《First Frost (Myanmar Translation)》Chapter 2
Advertisement
တစ်ယောက်နှင့်တစ်ယောက် မတွေ့ဖြစ်ခဲ့ကြသည်မှာ အချိန်ကြာလွန်းလှပြီဖြစ်ပြီး နောက်ဆုံးအကြိမ်တွေ့ခဲ့သည့်အချိန်ကတည်းကလည်း အဆက်အသွယ်ဟူ၍မရှိ။ ဝိန်းရိဖန်အတွက် ဤလူ၏တည်ရှိမှုကိုပင် ရေးတေးတေးဖြင့်မေ့ပျောက်လုနီးနီးပင်ဖြစ်သည်။
သို့သည့်တိုင် မှတ်မိနေပါသေးသည့်အရာက နှစ်ယောက်သား၏ နောက်ဆုံးပြောခဲ့သောစကားလုံးတို့မှာ နားထောင်ကောင်းသည့်စကားလုံးများတော့ မဟုတ်ပေ။
သူ့အနေဖြင့် သူမဆီသို့ စိတ်မကောင်းသည့်အကြောင်းနှင့် ကူညီပေးဖို့ရာ ရောက်လာရမည့် ဆက်ဆံရေးမျိုးက ပို၍ပင် မဟုတ်ပါချေ။
ဝိန်းရိဖန်း၏ ပထမဆုံးအတွေးမှာ..
တစ်ဖက်လူက အမှတ်မှားနေသည်ဟူ၍။
သို့သော် ဦးနှောက်ထဲသို့ ဝင်လာသည့် နောက်ထပ်အတွေးတစ်ခုမှာ..
စန်းရန်သည်လည်း အချိန်နှင့်အမျှ ရင့်ကျက်လာကာ နှလုံးသားက တွေးတောကျယ်ပြန့်သွားနိုင်သည်ဟူ၍။ အတိတ်မှ အာဃာတတရားများကို လွှတ်ချလိုက်နိုင်ပြီး အတန်းဖော်ဟောင်းတစ်ယောက်ကို ပြန်တွေ့သည့်စိတ်မျိုးဖြင့် ဆက်ဆံနေသည်ဟူ၍။
ဝိန်းရိဖန်က အတွေးစများကို ပြန်သိမ်းယူလိုက်ပြီး လက်ထဲတွင်ကိုင်ထားသည့် အပေါ်ဝတ်ဂျတ်ကတ်ကိုပြန်ပေးရင်း မျက်ဝန်းများထဲ၌ အတွေးများ မေးခွန်းများဖြင့် ပြည့်နေခဲ့သည်။
စန်းရန်က လက်ခံမယူဘဲ အကြည့်များက ပြန်ပေးနေသည့်လက်တစ်စုံကိုမျက်ကွယ်ပြု၍
"ကိုယ်က ဒီ Bar ရဲ့ပိုင်ရှင်"
ဝိန်းရိဖန်၏လက်တစ်စုံက လေထဲတွင်ရပ်တန့်နေပြီး တုန့်ပြန်မှုများပါ နှေးကွေးကုန်လေသည်။
အချိန်တစ်ခုစာအတွင်း အခြေအနေကို သိပ်နားမလည်နိုင်သေးချေ။
သူ့စကား၏အဓိပ္ပါယ်က သူ့ကိုယ်သူမိတ်ဆက်နေခြင်းမျိုးဖြစ်သည့်အပြင် လက်ရှိအချိန်တွင် သူ့အခြေအနေက ဘယ်လိုဘယ်ပုံမျိုး ကောင်းမွန်နေသည့်အကြောင်း အသက်ငယ်ငယ်လေးဖြင့် အမြင့်သို့ ရောက်လာကာ ပိုင်ရှင်သူဌေး ဖြစ်နေသည့်အကြောင်းကို ထုတ်ဖော်ပြသနေသယောင်ယောင်။
ယခုလိုအခြေအနေမျိုးတွင် ဝိန်းရိဖန်က အတွေးများနေနိုင်သေးပြီး ကျုံးစစ်ချောင်၏စကားကိုပါ သတိရမိလိုက်၏။
---"ဒီ Bar ရဲ့ပိုင်ရှင်က လမ်းသရဲလမ်းမကြီးရဲ့ အဓိကသင်္ကေတလို့ ပြောလို့ရတယ်ဟ"
မျက်ဝန်းများက မနေနိုင်အောင် သူ့အား သုံးလေးကြိမ်မျှ လှမ်းကြည့်နေမိလိုက်၏။
အနက်ရောင်မျက်ခုံး ၊ အနက်ရောင် မျက်ဆံများက ဤနေရာမှမီးရောင်များထက်ပင် ကြည်လင်နေသေးသည်။
မျက်နှာထက်တွင် ထိုခုနှစ်များဆီမှ အရိုင်းဆန်သောပုံရိပ်များ လျော့ပါးသွားခဲ့ပြီး အချိုးအကျတို့က တင်းမာပြီး သပ်သပ်ရပ်ရပ်ရှိလာခဲ့သည်။ခန္ဓာကိုယ်အရပ်အမြင့်က တော်တော်လေးကိုမြင့်ပြီး ပိန်ပိန်ပါးပါးရှိကာ တစ်ကိုယ်လုံးထက်ရှိ အနက်ရောင်အဝတ်အစားများက မထီမဲ့မြင်ပြုတတ်သည့်မာနနှင့် လျစ်လျူရှုတတ်သောအကျင့်တို့ကို လုံးဝမဖုံးလွှမ်းနိုင်ပဲ ရှိနေဆဲပင်။
တကယ်ကို အဓိကသင်္ကေတ ပင်။
ထိုနာမည်က ထိုက်ထိုက်တန်တန်ကို ရထားခြင်းမှန်းသိသာလှသည်။
စန်းရန်၏နှုတ်ခမ်းပါးမှ ထွက်လာသည့်နောက်ထပ် စကားလုံးတို့ကြောင့် ဝိန်းရိဖန် အသိစိတ်တို့ပြန်ကပ်သွားခဲ့တော့၏။
"မျိုးရိုးနာမည် စန်း"
"..."
ဒါက သူ့မျိုးရိုးနာမည်ကို မိတ်ဆက်နေတာလား?
ဒါဆို ဆိုလိုချင်တာက သူမကို မမှတ်မိတဲ့အတွက် မိတ်ဆက်နေတာမလား?
ဝိန်းရိဖန်က အခြေအနေကိုချက်ချင်းနားလည်လိုက်ပြီး တည်တည်ငြိမ်ငြိမ်ဖြင့် ပြန်ဖြေလိုက်၏။
"ဘာကိစ္စများ ရှိလို့လဲ"
"အရမ်းအားနာရပါတယ်..ကိုယ်တို့ဘက်က အမှားကြောင့် လူကြီးမင်းကို အဆင်မပြေဖြစ်အောင် လုပ်မိသွားတယ်"
စန်းရန်က ဆက်၍
"လူကြီးမင်းဘက်က တောင်းဆိုချင်တာမျိုးရှိရင် ကိုယ့်ကိုပြောလို့ရပါတယ်..ပြီးတော့ လူကြီးမင်းရဲ့ ဒီနေ့ညကျသင့်ငွေအားလုံးကို ကိုယ်တို့ဘက်က ကုန်ကျခံပါ့မယ်..လူကြီးမင်းရဲ့ ကြည်လင်နေတဲ့စိတ်လေးကို အနှောက်အယှက်မဖြစ်သွားစေဖို့လည်း မျှော်လင့်ပါတယ်"
'လူကြီးမင်း'ဆိုသည့်စကားလုံးတိုင်းကို တစ်ခါပြီးတစ်ခါသုံးနှုန်းနေပါသည့်တိုင် ဝိန်းရိဖန်အတွက်တော့ သူ့ထံမှ လေးစားမှုကိုပြသနေသည့်အရိပ်အယောင်မျိုး လုံးဝလုံးဝမမြင်ရခဲ့ချေ။
စကားပြောနေသည့်လေသံက အစကတည်းကအတိုင်း မပြောင်းမလဲ ၊ ပြောနေသည့်ပုံစံက ပျင်းတိပျင်းရွဲ စိတ်မပါလက်မပါဖြင့် ရိုက်နှက်ခံရခြင်းကြောင့် အေးတိအေးစက် ပြောသလိုပါပင်။
ဝိန်းရိဖန်က ခေါင်းရမ်းပြရင်း
"မလိုပါဘူး..အဆင်ပြေပါတယ်"
ဤစကားကို ပြောထွက်လာချင်းချင်းတွင် စန်းရန်၏မျက်ဝန်းများက သိသိသာသာကျယ်လာခဲ့ကာ စိတ်သက်သာရာရသွားသည့်ပုံစံမျိုးဖြစ်သွားခဲ့၏။ သူ့ဘက်မှနေ၍ သူမနှင့်စကားပြောရသည်မှာ လွယ်ကူပြီးအဆင်ပြေသည်ဟု တွေးလိုက်ပုံရကာ အသံနေအသံထားတို့က ယခင်ကထက်ငြင်သာသွားခဲ့ပြီး ခေါင်းတစ်ချက်ငြိမ့်ပြ၍
"ဒါဆို ခွင့်ပြုပါဦး"
ထို့နောက် ချက်ချင်းဆိုသလို အကြည့်လွှဲလိုက်ကာ ခြေလှမ်းများကအခြားဘက်သို့ ဦးတည်ပြီး လျှောက်ထွက်သွားခဲ့တော့သည်။
ဝိန်းရိဖန်က သူ့ကုတ်အင်္ကျီကို လက်ထဲ၌ကိုင်ထားဆဲဖြစ်၍ အလိုလိုလှမ်းခေါ်မိလိုက်တော့၏။
"စန်း..."
စန်းရန် နောက်ပြန်လှည့်ကြည့်လာခဲ့၏။
သူ့အကြည့်များနှင့် ဆုံသွားသည့်အခိုက်အတန့်တွင် ဝိန်းရိဖန်းက သူတို့နှစ်ဦးသည် လက်ရှိအချိန်တွင် သူစိမ်းများအဖြစ်ရှိနေကြကြောင်းကို ရုတ်တရတ် အမှတ်ရလိုက်ကာ 'ရန်' ဆိုသည့်စကားလုံးက လည်ပင်းဝတွင်တစ်နေလေပြီး ပြောမထွက်လာပါတော့ပေ။
ဦးနှောက်တစ်ခုလုံး ထုံထိုင်းသွားပြီး ဝိန်းရိဖန်က မည်သို့မည်ပုံ ဆက်ခေါ်ရမည်မှန်းမသိတော့။
ပတ်ဝန်းကျင်က အရှက်သည်းစွာကို ငြိမ်သက်ပေးနေသည့်အချိန် အမည်နာမတစ်ခုကို ခေါ်ဆိုလိုက်ဖို့ရာလည်း အလျင်လို လာသည့်အခိုက်အတန့်တွင်တော့ ဗလာကျင်းနေသည့် ဦးနှောက်ကြီးထဲတွင် စကားလုံးတစ်စုက ချက်ချင်းနေရာယူလာလေတော့၏။ဝိန်းရိဖန်က စန်းရန်၏မျက်နှာကို စိုက်ကြည့်နေရင်း ဖြည်းဖြည်းချင်း အသံထွက်လာခဲ့တော့သည်။
"...ထို့ ဖန်"
(ထို့ဖန် - အဓိကသင်္ကေတ / ခေါင်းကြီး )
"...."
မျက်လုံးလေးလုံးက အကြည့်ချင်းဆုံလျက်။
လောကမ္ဘာကြီးက နောက်တစ်ကြိမ် ငြိမ်သက်သွားလေပြန်တော့၏။
ကသိကအောက်နိုင်လွန်းသည့်အခြေအနေကြီးထဲတွင် စန်းရန်၏ မျက်ခုံးနှစ်ခုကြားနေရာက တွန့်ချိုးသွားခဲ့မှန်း ဝိန်းရိဖန် လှမ်းမြင်နေခဲ့ရသည်။
"...."
အမ်!
သူမ အခုလေးတင် ဘယ်လိုခေါ်လိုက်တာ
စန်းထို့ဖန်
စန်း..ထို့..ဖန်
အို့..
စန်း...
ငါ-ူး!
အားးးးးးးးး!
စန်းထို့ဖန် ဟုတ်လား..အားးးးးး
"..."
ဝိန််းရိဖန်၏အသက်ရှူသံများ ရပ်တန့်ကုန်ကာ အမူအရာများပင် လွတ်ထွက်ကုန်လုနီးနီး။ သူမက စန်းရန်၏အမူအရာကို လှမ်းမကြည့်ရဲလေတော့ဘဲ နှုတ်ခမ်းကို တင်းတင်းစေ့ကာ ကုတ်အင်္ကျီအား နောက်တစ်ကြိမ်လှမ်းပေးလိုက်၍
"အင်္ကျီ"
အကောင်းဆုံးဖြေရှင်းနည်းက သူမ အရင်ကလုပ်နေကျအတိုင်း မသင့်လျော်သည့်ပုံစံအရိပ််ယောင်မျိုး လုံးဝမပြဘဲ ဘာမှမဖြစ်သွားသလို နေလိုက်ခြင်းသာ။
Advertisement
ဤအပိုင်းလေးကို နည်းနည်းကျော်ချလိုက်ရုံ။
သို့သော် စန်းရန်က သူမအား ဤသို့ဖြစ်နိုင်မည့်အခွင့်အရေးမျိုး ပေးချင်ပုံမရပေ။
လှည့်ကြည့်လာသည့်သူက ဖြေးဖြေးချင်း ရွတ်ပြ၍
"စန်း ထို့ ဖန်"
ဝိန်းရိဖန်က နားမလည်ချင်ယောင်ဆောင်လိုက်ပြီး
"ဟမ်.."
တစ်ခဏတာ တိတ်ဆိတ်သွားပြန်တော့သည်။
စန်းရန်က သူမအား လှမ်းကြည့်နေလေပြီး အနည်းငယ်အံ့သြနေပုံလည်းရကာ ဆိုလိုရင်းကိုနားလည်သွားခဲ့ပုံလည်းရ၏။သူ၏ 'အာ' ဆိုသည့် အာမေဍိတ်သံတစ်ချက်အပြင် ခပ်ရော့ရော့လေးကွေးတက်သွားသည့်နှုတ်ခမ်းထောင့်စွန်းတို့က 'အော် ဒီလိုလား' ဆိုသည့်အမူအရာမျိုးဖြစ်ကာ
"အားနာပါတယ်..ကိုယ်တို့ Bar က အရက်တွေချည်းရတဲ့ Bar"
"...."
အထင်အမြင်ကတော့ အကြီးကြီးကို လွဲနေပေသည်။
ကိုယ့်ကိုယ်ကိုယ် အင်မတန်ချောမောကျေနပ်စရာကောင်းမှန်းသိပေမယ့် ဒီလို ဝန်ဆောင်မှုမျိုးပေးဖို့ထိတော့ မတွေးထားမိဘူး..ဒါကြောင့် မင်းဘက်ကလည်း နည်းနည်းပါးပါးအာရုံစိုက်ပေးစမ်း..ဆိုသည့်သဘော
ဝိန်းရိဖန်က အထင်လွှဲသွားသည့်အကြောင်း ရှင်းပြချင်သော်ငြား စကားလုံးများက ရှင်းလေ ရှုပ်လေဖြစ်ရမည့် အနေအထားတွင်ရှိနေခဲ့သည်။
ထို့ကြောင့် ထပ်၍ ယက်ကန်ယက်ကန်ရှင်းပြနေရမည်ကိုပျင်းရိလွန်းလှသဖြင့် သက်ပြင်းသာ တိတ်တခိုးလေးချမိလိုက်၏။မည်သို့ပင်ဖြစ်စေ သူတို့နှစ်ဦးမှာ နောက်ထပ်တွေ့ဆုံကြမည့်သူများ မဟုတ်သဖြင့် သူ့စကားနောက်ကိုသာ သံယောင်လိုက်ရင်း စိတ်အားလျော့သွားသည့်ဟန်ဖြင့်
"ဟုတ်လား..ဒါဆိုရင်တော့ စိတ်မကောင်းစရာပဲပေါ့"
"...."
စန်းရန်၏အမုအရာများအားလုံး ကြောင်အမ်းသွားသလို ဖြစ်သွားသည်ကို မြင်လိုက်ရခြင်းမှာ သူမ၏ထင်ယောင်ထင်မှားသက်သက်မဟုတ်။
ဝိန်းရိဖန်က မျက်တောင်ခတ်ပြီး သေချာပြန်ကြည့်လိုက်သည့်တိုင် စန်းရန်၏အမူအရာက ထိုအတိုင်းသာ မပြောင်းမလဲရှိနေဆဲ။သူမလည်း များများစားစားဂရုစိုက်မနေတော့ဘဲ ယဥ်ယဥ်ကျေးကျေးသာပြုံးပြလိုက်၍
"အင်္ကျီ.."
စန်းရန်ဘက်မှ ထိုအင်္ကျီအား ပြန်ယူမည့်အစီအစဥ်ရှိပုံ မရသေးပေ။
နောက်ထပ် ဆယ်စက္ကန့်မျှကြာပြီးသွားချိန်တွင်တော့ သူက သူမ၏နှုတ်ခမ်းထောင့်စွန်းကို စိုက်ကြည့်နေမှန်း ဝိန်းရိဖန် သတိထားမိလိုက်ကာ ထိုအကြည့်များက တည့်တိုးဆန်ဆန်ထိုးထွင်းပြီး ဆိုလိုရင်းတစ်ခုခုပါနေသေးသည်။
ထိုကဲ့သို့သာ စိုက်ကြည့်နေရင်း
"ကိုယ့်အင်္ကျီကိုဝတ်ရမှာအတွက်..."
စန်းရန်က ရုတ်တရက် ပြုံးလိုက်၍
"အရမ်းပျော်နေသင့်တာ မဟုတ်ဘူးလား"
ဝိန်းရိဖန် ; "?"
"ကိုယ် သေသေချာချာတော့မသိပေမယ့်..ကြည့်ရတာ ဒီ Bar ထက် ကိုယ်က နာမည်ပိုကြီးနေသလားလို့"
သူ့မျက်ခုံးများက ရှက်သွားသည့်ဟန်ဖြင့် အနည်းငယ်ပင့်မြှောက်သွားပြီး သူ့စကားလုံးများက သူမကိုမျက်နှာသာပေးသည့်အနေဖြင့် တစ်ထစ်လျော့ချပေးလိုက်အလား ပို၍ရှင်းရှင်းလင်းလင်းဖြစ်လာခဲ့၏။
"အမှတ်တရအဖြစ် ယူသွားလိုက်လို့ရပါတယ်"
"...."
"သူက တကယ်ကြီး အဲ့လိုပြောလိုက်တာလား?"
ကျုံးစစ်ချောင် ထပ်ခါထပ်ခါမေးပြီး အတည်ပြုနေခဲ့ရင်းက အားရပါးရအော်ရယ်ပစ်လိုက်၍
"သောက်ကျိုးနည်းပါလား...နင့်ကို ယူသွားပြီးတော့ မှန်ဘောင်သွင်းထားလို့သာ တည့်ပြောလိုက်ပါတော့လား"
ဝိန်းရိဖန်က နှေးနှေးကွေးကွေးဖြင့်
"သူ ပြောချင်နေတာလည်း အဲ့အဓိပ္ပါယ်ပဲ"
ကျုံးစစ်ချောင်က ရယ်ချင်နေသည့်စိတ်ကိုထိန်းထားရင်း
"စိတ်ထဲသိပ်ထည့်မနေနဲ့ဦး..ဖြစ်နိုင်တာက ဒီလိုအဖြစ်အပျက်မျိုးတွေ မကြာခဏဖြစ်နေလို့များ စန်းရန်က နင့်ကိုပါ သူ့ကိုလာကြည့်တယ်လို့ ထင်သွားတာနေမှာ"
"နင်ရော ငါတို့ဒီနေရာကိုလာရတဲ့အကြောင်းအရင်းကို မေ့သွားပြီလား"
"အာ?"
" 'စား'ဖို့ မဟုတ်လား"
ဝိန်းရိဖန်က ဆက်၍
" 'ကြည့်တယ်' ဆိုတဲ့စကားလုံးလေးလောက်နဲ့တော့ သူ့ရဲ့လူပြောများတဲ့ဂုဏ်ပုဒ်တွေကို ယှဥ်လို့မရလောက်တော့ဘူး"
"...."
ကျုံးစစ်ချောင်က ထပ်ပြီးတဝါးဝါးအော်ရယ်ပြန်တော့၏။
ဝိန်းရိဖန်သည်လည်း လိုက်ပြုံးနေရင်း
"တော်ပြီ..နင် စိတ်ထိန်းဦး..သူ ထိုင်နေတုန်းပဲရှိသေးတယ်..ထွက်သွားမှ ဆက်ရယ်"
ဤအချိန်၌ ဘားခုံ၏အရှေ့တွင် လူသိသိသာသာများလာခဲ့ကာ စန်းရန်က အဝေးဆုံးနေရာတစ်ခုသို့ ဖယ်ပေးသွားတော့၏။ဖောက်မြင်နေရသည့် ဖန်ခွက်အကြည်အား စားပွဲပေါ်မှကောက်ယူကာ နှစ်ငုံခန့်မျှမော့လိုက်ပြီး အေးအေးလူလူရှိနေသည့်ပုံစံက ပြောမရဆိုမရသည့်သခင်လေးတစ်ယောက်အသွင်။
ထိုပုံစံကိုမြင်လိုက်ရပြီးနောက်တွင် ကျုံးစစ်ချောင်လည်း မျက်နှာထားကိုထိန်းနိုင်လိုက်၏။
အရက်ငှဲ့ပေးသည့်စားပွဲထိုးလေးက အချိန်ကိုက်နီးပါး ပြန်ရောက်လာခဲ့၏။စားပွဲထိုးကောင်လေးက အသက်ငယ်ငယ်လေးဖြစ်ပြီး မျက်နှာထက်တွင် ကလေးရုပ်လေးပင် မပျောက်သေး။သူ့လက်ထဲတွင် လင်ဗန်းတစ်ချပ်ကို ကိုင်ထားပြီး ဝိုင်တစ်ခွက်အား စားပွဲပေါ်သို့ချလာပေး၏။ထို့အပြင် အခုလေးတင် ဝိန်းရိဖန်ပေးချေထားသည့်ကျသင့်ငွေများနှင့်အတူ ပြေစာတစ်ရွက်ကိုပါ ခေါက်ပြီး ပြန်ပေးလာခဲ့သည်။
"လူကြီးမင်းမှာထားတဲ့ ဝိုင်ပါ"
ဝိန်းရိဖန်က ပိုက်ဆံကိုလှမ်းကြည့်ရင်း
"ဒါက..."
သူမ၏အမေးကို ပြီးအောင်မစောင့်ဘဲ စားပွဲထိုးလေးက စိတ်သက်သာရာမရသည့်အမူအရာမျိုးဖြင့် အလျင်အမြန်ရှင်းပြလာခဲ့၏။
"တောင်းပန်ပါတယ်..ခုဏတုန်းက ကျွန်တော့်ရဲ့အမှားပါ..သူဌေးက ကျွန်တော့်ကိုရှင်းပြပြီးပါပြီ..လူကြီးမင်းရဲ့ဝိုင်းအတွက် ကျသင့်ငွေပေးစရာမလိုတော့ပါဘူး"
ဝိန်းရိဖန်က စန်းရန်ပြောသွားသည့်စကားကို ပြန်အမှတ်ရလိုက်၏။
တစ်ခဏကြာပြီးနောက်တွင် ဝိန်းရိဖန်က
"ကိစ္စမရှိပါဘူး..မလိုဘူးနော်..ပိုက်ဆံကို ပြန်ယူသွားလိုက်ပါ"
စားပွဲထိုးလေးက ခေါင်းရမ်းပြရင်း
"ဒီဟာကလွဲလို့ လူကြီးမင်းတောင်းဆိုချင်တာရှိရင် ကျွန်တော့်ကို အချိန်မရွေးလှမ်းခေါ်လိုက်ပါနော်"
သူ၏လုပ်ရပ်က ပြတ်ပြတ်သားသားဆုံးဖြတ်ထားပြီးဖြစ်နေသည့်အတွက် ဝိန်းရိဖန်လည်း ဆက်၍ငြင်းခုံမနေတော့ပေ။ဘေးနားတွင်ရှိနေသည့် ကုတ်အင်္ကျီကိုလှမ်းယူလိုက်၍
"ကျွန်မ ခုဏတုန်းက သန့်စင်ခန်းသွားနေတုန်း ဒီအင်္ကျီကိုကော်ရစ်တာနားကနေ တွေ့ခဲ့တာ..ဧည့်သည်တစ်ယောက်ယောက် ကျကျန်ခဲ့တာနဲ့တူတယ်"
စားပွဲထိုးလေးက အလျင်အမြန်လှမ်းယူပေးလိုက်၍
"ဟုတ်ကဲ့..လူကြီးမင်းကို ကျေးဇူးတင်ပါတယ်"
စားပွဲထိုးလေး ထွက်သွားပြီးနောက်တွင် ကျုံးစစ်ချောင်က မျက်စပစ်ပြ၍
"ဘာတဲ့လဲ"
ဝိန်းရိဖန်က အစအဆုံးရှင်းပြလိုက်၏။
ကျုံးစစ်ချောင်က မျက်လုံးပြူးမျက်ဆံပြူးဖြင့်
"သူ့ဘက်ကတောင် ဒီလိုပြောနေပြီကို နင်က ဘာကိစ္စနဲ့အတင်းပေးနေတာလဲ"
"ဆိုင်တစ်ဆိုင်ဖွင့်ထားတယ်ဆိုတာ လွယ်တာမဟုတ်ဘူးဟ"
ဝိန်းရိဖန်က ဝိုင်တစ်ငုံသောက်လိုက်၍
"ဒီလိုအသေးအမွှားကိစ္စလေးနဲ့လည်း သူ့ဘက်က ပိုက်ဆံရာချီ ကုန်ကျခံပေးစရာမလိုပါဘူး"
"နင် ဘယ်လိုများ ဒုတိယမျိုးဆက် ဒီချမ်းသာတဲ့သခင်လေးရဲ့ တစ်ရက်လည်းမဟုတ် နှစ်ရက်လည်းမဟုတ် ငွေဝင်နေတဲ့စီးပွားရေးကို စိတ်ပူပေးနေရတာတုန်း"
ကျုံးစစ်ချောင်က ဆက်၍
Advertisement
"ဒါနဲ့..သူ နင့်ကို တကယ်ကြီးမမှတ်မိတာလား"
ဝိန်းရိဖန်က အဖြစ်နိုင်ဆုံးတွေးကြည့်လိုက်၍
"မမှတ်မိဘူးထင်တာပဲ"
"မြင်နေရတာကို မမှတ်မိတာလား"
ကျုံးစစ်ချောင်က အဓိပ္ပါယ်မရှိသလို ခံစားမိနေရရင်း
"မဟုတ်သေးပါဘူး..နင် ဘယ်လိုရုပ်ရည်မျိုးရှိလဲဆိုတာ နင်မသိလို့လား..နာမည်မှာ 'ဖန်' လို့ပါတိုင်း ရိုးရိုးသာမန်လေးလို့များထင်နေတာလား"
(ဖန် - သာမန် / ပုံမှန်)
"...."
ဝိန်းရိဖန်က ပြောစရာစကားမဲ့သွားလုနီးနီးပင် ဖြစ်သွားရ၍ သဘောတကျရယ်မိလိုက်ကာ
"နင့်စကားပြောနေတဲ့လေသံက မသိရင် ငါ့ကို ဆဲနေသလိုပဲ"
ဝိန်းရိဖန်၏အဖြေအား ကျုံးစစ်ချောင်ဘက်မှ အဓိပ္ပါယ်မရှိသလိုတွေးလိုက်မိသည်မှာလည်း မမှားပြန်ပေ။
အဘယ်ကြောင့်ဆိုသော် ဝိန်းရိဖန်က တော်တော်လေးကိုလှနေခြင်းကြောင့်ပင်။
သူမ၏ နူးညံ့သိမ်မွေ့သောကိုယ်ရည်ကိုယ်သွေးအကျင့်များနှင့် လုံးဝလိုက်ဖက်မှုမရှိဘဲ ဆန့်ကျင်နေသောအသွင်အပြင်အလှတရားတို့မှာ ငြုတုတုပုံစံမျိုးဖြစ်ပြီး ရန်လိုချင်စရာကောင်းလောက်အောင်လှပလွန်းသည်။ထိုမြေခွေးမလေး၏မျက်ဝန်းလေးများကလည်း လူတစ်ယောက်၏စိတ်ဝိဥာဥ်ကို ဆွဲညို့မြှူဆွယ်နေသည့်သဏ္ဍာန်မျိုး။
ယခုလို ညှို့တို့တို့မှိုင်းတိုင်းတိုင်းမီးရောင်အောက်မှ Bar ထဲတွင် ကိုယ်ပိုင်အလင်းရောင်များဖြင့် တောက်ပြောင်နေသည်နှင့်တူလွန်းလှသည်။
ကျုံးစစ်ချောင်၏အတွေးများထဲတွင် ဝိန်းရိဖန်က ဤမျက်နှာလေးတစ်ခုတည်းနှင့်ပင် ချမ်းသာကြွယ်ဝမည့်ကံကြမ္မာရရှိအောင် ပြုလုပ်နိုင်စွမ်းရှိသည့်သူမျိုး ဖြစ်ပါသည့်တိုင် ထိုသူမက ခက်ခက်ခဲခဲအလုပ်လုပ်နေရသည့် သတင်းထောက်တစ်ဦးအဖြစ်သာ ရပ်တည်နေခဲ့သည်။
"ပြီးတော့ နင့်ပုံစံက အထက်တန်းတုန်းကနဲ့ အခုနဲ့ ကွာခြားသွားတာမျိုးမှ သိပ်မရှိတာဘဲ..အရင်တုန်းကထက် ဆံပင်နည်းနည်းတိုသွားတာပဲရှိ..."
ကျုံးစစ်ချောင်က စန်းရန်ရှိသည့်ဘက်သို့တစ်ချက်လှမ်းကြည့်လိုက်ပြီး စကားလုံးများ၏ဦးတည်ရာက ချက်ချင်းပြောင်းလဲသွားခဲ့၏။
"အင်း..ဖြစ်လည်းဖြစ်နိုင်ပါတယ်လေ"
"...."
"သူ့အခြေအနေနဲ့ဆိုရင် ဒီနှစ်တွေအတွင်း လိုက်ခဲ့တဲ့ကောင်မလေးတွေလည်း နည်းလောက်မှာမဟုတ်ဘူး..ပြောမရရင် နင်နဲ့ပုံစံတူတဲ့ကောင်မလေးတွေလည်း ပါရင်ပါလောက်မှာ"
ဤစကားကိုကြားလိုက်ရချင်းတွင် ဝိန်းရိဖန်က စန်းရန်ရှိသည့်နေရာဘက်သို့ လှမ်းကြည့်မိလိုက်၏။
ဤတစ်ကြိမ်တွင် သူ့ဘေးနား၌ အမျိုးသမီးတစ်ဦးရှိနေခဲ့သည်။
အအေးဒဏ်ကိုမကြောက်သည့်အမျိုးသမီးက ခန္ဓာကိုယ်နှင့်တသားတည်းကျနေသည့် စကတ်အတိုကိုဝတ်ထားပြီး ဘားခုံကိုမှီရပ်ရင်း စန်းရန်ရှိသည့်ဘက်သို့ ခေါင်းစောင်း၍ ချိုချိုသာသာပြုံးနေခဲ့ကာ ခန္ဓာကိုယ်ကောက်ကြောင်းများက လှုပ်ရှားမှုတစ်ခုချင်းစီတိုင်းတွင် သိသိသာသာထင်းရှင်းပြသနေခဲ့သည်။
စန်းရန်က ထိုအမျိုးသမီးကို လှမ်းကြည့်လိုက်ရင်း ခပ်ရေးရေးပြုံးပြနေ၏။
သည်အခြေအနေမျိုးတွင် ဖြစ်နိုင်ချေအများဆုံးက ပရောပရည်လုပ်နေကြခြင်းမျိုးပင်။
ကျုံးစစ်ချောင်က အခြားကိစ္စများကို စကားစလာသည့်အချိန်တွင်တော့ သည်ခေါင်းစဥ်အောက်မှ ရုန်းထွက်လိုက်နိုင်ကာ သူမ၏အာရုံအလုံးစုံက ကျုံးစစ်ချောင်၏အသံနောက်သို့ ပြန်လည်ဆွဲပါသွားခဲ့တော့၏။ နှစ်ယောက်သား စကားစမြည်ပြောကြသည်မှာ နာရီဝက်နီးပါး။
စင်ပေါ်မှ အမျိုးသမီးတေးသံရှင်၏သီဆိုဖျော်ဖြေမှုပြီးသွားသည့်အချိန်တွင် ဝိန်းရိဖန်က နာရီကိုလှမ်းကြည့်လိုက်၍
"ဆယ်နာရီတောင်ထိုးတော့မယ်..ငါတို့ ပြန်ကြတော့မလား"
ကျုံးစစ်ချောင် ; "အိုကေ"
နှစ်ယောက်သား အပြင်သို့လျှောက်ထွက်လာခဲ့လိုက်သည်။
ကျုံးစစ်ချောင်က ဝိန်းရိဖန်၏လက်ကိုဆွဲထားရင်း တစ်ဖက်က ဖုန်းကိုဖွင့်ကြည့်ကာ
" 'ရှန့်လန်' အခုလေးတင် ငါ့ကိုပြောလာတာ..သူ နောက်လကျရင် ပြည်ပကနေပြန်လာတော့မယ်တဲ့..နောက်တစ်ခါကျရင် ငါတို့ သူ့ကိုပါခေါ်ပြီး လာရအောင်..ကမြင်းတဲ့သူတစ်ယောက်လျော့နေတော့ နည်းနည်းပျင်းစရာကောင်းနေတယ်မလား"
ဝိန်းရိဖန်က ထောက်ခံသည့်သဘောကိုဆောင်၍
"ကောင်းပြီလေ"
ထွက်သွားလုနီးနီးတွင် ဝိန်းရိဖန်က ဘားခုံဆီသို့ တစ်ချက်လှမ်းကြည့်မိလိုက်သေး၏။
စန်းရန်က နဂိုပုံစံအတိုင်းသာ ထိုင်နေဆဲဖြစ်ပြီး သူ့ဘေးနားမှ အမျိုးသမီးမှာတော့ နောက်တစ်ယောက်ပြောင်းသွားခဲ့ပြီဖြစ်သည်။သူ့မျက်နှာထက်တွင် မည်သည့်အမူအရာမျိုးမှရှိမနေဘဲ မည်သည့်အရာကိုမှလည်း ဂရုစိုက်မနေသည့် မျက်နှာထားမျိုးဖြစ်သည်။
မမျှော်လင့်ထားကြသည့် ပြန်လည်တွေ့ဆုံကြခြင်းတွင် သူ့ဘက်မှ ပြသပြုမူခဲ့သည့်အရာအားလုံးက တစ်ခါမှမတွေ့ဆုံခဲ့ကြဖူးသည့် သူစိမ်းတစ်ယောက်ကို ဆက်ဆံသည့်ပုံစံမျိုးပင်။
ဝိန်းရိဖန် ငြိမ်သက်သွားမိတော့၏။
မဆီမဆိုင်ဖြင့် သူတို့နှစ်ဦး အဆက်အသွယ်မဖြတ်ခင် နောက်ဆုံးအကြိမ် တွေ့ခဲ့ကြသည့်အချိန်အား ပြန်တွေးကြည့်မိလိုက်တော့သည်။
တိတ်ဆိတ်လွန်းနေသည့်ည ၊ လရောင်ဟူ၍မရှိ။ မြူခိုးနှင့်တိမ်မည်းကြီးများသာ ထူထပ်အုံ့မှိုင်းနေသည့် မြို့ငယ်လေးကို ညှဥ်းဆဲနေသည်မှာ အဆက်မပြတ်ကျနေသည့် မိုးဖွဲများ။ လမ်းကြားကျဥ်းကျဥ်းလေးထဲတွင်ရှိသည့် တစ်ခုတည်းသော လမ်းမီးအိမ်လေးမှာ မှိတ်တုတ်မှိတ်တုတ်ဖြစ်နေကာ ပုရွက်ပျံများသည်လည်း နေရာတိုင်းတွင် ပျံသန်းနေခဲ့သည်။
ကောင်ငယ်လေး၏ဆံပင်တို့သာမက မျက်တောင်များကပါ မိုးရေကြောင့် စိုစွတ်နေခဲ့ကာ အသားအရောင်က ဖြူဖွေးနေခဲ့ပြီး မျက်ဝန်းများထဲရှိ အလင်းရောင်များမှာတော့ ငြိမ်းသတ်ခံထားပြီးပြီဖြစ်သည်။
အရာအားလုံးက အမှန်တကယ်မဟုတ်သည့်ထင်ယောင်ထင်မှားများလိုလို။
သူမကိုယ်တိုင်သည်တော့ ထိုအချိန်တုန်းက မည်သို့သောခံစားချက်မျိုးကို ပွေ့ပိုက်ထားခဲ့မှန်း မမှတ်မိပါတော့ချေ။
မှတ်မိနေသည့်တစ်ခုတည်းမှာ..
စန်းရန်၏ အက်ကွဲနေသည့်အသံများဖြင့် သူမ၏အမည်အား နောက်ဆုံးတွင် ခေါ်လိုက်ခြင်းပင်ဖြစ်၏။
"ဝိန်းရိဖန်"
ထို့နောက်တွင် မျက်လွှာတို့က အောက်သို့စိုက်သွားပြီး သူ့ကိုယ်သူ လှောင်ရယ်နေသည့်အသံတို့ဖြင့်
"ငါလည်း အဲ့လောက်ထိ စုတ်ချာမနေပါဘူး"
ထပ်၍လည်း မှတ်မိနေသေးသည်က..
သူ့မာနများအားလုံးကို ဖယ်ချပစ်လိုက်ပြီး သူ့ကိုယ်သူ ရှောင်ဖယ်ပစ်သင့်သည့်အညစ်အကြေးတစ်ခုအဖြစ် ခံယူလိုက်ကာ
"စိတ်မပူနဲ့"
သူက ခနဲ့တဲ့တဲ့ရယ်လိုက်၍
"ငါ မင်းကိုထပ်ပြီး နှောက်ယှက်နေတော့မှာ မဟုတ်ဘူး"
ဧည့်သည်အပေါ် အရက်မှောက်ကျသွားသည့်ကိစ္စကြောင့် 'ယွိကျော' က တစ်ညခင်းလုံး စိတ်အေးလက်အေးမရှိပါတော့ချေ။တူညီသည့်အမှားမျိုးထပ်မဖြစ်ရလေအောင် အလုပ်ကိစ္စမှန်သမျှကို အသေးစိတ်ဂရုတစိုက်လုပ်နေခဲ့ပြီး ပိုင်ရှင်သူဌေး၏ဒေါသများ လျော့ပါးသွားစေရန် ကြိုးစားအားထုတ်နေခဲ့သည်။
ထိုဝိုင်းမှ ဧည့်သည်များထွက်သွားပြီးသည်နှင့်အချိန်တွင်တော့ စားပွဲဝိုင်းကိုရှင်းလင်းရန် လာခဲ့လိုက်၏။
ဝိုင်ခွက်များကို ပြန်သိမ်းပြီးသည့်အချိန်တွင် ယွိကျောက ဘေလ်စာရွက်၏အောက်မှ အနီရောင်စက္ကူများကို သတိထားမိလိုက်ကာ သူ့လှုပ်ရှားမှုအားလုံး ချက်ချင်းရပ်တန့်သွားခဲ့သည်။
ထို့အပြင် ထပ်ပြီး ထိုင်ခုံအောက်တွင်ကျနေသည့် လက်ကောက်ကိုပါ မြင်လိုက်ရတော့၏။
ယွိကျောက ကောက်ယူလိုက်ပြီးနောက် ဘားခုံဆီသို့ အလေးအနက်ဖြစ်နေသည့်မျက်နှာထားဖြင့် ပြန်ရောက်လာခဲ့၏။လင်ဗန်းကို ရှေ့တွန်းပေးလာရင်း ဆံပင်အဝါရောင်ဖြင့် ယမကာအဖျော်ဆရာအား
"ရှောင်ဟယ်ကော.. K11 က ဧည့်သည်တွေ ပစ္စည်းတစ်ခုပြုတ်ကျခဲ့တယ်"
'ဟယ်မင်ပေါ်' က လှမ်းယူလိုက်၍
"ဒါနဲ့..မင်း ခုဏတုန်းကယူလာတဲ့အင်္ကျီက ရန်ကောရဲ့အင်္ကျီနဲ့တော်တော်လေးတူတယ်"
"အာ..ကျွန်တော် ဘာမှမသိဘူးနော်..သန့်စင်ခန်းဘက်ကနေ တွေ့လာတာလို့ပြောတာပဲ"
ပိုက်ဆံကိစ္စကိုတွေးမိလိုက်ရင်း ယွိကျောက ခေါင်းတကုတ်ကုတ်ဖြစ်သွားရကာ
"ကော..ခုဏတုန်းက ရန်ကောက ကျွန်တော့်ကို အဲ့ဝိုင်းကို Free ပေးထားတယ်လို့ပြောခဲ့တာ..ဒါပေမယ့် K11က ဧည့်သည်တွေက ပြန်အမ်းငွေကို မယူသွားဘူး..ကျွန်တော် ရန်ကောကိုပြောပြသင့်လား"
ဟယ့်မင်ပေါ်က တစ်ချက်လှမ်းကြည့်၍
"အမှားကိုသွားဝန်ခံလိုက်တော့"
"...."
ယွိကျောက ရုတ်တရက်ကြောင်အမ်းသွားပြီး တစ်ခုခုကို အသည်းအသန်ရှင်းပြလာခဲ့၏။
"ကော..ကျွန်တော့်ဘက်က ပိုက်ဆံကို ယူထားချင်တာမဟုတ်ဘူးလေ..K11 က မယူသွားတာ..ကျွန်တော် အဲ့ဧည့်သည်ကို ဘယ်နှကြိမ်တောင် ပြောခဲ့ရမှန်းကို မသိတော့ဘူး"
လက်ကောက်အား အိတ်အကြည်တစ်ခုထဲသို့ထည့်လိုက်ပြီး ဟယ်မင်ပေါ်က တပြုံးပြုံးလုပ်ကာ
"ရန်ကောက အဲ့လောက်လည်း သဘောထားမသေးပါဘူးကွာ"
"...."
ဟုတ်သလိုလိုပဲ..
ထိုအတွေးမျိုးဝင်သွားပြီးနောက် စန်းရန်ကိုရှာရန်အတွက် အပေါ်ထပ်သို့တက်လာခဲ့လိုက်၏။သို့သည်တိုင် စိတ်လှုပ်ရှားသည်ကိုတော့ ထိန်းချုပ်မထားနိုင်သေးပေ။
တစ်ညလုံး ဘားခုံရှေ့တွင်နေရာယူထားသည့် စန်းရန်က ဘယ်အချိန်က အပေါ်ထပ်သို့ရောက်သွားမှန်းမသိ။ ယခုအချိန်တွင် သူက အပေါ်ထပ်၏အတွင်းဘက်အကျဆုံးနေရာ၌ ထိုင်နေပြီး အမူအရာတို့ကပေါ့ပေါ့ပါးပါး။
သူပြောပြနေသည့်စကားများကို ကြားမကြားလည်း မသေချာသည့်အခြေအနေ။
စန်းရန်က အသံတစ်ချက်မထွက်လာဘဲ လက်ထဲမှ ဖန်ခွက်ကိုသာ ကစားနေလေသည်။
ပတ်ဝန်းကျင်လေထုအခြေအနေကြီးက နိုင်ထက်စီးနင်းဖြင့်အကျပ်ကိုင်ခံနေသည့်အတိုင်းပင်။
ယွိကျောက သူ့ခေါင်းသူရိုက်ကာ တည်ငြိမ်အောင်ကြိုးစားရင်း
"ဒီဟာက ဝိုင်ဖိုးကျသင့်ငွေ မဖြစ်နိုင်လောက်ဘူး..ကျွန်တော် ခုဏတုန်းက အဲ့ဒီဧည့်သည်နှစ်ယောက်ပြောနေတာကို ကြားခဲ့တာက..."
ပြောနေရင်းက နောက်ထွက်လာမည့်စကားလုံးများက တော်တော်လေးမသင့်လျော်မှန်း သတိထားမိလိုက်သဖြင့်
"ဒါပေမယ့် ပတ်ဝန်းကျင်ဆူညံနေတာဆိုတော့ ကျွန်တော်လည်း ရှင်းရှင်းလင်းလင်းမကြားလိုက်ရဘူး..ဒါကြောင့်မလို့ ကျွန်တော့်ဘက်က မသေချာတဲ့...."
စန်းရန်၏အေးစက်ပြနေသည့်မျက်ခုံးများကို မြင်လိုက်ရသည့်အချိန်တွင်တော့ ယွိကျောတစ်ယောက် လန့်ဖြန့်သွားကာ စကားလုံးများကချောချောမွေ့မွေ့ထွက်ကျလာလေတော့၏။
"ကျွန်တော်ကြားခဲ့တာက အဲ့ဒီဧည့်သည်ရဲ့သူငယ်ချင်းက သူ့ကိုမေးနေတာ..ဒီ Bar ကိုလာတာက ရန်ကောကို ကြည့်ဖို့အတွက်လားတဲ့..သူက မဟုတ်ဘူးလို့ဖြေတယ်"
စန်းရန်၏မျက်တောင်များ မသိမသာလှုပ်ရှားသွားခဲ့၏။
Advertisement
- In Serial20 Chapters
You Forgot Me
Zhao Family's father and son have a heartache. Father: Where is my son's mother? 3 year old Son: Where is my mother? Soon, the pair of Father and Son came up with a plan to trick their family member home. Romance, Family, Drama, Slight Comedy. Male Protagonist is a Big-Shot CEO. Content and cover © 2021 Emerald Green
8 115 - In Serial185 Chapters
Onyx Lycan Nightclub
[18+] A Lycan's favourite meal is a fresh virgin mortal. If you dare visit the Onyx Lycan Nightclub in Dire Wolf City, it's just a matter of time before you fall to a Lycan's deadly wolf charm.Contract to Entry: Onyx Requirements. No panties, dispose of them at the front. Swallowing isn't optional. If you die it's not our fucking fault. Signed, Lycans of Dire Wolf City. Your signature, blank space.WARNING:HEAVY ADULT CONTENTHORROR-ROMANCEEROTICA
8 410 - In Serial37 Chapters
The Exiled Alpha | ✓
"It's like he's a different breed of werewolf. Something... beyond us."• • •Adrienne Gage has spent her entire life being shunned and punished for her mouthy attitude, and being loyal to a pack which doesn't deserve her loyalty. It's been a year since her last punishment, and she's been walking on eggshells to keep herself in the clear. But now, that's all being threatened to be taken away if she doesn't abide by what the Alpha's son wants; and that's her as his Luna. At the same time, terrified whispers are circulating around. Mentions of a tyrant Alpha looking for a new pack to conquer. Adrienne thinks nothing of everyone else's paranoia. That is until she finds herself half conscious and being dragged away deeper into the woods with canines around her neck.Highest Ranking #1 in ParanormalHighest Ranking #1 in Werewolf Highest Ranking #1 in Romance Cover made by @SilverlessCOMPLETED
8 291 - In Serial40 Chapters
The CEO. (W|W)
"I don't understand what else you want from me." I hissed. She smirked, rolling her ice blue eyes that were filled with nothing but her ego and it made me want to choke her. "How about you come find out, hm?"Cover by @herparamour
8 193 - In Serial40 Chapters
Camp Wisahickon
To her parents, Amelia Stevens is the perfect daughter. Excellent grades, a piano prodigy, and her mature nature makes Amelia a good girl. However, when she's at camp, things change. Camp Wisahickon is the one place Amelia is able to be herself.Carter Miller is the exact opposite. Constantly getting in trouble, making reckless decisions, and a stubborn pride has landed Carter a court ordered ultimatum: spend the summer at the Juvenile Delinquent Detention Center or attend a month-long camp. Unfortunately for Amelia, he chose Camp Wisahickon.
8 203 - In Serial42 Chapters
The Manager's Little Brother
A HAIKYUU and KUROKO NO BASKET Crossover
8 95

