ျဖစ္မယ္။ ခုနက မီးခိုးေရာင္ယုန္ကို ငါတို႔ျမင္တယ္မလား?"
လုထန္ရိသည္ စိတ္ရႈပ္ေနဆဲပင္။ သူသည္ ေကာင္းခ်င္းမင္းကို ၾကည့္ကာေမးသည္။
"ယုန္လား? ဘာျဖစ္လို႔ ယုန္ကိုရွာေနတာလဲ?"
ေကာင္းခ်င္းမင္းသည္ ပုခုံးကိုတြန့္ကာ ေျဖသည္။
"ငါလည္းဘယ္သိမလဲ။ ဒီတိုင္းမွန္းၾကည့္တာ"
ရွဲ႕တုန္းသည္ အနားသို႔လာသည္။ လင္းခ်င္းသည္ ယုန္ရွာျခင္းမွာ မင္းသမီးေလးႏွင့္ သိေသာေၾကာင့္ ျဖစ္ေၾကာင္းကို သူသိသည္။ ကေလးမေလးသည္ လင္းခ်င္းကို မမွတ္မိနိုင္ေၾကာင္းကိုလည္း သူနားလည္သည္။ လင္းခ်င္း၏ ႐ုပ္ရည္က သိသိသာသာကို ေျပာင္းလဲသြားေသာေၾကာင့္ပင္။ ေၾကာက္လန့္ေနသည့္ ကေလးမေလး ဝူယြဲ႕လ်န္ကိုၾကည့္ကာ အျပင္တြင္ ဘာျဖစ္ခဲ့သလဲကို သူေတြးၾကည့္ေနမိသည္။
မၾကာခင္တြင္ လင္းခ်င္းသည္ မီးခိုးေရာင္ယုန္ျဖင့္ ျပန္လာသည့္အခါ လုထန္ရိႏွင့္ ေကာင္းခ်င္းမင္းတို႔သည္ အံ့ၾသသြားၾကသည္။ ေကာင္းခ်င္းမင္း မွန္းသည္က မွန္သည္။ လင္းခ်င္းက တကယ့္ကိုယုန္သြားရွာတာပင္။
လင္းခ်င္းသည္ ယုန္ျဖင့္ ကုတင္ဆီသို႔ ျပန္လာသည့္အခါ လူတစ္စုက ကုတင္နားကေန သူမကို စပ္စုစြာ ၾကည့္ေနသည္ကို ေတြ႕လိုက္ရသည္။ ရွဲ႕တုန္းႏွင့္ လင္းခ်င္းတို႔သည္ အခ်င္းခ်င္း ၾကည့္လိုက္သည္။ သူတို႔ႏွစ္ေယာက္က နားလည္မႈရစဥ္ အျခားသူမ်ားက စိတ္ရႈပ္ဆဲပင္။
လင္းခ်င္းသည္ အနားသို႔သြားကာ ကုတင္ေပၚတြင္ မထိုင္ေတာ့ဘဲ ယုန္ကို ကုတင္ေပၚသို႔ ညင္သာစြာ တင္ေပးလိုက္ကာ ေနာက္သို႔ႏွစ္လွမ္းဆုတ္ေနလိုက္သည္။ ယုန္သည္ လူမ်ားကို မွတ္မိေနသည္။ ပထမေတာ့ ကုတင္ေပၚကေန အေမြးပြလုံးလို လွိမ့္ဆင္းဖို႔ လုပ္ေသာ္လည္း ႏွာေခါင္းရႈံ႕ကာ အနံ႕ခံၿပီးေနာက္ ဝူယြဲ႕လ်န္ဆီသို႔ တိုးသြားသည္။
"ဟင္? မေျပးဘူးလား? ဘာျဖစ္လို႔ ကေလးနားကို ကပ္ေနတာလဲ?"
ဟြမ္ရွို႔သည္ ကေလးနားသို႔ ယုန္မွာကပ္သြားသည္ႏွင့္ အသံတိုးတိုးျဖင့္ေျပာသည္။
လုထန္ရိတို႔သည္ အေျဖမသိသျဖင့္ လင္းခ်င္းကို တစ္ခ်က္ၾကည့္လိုက္သည္။ အစက ယုန္သည္ သူတိုကိုျမင္တုန္းက ျမက္ခင္းထဲသို႔ ခ်က္ခ်င္းဝင္ေျပးသြားသည္။ ဆိုလိုသည္မွာ လူမ်ားကို ေၾကာက္သည္။ အခုေတာ့ မင္းသမီးေလးနားသို႔ ကပ္သြားေနသည္က ထူးဆန္းသည္။
"မင္းသမီးေလးကို မေၾကာက္ဖူးလား? ကေလးျဖစ္ေနလို႔လား?"
ယုန္သည္ ဝူယြဲ႕လ်န္နားသို႔ ကပ္သြားမွ လင္းခ်င္းသည္ သက္ျပင္းခ်နိဳင္သည္။ ထိုအခ်ိန္တြင္ လူစုသည္ အနားကပ္ဖို႔ မလုပ္ေပ။ သူတို႔အကုန္လုံးသည္လည္း အနားသို႔ကပ္ပါက ကေလးက ပိုေၾကာက္မည္ကို နားလည္ၾကသည္။ ကေလးသည္ အခုအရမ္းေၾကာက္ေနပုံရသျဖင့္ သူတို႔က သူမကို ေမ့သြားေအာင္ ထပ္မလုပ္သင့္ေပ။
မီးခိုးေရာင္ယုန္သည္ ကေလးမေလးနားသို႔ ခုန္ဆြခုန္ဆြျဖင့္ သြားသည္။ ယုန္သည္ စိတ္ခံစားခ်က္မ်ားကို မသိေသာ္လည္း ကေလးမေလး၏အနံ႕ကိုေတာ့ သိသည္။ ထို႔ေၾကာင့္ သူ႕ေခါင္းေလးျဖင့္ ကေလးမေလး၏ ဒူးေခါင္းကို တိုးေဝွ႕လိုက္သည္။
ကေလးမေလးသည္ သူမ၏ေျခေထာက္ကို အေမြးလုံးတစ္ခုက လာတိုးေနသည့္အခါ ေၾကာက္သြားျပန္သည္။ ယုန္သည္ ေခါင္းျဖင့္ သူမေျခေထာက္ကို တိုးေနေလရာ အနည္းငယ္ယားယံေစသည္။ သို႔ေသာ္လည္း မလႈပ္ရဲေသးဘဲ ကိုယ္ကပို၍ေတာင့္သြားသည္။ ယုန္ကေတာ့ သူမဆီမွ တုန့္ျပန္ျခင္းကို မရသည့္အခါ ေျခေထာက္ေပၚသို႔ ခုန္တက္၍ ထိုင္ေနေတာ့သည္။
လူစုသည္ ဘာေျပာရမွန္းကို မသိေပ။ လင္းခ်င္းက စိတ္မပူေတာ့ဘဲ စေတာ္ဘယ္ရီခင္းသို႔သြားကာ မွည့္ေနသည္မ်ားကိုခူး၍ ေရေဆးကာ ကုတင္နားသို႔ ျပန္လာသည္။
ခနၾကာမွ ကေလးမေလးသည္ တျဖည္းျဖည္းၿငိမ္သြားကာ ေျခေထာက္ေပၚက အေမြးလုံးေၾကာင့္ အာ႐ုံေျပာင္းသြားၿပီး သိပ္မေၾကာက္ေတာ့ေပ။ သူမသည္ ေခါင္းကိုျဖည္းျဖည္းခ်င္း ေမာ့ၾကည့္သည့္အခါ မီးခိုးေရာင္အေမြးလုံးကို ျမင္လိုက္ရသည္။
'ဟင္? ဒီအေမြးလုံးက ရင္းႏွီးေနသလိုပဲ'
ဤသို႔ျဖင့္ ဝူယြဲ႕လ်န္သည္ ေၾကာက္ေနသည္ကို ႐ုတ္တရက္ေမ့သြားကာ ေျခေထာက္ေပၚက အေမြးလုံးကိုသာ ခိုးၾကည့္၍ စူးစမ္းေနေတာ့သည္။
Advertisement
- In Serial84 Chapters
Heart of a Mer
Sequel to Cry of the Mer. Having left the Lemuria Institution - where so many horrors occured - far behind, Katie and Luna couldn't be more relieved to be free of the torment that still haunts their dreams. But they're far from at peace. Struggling with the onslaught of Post-Traumatic nightmares and stress, they both face new challenges. For Luna, finding the home and family she doesn't remember will be a difficult journey weighed down by a lack of self worth, and may come with a price too high to pay. And Katie - the halfbreed science project - must now try to find what being a Mer really means and find a place in one of two worlds no longer built for her. Sacrifices must be made, and with the ever constant threat of being rediscovered looming over their heads, both Mer feel it is only a matter of time before the storm breaks out once more and drags them back to the captivity where everything began.
8 65 - In Serial19 Chapters
The Chronicles of Artharian Dagworth
Back in 2020 there were many theories on how the world would end. From the many religions apocalypses, nuclear wars that would leave the planet inhabitable, global warming doing the same, biological weapons getting out of control, viruses mutating into unstoppable diseases to the dead raising to prey on humanity, either due to a virus or just because hell filled up. Also, aliens, from the war mongering kind to the ones so advanced they didn’t see us as more than worms. And of course there was the fail proof theory that the world would end when the sun died. In a bunch of billion years give or take. Althougth some new scientist were discussing if the end would be on the take side, since when the sun started dying things would go haywire on the entire solar system and we would collide with mercury or maybe mars way before the expanding sun engulfed earth. But I digress… Now, those were the mainstream theories that the everyday Joe, who didn’t know the big secret, worried about. So, if you were to ask me which theory was correct I can tell you that I haven’t seen any little green man, at least not from another planet, and so far the sun is still shining, although it’s been only 9 years since everything went to hell, not the few billions (give or take) the scientist predicted, so that one isn’t ruled out yet. These two aside, I'd say all of them. Hey everyone, this is my first attempt at writing. I have been planning to do it for a really long time, and while this is not the one epic fantasy idea I ever wanted to write, I think it's a good one. The plan is to write an end of the world urban-fantasy series. Think a world like Dresden Files, Alex Verus, Iron druid, where magic is real but exist hidden from society meets the apocalypse. It will be written in first person in the Dresden Files style, no plans for other POV for now. As you probally alredy guessed from my style, english is not my first langague, so while google corrector helps, expect grammar errors, and I'd be gratefull for anyone to point them. I plan to write 2 to 3 chapters a week, 2000-4000 words each. Might change as I get more experience and depends on my free time. Cover image from the colections of getwallpapers.com
8 188 - In Serial7 Chapters
Perceptive Ambience
After the boom of the industrial revolution, something happened. The discovery of what that was, and why things turned out the way they did... But let's focus on today. Greenery has overgrown a building now-forgotten, and the memories of what was permeate the crumbling walls. Something nearby wakes up those fragmented memories, and something new is born.
8 104 - In Serial77 Chapters
Their Shattered Angel
Living in a hell hole with her abusive foster parents and older brother is all she knows. Magnolia Cambell's body is covered in scars of her past and her present, as she tries to fight her way through life. She thinks she is unfixable, knowing only pain, hatred and anger. On top of that, she has experienced death from both her parents and the one boy who took her heart one night in a black Bugatti.She tries to forget, but little does she know that there is one thing her mind decided to already forget ; everything that happened before the deadly accident of her parents when she was only 6 years old. Trauma made her forget everything. Her true and only family, her brothers.What happens when one dark day a boy who has the same features as her, enters the coffee shop she works in, only for her to find out that he is one of her long forgotten brothers...One of her five brothers who happens to be extremely rich and handsome. Their intriguing life style will turn her life upside down and her life won't ever be the same as before. But you know what will remain ? Her passion for illegal racing, which will only grow and drag her into darker places...Read the rest to see what will happen to the story of Magnolia Rose Knight...Cover made by this amazing person : @_navyblueee_{ careful the story moves on pretty fast in the beginning} No°1 in teendramaNo°1 in foster homeNo°1 in protective brothersNo°1 in broken familyNo*1 in racing No*2 in TeenNo*14 in Story
8 1019 - In Serial13 Chapters
Blood of the Past
He awoke in a startled rush feeling as though it had been centuries since last he had opened his eyes, but alas, it had. His thoughts returned and he heard the screaming of his people and the great pain from the burning fires set against them. He was shunned and outcast along with the rest of his people, and the wars, the terrible wars fought because they could not understand. The Humans could not understand and would not understand him and his peoples true nature. He stood, his strength returning to him, as he did so the dust that had gathered on him fell to the floor. He looked around the cave which he hid in all those centuries ago and he found the way out. He made his way towards it, wanting to see the same as which he had when he entered, wilderness. He made it to the mouth of the cave and found it to be near midday, and he saw naught but wilderness. Save a lone tower far in the distance clearly overgrown and abandoned. His blood boiled as he stepped into the light and the harsh reality of him and his people rushed back into his mind. He would wait for night, and then he would move.
8 149 - In Serial12 Chapters
Advice Hotline | ✔️
where a boy meets a girl who gives him advices
8 187

