《၂။ ဗျူဟာခင်းတဲ့ အစ်မကြီးဇွန်ဘီ (Myanmar Translation)》226
Advertisement
၂၂၆။ လျန်လျန်ထွက်လာပြီ
လင်းချင်းသည် ဝူချန်းယွဲ့ကို တစ်ချက်ကြည့်လိုက်သည့်အခါ သူ့သမီးကို အရမ်းစိတ်ပူနေပုံရသဖြင့် ချက်ချင်းနယ်မြေထဲသို့ ပြန်ဝင်သွားသည်။
လင်းချင်းက သတိပေးခြင်းမရှိဘဲ ပျောက်သွားသည့်အခါ ဝူချန်းယွဲ့၏ မျက်နှာကြီးသည် မည်းမှောင်သွားကာ လုထန်ရိတို့ကို လှည့်ကြည့်လာသည်။ သူ့အကြည့်ဖြင့်ဆုံလိုက်သည့်သူများသည် ချက်ချင်းကြောက်သွားကြကာ နောက်သို့ ခြေတစ်လှမ်းဆုတ်မိကြသည်။ သို့သော်လည်း ဝူချန်းယွဲ့က ဘာမှမလုပ်ရသေးခင်း လင်းချင်းက ကလေးမလေးကို ချီကာ ပြန်ပေါ်လာသည်။ ကလေးမလေးက လက်ထဲတွင် ယုန်တစ်ကောင်ကို ပိုက်လာသည်။
ထိုအခါမှ သူတို့သည် သက်ပြင်းချနိုင်တော့သည်။ နောက်ဆုံးတော့ ခေါင်းဆောင်ထံမှ ဖိအားများကို ရစရာမလိုတော့ပေ။ ထိုအချိန်တွင် ဝူချန်းယွဲ့နှင့် ရှောင်ယွင့်လုံတို့သည် မျက်လုံးအပြူးသာ ဖြစ်သွားကြကာ ဝူချန်းယွဲ့က လင်းချင်းဆီသို့ အမြန်ပြေးလာသည်။
သို့သော်လည်း လင်းချင်းက သူ့ထက်နည်းနည်းပိုမြန်သည်။ ဝူချန်းယွဲ့က လင်းချင်းထံသို့လာသည်နှင့် လင်းချင်းက ရှောင်ပြေးလေသည်။ ဝူချန်းယွဲ့သည် လင်းချင်းရပ်ခဲ့သည့်နေရာတွင် ရပ်လိုက်ကာ မျက်နှာကျုံ့ထားရင်း
"တော်တော့! လျန်လျန်ကို ငါ့ကိုပြန်ပေး"
သူသည် ဒေါသထွက်နေသဖြင့် လင်းချင်းက ဘာဖြစ်လို့ ရှောင်နေသလဲကို မသိပေ။
လင်းချင်းက ခေါင်းခါပြသည်ကို မြင်သည့်အခါ ဝူချန်းယွဲ့၏ မျက်နှာကြီးသည် မည်းမှောင်သွားကာ မျက်လုံးများက ကျဉ်းမြောင်းလာပြီး
"မင်း! နင်ဘာလိုချင်တာလဲ"
ကြီးမားလှသည့် ရင်သားများကြောင့် အမျိုးသမီးဖြစ်ကြောင်းကို သူသိသွားပြီ။ သူမသည် ဦးထုတ်ဆောင်းထားကာ နေကာမျက်မှန်တပ်ထားသောကြောင့် နှာခေါင်း၊ နှုတ်ခမ်းနှင့် မေးတို့ကိုသာ မြင်နိုင်သည်။ အစက ဒီမိန်းမသည် အဆင့်၆ဇွန်ဘီအမြူတေကို သူ့ဆီက ခိုးသွားသည်။ အခုလည်း သူ့သမီးကို ပြန်ပေးဆွဲထားသည်။
"ဘာဖြစ်ချင်နေတာလဲ?"
ဒီအမျိုးသမီးက လင်းလင်းကို ပြန်ပေးဖို့ မလုပ်သည်ကို မြင်ရသည့်အခါ သူပိုဒေါသထွက်လာသည်။ သူ့ချောမောသည့်မျက်နှာသည် ရှုံ့မဲ့နေကာ မျက်လုံးများက ရေခဲဓားများထွက်မတက် အေးစက်နေသည်။ သူ့လက်ဝါးထက်တွင်တော့ မိုးကြိုးလုံးတစ်ခုကို သူထုတ်လာသည်။
လင်းချင်းသည်လည်း ဒီယောက်ျားက ဒေါသကြီးလွန်းသောကြောင့် မျက်မှောင်ကျုံ့မိသည်။ သူမကိုတွေ့တိုင်း တိုက်ဖို့ပဲ လုပ်နေလေရာ တည်ငြိမ်ခြင်းမရှိသဖြင့် စခန်းခေါင်းဆောင်ဟုတ်ရဲ့လားတောင် မသိတော့ပေ။
လျန်လျန်ကို မြင်သည့်အခါ ရှောင်ယွင့်လုံသည် မုန့်ယွဲ့ကို လှေကားနားတွင် သေချာထားခဲ့ကာ ဝူချန်းယွဲ့ဖြင့် တိုက်မလိုဖြစ်နေသည့် လင်းချင်းတို့ရှိရာသို့ နံရံကိုဖက်တွယ်လျှက် အမြန်တက်လာသည်။
ထိုအခါ လုထန်ရိတို့လည်း မကောင်းတာဖြစ်တော့မည်ကို နားလည်လိုက်သည်။ လုထန်ရိက အမြန်အော်သည်။
"ခနလေး! စကားပြောလို့ရမလား? ခေါင်းဆောင် ဘာဖြစ်လဲကို သေချာမသိခင် ဒီလိုလုပ်တာက မသင့်တော်ဘူး"
"ဟုတ်တယ်"
ကောင်းချင်းမင်းကလည်း ဝင်ပြောသည်။
'ဒီအမျိုးသမီးက လျန်လျန်ကို ကယ်ပေးထားတာ သေချာတယ်။ သူသာမကယ်ရင် လျန်လျန်က အဆင့်၆ဇွန်ဘီနဲ့ရှိနေမှာ။ သူ့ကိုကျေးဇူးတင်သင့်တာမလား?'
ထိုအခါ ရှောင်ယွင့်လုံသည် တွေဝေသွားကာ ဝူချန်းယွဲ့ကိုကြည့်၍ တစ်ခုခုပြောဖို့လုပ်သည်။
သို့သော်လည်း ဝူချန်းယွဲ့က အေးစက်စွာဖြင့်
"ငါ့ဇွန်ဘီအမြူတေကို ခိုးသွားတဲ့သူကို ငါကကျေးဇူးတင်စရာလား!"
"ခိုးတာကတော့ သူ့အပြစ်ပါ"
ကောင်းချင်းမင်းက ပြောသည်။
"ဒါပင်မယ့် လျန်လျန်ကို ကယ်ပေးတော့ ခွင့်လွှတ်ပေးလို့မရဘူးလား?"
ဝူချန်းယွဲ့သည် အမြူတေကို အစွဲထားနေတာ မဟုတ်သော်လည်း သူ့ထံမှ ခိုးသွားခြင်းကို ခွင့်မလွှတ်နိုင်တာ ဖြစ်သည်။ လျန်လျန်ကို ချီသာမထားလျှင် မိုးကြိုးများဖြင့် ဆက်တိုက်ကို ပစ်ချနေပြီးလိုက်ပြီ။ သို့သော်လည်း ဒီကိစ္စနှစ်ခုကို ရောမပစ်ပေ။ လျန်လျန်ကို ကယ်ပေးလို့ ကျေးဇူးတင်မှာ မှန်သော်လည်း သူ့ဆီက ခိုးသွားသည့်အတွက်ကတော့ ပြန်ပေးဆပ်ရမှာပင်။
"လျန်လျန်ကို ပြန်ပေးရင် သူလိုချင်တာကို ငါပြန်ပေးနိုင်တယ်။ ဒါပင်မယ့် ခိုးသွားတာကတော့ နောက်ကိစ္စတစ်ခုသပ်သပ်ပဲ!"
ဝူချန်းယွဲ့က အေးစက်စွာ ပြောသည်။
"ချန်းယွဲ့ ခနလေး!"
ရှောင်ယွင့်လုံက ပြောသည်။
"သူပြောတာမှန်တယ်လို့ ငါထင်တယ်။ မင်းအခု စိတ်အေးအေးထားဖို့ လိုတယ်။ အစတုန်းက လျန်လျန်ကို ထူးဆန်းတဲ့ အဆင့်၆ဇွန်ဘီက တကယ်ခေါ်သွားခဲ့တာ။ ဇွန်ဘီက လျန်လျန်ကို ဘာဖြစ်လို့ ဘာမှမလုပ်တာလည်း ငါမသိပင်မယ့် အချိန်မှီကယ်ပေးနိုင်တာပဲ တကယ်တော်သေးတယ်။ ဒီအမျိုးသမီးက ငါတို့ကို ကူညီထားတာ"
'ဘုရားမတာပဲ!!!'
ရှောင်ယွင့်လုံသည် စိတ်ထဲတွင် ပြောနေမိသည်။ သူ့ခေါင်းကိုင်သမီးလေးကို သူမစောင့်ရှောက်နိုင်သဖြင့် တသက်လုံးအပြစ်ရှိစိတ်ကြီး ကျန်ခဲ့တော့မည်ဟု ထင်ထားသော်လည်း လျန်လျန်က အကယ်ခံလိုက်ရသေးသဖြင့် တကယ့်ကိုတော်သေးသည်။ ဘာပဲဖြစ်ဖြစ် ဒီလျို့ဝှက်သည့် အမျိုးသမီးက ကယ်ပေးသည်က အမှန်ပင်။
ဝူချန်းယွဲ့သည် သူ့ကိုအေးစက်သည့် အကြည့်တစ်ချက်ဖြင့် ကြည့်ကာ တိတ်သွားသည်။
ထိုအချိန်တွင် လင်းချင်းသည် သက်ပြင်းချကာ ထိုင်လိုက်ပြီး ဝူယွဲ့လျန်ကို အောက်သို့ချပေးလိုက်သည်။ ထို့နောက် ဝူချန်းယွဲ့ဘက်သို့ လက်ညိုးထိုးပြလိုက်သည်။
ဝူယွဲ့လျန်သည် သူ့အဖေဆီသို့ သူမကို ပြန်ခိုင်းနေသည်ကို သိသော်လည်း မသွားခင် လင်းချင်း၏အကျီစကိုဆွဲထားသည်။ လင်းချင်းက သူမကို အားကိုးနေသည်ထင်၍ အံ့သြသွားကာ သူမ၏လက်ကိုကိုင်လိုက်သည်နှင့် သူမ၏အတွေးကို ကြားလိုက်ရသည်။
'နွယ်လေးနဲ့ လာကစားချင်သေးတယ်'
'ဪ. . . ငါ့ကြောင့်မဟုတ်ဘူးလား? နွယ်လေးတဲ့လား! နင်တို့နှစ်ယောက်က အတော်တည့်သွားကြတဲ့ပုံပဲ'
လင်းချင်းက တွေးမိသည်။
"လျန်လျန် ဖေဖေ့ဆီလာ!"
သူ့သမီးလေး၏အပြုအမှုကြောင့် ဝူချန်းယွဲ့သည် ရင်ဘတ်အောင့်သွားသည်။ ရုတ်တရက် သူ့သမီးလေးက သူ့ကိုတသက်လုံးခွဲသွားတော့မလို ခံစားလိုက်ရသည်။
Advertisement
သူ့အဖေအသံကြားမှ ဝူယွဲ့လျန်သည် လျှောက်လာသည်။ သို့သော်လည်း လင်းချင်းကို လှည့်ကြည့်နေသေးသည်။ အရင်တစ်ခါကလို ယုန်သည် သူမလက်ထဲမှဆင်းသွားကာ လင်းချင်းဆီသို့ ပြန်ပြေးသွားသည်။ ထိုအခါ ဝူယွဲ့လျန်သည် ဘာလုပ်ရမလဲ မသိတော့ပေ။
ဝူယွဲ့လျန်သည် သူ့အဖေနှင့် နှစ်လှမ်းလောက်အကွာတွင် ရပ်နေသည့်အခါ ဝူချန်းယွဲ့သည် အနည်းငယ်စိတ်ပူကာ သူ့သမီးကို အမြန်ကောက်ချီလိုက်သည်။ ထို့နောက် လင်းချင်းအား လက်မောင်းလုံးလောက်ရှိသည့် မိုးကြိုးဖြင့် ချက်ချင်းပစ်ချသည်။
လင်းချင်းသည် စိတ်ထဲတွင် ဆဲလိုက်ပြီး ချက်ချင်းနောက်သို့ ခုန်ရှောင်လိုက်ရသည်။ ထိုအချိန်တွင် ဝူချန်းယွဲ့က လင်းလင်းအား ရှောင်ယွင့်လုံကို ချီထားခိုင်းလိုက်သည်။ ရှောင်ယွင့်လုံအပါအဝင် လူတိုင်းကတော့ ဝူချန်းယွဲ့ကို ကြောင်အစွာ ကြည့်ကုန်သည်။
'ဘာ? ဘာဖြစ်လို့ သတိတောင်မပေးဘဲ တိုက်တာလဲ? ဒါက . . .မိုးကြိုးနဲ့ ပစ်ခံရတဲ့သူအတွက် တော်တော်မကောင်းတာပဲ!'
သို့သော်လည်း သူတို့သည် လင်းချင်းက သူ့ဇွန်ဘီအမြုတေကို ခိုးသွားသည်က မကောင်းကြောင်းကို သတိရသွားသည်။
ဝူချန်းယွဲ့က လျန်လျန်ကို ပြန်ချီဖို့ လုပ်စဉ်တွင် သူ့သမီးသည် မျက်ရည်များဝိုင်းနေကာ သူ့အားဒေါသတကြီး စိုက်ကြည့်နေခြင်ကို မမျှော်လင့်စွာ မြင်လိုက်ရသည်။
'ဘာဖြစ်လို့ အစ်မကြီးဇွန်ဘီကို ချတာလဲ! ထပ်ပြီးတော့ အစ်မကြီးဇွန်ဘီကို ချပြန်ပြီ!!!'
ဝူချန်းယွဲ့သည် သူ့သမီး၏စိတ်ကို မဖတ်နိုင်သော်လည်း သူ့သမီးမှာ ထူးဆန်းသည့် ဒီအမျိုးသမီးကို သူတိုက်လိုက်၍ စိတ်မကောင်းဖြစ်သွားမှန်းကိုတော့ သူနားလည်သေးသည်။
'ဘာဖြစ်လို့ သူ့ဘက်က နေတာလဲ? ရက်နည်းနည်းလောက်နဲ့ ငါ့သမီးကို ဘယ်လိုမှိုင်းသွင်းလိုက်တာလဲ!'
Zawgyi Ver
၂၂၆။ လ်န္လ်န္ထြက္လာၿပီ
လင္းခ်င္းသည္ ဝူခ်န္းယြဲ႕ကို တစ္ခ်က္ၾကည့္လိုက္သည့္အခါ သူ႕သမီးကို အရမ္းစိတ္ပူေနပုံရသျဖင့္ ခ်က္ခ်င္းနယ္ေျမထဲသို႔ ျပန္ဝင္သြားသည္။
လင္းခ်င္းက သတိေပးျခင္းမရွိဘဲ ေပ်ာက္သြားသည့္အခါ ဝူခ်န္းယြဲ႕၏ မ်က္ႏွာႀကီးသည္ မည္းေမွာင္သြားကာ လုထန္ရိတို႔ကို လွည့္ၾကည့္လာသည္။ သူ႕အၾကည့္ျဖင့္ဆုံလိုက္သည့္သူမ်ားသည္ ခ်က္ခ်င္းေၾကာက္သြားၾကကာ ေနာက္သို႔ ေျခတစ္လွမ္းဆုတ္မိၾကသည္။ သို႔ေသာ္လည္း ဝူခ်န္းယြဲ႕က ဘာမွမလုပ္ရေသးခင္း လင္းခ်င္းက ကေလးမေလးကို ခ်ီကာ ျပန္ေပၚလာသည္။ ကေလးမေလးက လက္ထဲတြင္ ယုန္တစ္ေကာင္ကို ပိုက္လာသည္။
ထိုအခါမွ သူတို႔သည္ သက္ျပင္းခ်နိဳင္ေတာ့သည္။ ေနာက္ဆုံးေတာ့ ေခါင္းေဆာင္ထံမွ ဖိအားမ်ားကို ရစရာမလိုေတာ့ေပ။ ထိုအခ်ိန္တြင္ ဝူခ်န္းယြဲ႕ႏွင့္ ေရွာင္ယြင့္လုံတို႔သည္ မ်က္လုံးအျပဴးသာ ျဖစ္သြားၾကကာ ဝူခ်န္းယြဲ႕က လင္းခ်င္းဆီသို႔ အျမန္ေျပးလာသည္။
သို႔ေသာ္လည္း လင္းခ်င္းက သူ႕ထက္နည္းနည္းပိုျမန္သည္။ ဝူခ်န္းယြဲ႕က လင္းခ်င္းထံသို႔လာသည္ႏွင့္ လင္းခ်င္းက ေရွာင္ေျပးေလသည္။ ဝူခ်န္းယြဲ႕သည္ လင္းခ်င္းရပ္ခဲ့သည့္ေနရာတြင္ ရပ္လိုက္ကာ မ်က္ႏွာက်ဳံ႕ထားရင္း
"ေတာ္ေတာ့! လ်န္လ်န္ကို ငါ့ကိုျပန္ေပး"
သူသည္ ေဒါသထြက္ေနသျဖင့္ လင္းခ်င္းက ဘာျဖစ္လို႔ ေရွာင္ေနသလဲကို မသိေပ။
လင္းခ်င္းက ေခါင္းခါျပသည္ကို ျမင္သည့္အခါ ဝူခ်န္းယြဲ႕၏ မ်က္ႏွာႀကီးသည္ မည္းေမွာင္သြားကာ မ်က္လုံးမ်ားက က်ဥ္းေျမာင္းလာၿပီး
"မင္း! နင္ဘာလိုခ်င္တာလဲ"
ႀကီးမားလွသည့္ ရင္သားမ်ားေၾကာင့္ အမ်ိဳးသမီးျဖစ္ေၾကာင္းကို သူသိသြားၿပီ။ သူမသည္ ဦးထုတ္ေဆာင္းထားကာ ေနကာမ်က္မွန္တပ္ထားေသာေၾကာင့္ ႏွာေခါင္း၊ ႏႈတ္ခမ္းႏွင့္ ေမးတို႔ကိုသာ ျမင္နိုင္သည္။ အစက ဒီမိန္းမသည္ အဆင့္၆ဇြန္ဘီအျမဴေတကို သူ႕ဆီက ခိုးသြားသည္။ အခုလည္း သူ႕သမီးကို ျပန္ေပးဆြဲထားသည္။
"ဘာျဖစ္ခ်င္ေနတာလဲ?"
ဒီအမ်ိဳးသမီးက လင္းလင္းကို ျပန္ေပးဖို႔ မလုပ္သည္ကို ျမင္ရသည့္အခါ သူပိုေဒါသထြက္လာသည္။ သူ႕ေခ်ာေမာသည့္မ်က္ႏွာသည္ ရႈံ႕မဲ့ေနကာ မ်က္လုံးမ်ားက ေရခဲဓားမ်ားထြက္မတက္ ေအးစက္ေနသည္။ သူ႕လက္ဝါးထက္တြင္ေတာ့ မိုးႀကိဳးလုံးတစ္ခုကို သူထုတ္လာသည္။
လင္းခ်င္းသည္လည္း ဒီေယာက္်ားက ေဒါသႀကီးလြန္းေသာေၾကာင့္ မ်က္ေမွာင္က်ဳံ႕မိသည္။ သူမကိုေတြ႕တိုင္း တိုက္ဖို႔ပဲ လုပ္ေနေလရာ တည္ၿငိမ္ျခင္းမရွိသျဖင့္ စခန္းေခါင္းေဆာင္ဟုတ္ရဲ႕လားေတာင္ မသိေတာ့ေပ။
လ်န္လ်န္ကို ျမင္သည့္အခါ ေရွာင္ယြင့္လုံသည္ မုန့္ယြဲ႕ကို ေလွကားနားတြင္ ေသခ်ာထားခဲ့ကာ ဝူခ်န္းယြဲ႕ျဖင့္ တိုက္မလိုျဖစ္ေနသည့္ လင္းခ်င္းတို႔ရွိရာသို႔ နံရံကိုဖက္တြယ္လွ်က္ အျမန္တက္လာသည္။
ထိုအခါ လုထန္ရိတို႔လည္း မေကာင္းတာျဖစ္ေတာ့မည္ကို နားလည္လိုက္သည္။ လုထန္ရိက အျမန္ေအာ္သည္။
"ခနေလး! စကားေျပာလို႔ရမလား? ေခါင္းေဆာင္ ဘာျဖစ္လဲကို ေသခ်ာမသိခင္ ဒီလိုလုပ္တာက မသင့္ေတာ္ဘူး"
"ဟုတ္တယ္"
ေကာင္းခ်င္းမင္းကလည္း ဝင္ေျပာသည္။
'ဒီအမ်ိဳးသမီးက လ်န္လ်န္ကို ကယ္ေပးထားတာ ေသခ်ာတယ္။ သူသာမကယ္ရင္ လ်န္လ်န္က အဆင့္၆ဇြန္ဘီနဲ႕ရွိေနမွာ။ သူ႕ကိုေက်းဇူးတင္သင့္တာမလား?'
ထိုအခါ ေရွာင္ယြင့္လုံသည္ ေတြေဝသြားကာ ဝူခ်န္းယြဲ႕ကိုၾကည့္၍ တစ္ခုခုေျပာဖို႔လုပ္သည္။
သို႔ေသာ္လည္း ဝူခ်န္းယြဲ႕က ေအးစက္စြာျဖင့္
"ငါ့ဇြန္ဘီအျမဴေတကို ခိုးသြားတဲ့သူကို ငါကေက်းဇူးတင္စရာလား!"
"ခိုးတာကေတာ့ သူ႕အျပစ္ပါ"
ေကာင္းခ်င္းမင္းက ေျပာသည္။
"ဒါပင္မယ့္ လ်န္လ်န္ကို ကယ္ေပးေတာ့ ခြင့္လႊတ္ေပးလို႔မရဘူးလား?"
ဝူခ်န္းယြဲ႕သည္ အျမဴေတကို အစြဲထားေနတာ မဟုတ္ေသာ္လည္း သူ႕ထံမွ ခိုးသြားျခင္းကို ခြင့္မလႊတ္နိုင္တာ ျဖစ္သည္။ လ်န္လ်န္ကို ခ်ီသာမထားလွ်င္ မိုးႀကိဳးမ်ားျဖင့္ ဆက္တိုက္ကို ပစ္ခ်ေနၿပီးလိုက္ၿပီ။ သို႔ေသာ္လည္း ဒီကိစၥႏွစ္ခုကို ေရာမပစ္ေပ။ လ်န္လ်န္ကို ကယ္ေပးလို႔ ေက်းဇူးတင္မွာ မွန္ေသာ္လည္း သူ႕ဆီက ခိုးသြားသည့္အတြက္ကေတာ့ ျပန္ေပးဆပ္ရမွာပင္။
"လ်န္လ်န္ကို ျပန္ေပးရင္ သူလိုခ်င္တာကို ငါျပန္ေပးနိုင္တယ္။ ဒါပင္မယ့္ ခိုးသြားတာကေတာ့ ေနာက္ကိစၥတစ္ခုသပ္သပ္ပဲ!"
Advertisement
ဝူခ်န္းယြဲ႕က ေအးစက္စြာ ေျပာသည္။
"ခ်န္းယြဲ႕ ခနေလး!"
ေရွာင္ယြင့္လုံက ေျပာသည္။
"သူေျပာတာမွန္တယ္လို႔ ငါထင္တယ္။ မင္းအခု စိတ္ေအးေအးထားဖို႔ လိုတယ္။ အစတုန္းက လ်န္လ်န္ကို ထူးဆန္းတဲ့ အဆင့္၆ဇြန္ဘီက တကယ္ေခၚသြားခဲ့တာ။ ဇြန္ဘီက လ်န္လ်န္ကို ဘာျဖစ္လို႔ ဘာမွမလုပ္တာလည္း ငါမသိပင္မယ့္ အခ်ိန္မွီကယ္ေပးနိုင္တာပဲ တကယ္ေတာ္ေသးတယ္။ ဒီအမ်ိဳးသမီးက ငါတို႔ကို ကူညီထားတာ"
'ဘုရားမတာပဲ!!!'
ေရွာင္ယြင့္လုံသည္ စိတ္ထဲတြင္ ေျပာေနမိသည္။ သူ႕ေခါင္းကိုင္သမီးေလးကို သူမေစာင့္ေရွာက္နိုင္သျဖင့္ တသက္လုံးအျပစ္ရွိစိတ္ႀကီး က်န္ခဲ့ေတာ့မည္ဟု ထင္ထားေသာ္လည္း လ်န္လ်န္က အကယ္ခံလိုက္ရေသးသျဖင့္ တကယ့္ကိုေတာ္ေသးသည္။ ဘာပဲျဖစ္ျဖစ္ ဒီလ်ိဳ႕ဝွက္သည့္ အမ်ိဳးသမီးက ကယ္ေပးသည္က အမွန္ပင္။
ဝူခ်န္းယြဲ႕သည္ သူ႕ကိုေအးစက္သည့္ အၾကည့္တစ္ခ်က္ျဖင့္ ၾကည့္ကာ တိတ္သြားသည္။
ထိုအခ်ိန္တြင္ လင္းခ်င္းသည္ သက္ျပင္းခ်ကာ ထိုင္လိုက္ၿပီး ဝူယြဲ႕လ်န္ကို ေအာက္သို႔ခ်ေပးလိုက္သည္။ ထို႔ေနာက္ ဝူခ်န္းယြဲ႕ဘက္သို႔ လက္ညိုးထိုးျပလိုက္သည္။
ဝူယြဲ႕လ်န္သည္ သူ႕အေဖဆီသို႔ သူမကို ျပန္ခိုင္းေနသည္ကို သိေသာ္လည္း မသြားခင္ လင္းခ်င္း၏အက်ီစကိုဆြဲထားသည္။ လင္းခ်င္းက သူမကို အားကိုးေနသည္ထင္၍ အံ့ၾသသြားကာ သူမ၏လက္ကိုကိုင္လိုက္သည္ႏွင့္ သူမ၏အေတြးကို ၾကားလိုက္ရသည္။
'ႏြယ္ေလးနဲ႕ လာကစားခ်င္ေသးတယ္'
'ဪ. . . ငါ့ေၾကာင့္မဟုတ္ဘူးလား? ႏြယ္ေလးတဲ့လား! နင္တို႔ႏွစ္ေယာက္က အေတာ္တည့္သြားၾကတဲ့ပုံပဲ'
လင္းခ်င္းက ေတြးမိသည္။
"လ်န္လ်န္ ေဖေဖ့ဆီလာ!"
သူ႕သမီးေလး၏အျပဳအမႈေၾကာင့္ ဝူခ်န္းယြဲ႕သည္ ရင္ဘတ္ေအာင့္သြားသည္။ ႐ုတ္တရက္ သူ႕သမီးေလးက သူ႕ကိုတသက္လုံးခြဲသြားေတာ့မလို ခံစားလိုက္ရသည္။
သူ႕အေဖအသံၾကားမွ ဝူယြဲ႕လ်န္သည္ ေလွ်ာက္လာသည္။ သို႔ေသာ္လည္း လင္းခ်င္းကို လွည့္ၾကည့္ေနေသးသည္။ အရင္တစ္ခါကလို ယုန္သည္ သူမလက္ထဲမွဆင္းသြားကာ လင္းခ်င္းဆီသို႔ ျပန္ေျပးသြားသည္။ ထိုအခါ ဝူယြဲ႕လ်န္သည္ ဘာလုပ္ရမလဲ မသိေတာ့ေပ။
ဝူယြဲ႕လ်န္သည္ သူ႕အေဖႏွင့္ ႏွစ္လွမ္းေလာက္အကြာတြင္ ရပ္ေနသည့္အခါ ဝူခ်န္းယြဲ႕သည္ အနည္းငယ္စိတ္ပူကာ သူ႕သမီးကို အျမန္ေကာက္ခ်ီလိုက္သည္။ ထို႔ေနာက္ လင္းခ်င္းအား လက္ေမာင္းလုံးေလာက္ရွိသည့္ မိုးႀကိဳးျဖင့္ ခ်က္ခ်င္းပစ္ခ်သည္။
လင္းခ်င္းသည္ စိတ္ထဲတြင္ ဆဲလိုက္ၿပီး ခ်က္ခ်င္းေနာက္သို႔ ခုန္ေရွာင္လိုက္ရသည္။ ထိုအခ်ိန္တြင္ ဝူခ်န္းယြဲ႕က လင္းလင္းအား ေရွာင္ယြင့္လုံကို ခ်ီထားခိုင္းလိုက္သည္။ ေရွာင္ယြင့္လုံအပါအဝင္ လူတိုင္းကေတာ့ ဝူခ်န္းယြဲ႕ကို ေၾကာင္အစြာ ၾကည့္ကုန္သည္။
'ဘာ? ဘာျဖစ္လို႔ သတိေတာင္မေပးဘဲ တိုက္တာလဲ? ဒါက . . .မိုးႀကိဳးနဲ႕ ပစ္ခံရတဲ့သူအတြက္ ေတာ္ေတာ္မေကာင္းတာပဲ!'
သို႔ေသာ္လည္း သူတို႔သည္ လင္းခ်င္းက သူ႕ဇြန္ဘီအျမဳေတကို ခိုးသြားသည္က မေကာင္းေၾကာင္းကို သတိရသြားသည္။
ဝူခ်န္းယြဲ႕က လ်န္လ်န္ကို ျပန္ခ်ီဖို႔ လုပ္စဥ္တြင္ သူ႕သမီးသည္ မ်က္ရည္မ်ားဝိုင္းေနကာ သူ႕အားေဒါသတႀကီး စိုက္ၾကည့္ေနျခင္ကို မေမွ်ာ္လင့္စြာ ျမင္လိုက္ရသည္။
'ဘာျဖစ္လို႔ အစ္မႀကီးဇြန္ဘီကို ခ်တာလဲ! ထပ္ၿပီးေတာ့ အစ္မႀကီးဇြန္ဘီကို ခ်ျပန္ၿပီ!!!'
ဝူခ်န္းယြဲ႕သည္ သူ႕သမီး၏စိတ္ကို မဖတ္နိုင္ေသာ္လည္း သူ႕သမီးမွာ ထူးဆန္းသည့္ ဒီအမ်ိဳးသမီးကို သူတိုက္လိုက္၍ စိတ္မေကာင္းျဖစ္သြားမွန္းကိုေတာ့ သူနားလည္ေသးသည္။
'ဘာျဖစ္လို႔ သူ႕ဘက္က ေနတာလဲ? ရက္နည္းနည္းေလာက္နဲ႕ ငါ့သမီးကို ဘယ္လိုမွိုင္းသြင္းလိုက္တာလဲ!'
Advertisement
- In Serial18 Chapters
Spirit Exorcists
When Mark's troubled friend, Ruby, takes her own life, a grieving Mark heads to her suicide spot to pay his respects. In a strange twist of fate, he is attacked by a powerful spirit that reveals itself to be Ruby. Shen, an exorcist from the Spiritual Anomalies Investigation Bureau, an organisation dedicated to investigating the supernatural, arrives on the scene and attempts to save Mark but complications result in Ruby's spirit binding with Mark. Now, under the guidance of the Spiritual Anomalies Investigation Bureau, Mark has to learn how to use the powers of Ruby's spirit bound to him to exorcise other spirits while revisiting Ruby's troubled past in order to unbind Ruby's spirit and allow her to pass properly into the afterlife.
8 116 - In Serial11 Chapters
Realm of the Stars Volume III: War for the Crown
The concluding volume of a space opera trilogy inspired by the Arthurian mythos, sequel to The Endangered Crown War has come to the Dozen Stars. The interstellar kingdom is threatened on all sides, from the mighty legions of an ancient empire determined to take back what its ruler sees as rightfully his to the brutal barbarian raiders invading from the galactic rim. Caught between these dire threats, the Dozen Stars seems doomed to fall. Artakane ast Carann has secured her throne from interal threats, but can she hold her nation together in the face of such powerful external threats? Now she, her companions Latharna and Pakorus, and the entire Dozen Stars will be put to the ultimate test. As battles rages, alliances are forged, and secrets are revealed, Arta must unravel the true secret of her enemies' horrifying power before it is too late. If she succeeds, she will save her people and win such glory as few in the galaxy have ever known. If she fails, then all humanity may find itself crushed beneath the boots of empire. The final struggle has begun... Updates Monday and Friday
8 145 - In Serial22 Chapters
Rise of Anubis - LitRPG Fantasy(DROPPED)
Rex Silverthorn was just one man... Albeit a famous human-cyborg martial artist and merc. A soldier mercenary for the biggest power, United Merchants of the West, with business comes greed and more business. When the bombs dropped entire continents were remolded and the need for soldiers rose drastically. One of the most famous battles called "The Graveyard" in the future.. and Rex's final battle or so he thought. "Space Fluctuation Detected"... "Time Distortion detected"... "Entity Detected"...
8 142 - In Serial200 Chapters
DADDIES | pt. 1
"I LIKE TO READ EXCITING THRILLERS AND THOSE KINKY MAGAZINES." -J.B FINISHED: July 21st 2017-September 22nd 2017
8 191 - In Serial32 Chapters
Her and I (Kyouka Jirou x Fem Reader)
Kyouka Jirou x reader (complete and under editing)This story takes place in 1A's (now 2A)'s second year at UA when (y/n) transfers into their class after being saved from a traumatic past, and she meets someone who changes everythingDisclaimer: I do not own My Hero Academia or any of their characters. I also do not own the art on the cover or at the beginning of chapters.
8 175 - In Serial34 Chapters
Tbh X Laff
I don't know really I don't know~Cover updated by Minecraft Lettuce~
8 156

