《၂။ ဗျူဟာခင်းတဲ့ အစ်မကြီးဇွန်ဘီ (Myanmar Translation)》218
Advertisement
၂၁၈။ ကလေးမလေး နိုးလာပြီ
ဝူယွဲ့လျန်သည် မီးခိုးရောင်အမွေးလုံးကြောင့် အာရုံပြောင်းသွားကာ သေချာကြည့်လိုက်သည့်အခါ လှုပ်နေပြီး နားရွက်ရှည်ကြီးများ ရှိသည်ကို မြင်လိုက်သည်။
'ယုန်နဲ့တူတယ်။ ဘယ်ကယုန်လဲ? သိသလိုပဲ'
သူမသည် တွေးနေမိသည်။ ယုန်ကိုကိုင်ကြည့်ချင်သော်လည်း လူအချို့က သူမကို စိုက်ကြည့်နေသည်ကို ခံစားမိသောကြောင့် မလှုပ်ရဲတော့ဘဲ မျက်နှာကို ဒူးများကြား ပြန်သွင်းလိုက်သည်။
လင်းချင်းသည် ထိုလူစုကို ကြည့်ကာ နောက်ဆုတ်ဖို့ လက်ဟန်ပြလိုက်သည်။ အခြားသူများက ဝူယွဲ့လျန်ကို ကြည့်နေစဉ် ကောင်းချင်းမင်းသာ လင်းချင်းပြသည်ကို မြင်လိုက်သဖြင့် နားမလည်သလို ကြည့်လိုက်သည်။
"ဆုတ်"
လင်းချင်းသည် အသံတိုးတိုးဖြင့် တစ်လုံးတည်း ပြောလိုက်သည်။ ကောင်းချင်းမင်းသည် သူမကိုကြည့်ကာ တခြားသူများကို တစ်ချက်ကြည့်၍ သူမကို ပြန်ကြည့်လာသည်။
လင်းချင်းက ခေါင်းငြိမ့်ပြသည်။ ထိုအခါ ကောင်းချင်းမင်းသည် လုထန်ရိ၏ လက်မောင်းကိုဆွဲလိုက်သည်။ အခြားသူများက သူ့ကိုနားမလည်သလို ကြည့်လာသည်။ ကောင်းချင်းမင်းသည် နောက်သို့နှစ်မီတာလောက်ဆုတ်လိုက်ရင်း
"နောက်ဆုတ်ကြ။ ကလေးကို တစ်ယောက်တည်းနေပါစေ"
လုထန်ရိသည် ကလေးကိုတစ်ချက်ကြည့်ကာ အနားကလူများကို ဆွဲခေါ်ရင်း နောက်သို့လှည့်ထွက်လာသ်။ လင်းချင်းကတော့ မလှုပ်ဘဲ လက်ပိုက်ရပ်နေကာ ကလေးမလေး၏ စိတ်အပြောင်းအလဲကို အာရုံခံနေသည်။
ကလေးမလေးသည် သူမ၏နောက်မှ လူများထွက်သွားသည်ကို သိလိုက်သည်။ ထို့ကြောင့် ခေါင်းမော့ကြည့်ကာ ထူးဆန်းသည့် နေကာမျက်မှန်နှင့် ဦးထုပ်ဖြင့်သူသာ ကျန်ခဲ့ကြောင်း တွေ့ရသည်။ သိပ်မဝေးသည့်နေရာတွင် ရှိနေသောကြောင့် သူမသည် မကြောက်သော်လည်း ရှိနေခြင်းကို ဂရုစိုက်နေမိသည်။
ထိုအချိန်တွင် ခြေထောက်ပေါ်မှ ယုန်သည် လှုပ်လာကာ သူမကို ခေါင်းမော့ကြည့်သည်။ ထိုအခါ ဝူယွဲ့လျန်သည် ချက်ချင်းကို ပျော်လို့သွားသည်။ သူမသည် ဒူးများကို ချက်ချင်းချလိုက်ကာ ယုန်ကို တန်းပွေ့လိုက်သည်။
'တကယ့်ကိုဟိုယုန်လေးပဲ!'
သူမခင်သည့် ယုန်ဖြစ်ကြောင်း သေချာမှ ဝူယွဲ့လင်းသည် ရုတ်တရက် စိတ်သက်သာရာရသွားသည်။ ထို့နောက် ခေါင်းမော့၍ ဘေးကိုကြည့်သည်။ မြက်ခင်းနှင့် ရေကန်သည် အရင်လိုပဲဖြစ်ကာ အချို့ပရိဘောဂများဖြစ်သည့် ကုတင်၊ ဆိုဖာနှင့် စားပွဲတို့သည် အသစ်ဖြစ်နေသည်။
'ဒါတွေ ဘယ်ကရောက်လာတာလဲ? ဟိုရုပ်ဆိုးတဲ့ အစ်မကြီးဇွန်ဘီရော?'
နယ်မြေကို မှတ်မိသွားသည်နှင့် လင်းချင်းကို ရှာတော့သည်။ အရှေ့က နေကာမျက်မှန်နှင့် ဦးထုပ်ဆောင်းထားသည့် လင်းချင်းကို လျစ်လျူရှုကာ ရုပ်ဆိုးပြီး ဆံပင်များပွနေသည့် ကြောက်ဖို့ကောင်းသည့် အစ်မကြီးဇွန်ဘီကိုပဲ လိုက်လို့ရှာနေသည်။
'ဟင်? အစ်မကြီးဇွန်ဘီရော?'
သူမသည် ယုန်ကိုပိုက်ထားရင်း ဘေးကိုကြည့်နေသည်။ သူ့မရဲ့ အမကြီးဇွန်ဘီကို မတွေ့သော်လည်း အကျီချွတ်များဖြင့် ယောက်ျားတစ်သိုက်ကိုတော့ တွေ့လိုက်သည်။ လင်းချင်းသည် ကလေးမလေးက သူမကို ရှာနေသည်ကို သိသဖြင့် လက်ကိုယမ်းပြကာ နှုတ်ဆက်သည်။
"လျန်"
ဝူယွဲ့လျန်သည် သူမကို စိတ်ရှုပ်စွာ လှည့်ကြည့်သည်။ လင်းချင်းသည် စတော်ဘယ်ရီသီးပန်းကန်ကို လက်တစ်ဖက်ကသယ်ကာ အနားသို့လျှောက်လာရင်း ဝူယွဲ့လျန်ဘေးတွင်ထိုင်ကာ ကြည့်သည်။
"စတော်ဘယ်ရီစား"
သူမသည် စတော်ဘယ်ရီသီးများပေးရင်း ပြောသည်။ ထိုအချိန်တွင် အခြားသူများကို တစ်ချက်လှမ်းကြည့်ရာ ဆယ်မီတာလောက်ဝေးနေသဖြင့် ဝူယွဲ့လျန်ကို နေကာမျက်မှန်ချွတ်၍ မျက်ဝန်းနက်များ ပြလိုက်သည်။
အခြားလူသားများက သူမ၏မျက်လုံးများကို ကြောက်သော်လည်း ဝူယွဲ့လျန်တော့မပါ။ ဝူယွဲ့လျန်သည် သူမကို မျက်လုံးပြူးကြည့်ကာ အံ့သြပြီး နားမလည်နိုင် ဖြစ်သွားသည်။ ဘယ်လိုတုန့်ပြန်ရမလဲ မသိသဖြင့် အကြည့်ချင်းရှောင်လိုက်သည်။
လင်းချင်းသည်ပြုံးကာ နေကာမျက်မှန်ကို ပြန်ပင့်တင်ပြီး စတော်ဘယ်ရီသီးပန်းကန်ကို တွန်းပို့လိုက်ကာ
"ငါဒီမှာ"
ဝူယွဲ့လျန်သည် လင်းချင်းကို မျက်မှောင်ကျုံ့ကာ ပြန်ကြည့်သည်။ သူမပြောချင်သည်မှာ
'သူမဟုတ်ဘူး။ သူ့လို ဆံပင်ရှည်ကြီး မရှိဘူး။ သူ့လိုအမာရွတ်လည်း မရှိဘူး ပြီးတော့. . .'
ဒီအတွေးများဖြင့် လင်းချင်း၏ ရင်ဘတ်ကို ကြည့်လိုက်သည်။ သူမ၏ အစ်မကြီးဇွန်ဘီမှာ ရင်ဘတ်က ပြားချပ်နေကာ ဒီအစ်မကြီးလို မကြီးပေ။ သို့သော်လည်း မျက်လုံးများကတော့ တူနေသည်။
လင်းချင်းသည် ကလေးမလေးက သူမကို မယုံသည်ကိုသိကာ နားလည်သည်။ ဝူယွဲ့လျန်အနေဖြင့် သူမကို အခုမှတ်မိဖို့ ခဲယင်းသည်။
'ဘယ်လိုလုပ်ရမလဲ ကလေးတွေက တကယ့်ကို အခက်ခဲဆုံးသူတွေပဲ'
သူမတွေးမိသည်။ ရုတ်တရက် ဝူယွဲ့လျန်၏ အိတ်ကပ်ထဲကဟာကို မြင်ဖူးသလို ဖြစ်သွားသည်။ သေချာကြည့်သည့်အခါ သူမလုပ်ပေးထားသည့် မြက်ပုစဉ်းပင်။ ထို့အတူ စိမ်းနေသေးသည်။
'ဒါကခြောက်သွားသင့်တာ ကြာပြီမလား?'
လင်းချင်းသည် အရုပ်ကိုမြင်မှ အကြံရသွားသည်။ မြက်ခင်းသို့သွားကာ မြက်များခူးလာသည်။ ထို့နောက် ကုတင်ဘေးတွင် ဝူယွဲ့လျန်ကို မျက်နှာချင်းဆိုင်၍ထိုင်ကာ နောက်ထပ်ပုစဉ်းရုပ် လုပ်ပေးတော့သည်။
လင်းချင်း၏အပြုအမှုကြောင့် ဝူယွဲ့လျန်သည် လန့်၍မျက်လုံးများ ပြူးသွားသည်။ မြက်များကို အရုပ်အဖြစ်ယက်ပေးနေသည့် လင်းချင်းကို ကြည့်နေကာ သူမအိပ်ထဲမှ အမြတ်တနိုးသိမ်းထားသည့် ပုစဉ်းရုပ်လေးကို ထုတ်ကာ ယှဉ်ကြည့်လိုက်သည်။ ထို့နောက် သူမသည် အံ့သြသွားသည့် ရုပ်လေးဖြစ်သွားသည်။
လင်းချင်းသည် သူမဘေးသို့ မြက်ပုစဉ်းရုပ်အသစ်ကို ချပေးလိုက်ကာ အပြင်ဘက်သို့ ကြည့်လိုက်သည်။ ဇွန်ဘီမငယ်သည် အခန်းထဲကထွက်သွားပြီ။ လင်းချင်းသည် မျက်လုံးဖွင့်ကာ ကလေးမလေးကို ကြည့်လိုက်သည်။ ဘာဖြစ်လို့ ဒီဇွန်ဘီနှင့် ကလေးက အတူရှိနေသလဲကို နားမလည်နိုင်ပေ။
Advertisement
ထိုအချိန်တွင် ဇွန်ဘီမငယ်သည် စိတ်တိုသွားပြီ။ သူမသည် ဇွန်ဘီအုပ်ဆီသို့ပြေးကာ သတ်ချင်စိတ်အပြည့်ဖြင့် ဇွန်ဘီခေါင်းများကို သူမ၏လက်သည်းဖြင့် ခွဲပစ်နေသည်။ မျက်စိတစ်မှိတ်အတွင်းမှာ သူမ၏အနားတွင် ဇွန်ဘီကိုယ်များဖြင့်ပြည့်ကာ ခေါင်းများက ကြေမွနေသည်။
တစ်ဖက်တွင်တော့ ရှောင်ယွင့်လုံသည် မုန့်ယွဲ့ဘေးတွင်ထိုင်နေကာ နိုးလာဖို့ကို စောင့်နေသည်။ ဆိုဖာပေါ်မှ သူမသည် မျက်ခွံများလှုပ်လာကာ ဖြည်းဖြည်းချင်း မျက်လုံးပွင့်လာသည်။
"အား"
သူမသည် လှုပ်ရှားဖို့ လုပ်သည့်အခါ တစ်ကိုယ်လုံးမှ နာကျင်မှုကြောင့် ညည်းညူမိသည်။
ရှောင်ယွင့်လုံသည် သူမကိုကြည့်ကာ အံ့သြစွာဖြင့်
"မုန့်ယွဲ့ နိုးပြီလား?"
မုန့်ယွဲ့သည် မျက်မှောင်ကျုံ့ကာ ထဖို့ကြိုးစားသည်။ ရှောင်ယွင့်လုံသည် သူမကို ထဖို့ကူညီပေးသည့်အခါ ဘေးကိုကြည့်ရင်းမေးသည်။
"လျန်လျန်ရော ? လျန်လျန်ဘယ်မှာလဲ? ဘာဖြစ်လို့ ငါလျန်လျန်ကို မတွေ့တာလဲ?"
ရှောင်ယွင့်လုံသည် ခနငြိမ်သွားပြီးနောက် ခါးသီးနေသည့် မျက်နှာဖြင့်
"လျန်လျန်ကို ဇွန်ဘီဘုရင်မက ခေါ်သွားတယ်"
ထိုအခါ မုန့်ယွဲ့သည် မျက်လုံးပြူးသွားကာ ရှောင်ယွင့်လုံ၏ လက်မောင်းကိုဆွဲယမ်းရင်း အော်သည်။
"နင် ဘယ်လိုလုပ်ပြီး လျန်လျန်ကို အခေါ်ခံလိုက်တာလဲ? ဘာဖြစ်လို့လဲ? အဟွတ် ဟွတ် ဟွတ်"
ပြောနေရင်း သူမသည် အသက်ရှုကြပ်လာကာ ချောင်းဆိုးတော့သည်။
ရှောင်ယွင့်လုံသည် သူမ၏ကျောကို ညင်သာစွာ ပုတ်ပေးရင်းက စိုးရိမ်စွာဖြင့်
"စိတ်ငြိမ်ငြိမ်ထား လျန်လျန်ရဲ့ တည်နေရာကို အာရုံခံဖို့ ကြိုးစားကြည့်။ ငါတို့ရှာနိုင်မလား ကြည့်ရအောင်"
ဒီလောက်အချိန်ကြာသွားရာ လျန်လျန်အတွက် ရှင်သန်ဖို့ မျှော်လင့်ချက် မရှိတော့သည်ကို သူနားလည်သည်။ သို့သော်လည်း ဘာမှမလုပ်လိုက်နိုင်ခြင်းက သူ့အတွက် အပြစ်ရှိစိတ်ဖြင့် နှိပ်ဆက်နေတော့မှာ ဖြစ်သည်။
'ဘာဖြစ်လို့ ဇွန်ဘီက ငါတို့ကိုသတ်ပြီး မစားတာလဲ? ဒါဆိုရင် အနည်းဆုံးတော့ ငါတို့ဒီလိုစိတ်ဝေဒနာ ရမှာမဟုတ်တော့ဘူး။ လျန်လျန်သာ မရှိရင်. . .'
Zawgyi Ver
၂၁၈။ ကေလးမေလး နိုးလာၿပီ
ဝူယြဲ႕လ်န္သည္ မီးခိုးေရာင္အေမြးလုံးေၾကာင့္ အာ႐ုံေျပာင္းသြားကာ ေသခ်ာၾကည့္လိုက္သည့္အခါ လႈပ္ေနၿပီး နား႐ြက္ရွည္ႀကီးမ်ား ရွိသည္ကို ျမင္လိုက္သည္။
'ယုန္နဲ႕တူတယ္။ ဘယ္ကယုန္လဲ? သိသလိုပဲ'
သူမသည္ ေတြးေနမိသည္။ ယုန္ကိုကိုင္ၾကည့္ခ်င္ေသာ္လည္း လူအခ်ိဳ႕က သူမကို စိုက္ၾကည့္ေနသည္ကို ခံစားမိေသာေၾကာင့္ မလႈပ္ရဲေတာ့ဘဲ မ်က္ႏွာကို ဒူးမ်ားၾကား ျပန္သြင္းလိုက္သည္။
လင္းခ်င္းသည္ ထိုလူစုကို ၾကည့္ကာ ေနာက္ဆုတ္ဖို႔ လက္ဟန္ျပလိုက္သည္။ အျခားသူမ်ားက ဝူယြဲ႕လ်န္ကို ၾကည့္ေနစဥ္ ေကာင္းခ်င္းမင္းသာ လင္းခ်င္းျပသည္ကို ျမင္လိုက္သျဖင့္ နားမလည္သလို ၾကည့္လိုက္သည္။
"ဆုတ္"
လင္းခ်င္းသည္ အသံတိုးတိုးျဖင့္ တစ္လုံးတည္း ေျပာလိုက္သည္။ ေကာင္းခ်င္းမင္းသည္ သူမကိုၾကည့္ကာ တျခားသူမ်ားကို တစ္ခ်က္ၾကည့္၍ သူမကို ျပန္ၾကည့္လာသည္။
လင္းခ်င္းက ေခါင္းၿငိမ့္ျပသည္။ ထိုအခါ ေကာင္းခ်င္းမင္းသည္ လုထန္ရိ၏ လက္ေမာင္းကိုဆြဲလိုက္သည္။ အျခားသူမ်ားက သူ႕ကိုနားမလည္သလို ၾကည့္လာသည္။ ေကာင္းခ်င္းမင္းသည္ ေနာက္သို႔ႏွစ္မီတာေလာက္ဆုတ္လိုက္ရင္း
"ေနာက္ဆုတ္ၾက။ ကေလးကို တစ္ေယာက္တည္းေနပါေစ"
လုထန္ရိသည္ ကေလးကိုတစ္ခ်က္ၾကည့္ကာ အနားကလူမ်ားကို ဆြဲေခၚရင္း ေနာက္သို႔လွည့္ထြက္လာသ္။ လင္းခ်င္းကေတာ့ မလႈပ္ဘဲ လက္ပိုက္ရပ္ေနကာ ကေလးမေလး၏ စိတ္အေျပာင္းအလဲကို အာ႐ုံခံေနသည္။
ကေလးမေလးသည္ သူမ၏ေနာက္မွ လူမ်ားထြက္သြားသည္ကို သိလိုက္သည္။ ထို႔ေၾကာင့္ ေခါင္းေမာ့ၾကည့္ကာ ထူးဆန္းသည့္ ေနကာမ်က္မွန္ႏွင့္ ဦးထုပ္ျဖင့္သူသာ က်န္ခဲ့ေၾကာင္း ေတြ႕ရသည္။ သိပ္မေဝးသည့္ေနရာတြင္ ရွိေနေသာေၾကာင့္ သူမသည္ မေၾကာက္ေသာ္လည္း ရွိေနျခင္းကို ဂ႐ုစိုက္ေနမိသည္။
ထိုအခ်ိန္တြင္ ေျခေထာက္ေပၚမွ ယုန္သည္ လႈပ္လာကာ သူမကို ေခါင္းေမာ့ၾကည့္သည္။ ထိုအခါ ဝူယြဲ႕လ်န္သည္ ခ်က္ခ်င္းကို ေပ်ာ္လို႔သြားသည္။ သူမသည္ ဒူးမ်ားကို ခ်က္ခ်င္းခ်လိဳက္ကာ ယုန္ကို တန္းေပြ႕လိုက္သည္။
'တကယ့္ကိုဟိုယုန္ေလးပဲ!'
သူမခင္သည့္ ယုန္ျဖစ္ေၾကာင္း ေသခ်ာမွ ဝူယြဲ႕လင္းသည္ ႐ုတ္တရက္ စိတ္သက္သာရာရသြားသည္။ ထို႔ေနာက္ ေခါင္းေမာ့၍ ေဘးကိုၾကည့္သည္။ ျမက္ခင္းႏွင့္ ေရကန္သည္ အရင္လိုပဲျဖစ္ကာ အခ်ိဳ႕ပရိေဘာဂမ်ားျဖစ္သည့္ ကုတင္၊ ဆိုဖာႏွင့္ စားပြဲတို႔သည္ အသစ္ျဖစ္ေနသည္။
'ဒါေတြ ဘယ္ကေရာက္လာတာလဲ? ဟို႐ုပ္ဆိုးတဲ့ အစ္မႀကီးဇြန္ဘီေရာ?'
နယ္ေျမကို မွတ္မိသြားသည္ႏွင့္ လင္းခ်င္းကို ရွာေတာ့သည္။ အေရွ႕က ေနကာမ်က္မွန္ႏွင့္ ဦးထုပ္ေဆာင္းထားသည့္ လင္းခ်င္းကို လ်စ္လ်ဴရႈကာ ႐ုပ္ဆိုးၿပီး ဆံပင္မ်ားပြေနသည့္ ေၾကာက္ဖို႔ေကာင္းသည့္ အစ္မႀကီးဇြန္ဘီကိုပဲ လိုက္လို႔ရွာေနသည္။
'ဟင္? အစ္မႀကီးဇြန္ဘီေရာ?'
သူမသည္ ယုန္ကိုပိုက္ထားရင္း ေဘးကိုၾကည့္ေနသည္။ သူ႕မရဲ႕ အမႀကီးဇြန္ဘီကို မေတြ႕ေသာ္လည္း အက်ီခြၽတ္မ်ားျဖင့္ ေယာက္်ားတစ္သိုက္ကိုေတာ့ ေတြ႕လိုက္သည္။ လင္းခ်င္းသည္ ကေလးမေလးက သူမကို ရွာေနသည္ကို သိသျဖင့္ လက္ကိုယမ္းျပကာ ႏႈတ္ဆက္သည္။
"လ်န္"
ဝူယြဲ႕လ်န္သည္ သူမကို စိတ္ရႈပ္စြာ လွည့္ၾကည့္သည္။ လင္းခ်င္းသည္ စေတာ္ဘယ္ရီသီးပန္းကန္ကို လက္တစ္ဖက္ကသယ္ကာ အနားသို႔ေလွ်ာက္လာရင္း ဝူယြဲ႕လ်န္ေဘးတြင္ထိုင္ကာ ၾကည့္သည္။
"စေတာ္ဘယ္ရီစား"
သူမသည္ စေတာ္ဘယ္ရီသီးမ်ားေပးရင္း ေျပာသည္။ ထိုအခ်ိန္တြင္ အျခားသူမ်ားကို တစ္ခ်က္လွမ္းၾကည့္ရာ ဆယ္မီတာေလာက္ေဝးေနသျဖင့္ ဝူယြဲ႕လ်န္ကို ေနကာမ်က္မွန္ခြၽတ္၍ မ်က္ဝန္းနက္မ်ား ျပလိုက္သည္။
အျခားလူသားမ်ားက သူမ၏မ်က္လုံးမ်ားကို ေၾကာက္ေသာ္လည္း ဝူယြဲ႕လ်န္ေတာ့မပါ။ ဝူယြဲ႕လ်န္သည္ သူမကို မ်က္လုံးျပဴးၾကည့္ကာ အံ့ၾသၿပီး နားမလည္နိုင္ ျဖစ္သြားသည္။ ဘယ္လိုတုန့္ျပန္ရမလဲ မသိသျဖင့္ အၾကည့္ခ်င္းေရွာင္လိုက္သည္။
Advertisement
လင္းခ်င္းသည္ၿပဳံးကာ ေနကာမ်က္မွန္ကို ျပန္ပင့္တင္ၿပီး စေတာ္ဘယ္ရီသီးပန္းကန္ကို တြန္းပို႔လိုက္ကာ
"ငါဒီမွာ"
ဝူယြဲ႕လ်န္သည္ လင္းခ်င္းကို မ်က္ေမွာင္က်ဳံ႕ကာ ျပန္ၾကည့္သည္။ သူမေျပာခ်င္သည္မွာ
'သူမဟုတ္ဘူး။ သူ႕လို ဆံပင္ရွည္ႀကီး မရွိဘူး။ သူ႕လိုအမာ႐ြတ္လည္း မရွိဘူး ၿပီးေတာ့. . .'
ဒီအေတြးမ်ားျဖင့္ လင္းခ်င္း၏ ရင္ဘတ္ကို ၾကည့္လိုက္သည္။ သူမ၏ အစ္မႀကီးဇြန္ဘီမွာ ရင္ဘတ္က ျပားခ်ပ္ေနကာ ဒီအစ္မႀကီးလို မႀကီးေပ။ သို႔ေသာ္လည္း မ်က္လုံးမ်ားကေတာ့ တူေနသည္။
လင္းခ်င္းသည္ ကေလးမေလးက သူမကို မယုံသည္ကိုသိကာ နားလည္သည္။ ဝူယြဲ႕လ်န္အေနျဖင့္ သူမကို အခုမွတ္မိဖို႔ ခဲယင္းသည္။
'ဘယ္လိုလုပ္ရမလဲ ကေလးေတြက တကယ့္ကို အခက္ခဲဆုံးသူေတြပဲ'
သူမေတြးမိသည္။ ႐ုတ္တရက္ ဝူယြဲ႕လ်န္၏ အိတ္ကပ္ထဲကဟာကို ျမင္ဖူးသလို ျဖစ္သြားသည္။ ေသခ်ာၾကည့္သည့္အခါ သူမလုပ္ေပးထားသည့္ ျမက္ပုစဥ္းပင္။ ထို႔အတူ စိမ္းေနေသးသည္။
'ဒါကေျခာက္သြားသင့္တာ ၾကာၿပီမလား?'
လင္းခ်င္းသည္ အ႐ုပ္ကိုျမင္မွ အႀကံရသြားသည္။ ျမက္ခင္းသို႔သြားကာ ျမက္မ်ားခူးလာသည္။ ထို႔ေနာက္ ကုတင္ေဘးတြင္ ဝူယြဲ႕လ်န္ကို မ်က္ႏွာခ်င္းဆိုင္၍ထိုင္ကာ ေနာက္ထပ္ပုစဥ္း႐ုပ္ လုပ္ေပးေတာ့သည္။
လင္းခ်င္း၏အျပဳအမႈေၾကာင့္ ဝူယြဲ႕လ်န္သည္ လန့္၍မ်က္လုံးမ်ား ျပဴးသြားသည္။ ျမက္မ်ားကို အ႐ုပ္အျဖစ္ယက္ေပးေနသည့္ လင္းခ်င္းကို ၾကည့္ေနကာ သူမအိပ္ထဲမွ အျမတ္တနိုးသိမ္းထားသည့္ ပုစဥ္း႐ုပ္ေလးကို ထုတ္ကာ ယွဥ္ၾကည့္လိုက္သည္။ ထို႔ေနာက္ သူမသည္ အံ့ၾသသြားသည့္ ႐ုပ္ေလးျဖစ္သြားသည္။
လင္းခ်င္းသည္ သူမေဘးသို႔ ျမက္ပုစဥ္း႐ုပ္အသစ္ကို ခ်ေပးလိုက္ကာ အျပင္ဘက္သို႔ ၾကည့္လိုက္သည္။ ဇြန္ဘီမငယ္သည္ အခန္းထဲကထြက္သြားၿပီ။ လင္းခ်င္းသည္ မ်က္လုံးဖြင့္ကာ ကေလးမေလးကို ၾကည့္လိုက္သည္။ ဘာျဖစ္လို႔ ဒီဇြန္ဘီႏွင့္ ကေလးက အတူရွိေနသလဲကို နားမလည္နိုင္ေပ။
ထိုအခ်ိန္တြင္ ဇြန္ဘီမငယ္သည္ စိတ္တိုသြားၿပီ။ သူမသည္ ဇြန္ဘီအုပ္ဆီသို႔ေျပးကာ သတ္ခ်င္စိတ္အျပည့္ျဖင့္ ဇြန္ဘီေခါင္းမ်ားကို သူမ၏လက္သည္းျဖင့္ ခြဲပစ္ေနသည္။ မ်က္စိတစ္မွိတ္အတြင္းမွာ သူမ၏အနားတြင္ ဇြန္ဘီကိုယ္မ်ားျဖင့္ျပည့္ကာ ေခါင္းမ်ားက ေၾကမြေနသည္။
တစ္ဖက္တြင္ေတာ့ ေရွာင္ယြင့္လုံသည္ မုန့္ယြဲ႕ေဘးတြင္ထိုင္ေနကာ နိုးလာဖို႔ကို ေစာင့္ေနသည္။ ဆိုဖာေပၚမွ သူမသည္ မ်က္ခြံမ်ားလႈပ္လာကာ ျဖည္းျဖည္းခ်င္း မ်က္လုံးပြင့္လာသည္။
"အား"
သူမသည္ လႈပ္ရွားဖို႔ လုပ္သည့္အခါ တစ္ကိုယ္လုံးမွ နာက်င္မႈေၾကာင့္ ညည္းၫူမိသည္။
ေရွာင္ယြင့္လုံသည္ သူမကိုၾကည့္ကာ အံ့ၾသစြာျဖင့္
"မုန့္ယြဲ႕ နိုးၿပီလား?"
မုန့္ယြဲ႕သည္ မ်က္ေမွာင္က်ဳံ႕ကာ ထဖို႔ႀကိဳးစားသည္။ ေရွာင္ယြင့္လုံသည္ သူမကို ထဖို႔ကူညီေပးသည့္အခါ ေဘးကိုၾကည့္ရင္းေမးသည္။
"လ်န္လ်န္ေရာ ? လ်န္လ်န္ဘယ္မွာလဲ? ဘာျဖစ္လို႔ ငါလ်န္လ်န္ကို မေတြ႕တာလဲ?"
ေရွာင္ယြင့္လုံသည္ ခနၿငိမ္သြားၿပီးေနာက္ ခါးသီးေနသည့္ မ်က္ႏွာျဖင့္
"လ်န္လ်န္ကို ဇြန္ဘီဘုရင္မက ေခၚသြားတယ္"
ထိုအခါ မုန့္ယြဲ႕သည္ မ်က္လုံးျပဴးသြားကာ ေရွာင္ယြင့္လုံ၏ လက္ေမာင္းကိုဆြဲယမ္းရင္း ေအာ္သည္။
"နင္ ဘယ္လိုလုပ္ၿပီး လ်န္လ်န္ကို အေခၚခံလိုက္တာလဲ? ဘာျဖစ္လို႔လဲ? အဟြတ္ ဟြတ္ ဟြတ္"
ေျပာေနရင္း သူမသည္ အသက္ရႈၾကပ္လာကာ ေခ်ာင္းဆိုးေတာ့သည္။
ေရွာင္ယြင့္လုံသည္ သူမ၏ေက်ာကို ညင္သာစြာ ပုတ္ေပးရင္းက စိုးရိမ္စြာျဖင့္
"စိတ္ၿငိမ္ၿငိမ္ထား လ်န္လ်န္ရဲ႕ တည္ေနရာကို အာ႐ုံခံဖို႔ ႀကိဳးစားၾကည့္။ ငါတို႔ရွာနိုင္မလား ၾကည့္ရေအာင္"
ဒီေလာက္အခ်ိန္ၾကာသြားရာ လ်န္လ်န္အတြက္ ရွင္သန္ဖို႔ ေမွ်ာ္လင့္ခ်က္ မရွိေတာ့သည္ကို သူနားလည္သည္။ သို႔ေသာ္လည္း ဘာမွမလုပ္လိုက္နိုင္ျခင္းက သူ႕အတြက္ အျပစ္ရွိစိတ္ျဖင့္ ႏွိပ္ဆက္ေနေတာ့မွာ ျဖစ္သည္။
'ဘာျဖစ္လို႔ ဇြန္ဘီက ငါတို႔ကိုသတ္ၿပီး မစားတာလဲ? ဒါဆိုရင္ အနည္းဆုံးေတာ့ ငါတို႔ဒီလိုစိတ္ေဝဒနာ ရမွာမဟုတ္ေတာ့ဘူး။ လ်န္လ်န္သာ မရွိရင္. . .'
Advertisement
- In Serial10 Chapters
He Came From the Forest
After being left on a doorstep by his birth mother, Joseph is adopted by a childless couple and raised as their own. In a world of magic, however, random babies who mysteriously appear are rarely human and he's no exception. Raised by his father who sought to teach him right from wrong, Joseph becomes a young man, ready to explore the world. However, after war breaks out and everything he's known vanishes in one fell swoop, he's left with nothing. Knowing only a bit of his heritage, Joseph sets out on his own..Not only to find his place in the world, but to discover more about who his birth parents might have been.
8 212 - In Serial6 Chapters
Lonely Witch and Abandoned Child
Anindhita, seorang penyihir yang menguasai berbagai sihir, memutuskan untuk tinggal di hutan di akhir misinya. Bertahun-tahun kemudian Anindhita memutuskan untuk merawat seorang anak yang diserang di tengah jalan. Anindhita berusaha untuk merawatnya menyerahkan dan menyerahkannya kepada orang tua, namun kelucuan anak tersebut menjadi seorang ibu. Ikuti kisah petualangan Anindhita dan putrinya.
8 134 - In Serial7 Chapters
Birds of a Feather
Two young thrill seekers turned crime fighters and their friends find themselves wrapped up in a criminal conspiracy. Follow these would be heroes as they face off against a madman in a lavender suit in the city of Skyehaven, a metropolis in decadence that could benefit from a couple of vigilantes.
8 176 - In Serial40 Chapters
Monday Morning (1)
🎶this flower needs somewhere to go. No room to grow on these dusty roads. Eight fifteen, I'll save you a seat🎶Started: July 4, 2019Published: July 22, 2019Completed: August 2, 2019Sequel: Paralyzed
8 193 - In Serial53 Chapters
straight line//Dolan Twins
DONT READ THIS, undergoing editing!!Dustin was just your average nerd, she get bullied from Ethan & Grayson Dolan. She leave for a few mouths & comes back with a told makeover.Published 1-28-15Completed 1-18-16Cover creds to me!All rights reserved unless credited!(UNDER GOING EDITING) (REWRITING IN PROGRESS)
8 88 - In Serial18 Chapters
Secrets in the Moonlight (Lloyd Garmadon x reader)
(y/n) is the oldest Jade Princess, adopted much like Harumi. (y/n) doesn't know much about life outside of the palace, but this changes when the Sons of Garmadon rise up, causing a certain green ninja to stumble into her life. The closer she grows to Lloyd, however, the more she learns about the people she thought she could trust, as well as discovers more truth about her previously unknown heritage.
8 122

