《First Frost (Myanmar Translation)》Chapter 4
Advertisement
သူ့အသံက တိုးလွန်းသည်လည်းမဟုတ် ကျယ်လွန်းသည်လည်းမဟုတ်။
သို့သည့်တိုင် မြေပြင်ကိုရိုက်ခတ်သွားသည့် မိုးကြိုးသွားတစ်ခုနှင့် တူလွန်းလှကာ အတွေးများနေသည့် ဝိန်းရိဖန်အား တစ်ချက်တည်းဖြင့်လှုပ်နှိုးသွားစေနိုင်လိုက်သည်။
အရင်ရက် သူမ ဤနေရာကိုလာသည့်အချိန်တုန်းက စန်းရန်အား အဘယ်သို့သောစကားမျိုးကို ပြောခဲ့ပါသနည်း။
---"အားနာပါတယ်..ကိုယ်တို့ Bar က အရက်တွေချည်းရတဲ့ Bar"
---"ဒါဆို စိတ်မကောင်းစရာပဲပေါ့"
ဝိန်းရိဖန် နှုတ်လမ်းကို တင်းတင်းစေ့မိထားရင်း ရှက်နေသည့်စိတ်က သူမတစ်ကိုယ်လုံးကို ဝါးမြိုပြီးဖုံးလွှမ်းသွားလေတော့သည်။
ကံကောင်းထောက်မစွာဖြင့် ဆူညံနေသည့်ပတ်ဝန်းကျင်တစ်ခွင်ကြောင့် ယမကာအဖျော်ဆရာလေးက စန်းရန်၏စကားလုံးတို့ကို လုံးဝမကြားလိုက်ဘဲ ထူးထူးဆန်းဆန်းသာရပ်ကြည့်နေ၏။
"ကော..ဘာလုပ်နေတာလဲ"
ထို့နောက် အံဆွဲထဲသို့ လက်ညှိုးထိုးပြပြီး အသံကိုမြင့်လိုက်၍
"အစ်ကို ဒီထဲမှာထားထားတဲ့ လက်ကောက်ကိုတွေ့မိသေးလား"
အသံကြားရာဆီသို့ စန်းရန် တစ်ချက်လှမ်းကြည့်လိုက်၏။
ယမကာအဖျော်ဆရာက ဆက်၍
"ဒီဧည့်သည်လူကြီးမင်းက အရင်ရက် ကျွန်တော်တို့ဆိုင်လာတဲ့အချိန်တုန်းက လက်ကောက် ကျကျန်ခဲ့တာ..အဲ့နေ့က ယွိကျော ကောက်ရထားသေးတယ်..ကျွန်တော်..."
စကားကို ဤထိပြောလာရင်းက ရုတ်တရက်ရပ်လိုက်ပြီး လမ်းကြောင်းလွှဲလိုက်၏။
"အစ်ကို သိမ်းသွားတာမဟုတ်ဘူးလား"
စန်းရန်က ခုံအမြင့်ပေါ်တွင်ထိုင်လိုက်ပြီး ပျင်းတိပျင်းရွဲအသံဖြင့် 'အာ' ဟုတစ်ချက်ပြုလိုက်၏။
ယမကာအဖျော်ဆရာ ;
"အစ်ကို ဘယ်နားမှာသိမ်းထားတာလဲ"
စန်းရန်က အကြည့်လွှဲလိုက်ပြီးနောက် ရောက်တတ်ရာရာလိုက်ကြည့်နေရင်း
"မတွေ့မိဘူး"
"...."
ယမကာအဖျော်ဆရာလေးတစ်ယောက် နင်သွားလေပြီး အဓိပ္ပါယ်မရှိလျှောက်ပြောထားသောစကားလုံးတို့ကြောင့် ပြောစရာစကားမဲ့သွားတော့သည်။
အချိန်ကိုက်ဆိုသလို မိန်းကလေးနှစ်ဦးက ဘားခုံသို့ရောက်လာကြပြီး သောက်စရာများ မှာယူလာခဲ့၏။
အသက်ကယ်တင်ရှင်တွေ့လိုက်ရသည့်အလား ယမကာအဖျော်ဆရာလေးက စန်းရန်ဘက်သို့ လှည့်ပြီး
"သူဌေး ဧည့်ခံပေးထားပါဦး..ကျွန်တော် အလုပ် အရင်လုပ်လိုက်ဦးမယ်"
ချက်ချင်းဆိုသလို လှည့်သွားပြီး ထိုနှစ်ယောက်အား နှုတ်ဆက်လိုက်၏။
ယွိကျောသည်လည်း ဘယ်အချိန်ကတည်းက ထွက်သွားခဲ့မှန်းမသိ။
သူတို့နှစ်ဦးတည်းသာ ကျန်နေခဲ့၏။
လူစည်ကားပြီး ဆူညံနေသည့်နေရာမျိုးဖြစ်နေပါသည့်တိုင် တစ်ယောက်တည်းအထီးကျန်နေသည်နှင့် မခြားမနား ၊ ယမကာအဖျော်ဆရာလေး၏စကားအဆုံးတွင် နှစ်ယောက်သားက တစ်ယောက်ကမတ်တပ်ရပ်ပြီး တစ်ယောက်ကထိုင်နေလျက်ရှိကာ ပတ်ဝန်းကျင်နှင့် အဆက်အစပ်မရှိသည့်အခြေအနေကြီးထဲ ကသိကအောက်နိုင်နေကြရသည်။
စန်းရန်က ဖန်ခွက်အကြည်တစ်ခွက်ကို လှမ်းယူပြီး ဝိုင် တစ်ဝက်နီးပါးလောင်းထည့်လိုက်ကာ နောက်တစ်စက္ကန့်တွင် စန်းရန်က ဖန်ခွက်အား သူမ၏အရှေ့သို့ တွန်းပို့ပေးလာ၏။
ဝိန်းရိဖန်က မမျှော်လင့်ထားသည့်လုပ်ရပ်များကြောင့် လှမ်းကြည့်မိလိုက်သည်။
ယောက်ျားလေး၏အနက်ရောင်ဆံပင်များက နဖူးထက်တွင် ကျိုးတို့ကျဲတဲကျနေခဲ့ကာ မျက်တောင်မွှေးများက ကျီးတစ်ကောင်၏အတောင်ပံများသဖွယ် ၊ မျက်နှာတစ်ခြမ်းက အလင်းထဲတွင်ရောက်နေပြီး အခြားတစ်ဖက်ခြမ်းသည်ကား အမှောင်ထဲတွင် ၊ သူ့လက်ထဲတွင်တော့ ဘီယာဘူးသေးတစ်ဘူးကို ကိုင်ထားပြီး မျက်ခုံးများကိုပင့်မြှောက်ပြ၍
"ကိုယ့်ကို ဘယ်လိုပုံစံမျိုးနဲ့ ဧည့်ခံပေးစေချင်လဲ"
သည်တစ်ကြိမ်တွင်တော့ ဝိန်းရိဖန်တစ်ယောက် ဤနေရာအား ကောင်လေးများကိုစားဖို့ရာသက်သက် ရောက်လာရသလိုလိုပင် ခံစားလိုက်ရချေတော့သည်။
တစ်ခဏတိတိငြိမ်နေခဲ့ပြီး ဝိုင်ခွက်ကိုလည်း မထိဘဲဖြင့်
"မလိုတော့ဘူး..ကျေးဇူး.."
အေးခဲနေသည့် ဟင်းလင်းပြင်ကြီးဖြစ်သွားပြန်တော့၏။
ဖြစ်နိုင်သည်မှာ စန်းရန်က ယမကာအဖျော်ဆရာ၏ရှင်းပြချက်ကြောင့် ဆက်သွယ်ရမည့်နံပါတ်ပေးထားသည့်ကိစ္စအား ထပ်၍ အစဖော်လာခြင်းမရှိ။ဤနေရာက သူ့ပိုင်နက်နယ်မြေ ဖြစ်နေသဖြင့်လည်း စန်းရန်အား မျက်နှာထောက်ထားသောအားဖြင့် သူမဘက်ကမှလည်း အစဖော်ခြင်းမရှိပေ။
သူမက အဓိကအကြောင်းအရာဆီသို့သာ ဦးတည်လိုက်၍
"ဒီမှာက ကျန်ခဲ့တဲ့ပစ္စည်းတွေကို သူဌေးကပဲ စီမံတာဆို"
စန်းရန်က ရယ်လိုက်ရင်း
"ဘယ်သူပြောတာလဲ"
ဝိန်းရိဖန်က ယမကာအဖျော်ဆရာအား လက်ညှိုးထိုးပြလိုက်၏။
စန်းရန်က ညွှန်ပြသည့်နေရာအတိုင်းကြည့်လိုက်ပြီးနောက် ရုတ်တရက် ဘားခုံအား သုံးလေးချက်မျှခေါက်လိုက်သည်။
"ဟယ်မင်ပေါ်"
ဟယ်မင်ပေါ်က ခေါင်းထောင်လာပြီး
"အေ့!..ဘာလဲ ကော"
စန်းရန်က အေးအေးလူလူပုံစံမျိုးဖြင့်
"ငါ ဘယ်တုန်းကများ ဒီလို ကျကျန်ခဲ့တဲ့ပစ္စည်းတွေကိုတာဝန်ယူဖို့ထိ အားယားသွားခဲ့တာလဲ"
"...."
ဟယ်မင်ပေါ်က မည်သို့တုန့်ပြန်ရမှန်း မသိတော့သည့်အပြင် လုပ်လက်စအလုပ်များပင် မပြီးပြတ်သေးသဖြင့်
"ကော..ခဏလေး..ကျွန်တော် ဧည့်သည်အတွက် အရင်စပ်ပေးလိုက်ဦးမယ်"
စန်းရန်၏ ဤအပြုအမူက အတော်လေးကိုမသင့်လျော်လှပေ။
ဝိန်းရိဖန်က နှုတ်ခမ်းကိုစေ့ထားမိရင်း လိပ်စာကဒ်အား ဝိုင်ခွက်၏ဘေးနားသို့ တွန်းပို့လိုက်၍
"ဒါဆို ဆက်သွယ်ရမယ့်နံပါတ်ကို ဒီမှာထားခဲ့လိုက်ပါမယ်..ရှာတွေ့ရင် ဒီနံပါတ်ကိုပဲ တိုက်ရိုက်ဆက်သွယ်လိုက်ပါ..ကျွန်မ လာယူလိုက်မယ်..ကျေးဇူးပါ"
စန်းရန်က မျက်လွှာပင် ပင့်မကြည့်လာဘဲ ဝတ်ကျေတန်းကျေ 'အင်း' ဟုသာ အသံပြုလိုက်၏။
ဝိန်းရိဖန်သည်လည်း သေသေချာချာနားမလည်မိချေ။
အကယ်၍ စန်းရန်က ဆိုင်လာသည့် ဧည့်သည်တိုင်းအပေါ် ယခုလိုမျိုးသာ အဆက်အဆံလုပ်နေလျှင် ဤ barက အဘယ်သို့များ ကောင်းကောင်းလည်ပတ်နေနိုင်ဦးမည်နည်း။
ဒါမှမဟုတ် သူမတစ်ယောက်တည်းကိုသာ ယခုလိုဆက်ဆံနေခြင်းလား။
သို့မဟုတ် သူမ ပြောခဲ့သည့်စကားများကြောင့် စိတ်မသာမယာဖြစ်သွားရခြင်းကြောင့်လား ၊ သို့တည်းမဟုတ်လျှင် အတိတ်မှကိစ္စများကို မေ့မပျောက်ပစ်နိုင်သေးဘဲ သူမအား မမှတ်မိချင်ယောင်ဆောင်ထားကာ မျက်နှာချင်းဆိုင်ပြန်တွေ့ကြပါသည့်တိုင် ကောင်းကောင်းမွန်မွန် မဆက်ဆံချင်တော့ခြင်းလား။
မနက်မိုးမလင်းခင်ကတည်းက ရဲစခန်းရောက်နေခဲ့ရသည့်အပြင် တစ်နေ့လုံး၌လည်း သတင်းအင်တာဗျူးအတွက် သုံးနေရာတိတိလှည့်ပတ်သွားခဲ့ရသေးသည်။အိမ်ပြန်ရောက်သည့်အချိန်တွင်လည်း အိမ်ခန်းပိုင်ရှင်အား အဖြစ်အပျက်များအတွက် စကားပြောရဦးမည်ဖြစ်ပြီး နောက်ထပ် ငှားရမ်းမည့်နေရာအတွက်ပါ စီစဥ်ရဦးမည်။ထို့အပြင် ဘေးခန်းမှ ထိုယောက်ျား၏မကျေမနပ်လက်စားချေလာခြင်းမျိုးအတွက်လည်း သတိကြပ်ကြပ်ထားကာ ကြိုတင်ပြင်ဆင်ထားရဦီးမည်။
လုပ်စရာအလုပ်ပေါင်းများစွာက သူမအား စောင့်ကြိုနေလျက်။
သေသေချာချာ စဥ်းစားတွေးတောကြည့်လျှင်တော့ စန်းရန်၏ ဤအပြုအမူက ပြောပရလောက်သည်မျိုးမဟုတ်။
သို့သော် အဘယ်ကြောင့်မှန်း ရေရေရာရာမရှိ ၊ သူမ၏ အိပ်ရေးမဝထားသည့်စိတ်ကြောင့်လည်း ဖြစ်နိုင်ကာ ယခုအချိန်တွင်တော့ အကြောင်းအမျိုးမျိုးဖြင့် ပိတ်လှောင်မွန်းကြပ်သလို ခံစားနေရတော့၏။
Advertisement
ဝိန်းရိဖန်က ငြင်ငြင်သာသာဖြင့်သာ စကားထပ်ဆိုလိုက်၏။
"အရေးကြီးတဲ့ပစ္စည်းမလို့ အကူအညီတောင်းပါတယ်..အလုပ်လည်း များစေမိပါပြီ"
ဝိန်းရိဖန် ထွက်လာတော့မည်အပြုတွင် စန်းရန်က
"ခဏလေး"
ဝိန်းရိဖန် ရပ်တန့်သွားခဲ့၏။
စန်းရန်က လည်ချောင်းရှင်းလိုက်ပြီး နောက်တစ်ကြိမ်အသံမြင့်လိုက်၍
"ဟယ်မင်ပေါ်..ဘာတွေ အချိန်ဆွဲနေတာလဲ"
ဟယ်မင်ပေါ် ;
"အာ?"
"သူများရဲ့ပစ္စည်းက ဒီနေရာမှာ ကျကျန်ခဲ့တယ်လေ"
စန်းရန်က သူ့အား လှမ်းကြည့်နေပြီး တစ်လုံးချင်းစီ ပြောလာခဲ့၏။
"မရှာသေးဘူးလား"
"...."
စန်းရန်ထံမှ ဤစကားထွက်လာပြီဖြစ်၍ ဟယ်မင်ပေါ်အနေဖြင့် သေသေရှင်ရှင် ပစ္စည်းရှာရုံကလွဲ အခြားလုပ်စရာ အလုပ်မကျန်တော့ပေ။သည်တစ်ကြိမ်တွင်တော့ မှော်ဆန်ဆန်ဖြင့်ပင် အောက်ဘက်ရှိ အံဆွဲထဲမှ ရှာတွေ့သွားခဲ့တော့သည်။ဟယ်မင်ပေါ် သက်ပြင်းကြီးကြီးချလိုက်ပြီး ဝိန်းရိဖန်ထံသို့ ချက်ချင်းလှမ်းပေးလိုက်၍
"ဒီတစ်ခုလား"
ဝိန်းရိဖန် လှမ်းယူပြီး
"ဟုတ်တယ်..ကျေးဇူးတင်ပါတယ်"
ဟယ်မင်ပေါ်က စန်းရန်ရှိနေသည့်နေရာအား တစ်ချက်လှမ်းကြည့်လိုက်ရင်း ခေါင်းကုတ်လိုက်မိ၏။
"မလိုပါဘူး..မလိုပါဘူး..လူကြီးမင်းရဲ့အချိန်တွေကို အများကြီးယူထားမိတဲ့အတွက် ကျွန်တော်တို့ကတောင် အားနာရမှာပါ"
စန်းရန်က စကားတစ်ခွန်းမျှ ဝင်မပြောပေ။
ဝိန်းရိဖန်လည်း ခေါင်းငြိမ့်ပြပြီး နှုတ်ဆက်စကားဆိုကာ ထွက်လာခဲ့လိုက်၏။
အပြင်ဘက်တွင်ကား စိုထိုင်းထိုင်းနှင့်အေးစိမ့်နေကာ လမ်းသွားလမ်းလာများလည်း သိပ်မရှိ ၊ မြင်ကွင်းအတွင်းရှိနေသည့်နေရာတိုင်းမှာ ကန္တာရသဖွယ်ခြောက်ကပ်နေခဲ့သည်။
ဝိန်းရိဖန်က ရာသီဥတုအေးလွန်းသဖြင့် လက်ကိုင်ဖုန်းကို ကြာကြာမကိုင်ထားချင်တော့ဘဲ ကျုံးစစ်ချောင်ထံသို့ လက်ကောက်ပြန်တွေ့သည့်အကြောင်း မက်ဆေ့ပို့ပြီးသည်နှင့် ချက်ချင်းဆိုသလို အိတ်ကပ်ထဲ ပြန်ထည့်ထားလိုက်၏။နှာဖျားလေးကို ပွတ်သပ်လိုက်ရင်း အတွေးများက ကျယ်ပြန့်သွားခဲ့ကာ တဖြည်းဖြည်းဖြင့် အမှတ်တရများဆီသို့ ကူးလူးလာရတော့၏။
အဘယ်ကြောင့်ဆိုသော် ယခုလေးတင်တွေ့ခဲ့ရသည့် အမြင်ကတ်စရာကောင်းပြီး အတိုင်းအတာတစ်ခုထိရင်းနှီးခဲ့သော စန်းရန်ကြောင့်ပင်။
သတိရမိသွားခဲ့သည်မှာ သူတို့နှစ်ဦး ပထမဆုံး ဆုံတွေ့ခဲ့ကြသည့်ပုံရိပ်ကိုသာ....
------
အထက်တန်း ပထမနှစ် ကျောင်းစဖွင့်သည့်နေ့၌ ဝိန်းရိဖန် ကျောင်းနောက်ကျနေခဲ့သည်။
ကျောင်းဝန်းထဲသို့ ရောက်လာသည့်အချိန်တွင် အဆောင်၌ ပစ္စည်းပစ္စယများသွားထားဖို့ရာပင် အချိန်မရှိတော့ဘဲ သူမ၏ဦးလေးကိုသာ အဆောင်ထိန်းအန်တီဆီ အပ်ထားပေးရန် အကူအညီတောင်းခံခဲ့ရသည်။ထို့နောက်တွင် စာသင်ဆောင်ဖြစ်သည့် အဆောင် A ဆီသို့ အပြေးလာရတော့ကာ လေးလွှာပေါ်ထိ တက်လာခဲ့၏။
ကော်ရစ်တာကိုဖြတ်ပြီး အတွင်းပိုင်းထဲသို့ရောက်သည့်အချိန် ၊ ကျောင်းရေသန့်စက်ကို ဖြတ်ကျော်လုနီးနီးအခိုက်တွင် ပထမဆုံးအကြိမ်အဖြစ် စန်းရန်ကို မြင်လိုက်ရ၏။
ဆယ်ကျော်သက်ကောင်လေးက တစ်ချက်မြင်လိုက်ရရုံဖြင့် အရပ်မြင့်မှန်း သိသာလှကာ အပြာရောင်နှင့်အဖြူရောင်စပ်ထားသည့်ကျောင်းဝတ်စုံကို ဝတ်ထားပြီး လွယ်အိတ်ကိုလည်း ခပ်လျော့လျော့သာ လွယ်ထားသည်။မျက်နှာအသွင်အပြင်က ရုပ်ရည်ချောမောပြီး ဂုဏ်မာနများရှိသည့်ပုံစံ ၊ အမူအရာတို့က ပေါ့ပေါ့ပါးပါးသာဖြစ်ပြီး ရင်းနှီးဖို့ရာ မလွယ်ကူလောက်မည့်သဏ္ဍာန်။
သူမ၏အခြေအနေနှင့် လုံးဝပင် မတူညီပါချေ။
သူ့ပုံစံက ကျောင်းတက်ခေါင်းလောင်းထိုးသွားသည်ကို မသိလိုက်သည့်အမူအရာမျိုးဖြင့် ထိုနေရာ၌သာ ရေခပ်ရင်း စိတ်အေးလက်အေးရှိနေသည့်ပုံစံ။
ဝိန်းရိဖန်က အတန်းထဲသို့ အလောတလျင်သွားရတော့မည်ဖြစ်ပါသော်လည်း သူမ၏စာသင်ခန်းက လေးလွှာ၌ရှိကြောင်းသာ သိထားပြီး အတန်း၏နေရာအတိအကျကို မသိထားပေ။
အချိန်လည်း မဖြုန်းချင်တော့သည့်အတွက် လမ်းမေးရန်သာ ပြင်လိုက်၏။
"သူငယ်ချင်း"
စန်းရန်က ရေသန့်စက်ပေါ်မှခလုတ်ကိုလွှတ်လိုက်သဖြင့် ရေကျနေသည့်အသံများက ချက်ချင်းတိတ်ဆိတ်သွားခဲ့ကာရေဘူး၏အဖုံးကို နှေးနှေးကွေးကွေးသာပိတ်နေရင်း ဘေးဘက်သို့ လှမ်းကြည့်လာ၏။
တစ်ချက်သာ ကြည့်ပြီးနောက် သူမအား အာရုံမစိုက်ချင်သည့်အလား ပြန်လှည့်သွားခဲ့သည်။
ဝိန်းရိဖန်က ထိုအချိန်တုန်းက သူနှင့်မရင်းနှီးသေးသည့်အချိန်ဖြစ်ကာ သူမ၏အမြင်တွင် ဤကျောင်းသားက ကျောင်းနောက်ကျမည်ကိုလည်းမကြောက် ၊ စာသင်ချိန်၌ ရေလာခပ်နေသည့်အပြင် ကျောင်းသားသစ်များတွင်ရှိတတ်သည့် အကြောက်တရားတို့လည်း နည်းနည်းလေးမျှရှိမနေ။
ပုံစံက ကျန်းဟူထဲတွင် လှည့်လည်သွားလာနေသည့် ဝါရင့်သဘာရင့်ကြီးနှင့် တူနေလေသည်။
ထို့ကြောင့် ဝိန်းရိဖန်က တစ်ခဏတွေဝေနေမိပြီးနောက်မှ
"စီနီယာအစ်ကို?"
စန်းရန်က မျက်ခုံးများပင့်ပြီး နောက်တစ်ကြိမ်မော့ကြည့်လာခဲ့၏။
"ကျေးဇူးပြုပြီး တစ်ခုလောက်မေးချင်လို့ပါ"
ဝိန်းရိဖန်က ;
"အထက်တန်း ပထမနှစ် တန်းခွဲ (၁၇) က ဘယ်နားလေးမှာလဲ"
ဤတစ်ကြိမ်တွင် စန်းရန်က လျစ်လျူရှုမည့်အမူအရာမျိုး မဟုတ်တော့ဘဲ မေးတစ်ချက်ငေါ့ပြ၍
"တည့်တည့်သွား..ညာဘက်ကွေ့"
ဝိန်းရိဖန်က ခေါင်းငြိမ့်ပြရင်း သူထပ်ပြောလာမည့်စကားများကို စောင့်နေလိုက်၏။
သို့သော် စန်းရန်က စကားတစ်ခွန်းမှ ထပ်၍မဆိုလာ။
ဝိန်းရိဖန်က 'အဲ့နားဆိုရင် ရောက်ပြီ' ဆိုသည့် စကားလုံးအဆုံးသတ်ကို မကြားရသေးသဖြင့် စကားပြော မပြီးသေးသည်ဟုထင်မှတ်လိုက်ကာ
"ပြီးတော့ရော"
"ပြီးတော့?"
စန်းရန်က အရှေ့သို့ တိုးလျှောက်လာပြီး အသံနေအသံထားက ပျင်းတိပျင်းရွဲဖြင့်
"ပြီးတော့ ကိုယ့်ဘာသာကိုယ် တံခါးမှာချိတ်ထားတဲ့ တန်းခွဲနံပါတ်တွေကို ကြည့်လိုက်လေ..မဟုတ်မှလွဲ စီနီယာအစ်ကိုက မင်းအတွက် တစ်ခုချင်းစီ လိုက်ဖတ်ပြနေရဦးမှာလား..."
စကားသံဆုံးခါနီးတွင် သူ့အသံတို့က သိသိသာသာ ဆွဲချသွားခဲ့ပြီး
"ဂျူနီယာ..ညီမလေး.."
"...."
ဝိန်းရိဖန်က ငြင်ငြင်သာသာဖြင့်သာ ကျေးဇူးတင်စကားဆိုလိုက်၏။
သူ လမ်းညွှန်လိုက်သည့်ဦးတည်ရာအတိုင်းလျှောက်လာပြီး ညာဘက်သို့အကွေ့တွင် အထက်တန်း ပထမနှစ်၏ တန်းခွဲ (၁၅) ကို ပထမဆုံးမြင်ရလိုက်သည်။ရှေသို့ ဆက်လျှောက်လာပြီးနောက် အတွင်းဘက်အကျဆုံးနေရာရောက်မှ တန်းခွဲ (၁၇) ကိုတွေ့ရ၏။ ဝိန်းရိဖန်က အမြန်ပြေးသွားလိုက်ပြီး တံခါးဝတွင်ရပ်ကာ မတိုးမကျယ်ဖြင့် အော်လိုက်၏။
"ခွင့်တောင်းပါတယ်"
စာသင်စင်မြင့်ပေါ်တွင်ရပ်နေသည့် အတန်းပိုင်ဆရာမက လှမ်းကြည့်လာပြီးနောက် စာရင်းစာရွက်များကို တဖန်ပြန်ကြည့်လိုက်၍
"စန်းရန်?"
ဝိန်းရိဖန်က ခေါင်းခါပြလိုက်ရင်း
"လောင်ရှစ်..ဝိန်းရိဖန်ပါ"
"ရိဖန်လား"
Advertisement
အတန်းပိုင်ဆရာမက စာရင်းစာရွက်ကို တဖန်ပြန်ကြည့်လိုက်ပြီး အနည်းငယ်အံ့အားသင့်သွားသည့်အမူအရာမျိုးဖြင့်
"သမီးနဲ့ စန်းရန်က မရောက်လာသေးတဲ့ နောက်ဆုံးနှစ်ယောက်ဆိုတော့ လောင်ရှစ်က ဒီနာမည်ကို မိန်းကလေးနာမည်နဲ့တူတယ်ဆိုပြီး သမီးလို့ထင်လိုက်တာ"
အတန်းပိုင်ဆရာမမှ သူမအား ဝင်ခွင့်ပင်မပေးရသေးခင် ဝိန်းရိဖန်၏ခန္ဓာကိုယ်အနောက်မှ ယောက်ျားလေးတစ်ယောက်၏အသံထွက်လာခဲ့၏။
"ခွင့်တောင်းပါတယ်"
အသံလာရာအတိုင်း အလိုလိုခေါင်းလှည့်ကြည့်မိလိုက်သည်။
အခုလေးတင် သူမအား လမ်းညွှန်ပေးခဲ့သည့် 'စီနီယာအစ်ကို' ဆိုသည့်သူက သူမ၏အနောက်တွင်ရပ်နေလျက်။ နှစ်ယောက်သားကြားတွင် ခြေလှမ်းနှစ်လှမ်းစာ အကွာအဝေးသာခြားနေပြီး အနီးကပ်ယှဥ်ရပ်လိုက်သည့်အချိန်တွင်တော့ ထိုသူက တော်တော်လေး အရပ်မြင့်ကြောင်း သိလိုက်ရသည်။
ဤအကွာအဝေးဖြင့်ဆိုလျှင် သူ့မျက်နှာအား မြင်ရဖို့ရာအတွက် ခေါင်းတစ်ဆုံးမော့ထားရလေသည်။
အေးစိမ့်နေသည့်အသက်ရှုငွေ့များ အနည်းငယ်စိတ်ဖိစီးလာမှုများကြားတွင် စန္ဒကူးရနံ့ခပ်သင်းသင်းလေးကို ခံစားမိနေရသေးသည်။
သူ့အမူအရာတို့က ပေါ့ပေါ့ပါးပါးသာရှိနေပြီး မည်သည့်ကိစ္စကိုမှ စိတ်ထဲပင် မထည့်သည့်အလားသဏ္ဍာန်ဖြင့်
"တောင်းပန်ပါတယ် လောင်ရှစ်..ကျွန်တော် နောက်ကျသွားတယ်"
"ကလေးတို့နှစ်ယောက် အရင်ဆုံး အထဲဝင်လာခဲ့ဦး..ထိုင်ခုံတွေက ဟိုမှာ"
အတန်းပိုင်ဆရာမက စာသင်ခန်းထဲ၌ ကျန်နေသည့်ခုံနှစ်ခုံအား လက်ညှိုးထိုးပြ၍
"ဘယ်လိုဖြစ်လို့ ပထမဆုံးကျောင်းတက်ရက်မှာ နောက်ကျနေကြတာလဲ..မင်းတို့နှစ်ယောက်က အတူတူလာတာလား"
အတန်းပိုင်ဆရာမ ညွှန်ပြသည့်နေရာမှာ နောက်ဆုံးတန်းရှိ ထောင့်အကျဆုံး ခုံနှစ်ခုံ။
ခုံနှစ်ခုံ၏အစွန်းက ဘေးချင်းကပ်ရပ်။
ဝိန်းရိဖန်က အမှန်အတိုင်းဖြေလာခဲ့၏။
"အတူတူလာတာ မဟုတ်ပါဘူး..သမီးတို့မိသားစုထဲမှာ မနက်စောစောလုပ်ရမယ့်အလုပ်တွေရှိတာကြောင့်မလို့ သမီးကို ကျောင်းလာပို့အချိန် နည်းနည်းနောက်ကျသွားခဲ့တာ..ပြီးတော့ သမီးက ဒီကလမ်းတွေကို မရင်းနှီးဘူး..အဲ့ဒါကြောင့် နောက်ကျသွားတာ"
"ဒီလိုလား.."
အတန်းပိုင်ဆရာမ ခေါင်းငြိမ့်ပြရင်း စန်းရန်ကို လှမ်းကြည့်၍
"မင်းကရော"
"ကျွန်တော့်အဖေက ကျွန်တော် အထက်တန်း ပထမနှစ်ရောက်နေပြီမှန်း မသိဘူး"
စန်းရန်က ထိုင်ခုံနေရာဆီသို့ တန်းတန်းမတ်မတ်လျှောက်သွားခဲ့ပြီး လွယ်အိတ်အား စားပွဲခုံပေါ်တင်လိုက်၏။
"ကျွန်တော့်ကို အလယ်တန်းကျောင်းဘက် လိုက်ပို့နေလို့"
"...."
အပ်ကျသံပင် မကြားရလောက်အောင် တိတ်ဆိတ်သွားခဲ့၏။
နောက်တစ်စက္ကန့်တွင် တစ်ခန်းလုံး ဝါးလုံးကွဲအော်ရယ်ကြကာ စာသင်ခန်းတစ်ခုလုံး အသက်ဝင်လာပါတော့၏။
ဝိန်းရိဖန်၏နှုတ်ခမ်းထောင့်စွန်းလေးများသည်လည်း တိတ်တိတ်လေး ကွေးတက်သွားခဲ့မိသည်။
"ဒါဆို နောက်ဆိုရင် ကျောင်းလာပို့တဲ့အချိန်တိုင်း အဖေ့ကို သတိပေးဖြစ်အောင်ပေးလိုက်ဦးနော်"
အတန်းပိုင်ဆရာမက အားလုံးနှင့်အတူရယ်မောနေရင်း
"ရပြီ ရပြီ..နှစ်ယောက်လုံး ထိုင်ကြတော့"
စန်းရန်က တုန့်ပြန်ချက်ပြုသည့်အနေဖြင့် ခေါင်းငြိမ့်ပြပြီး ထိုင်ခုံကိုဆွဲယူကာ ထိုင်တော့မည်အပြုတွင် သူနှင့်မလှမ်းမကမ်းတွင် ရပ်နေသေးသည့် ဝိန်းရိဖန်အား ရုတ်တရက် အမှတ်ရသွားခဲ့၏။
ထိုအခါ သူ့လှုပ်ရှားမှုများကို ရပ်တန့်လိုက်၍
"မင်း အပြင်ဘက်မှာထိုင်မှာလား အတွင်းဘက်မှာထိုင်မှာလား"
နှစ်ယောက်သား တစ်ယောက်ကိုတစ်ယောက် လှမ်းကြည့်နေကြလျက်။
ဝိန်းရိဖန်က ချက်ချင်းပြုံးပြလိုက်ရင်း
"အတွင်းဘက်ပဲ ထိုင်လိုက်မယ်"
စာသင်ခန်းထဲတွင်ကား နေရာလွတ်များမှာ များများစားစားမရှိ။
စာရေးခုံများကို လိုင်း လေးလိုင်း ဖြင့် အတန်း ခုနှစ်တန်းစီထားတာ နှစ်ခုံစီမှာကပ်ရပ်အနေအထား။နောက်ဆုံးအတန်းတွင် နေရာလွတ်သိပ်မရတော့သည့်အတွက် ထိုင်ခုံများက နံရံဖြင့် ကပ်နေပြီဖြစ်ကာ အဝင်အထွက်လုပ်သည့်အခါတိုင်းတွင် အပြင်ဘက်တွင်ထိုင်သည့်သူအား ခွင့်တောင်းရတော့မည်ဖြစ်သည်။
စန်းရန်က စကားတစ်ခွန်းမဆိုဘဲ အပြင်ဘက်သို့ ခြေတစ်လှမ်းစာထွက်လာပြီး သူမအတွက် လမ်းဖယ်ပေးလိုက်၏။
စာသင်စင်မြင့်ခုံပေါ်ရှိ အတန်းပိုင်ဆရာမက ထပ်ပြီး စကားဆိုလာခဲ့သည်။
"လောင်ရှစ် ကိုယ့်ဘာသာကိုယ် ထပ်ပြီးမိတ်ဆက်ပါဦးမယ်..လောင်ရှစ်က မင်းတို့ရဲ့ လာမယ့်တစ်နှစ်တာလုံး အတန်းပိုင်ဆရာမလည်းဖြစ်သလို မင်းတို့အတန်းကိုစာသင်မယ့် ဓါတုဗေဒဆရာဆိုလည်း ဟုတ်တယ်"
စကားပြောနေရင်းဖြင့် ကျောက်သင်ပုန်းပေါ် လက်ထောက်ပြလိုက်ကာ
"ဒါက လောင်ရှစ်ရဲ့နာမည်"
'ကျန်ဝိန်ဟုန်' ဆိုသည့်စကားလုံးသုံးလုံးအပြင် အောက်ဘက်၍ ဖုန်းနံပါတ်တစ်ခု။
ဝိန်းရိဖန်က လွယ်အိတ်ထဲမှ ဘောပင်နှင့်စာအုပ်ကိုထုတ်ပြီး ဂရုတစိုက်ချရေးလိုက်၏။
တစ်ခဏအကြာတွင် အရှေ့စားပွဲခုံမှ ကောင်လေးက ရုတ်တရက်အနောက်သို့ မှီချလာပြီး စန်းရန်၏စာရေးခုံပေါ် တတောင်ဆစ်တင်လိုက်၏။သူ့ပုံစံမှာ စန်းရန်နှင့် ရင်းနှီးပုံရပြီး ခေါင်းတစ်ခြမ်းစောင်းရင်း ရိသဲ့သဲ့ပြုံးပြကာ
"မိန်းကလေးစန်း..မင်းရဲ့ ဒီနာမည်က တကယ်လည်း တော်တော်လေးကိုမိန်းကလေးဆန်တာနော်"
"...."
ဝိန်းရိဖန် ကြောင်အပြီးသာ ငေးကြည့်နေမိတော့၏။
ရုတ်တရက် စာသင်ခန်းထဲသို့ ဝင်ဝင်လာချင်းတုန်းက ကျန်ဝိန်ဟုန်ပြောလိုက်သည့်စကားအား အမှတ်ရမိလိုက်သည်။
---"သမီးနဲ့ စန်းရန်က မရောက်လာသေးတဲ့ နောက်ဆုံးနှစ်ယောက်ဆိုတော့ လောင်ရှစ်က ဒီနာမည်ကို မိန်းကလေးနာမည်နဲ့တူတယ်ဆိုပြီး သမီးလို့ထင်လိုက်တာ"
ထိုစကားကြောင့် ဝိန်းရိဖန်၏အာရုံစူးစိုက်မှုက စန်းရန်အပေါ် ရောက်သွားခဲ့သည်။
အရပ်ရှည်သည့်သူက ခပ်ကျဥ်းကျဥ်းနေရာလေးထဲတွင် ထိုင်နေရသဖြင့် သူ့ခြေတံရှည်များက စားပွဲခုံအောက်မှနေရာလွတ်ထဲတွင် မချိမဆန့်ဖြစ်နေကာ ခြေလက်များက ချုပ်နှောင်ခံထားရသည့်နှယ်။ထို့ကြောင့် ခြေတစ်ချောင်းက အပြင်ဘက်သို့ ထုတ်ထားရ၏။မှေးကျဥ်းထားသည့်မျက်ခွံများကြောင့်လည်း သူ့ထံမှ အမြဲတမ်းတမ်းလိုလို စိတ်မကြည်သည့်ခံစားချက်မျိုး ဘယ်အရာကိုမှလည်း စိတ်မရှည်ဖြစ်နေသည့်ခံစားချက်မျိုးများ ခံစားမိနေရသေးသည်။
သူက မျက်နှာသေဖြင့် ထိုကောင်လေးအား စိုက်ကြည့်နေ၏။
"ဒီစကားက ငါပြောတာမဟုတ်ဘူး..ခုဏတုန်းက လောင်ရှစ်ပြောတာ..ဒါပေမယ့် လောင်ရှစ်က ဒီလိုပြောလိုက်တော့ ငါလည်း မင်းရဲ့ ဒီနာမည်ကို သေချာစဥ်းစားကြည့်မိသွားတာ..တကယ်ကြီး ငါ့ကို စွဲလမ်းသွားအောင် လုပ်နိုင်လိုက်တာပေါ့ကွာ"
ထိုကောင်လေးက ရိသဲ့သဲ့ထပ်ပြုံးပြပြီး
"မင်းသာ မိန်းကလေးဆိုရင် ငါ မင်းကို သေချာပေါက်လိုက်မှာ"
စန်းရန်က ထိုကောင်လေးအား ခေါင်းအစ ခြေအဆုံး လှမ်းကြည့်၍
" 'စုဟောက်အန်း'..မင်း စဥ်းစဥ်းစားစားလေးလည်း ပြောစမ်းပါ"
စုဟောက်အန်း ; "ဘာကိုလဲ"
"ငါသာ မိန်းကလေးဆိုရင် ဖားပြုပ်လိုကောင်မျိုးကို ကြိုက်ပါ့မလား"
"...."
စုဟောက်အန်း၏မျက်နှာမှာ ရုတ်ချည်းမည်းမှောင်သွားခဲ့၍ သုံးစက္ကန့်တိတိ ငြိမ်သက်သွားလေတော့သည်။
"လစ်စမ်း!"
ဝိန်းရိဖန်က သူတို့နှစ်ဦး၏စကားများကြောင့် အနည်းငယ်ရယ်ချင်သလိုလို ဖြစ်လာခဲ့တော့၏။
ဤစကားသံများကြောင့် ခုဏလေးကတင် သူမက စန်းရန်အား စီနီယာအစ်ကို နှုတ်ဆက်သည့်အချိန် သူမအား မျက်နှာပြောင်ပြောင်ဖြင့် ဂျူနီယာညီမလေးဟု ပြန်ခေါ်လိုက်သည့်ကိစ္စအား ပြန်တွေးကြည့်မိကာ စိတ်ထဲမှနေပြီး မှတ်ချက်တစ်ခုပြုလိုက်၏ 'အရှက်ကိုမရှိဘူး'
ထိုအခိုက်တွင် ကျန်ဝိန်ဟုန်က အခြားဆရာတစ်ယောက်မှ အခေါ်ရှိသဖြင့် လိုက်သွားခဲ့ကာ ထိန်းသိမ်းမည့်သူမရှိတော့သည့် စာသင်ခန်းငယ်လေးထဲတွင် စကားသံများက တစ်စစကျယ်လောင်လာပါတော့သည်။
"ပြီးတော့..ငါ့ရဲ့ ဒီနာမည်ကလေ"
စန်းရန်က အသောမသတ်နိုင်သေးဘဲ ဆက်၍
"ငါ့အဖေကိုယ်တိုင် ခုနှစ်ရက် ခုနှစ်ညတိတိ တရုတ်ရိုးရာအဘိဓါန်စာအုပ်ကိုလှန် ၊ မိသားစုဆွေးနွေးပွဲကို အကြိမ် တစ်ရာ့ရှစ်ဆယ် လုပ် ၊ ထပ်ခါ ထပ်ခါ စိစစ်ပြီးမှ..."
ဝိန်းရိဖန်က ပါးပေါ်လက်ထောက်ထားရင်း အတွေးများကတဖြည်းဖြည်းဗလာကျင်းသွားခဲ့ကာ စန်းရန်၏စကားလုံးများကိုသာ ငြိမ်ပြီးနားထောင်နေမိ၏။
သုံးလေးစက္ကန့်မျှ ငြိမ်သွားသည့်အသံကို ကြားနေရပြီးနောက်တွင်တော့ သူက စကားဆုံးအောင် ဆက်ပြောလာခဲ့၏။
"ယောက်ျားအဆန်ဆုံး စကားလုံးတစ်လုံးကို ရွေးထုတ်ထားတာ"
ထူးထူးခြားခြားကို ဆူညံနေသည့်အသံများကြောင့် စိတ်လုံခြုံမှုရသွားခြင်းလား သေချာမသိ ၊ ဝိန်းရိဖန်က မှတ်စုစာအုပ်ပေါ်မှ စာလုံးများကိုစိုက်ကြည့်နေရင်း သက်ပြင်းသဲ့သဲ့ချမိကာ ခပ်တိုးတိုးလေးမှတ်ချက်ပြုလိုက်၏။
"အဲ့လောက်ရွေးထားတာကိုတောင်မှ ငါ့နာမည်လောက် ယောက်ျားမဆန်သေးဘဲနဲ့"
"..."
စုဟောက်အန်းက တအံ့တသြဖြင့် 'အာ' ဟု အသံပြုကာ
"ဒါဆိုလည်း မင်းနာမည်ကို စန်းယောက်ျားဆန် လို့သာ ပြောင်းလိုက်ပါလား"
ဝိန်းရိဖန်က အောင့်အည်းမနေနိုင်တော့ဘဲ ခေါင်းငုံ့ချလိုက်ကာ တိတ်တိတ်လေးခိုးရယ်နေပါတော့၏။ အချိန်အတော်ကြာပြီးသည်အထိ သူမ၏ဘေးနားတွင်ရှိနေသည့် စန်းရန်က စုဟောက်အန်းအား ပြန်လည်တုန့်ပြန်လိုက်သည့်အသံမျိုးကို မကြားရ။
လုံးဝကို တိတ်ဆိတ်နေလေသည်။
ဤတစ်ကြိမ်တိတ်ဆိတ်နေခြင်းက ဘာမှမရှိတော့သည့်နေရာတစ်ခုလို တိတ်ဆိတ်ခြင်းမျိုး။
သူမ အလိုလို စန်းရန်အား လှမ်းကြည့်မိလိုက်တော့၏။
ထိုအချိန်တွင်မှ သတိထားမိလိုက်သည်မှာ စန်းရန်၏မျက်ဝန်းများက ဘယ်အချိန်ကတည်းက သူမဆီဦးတည်နေမှန်းမသိသည်ကိုပင်။ မည်းနက်ပြီးအနည်းငယ်အေးစက်စက်နိုင်သည့်မျက်ခုံး ၊ သူ့မျက်ဝန်းထောင့်များက ကြယ်လုံးလေးများကပ်ညှိနေသည့်အလား တလက်လက်တောက်ပနေသည့်အပြင် နူးညံ့တတ်သည့်အရိပ်အယောင်မျိုးလည်းမရှိပါချေ။
အထိန်းအကွပ်ကင်းမဲ့သည့် အကြည့်စူးစူးများက စေ့စေ့စပ်စပ်စိစစ်နေသည့်အရိပ်အမြွက်များကိုလည်း ဖော်ပြနေသယောင်ယောင်။
ဝိန်းရိဖန်၏စိတ်ထဲ ဗလောင်ဆူသွားခဲ့တော့သည်။
ဘယ်လိုအခြေအနေကြီးလဲ?
"..."
သူမ ခုဏတုန်းကပြောလိုက်တဲ့စကားကို ကြားသွားတော့ မဟုတ်ဘူးမလား?
မဟုတ်ဘူးမလား?
အသံလည်း မကျယ်သွားပါဘူးမလား?
သူမ၏အတွေးများ အဆုံးမသတ်ခင်..
စန်းရန်က စားပွဲခုံထောင့်အား လက်ချောင်းများဖြင့် ခေါက်လိုက်၍
"အာ..ဟုတ်သားပဲ..မေးဖို့မေ့နေတာ"
ဝိန်းရိဖန်က အသက်ပြင်းပြင်းရှိုက်လိုက်ပြီး လက်ထဲရှိဘောပင်အား တင်းနေအောင်ဆုတ်ကိုင်ထားမိလိုက်၏။
"ထိုင်ခုံဖော်အသစ်လေး"
Advertisement
- In Serial105 Chapters
Your Turn To Chase Me, Reborn For Revenge
April Jones was submissive and weak, she gave in to her stepmother and stepsisters every whim. Her father was busy with the business and had no time for her. They took everything from her even her life. She died a horrifying death, now reborn she plans to change her fate and take back all she had lost.
8 4687 - In Serial696 Chapters
The Demon’s Bride
*Slow Burn Historical Fantasy Novel*
8 187 - In Serial9 Chapters
Lil ko's heart
Lil ko is a young man living an average everyday life. loves his family, hang out with his friends, enjoys his free time by reading novels, however all of that changed in an eventful day where he found he has features that apeal to men more than it will ever do for women. Rejecting nature's creation out of frustration lil ko officially started treading his path towards becoming a tsundere. Lil ko :" even if the entire world thinks it's obvious, I shall deny it. Saying and believing in something long enough shall make it true. Anyone that disagrees shall bear my "Humph". Anyone that doesn't believe in me shall bear my pout. Cuz I am TSUNDERE." Follow our cute trap lil ko on his adventure to reaching the pinnacle of life to preserve the well being of his fragile heart, in lil ko's heart (This is not a BL it is a short story, made up of mostly comedy and a light plot)
8 167 - In Serial29 Chapters
The Diner Girl
Korah is 18 years old who left everyone and everything she knew behind her to escape from the hell she had called home for all her life. She wanted nothing to do with her father and blamed him for the death of her brother when she was sixteen. She took a bus to a small town that she once heard her mother grew up in Indiana and hoped to start a new life with a new identity. She changed her name to Korah Schneider so that her father would never find her. She gets lucky when she grabs something to eat at the local diner and notices a 'Waitress Needed' sign on the window. She gets lucky when the owner decides to give her the job and offers her a room in his house to stay in until she can make enough to get her own place. One of the main waitresses there is his daughter and she befriends Korah right away. Everything seems to be going great for the first couple of months until she meets the owner's son, her new best friends brother that just moved back into town, Abe Hamilton. He's 25, covered in tattoos and is the President of a biker club that are never to be double crossed and who seems to become instantly infatuated with Korah. She wants to leave her dark past behind her but yet knows that if she falls for Abe, she'd be having to return to the lifestyle she is trying to leave behind. Secrets will be revealed and choices will have to be made. Korah will soon discover who she REALLY is.© Copyright 2019 All Rights Reserved
8 262 - In Serial7 Chapters
EN | Chilumi Week 2022
[Genshin Impact - Childe x Lumine] 7 days, 7 prompts, 7 one-shots. April 3rd to 9th, 2022𝙳𝚊𝚢 | 𝙿𝚛𝚘𝚖𝚙𝚝 | 𝙽𝚞𝚖𝚋𝚎𝚛 𝚘𝚏 𝚠𝚘𝚛𝚍𝚜1. Rivalry [2300]2. Jealousy [1600]3. Assassins [1900]4. Fake dating [3800]5. Childhood friends [2200]6. Dreams/Nightmares [2100]7. Fairytales [2100]Prompts: https://twitter.com/chilumi2022/status/1493399983265091585?s=20&t=UvVXVUALrSxq2XI29Wd96ACross-posted on Ao3© All rights reserved by HoYoverse. This work contains only fanfictions written for non-commercial personal use.
8 130 - In Serial36 Chapters
Alpha's Glory
Demons and werewolves have never gotten along. But what happens when two, supposedly enemies, become mates? Blake Villin, 18-year old boy with problems. Controlling his anger is one problem, hating basically everyone is another problem, being a total asshole to everyone and getting into fights with literally everyone is also another problem.What happens when he finds his mate? And how his dad may or may not be the god of war from another world?
8 127

