《၂။ ဗျူဟာခင်းတဲ့ အစ်မကြီးဇွန်ဘီ (Myanmar Translation)》242
Advertisement
၂၄၂။ ရေမသောက်နဲ့တော့
'မမလီလီလို့ခေါ်။ ဇွန်ဘီမလို့ သွားခေါ်မနေနဲ့'
လင်းချင်းက နွယ်လေးကို ပြောလိုက်သည်။
'ဟုတ်ကဲ့'
နွယ်လေးက ပြန်ဖြေသည်။
လင်းချင်းသည် ရေပုံးနှစ်ခုဘေးတွင်ရပ်ကာ မျက်လုံးကိုမှေးကျဉ်း၍ ရေထဲကစွမ်းအားကို ကြည့်လိုက်သည်။ ခနကြာသည့်အခါ ထိုစွမ်းအားများသည် ဇွန်ဘီများ၏ကိုယ်ထဲသို့ ဖြည်းဖြည်းချင်း စိမ့်ဝင်နေကြောင်းကို တွေ့လိုက်ရသည်။ ခနတွေးပြီးနောက် သူမသည် ခွက်တစ်ခုသွားရှာယူလိုက်သည်။ ကန်ထဲသို့ ခွက်ကိုရေသွားဖြည့်ကာ မျက်နှာသစ်နေသေးသည့် ဇွန်ဘီမဘေးသို့ ပြန်လာသည်။
"ရပြီ ရပြီ။ ရပ်လို့ရပြီ"
လင်းချင်းသည် သူမကိုပြောလိုက်သည်။ မျက်နှာတွင် ဖုန်များမရှိတော့သဖြင့် မျက်နှာပေါ်က အမာရွတ်များက ပိုထင်းလာသည်။ နဖူးတွင်အသားအချို့သည် မရှိတော့ကာ အရိုးများကို မြင်ရသည်။ သူမ၏မျက်လုံးသည် နက်နေအောင်ချိုင့်ကျနေကာ မျက်တွင်းနက်များသည်လည်း ပန်ဒါတစ်ကောင်လို အကြီးကြီးဖြစ်သည်။ လင်းချင်းသည် ဇွန်ဘီမျက်နှာကို သေချာကြည့်သည့်အခါ သူမ၏မျက်နှာသည် အနည်းငယ် နူးညံ့နေသေးကာ အတော်ငယ်သေးသည့်ပုံရသည်။ လင်းချင်းသည် သူမ၏မေးကိုပင့်ကိုင်ကာ ပါးကိုဆိတ်ကြည့်၍ ပါးစပ်ကို ဆွဲဖွင့်ကြည့်သည်။
"ဂါး"
ဇွန်ဘီမသည် အော်သော်လည်း လင်းချင်းအား နာခံစွာဖြင့် ပါးစပ်ဟပေးနေရသည်။ သူမ၏သွားစွယ်များ ပေါ်လာသည်နှင့် ဆိုးဝါးသည့်အနံ့တို့က ထွက်လာသည်။ လင်းချင်းသည် ခေါင်းကိုလှည့်လိုက်ရသည်။ အနံ့က အနည်းငယ်ဖျော့သွားမှ လင်းချင်းသည် သူမ၏ပါးစပ်ထဲသို့ ရေကိုလောင်းထည့်ပေးလိုက်သည်။
"ဂလု အ ဂလု"
အစတော့ ဇွန်ဘီမသည် ရေကိုမြိုချပုံရဘဲ လည်ချောင်းထဲတွင် ထိန်းထားသလို အသံထွက်လာသည်။ သို့သော်လည်း လင်းချင်းက သူမကို တစ်ခွက်လုံးကုန်အောင် တိုက်လိုက်သည်။ နောက်တစ်ခွက် သွားခပ်နေစဉ် ဇွန်ဘီမထံမှ ထူးခြားမှုတစ်ချို့ကို ထောက်လှမ်းမိသည်။
"ဝူး ဂါး"
'ထပ်လိုတယ် ထပ်လိုတယ်'
သူမသည် ဒီသုံးလုံးကို ထပ်ပြောနေသဖြင့် လင်းချင်းသည် အံ့သြသွားသည်။
'ရေထပ်လိုချင်တာလား? ဇွန်ဘီက တကယ်ကြီး ကန်ရေသောက်ချင်နေတာလား? ချူးလီလီနဲ့ လျူကျွင်းတို့ကတော့ မသောက်ချင်ဘဲနဲ့?'
လင်းချင်းသည် တွေးနေသည်။ သူမသည် မျက်လုံးမှေးကြည့်လိုက်သည့်အခါ ရေပုံးထဲတွင် အစိမ်းရောင်စွမ်းအားများ များနေသည်ကို မြင်လိုက်ရသည်။
'စွမ်းအားကြောင့်လား? ဒီတစ်ခါ နွယ်လေးက ပိုသန်လာပုံရပြီးတော့ ကန်ရေထဲက စွမ်းအားကလည်း ပိုအစများလာတယ်'
"ဂါး"
လင်းချင်းက ရပ်တွေးနေသည့်အခါ ဇွန်ဘီမသည် အနည်းငယ်စိတ်လှုပ်ရှားစွာဖြင့် အော်ပြသည်။
လင်းချင်းသည် သူမကို ဆွံ့အစွာ ကြည့်လိုက်သည်။ သူမ၏နဖူးက အရိုးပေါ်နေသည့် ဒဏ်ရာက အရမ်းသိသာလွန်းသည်။
'စိတ်မရှည်နိုင်ဖြစ်နေတာပဲ။ သကြားလုံးလိုချင်တာ မရတဲ့ ကလေးလည်း မဟုတ်ဘဲနဲ့။ ဟုတ်ပြီပဲ ထားပါတော့။ အဆင့်သုံး အဆင့်လေးဇွန်ဘီတွေရဲ့ ဉာဏ်ရည်က လူသားကလေးတစ်ယောက်လောက်ပဲ ရှိတာကိုး'
လင်းချင်းသည် ရေကိုသာလှည့်ခပ်၍ ပြန်လာသည့်အခါ ဇွန်ဘီမသည် ရေပုံးထဲက ရေများကို သောက်နေသည်ကို မြင်လိုက်ရသည်။
"ဟဲ့ မသောက်နဲ့! ဒါကိုသောက်ရင် နင်ဘယ်လိုလုပ် ရေချိုးရမှာလဲ?"
လင်းချင်းသည် ဇွန်ဘီမ၏ မျက်နှာကို အမြန်မကာ လက်ထဲကရေခွက်ထဲက ရေကိုလောင်းတိုက်လိုက်ရင်း
"အများကြီးသောက်တာက အကျိုးမရှိဘူး။ တနေ့ကို နှစ်ခွက်ပဲ သောက်ရမယ်။ မနက်ဖြန် စွမ်းအားတွေ အကုန်စုပ်ယူနိုင်မှ ထပ်သောက်လို့ရမယ်။ ပြီးတော့ ပုံးထဲကရေသောက်ခွင့်မရှိဘူး။ ဒါကနင့်ချိုးရေလေ။ ဘယ်လောက်ညစ်ပတ်လဲ သိရဲ့လား?"
လင်းချင်းသည် ဇွန်ဘီမကိုကြည့်ကာ သူမပြန်အသိဝင်လာသည့်နေ့တွင် ဒီလိုလုပ်ခဲ့တာကို မှတ်မိပါ့မလား တွေးနေမိသည်။
ဇွန်ဘီမက ဒုတိယခွက်သောက်ပြီးသည့်အခါ လင်းချင်းသည်
"ရပြီ ဒီနေ့ထပ်မသောက်နဲ့တော့ ထပ်သောက်ရင် ဖြုန်းတီးနေသလိုပဲ ဖြစ်နေမှာ"
ထို့နောက် သူမသည် ရေထပ်ဖြည့်ကာ ဇွန်ဘီထီးကိုလည်း နှစ်ခွက်တိုက်လိုက်သည်။ ဇွန်ဘီထီးသည် အသက်နှစ်ဆယ်ကျော်အရွယ်ဖြစ်ကာ ငယ်သေးသည်။ သူသည် ဇွန်ဘီမထက် လှုပ်ရှားမှုများမှာ ပို၍နှေးပြီး ရေကိုလည်း ထပ်မတောင်းပေ။
အထီးကို ရေတိုက်ပြီး၍ လင်းချင်းက လှည့်လာသည့်အခါ အမသည် ချိုးရေများကို သောက်နေသည်ကို မြင်လိုက်ရသည်။ ထိုအခါ လင်းချင်းသည် သူမသည်လည်း ကန်ထဲတွင်ရေချိုးမိခဲ့သည်ကို အနည်းငယ်ရွံမိသလို ဖြစ်သွားတော့သည်။
"နင်ထပ်သောက်နေပြန်ပြီ! မသောက်နဲ့တော့!"
သူမသည် ရွံ့မိသွားသော်လည်း ရေသောက်နေဆဲဖြစ်သည့် ဇွန်ဘီမကိုတော့ ဆူနိုင်သေးသည်။
"ဂါး"
ဇွန်ဘီမသည် ရပ်သွားသည်။ သို့သော်လည်း သူမသည် ခေါင်းငုံ့၍ ထပ်သောက်ချင်နေသေးပုံဖြင့် စိတ်မကြည်ဖြစ်နေသည်။
လင်းချင်းသည် ဇွန်ဘီနှစ်ကောင်ကို ပတ်ကြည့်ကာ သူတို့၏ကြွက်သားများကို ဆိတ်ကြည့်သည်။ ကြွက်သားများသည် မာသော်လည်း ရာဘာလိုမျိုး ပျော့တွဲတွဲဖြစ်နေသေးသည်။ ထို့နောက် နွယ်လေးအား
"နွယ်လေး သူတို့ကို သေချာကြည့်ထား။ ထွက်မပြေးစေနဲ့"
နွယ်လေးသည် အမိန့်ကိုနားလည်စွာဖြင့် နွယ်များကို လှုပ်ပြသည်။ ထို့နောက် လင်းချင်းက နယ်မြေထဲက ထွက်လာသည်။ လှည့်ကြည့်သည့်အခါ သူမသည် လှောင်ချိုင့်ကြီးကို ထပ်တွေ့ရသည်။ အစက လုံချင်းယင်ကို လိပ်ကြီးများလှောင်ဖို့ လုပ်ခိုင်းထားတာဖြစ်သဖြင့် အထဲတွင် လိပ်ကြီးများက ရှိနေသေးသည်။ လင်းဝမ်ဝမ်တို့ကို ဒီလိပ်များအား စားရသည်ဟု ပြောခဲ့သော်လည်း သူတို့က မယုံကြပေ။
လိပ်ကြီးများကို မြင်သည့်အခါ လင်းချင်းသည် ဘာမှမစားရသေးသည်က ကြာပြီဖြစ်ကြောင်း သတိရသည်။ ထို့ကြောင့် လှောင်ချိုင့်နားတွင်ထိုင်ချကာ လိပ်များကိုကြည့်လိုက်သည်။ ထိုအချိန်တွင် လျူကျွင်းသည် သူမ၏သားကိုချီကာ ထွက်လာပြီဖြစ်ပြီး လင်းချင်းအား ရယ်၍မေးသည်။
Advertisement
"ဗိုက်ဆာနေတာတော့ မဟုတ်ဘူးမလား?"
"နည်းနည်းပါ"
လင်းချင်းက ခေါင်းငြိမ့်ကာ ပြောသည်။
"နောက်ဆုံးစားတာက ဘယ်လောက်ကြာပြီလဲ? တစ်ပတ်လောက် မရှိသေးဘူးမလား"
လျူကျွင်းက ပြောသည်။
လင်းချင်းသည် သူမကိုလှည့်ကြည့်ကာ
"နင်ဗိုက်မဆာဘူးလား? ငါဒါတွေကို မတွေ့ခင်က စားချင်စိတ်မရှိပါဘူး။ ဒါပင်မယ့် ဒီမှာလည်း အသုံးမှမဝင်တာ။ ငါပြုတ်စားလိုက်တော့မလို့"
"ပြုတ်မှာ?"
လျူကျွင်းသည် အံ့သြသွားကာ
"နင်အခု ချက်ထားတဲ့အစာတွေ စားပြီလား?"
"သူ့အတွက် ချက်ထားတဲ့လိပ်က ကောင်းတယ်"
လင်းချင်းသည် တုံတုံကို လက်ညိုးထိုးပြကာ ပြောသည်။
"လိပ်စွပ်ပြုတ်က အားရှိတယ်"
"ဪ"
လျူကျွင်းသည် သူမ၏သားကို တစ်ချက်ငုံ့ကြည့်ကာ ပြောသည်။
လင်းချင်းသည် သူမကိုတစ်ချက်ကြည့်ကာ လှောင်ချိုင့်ကိုမ၍ အထဲဝင်သွားသည်။ အထဲရောက်သည်နှင့် သူမသည် လိပ်တစ်ကောင်ကိုယူကာ ပျောက်သွားသည်။
လျူကျွင်းသည် နယ်မြေထဲတွင် သွားချက်သည်ဟု ထင်မိသော်လည်း လင်းချင်းက ချက်ချင်းပြန်ပေါ်လာသည်။ လျူကျွင်းဆီသို့ လျှောက်လာကာ
"အရင်ပြန်ရအောင်။ မီးဖိုချောင်က ဆားလိုချင်သေးတယ်"
တူယွမ်ရှင်းတို့သည် သေချာထိန်းသိမ်းထားသည့် ဆားများကို တွေ့ခဲ့သည်။ ဆားထုပ်မှ ထုတ်လုပ်သည့်ရက်စွဲသည် လွန်ခဲ့သည့်ငါးနှစ်ဖြစ်၍ ကမ္ဘာပျက်သည်က ငါးနှစ်ကျော်သော်လည်း ဆားသည်တော့ ကောင်းနေသေးသည်။ အခုခေတ်တွင် ဆားသည်အရမ်းရှားသည်။ ကုန်ဆုံးသည့်ရက်က အရေးမပါပေ။
"အင်း"
လျူကျွင်းသည် ခေါင်းငြိမ့်ကာ လင်းချင်းနှင့်အတူ ဟိုတယ်ထဲသို့ လိုက်လာသည်။
လင်းချင်းသည် ဟိုတယ်မီးဖိုချောင်ကို ရောက်လာသည်။ ဆိုလာစနစ်က ပြန်သုံးနေလေရာ မီးဖိုချောင်တွင် ပစ္စည်းစုံသည်။ ထို့ကြောင့် လင်းဖန်တို့သည် မီးဖိုချောင်ထဲတွင် ချက်ပြုတ်ကာ အပေါ်ထပ်သို့ ယူစားခြင်း သို့မဟုတ် စားသောက်ခန်းတွင် စားခြင်းတို့ ပြုလုပ်တက်ကြသည်။
လင်းချင်းနှင့် ချူးလီလီတို့ကြောင့် ဘယ်ဇွန်ဘီကမှ ဟိုတယ်နားသို့ မလာရဲကြပေ။ ထို့ကြောင့် ဟိုတယ်၏ မီတာတစ်ရာ ပတ်လည်သည် ဇွန်ဘီကင်းနေရာဖြစ်နေလေရာ လင်းဖန်တို့သည် သတိအပြည့်ထားစရာ မလိုတော့ဘဲ ဟိုတယ်ထဲတွင် လုပ်ချင်တာကို လွတ်လပ်စွာ လုပ်ရနေသည်။
Zawgyi Ver
၂၄၂။ ေရမေသာက္နဲ႕ေတာ့
'မမလီလီလို႔ေခၚ။ ဇြန္ဘီမလို႔ သြားေခၚမေနနဲ႕'
လင္းခ်င္းက ႏြယ္ေလးကို ေျပာလိုက္သည္။
'ဟုတ္ကဲ့'
ႏြယ္ေလးက ျပန္ေျဖသည္။
လင္းခ်င္းသည္ ေရပုံးႏွစ္ခုေဘးတြင္ရပ္ကာ မ်က္လုံးကိုေမွးက်ဥ္း၍ ေရထဲကစြမ္းအားကို ၾကည့္လိုက္သည္။ ခနၾကာသည့္အခါ ထိုစြမ္းအားမ်ားသည္ ဇြန္ဘီမ်ား၏ကိုယ္ထဲသို႔ ျဖည္းျဖည္းခ်င္း စိမ့္ဝင္ေနေၾကာင္းကို ေတြ႕လိုက္ရသည္။ ခနေတြးၿပီးေနာက္ သူမသည္ ခြက္တစ္ခုသြားရွာယူလိုက္သည္။ ကန္ထဲသို႔ ခြက္ကိုေရသြားျဖည့္ကာ မ်က္ႏွာသစ္ေနေသးသည့္ ဇြန္ဘီမေဘးသို႔ ျပန္လာသည္။
"ရၿပီ ရၿပီ။ ရပ္လို႔ရၿပီ"
လင္းခ်င္းသည္ သူမကိုေျပာလိုက္သည္။ မ်က္ႏွာတြင္ ဖုန္မ်ားမရွိေတာ့သျဖင့္ မ်က္ႏွာေပၚက အမာ႐ြတ္မ်ားက ပိုထင္းလာသည္။ နဖူးတြင္အသားအခ်ိဳ႕သည္ မရွိေတာ့ကာ အရိုးမ်ားကို ျမင္ရသည္။ သူမ၏မ်က္လုံးသည္ နက္ေနေအာင္ခ်ိဳင့္က်ေနကာ မ်က္တြင္းနက္မ်ားသည္လည္း ပန္ဒါတစ္ေကာင္လို အႀကီးႀကီးျဖစ္သည္။ လင္းခ်င္းသည္ ဇြန္ဘီမ်က္ႏွာကို ေသခ်ာၾကည့္သည့္အခါ သူမ၏မ်က္ႏွာသည္ အနည္းငယ္ ႏူးညံ့ေနေသးကာ အေတာ္ငယ္ေသးသည့္ပုံရသည္။ လင္းခ်င္းသည္ သူမ၏ေမးကိုပင့္ကိုင္ကာ ပါးကိုဆိတ္ၾကည့္၍ ပါးစပ္ကို ဆြဲဖြင့္ၾကည့္သည္။
"ဂါး"
ဇြန္ဘီမသည္ ေအာ္ေသာ္လည္း လင္းခ်င္းအား နာခံစြာျဖင့္ ပါးစပ္ဟေပးေနရသည္။ သူမ၏သြားစြယ္မ်ား ေပၚလာသည္ႏွင့္ ဆိုးဝါးသည့္အနံ႕တို႔က ထြက္လာသည္။ လင္းခ်င္းသည္ ေခါင္းကိုလွည့္လိုက္ရသည္။ အနံ႕က အနည္းငယ္ေဖ်ာ့သြားမွ လင္းခ်င္းသည္ သူမ၏ပါးစပ္ထဲသို႔ ေရကိုေလာင္းထည့္ေပးလိုက္သည္။
"ဂလု အ ဂလု"
အစေတာ့ ဇြန္ဘီမသည္ ေရကိုၿမိဳခ်ပဳံရဘဲ လည္ေခ်ာင္းထဲတြင္ ထိန္းထားသလို အသံထြက္လာသည္။ သို႔ေသာ္လည္း လင္းခ်င္းက သူမကို တစ္ခြက္လုံးကုန္ေအာင္ တိုက္လိုက္သည္။ ေနာက္တစ္ခြက္ သြားခပ္ေနစဥ္ ဇြန္ဘီမထံမွ ထူးျခားမႈတစ္ခ်ိဳ႕ကို ေထာက္လွမ္းမိသည္။
"ဝူး ဂါး"
'ထပ္လိုတယ္ ထပ္လိုတယ္'
သူမသည္ ဒီသုံးလုံးကို ထပ္ေျပာေနသျဖင့္ လင္းခ်င္းသည္ အံ့ၾသသြားသည္။
'ေရထပ္လိုခ်င္တာလား? ဇြန္ဘီက တကယ္ႀကီး ကန္ေရေသာက္ခ်င္ေနတာလား? ခ်ဴးလီလီနဲ႕ လ်ဴကြၽင္းတို႔ကေတာ့ မေသာက္ခ်င္ဘဲနဲ႕?'
လင္းခ်င္းသည္ ေတြးေနသည္။ သူမသည္ မ်က္လုံးေမွးၾကည့္လိုက္သည့္အခါ ေရပုံးထဲတြင္ အစိမ္းေရာင္စြမ္းအားမ်ား မ်ားေနသည္ကို ျမင္လိုက္ရသည္။
'စြမ္းအားေၾကာင့္လား? ဒီတစ္ခါ ႏြယ္ေလးက ပိုသန္လာပုံရၿပီးေတာ့ ကန္ေရထဲက စြမ္းအားကလည္း ပိုအစမ်ားလာတယ္'
"ဂါး"
လင္းခ်င္းက ရပ္ေတြးေနသည့္အခါ ဇြန္ဘီမသည္ အနည္းငယ္စိတ္လႈပ္ရွားစြာျဖင့္ ေအာ္ျပသည္။
လင္းခ်င္းသည္ သူမကို ဆြံ႕အစြာ ၾကည့္လိုက္သည္။ သူမ၏နဖူးက အရိုးေပၚေနသည့္ ဒဏ္ရာက အရမ္းသိသာလြန္းသည္။
'စိတ္မရွည္နိုင္ျဖစ္ေနတာပဲ။ သၾကားလုံးလိုခ်င္တာ မရတဲ့ ကေလးလည္း မဟုတ္ဘဲနဲ႕။ ဟုတ္ၿပီပဲ ထားပါေတာ့။ အဆင့္သုံး အဆင့္ေလးဇြန္ဘီေတြရဲ႕ ဉာဏ္ရည္က လူသားကေလးတစ္ေယာက္ေလာက္ပဲ ရွိတာကိုး'
လင္းခ်င္းသည္ ေရကိုသာလွည့္ခပ္၍ ျပန္လာသည့္အခါ ဇြန္ဘီမသည္ ေရပုံးထဲက ေရမ်ားကို ေသာက္ေနသည္ကို ျမင္လိုက္ရသည္။
"ဟဲ့ မေသာက္နဲ႕! ဒါကိုေသာက္ရင္ နင္ဘယ္လိုလုပ္ ေရခ်ိဳးရမွာလဲ?"
လင္းခ်င္းသည္ ဇြန္ဘီမ၏ မ်က္ႏွာကို အျမန္မကာ လက္ထဲကေရခြက္ထဲက ေရကိုေလာင္းတိုက္လိုက္ရင္း
"အမ်ားႀကီးေသာက္တာက အက်ိဳးမရွိဘူး။ တေန႕ကို ႏွစ္ခြက္ပဲ ေသာက္ရမယ္။ မနက္ျဖန္ စြမ္းအားေတြ အကုန္စုပ္ယူနိုင္မွ ထပ္ေသာက္လို႔ရမယ္။ ၿပီးေတာ့ ပုံးထဲကေရေသာက္ခြင့္မရွိဘူး။ ဒါကနင့္ခ်ိဳးေရေလ။ ဘယ္ေလာက္ညစ္ပတ္လဲ သိရဲ႕လား?"
Advertisement
လင္းခ်င္းသည္ ဇြန္ဘီမကိုၾကည့္ကာ သူမျပန္အသိဝင္လာသည့္ေန႕တြင္ ဒီလိုလုပ္ခဲ့တာကို မွတ္မိပါ့မလား ေတြးေနမိသည္။
ဇြန္ဘီမက ဒုတိယခြက္ေသာက္ၿပီးသည့္အခါ လင္းခ်င္းသည္
"ရၿပီ ဒီေန႕ထပ္မေသာက္နဲ႕ေတာ့ ထပ္ေသာက္ရင္ ျဖဳန္းတီးေနသလိုပဲ ျဖစ္ေနမွာ"
ထို႔ေနာက္ သူမသည္ ေရထပ္ျဖည့္ကာ ဇြန္ဘီထီးကိုလည္း ႏွစ္ခြက္တိုက္လိုက္သည္။ ဇြန္ဘီထီးသည္ အသက္ႏွစ္ဆယ္ေက်ာ္အ႐ြယ္ျဖစ္ကာ ငယ္ေသးသည္။ သူသည္ ဇြန္ဘီမထက္ လႈပ္ရွားမႈမ်ားမွာ ပို၍ေႏွးၿပီး ေရကိုလည္း ထပ္မေတာင္းေပ။
အထီးကို ေရတိုက္ၿပီး၍ လင္းခ်င္းက လွည့္လာသည့္အခါ အမသည္ ခ်ိဳးေရမ်ားကို ေသာက္ေနသည္ကို ျမင္လိုက္ရသည္။ ထိုအခါ လင္းခ်င္းသည္ သူမသည္လည္း ကန္ထဲတြင္ေရခ်ိဳးမိခဲ့သည္ကို အနည္းငယ္႐ြံမိသလို ျဖစ္သြားေတာ့သည္။
"နင္ထပ္ေသာက္ေနျပန္ၿပီ! မေသာက္နဲ႕ေတာ့!"
သူမသည္ ႐ြံ႕မိသြားေသာ္လည္း ေရေသာက္ေနဆဲျဖစ္သည့္ ဇြန္ဘီမကိုေတာ့ ဆူနိုင္ေသးသည္။
"ဂါး"
ဇြန္ဘီမသည္ ရပ္သြားသည္။ သို႔ေသာ္လည္း သူမသည္ ေခါင္းငုံ႕၍ ထပ္ေသာက္ခ်င္ေနေသးပုံျဖင့္ စိတ္မၾကည္ျဖစ္ေနသည္။
လင္းခ်င္းသည္ ဇြန္ဘီႏွစ္ေကာင္ကို ပတ္ၾကည့္ကာ သူတို႔၏ႂကြက္သားမ်ားကို ဆိတ္ၾကည့္သည္။ ႂကြက္သားမ်ားသည္ မာေသာ္လည္း ရာဘာလိုမ်ိဳး ေပ်ာ့တြဲတြဲျဖစ္ေနေသးသည္။ ထို႔ေနာက္ ႏြယ္ေလးအား
"ႏြယ္ေလး သူတို႔ကို ေသခ်ာၾကည့္ထား။ ထြက္မေျပးေစနဲ႕"
ႏြယ္ေလးသည္ အမိန့္ကိုနားလည္စြာျဖင့္ ႏြယ္မ်ားကို လႈပ္ျပသည္။ ထို႔ေနာက္ လင္းခ်င္းက နယ္ေျမထဲက ထြက္လာသည္။ လွည့္ၾကည့္သည့္အခါ သူမသည္ ေလွာင္ခ်ိဳင့္ႀကီးကို ထပ္ေတြ႕ရသည္။ အစက လုံခ်င္းယင္ကို လိပ္ႀကီးမ်ားေလွာင္ဖို႔ လုပ္ခိုင္းထားတာျဖစ္သျဖင့္ အထဲတြင္ လိပ္ႀကီးမ်ားက ရွိေနေသးသည္။ လင္းဝမ္ဝမ္တို႔ကို ဒီလိပ္မ်ားအား စားရသည္ဟု ေျပာခဲ့ေသာ္လည္း သူတို႔က မယုံၾကေပ။
လိပ္ႀကီးမ်ားကို ျမင္သည့္အခါ လင္းခ်င္းသည္ ဘာမွမစားရေသးသည္က ၾကာၿပီျဖစ္ေၾကာင္း သတိရသည္။ ထို႔ေၾကာင့္ ေလွာင္ခ်ိဳင့္နားတြင္ထိုင္ခ်ကာ လိပ္မ်ားကိုၾကည့္လိုက္သည္။ ထိုအခ်ိန္တြင္ လ်ဴကြၽင္းသည္ သူမ၏သားကိုခ်ီကာ ထြက္လာၿပီျဖစ္ၿပီး လင္းခ်င္းအား ရယ္၍ေမးသည္။
"ဗိုက္ဆာေနတာေတာ့ မဟုတ္ဘူးမလား?"
"နည္းနည္းပါ"
လင္းခ်င္းက ေခါင္းၿငိမ့္ကာ ေျပာသည္။
"ေနာက္ဆုံးစားတာက ဘယ္ေလာက္ၾကာၿပီလဲ? တစ္ပတ္ေလာက္ မရွိေသးဘူးမလား"
လ်ဴကြၽင္းက ေျပာသည္။
လင္းခ်င္းသည္ သူမကိုလွည့္ၾကည့္ကာ
"နင္ဗိုက္မဆာဘူးလား? ငါဒါေတြကို မေတြ႕ခင္က စားခ်င္စိတ္မရွိပါဘူး။ ဒါပင္မယ့္ ဒီမွာလည္း အသုံးမွမဝင္တာ။ ငါျပဳတ္စားလိုက္ေတာ့မလို႔"
"ျပဳတ္မွာ?"
လ်ဴကြၽင္းသည္ အံ့ၾသသြားကာ
"နင္အခု ခ်က္ထားတဲ့အစာေတြ စားၿပီလား?"
"သူ႕အတြက္ ခ်က္ထားတဲ့လိပ္က ေကာင္းတယ္"
လင္းခ်င္းသည္ တုံတုံကို လက္ညိုးထိုးျပကာ ေျပာသည္။
"လိပ္စြပ္ျပဳတ္က အားရွိတယ္"
"ဪ"
လ်ဴကြၽင္းသည္ သူမ၏သားကို တစ္ခ်က္ငုံ႕ၾကည့္ကာ ေျပာသည္။
လင္းခ်င္းသည္ သူမကိုတစ္ခ်က္ၾကည့္ကာ ေလွာင္ခ်ိဳင့္ကိုမ၍ အထဲဝင္သြားသည္။ အထဲေရာက္သည္ႏွင့္ သူမသည္ လိပ္တစ္ေကာင္ကိုယူကာ ေပ်ာက္သြားသည္။
လ်ဴကြၽင္းသည္ နယ္ေျမထဲတြင္ သြားခ်က္သည္ဟု ထင္မိေသာ္လည္း လင္းခ်င္းက ခ်က္ခ်င္းျပန္ေပၚလာသည္။ လ်ဴကြၽင္းဆီသို႔ ေလွ်ာက္လာကာ
"အရင္ျပန္ရေအာင္။ မီးဖိုေခ်ာင္က ဆားလိုခ်င္ေသးတယ္"
တူယြမ္ရွင္းတို႔သည္ ေသခ်ာထိန္းသိမ္းထားသည့္ ဆားမ်ားကို ေတြ႕ခဲ့သည္။ ဆားထုပ္မွ ထုတ္လုပ္သည့္ရက္စြဲသည္ လြန္ခဲ့သည့္ငါးႏွစ္ျဖစ္၍ ကမာၻပ်က္သည္က ငါးႏွစ္ေက်ာ္ေသာ္လည္း ဆားသည္ေတာ့ ေကာင္းေနေသးသည္။ အခုေခတ္တြင္ ဆားသည္အရမ္းရွားသည္။ ကုန္ဆုံးသည့္ရက္က အေရးမပါေပ။
"အင္း"
လ်ဴကြၽင္းသည္ ေခါင္းၿငိမ့္ကာ လင္းခ်င္းႏွင့္အတူ ဟိုတယ္ထဲသို႔ လိုက္လာသည္။
လင္းခ်င္းသည္ ဟိုတယ္မီးဖိုေခ်ာင္ကို ေရာက္လာသည္။ ဆိုလာစနစ္က ျပန္သုံးေနေလရာ မီးဖိုေခ်ာင္တြင္ ပစၥည္းစုံသည္။ ထို႔ေၾကာင့္ လင္းဖန္တို႔သည္ မီးဖိုေခ်ာင္ထဲတြင္ ခ်က္ျပဳတ္ကာ အေပၚထပ္သို႔ ယူစားျခင္း သို႔မဟုတ္ စားေသာက္ခန္းတြင္ စားျခင္းတို႔ ျပဳလုပ္တက္ၾကသည္။
လင္းခ်င္းႏွင့္ ခ်ဴးလီလီတို႔ေၾကာင့္ ဘယ္ဇြန္ဘီကမွ ဟိုတယ္နားသို႔ မလာရဲၾကေပ။ ထို႔ေၾကာင့္ ဟိုတယ္၏ မီတာတစ္ရာ ပတ္လည္သည္ ဇြန္ဘီကင္းေနရာျဖစ္ေနေလရာ လင္းဖန္တို႔သည္ သတိအျပည့္ထားစရာ မလိုေတာ့ဘဲ ဟိုတယ္ထဲတြင္ လုပ္ခ်င္တာကို လြတ္လပ္စြာ လုပ္ရေနသည္။
Advertisement
- In Serial34 Chapters
Monster Girl Fusion.
Arslan, an eccentric transmutation alchemist, was quite well known throughout WinterWell for doing strange experiments. The Guild of Alchemists rejected his research results and his funding suspended. Now it's up to him to continue by any means necessary. However, that may prove difficult, considering that a rogue alchemist organization has taken an interest in his work.
8 130 - In Serial27 Chapters
LITRPG: The Great Machine Sage
With the War Machine System, Hax will create the deadliest machine throughout the universe!It is the 200th Millenium. Humanity has conquered the entire universe.Now, they set their sights on the multiverse.Hax, a human prodigy created with the brightest genes humanity could offer, create the technology for humans and waged war against the other universe.They have conquered one universe, it won't be long before they take another one.But Hax never thought the enemy would come from within.Banished into a strange universe with his past long forgotten, Hax will have to start from the beginning.This time with the War Machine System!His deadly war machine took the new world by storm! He equipped his army with his machine and dominates his enemy. Through increasing his wealth, power, and influence, Hax stormed through every opposition.But as his strength increased so does his enemies. His journey will be filled with peril and hardship."Nothing can stop my war machine!"Join the discord server https://discord.gg/yPtRt29tAg*The cover is not mine. If you want me to take it down, feel free to contact me.
8 261 - In Serial144 Chapters
Crimson Moon
Important News: Due to the high volume of work and projects that I have. I will be taking a break from publishing the novel with the objective to finish my tasks and do some research for the upcoming Volumes and Arcs. I always want to deliver the best and for that I need a little bit of time... Thank you The Borderland, a desert region located between two countries, two cultures and two rivals; This Region is full of mysteries and rich in “mana” (Natural Energy) a target for powerful individuals.Five Years ago, a tragedy hit the borderland with a massive earthquake and destroyed both cities completely,however, the most mysterious event was the dissaperence of a certain family: The Vazquez.After witnessing a miracle, Alejandro Sanchez, a regular student at the Study Abroad International Highschool, a prestigious school where students from all over the world come to learn with high technology in the Western World. He decided to form “The Supernatural Investigation Society” to investigate what happened on that fateful night, however, after five years of investigation, he found no positive results leading to loss of all his friends.A new adventure begins as Alejandro meets the mysterious transfer student known as Uriel Di Fiore who returns to the place he once called home with a simple mission: Assassinate the one who killed his father. Join the two boys as they uncover the secrets of Borderland and the whereabouts of the Vazquez family...Presenting a new and improved project taken by inspiration of my past project “The Lessons of a Lazy Substitute Teacher” with a new story and new characters... THANK YOU AND ENJOY....
8 177 - In Serial26 Chapters
Duck Around and Find Out
Flap never wanted to be anything more than a pond duck. He was perfectly happy with his life of mating, migrating, and eating fish. But all that changed when a spacefaring race of war-crazed giant chickens confused him for Earth's greatest gladiator, all on account of a sketchy lease deal from a few million years prior. Now Flap is Earth's Champion, unwittingly wrapped up in a high stakes conflict almost as old as time itself. Armed with a real dumbass of an artificial intelligence, a brain full of pop culture mush, and a hybrid body courtesy of an Academy Award-winning actor, Flap now has all the tools he needs to prevail in the bloody contest. The only question is whether he can learn to use them to save the Galaxy before his implant drives him nuts. Duck Around and Find Out is an absurd adventure across space and pond featuring GameLit elements, more movie and tv references than you can shake a stick at, and a cast of anthropomorphic animals that would make a furry cream their pants. Do you like ducks? And do you like space? Are you also a weirdo? If you answered yes to all three, this just might be the story for you. So if you're brave enough, Duck Around and Find Out.
8 153 - In Serial7 Chapters
The Rising Of The Shield Hero - Going Home
One of the heros have figured out how to get back to their original Relm. BUT THEY SOME HOW GOTTA GET NOAFUMI TO DO IT BECAUSE THEY TREATED HIM LIKE PURE TRASH. Anyway how will Raphtalia and filo react? Even melti?.
8 62 - In Serial51 Chapters
Accidental dungeon
A man, reincarnated into a magic world, fought his way to the very top, only to have to start again after an accident. He find's himself turned into a dungeon core and now he has to do it all over again. Maybe this time, he can even rise higher than he climbed before. On his side he has his trusted partner Luna - a dungeon fairy, for him she was more like a deus ex machina. The story is written in the third person and contains multiple points of view. At the moment this would be the mc, Luna and a young starting adventurer. The story will not be continued. If you're interested in thereasons, you can read the last chapter.
8 177

