《၂။ ဗျူဟာခင်းတဲ့ အစ်မကြီးဇွန်ဘီ (Myanmar Translation)》221
Advertisement
၂၂၁။ သူငယ်ချင်းလေးနှစ်ယောက်
သူတို့အဝတ်များက မီးဖြင့်အခြောက်ခံနေကြသည့်အခါ လင်းချင်းသည် ကလေးမလေးဘက်သို့ လှည့်လိုက်သည်။ ရုတ်တရက် သူမ၏လက်ကို တစ်ခုခုက လာရစ်ပတ်သဖြင့် ငုံ့ကြည့်လေရာ ကန်ထဲကနေ ထွက်လာသည့် နွယ်ပင်ဖြစ်နေသည်။
'မေမေ သူ့ကိုမှတ်မိတယ်!'
လင်းချင်းသည် နွယ်ပင်ကို ကြည့်ကာ အနည်းငယ် အံ့သြသွားသည်။
ဝူယွဲ့လျန်သည်လည်း လင်းချင်း၏လက်တွင် ရစ်ပတ်ထားသည့်နွယ်ကို မြင်လိုက်သည်။ ဘာမှန်းသူမက သေချာမသိသော်လည်း ကြောက်နေခြင်းမရှိဘဲ ဘာဖြစ်လို့ လင်းချင်းကို ရစ်ပတ်နေသလဲကို သိချင်စွာဖြင့်သာ ကြည့်နေသည်။
ထိုအချိန်တွင် နွယ်လေးသည် လင်းချင်းလက်ကနေ ဆင်းသွားကာ ဝူယွဲ့လျန်ဆီသို့ တိုးလာသည်။ နွယ်ကသူမဆီသို့ လာသည့်အခါ ဝူယွဲ့လျန်သည် လန့်သွားကာ နောက်သို့ဆုတ်သွားသည်။ အာရုံသိကောင်းလွန်းသည့်နွယ်လေးသည် ကလေးမလေးက ကြောက်နေသည်ကို သိသည့်အခါ တန့်သွားကာ ဘာလုပ်ရမှန်းမသိစွာ လင်းချင်းဆီသို့ ပြန်ရစ်ပတ်လာသည်။
လင်းချင်းသည် ကလေးမလေးနှင့် နွယ်လေးကို အံ့သြစွာ ကြည့်မိသည်။
'ကလေးမလေးနဲ့ နွယ်လေးက ခင်ချင်နေတာလား?'
နွယ်လေးက ရပ်သွားမှ ကလေးမလေးသည် စိတ်သက်သာရာရကာ လင်းချင်းကို တစ်ချက်ကြည့်၍ နွယ်လေးကို ကြည့်နေသည်။ မကြောက်ရခြင်းမှာ မုန့်ယွဲ့၏လက်ထဲတွင် အပင်ပေါက်လေးရှိနေတက်ကာ သူမသည် ထိုအပင်လေးဖြင့် ဆော့တက်သောကြောင် ဖြစ်သည်။ သူမသည် ရွေ့လျားတက်သည့်အပင်များကို မကြိုက်တာ မဟုတ်သော်လည်း နွယ်လေးဖြင့် မသိသောကြောင့် သူမက အနည်းငယ်ကြောက်နေတာ ဖြစ်သည်။
လင်းချင်းသည် ကလေးမလေးနှင့် နွယ်လေးတို့မှာ ခံစားချက်တူနေသည့်အခါ ပြုံးမိသွားသည်။
"နာမည်က နွယ်လေးတဲ့။ မကြောက်နဲ့"
ကလေးမလေးကို လင်းချင်းက ပြောလိုက်ကာ နွယ်ပင်ကိုကိုင်၍ ကလေးမလေး၏ မျက်နှာအနားသို့ ကပ်ပြလိုက်သည်။
နွယ်လေးသည် လင်းချင်း၏ လက်ဝါးပေါ်ကိုတက်လာကာ မတ်လိုက်သည့်အခါ ကလေးမလေးကို မျက်နှာချင်းဆိုင်နေသလိုမျိုး ဖြစ်နေသည်။
လင်းချင်းကြောင့် ကလေးမလေးသည် နွယ်ပင်ထိပ်ကာ အရွက်လေးနှစ်ခုကို တစ်ချက်ကြည့်ကာ လင်းချင်းကို တွေဝေစွာ ပြန်ကြည့်သည်။ ထို့နောက် နွယ်ပင်ကို ပြန်ကြည့်ပြန်သည်။
"ရော့။ ချစ်ဖို့ကောင်းတယ်"
လင်းချင်းက စိတ်ရှည်စွာပြောသည်။
"စကားပြောတက်တယ်"
'ဟင်? စကားပြောတက်တာ? တကယ်လား?'
ဝူယွဲ့လျန်သည် မျက်လုံးပြူးကာ အံ့သြသွားသည်။ ထိုအခါ လင်းချင်းက ပြုံး၍ခေါင်းငြိမ့်ပြသည်။
တစ်ဖက်တွင်တော့ လုထန်ရိတို့သည် လင်းချင်းနှင့် ကလေးမလေးကို စပ်စုစွာ ကြည့်နေကြသည်။ သူတို့အကုန်လုံးက မင်းသမီးလေးမှာ သူစိမ်းတွေကို ကြောက်ပြီး အနားသို့ အကပ်မခံတက်ကြောင်းကို သိကြသည်။ သူတို့ဘက်ကကြည့်လျှင် နွယ်လေးကို ကွယ်နေသောကြောင့် မမြင်ရဘဲ လင်းချင်းက ကလေးမလေးကို တစ်ခုခုပြောနေသလိုသာ မြင်ရတာ ဖြစ်သည်။
သူတို့အဖွဲ့အနက် သုံးယောက်သည် မီးစွမ်းအားရှင်ဖြစ်ရာ သူတို့အစွမ်းများသည် သုံးဆယ်ရာခိုင်နှုန်းလောက်ကို ပြန်ရနေသဖြင့် အခုဆိုလျှင် ပြင်းပြင်းထန်ထန်မတိုက်နိုင်ကြသေးသော်လည်း မီးထုတ်တာလောက်ကိုတော့ လုပ်နိုင်ကြပါသေးသည်။ သူတို့သည် ထင်းများဖြင့် မီးမွှေးကြကာ မီးပုံဘေးတွင် ဝိုင်းထိုင်၍ အဝတ်များကို အခြောက်ခံနေကြခြင်း ဖြစ်သည်။
"အရမ်းထူးဆန်းတယ် မင်းသမီးလေးက ဒီအမျိုးသမီးကို မကြောက်ဘူး။ ဘာဖြစ်လို့လဲ?"
ဟွမ်ရှို့သည် အဝတ်ကို တစ်ဖက်သို့လှည့်လိုက်ကာ လင်းချင်းကို တစ်ချက်ကြည့်ရင်း စပ်စုစွာဖြင့် ပြောသည်။ အခြားသူများက လင်းချင်းတို့ကို လှည့်ကြည့်လိုက်ကြသည်။ သူတို့နှစ်ယောက်သည် အတော်ကို အဆင်ပြေနေသည့်ပုံ ပေါက်ကြသည်။
"လူကောင်းမလို့ နေမှာပေါ့'
လျူကျင်းက ပြောသည်။
"ငါတို့က လူဆိုးတွေလား?"
အခြားသူများသည် မျက်လုံးကိုလှန်မိကြသည်။
"အဟမ်း! ငါတို့က လူဆိုးမဟုတ်ပင်မယ့် အကျီဝတ်မထားတော့ ထူးဆန်းတဲ့သူတွေ ဖြစ်နေတာ"
ဒီတစ်ခါတော့ ဘယ်သူကမှ ထောက်မပြောတော့ပေ။
တစ်ဖက်တွင် ကလေးမလေး၏ မျက်လုံးကြီးကြီးလေးများသည် သိချင်စိတ်ဖြင့် မယုံနိုင်ဖြစ်နေသည်။
"မလိမ်ဘူး။ စမ်းကြည့်"
လင်းချင်းသည် သူမကိုကြည့်ကာ ပြောသည်။ ပြောနေရင်း ယုန်ကိုကိုင်ထားသည့် ကလေးမလေး၏ လက်တစ်ဖက်ကိုယူကာ နွယ်လေးဖြင့် ထိပေးလိုက်သည်။
'အား! ယေး! ယေး! အသေးလေး! အသေးလေး!'
ကလေးမလေးသည် ချက်ချင်းလက်ကို ပြန်ဆုတ်သွားကာ မျက်လုံးများ ပြူးကျယ်သွားကာဖြင့် လင်းချင်းကို ကြည့်သည်။
"မှန်တယ်မလား?"
လင်းချင်းက ပြုံးကာ ခေါင်းငြိမ့်ပြသည်။
ကလေးမလေးသည် သံသယဖြင့် ခေါင်းငြိမ့်ပြသည်။ သူမကြားလိုက်သည်က တကယ်မှန်း မသေချာသေးပေ။
ထိုအချိန်တွင် နွယ်လေးသည် လင်းချင်း၏ လက်ဝါးပေါ်မှာ ပျော်ရွှင်စွာဖြင့် လှုပ်ယမ်းနေသည်။
'မေမေ! မေမေ! သူကစိတ်ဝင်စားဖို့ကောင်းတယ်! သူနဲ့ဆော့ချင်တယ်!'
လင်းချင်းသည် နွယ်လေးကို တစ်ချက်ကြည့်ကာ ကလေးမလေးအား
"ထပ်ထိမလား?"
ဝူယွဲ့လျန်၏ သိချင်စိတ်များက ထွက်လာသည်။ လင်းချင်းကိုကြည့်ကာ ခေါင်းငြိမ့်ပြသည်။ ဒီတစ်ခါတော့ လင်းချင်းက ဘာမှမလုပ်ရဘဲ ကလေးမလေးသည် နွယ်လေးအား တွေဝေချင်းမရှိဘဲ ထိကြည့်သည်။
'အသေးလေး မကြောက်နဲ့။ ငါနင့်ကိုမစားဘူး'
ဝူယွဲ့လျန်သည် နွယ်လေးက သူမအား စကားပြောနေသလားကို မသေချာသဖြင့် လင်းချင်းကို တစ်ချက်ကြည့်သည်။
'ဟုတ်တယ်! ဟုတ်တယ်! လျန်လျန်က အသေးလေး။ အသေးလေးက လျန်လျန်'
'ဟမ်? ငါတွေးနေတာကို သိတယ်လား?'
Advertisement
ဝူယွဲ့လျန်သည် နွယ်လေးကို အံ့သြစွာကြည့်ရင်း စိတ်ထဲကနေ ပြောလိုက်သည်။ ထိုအခါ နွယ်လေးသည် သူ့သစ်ရွက်လေးနှစ်ခုကို ဂုဏ်ယူစွာဖြင့် ယိမ်းပြသည်။
'သိတယ်။ သိတယ်။ မသိရင် ဘယ်လိုစကားပြောမလဲ?'
'ဘာဖြစ်လို့ ငါ့စိတ်ကို ဖတ်နိုင်နေတာလဲ? နင်ကဘာလဲ?'
ဝူယွဲ့လျန်က တွေးသည်။
'ငါကငါလေ။ ငါကနွယ်လေး။ ငါ့ကိုနွယ်လေးလို့ခေါ်။ နွယ်လေးလို့ခေါ်'
လင်းချင်းသည် သူတို့နှစ်ယောက် အဆင်ပြေနေသည်ကို မြင်သည့်အခါ ပျော်သွားသည်။ သူမသည် နွယ်လေးကို သူမ၏လက်ကနေ ဖယ်လိုက်ကာ ဝူယွဲ့လျန်၏ဘေးတွင်ထားသည်။ ထို့နောက် နွယ်လေး၏ပုတ်လိုက်ကာ စိတ်ထဲကနေ ပြောလိုက်သည်။
'ငါအပြင်မှာ သူ့အဖေကို သွားရှာလိုက်ဦးမယ်။ နင်ကသူနဲ့ဆော့နေခဲ့'
နွယ်လေးသည် သူ့အရွက်များကို လှုပ်ယမ်းရင်း
'ဟုတ် မေမေ! သူ့ကိုဂရုစိုက်ပေးထားမယ်!'
နွယ်လေးသည် အပင်ဖြစ်သော်လည်း လင်းချင်းမှာ သူ့၏စကားပြောပုံသည် အပြောချိုသည့် ကလေးမလေးလို ခံစားနေရသည်။
"ဒီမှာဆော့။ ငါနင့်အဖေကိုသွားရှာမယ်"
လင်းချင်းက ဝူယွဲ့လျန်ကို ပြောသည်။
ထိုအချိန်တွင် နွယ်လေးက
'မေမေ မေမေ အခုကိုယ်ကိုပြင်ရပေးလို့ရပြီ! စွမ်းအင်တွေ အများကြီးရှိတယ်!'
လင်းချင်းသည် ခေါင်းငြိမ့်ပြကာ မီးပုံဘေးက လူတစ်စုကိုကြည့်၍ စိတ်ထဲကပြန်ဖြေသည်။
'ကောင်းတယ်။ ဒီလူတွေ ထွက်သွားမှာ ငါကန်အောက်ခြေကို လာခဲ့မယ်'
'စောင့်နေမယ်နော်'
နွယ်လေးကပြောသည်။
လင်းချင်းသည် ထလိုက်သည့်အခါ ဝူယွဲ့လျန်ကို ကြည့်လိုက်သည်။ ကလေးသည် သူမကို ကြည့်နေသော်လည်း ဆွဲမထားကြောင်းကို မြင်လိုက်ရသည်။ ကြည့်ရသည်မှာ ဒီကလေးမသည် သူမ၏အဖေကို အမြန်ရှာပေးနေစေချင်ပုံရသည်။
Zawgyi Ver
'မေမေ သူ့ကိုမှတ်မိတယ်!'
"နာမည်က နွယ်လေးတဲ့။ မကြောက်နဲ့"
"ရော့။ ချစ်ဖို့ကောင်းတယ်"
"စကားပြောတက်တယ်"
လျူကျင်းက ပြောသည်။
"ငါတို့က လူဆိုးတွေလား?"
"မလိမ်ဘူး။ စမ်းကြည့်"
"မှန်တယ်မလား?"
"ထပ်ထိမလား?"
'အသေးလေး မကြောက်နဲ့။ ငါနင့်ကိုမစားဘူး'
ဝူယွဲ့လျန်က တွေးသည်။
'စောင့်နေမယ်နော်'
နွယ်လေးကပြောသည်။
Advertisement
- In Serial56 Chapters
Pluto
Talia Redowl, daughter of the goddess Athena, expected - and definitely wanted - to work for her mother when she graduated. In particular, she was hoping to be assigned as an aide to her older sister, Danae, their mother’s Avatar. So when Talia’s graduation assignment is to become the Avatar of Hades, the legendarily anti-social and brooding god of the Underworld, she protests…the position has gone unfilled for two thousand years. Why her? Why now? The Fates weave a tangled web, and more is at stake than Talia’s plans for her own future.But before she can take up her new post, Talia Redowl must die.Death is just the beginning…
8 180 - In Serial9 Chapters
The World of Erd and Gods
Welcome to the world of Erd and Gods.The great divine empire has ruled for three thousand years upon the world. With an eternal lineage of heroes and the incarnation of gods, they maintain a glorious kingdom upon the earth. Now the kingdom has been pushed to the precipice, forced to contend with rebellious mortal kingdoms, the great realms of the monstrous Profane Quintet, and demons incarnate in their populace. Bloumen is born into this world, into a family of smugglers. She is marked by the sign of great demon, one of the greatest evils upon the face of the world. Now she must survive the hunt of great heroes, the demon seeking to use her as a vessel to bring calamity, and the distrust of those about her. A dark fantasy story around the reincarnation of a new demon who shall not be defeated! Some amount of progression elements and a rather complicated magical system. ---------- Weekly updates, every Sunday.
8 116 - In Serial7 Chapters
The Blunderbuss Chronicles: Jon The Traveler
Book 2 in The Blunderbuss Chronicles Jon has just finished his first major battle. Now, as a savior of his village and newly christened temporary mercenary, Jon hopes to escort Mercy back into the hands of her father in the faraway land that she and the rest of the King's Gaurd mercenary troupe hail from. After making amends with the Farm, he sets off on his first journey. Will he survive the experience? Well, he did last time...
8 180 - In Serial30 Chapters
Got Yeet into Murim (Xianxia-Wuxia Hybrid)
Yun Zhi, the prime disciple of the Jade Qilin Sect, had failed to establish her foundation. Ever since then, she had lost any desire to study or cultivate... Every day, she only eats and sleeps... Fiery sun dominates the daylight Pitch darkness covering the night Why bother working tirelessly, right? When you can keep your eyes shut... She had become a total NEET! A total failure, scum of society! ... One day, her grandfather and father took her to see a famed master for treatment... However, rather than treatment... Those three old fossils, YEET her out to another world! "Scammers, traitors! Watch your back, I'll remember this!" Ahh, what a touching goodbye scene... AUTHOR'S NOTE: Originally thought I could update faster. I might have to slow down a bit as I wish to focus on other fiction "Ancestor, Wake Up" and also continue "Ein Gard" as soon as possible. Sorry about this.
8 134 - In Serial18 Chapters
Those You Don't Notice
A what would you do situation. VRMMORPG this is my what would I do in this situation. A realistic VRMMORPG came out boasting a 90% realism. Quests are made to suit your character and actions. Everything you do is up to you. A free reign universe, multiple destructible or create- able worlds. Even worlds that can be Terra- formed. This is the story of me the author and what I would do if given the opportunity to partake in such an adventure.
8 90 - In Serial37 Chapters
Love Joshua
[𝐂𝐨𝐦𝐩𝐥𝐞𝐭𝐞𝐝]16 настай охины анхны хайрын түүх. ❤️
8 371