《၂။ ဗျူဟာခင်းတဲ့ အစ်မကြီးဇွန်ဘီ (Myanmar Translation)》236
Advertisement
၂၃၆။ နင်သေတဲ့နေရာ
"အား အာ ယာ ယာ ယာ အာ ယာ ယာ"
'ကျွင်းကျွင်း စကားပြောနိုင်တယ်လား? မြန်လိုက်တာ! ညီမလေးလည်း ပြောချင်တယ်'
လျူကျွင်းက စကားပြောနိုင်သည်ကို သိသွားသည်နှင့် ချူးလီလီသည်လည်း စိတ်လှုပ်ရှားကာ လင်းချင်းကို အော်ပြောသည်။
လင်းချင်းက ပြုံး၍
"နွယ်လေးကို အရင်မေးဖို့လိုတယ်။ သူ့စွမ်းအားတွေ ကုန်ပြီလား ငါမသိဘူး"
"ခေါင်းဆောင် နယ်မြေကို အခုတလော ကြည့်ဖြစ်သေးလား?"
လျူကျွင်းကာ စပ်စုစွာ မေးသည်။
"အရင်က နေရာလွတ်အစွမ်းရှိတယ်ဆိုတာ မကြားမိပါဘူး။ ပြီးတော့ ရေကန်ထဲကဟာက ဘာလဲ?"
လင်းချင်းသည် ကျွင်းကျွင်းက သူမကို ခေါင်းဆောင်ဟု ခေါ်နေသည်ကို ကြားရသည်မှာ ထူးဆန်းနေသဖြင့်
"အာ ငါ့ကိုဒီလိုမခေါ်ပါနဲ့။ တခြားသူတွေကြားရင် ထူးဆန်းနေလိမ့်မယ်"
ကျွင်းကျွင်းသည် ခနတွေးပြီးနောက် မေးသည်။
"ဟင်? ဒါဆိုရင် ဘယ်လိုခေါ်ရမလဲ? နာမည်ကိုခေါ်ရင်လည်း ထူးဆန်းနေမှာပဲ"
သူတို့စကားများကြောင့် နားရှုပ်နေသည့် ချူးလီလီသည် သူတို့ကို တအံ့သြကြည့်ကာ မေးသည်။
"အာ ယာ ယာ ယေး?"
'ဘာတွေပြောနေကြတာလဲ?'
"ကျွင်းကျွင်းက ကိစ္စတော်တော်များများကို ပြန်မှတ်မိပြီ။ နင့်ကိုအခုရှင်းပြလို့ မရသေးပင်မယ့် နောက်သိလာမှာပါ"
လင်းချင်းက ပြောသည်။ ထို့နောက် လင်းချင်းသည် မေးကိုလက်ဖြင့်ထိ၍ တွေးကာ
"ငါ့ကို ကပ္ပတိန်လို့ အခုကစပြီး ခေါ်လို့ရတယ်။ ဒီဇွန်ဘီအုပ်ကို ငါကခေါင်းဆောင်နေသလိုမျိုးပဲဟာ"
လျူကျွင်းသည် သဘောတူညီစွာ ခေါင်းငြိမ့်ပြီး
"ဟုတ်သားပဲ။ ဒါဆိုရင် ကပ္ပတိန်လို့ပဲ ခေါ်တော့မယ်"
"အာ ယာ ယာ ယေး?"
ချူးလီလီသည် လင်းချင်းကို ကြည့်ကာ မေးသည်။
'ဘာဖြစ်လို့ မကြီးကမှ ကပ္ပတိန်လဲ?'
လင်းချင်းသည် သူမကို အဓိပ္ပါယ်ရှိစွာကြည့်ကာ ပြောသည်။
"ကပ္ပတိန်လုပ်ချင်လို့လား? ငါတို့ပြဿနာတိုင်းကို နင်ဖြေရှင်းပေးရမှာနော်။ အဆင်ပြေလို့လား?"
ထိုအခါ ချူးလီလီသည် ခနတွေးပြီး မျက်မှောင်ကျုံ့ကာ ခေါင်းခါသည်။ သူမသည် အများကြီးကို မသိသလို သူမ၏အစွမ်းသည်လည်း ကန့်သတ်ချက်ရှိသည်။ ပြဿနာများအတွက် သူမတွင် အဖြေမရှိပေ။ သူမသည် များသောအားဖြင့် တစ်ယောက်တည်း ပျောက်နေလေ့ရှိသောကြောင့် လင်းချင်းသည် သူမက အဖွဲ့ကိုခေါင်းဆောင်ဖို့ ပျင်းမည့်အကြောင်းကို ကြိုသိနှင့်သည်။
"နွယ်လေးကို တခြားဇွန်ဘီတွေကို ကုလို့ရမလား ငါသွားမေးလိုက်ဦးမယ်။ နင်ဒီမှာ ခနစောင့်"
လင်းချင်းသည် နယ်မြေထဲသို့ ဝင်သွားသည်။ ကန်ဘေးတွင်ရပ်ကာ အော်သည်။
"နွယ်လေး ထွက်ခဲ့"
ရေမျက်နှာပြင်ထက်သို့ နွယ်များသည် တက်လာကာ သူမဆီသို့ရောက်လာသည်။ လင်းချင်းသည် ထိုင်ချလိုက်ကာ လက်လှမ်းပေးလိုက်သည်နှင့် သူမ၏လက်ကို နွယ်ကရစ်ပတ်လာသည်။
"နွယ်လေး နင့်စွမ်းအားတွေ အကုန်သုံးလိုက်ပြီလား? တခြားတစ်ယောက်ကို ကုပေးနိုင်သေးလား?"
'အင်း. . .ဒါကတော့ ကုသဖို့လိုတဲ့ အစွမ်းပေါ်မူတည်လိမ့်မယ်။ ခုနက အမျိုးသမီးက သူ့ခေါင်းထဲက အစွမ်းတွေဖြစ်လာဖို့ရော မှတ်ဉာဏ်တွေ ပြန်ရဖို့ရော လုပ်လိုက်ရတော့ အတော်ကုန်သွားပြီ။ နွယ်လေးမှာ အခုကုဖို့ သိပ်မကျန်တော့ဘူး'
လင်းချင်းသည်လည်း ဒီလိုတွေးမိသည်ဖြစ်သောကြောင့်
"ဟုတ်ပြီ။ နင့်စွမ်းအားတွေ အကုန်သုံးလိုက်မိရင် နင်အဆင်ပြေပါ့မလား?"
နွယ်များသည် ရေပေါ်တွင် လူးလှိမ့်ကာ
'ဟီး ဟီး ဟီး ဟီး နွယ်လေးက ရပါတယ်။ နွယ်လေးက အဲ့ဒီစွမ်းအားတွေ မလိုဘူးရယ်'
လင်းချင်းသည် ရုတ်တရက်တစ်ခုကို သတိရသွားသဖြင့် မေးသည်။
"နွယ်လေး နင်ကျွင်းကျွင်းရဲ့ မှတ်ဉာဏ်တွေကို ဘယ်လိုပြန်ဖော်ပေးလိုက်တာလဲ? ငါလည်း အတိတ်မေ့နေတယ်လို့ နင်ထင်လား?"
သူမမေးသည်နှင့် နွယ်လေးသည် တန်းဖြေသည်။
'ဟုတ်တယ် ဟုတ်တယ် မေမေက အတိတ်မေ့နေတာ။ မေမေ မသိဘူးလား? နွယ်လေးက ပြန်ဖော်ပေးလို့ မရဘူး'
"ဘယ်လိုလုပ်သိတာလဲ?"
လင်းချင်းက မေးသည်။
'နွယ်လေးလည်း မသိပင်မယ့် မေ့မေ့ဦးနှောက်ရဲ့ တချို့အပိုင်းတွေကို တစ်ခုခုက ဖုံးထားတာ။ နွယ်လေးလည်း မဖြည်ပေးတက်ဘူး'
နွယ်လေးက နားမလည်စွာ ဖြေသည်။
"ငါ့ဦးနှောက်အပိုင်းက ဖုံးခံထားရတယ်? ဘာနဲ့လဲ? ဒါကြောင့် လွန်ခဲ့တဲ့ ငါးနှစ်က အကြောင်းအရာတွေကို မမှတ်မိတာလား? ကိုယ်ကလည်း မတူတော့တဲ့ အခြေအနေကြောင့် ဒီလိုဖြစ်နေတာလား?"
လင်းချင်းက မေးသည်။
"အဲ့ဒီနေရာကို ဖြည်ပြီးရင် မှတ်ဉာဏ်တွေ ပြန်ရမှာလား?"
'ဒီလိုပဲထင်ပင်မယ့် မသေချာဘူး။ မေမေက နည်းတစ်ခုခုရှာပြီး စမ်းကြည့်ဖို့ လိုမယ်'
နွယ်လေးသည် သူ့နွယ်ထိပ်က သစ်ရွက်လေးများကို လှုပ်ခါရင်း ပြောသည်။
လင်းချင်းသည် မေးထောက်ကာ တွေးကြည့်ရင်း
"ဘယ်လိုကြိုးစားသင့်လဲ? နင်တောင်မှ ငါ့မှတ်ဉာဏ်ကို ပြန်ဖော်မပေးနိုင်တာ"
နွယ်လေးသည်လည်း ဒါကိုတွေးနေပုံရသော်လည်း အဖြေတော့မရှိပေ။
'မေမေ တခြားတစ်ယောက်ကို မေးကြည့်ပါလား?'
လင်းချင်းသည် သက်ပြင်းချကာ ခေါင်းငြိမ့်လိုက်ပြီး
"ဟုတ်ပါပြီ ကျေးဇူးတင်ပါတယ်နော် နွယ်လေး"
'မေမေ နွယ်လေးကို ကျေးဇူးတင်တာမျိုး မပြောပါနဲ့လား။ သူစိမ်းတွေကျလို့'
Advertisement
နွယ်လေးသည် မကျေမနပ်ဖြင့် ပြောသည်။
လင်းချင်းက ခေါင်းငြိမ့်ကာ
"ဟုတ်ပါပြီ။ ဟုတ်ပါပြီ။ ဒါဆိုရင် တခြားသူတွေကို သူတို့ကူညီနိုင်မလား ငါသွားမေးလိုက်ဦးမယ်"
'ဟုတ်ကဲ့'
လင်းချင်းသည် အခန်းထဲသို့ ပြန်ရောက်လာသည်။
"ဘယ်လိုလဲ?"
လျူကျွင်းက သူမကိုလှည့်ကြည့်မေးသည်။ ချူးလီလီက လင်းချင်းအနားသို့ ရောက်လာကာ မျှော်လင့်တကြီးကြည့်သည်။
လင်းချင်းက ချူးလီလီကို အကူအညီမဲ့စွာကြည့်ကာ
'မရဘူး။ နွယ်လေးက စွမ်းအားတွေ မလောက်ဘူးတဲ့။ ငါတို့နောက်တစ်ခေါက်စောင့်ရမှာပဲ။ စိတ်ရှည်ရမှာပေါ့'
ချူးလီလီသည် နှုတ်ခမ်းဆူ၍ စိတ်ပျက်သွားကာ
"အာ ယာ"
'အင်းပါ'
လင်းချင်းသည် သူတို့နှစ်ယောက်ကို လက်ညိုးကွေးပြ၍ ခေါ်ကာ
"ဒီကိုလာဦး။ နွယ်လေးက ငါ့ဦးနှောက်ကို တစ်ခုခုက ဖုံးထားတယ်ပြောတယ်။ ဒါကြောင့် ငါအတိတ်မေ့နေတာ ဖြစ်မယ်။ ဒါကိုပြန်ဖော်လို့ရမယ့်နည်းမျိုး တွေးမိကြလား?"
လျူကျွင်းသည် သူမကို အံ့သြစွာကြည့်ကာ
"ခေါင်းကလား? လုထန်ယုရဲ့ခေါင်းလား? နင့်ဝိဉာဉ်ရဲ့ ခေါင်းလား?"
"သေချာမသိဘူး"
လင်းချင်းသည် စိတ်ရှုပ်စွာဖြင့် ခေါင်းခါပြသည်။
"ပြီးတော့ အစွမ်းရော။ မီးအစွမ်းရှိတာကို ဘယ်လိုလုပ် မြူခိုးဖြစ်သွားတာလဲ?"
လျူကျွင်းက ထပ်မေးသည်။
သူမ၏အစွမ်းကို ပြောသည့်အခါ လင်းချင်းသည် သိချင်သွားသည်။ သူမသည် အရင်တုန်းက အဆိပ်ပါသည့် အနက်ရောင်မီးကို ထုတ်နိုင်သည်ဟု ကြားဖူးသည်။ ထို့ကြောင့် မေးလိုက်သည်။
"ငါ့အရင်အစွမ်းဟောင်းကို ပြောပြပါလား?"
လျူကျွင်းသည် လက်တစ်ဖက်ကိုပိုက်ကာ နောက်တစ်ဖက်ကို မေးကိုထိရင်း
"အရင်အစွမ်းက အနက်ရောင်မီး။ အဲ့ဒါကြောင့် လူတွေက ငရဲမီးလို့ ခေါ်ကြတာ။ မီးက အကုန်လုံးကို အရည်ဖျော်ပစ်နိုင်တယ်။ မီးကိုထုတ်လိုက်တာနဲ့ သုံးမီတာပတ်လည်က အကုန်လုံးက ပျောက်ကုန်တာ။ အဆင့်၇ငါးယောက်နဲ့ ယှဉ်တိုက်ရတာ မဟုတ်ရင် ဘယ်လိုလုပ်ပြီးတော့ ရှုံးမှာလဲ?"
လင်းချင်းသည် သူမပြောသည့်မီးကို တွေးမိသဖြင့် တစ်ခုခုပျောက်နေသလို ခံစားရသည်။
"နင်က အရမ်းအစွမ်းထက်တာကို သံသယမဝင်နဲ့"
လျူကျွင်းက ဆက်ပြောသည်။
"အဲ့ဒီနေရာကို သွားကြည့်လိုက်ရင် နင်တစ်ခုခုကို မှတ်မိရင်မှတ်မိလောက်မယ်"
"ဘယ်နေရာလဲ?"
လင်းချင်းက မေးသည်။
"သေတဲ့နေရာ"
လျူကျွင်းက ပြောသည်။
'ဘယ်နေရာမှာ ငါသေတာလဲ? ငါဘယ်လိုသေလဲတောင် ငါမှမမှတ်မိတာ။ မှတ်ဉာဏ်တွေကလည်း ကမ္ဘာမပျက်ခင်ညက ဖျားနေတဲ့အထိပဲ ရှိတာကို။ ဒါပင်မယ့် လျူကျွင်းပြောတဲ့နေရာမှာ ငါကအဆင့်၇ငါးယောက်နဲ့ တိုက်ပြီးတော့ သေသွားပုံရတယ်။ လူအများကြီးလည်း ဒီနေရာကို သိတာမဟုတ်ပင်မယ့် ဘယ်နေရာလဲသိအောင် ငါလုပ်ဖို့လိုနေပြီ'
သူမသည် ခေါင်းငြိမ့်ကာ ဖြေသည်။
"ငါလည်း ဒါကိုသိအောင်လုပ်ဖို့ပဲ။ အစက ဒါမျိုးတွေးမိပင်မယ့် မသေချာသေးတာ။ အခုတော့ နင်ပြောလိုက်မှ ပိုသေချာသွားပြီ"
လျူကျွင်းက ခေါင်းငြိမ့်သည်။
"ဟုတ်ပြီ"
လင်းချင်းက
"ငါတို့က အိပ်ဖို့မလိုပင်မယ့်လည်း နားဖို့လိုမယ် ထင်တယ်။ နက်ဖြန်ကျရင် ပြောင်းဖို့ကိစ္စ ငါပြောရဦးမယ်"
Zawgyi Ver
၂၃၆။ နင္ေသတဲ့ေနရာ
"အား အာ ယာ ယာ ယာ အာ ယာ ယာ"
'ကြၽင္းကြၽင္း စကားေျပာနိုင္တယ္လား? ျမန္လိုက္တာ! ညီမေလးလည္း ေျပာခ်င္တယ္'
လ်ဴကြၽင္းက စကားေျပာနိုင္သည္ကို သိသြားသည္ႏွင့္ ခ်ဴးလီလီသည္လည္း စိတ္လႈပ္ရွားကာ လင္းခ်င္းကို ေအာ္ေျပာသည္။
လင္းခ်င္းက ၿပဳံး၍
"ႏြယ္ေလးကို အရင္ေမးဖို႔လိုတယ္။ သူ႕စြမ္းအားေတြ ကုန္ၿပီလား ငါမသိဘူး"
"ေခါင္းေဆာင္ နယ္ေျမကို အခုတေလာ ၾကည့္ျဖစ္ေသးလား?"
လ်ဴကြၽင္းကာ စပ္စုစြာ ေမးသည္။
"အရင္က ေနရာလြတ္အစြမ္းရွိတယ္ဆိုတာ မၾကားမိပါဘူး။ ၿပီးေတာ့ ေရကန္ထဲကဟာက ဘာလဲ?"
လင္းခ်င္းသည္ ကြၽင္းကြၽင္းက သူမကို ေခါင္းေဆာင္ဟု ေခၚေနသည္ကို ၾကားရသည္မွာ ထူးဆန္းေနသျဖင့္
"အာ ငါ့ကိုဒီလိုမေခၚပါနဲ႕။ တျခားသူေတြၾကားရင္ ထူးဆန္းေနလိမ့္မယ္"
ကြၽင္းကြၽင္းသည္ ခနေတြးၿပီးေနာက္ ေမးသည္။
"ဟင္? ဒါဆိုရင္ ဘယ္လိုေခၚရမလဲ? နာမည္ကိုေခၚရင္လည္း ထူးဆန္းေနမွာပဲ"
သူတို႔စကားမ်ားေၾကာင့္ နားရႈပ္ေနသည့္ ခ်ဴးလီလီသည္ သူတို႔ကို တအံ့ၾသၾကည့္ကာ ေမးသည္။
"အာ ယာ ယာ ေယး?"
'ဘာေတြေျပာေနၾကတာလဲ?'
"ကြၽင္းကြၽင္းက ကိစၥေတာ္ေတာ္မ်ားမ်ားကို ျပန္မွတ္မိၿပီ။ နင့္ကိုအခုရွင္းျပလို႔ မရေသးပင္မယ့္ ေနာက္သိလာမွာပါ"
လင္းခ်င္းက ေျပာသည္။ ထို႔ေနာက္ လင္းခ်င္းသည္ ေမးကိုလက္ျဖင့္ထိ၍ ေတြးကာ
"ငါ့ကို ကပၸတိန္လို႔ အခုကစၿပီး ေခၚလို႔ရတယ္။ ဒီဇြန္ဘီအုပ္ကို ငါကေခါင္းေဆာင္ေနသလိုမ်ိဳးပဲဟာ"
လ်ဴကြၽင္းသည္ သေဘာတူညီစြာ ေခါင္းၿငိမ့္ၿပီး
"ဟုတ္သားပဲ။ ဒါဆိုရင္ ကပၸတိန္လို႔ပဲ ေခၚေတာ့မယ္"
"အာ ယာ ယာ ေယး?"
ခ်ဴးလီလီသည္ လင္းခ်င္းကို ၾကည့္ကာ ေမးသည္။
'ဘာျဖစ္လို႔ မႀကီးကမွ ကပၸတိန္လဲ?'
လင္းခ်င္းသည္ သူမကို အဓိပၸါယ္ရွိစြာၾကည့္ကာ ေျပာသည္။
"ကပၸတိန္လုပ္ခ်င္လို႔လား? ငါတို႔ျပႆနာတိုင္းကို နင္ေျဖရွင္းေပးရမွာေနာ္။ အဆင္ေျပလို႔လား?"
ထိုအခါ ခ်ဴးလီလီသည္ ခနေတြးၿပီး မ်က္ေမွာင္က်ဳံ႕ကာ ေခါင္းခါသည္။ သူမသည္ အမ်ားႀကီးကို မသိသလို သူမ၏အစြမ္းသည္လည္း ကန့္သတ္ခ်က္ရွိသည္။ ျပႆနာမ်ားအတြက္ သူမတြင္ အေျဖမရွိေပ။ သူမသည္ မ်ားေသာအားျဖင့္ တစ္ေယာက္တည္း ေပ်ာက္ေနေလ့ရွိေသာေၾကာင့္ လင္းခ်င္းသည္ သူမက အဖြဲ႕ကိုေခါင္းေဆာင္ဖို႔ ပ်င္းမည့္အေၾကာင္းကို ႀကိဳသိႏွင့္သည္။
Advertisement
"ႏြယ္ေလးကို တျခားဇြန္ဘီေတြကို ကုလို႔ရမလား ငါသြားေမးလိုက္ဦးမယ္။ နင္ဒီမွာ ခနေစာင့္"
လင္းခ်င္းသည္ နယ္ေျမထဲသို႔ ဝင္သြားသည္။ ကန္ေဘးတြင္ရပ္ကာ ေအာ္သည္။
"ႏြယ္ေလး ထြက္ခဲ့"
ေရမ်က္ႏွာျပင္ထက္သို႔ ႏြယ္မ်ားသည္ တက္လာကာ သူမဆီသို႔ေရာက္လာသည္။ လင္းခ်င္းသည္ ထိုင္ခ်လိဳက္ကာ လက္လွမ္းေပးလိုက္သည္ႏွင့္ သူမ၏လက္ကို ႏြယ္ကရစ္ပတ္လာသည္။
"ႏြယ္ေလး နင့္စြမ္းအားေတြ အကုန္သုံးလိုက္ၿပီလား? တျခားတစ္ေယာက္ကို ကုေပးနိုင္ေသးလား?"
'အင္း. . .ဒါကေတာ့ ကုသဖို႔လိုတဲ့ အစြမ္းေပၚမူတည္လိမ့္မယ္။ ခုနက အမ်ိဳးသမီးက သူ႕ေခါင္းထဲက အစြမ္းေတြျဖစ္လာဖို႔ေရာ မွတ္ဉာဏ္ေတြ ျပန္ရဖို႔ေရာ လုပ္လိုက္ရေတာ့ အေတာ္ကုန္သြားၿပီ။ ႏြယ္ေလးမွာ အခုကုဖို႔ သိပ္မက်န္ေတာ့ဘူး'
လင္းခ်င္းသည္လည္း ဒီလိုေတြးမိသည္ျဖစ္ေသာေၾကာင့္
"ဟုတ္ၿပီ။ နင့္စြမ္းအားေတြ အကုန္သုံးလိုက္မိရင္ နင္အဆင္ေျပပါ့မလား?"
ႏြယ္မ်ားသည္ ေရေပၚတြင္ လူးလွိမ့္ကာ
'ဟီး ဟီး ဟီး ဟီး ႏြယ္ေလးက ရပါတယ္။ ႏြယ္ေလးက အဲ့ဒီစြမ္းအားေတြ မလိုဘူးရယ္'
လင္းခ်င္းသည္ ႐ုတ္တရက္တစ္ခုကို သတိရသြားသျဖင့္ ေမးသည္။
"ႏြယ္ေလး နင္ကြၽင္းကြၽင္းရဲ႕ မွတ္ဉာဏ္ေတြကို ဘယ္လိုျပန္ေဖာ္ေပးလိုက္တာလဲ? ငါလည္း အတိတ္ေမ့ေနတယ္လို႔ နင္ထင္လား?"
သူမေမးသည္ႏွင့္ ႏြယ္ေလးသည္ တန္းေျဖသည္။
'ဟုတ္တယ္ ဟုတ္တယ္ ေမေမက အတိတ္ေမ့ေနတာ။ ေမေမ မသိဘူးလား? ႏြယ္ေလးက ျပန္ေဖာ္ေပးလို႔ မရဘူး'
"ဘယ္လိုလုပ္သိတာလဲ?"
လင္းခ်င္းက ေမးသည္။
'ႏြယ္ေလးလည္း မသိပင္မယ့္ ေမ့ေမ့ဦးေႏွာက္ရဲ႕ တခ်ိဳ႕အပိုင္းေတြကို တစ္ခုခုက ဖုံးထားတာ။ ႏြယ္ေလးလည္း မျဖည္ေပးတက္ဘူး'
ႏြယ္ေလးက နားမလည္စြာ ေျဖသည္။
"ငါ့ဦးေႏွာက္အပိုင္းက ဖုံးခံထားရတယ္? ဘာနဲ႕လဲ? ဒါေၾကာင့္ လြန္ခဲ့တဲ့ ငါးႏွစ္က အေၾကာင္းအရာေတြကို မမွတ္မိတာလား? ကိုယ္ကလည္း မတူေတာ့တဲ့ အေျခအေနေၾကာင့္ ဒီလိုျဖစ္ေနတာလား?"
လင္းခ်င္းက ေမးသည္။
"အဲ့ဒီေနရာကို ျဖည္ၿပီးရင္ မွတ္ဉာဏ္ေတြ ျပန္ရမွာလား?"
'ဒီလိုပဲထင္ပင္မယ့္ မေသခ်ာဘူး။ ေမေမက နည္းတစ္ခုခုရွာၿပီး စမ္းၾကည့္ဖို႔ လိုမယ္'
ႏြယ္ေလးသည္ သူ႕ႏြယ္ထိပ္က သစ္႐ြက္ေလးမ်ားကို လႈပ္ခါရင္း ေျပာသည္။
လင္းခ်င္းသည္ ေမးေထာက္ကာ ေတြးၾကည့္ရင္း
"ဘယ္လိုႀကိဳးစားသင့္လဲ? နင္ေတာင္မွ ငါ့မွတ္ဉာဏ္ကို ျပန္ေဖာ္မေပးနိုင္တာ"
ႏြယ္ေလးသည္လည္း ဒါကိုေတြးေနပုံရေသာ္လည္း အေျဖေတာ့မရွိေပ။
'ေမေမ တျခားတစ္ေယာက္ကို ေမးၾကည့္ပါလား?'
လင္းခ်င္းသည္ သက္ျပင္းခ်ကာ ေခါင္းၿငိမ့္လိုက္ၿပီး
"ဟုတ္ပါၿပီ ေက်းဇူးတင္ပါတယ္ေနာ္ ႏြယ္ေလး"
'ေမေမ ႏြယ္ေလးကို ေက်းဇူးတင္တာမ်ိဳး မေျပာပါနဲ႕လား။ သူစိမ္းေတြက်လိဳ႕'
ႏြယ္ေလးသည္ မေက်မနပ္ျဖင့္ ေျပာသည္။
လင္းခ်င္းက ေခါင္းၿငိမ့္ကာ
"ဟုတ္ပါၿပီ။ ဟုတ္ပါၿပီ။ ဒါဆိုရင္ တျခားသူေတြကို သူတို႔ကူညီနိုင္မလား ငါသြားေမးလိုက္ဦးမယ္"
'ဟုတ္ကဲ့'
လင္းခ်င္းသည္ အခန္းထဲသို႔ ျပန္ေရာက္လာသည္။
"ဘယ္လိုလဲ?"
လ်ဴကြၽင္းက သူမကိုလွည့္ၾကည့္ေမးသည္။ ခ်ဴးလီလီက လင္းခ်င္းအနားသို႔ ေရာက္လာကာ ေမွ်ာ္လင့္တႀကီးၾကည့္သည္။
လင္းခ်င္းက ခ်ဴးလီလီကို အကူအညီမဲ့စြာၾကည့္ကာ
'မရဘူး။ ႏြယ္ေလးက စြမ္းအားေတြ မေလာက္ဘူးတဲ့။ ငါတို႔ေနာက္တစ္ေခါက္ေစာင့္ရမွာပဲ။ စိတ္ရွည္ရမွာေပါ့'
ခ်ဴးလီလီသည္ ႏႈတ္ခမ္းဆူ၍ စိတ္ပ်က္သြားကာ
"အာ ယာ"
'အင္းပါ'
လင္းခ်င္းသည္ သူတို႔ႏွစ္ေယာက္ကို လက္ညိုးေကြးျပ၍ ေခၚကာ
"ဒီကိုလာဦး။ ႏြယ္ေလးက ငါ့ဦးေႏွာက္ကို တစ္ခုခုက ဖုံးထားတယ္ေျပာတယ္။ ဒါေၾကာင့္ ငါအတိတ္ေမ့ေနတာ ျဖစ္မယ္။ ဒါကိုျပန္ေဖာ္လို႔ရမယ့္နည္းမ်ိဳး ေတြးမိၾကလား?"
လ်ဴကြၽင္းသည္ သူမကို အံ့ၾသစြာၾကည့္ကာ
"ေခါင္းကလား? လုထန္ယုရဲ႕ေခါင္းလား? နင့္ဝိဉာဥ္ရဲ႕ ေခါင္းလား?"
"ေသခ်ာမသိဘူး"
လင္းခ်င္းသည္ စိတ္ရႈပ္စြာျဖင့္ ေခါင္းခါျပသည္။
"ၿပီးေတာ့ အစြမ္းေရာ။ မီးအစြမ္းရွိတာကို ဘယ္လိုလုပ္ ျမဴခိုးျဖစ္သြားတာလဲ?"
လ်ဴကြၽင္းက ထပ္ေမးသည္။
သူမ၏အစြမ္းကို ေျပာသည့္အခါ လင္းခ်င္းသည္ သိခ်င္သြားသည္။ သူမသည္ အရင္တုန္းက အဆိပ္ပါသည့္ အနက္ေရာင္မီးကို ထုတ္နိုင္သည္ဟု ၾကားဖူးသည္။ ထို႔ေၾကာင့္ ေမးလိုက္သည္။
"ငါ့အရင္အစြမ္းေဟာင္းကို ေျပာျပပါလား?"
လ်ဴကြၽင္းသည္ လက္တစ္ဖက္ကိုပိုက္ကာ ေနာက္တစ္ဖက္ကို ေမးကိုထိရင္း
"အရင္အစြမ္းက အနက္ေရာင္မီး။ အဲ့ဒါေၾကာင့္ လူေတြက ငရဲမီးလို႔ ေခၚၾကတာ။ မီးက အကုန္လုံးကို အရည္ေဖ်ာ္ပစ္နိုင္တယ္။ မီးကိုထုတ္လိုက္တာနဲ႕ သုံးမီတာပတ္လည္က အကုန္လုံးက ေပ်ာက္ကုန္တာ။ အဆင့္၇ငါးေယာက္နဲ႕ ယွဥ္တိုက္ရတာ မဟုတ္ရင္ ဘယ္လိုလုပ္ၿပီးေတာ့ ရႈံးမွာလဲ?"
လင္းခ်င္းသည္ သူမေျပာသည့္မီးကို ေတြးမိသျဖင့္ တစ္ခုခုေပ်ာက္ေနသလို ခံစားရသည္။
"နင္က အရမ္းအစြမ္းထက္တာကို သံသယမဝင္နဲ႕"
လ်ဴကြၽင္းက ဆက္ေျပာသည္။
"အဲ့ဒီေနရာကို သြားၾကည့္လိုက္ရင္ နင္တစ္ခုခုကို မွတ္မိရင္မွတ္မိေလာက္မယ္"
"ဘယ္ေနရာလဲ?"
လင္းခ်င္းက ေမးသည္။
"ေသတဲ့ေနရာ"
လ်ဴကြၽင္းက ေျပာသည္။
'ဘယ္ေနရာမွာ ငါေသတာလဲ? ငါဘယ္လိုေသလဲေတာင္ ငါမွမမွတ္မိတာ။ မွတ္ဉာဏ္ေတြကလည္း ကမာၻမပ်က္ခင္ညက ဖ်ားေနတဲ့အထိပဲ ရွိတာကို။ ဒါပင္မယ့္ လ်ဴကြၽင္းေျပာတဲ့ေနရာမွာ ငါကအဆင့္၇ငါးေယာက္နဲ႕ တိုက္ၿပီးေတာ့ ေသသြားပုံရတယ္။ လူအမ်ားႀကီးလည္း ဒီေနရာကို သိတာမဟုတ္ပင္မယ့္ ဘယ္ေနရာလဲသိေအာင္ ငါလုပ္ဖို႔လိုေနၿပီ'
သူမသည္ ေခါင္းၿငိမ့္ကာ ေျဖသည္။
"ငါလည္း ဒါကိုသိေအာင္လုပ္ဖို႔ပဲ။ အစက ဒါမ်ိဳးေတြးမိပင္မယ့္ မေသခ်ာေသးတာ။ အခုေတာ့ နင္ေျပာလိုက္မွ ပိုေသခ်ာသြားၿပီ"
လ်ဴကြၽင္းက ေခါင္းၿငိမ့္သည္။
"ဟုတ္ၿပီ"
လင္းခ်င္းက
"ငါတို႔က အိပ္ဖို႔မလိုပင္မယ့္လည္း နားဖို႔လိုမယ္ ထင္တယ္။ နက္ျဖန္က်ရင္ ေျပာင္းဖို႔ကိစၥ ငါေျပာရဦးမယ္"
Advertisement
- In Serial7 Chapters
The Black Hand: A Pirate Deckbuilding LitRPG
Cast away onto a strange world, Clay Summers has a chance to live the life he's always wanted. A life of adventure; a life of magic. A life on the high seas.
8 143 - In Serial9 Chapters
Champions and Hunters: Two Worlds Collide
Just before the fall of Beacon, a whimsical little girl decides to barge in and spread chaos everywhere. A League of Legends x RWBY fanfic.
8 199 - In Serial43 Chapters
Ghostified City
‘Ghostified City’ is a post-dystopian sci-fi tale, set in a fading world that might be a future version of ours, running out on autopilot into oblivion. Adaman Yimmand is a simple robofactory operator in The City who's working with robots and machines every day. He doesn’t even realise that he might not have met another actual human being in years. Everything begins when he breaks his routine for once and enters a bar where he meets Evelith. This pesky other person does not let him go after he has had his -rather terrible- beer, because according to her actual humans are much rarer than he’s aware of. And from then on ‘the genie is out of the bottle and won’t get back in’, to use her words: Adaman meets more people, and gradually he has no choice but to accept that the reality of The City is not what he always thought it was, and to face the darkness of a fading humanity on the brink of self-inflicted extinction.Is there any hope left for him, and for his species? I have selected 'sexual content' and 'traumatising content' to be on the safe side, because there is a stripclub-like venue in the background of the story, and an almost-extinct humanity that has institutionalised suicide which might be disturbing to some. Apart from that it's not really a heavy 'adult' story.('Ghostified City' is my first long story in English as opposed to my native language Dutch, and an earlier version was published on my fiction blog 'Oranderra' until I stopped updating. This is a slightly altered version of the first series.)
8 127 - In Serial6 Chapters
Rogue Prince
Synopsis 500 years ago under threat of invasion, mankind united under a single man. King Ursus. For 500 years, his blood has ruled as royals. Cloud Continent: home to humans, demons and even beasts. At 10, humans awaken their class and their struggle to climb the social hierarchy begins. Some more talented than others. Some more privileged than others. Ursus Dynasty 510: A legend is born. Note: will start off mostly as a comedy. Cover From: https://www.deviantart.com/havoc-87/art/Prince-of-Persia-Green-Eyes-298494850
8 139 - In Serial22 Chapters
In the Pursuit of Flowers
An amateur musician, Clint, accidentally summons the Aztec god of music. The god takes a liking to Clint and offers to make a pact with him. Clint accepts and what ensues causes issues with him and the members of his band.
8 86 - In Serial42 Chapters
haunting ❁ halsey
in which ashley frangipane is bullied by melanie martinez and has no idea why
8 262

