《၂။ ဗျူဟာခင်းတဲ့ အစ်မကြီးဇွန်ဘီ (Myanmar Translation)》224
Advertisement
၂၂၄။ ပေါ်လာသည်နှင့်တန်းတိုက်ခံရခြင်း
ဝူချန်းယွဲ့၏အသံကို ကြားသည်နှင့် လင်းချင်းသည် သူ့ကိုတစ်ချက်ကြည့်ကာ ပျောက်သွားသည်။ ထို့နောက် ဝူချန်းယွဲ့သည် သူမရပ်ခဲ့သည့်နေရာသို့ ချက်ချင်းရောက်လာကာ အပြုံးကြီးပြုံးလိုက်သည်။ ထိုအချိန်တွင် သူတို့ခေါင်းဆောင်၏ သုံးမီတာပတ်လည်မှ ထွက်လာသည့် အအေးဓာတ်များကို သူတို့ခံစားလိုက်ရသည်။
ထိုအချိန်တွင် လင်းချင်းသည် သူ့အားဆဲနေမိသည်။
'ဘာဖြစ်လို့ ဒီလူက မြန်မြန်ပေါ်လာတာလဲ? ငါ့နေရာကို ဘယ်လိုလုပ်ပြီးတော့ သူသိသွားတာလဲ?'
လင်းချင်းသည် နယ်မြေထဲသို့ ဝင်လာသည့်အခါ ကလေးမလေးသည် သူမကိုထုတ်ပေးတော့မည်ဟု ထင်သွားသည်။ ထို့ကြောင့် သူမဆီသို့ပြေးလာကာ သူမလက်ကို လာကိုင်သည်။
လင်းချင်းသည် ကလေးမလေးကို ကြည့်ကာ ကူကယ်ရာမဲ့ဖြစ်သွားသည်။ သူမသည် ဝူချန်းယွဲ့၏ ဇွန်ဘီအမြူတေကို ယူလိုက်ခြင်းအား အနည်းငယ်အပြစ်ရှိသလို အစက ဖြစ်သော်လည်း ဇွန်ဘီဘုရင်မထံမှ သူ့သမီးကို ကယ်ပေးထားကာ ဘာထိခိုက်မှုမှမရှိဘဲ ပြန်ပေးမှာဖြစ်သည်။ ဒီအကြောင်းပြချက်များကြောင့် သူမသည် ဇွန်ဘီအမြူတေကို ခိုးခြင်းအား ခွင့်လွှတ်ပေးမည်ဟု ထင်ခဲ့တာဖြစ်သည်။
'အခု မိုးကြိုးနဲ့ ထပ်ပစ်ခံရလိုက်တော့ နောက်တစ်ခါ ငါလက်စားပြန်ချေပစ်မှာ!'
ဝူချန်းယွဲ့၏ကြောက်ဖို့ကောင်းသည့် မျက်နှာကြီးကြောင့် လူစုသည် အနည်းငယ် ကြောက်သွားကြသည်။ ဘာဖြစ်လို့ သူတို့ကို တိုက်မှန်းမသိခဲ့သော်လည်း အခုတော့ ခေါင်းဆောင်ကြီးက သဘောကောင်းသည့် အမျိုးသမီးကို ပစ်မှတ်ထားနေပုံရသည်။
လုထန်ရိသည် ဘာဖြစ်သလဲကို သိချင်သဖြင့် ဝူချန်းယွဲ့အား အမြန်ထပြောသည်။
"ခေါင်းဆောင်ဝူ မတိုက်ဘဲနဲ့ စကားပြောလို့ရမလား? ဒီမှာဘာဖြစ်လို့လဲ?"
ထိုအခါ ဝူချန်းယွဲ့သည် အမိုးပေါ်ကနေ ငုံ့ကြည့်သည်။ ထို့နောက် အုတ်ဘောင်တန်းရှိရာသို့ လျှောက်လာကာ ထိုအပေါ်မှနေ သူတို့ရှိရာ အမိုးသို့ ခုန်ဆင်းလာသည်။ လက်နှစ်ဖက်ကို ဘောင်းဘီအိတ်ထဲသို့ ထည့်လိုက်ကာ လုထန်ရိကို ပြုံးပြ၍မေးသည်။
"သူက မင်းတို့နဲ့လား? ဘယ်ကကောင်လဲဆိုတာ သိလား?"
လုထန်ရိသည် သူ့ကိုအံ့သြစွာကြည့်ကာ ပြောသည်။
"ဟင်? သူဘယ်သူလဲဆိုတာကို မသိဘူးလား?"
ဝူချန်းယွဲ့သည် လုထန်ယုကို မှတ်မိသောကြောင့် အရင်က သူမလုပ်ခဲ့သည်များကြောင့် လိုက်တိုက်နေခြင်းဟု ထင်ခဲ့တာ ဖြစ်သည်။ သို့သော်လည်း ဝူချန်းယွဲ့က သူမဘယ်သူလဲဆိုသည်ကိုမေးမှ မမှတ်မိကြောင်းကို သိတာဖြစ်သည်။
ဝူချန်းယွဲ့သည် အပြုံးကိုဆက်ထိန်းနေရင်းက
"ငါသိလို့ကတော့ မင်းတို့ကိုမေးရင်း အချိန်ဖြုန်းနေပါ့မလား?"
ဝူချန်းယွဲ့၏ ပြုံးနေသည့် မျက်နှာကြောင် လုထန်ရိ၏အမွေး အကုန်ုလုံးသည် ထောင်သွားသလိုပင်။
'ဒါဆိုရင် ဘယ်လိုဖြစ်တာလဲ?'
မင်းသမီးလေးအကြောင်ကို မပြောခင် ဖြစ်ခဲ့သည့် ကိစ္စတစ်ခုလုံးကို အရင်သိအောင်လုပ်ဖို့ ဆုံးဖြတ်လိုက်သည်။
ဝူချန်းယွဲ့၏ မျက်လုံးများသည်ကွေးသွားသဖြင့် ကြောက်ဖို့ကောင်းသည့် အပြုံးဖြစ်လာသည်။ လုထန်ရိကို ကြည့်ကာပြောသည်။
"မင်းတို့က သူနဲ့တူရှိနေတာမလား? အရင်ရက်တွေတုန်းက ဇွန်ဘီအမြူတေကို ရလာတာကို သတိထားမိကြသေးလား?"
ထိုအချိန်တွင် အနားသို့ အကုန်ရောက်လာပြီဖြစ်ရာ ဝူချန်းယွဲ့က ဇွန်ဘီအမြူတေဟု ပြောလိုက်သည်နှင့် သူတို့သည် ထိုအမျိုးသမီးက ကန်ထဲကိုပစ်ချလိုက်သည့် ဇွန်ဘီအမြူတေကို သတိရသွားကြသည်။
ကောင်းချင်းမင်းသည် လက်ပိုက်ထားရင်း ဝူချန်းယွဲ့ကိုကြည့်ကာ နားမလည်စွာဖြင့်
"ဘယ်လိုလုပ်သိတာလဲ?"
ထို့နောက် သူတို့သည် ဝူချန်းယွဲ့၏ အဓိပ္ပါယ်တစ်ခုခုရှိနေသလို ရယ်သံကြီးကို ကြားလိုက်ရတော့သည်။
"ဟား ဟား သေချာပေါက်ကို သိတာပေါ့။ ဘာဖြစ်လို့လဲဆိုတော့ မိုးကြိုးဇွန်ဘီဘုရင်ကို သတ်တာက ငါမလို့ပဲ! ငါသတ်လိုက်တာနဲ့ ဇွန်ဘီခေါင်းကို ခိုးမယ့်သူက ပေါ်လာတယ်"
"ဟင်?"
လုထန်ရိတို့သည် သူတို့ကြားသည်ကို မယုံနိုင်ဖြစ်ကုန်ကြသည်။ ကောင်းချင်းမင်းက လုထန်ရိကိုကြည့်ကာ
"သူပြောတော့ အဆင့်၆ဇွန်ဘီဆို? ဘာဖြစ်လို့ ခေါင်းဆောင်ဝူဖြစ်နေတာလဲ?"
"ငါလည်း ဘယ်သိမလဲကွ!"
လုထန်ရိသည် သူ့ကိုကြည့်ကာဖြေသည်။
ဟွမ်ရှို့သည် ကျန်းရှောင်ညန်ကိုကြည့်ကာ
"အာ ဒါဆိုရင် ဇွန်ဘီအမြူတေက ခေါင်းဆောင်ဝူဟာပေါ့။ ဘာဖြစ်လို့ ငါတို့ကို တခြားဇွန်ဘီလို့ ပြောတာလဲ?"
ကျန်းရှောင်ညန်သည် ပုခုံးတွန့်ကာ ဖြေသည်။
"မသိဘူးလေ"
ဝူချန်းယွဲ့၏အပြုံးသည် ပိုထူးဆန်းလာကာ
"ဪ ဒါဆိုရင် သူကငါ့ကို တခြားဇွန်ဘီဘုရင်လို့ ပြောထားတာလား? ရပါတယ်။ ငါစိတ်ထဲမထားပါဘူ။ ဒါပင်မယ့် မင်းတို့ထဲကတစ်ယောက်ကတော့ ငါတို့က သူဘယ်သူလဲဆိုတာနဲ့ ဘယ်ကလဲကိုပြောရမယ်"
သူသည်ပြုံးကာပြောနေရင်း အိတ်ကပ်ထဲက လက်တစ်ဖက်ကိုထုတ်လိုက်သည်။ လက်ဝါးဖြန့်လိုက်သည့်အခါ သူ့လက်ထဲတွင် မိုးကြိုးလုံးတစ်ခုက ပေါ်လာသည်။ လုထန်ရိတို့နားသို့ လျှောက်လာရင်း
"သူ့ကိုဘယ်လိုထွက်လာအောင် လုပ်ရမလဲဆိုတာကို မင်းတို့သိပုံရတယ်။ ငါ့ကိုကူညီရင် ဘာမှမလုပ်ဘူး။ ဒါပင်မယ့် သူပုန်းနေတုန်း မင်းတို့ဘာမှမပြောရင်တော့ မင်းတို့ကိုလည်း သူ့အပေါင်းအပါတွေလို့ မှတ်ရတော့မယ်"
"မဟုတ်တာ။ မဟုတ်ပါဘူး။ မဟုတ်ဘူး ခေါင်းဆောင် စိတ်လျှော့ တစ်ခုခုကို အထင်လွှဲနေတာ ဖြစ်မှာပါ"
လူစုသည် ကြောက်နေကြချိန်တွင် ကောင်းချင်းမင်းက လက်ကိုယမ်းရင်း ဝူချန်းယွဲ့ကို ပြောသည်။
ဝူချန်းယွဲ့သည် ဒီတစ်ခါတော့ အေးစက်စွာဖြင့် ထပ်ပြုံးလာသည်။
"ဟား ဟား အထင်လွဲရမယ်? ငါနှစ်ရက်လောက် အဆင့်မြင့်ဇွန်ဘီကို အမဲလိုက်ပြီးတော့ ငါအမြူတေကို မသိမ်းခင်မှာ ခိုးခံလိုက်ရတာ။ မင်းပြောကြည့်စမ်း။ ဒါကဘယ်လိုအထင်လွဲတာ ဖြစ်မလဲ?"
"အာ ဒါ ဒါက"
ကောင်းချင်းမင်းသည် သူ့အားမျက်နှာပူစွာကြည့်သည်။ ထို့နောက် လုထန်ရိကို လှည့်ကြည့်သည်။
Advertisement
'အဲ့ဒီမိန်းမက သေတွင်းတူးရတာကို တကယ်သဘောကျပုံပဲ!'
လုထန်ရိသည်လည်း မျက်နှာပူနေကာ စိတ်ထဲတွင် လင်းချင်းကို ကျိန်ဆဲနေမိသည်။
'နင်ပြောတော့ ဇွန်ဘီဘုရင်ဆို? အခုက ဇွန်ဘီဘုရင်ထက်တောင် ပိုဆိုးနေသေးတယ်! သူ့ဆီကခိုးလာရင်လည်း မမိအောင်ပုန်းနေလေ! အခုတော့ ငါတို့ကို ခေါင်းဆောင်ရဲ့ဒေါသနဲ့ ပြေးတွေ့ခိုင်းပြီးတော့ နင်ကနယ်မြေထဲ ဝင်ပုန်းနေတယ်! ဒါမတရားဘူး!'
ဝူချန်းယွဲ့၏ လက်ထဲက မိုးကြိုးလုံးသည် ပိုကြီးလာသည့်အခါ လုထန်ရိတို့က အနောက်သို့ အလိုလိုဆုတ်မိကြသည်။ သူတို့အား အသက်ကယ်ကာ ရေနှင့်အစာ ထောက်ပံ့ပေးခဲ့သည့် လင်းချင်းကို မပြောချင်ကြပေ။
'ငါတို့က ကျေးစွပ်လို့ မဖြစ်ဘူးမလား? ဒါပင်မယ့်လည်း စခန်းခေါင်းဆောင်တွေရဲ့ ဒေါသက ကြောက်ဖို့ကောင်းတယ်။ အဆိုးဆုံးက အမြဲတမ်းပြုံးနေပြီး သဘောကောင်းတဲ့ ခေါင်းဆောင်ဝူလိုလူပဲ!'
ထိုအချိန်တွင် လျူကျင်းက ဖြတ်ပြောတော့သည်။
"မဟုတ်သေးဘူး ခေါင်းဆောင်။ ကျွန်တော်ပြောချင်တာက အခုအချိန်မှာ ဇွန်ဘီအမြူတေကို ပူနေနိုင်သေးတယ်လား? လျန်လျန်ကို ဒီနားတစ်ဝိုက်မှာ ထားခဲ့လား သိချင်လို့?"
ထိုအခါ ဝူချန်းယွဲ့သည် မျက်မှောင်ကျုံ့သွားကာ
"မင်းက ဘယ်လိုလုပ်သိတာလဲ?"
လျန်လျန်ကို ရှောင်ယွင့်လုံနှင့်မုန့်ယွဲ့တို့ဖြင့် ထားခဲ့သည့်နေရာသည် သိပ်မဝေးသဖြင့် အနားတစ်ဝိုက်ဟု ပြောရသည်။ ဝူချန်းယွဲ့က ရှောင်ယွင့်လုံတို့ဖြင့် ဒီလူစုက တွေ့လာခဲ့သလားဟူ၍ ကြည့်လိုက်သည်။
"ဘာဖြစ်လို့ လျန်လျန်ကို ထည့်ပြောနေတာလဲ? ဘာကိုပြောချင်တာလဲ?"
လျူကျင်းတို့က ဆက်မဖြေရသေးခင် အနားမှ အဆောက်အဦး၏တံခါးသည် ပွင့်လာသည်။ ထိုနောက် မေ့နေသည့် မုန့်ယွဲ့ကို ကျောပိုးလာသည့် ရှောင်ယွင့်လုံက ပေါ်လာလေသည်။ လူတိုင်းသည် မုန့်ယွဲ့မှာ တစ်ကိုယ်လုံးသွေးများရွှဲ၍ ရှောင်ယွင့်လုံ၏ ကျောပေါ်တွင် ခေါင်းစိုက်လျှက် ပါလာသည်ကို မြင်လိုက်ကြရသည်။ ရှောင်ယွင့်လုံသည်လည်း ခေါင်းငိုက်စိုက်ကျနေသလို လာတာဖြစ်သည်။
လူစုသည် ကြောင်အသွားကြသည်။
'အခုရော ဘာထပ်ဖြစ်ပြန်ပြီလဲ?'
Zawgyi Ver
၂၂၄။ ေပၚလာသည္ႏွင့္တန္းတိုက္ခံရျခင္း
ဝူခ်န္းယြဲ႕၏အသံကို ၾကားသည္ႏွင့္ လင္းခ်င္းသည္ သူ႕ကိုတစ္ခ်က္ၾကည့္ကာ ေပ်ာက္သြားသည္။ ထို႔ေနာက္ ဝူခ်န္းယြဲ႕သည္ သူမရပ္ခဲ့သည့္ေနရာသို႔ ခ်က္ခ်င္းေရာက္လာကာ အၿပဳံးႀကီးၿပဳံးလိုက္သည္။ ထိုအခ်ိန္တြင္ သူတို႔ေခါင္းေဆာင္၏ သုံးမီတာပတ္လည္မွ ထြက္လာသည့္ အေအးဓာတ္မ်ားကို သူတို႔ခံစားလိုက္ရသည္။
ထိုအခ်ိန္တြင္ လင္းခ်င္းသည္ သူ႕အားဆဲေနမိသည္။
'ဘာျဖစ္လို႔ ဒီလူက ျမန္ျမန္ေပၚလာတာလဲ? ငါ့ေနရာကို ဘယ္လိုလုပ္ၿပီးေတာ့ သူသိသြားတာလဲ?'
လင္းခ်င္းသည္ နယ္ေျမထဲသို႔ ဝင္လာသည့္အခါ ကေလးမေလးသည္ သူမကိုထုတ္ေပးေတာ့မည္ဟု ထင္သြားသည္။ ထို႔ေၾကာင့္ သူမဆီသို႔ေျပးလာကာ သူမလက္ကို လာကိုင္သည္။
လင္းခ်င္းသည္ ကေလးမေလးကို ၾကည့္ကာ ကူကယ္ရာမဲ့ျဖစ္သြားသည္။ သူမသည္ ဝူခ်န္းယြဲ႕၏ ဇြန္ဘီအျမဴေတကို ယူလိုက္ျခင္းအား အနည္းငယ္အျပစ္ရွိသလို အစက ျဖစ္ေသာ္လည္း ဇြန္ဘီဘုရင္မထံမွ သူ႕သမီးကို ကယ္ေပးထားကာ ဘာထိခိုက္မႈမွမရွိဘဲ ျပန္ေပးမွာျဖစ္သည္။ ဒီအေၾကာင္းျပခ်က္မ်ားေၾကာင့္ သူမသည္ ဇြန္ဘီအျမဴေတကို ခိုးျခင္းအား ခြင့္လႊတ္ေပးမည္ဟု ထင္ခဲ့တာျဖစ္သည္။
'အခု မိုးႀကိဳးနဲ႕ ထပ္ပစ္ခံရလိုက္ေတာ့ ေနာက္တစ္ခါ ငါလက္စားျပန္ေခ်ပစ္မွာ!'
ဝူခ်န္းယြဲ႕၏ေၾကာက္ဖို႔ေကာင္းသည့္ မ်က္ႏွာႀကီးေၾကာင့္ လူစုသည္ အနည္းငယ္ ေၾကာက္သြားၾကသည္။ ဘာျဖစ္လို႔ သူတို႔ကို တိုက္မွန္းမသိခဲ့ေသာ္လည္း အခုေတာ့ ေခါင္းေဆာင္ႀကီးက သေဘာေကာင္းသည့္ အမ်ိဳးသမီးကို ပစ္မွတ္ထားေနပုံရသည္။
လုထန္ရိသည္ ဘာျဖစ္သလဲကို သိခ်င္သျဖင့္ ဝူခ်န္းယြဲ႕အား အျမန္ထေျပာသည္။
"ေခါင္းေဆာင္ဝူ မတိုက္ဘဲနဲ႕ စကားေျပာလို႔ရမလား? ဒီမွာဘာျဖစ္လို႔လဲ?"
ထိုအခါ ဝူခ်န္းယြဲ႕သည္ အမိုးေပၚကေန ငုံ႕ၾကည့္သည္။ ထို႔ေနာက္ အုတ္ေဘာင္တန္းရွိရာသို႔ ေလွ်ာက္လာကာ ထိုအေပၚမွေန သူတို႔ရွိရာ အမိုးသို႔ ခုန္ဆင္းလာသည္။ လက္ႏွစ္ဖက္ကို ေဘာင္းဘီအိတ္ထဲသို႔ ထည့္လိုက္ကာ လုထန္ရိကို ၿပဳံးျပ၍ေမးသည္။
"သူက မင္းတို႔နဲ႕လား? ဘယ္ကေကာင္လဲဆိုတာ သိလား?"
လုထန္ရိသည္ သူ႕ကိုအံ့ၾသစြာၾကည့္ကာ ေျပာသည္။
"ဟင္? သူဘယ္သူလဲဆိုတာကို မသိဘူးလား?"
ဝူခ်န္းယြဲ႕သည္ လုထန္ယုကို မွတ္မိေသာေၾကာင့္ အရင္က သူမလုပ္ခဲ့သည္မ်ားေၾကာင့္ လိုက္တိုက္ေနျခင္းဟု ထင္ခဲ့တာ ျဖစ္သည္။ သို႔ေသာ္လည္း ဝူခ်န္းယြဲ႕က သူမဘယ္သူလဲဆိုသည္ကိုေမးမွ မမွတ္မိေၾကာင္းကို သိတာျဖစ္သည္။
ဝူခ်န္းယြဲ႕သည္ အၿပဳံးကိုဆက္ထိန္းေနရင္းက
"ငါသိလို႔ကေတာ့ မင္းတို႔ကိုေမးရင္း အခ်ိန္ျဖဳန္းေနပါ့မလား?"
ဝူခ်န္းယြဲ႕၏ ၿပဳံးေနသည့္ မ်က္ႏွာေၾကာင္ လုထန္ရိ၏အေမြး အကုန္ုလုံးသည္ ေထာင္သြားသလိုပင္။
'ဒါဆိုရင္ ဘယ္လိုျဖစ္တာလဲ?'
မင္းသမီးေလးအေၾကာင္ကို မေျပာခင္ ျဖစ္ခဲ့သည့္ ကိစၥတစ္ခုလုံးကို အရင္သိေအာင္လုပ္ဖို႔ ဆုံးျဖတ္လိုက္သည္။
ဝူခ်န္းယြဲ႕၏ မ်က္လုံးမ်ားသည္ေကြးသြားသျဖင့္ ေၾကာက္ဖို႔ေကာင္းသည့္ အၿပဳံးျဖစ္လာသည္။ လုထန္ရိကို ၾကည့္ကာေျပာသည္။
"မင္းတို႔က သူနဲ႕တူရွိေနတာမလား? အရင္ရက္ေတြတုန္းက ဇြန္ဘီအျမဴေတကို ရလာတာကို သတိထားမိၾကေသးလား?"
ထိုအခ်ိန္တြင္ အနားသို႔ အကုန္ေရာက္လာၿပီျဖစ္ရာ ဝူခ်န္းယြဲ႕က ဇြန္ဘီအျမဴေတဟု ေျပာလိုက္သည္ႏွင့္ သူတို႔သည္ ထိုအမ်ိဳးသမီးက ကန္ထဲကိုပစ္ခ်လိဳက္သည့္ ဇြန္ဘီအျမဴေတကို သတိရသြားၾကသည္။
ေကာင္းခ်င္းမင္းသည္ လက္ပိုက္ထားရင္း ဝူခ်န္းယြဲ႕ကိုၾကည့္ကာ နားမလည္စြာျဖင့္
"ဘယ္လိုလုပ္သိတာလဲ?"
ထို႔ေနာက္ သူတို႔သည္ ဝူခ်န္းယြဲ႕၏ အဓိပၸါယ္တစ္ခုခုရွိေနသလို ရယ္သံႀကီးကို ၾကားလိုက္ရေတာ့သည္။
Advertisement
"ဟား ဟား ေသခ်ာေပါက္ကို သိတာေပါ့။ ဘာျဖစ္လို႔လဲဆိုေတာ့ မိုးႀကိဳးဇြန္ဘီဘုရင္ကို သတ္တာက ငါမလို႔ပဲ! ငါသတ္လိုက္တာနဲ႕ ဇြန္ဘီေခါင္းကို ခိုးမယ့္သူက ေပၚလာတယ္"
"ဟင္?"
လုထန္ရိတို႔သည္ သူတို႔ၾကားသည္ကို မယုံနိုင္ျဖစ္ကုန္ၾကသည္။ ေကာင္းခ်င္းမင္းက လုထန္ရိကိုၾကည့္ကာ
"သူေျပာေတာ့ အဆင့္၆ဇြန္ဘီဆို? ဘာျဖစ္လို႔ ေခါင္းေဆာင္ဝူျဖစ္ေနတာလဲ?"
"ငါလည္း ဘယ္သိမလဲကြ!"
လုထန္ရိသည္ သူ႕ကိုၾကည့္ကာေျဖသည္။
ဟြမ္ရွို႔သည္ က်န္းေရွာင္ညန္ကိုၾကည့္ကာ
"အာ ဒါဆိုရင္ ဇြန္ဘီအျမဴေတက ေခါင္းေဆာင္ဝူဟာေပါ့။ ဘာျဖစ္လို႔ ငါတို႔ကို တျခားဇြန္ဘီလို႔ ေျပာတာလဲ?"
က်န္းေရွာင္ညန္သည္ ပုခုံးတြန့္ကာ ေျဖသည္။
"မသိဘူးေလ"
ဝူခ်န္းယြဲ႕၏အၿပဳံးသည္ ပိုထူးဆန္းလာကာ
"ဪ ဒါဆိုရင္ သူကငါ့ကို တျခားဇြန္ဘီဘုရင္လို႔ ေျပာထားတာလား? ရပါတယ္။ ငါစိတ္ထဲမထားပါဘူ။ ဒါပင္မယ့္ မင္းတို႔ထဲကတစ္ေယာက္ကေတာ့ ငါတို႔က သူဘယ္သူလဲဆိုတာနဲ႕ ဘယ္ကလဲကိုေျပာရမယ္"
သူသည္ၿပဳံးကာေျပာေနရင္း အိတ္ကပ္ထဲက လက္တစ္ဖက္ကိုထုတ္လိုက္သည္။ လက္ဝါးျဖန့္လိုက္သည့္အခါ သူ႕လက္ထဲတြင္ မိုးႀကိဳးလုံးတစ္ခုက ေပၚလာသည္။ လုထန္ရိတို႔နားသို႔ ေလွ်ာက္လာရင္း
"သူ႕ကိုဘယ္လိုထြက္လာေအာင္ လုပ္ရမလဲဆိုတာကို မင္းတို႔သိပုံရတယ္။ ငါ့ကိုကူညီရင္ ဘာမွမလုပ္ဘူး။ ဒါပင္မယ့္ သူပုန္းေနတုန္း မင္းတို႔ဘာမွမေျပာရင္ေတာ့ မင္းတို႔ကိုလည္း သူ႕အေပါင္းအပါေတြလို႔ မွတ္ရေတာ့မယ္"
"မဟုတ္တာ။ မဟုတ္ပါဘူး။ မဟုတ္ဘူး ေခါင္းေဆာင္ စိတ္ေလွ်ာ့ တစ္ခုခုကို အထင္လႊဲေနတာ ျဖစ္မွာပါ"
လူစုသည္ ေၾကာက္ေနၾကခ်ိန္တြင္ ေကာင္းခ်င္းမင္းက လက္ကိုယမ္းရင္း ဝူခ်န္းယြဲ႕ကို ေျပာသည္။
ဝူခ်န္းယြဲ႕သည္ ဒီတစ္ခါေတာ့ ေအးစက္စြာျဖင့္ ထပ္ၿပဳံးလာသည္။
"ဟား ဟား အထင္လြဲရမယ္? ငါႏွစ္ရက္ေလာက္ အဆင့္ျမင့္ဇြန္ဘီကို အမဲလိုက္ၿပီးေတာ့ ငါအျမဴေတကို မသိမ္းခင္မွာ ခိုးခံလိုက္ရတာ။ မင္းေျပာၾကည့္စမ္း။ ဒါကဘယ္လိုအထင္လြဲတာ ျဖစ္မလဲ?"
"အာ ဒါ ဒါက"
ေကာင္းခ်င္းမင္းသည္ သူ႕အားမ်က္ႏွာပူစြာၾကည့္သည္။ ထို႔ေနာက္ လုထန္ရိကို လွည့္ၾကည့္သည္။
'အဲ့ဒီမိန္းမက ေသတြင္းတူးရတာကို တကယ္သေဘာက်ပဳံပဲ!'
လုထန္ရိသည္လည္း မ်က္ႏွာပူေနကာ စိတ္ထဲတြင္ လင္းခ်င္းကို က်ိန္ဆဲေနမိသည္။
'နင္ေျပာေတာ့ ဇြန္ဘီဘုရင္ဆို? အခုက ဇြန္ဘီဘုရင္ထက္ေတာင္ ပိုဆိုးေနေသးတယ္! သူ႕ဆီကခိုးလာရင္လည္း မမိေအာင္ပုန္းေနေလ! အခုေတာ့ ငါတို႔ကို ေခါင္းေဆာင္ရဲ႕ေဒါသနဲ႕ ေျပးေတြ႕ခိုင္းၿပီးေတာ့ နင္ကနယ္ေျမထဲ ဝင္ပုန္းေနတယ္! ဒါမတရားဘူး!'
ဝူခ်န္းယြဲ႕၏ လက္ထဲက မိုးႀကိဳးလုံးသည္ ပိုႀကီးလာသည့္အခါ လုထန္ရိတို႔က အေနာက္သို႔ အလိုလိုဆုတ္မိၾကသည္။ သူတို႔အား အသက္ကယ္ကာ ေရႏွင့္အစာ ေထာက္ပံ့ေပးခဲ့သည့္ လင္းခ်င္းကို မေျပာခ်င္ၾကေပ။
'ငါတို႔က ေက်းစြပ္လို႔ မျဖစ္ဘူးမလား? ဒါပင္မယ့္လည္း စခန္းေခါင္းေဆာင္ေတြရဲ႕ ေဒါသက ေၾကာက္ဖို႔ေကာင္းတယ္။ အဆိုးဆုံးက အၿမဲတမ္းၿပဳံးေနၿပီး သေဘာေကာင္းတဲ့ ေခါင္းေဆာင္ဝူလိုလူပဲ!'
ထိုအခ်ိန္တြင္ လ်ဴက်င္းက ျဖတ္ေျပာေတာ့သည္။
"မဟုတ္ေသးဘူး ေခါင္းေဆာင္။ ကြၽန္ေတာ္ေျပာခ်င္တာက အခုအခ်ိန္မွာ ဇြန္ဘီအျမဴေတကို ပူေနနိုင္ေသးတယ္လား? လ်န္လ်န္ကို ဒီနားတစ္ဝိုက္မွာ ထားခဲ့လား သိခ်င္လို႔?"
ထိုအခါ ဝူခ်န္းယြဲ႕သည္ မ်က္ေမွာင္က်ဳံ႕သြားကာ
"မင္းက ဘယ္လိုလုပ္သိတာလဲ?"
လ်န္လ်န္ကို ေရွာင္ယြင့္လုံႏွင့္မုန့္ယြဲ႕တို႔ျဖင့္ ထားခဲ့သည့္ေနရာသည္ သိပ္မေဝးသျဖင့္ အနားတစ္ဝိုက္ဟု ေျပာရသည္။ ဝူခ်န္းယြဲ႕က ေရွာင္ယြင့္လုံတို႔ျဖင့္ ဒီလူစုက ေတြ႕လာခဲ့သလားဟူ၍ ၾကည့္လိုက္သည္။
"ဘာျဖစ္လို႔ လ်န္လ်န္ကို ထည့္ေျပာေနတာလဲ? ဘာကိုေျပာခ်င္တာလဲ?"
လ်ဴက်င္းတို႔က ဆက္မေျဖရေသးခင္ အနားမွ အေဆာက္အဦး၏တံခါးသည္ ပြင့္လာသည္။ ထိုေနာက္ ေမ့ေနသည့္ မုန့္ယြဲ႕ကို ေက်ာပိုးလာသည့္ ေရွာင္ယြင့္လုံက ေပၚလာေလသည္။ လူတိုင္းသည္ မုန့္ယြဲ႕မွာ တစ္ကိုယ္လုံးေသြးမ်ား႐ႊဲ၍ ေရွာင္ယြင့္လုံ၏ ေက်ာေပၚတြင္ ေခါင္းစိုက္လွ်က္ ပါလာသည္ကို ျမင္လိုက္ၾကရသည္။ ေရွာင္ယြင့္လုံသည္လည္း ေခါင္းငိုက္စိုက္က်ေနသလို လာတာျဖစ္သည္။
လူစုသည္ ေၾကာင္အသြားၾကသည္။
'အခုေရာ ဘာထပ္ျဖစ္ျပန္ၿပီလဲ?'
Advertisement
- In Serial24 Chapters
Magriculture
When Aurum Industries announced the first Full Immersion Virtual Reality Massive Multiplayer Online Role Playing Game (FIVRMMORPG if you're hip) Limitless Online, most people saw it as an opportunity to live out their sword and sorcery fantasies. John, however, saw it as the opening of a new and as of yet uncrowded job market. One he was willing, and eager, to exploit. Determined to make money through virtual hard work and effort, John sets his sights not on the heights of magic or the perfection of the sword, but instead upon the tilling of the soil and the sowing of seeds as he explores the wide and wonderful world of magical agriculture all from the comfort of his own bed. Disclaimer: This is, at best, a very rough draft. I have already had to do one major rewrite and several minor rewrites of entire sections of the story, and it is a virtual certainty I will have to do re-writes again. Such changes may be as small as editing a few numbers (such as going back and changing how much mana an object holds) or it may force me to re-write entire chapters (this has happened once already, and I'm really hoping it doesn't happen again, but... life). Minor re-writes will probably never be posted here. Major rewrites probably will.Anyway, what this boils down to is: If you're looking for a fully cohesive story with few to no errors and publisher level editing, this is not the story for you. If your looking for a cohesive plot that's more than "Man farms, man farms, man farms well, man maybe makes money" you're probably also in the wrong place, but I will attempt to entertain you anyway.
8 156 - In Serial59 Chapters
A Mailman as a Superhero
The world changed in less than an hour. Across the world people, animals and plants changed, evolved. Some say for the better. Others say for the worse. Some are waiting for the other shoe to drop. They will tell you "There's no such thing as a free lunch." For Rene Wilder it's just another day delivering the mail in the world's coldest capital.
8 274 - In Serial13 Chapters
Balefire - A LitRPG Apocalypse
Mateo wasn't a fan of the blue sun. It froze the air dry, turned the trees around into popsicle sticks, and it had to bring with it a horde of monsters with faces not even a mother could love. Thrust into this world where nowhere was to be safe, maybe uncle Pedro's summer camp wasn't so bad after all. After getting a hold of some–ironically–fire magic, Mateo had all the tools he needed to get back to his family. He just had to learn how to not die first. New chapter posted everyday from Monday to Friday.
8 181 - In Serial25 Chapters
The Swordmaster and the New God
People have always called me an optimist, someone who always sees what could be, instead of what is. I had always believed that doing the right thing was important and that I was doing my part one task at a time, starting at my school, Kobe High. One day, however, I, Kazuma Sato, and my best friend Austin Huber got teleported to another world. There, an angel spun a wheel to choose our class so we could help defeat the demon lord, and I got a never seen before class; god. Will we survive in the new fantasy world, where not all is as it seems, or will the secrets and true reason that we were summoned consume us?
8 168 - In Serial7 Chapters
(DEMO) Colorless vol.1- Phantamoire Enigmata
This is a demo volume consisting only seven chapters. The sole reason of this publication is to show the world a glimpse of the project. Therefore, the final quality of the product will be lot more refined and polished. This demo might get deleted from RoyalRoad after the actual publication. Synopsis: "Knights wearing their shining armor serving righteous justice riding their glorious horses." We all have heard that story- Heroes who do the right in the purest way without any tampering. But, is it really that easy? Is the world and it's heroes really that pure? After all... fairytale is just a lie. I might be the first author in the world who despises writing. I haven't read any story books or novel in my entire life but children's story book (not even ten of them). So, why do I write? Simple answer- the story. Inexperienced I may be but I believe my project and it's quality. The actual story will be posted somewhere in 2019. The story will be devided into 7/8 volumes and 90 (approx.) chapters. I have been working on this project for 1 year now. It took me 5 months to finalize the concept and plot, 7 months for the story and it's already been 6 months in writing along with 2 times of total revamp.
8 194 - In Serial36 Chapters
Degrading the diaper girl
Ann is 16, she's been wetting the bed for months and her mom a has tried everything to fix it, but one last thing. Diapers. And her 17 year old foster brother, Eric, intends to make Ann's life in diapers a lot harder. Note: this is a kink book. Not age regression, sorry to all the sfw littles! Love you all!THIS BOOK DOES NOT SUPPORT SEXUALIZING AGE REGRESSION - age regression and age play are two different things and it is very harmful to both communities to assume they are. #5 in teen fiction - October 30, 2022 - THANK YOU SO MUCH! NOTE 2: This book is weird, and probably gross for some. This is just a way I can express my own feelings and thoughts in a safe way without harming anyone else. This book is fiction and I do not support any of these things in reality without consent from all participants. I hope that this book makes others feel less alone and provides and safe space for them. Most people reading this are aware that many aspects of this story are odd, but please do not kink shame. This story involves content and subjects that might be triggering or disturbing to some, such as: - Diapers (usage of them, forced use of them, changing them, and sexual acts in them) -Humiliation, degradation etc...- Wedgies - slight bullying kink - Parents are involved in aspects of kink (this story does NOT involve incest ) - CNC (and no consent at all) - Age play - DDLG, DDLB and possibly more.- BDSM aspects I do not support any of these things in real like without consent given by all parties. -I am a working high school student, so I do not update on a regular basis, but I aim for at least 1-2 long chapters a month. This book has no editing and was written in the notes app of a depressed teenager, please read with caution.
8 122

