《၂။ ဗျူဟာခင်းတဲ့ အစ်မကြီးဇွန်ဘီ (Myanmar Translation)》246
Advertisement
၂၄၆။ စိတ်ပူစွာစောင့်နေရခြင်း
နွယ်လေးသည် လင်းရှောင်လုအား ကန်ထဲသို့ ခေါ်သွားသည်။ ရေသည် တစ်မီတာလောက် နက်လာသည်နှင့် သူမအား ပိုများသည့်နွယ်တို့က တဖြည်းဖြည်းရစ်ပတ်လာသည်။ ထို့နောက်မှ လင်းချင်းနှင့် လင်းဖန်တို့ရှေ့တွင် ရေအောက်ထဲသို့ ခေါ်သွားသည်။
လင်းချင်းသည် လင်းဖန်၏ လက်သီးဆုပ်ထားခြင်းကိုကြည့်ကာ ဆိတ်ဆိတ်နေသည်။ လင်းရှောင်လုအား နွယ်လေးက ရေကန်အောက်ခြေသို့ ခေါ်သွားခြင်းကို သူမအာရုံခံနေလိုက်တော့သည်။ လင်းရှောင်လု၏ ကိုယ်ထဲမှ စွမ်းအားကို သေချာအာရုံမခံမိသော်လည်း ရေထဲရောက်သွားပြီးနောက် စက္ကန့်အချို့အကြာတွင် ငြိမ်စပြုလာသည်ကိုတော့ သူမခံစားမိသည်။
ထိုအချိန်တွင် သူမနှင့် လင်းဖန်တို့သည် ခွဲစိတ်ခန်းရှေ့တွင် ရပ်စောင့်နေကြသည့် မိသားစုဝင်များလို ဖြစ်နေသည်။ သူတို့စိတ်ထဲတွင် မျှော်လင့်ချက်ဖြင့် ပူပန်နေကြကာ စိုးရိမ်ရုံမှတပါး ဘာမှမလုပ်နိုင်ပေ။ သို့သော်လည်း လင်းချင်းသည် ကန်အောက်ခြေကို အာရုံခံရနေသဖြင့် လင်းဖန်လောက်တော့ စိုးရိမ်မနေပေ။
လင်းဖန်ကတော့ အိုးပူကြီးတစ်လုံးလို ဖြစ်နေကာ ကြောက်လန့်ခြင်းကို မနည်းထိန်းနေရသည်။ လင်းချင်းသည် သူဒီလောက်စိုးရိမ်နေသည်ကို ဒီတိုင်းကြည့်မနေနိုင်တော့သဖြင့်
"ရှောင်လုရဲ့ စွမ်းအင်တွေက ကန်ထဲကိုရောက်တော့ ငြိမ်နေပြီ။ နွယ်လေးက ဘာလုပ်ရမလဲ သိပါတယ်။ ရှောင်လုက အဆင်ပြေမှာမလို့ စိတ်ပူမနေနဲ့"
လင်းဖန်သည် လင်းချင်းကို မော့ကြည့်သည်။ သူမ၏စကားများကြားမှ သူစိတ်နည်းနည်း သက်သာရာရကာ သက်ပြင်းချသည်။ ထို့နောက် လင်းချင်းက သူ့စိုးရိမ်စိတ်များကို ဖြေပေးသည်ကို သတိထားမိသွားကာ သူမ၏မျက်ဝန်းနက်များကို ကျေးဇူးကြီးစွာစိုက်ကြည့်ရင်း
"ကျေးဇူးတင်ပါတယ်"
လင်းချင်းက ခေါင်းငြိမ့်ပြကာ မျက်လုံးမှိတ်လိုက်သည်။ ထို့နောက် သူမသည် မျက်လုံးပြန်ဖွင့်ကာ
"ရှောင်လုအခြေအနေက အခုငြိမ်သွားပါပြီ။ နွယ်လေးက သူ့ဆီက စွမ်းအားအပိုတွေကို စစ်ထုတ်ပေးနေပြီးတော့ အမြူတေဖြစ်လာအောင် နှိုးပေးနေတယ်။ အဲ့ဒါကြောင့် နည်းနည်းကြာလိမ့်မယ်။ စိတ်ရှည်ရှည်နဲ့ စောင့်ဖို့လိုမယ်"
လင်းဖန်သည် နားလည်စွာဖြင့် ခေါင်းငြိမ့်ကာ
"ကန်အောက်ခြေကဟာတွေကို အာရုံခံနိုင်တယ်လား?"
"နည်းနည်းပါ။ ဒါပင်မယ့် သေချာတော့ မဟုတ်ဘူး"
လင်းချင်းက ပြောသည်။
လင်းဖန်သည် သူမကိုကြည့်ကာ ဘာမှမပြောသော်လည်း ကန်ဘက်ကိုသာ လှည့်ကြည့်နေသည်။ သူစိတ်ရှည်ဖို့ နားလည်သော်လည်း နှစ်နာရီကြာသည့်အခါ ထပ်၍စိုးရိမ်လာပြန်သည်။ လင်းချင်းကို ခနခနကြည့်ကာ ဘာဖြစ်သလဲ မေးသည်။ လင်းချင်းက ရှင်းပြမှ ပြန်စိတ်ငြိမ်သွားသည်။
လင်းချင်းနှင့် လင်းဖန်တို့သည် ကန်ဘေးတွင် အတော်လေးစိတ်ငြိမ်သည်ဟု ပြောရသလို စောင့်နေကြသော်လည်း အပြင်ဘက်က လူများကတော့ စိတ်မအေးနိုင်ကြပေ။ လင်းချင်းက ဒီမျာမရှိသလို ချူးလီလီလည်းမရှိပေ။ နှစ်နာရီလောက် စောင့်ပြီးသည်နောက် ချန်းဝမ်ရှုတို့သည် စိုးရိမ်စိတ်ကြောင့် ရူးတော့မလို ဖြစ်လာသည်။
အနည်းဆုံးတော့ သူတို့သည် အကူအညီမဖြစ်သည်ကို သိသော်လည် လျူကျွင်းကို သွားခေါ်ကြသည်။ ဘေးအခန်းက ရှဲ့တုန်းသည် ထိုအခါ သူမကို စောင့်ရှောက်ဖို့ လိုက်လာရသည်။ ချန်းဝမ်ရှုတို့မိသားစုသည် စိတ်ပူပန်လွန်သွား၍ လျူကျွင်းကို ကျိုးကြောင်းမစီလျော်စွာဖြင့် တစ်ခုခုလုပ်လိုက်မည်ကို သူစိုးရိမ်တာ ဖြစ်သည်။
"ရှောင်လုရဲ့ ပြဿနာကို သူတကယ်ရှင်းပေးနိုင်လို့လား? နှစ်နာရီလောက်ကြာနေပင်မယ့် ဘာမှမကြားရသေးဘူးမလား? ဘာဖြစ်နေတာလဲဆိုတာကို ဘာဖြစ်လို့ ထွက်မပြောတာလဲ? ငါတကယ်စိတ်ပူနေပြီ"
အမျိုးသမီးလင်းသည် လက်နှစ်ဖက်ကိုယှက်ထား၍ အခန်းထဲမှ ပြောသည်။
လျူကျွင်းသည် တုံတုံကို သူမ၏ပေါင်ပေါ်တင်ကာ ဆိုဖာပေါ်တွင် ထိုင်ရင်း
"စိတ်အေးအေးထားပါ ကျွန်မတို့ကပ္ပတိန်မှာ နည်းလမ်းရှိမှာပါ။ မဟုတ်ရင် ရှောင်လုကို နယ်မြေထဲကို ဘယ်ခေါ်သွားမှာလဲ။ သူတို့ထွက်လာတာနဲ့ ရှောင်လုက အငယ်ဆုံးစွမ်းအားရှင်ဖြစ်သွားမှာ"
လျူကျွင်းဘေးတွင် ချန်းဝမ်ရျုသည် ဒူးပေါ်ကို လက်သီးဆုပ်တင်ထားကာ မျက်နှာကြီး ရှုံ့မဲ့နေသည်။ လျူကျွင်းသည် မှန်မှာပါဟု သူမကိုယ်သူမပြောရင်း မနည်းစိတ်ကို ဖြေသိမ့်နေရသည်။
လင်းဝမ်ဝမ်သည် ချန်းဝမ်ရှုကိုကြည့်လိုက် သူမ၏အမေကို ကြည့်လိုက် လျူကျွင်းကိုကြည့်လိုက် လုပ်နေသည်။ သူမသည်လည်း စိုးရိမ်နေတာ ဖြစ်သော်လည်း အခြားသူများကို ဘယ်လိုဖြေသိမ့်ပေးရမလဲ မသိသောကြောင့် ဆိတ်ဆိတ်နေကာ စိုးရိမ်စွာ စောင့်နေလိုက်သည်။
တစ်ချိန်လုံးငြိမ်နေသည့် လုံချင်းယင်သည် ဝင်ပြောလာသည်။
"ကျွင်းကျွင်းကို ငါယုံတယ်။ ရှောင်လုက အဆင်ပြေမှာပါ"
လင်းချင်းသည် သူမ၏အသက်ကို အကြိမ်ကြိမ်ကယ်ဖူးသလို နယ်မြေထဲကိုလည်း ခနခနရောက်ဖူးသည်။ အခုလျူကျွင်း၏သား တုံတုံသည်လည်း ကောင်းကောင်းမွန်မွန် ရှင်နေလေရာ လင်းချင်းက တစ်နည်းနည်းဖြင့် လင်းရှောင်လုကို ကူညီမည်ဟု သူမယုံကြည်တာ ဖြစ်သည်။
သူမ၏စကားကြောင့် အခြားသူများသည် အနည်းငယ်စိတ်အေးသွားကြသည်။ နှစ်နာရီလောက် ထပ်ကြာလာသည့်အခါ သူတို့သည် ထပ်၍စိတ်ပူလာကြပြန်သည်။ ချန်းဝမ်ရှုသည် ထရပ်ကာ ပြတင်းပေါက်ကနေ အပြင်ကို ငေးနေသည်။ အမျိုးသမီးလင်းကတော့ ထိုင်ခုံပေါ်တွင် သက်ပြင်းများ အကြိမ်ကြိမ်ချနေသည်။
လင်းဝမ်ဝမ်သည် လုံချင်းယင်အနားသို့လာကာ အသံတိုးတိုးဖြင့်
"ရှောင်လုကို တကယ်နှိုးနိုင်ပါ့မလား? ပြီးတော့လည်း အစွမ်းက တကယ်နိုးပါ့မလား? ဘယ်လိုဖြစ်လို့ ရုတ်တရပ်ကြီး အစွမ်းကထလာတာလဲ? ဒါကမဖြစ်နိုင်ဘူး!"
လုံချင်းယင်သည် သူမကိုကြည့်ကာ ဖြေသည်။
"ငါလည်းသေချာမသိဘူး။ ဒါပင်မယ့် ကန်ထဲမှာတော့ သက်ရှိတစ်ခုခုရှိတယ်။ ရှောင်လုကို နယ်မြေထဲကို ခေါ်သွားတယ်ဆိုတည်းက ငါ့အထင် အဲ့ကန်ထဲကဟာဆီက အကူအညီယူမလို့ ထင်တယ်"
ယန်ချောင်းသည် ကန်ထဲတွင် ခြောက်ကပ်သွားခဲ့ဖူးသည်ကို အခုသတိပြန်ရသဖြင့် လုံချင်းယင်သည် ကြောက်ချွေးများပျံလာသည်။
လျူကျွင်းသည် သူတို့အား
"ငါတို့က ဇွန်ဘီတွေဆိုတာ ငါမေ့သွားတယ်။ ငါတို့ကပ္ပတိန်မှာက အရမ်းကိုထက်မြတ်တဲ့ အစွမ်းရှိတယ်။ သူကရှောင်လုက အစွမ်းနိုးမယ်လို့ ပြောသွားတည်းက အမှန်ဖြစ်မှာပါ။ ပြီးတော့လည်း လုံချင်းယင်ပြောတာ အမှန်ပဲ။ နွယ်လေးကို ကပ္ပတိန်က အကူအညီတောင်းတာ နေမယ်။ နယ်မြေထဲမှာရှိနေတာကြာပြီဆိုတော့ ငါ့အထင် သူတို့ကူညီပေးနေတာ ထိရောက်နေလောက်ပါပြီ။ မကြာခင် ထွက်လာတော့မှာပါ"
Advertisement
သူပြောသည့်အခါ လူတိုင်းသည် မျှောင်လင့်ချက်ပြည့်လာကြသည်။
"သူပြောတာ အမှန်ပဲ ကြာပြီဆိုတော့ ပြဿနာကို ရှင်းနေလောက်ပြီ။ မကူညီနိုင်ဖူးဆိုရင် သူတို့ပြန်ထွက်လာတာက စောမှာ"
"နွယ်လေးက ဘယ်သူလဲ?"
လင်းဝမ်ဝမ်က အံ့သြစွာ မေးသည်။
လုံချင်းယင်သည်လည်း လျူကျွင်းကို အဖြေသိချင်စွာဖြင့် မေးလာသည်။
"ကန်ထဲကဟာကြီးမလား?"
"အင်း ဟုတ်တယ်။ စိတ်မပူကြနဲ့!"
လျူကျွင်းသည် အပြုံးဖြင့် ခေါင်းငြိမ့်ပြသည်။ မျက်တွင်းမည်းကြီးများ မရှိတော့လေရာ သူမကို ကြည့်ရသည်မှာ အရင်ကထက် ပို၍အားအင်ရှိနေသလိုပင်။ အသားအရည်သည် ဖျော့နေသေးသော်လည်း သွေးကြောများက ထင်းနေလေရာ မျက်လုံးသာ တစ်ခုလုံးနက်မနေလျှင် သာမန်လူသားလိုပင်။ သူမ၏အပြုံးသည် နွေးထွေးသောကြောင့် လူတိုင်းသည် ဒီအပြုံးထံမှ အနွေးဓာတ်ရသွားကြသ်။
သူတို့သည် နောက်ထပ်နှစ်နာရီလောက် စိတ်ရှည်စွာ စောင့်ပြီးသည့်အခါ မှောင်လာပြီ။ ထိုအချိန်တွင် လင်းချင်း၏ နယ်မြေထဲတွင် အပြောင်းအလဲဖြစ်လာသည်။ ကန်အောက်ခြေမှ တုန်ခါမှုတစ်ခုက ထွက်လာသဖြင့် ရေမျက်နှာပြင်သည် လှိုင်းများထန်လာသည်။
"ဒါပဲ! ရပြီ!"
လင်းချင်းသည် ကန်အလည်ကို လှမ်းကြည့်နေရင်းက ရုတ်တရပ်ပြောသည်။
လင်းဖန်သည် ဒီသတင်းကြောင့် စိတ်ရွှင်လန်းသွားကာ လင်းချင်းအား
"ဒါဆိုရင် ရှောင်လုက"
လင်းချင်းသည် သူ့အားပြုံးကြည့်ကာ ခေါင်းငြိမ့်ရင်း
"အဆင်ပြေတယ် ခုနကတုန်သွားတာက အမြူတေ တည်သွားလို့။ အခုနွယ်လေးက အပေါ်ကို ပြန်ပို့ပေးနေပြီ"
ထိုအခါ လင်းဖန်သည် အများကြီးကို စိတ်အေးသွားကာ ကန်အား မျှော်လင့်တကြီး ကြည့်နေသည်။
Zawgyi Ver
၂၄၆။ စိတ္ပူစြာေစာင့္ေနရျခင္း
ႏြယ္ေလးသည္ လင္းေရွာင္လုအား ကန္ထဲသို႔ ေခၚသြားသည္။ ေရသည္ တစ္မီတာေလာက္ နက္လာသည္ႏွင့္ သူမအား ပိုမ်ားသည့္ႏြယ္တို႔က တျဖည္းျဖည္းရစ္ပတ္လာသည္။ ထို႔ေနာက္မွ လင္းခ်င္းႏွင့္ လင္းဖန္တို႔ေရွ႕တြင္ ေရေအာက္ထဲသို႔ ေခၚသြားသည္။
လင္းခ်င္းသည္ လင္းဖန္၏ လက္သီးဆုပ္ထားျခင္းကိုၾကည့္ကာ ဆိတ္ဆိတ္ေနသည္။ လင္းေရွာင္လုအား ႏြယ္ေလးက ေရကန္ေအာက္ေျခသို႔ ေခၚသြားျခင္းကို သူမအာ႐ုံခံေနလိုက္ေတာ့သည္။ လင္းေရွာင္လု၏ ကိုယ္ထဲမွ စြမ္းအားကို ေသခ်ာအာ႐ုံမခံမိေသာ္လည္း ေရထဲေရာက္သြားၿပီးေနာက္ စကၠန့္အခ်ိဳ႕အၾကာတြင္ ၿငိမ္စျပဳလာသည္ကိုေတာ့ သူမခံစားမိသည္။
ထိုအခ်ိန္တြင္ သူမႏွင့္ လင္းဖန္တို႔သည္ ခြဲစိတ္ခန္းေရွ႕တြင္ ရပ္ေစာင့္ေနၾကသည့္ မိသားစုဝင္မ်ားလို ျဖစ္ေနသည္။ သူတို႔စိတ္ထဲတြင္ ေမွ်ာ္လင့္ခ်က္ျဖင့္ ပူပန္ေနၾကကာ စိုးရိမ္႐ုံမွတပါး ဘာမွမလုပ္နိုင္ေပ။ သို႔ေသာ္လည္း လင္းခ်င္းသည္ ကန္ေအာက္ေျခကို အာ႐ုံခံရေနသျဖင့္ လင္းဖန္ေလာက္ေတာ့ စိုးရိမ္မေနေပ။
လင္းဖန္ကေတာ့ အိုးပူႀကီးတစ္လုံးလို ျဖစ္ေနကာ ေၾကာက္လန့္ျခင္းကို မနည္းထိန္းေနရသည္။ လင္းခ်င္းသည္ သူဒီေလာက္စိုးရိမ္ေနသည္ကို ဒီတိုင္းၾကည့္မေနနိုင္ေတာ့သျဖင့္
"ေရွာင္လုရဲ႕ စြမ္းအင္ေတြက ကန္ထဲကိုေရာက္ေတာ့ ၿငိမ္ေနၿပီ။ ႏြယ္ေလးက ဘာလုပ္ရမလဲ သိပါတယ္။ ေရွာင္လုက အဆင္ေျပမွာမလို႔ စိတ္ပူမေနနဲ႕"
လင္းဖန္သည္ လင္းခ်င္းကို ေမာ့ၾကည့္သည္။ သူမ၏စကားမ်ားၾကားမွ သူစိတ္နည္းနည္း သက္သာရာရကာ သက္ျပင္းခ်သည္။ ထို႔ေနာက္ လင္းခ်င္းက သူ႕စိုးရိမ္စိတ္မ်ားကို ေျဖေပးသည္ကို သတိထားမိသြားကာ သူမ၏မ်က္ဝန္းနက္မ်ားကို ေက်းဇူးႀကီးစြာစိုက္ၾကည့္ရင္း
"ေက်းဇူးတင္ပါတယ္"
လင္းခ်င္းက ေခါင္းၿငိမ့္ျပကာ မ်က္လုံးမွိတ္လိုက္သည္။ ထို႔ေနာက္ သူမသည္ မ်က္လုံးျပန္ဖြင့္ကာ
"ေရွာင္လုအေျခအေနက အခုၿငိမ္သြားပါၿပီ။ ႏြယ္ေလးက သူ႕ဆီက စြမ္းအားအပိုေတြကို စစ္ထုတ္ေပးေနၿပီးေတာ့ အျမဴေတျဖစ္လာေအာင္ ႏွိုးေပးေနတယ္။ အဲ့ဒါေၾကာင့္ နည္းနည္းၾကာလိမ့္မယ္။ စိတ္ရွည္ရွည္နဲ႕ ေစာင့္ဖို႔လိုမယ္"
လင္းဖန္သည္ နားလည္စြာျဖင့္ ေခါင္းၿငိမ့္ကာ
"ကန္ေအာက္ေျခကဟာေတြကို အာ႐ုံခံနိုင္တယ္လား?"
"နည္းနည္းပါ။ ဒါပင္မယ့္ ေသခ်ာေတာ့ မဟုတ္ဘူး"
လင္းခ်င္းက ေျပာသည္။
လင္းဖန္သည္ သူမကိုၾကည့္ကာ ဘာမွမေျပာေသာ္လည္း ကန္ဘက္ကိုသာ လွည့္ၾကည့္ေနသည္။ သူစိတ္ရွည္ဖို႔ နားလည္ေသာ္လည္း ႏွစ္နာရီၾကာသည့္အခါ ထပ္၍စိုးရိမ္လာျပန္သည္။ လင္းခ်င္းကို ခနခနၾကည့္ကာ ဘာျဖစ္သလဲ ေမးသည္။ လင္းခ်င္းက ရွင္းျပမွ ျပန္စိတ္ၿငိမ္သြားသည္။
လင္းခ်င္းႏွင့္ လင္းဖန္တို႔သည္ ကန္ေဘးတြင္ အေတာ္ေလးစိတ္ၿငိမ္သည္ဟု ေျပာရသလို ေစာင့္ေနၾကေသာ္လည္း အျပင္ဘက္က လူမ်ားကေတာ့ စိတ္မေအးနိုင္ၾကေပ။ လင္းခ်င္းက ဒီမ်ာမရွိသလို ခ်ဴးလီလီလည္းမရွိေပ။ ႏွစ္နာရီေလာက္ ေစာင့္ၿပီးသည္ေနာက္ ခ်န္းဝမ္ရႈတို႔သည္ စိုးရိမ္စိတ္ေၾကာင့္ ႐ူးေတာ့မလို ျဖစ္လာသည္။
အနည္းဆုံးေတာ့ သူတို႔သည္ အကူအညီမျဖစ္သည္ကို သိေသာ္လည္ လ်ဴကြၽင္းကို သြားေခၚၾကသည္။ ေဘးအခန္းက ရွဲ႕တုန္းသည္ ထိုအခါ သူမကို ေစာင့္ေရွာက္ဖို႔ လိုက္လာရသည္။ ခ်န္းဝမ္ရႈတို႔မိသားစုသည္ စိတ္ပူပန္လြန္သြား၍ လ်ဴကြၽင္းကို က်ိဳးေၾကာင္းမစီေလ်ာ္စြာျဖင့္ တစ္ခုခုလုပ္လိုက္မည္ကို သူစိုးရိမ္တာ ျဖစ္သည္။
"ေရွာင္လုရဲ႕ ျပႆနာကို သူတကယ္ရွင္းေပးနိုင္လို႔လား? ႏွစ္နာရီေလာက္ၾကာေနပင္မယ့္ ဘာမွမၾကားရေသးဘူးမလား? ဘာျဖစ္ေနတာလဲဆိုတာကို ဘာျဖစ္လို႔ ထြက္မေျပာတာလဲ? ငါတကယ္စိတ္ပူေနၿပီ"
အမ်ိဳးသမီးလင္းသည္ လက္ႏွစ္ဖက္ကိုယွက္ထား၍ အခန္းထဲမွ ေျပာသည္။
လ်ဴကြၽင္းသည္ တုံတုံကို သူမ၏ေပါင္ေပၚတင္ကာ ဆိုဖာေပၚတြင္ ထိုင္ရင္း
"စိတ္ေအးေအးထားပါ ကြၽန္မတို႔ကပၸတိန္မွာ နည္းလမ္းရွိမွာပါ။ မဟုတ္ရင္ ေရွာင္လုကို နယ္ေျမထဲကို ဘယ္ေခၚသြားမွာလဲ။ သူတို႔ထြက္လာတာနဲ႕ ေရွာင္လုက အငယ္ဆုံးစြမ္းအားရွင္ျဖစ္သြားမွာ"
လ်ဴကြၽင္းေဘးတြင္ ခ်န္းဝမ္ရ်ဳသည္ ဒူးေပၚကို လက္သီးဆုပ္တင္ထားကာ မ်က္ႏွာႀကီး ရႈံ႕မဲ့ေနသည္။ လ်ဴကြၽင္းသည္ မွန္မွာပါဟု သူမကိုယ္သူမေျပာရင္း မနည္းစိတ္ကို ေျဖသိမ့္ေနရသည္။
Advertisement
လင္းဝမ္ဝမ္သည္ ခ်န္းဝမ္ရႈကိုၾကည့္လိုက္ သူမ၏အေမကို ၾကည့္လိုက္ လ်ဴကြၽင္းကိုၾကည့္လိုက္ လုပ္ေနသည္။ သူမသည္လည္း စိုးရိမ္ေနတာ ျဖစ္ေသာ္လည္း အျခားသူမ်ားကို ဘယ္လိုေျဖသိမ့္ေပးရမလဲ မသိေသာေၾကာင့္ ဆိတ္ဆိတ္ေနကာ စိုးရိမ္စြာ ေစာင့္ေနလိုက္သည္။
တစ္ခ်ိန္လုံးၿငိမ္ေနသည့္ လုံခ်င္းယင္သည္ ဝင္ေျပာလာသည္။
"ကြၽင္းကြၽင္းကို ငါယုံတယ္။ ေရွာင္လုက အဆင္ေျပမွာပါ"
လင္းခ်င္းသည္ သူမ၏အသက္ကို အႀကိမ္ႀကိမ္ကယ္ဖူးသလို နယ္ေျမထဲကိုလည္း ခနခနေရာက္ဖူးသည္။ အခုလ်ဴကြၽင္း၏သား တုံတုံသည္လည္း ေကာင္းေကာင္းမြန္မြန္ ရွင္ေနေလရာ လင္းခ်င္းက တစ္နည္းနည္းျဖင့္ လင္းေရွာင္လုကို ကူညီမည္ဟု သူမယုံၾကည္တာ ျဖစ္သည္။
သူမ၏စကားေၾကာင့္ အျခားသူမ်ားသည္ အနည္းငယ္စိတ္ေအးသြားၾကသည္။ ႏွစ္နာရီေလာက္ ထပ္ၾကာလာသည့္အခါ သူတို႔သည္ ထပ္၍စိတ္ပူလာၾကျပန္သည္။ ခ်န္းဝမ္ရႈသည္ ထရပ္ကာ ျပတင္းေပါက္ကေန အျပင္ကို ေငးေနသည္။ အမ်ိဳးသမီးလင္းကေတာ့ ထိုင္ခုံေပၚတြင္ သက္ျပင္းမ်ား အႀကိမ္ႀကိမ္ခ်ေနသည္။
လင္းဝမ္ဝမ္သည္ လုံခ်င္းယင္အနားသို႔လာကာ အသံတိုးတိုးျဖင့္
"ေရွာင္လုကို တကယ္ႏွိုးနိုင္ပါ့မလား? ၿပီးေတာ့လည္း အစြမ္းက တကယ္နိုးပါ့မလား? ဘယ္လိုျဖစ္လို႔ ႐ုတ္တရပ္ႀကီး အစြမ္းကထလာတာလဲ? ဒါကမျဖစ္နိုင္ဘူး!"
လုံခ်င္းယင္သည္ သူမကိုၾကည့္ကာ ေျဖသည္။
"ငါလည္းေသခ်ာမသိဘူး။ ဒါပင္မယ့္ ကန္ထဲမွာေတာ့ သက္ရွိတစ္ခုခုရွိတယ္။ ေရွာင္လုကို နယ္ေျမထဲကို ေခၚသြားတယ္ဆိုတည္းက ငါ့အထင္ အဲ့ကန္ထဲကဟာဆီက အကူအညီယူမလို႔ ထင္တယ္"
ယန္ေခ်ာင္းသည္ ကန္ထဲတြင္ ေျခာက္ကပ္သြားခဲ့ဖူးသည္ကို အခုသတိျပန္ရသျဖင့္ လုံခ်င္းယင္သည္ ေၾကာက္ေခြၽးမ်ားပ်ံလာသည္။
လ်ဴကြၽင္းသည္ သူတို႔အား
"ငါတို႔က ဇြန္ဘီေတြဆိုတာ ငါေမ့သြားတယ္။ ငါတို႔ကပၸတိန္မွာက အရမ္းကိုထက္ျမတ္တဲ့ အစြမ္းရွိတယ္။ သူကေရွာင္လုက အစြမ္းနိုးမယ္လို႔ ေျပာသြားတည္းက အမွန္ျဖစ္မွာပါ။ ၿပီးေတာ့လည္း လုံခ်င္းယင္ေျပာတာ အမွန္ပဲ။ ႏြယ္ေလးကို ကပၸတိန္က အကူအညီေတာင္းတာ ေနမယ္။ နယ္ေျမထဲမွာရွိေနတာၾကာၿပီဆိုေတာ့ ငါ့အထင္ သူတို႔ကူညီေပးေနတာ ထိေရာက္ေနေလာက္ပါၿပီ။ မၾကာခင္ ထြက္လာေတာ့မွာပါ"
သူေျပာသည့္အခါ လူတိုင္းသည္ ေမွ်ာင္လင့္ခ်က္ျပည့္လာၾကသည္။
"သူေျပာတာ အမွန္ပဲ ၾကာၿပီဆိုေတာ့ ျပႆနာကို ရွင္းေနေလာက္ၿပီ။ မကူညီနိုင္ဖူးဆိုရင္ သူတို႔ျပန္ထြက္လာတာက ေစာမွာ"
"ႏြယ္ေလးက ဘယ္သူလဲ?"
လင္းဝမ္ဝမ္က အံ့ၾသစြာ ေမးသည္။
လုံခ်င္းယင္သည္လည္း လ်ဴကြၽင္းကို အေျဖသိခ်င္စြာျဖင့္ ေမးလာသည္။
"ကန္ထဲကဟာႀကီးမလား?"
"အင္း ဟုတ္တယ္။ စိတ္မပူၾကနဲ႕!"
လ်ဴကြၽင္းသည္ အၿပဳံးျဖင့္ ေခါင္းၿငိမ့္ျပသည္။ မ်က္တြင္းမည္းႀကီးမ်ား မရွိေတာ့ေလရာ သူမကို ၾကည့္ရသည္မွာ အရင္ကထက္ ပို၍အားအင္ရွိေနသလိုပင္။ အသားအရည္သည္ ေဖ်ာ့ေနေသးေသာ္လည္း ေသြးေၾကာမ်ားက ထင္းေနေလရာ မ်က္လုံးသာ တစ္ခုလုံးနက္မေနလွ်င္ သာမန္လူသားလိုပင္။ သူမ၏အၿပဳံးသည္ ေႏြးေထြးေသာေၾကာင့္ လူတိုင္းသည္ ဒီအၿပဳံးထံမွ အေႏြးဓာတ္ရသြားၾကသ္။
သူတို႔သည္ ေနာက္ထပ္ႏွစ္နာရီေလာက္ စိတ္ရွည္စြာ ေစာင့္ၿပီးသည့္အခါ ေမွာင္လာၿပီ။ ထိုအခ်ိန္တြင္ လင္းခ်င္း၏ နယ္ေျမထဲတြင္ အေျပာင္းအလဲျဖစ္လာသည္။ ကန္ေအာက္ေျခမွ တုန္ခါမႈတစ္ခုက ထြက္လာသျဖင့္ ေရမ်က္ႏွာျပင္သည္ လွိုင္းမ်ားထန္လာသည္။
"ဒါပဲ! ရၿပီ!"
လင္းခ်င္းသည္ ကန္အလည္ကို လွမ္းၾကည့္ေနရင္းက ႐ုတ္တရပ္ေျပာသည္။
လင္းဖန္သည္ ဒီသတင္းေၾကာင့္ စိတ္႐ႊင္လန္းသြားကာ လင္းခ်င္းအား
"ဒါဆိုရင္ ေရွာင္လုက"
လင္းခ်င္းသည္ သူ႕အားၿပဳံးၾကည့္ကာ ေခါင္းၿငိမ့္ရင္း
"အဆင္ေျပတယ္ ခုနကတုန္သြားတာက အျမဴေတ တည္သြားလို႔။ အခုႏြယ္ေလးက အေပၚကို ျပန္ပို႔ေပးေနၿပီ"
ထိုအခါ လင္းဖန္သည္ အမ်ားႀကီးကို စိတ္ေအးသြားကာ ကန္အား ေမွ်ာ္လင့္တႀကီး ၾကည့္ေနသည္။
Advertisement
- In Serial12 Chapters
Ancients [An Epic Litrpg]
After failing his soul awakening, Chen's terrible fate appeared to have changed for the better when he became a chosen. But as the mortal affiliate of a deity, he was thrown into the chaotic, never-ending, battles of the immortals. And in this world, dead souls tell no tale.
8 139 - In Serial21 Chapters
Handcuffs and stripper heels
"So tell me whats a cop doing at a strip club...Or have you come to shut us down?" I ask smirking. "Whats a girl like YOU doing here?" He ask confusing clouding his dark green eyes. "A girl like me?" And he chuckles it wasnt ment to be funny. "A beautiful intelligent-" i cut him off with a laugh.
8 136 - In Serial27 Chapters
Life in a puppy pack (Sterek) (Boyxboy) (completed)
It's summer break, and Stiles is pack mom. The plan was to simply spend the summer in Dereks lake house, to relax and do some pack bonding. But things really don't go as planned when amnesia, kidnapping, proposals and a certain annoying uncle (not neccesarely in that order) decide to make this summer a little bit more interesting. THERE IS A LOT OF FLUFF IN THIS STORY (boyxboy) (sterek fic) I DO NOT OWN TEEN WOLF BUT IF I DID IT'D BE FREAKING AWESOME c:-
8 222 - In Serial51 Chapters
[I] Freedom {Klaus Mikaelson}
Faith Everly never had the best life. From having an abusive mother to being a siphoner, life wasn't the greatest.So what happens when vampires start arriving in Mystic Falls? Will she stay to pretend to be the perfect Everly girl? Or will she show her true colors?[Season 1 - Season 4][Book 1]
8 336 - In Serial83 Chapters
WILD CHILD • Emmett Cullen
"Or maybe your not as amazing as everyone makes you out to be.""Maybe."(Emmett Cullen x Female OC)
8 202 - In Serial14 Chapters
Red, Green, Blue | The First Chapters
A story (series really) that I had drawn a bit backHere's the re-written version of the original (first) comicsIt is FanficMarkiplier (red) Jacksepticeye (green) and Crankgamplays (blue)- get trapped in a digital forest- how do they escape?(Featuring Many egos as well)
8 198

