《First Frost (Myanmar Translation)》Chapter 8
Advertisement
ဆူညံသံများဖြင့်အနှောက်ယှက်ခံလိုက်ရသည့် စန်းရန်က မျက်လုံးများကို ပျင်းတိပျင်းရွဲဖွင့်လာခဲ့ပြီးနောက်...
သူမ၏မျက်ဝန်းများနှင့် ဆုံစေလိုက်၏။
လေထုတစ်ခွင်လုံး အောင့်သက်သက်နိုင်လှသည့်အငွေ့အသက်များ ဖုံးလွှမ်းသွားတော့သည်။
စန်းရန်က စကားတစ်ခွန်းမဆို ၊ သူမကိုသာ တိတ်တိတ်ဆိတ်ဆိတ်လှမ်းကြည့်နေပြီး ကြည်လင်နေသည့်မျက်လုံးများက အိပ်ရာနိုးခါစဖြစ်သောကြောင့် အာရုံမစိုက်မိနိုင်သေးသည့်ပုံစံမျိုးပင်။
သူ့မျက်ခုံးများက အလွန်တရာကိုမှကျော့ရှင်းသည့်အထဲတွင်ပါသည်။မျက်ဝန်းအိမ်များကလည်း တိမ်စိုင်နှစ်ခုဖြစ်တည်နေသည့်အလား ၊ မျက်ဝန်းထောင့်လေးများ မြှောက်တက်သွားသည့်အခါတိုင်းတွင် အရာအားလုံးကို ဂရုမစိုက်လေသည့် ခပ်စူးစူးရဲရဲအကြည့်များကို ဆောင်ကျဥ်းထားလေသေးသည်။
ဤအခိုက်အတန့်တွင်။
ဝိန်းရိဖန်က နောက်စက္ကန့်ပိုင်းအတွင်း စန်းရန်ထံမှ 'ကြာပန်းဖြူလေး' ဆိုသည့်စကားလုံးနှင့်ပတ်သတ်ပြီး ခနဲ့တဲ့တဲ့လုပ်ပစ်လာတောမည်မှန်း ကြိုတင်ခံစားနေမိခဲ့သည့်အချိန် ဝမ်လင်လင်က ရှေ့ပြေးဦးဆောင်လိုက်သဖြင့်
"မင်းတို့ချင်း သိနေကြတာလား"
စုဟောက်အန်း ;
"အင်း..အထက်တန်းကျောင်းတုန်းကသူငယ်ချင်းတွေ"
ဝိန်းရိဖန်က ငေးကြည့်နေမိသည့်မျက်ဝန်းများကို ရုတ်သိမ်းလိုက်ကာ စကားလမ်းကြောင်းလွှဲလိုက်ရန်အတွက် စကားဆိုတော့မည်အပြုတွင် ဝမ်လင်လင်မှနေပြီး
"ကြာပန်းဖြူလေးဆိုတာကရော ဘာကိုဆိုလိုချင်တာလဲဟင်..အချစ်ရဲ့သူငယ်ချင်းက အရင်က ရှောင်ဖန်ကို လိုက်ပိုးပမ်းခဲ့ပေမယ့် မရလိုက်တာကြောင့်မလို့လား"
စုဟောက်အန်းက ကိုယ်ချင်းမစာမနာအော်ရယ်ပစ်လိုက်၍
"မှန်ပါ့ မှန်ပါ့"
"...."
ဤနှစ်ယောက် အတွဲဖြစ်နေခြင်းမှာ မထူးဆန်းပါတော့ချေ။
ယခုအခြေအနေကြီးထဲတွင် ဝိန်းရိဖန်သည်လည်း ဘယ်လိုမှဟန်ဆောင်လို့မရပါတော့ပေ။ သူမ၏ အရင်ကဟန်ဆောင်မျက်နှာဖုံးလေးမှာလည်း အရှေ့မှလူနှစ်ယောက်၏ဆုတ်ဖြဲခြင်းကိုခံလိုက်ရကာ အနည်းငယ်လေးမျှသာဖုံးကွယ်နိုင်ပါတော့မည်။
ဤအခြေအနေထဲတွင် စန်းရန်ဘက်မှ လေထုကိုသက်တောင့်သက်တာဖြစ်သွားစေရန်ပြောလာမည့်စကားများကိုလည်း သူမ မမျှော်လင့်ထား။
အရင်ကတည်းက စန်းရန်က သူ့မျက်နှာကိုအပျက်မခံသည့်လူမျိုးမှန်း သိထားသည့်အတွက် ဝိန်းရိဖန်ကသာ တည်တည်ငြိမ်ငြိမ်ဖြင့်ဆိုလိုက်၏။
"ဟုတ်လား?..ငါ့လိုအဓိကလူကတောင် ဒီကိစ္စကဒီလိုရှိမှန်း မသိခဲ့တာ..စုဟောက်အန်း..နင် အမှတ်မှားနေတာများလား"
"ဘယ်လိုလုပ်ပြီး အမှတ်မှားနိုင်မှာလဲ?..မင်းတို့နှစ်ယောက်...."
စကားဆိုနေရင်း စုဟောက်အန်းက အနောက်ဘက်ခန်း၌တစ်စုံတစ်ရာမူမမှန်မှန်း သတိထားမိသွားခဲ့ကာ
"အေ့..မင်းတို့နှစ်ယောက်က အခု ရှက်နေကြတာလား ဘာလား..မဟုတ်သေးပါဘူး..နှစ်တွေတောင် ဒီလောက်ကြာသွားခဲ့ပြီပဲဟာ..အခုချိန်ထိ မှတ်ထားကြတုန်းလား..ဟမ်?..ငါက ဒီတိုင်းအပျင်းပြေအောင်လျှောက်ပြောနေတာပါကွာ.."
ဝမ်လင်လင် ;
"အချင်းချင်းမတွေ့ဖြစ်ကြတာ ဘယ်လောက်ကြာသွားပြီလဲ"
"ကိုယ်ချက်ချင်းတော့ မတွက်နိုင်ဘူးရော..ဝိန်းရိဖန်..မင်း ငါတို့ကျောင်းမှာ တစ်နှစ်လောက်ပဲနေသွားတာမလား..ငါမှတ်မိသလောက်တော့ အထက်တန်း ပထမနှစ်မှာလား ဒုတိယနှစ်မှာလားမသိ မင်း ကျောင်းပြောင်းသွားတာလေ"
ဝိန်းရိဖန်က အလေးအနက်ပြန်ဖြေလာခဲ့၏။
"အထက်တန်း ဒုတိယနှစ်ရဲ့ ဒုတိယစာသင်နှစ်ဝက်မှာ ပြောင်းသွားတာ"
"ဒါဆိုတွက်ကြည့်လိုက်ရင်...ခုနှစ်နှစ် ရှစ်နှစ်လောက်တောင် ရှိရောပေါ့.."
တစ်ချိန်လုံးအသံတိတ်နေခဲ့သည့် စန်းရန်ကို ပြန်သတိထားမိသွားသည့် စုဟောက်အန်းက ဆက်၍
"စန်းရန်..မင်း ဘာလို့အသံတိတ်နေတာလဲ..ခုနှစ်နှစ် ရှစ်နှစ်တောင်ရှိသွားပါပြီကွာ..အခုထိ ဒီကိစ္စကို စိတ်ထဲမှာတေးထားတုန်းလား"
စန်းရန်က မျက်လွှာကိုအသာအယာချလိုက်ပြီး စုဟောက်အန်းအား လျစ်လျူရှုလိုက်၏။
"သောက်ဆရာကြီးပါပဲဟေ့"
စုဟောက်အန်းက နှာတစ်ချက်မှုတ်ကာ
"ဝိန်းရိဖန်..မင်း အဲ့ကောင်ကို အာရုံစိုက်မနေနဲ့..ဒီကောင်က ဘယ်လိုကောင်မှန်း မင်းလည်းသိတယ်မလား..ဒီကောင်ကသူ့ကိုယ်သူ ကြီးတော်ကြီးလို ထိပ်ဆုံးမှာရောက်နေတဲ့ကောင်လိုမျိုး လုပ်နေတာ..မဟုတ်မှလွဲ အဲ့အချိန်တုန်းကတောင် မင်း သူ့ကို ပြန်သဘောမကျရကောင်းလားဆိုပြီး မင်းကိုအမြင်မရှိတဲ့သူလို့တောင် ထင်ရင်ထင်နေမှာ..ဒါပေမယ့် အဲ့ကောင်မသိတာကလေ သူ့ရဲ့ပုံစံက ထရိုက်ချင်စရာကောင်း..."
ဝမ်လင်လင်က စကားဖြတ်ပြောလာ၍
"အိုက်ယား..ကားကို အာရုံစိုက်ပြီးမောင်းလေ..သူငယ်ချင်းကို အဲ့လိုမပြောရဘူး"
"...."
စုဟောက်အန်းက ကျန်နေသည့်စကားများကို ထိန်းလိုက်ပြီး မျက်မှောင်ကျုံ့ကာ ဝမ်လင်လင်အား တစ်ချက်လှမ်းကြည့်လိုက်သည်။
"ကားကို သေချာမောင်းပါ..မဟုတ်ရင် အန္တရာယ်များတာကြောင့်မလို့လေ"
စုဟောက်အန်း၏အမူအရာကို နားလည်လိုက်သည့် ဝမ်လင်လင်က ဆက်၍
"စိတ်မဆိုးပါနဲ့..ဒီတိုင်း သတိပေးရုံသက်သက်ပါ..အချစ်က ဆက်ပြောချင်တယ်ဆိုလည်းပြောလေ"
စုဟောက်အန်းက ထိုအခါတွင်မှ ပြုံးလာလေပြီး
"စိတ်မဆိုးပါဘူး..အချစ်ကလေး သတိပေးတဲ့အတွက် ကျေးဇူးပါ"
မသိလိုက်ပါဘဲ စားသောက်ဆိုင်ဆီသို့ ရောက်လာခဲ့ကြသည်။
ဤနေရာထိရောက်လာပြီဖြစ်သည့်အတွက် ဝိန်းရိဖန်အနေဖြင့် ပြန်တော့မည့်အကြောင်း စကားဆိုရန် မသင့်တော်တော့ပေ။ ထို့အပြင် စန်းရန်ဘက်မှလည်း စကားတစ်ခွန်းမှဟမလာသည့်အတွက် သူမကသာ အတိတ်နှင့်ပတ်သတ်ပြီး စိုးရိမ်လွန်နေခဲ့ပုံရသည်။
ထမင်းစားကြလျှင်တောင် အလွန်ဆုံး တစ်နာရီမျှသာ အချိန်ယူပြီး တဖြည်းဖြည်းအချိန်ကုန်သွားမည့်အကြောင်းကို တွေးကြည့်မိလိုက်၏။ သို့သော် ဝိန်းရိဖန် မမျှော်လင့်ထားခဲ့သည်မှာ ဝမ်လင်လင်ပြောသည့် 'သူမ၏ကောင်လေးက သူ့သူငယ်ချင်းကိုခေါ်လာမည်' ဆိုသည့်စကားလုံးထဲတွင် 'သူငယ်ချင်း' ဆိုသည်မှာ စန်းရန်တစ်ယောက်တည်းကိုဆိုလိုခြင်း မဟုတ်သည့်အကြောင်းကိုပင်။
လူတစ်အုပ်စုကို ရည်ညွှန်းခြင်းပေ။
သူတို့အားလုံးက သီးသန်းအခန်းတစ်ခုကို ယူထားကြပြီး လူများပင်ပြည့်နေခဲ့ပြီဖြစ်၏။
အချက်ကျကျတွေးရလျှင် ဝိန်းရိဖန်က ဝမ်လင်လင်ခေါ်လာသည့်သူဖြစ်သည့်အတွက် သူမက ဝမ်လင်လင်နှင့်အတူထိုင်ရမည်ဖြစ်သည်။သို့သော် နောက်ဆုံးကျန်နေသည့် ခုံလေးနေရာစာမှာ နှစ်ခုံစီ သီးသန့်ဖြစ်နေသည့်အတွက် ဝမ်လင်လင်က ဝိန်းရိဖန်နှင့်ထိုင်မည့်အစား စုဟောက်အန်းနှင့်သာ ထိုင်လေတော့၏။
ဝိန်းရိဖန်မှာ စန်းရန်နှင့်အတူထိုင်ရန်အကြောင်းဖန်လာခဲ့ပြီး မသိလျှင် စန်းရန်က ဝိန်းရိဖန်ကိုခေါ်လာသည့်အနေအထားမျိုးပင်။
ယောက်ျားလေးတစ်ဦးက စကားဆိုလာခဲ့၏။
"စန်းရန်..မင်း မရိုးသားဘူးကွာ..ဘာလို့ ရုတ်တရက်ကြီး Singleအဖြစ်ကနေ နှုတ်ထွက်ပစ်ရတာလဲ"
စုဟောက်အန်းက စုတ်တစ်ချက်သပ်လိုက်၍
"လျှောက်ပြောမနေနဲ့..ဒီသောက်ရူးကောင် စန်းရန် နဲ့ တန်လို့လား..ဒီတစ်ယောက်က ငါတို့ရဲ့သူငယ်ချင်း..ငါတို့ အထက်တန်းကျောင်းသားဘဝတုန်းက ကျောင်းရဲ့နာမည်အကြီးဆုံး အလှလေးလေ...ချန်ဖေး မင်းမှတ်မိသေးလား..မင်းအထက်တန်းကိုလည်း နန်းဝူရဲ့အမှတ်(၁)ကျောင်းမှာပဲ တက်တာမလား"
"မှတ်မိတယ်လေ..ဝိန်းရိဖန် မလား..ပြီးတော့ ကျွန်တော်က မင်းရဲ့သူငယ်ချင်းတစ်ယောက်နဲ့တန်းခွဲတစ်ခုတည်းကလေ..ကျုံးစစ်ချောင်နဲ့.."
Advertisement
စန်းရန်၏ဘေးတွင်ထိုင်နေသည့် ခပ်ဝဝအမျိုးသားတစ်ဦးက ဝိန်းရိဖန်ဘက်သို့ လှမ်းကြည့်ရင်း အနည်းငယ်ရှက်နေသည့်ပုံစံမျိုးဖြင့် ပြုံးပြနေခဲ့ကာ ဆက်၍
"ကျုံးစစ်ချောင်က Group ထဲမှာမက်ဆေ့ပို့ရင်းနဲ့ မင်းရဲ့ပုံကို မြင်ဖူးတာ"
ဝိန်းရိဖန်က ပြန်ပြုံးပြရင်း ခေါင်းငြိမ့်ပြလိုက်သည်။
နောက်တွင် အခြားယောက်ျားလေးက စကားဆိုလာ၏။
"ဖက်တီး..မင်းက ဘာကိစ္စမျက်နှာနီနေရတာလဲ"
စန်းရန်က စကားဝိုင်းထဲသို့လုံးဝဝင်မလာခဲ့ဘဲ အခြားသူများက သူ့နာမည်အား မကြာခဏထည့်ပြောနေကြပါသည့်တိုင်အောင် သူ့ပုံစံက လုံးဝ နားမကြားသည့်လူတစ်ယောက်လိုသာ ပြုမူနေခဲ့သည်။သို့သော် ဤစကားတစ်ခွန်းတွင်တော့ သူ့မျက်ဝန်းက ခပ်ဖွဖွလေးလှုပ်ရှားသွားကာ ချန်ဖေးကို လှမ်းကြည့်လိုက်တော့၏။
စုဟောက်အန်း ;
"သူ့ပုံစံက အမြဲတမ်းဒီတိုင်းပဲ မဟုတ်ဘူးလား..ချောချောလှလှလေးကို တွေ့လိုက်တာနဲ့ စကားတွေပါမပြောတတ်တော့တာလေ"
လျစ်လျူရှုခံထားရသလိုဖြစ်နေသည့် ဝမ်လင်လင်က မပျော်မရွှင်ဖြစ်လာပြီး သူတို့၏စကားဝိုင်းထဲသို့ ဖျက်ဝင်လာခဲ့သည်။
"ဘာလဲကွာ..အချစ်က ဘာလို့ တို့ရှေ့မှာ အခြားသူကို လှတယ်လို့ပြောရတာလဲ"
စက္ကန့်ပိုင်းမျှ တိတ်ဆိတ်သွားပြီးသည့်နောက်တွင် စုဟောက်အန်း ;
"ပေါင်ပေ့အာ..မင်း ဘာတွေလျှောက်တွေးနေရတာလဲကွာ..သဝန်တွေ လျှောက်တိုမနေနဲ့တော့"
-----
ဤစားသောက်ဆိုင်၏ဟင်းလျာများမှာ တော်တော်ကြာကြာကိုစောင့်ရသဖြင့် စားပွဲဝိုင်းပတ်ပတ်လည်ရှိ ယောက်ျားလေးတစ်အုပ်ကြီးမှာ သူတစ်ခွန်း ငါတစ်ခွန်းဖြင့် ရေသောက်ပြီး စကားများနေခဲ့ကြပါသည့်တိုင် စားပွဲပေါ်သို့ ဟင်းတစ်ခွက်လာမချပါသေးပေ။စကားလမ်းကြောင်းခေါင်းစဥ်များကလည်း အချိန်နှင့်အမျှ တဖြည်းဖြည်းပြောင်းလဲသွားပြီဖြစ်ကာ သူမလို သူစိမ်းတစ်ယောက်ရောက်လာခဲ့အပေါ် အာရုံမိကြသည့်အကြောင်းအရာများလည်း နည်းပါးသွားခဲ့ပြီဖြစ်သည်။
ဝိန်းရိဖန်လည်း အနည်းငယ်နေသာထိုင်သာရှိသွားခဲ့ပြီး စန်းရန်အား အမှတ်တမဲ့လှမ်းကြည့်မိလိုက်သည်။
စန်းရန်က စကားဝိုင်းထဲသို့ ဝင်ပါလာခြင်းမျိုး လုံးဝမရှိပါဘဲ ယခုအချိန်တွင်လည်း ဘာမှကိုဂရုမစိုက်သည့်ပုံစံမျိုးဖြင့် ခေါင်းငုံ့ပြီးသာ ဖုန်းကစားနေခဲ့သည်။
အခြားသူများမှ သူ့အား လှမ်းခေါ်လျှင်တောင် လျစ်လျူရှုထားမြဲ။
ဝိန်းရိဖန်လည်း ခေါင်းငုံ့ပြီးသာ ရေတစ်ခွက်သောက်လိုက်၏။
ခံစားမိလိုက်သည်မှာလည်း သူမက ဤနေရာတွင် ရှိနေရမည့်သူ မဟုတ်ပါချေ။
တစ်ခဏအကြာတွင်။
ဝမ်လင်လင်က စုဟောက်အန်း၏မျက်နှာကို ရုတ်တရက်နမ်းလိုက်ပြီးနောက် မတ်တပ်ထရပ်ကာ ဝိန်းရိဖန်ရှိရာဆီသို့ လျှောက်လာခဲ့ပြီး ဝိန်းရိဖန်၏လက်ကောက်ဝတ်ကို လှမ်းဆွဲရင်း ပြုံးပြလာ၍
"ရှောင်ဖန်..အစ်မနဲ့ သန့်စင်ခန်းကို ခဏလိုက်ခဲ့ပေးဦး"
ဝိန်းရိဖန် မတ်တပ်ရပ်လိုက်ပြီးနောက် ထိုင်ခုံပေါ်တင်ထားသည့် ပိုက်ဆံအိတ်ကိုပါ မသိမသာဆွဲယူခဲ့လိုက်၏။
လမ်းညွှန်ပြထားသည့်သင်္ကေတများအတိုင်း နှစ်ယောက်သားက သန့်စင်ခန်းထဲသို့ ဝင်လာခဲ့လိုက်သည်။
ဝမ်လင်လင်က နှုတ်ခမ်းနီဘူးကိုထုတ်ပြီး မိတ်ကပ်များကိုပြန်ညှိနေရင်း
"မင်းအရင်က အဲ့ဒီစန်းရန်ကို ငြင်းခဲ့ဖူးတာလား"
ဝိန်းရိဖန်က ပြန်မဖြေပေ။
ဝမ်လင်လင်က ဝိန်းရိဖန်က ဟုတ်ကြောင်းဝန်ခံနေသည်ဟုယူဆလိုက်ကာ အံ့သြသွားသည့်အမူအရာမျိုးဖြင့်
"အစ်မတို့ကုမ္ပဏီနားက 'Overtime' ဘားကို သိလား..အဲ့ဘားက သူရယ် အစ်မရဲ့ကောင်လေးရယ် နောက်ထပ်ယောက်ျားလေးတစ်ယောက်ရယ် ပေါင်းဖွင့်ထားတာ"
"...."
"သူ့အခြေအနေက ဒီလောက်တောင်မှအဆင်ပြေနေတာ..အရပ်လည်းမြင့်တယ်..ချောတယ်..ပြီးတော့ ပိုက်ဆံလည်းရှိတယ်လေ..ဒါကိုတောင်မှ ငြင်းပစ်သေးတာလား"
ဝမ်လင်လင်က နားမလည်နိုင်သလို ခေါင်းရမ်းပြ၍
"မင်းလိုချင်တဲ့သတ်မှတ်စံနှုန်းတွေက အရမ်းမြင့်နေလို့များလား?..ဒါပေမယ့်လည်း နှစ်တွေအများကြီးကြာသွားခဲ့ပြီမလား..အစ်မ ခုဏတုန်းက သူ့ပုံစံကို အကဲခတ်ကြည့်နေခဲ့တာ..မင်းအပေါ်ကို ဘာစိတ်မှမရှိတော့သလိုပါပဲ"
"အားလုံးက ပြီးသွားခဲ့ပါပြီ"
ဝိန်းရိဖန်က နူးနူးညံ့ညံ့ပြုံးပြလိုက်ရင်း လက်ကိုင်ဖုန်းကို ထုတ်ကြည့်လိုက်၍
"ဒါနဲ့..လင်ကျဲ..တကယ်ကို အားနာမိပါတယ်ဆိုပေမယ့် ကျွန်မ အရင်ပြန်နှင့်တော့မယ်..ချန်လောင်ရှစ်က ဒီနေ့ည စာမူကိုအပြီးပို့ပေးဖို့ပြောထားလို့ပါ..ကျေးဇူးပြုပြီး အစ်မရဲ့မိတ်ဆွေတွေကို ကျွန်မအစား နှုတ်ဆက်ပေးပါဦးနော်"
ဝမ်လင်လင်က 'အာ' ဟု အသံတစ်ချက်ပြုကာ မပျော်မရွှင်ဖြစ်သွားခဲ့၏။
"ထမင်းစားရုံလေးပဲကို..အချိန်တွေ အများကြီးယူမှာမှမဟုတ်တာ"
"လောင်ရှစ်က အလောတကြီတောင်းနေတာဆိုတော့ ကျွန်မလည်း အချိန်မဆွဲရဲလို့ပါ..အစမ်းခန့်ထားတဲ့ကာလပဲ ရှိနေသေးလို့လေ"
"အို့..ဒါဆိုလည်း ကောင်းပါပြီ"
ဝမ်လင်လင် နှုတ်ခမ်းကိုကွေးပြ၍
"ဒါဆို လမ်းမှာ ကိုယ့်ကိုကိုယ်ဂရုစိုက်နော်..အစ်မ အရင်သွားနှင့်ပြီ"
"ဟုတ်ကဲ့..ကျေးဇူးပါ လင်ကျဲ..မနက်ဖြန်မှတွေ့မယ်နော်"
ဝမ်လင်လင်ထွက်သွားပြီးနောက်တွင် ဝိန်းရိဖန်က ရေပိုက်ခေါင်းကိုဖွင့်ပြီး လက်ဆေးလိုက်သည်။ သူမဘက်မှ ဝမ်လင်လင် မပျော်မရွှင်ဖြစ်သွားအောင် လုပ်မိသွားသလားမသေချာသော်လည်း သည်တရင်းတနှီးကျွမ်းဝင်သည့်သူမရှိသည့် စားသောက်ဝိုင်းထဲတွင်တော့ အမှန်တကယ် ဆက်၍မနေချင်ပါတော့ပေ။
ဝိန်းရိဖန် သက်ပြင်းတစ်ချက်ချလိုက်ပြီး တစ်သျှူးတစ်ရွက်ယူကာ ရေစင်အောင်သုတ်လိုက်၏။
အပြင်ထွက်သို့ထွက်ထွက်လာချင်းပင် ဝိန်းရိဖန်က အမျိုးသားသန့်စင်ခန်းထဲမှထွက်လာသည့် စန်းရန်နှင့် ထိပ်တိုက်ဆုံပါလေတော့၏။ ဤတစ်ကြိမ်တွင် ဝိန်းရိဖန်တွေးထင်ထားသည့်အတိုင်း စန်းရန်က သူမအား မမြင်ရသည့်လေထုတစ်ခုလို လျစ်လျူရှုထားခြင်းမျိုးမဟုတ်ဘဲ စန်းရန်က ခြေလှမ်းများကိုရပ်တန့်ပစ်လိုက်ပြီး ပေါ့ပေါ့ပါးပါးအမူအရာတို့ဖြင့် သူမအား လှမ်းကြည့်နေလေသည်။
ဝိန်းရိဖန် ခံစားမိလိုက်သည်မှာ ဤမြင်ကွင်းပုံစံက ရှင်းပြမရအောင်ရင်းနှီးသည့်အကြောင်းပင်။
သို့သော် ဤတစ်ကြိမ်တွင်တော့ အခြေအနေများမှာ လုံးဝမတူညီပါတော့ပေ။
ဆက်ဆံရေးတစ်ခုကို အစမှပြန်လည်တည်ဆောက်ရတော့မည့်အလားသဏ္ဍာန်။
တစ်ညလုံးတိတ်ဆိတ်နေခဲ့သည့်သူ့အမူအရာကို အကဲဖြတ်လိုက်ကာ အရင်က ဆုံခဲ့ဖူးသည့်အကြိမ်ရေများကို ထည့်မပြောတော့ရန် ဝိန်းရိဖန် ဆုံးဖြတ်လိုက်၏။ သူမက အသာအယာခေါင်းငြိမ့်ပြကာ နှစ်များစွာကြာပြီးမှ ပြန်လည်တွေ့ဆုံကြသည့်အတိုင်း ယဥ်ယဥ်ကျေးကျေးနှုတ်ဆက်လိုက်၏။
"မတွေ့ရတာကြာပြီ"
သို့သော် စန်းရန်က သူတို့နှစ်ဦးကြားရှိ ငြိမ်းချမ်းရေးကို ထိန်းသိမ်းထားချင်သည့်သဘောမရှိ ၊ သူ၏ခနဲ့တဲ့တဲ့အမူအရာ ပျင်းတိပျင်းရွဲအေးအေးလူလူပုံစံမျိုးဖြင့်
"မတွေ့ရတာကြာပြီ?"
သူ့အသံနေအသံထားအရ ထိုသူက သူမအား မေးခွန်းထုတ်နေသည့်သဘောဆောင်သလား စစ်ကြေညာသည့်သဘောကိုဆောင်သလား မသဲကွဲပါပေ။
စန်းရန်က ဆက်၍
"နှစ်သစ်ကူးနေ့ကနေတွက်ရင် ဒီနေ့နဲ့ဆိုမှ သုံးလေးရက်ပဲ ရှိသေးတယ်..ကိုယ့်ကို မတွေ့ရတဲ့...."
သူ တစ်ခဏမျှရပ်တန့်လိုက်ကာ နောက်ဆုံးကျန်နေခဲ့တဲ့ မျက်နှာဖုံးအပိုင်းအစလေးကိုပင် ဆွဲခွာချပစ်လိုက်တော့၏။
Advertisement
"ရက်တွေက နှစ်တွေနီးပါးကို ကြာသွားခဲ့တာလား"
(Zawgyi)
ဆူညံသံမ်ားျဖင့္အႏွောက္ယွက္ခံလိုက္ရသည့္ စန္းရန္က မ်က္လုံးမ်ားကို ပ်င္းတိပ်င္း႐ြဲဖြင့္လာခဲ့ၿပီးေနာက္...
သူမ၏မ်က္ဝန္းမ်ားႏွင့္ ဆုံေစလိုက္၏။
ေလထုတစ္ခြင္လုံး ေအာင့္သက္သက္နိုင္လွသည့္အေငြ႕အသက္မ်ား ဖုံးလႊမ္းသြားေတာ့သည္။
စန္းရန္က စကားတစ္ခြန္းမဆို ၊ သူမကိုသာ တိတ္တိတ္ဆိတ္ဆိတ္လွမ္းၾကည့္ေနၿပီး ၾကည္လင္ေနသည့္မ်က္လုံးမ်ားက အိပ္ရာနိုးခါစျဖစ္ေသာေၾကာင့္ အာ႐ုံမစိုက္မိနိုင္ေသးသည့္ပုံစံမ်ိဳးပင္။
သူ႕မ်က္ခုံးမ်ားက အလြန္တရာကိုမွေက်ာ့ရွင္းသည့္အထဲတြင္ပါသည္။မ်က္ဝန္းအိမ္မ်ားကလည္း တိမ္စိုင္ႏွစ္ခုျဖစ္တည္ေနသည့္အလား ၊ မ်က္ဝန္းေထာင့္ေလးမ်ား ျမႇောက္တက္သြားသည့္အခါတိုင္းတြင္ အရာအားလုံးကို ဂ႐ုမစိုက္ေလသည့္ ခပ္စူးစူးရဲရဲအၾကည့္မ်ားကို ေဆာင္က်ဥ္းထားေလေသးသည္။
ဤအခိုက္အတန့္တြင္။
ဝိန္းရိဖန္က ေနာက္စကၠန့္ပိုင္းအတြင္း စန္းရန္ထံမွ 'ၾကာပန္းျဖဴေလး' ဆိုသည့္စကားလုံးႏွင့္ပတ္သတ္ၿပီး ခနဲ႕တဲ့တဲ့လုပ္ပစ္လာေတာမည္မွန္း ႀကိဳတင္ခံစားေနမိခဲ့သည့္အခ်ိန္ ဝမ္လင္လင္က ေရွ႕ေျပးဦးေဆာင္လိုက္သျဖင့္
"မင္းတို႔ခ်င္း သိေနၾကတာလား"
စုေဟာက္အန္း ;
"အင္း..အထက္တန္းေက်ာင္းတုန္းကသူငယ္ခ်င္းေတြ"
ဝိန္းရိဖန္က ေငးၾကည့္ေနမိသည့္မ်က္ဝန္းမ်ားကို ႐ုတ္သိမ္းလိုက္ကာ စကားလမ္းေၾကာင္းလႊဲလိုက္ရန္အတြက္ စကားဆိုေတာ့မည္အျပဳတြင္ ဝမ္လင္လင္မွေနၿပီး
"ၾကာပန္းျဖဴေလးဆိုတာကေရာ ဘာကိုဆိုလိုခ်င္တာလဲဟင္..အခ်စ္ရဲ႕သူငယ္ခ်င္းက အရင္က ေရွာင္ဖန္ကို လိုက္ပိုးပမ္းခဲ့ေပမယ့္ မရလိုက္တာေၾကာင့္မလို႔လား"
စုေဟာက္အန္းက ကိုယ္ခ်င္းမစာမနာေအာ္ရယ္ပစ္လိုက္၍
"မွန္ပါ့ မွန္ပါ့"
"...."
ဤႏွစ္ေယာက္ အတြဲျဖစ္ေနျခင္းမွာ မထူးဆန္းပါေတာ့ေခ်။
ယခုအေျခအေနႀကီးထဲတြင္ ဝိန္းရိဖန္သည္လည္း ဘယ္လိုမွဟန္ေဆာင္လို႔မရပါေတာ့ေပ။ သူမ၏ အရင္ကဟန္ေဆာင္မ်က္ႏွာဖုံးေလးမွာလည္း အေရွ႕မွလူႏွစ္ေယာက္၏ဆုတ္ၿဖဲျခင္းကိုခံလိုက္ရကာ အနည္းငယ္ေလးမွ်သာဖုံးကြယ္နိုင္ပါေတာ့မည္။
ဤအေျခအေနထဲတြင္ စန္းရန္ဘက္မွ ေလထုကိုသက္ေတာင့္သက္တာျဖစ္သြားေစရန္ေျပာလာမည့္စကားမ်ားကိုလည္း သူမ မေမွ်ာ္လင့္ထား။
အရင္ကတည္းက စန္းရန္က သူ႕မ်က္ႏွာကိုအပ်က္မခံသည့္လူမ်ိဳးမွန္း သိထားသည့္အတြက္ ဝိန္းရိဖန္ကသာ တည္တည္ၿငိမ္ၿငိမ္ျဖင့္ဆိုလိုက္၏။
"ဟုတ္လား?..ငါ့လိုအဓိကလူကေတာင္ ဒီကိစၥကဒီလိုရွိမွန္း မသိခဲ့တာ..စုေဟာက္အန္း..နင္ အမွတ္မွားေနတာမ်ားလား"
"ဘယ္လိုလုပ္ၿပီး အမွတ္မွားနိုင္မွာလဲ?..မင္းတို႔ႏွစ္ေယာက္...."
စကားဆိုေနရင္း စုေဟာက္အန္းက အေနာက္ဘက္ခန္း၌တစ္စုံတစ္ရာမူမမွန္မွန္း သတိထားမိသြားခဲ့ကာ
"ေအ့..မင္းတို႔ႏွစ္ေယာက္က အခု ရွက္ေနၾကတာလား ဘာလား..မဟုတ္ေသးပါဘူး..ႏွစ္ေတြေတာင္ ဒီေလာက္ၾကာသြားခဲ့ၿပီပဲဟာ..အခုခ်ိန္ထိ မွတ္ထားၾကတုန္းလား..ဟမ္?..ငါက ဒီတိုင္းအပ်င္းေျပေအာင္ေလွ်ာက္ေျပာေနတာပါကြာ.."
ဝမ္လင္လင္ ;
"အခ်င္းခ်င္းမေတြ႕ျဖစ္ၾကတာ ဘယ္ေလာက္ၾကာသြားၿပီလဲ"
"ကိုယ္ခ်က္ခ်င္းေတာ့ မတြက္နိုင္ဘူးေရာ..ဝိန္းရိဖန္..မင္း ငါတို႔ေက်ာင္းမွာ တစ္ႏွစ္ေလာက္ပဲေနသြားတာမလား..ငါမွတ္မိသေလာက္ေတာ့ အထက္တန္း ပထမႏွစ္မွာလား ဒုတိယႏွစ္မွာလားမသိ မင္း ေက်ာင္းေျပာင္းသြားတာေလ"
ဝိန္းရိဖန္က အေလးအနက္ျပန္ေျဖလာခဲ့၏။
"အထက္တန္း ဒုတိယႏွစ္ရဲ႕ ဒုတိယစာသင္ႏွစ္ဝက္မွာ ေျပာင္းသြားတာ"
"ဒါဆိုတြက္ၾကည့္လိုက္ရင္...ခုႏွစ္ႏွစ္ ရွစ္ႏွစ္ေလာက္ေတာင္ ရွိေရာေပါ့.."
တစ္ခ်ိန္လုံးအသံတိတ္ေနခဲ့သည့္ စန္းရန္ကို ျပန္သတိထားမိသြားသည့္ စုေဟာက္အန္းက ဆက္၍
"စန္းရန္..မင္း ဘာလို႔အသံတိတ္ေနတာလဲ..ခုႏွစ္ႏွစ္ ရွစ္ႏွစ္ေတာင္ရွိသြားပါၿပီကြာ..အခုထိ ဒီကိစၥကို စိတ္ထဲမွာေတးထားတုန္းလား"
စန္းရန္က မ်က္လႊာကိုအသာအယာခ်လိဳက္ၿပီး စုေဟာက္အန္းအား လ်စ္လ်ဴရႈလိုက္၏။
"ေသာက္ဆရာႀကီးပါပဲေဟ့"
စုေဟာက္အန္းက ႏွာတစ္ခ်က္မႈတ္ကာ
"ဝိန္းရိဖန္..မင္း အဲ့ေကာင္ကို အာ႐ုံစိုက္မေနနဲ႕..ဒီေကာင္က ဘယ္လိုေကာင္မွန္း မင္းလည္းသိတယ္မလား..ဒီေကာင္ကသူ႕ကိုယ္သူ ႀကီးေတာ္ႀကီးလို ထိပ္ဆုံးမွာေရာက္ေနတဲ့ေကာင္လိုမ်ိဳး လုပ္ေနတာ..မဟုတ္မွလြဲ အဲ့အခ်ိန္တုန္းကေတာင္ မင္း သူ႕ကို ျပန္သေဘာမက်ရေကာင္းလားဆိုၿပီး မင္းကိုအျမင္မရွိတဲ့သူလို႔ေတာင္ ထင္ရင္ထင္ေနမွာ..ဒါေပမယ့္ အဲ့ေကာင္မသိတာကေလ သူ႕ရဲ႕ပုံစံက ထရိုက္ခ်င္စရာေကာင္း..."
ဝမ္လင္လင္က စကားျဖတ္ေျပာလာ၍
"အိုက္ယား..ကားကို အာ႐ုံစိုက္ၿပီးေမာင္းေလ..သူငယ္ခ်င္းကို အဲ့လိုမေျပာရဘူး"
"...."
စုေဟာက္အန္းက က်န္ေနသည့္စကားမ်ားကို ထိန္းလိုက္ၿပီး မ်က္ေမွာင္က်ဳံ႕ကာ ဝမ္လင္လင္အား တစ္ခ်က္လွမ္းၾကည့္လိုက္သည္။
"ကားကို ေသခ်ာေမာင္းပါ..မဟုတ္ရင္ အႏၱရာယ္မ်ားတာေၾကာင့္မလို႔ေလ"
စုေဟာက္အန္း၏အမူအရာကို နားလည္လိုက္သည့္ ဝမ္လင္လင္က ဆက္၍
"စိတ္မဆိုးပါနဲ႕..ဒီတိုင္း သတိေပး႐ုံသက္သက္ပါ..အခ်စ္က ဆက္ေျပာခ်င္တယ္ဆိုလည္းေျပာေလ"
စုေဟာက္အန္းက ထိုအခါတြင္မွ ၿပဳံးလာေလၿပီး
"စိတ္မဆိုးပါဘူး..အခ်စ္ကေလး သတိေပးတဲ့အတြက္ ေက်းဇူးပါ"
မသိလိုက္ပါဘဲ စားေသာက္ဆိုင္ဆီသို႔ ေရာက္လာခဲ့ၾကသည္။
ဤေနရာထိေရာက္လာၿပီျဖစ္သည့္အတြက္ ဝိန္းရိဖန္အေနျဖင့္ ျပန္ေတာ့မည့္အေၾကာင္း စကားဆိုရန္ မသင့္ေတာ္ေတာ့ေပ။ ထို႔အျပင္ စန္းရန္ဘက္မွလည္း စကားတစ္ခြန္းမွဟမလာသည့္အတြက္ သူမကသာ အတိတ္ႏွင့္ပတ္သတ္ၿပီး စိုးရိမ္လြန္ေနခဲ့ပုံရသည္။
ထမင္းစားၾကလွ်င္ေတာင္ အလြန္ဆုံး တစ္နာရီမွ်သာ အခ်ိန္ယူၿပီး တျဖည္းျဖည္းအခ်ိန္ကုန္သြားမည့္အေၾကာင္းကို ေတြးၾကည့္မိလိုက္၏။ သို႔ေသာ္ ဝိန္းရိဖန္ မေမွ်ာ္လင့္ထားခဲ့သည္မွာ ဝမ္လင္လင္ေျပာသည့္ 'သူမ၏ေကာင္ေလးက သူ႕သူငယ္ခ်င္းကိုေခၚလာမည္' ဆိုသည့္စကားလုံးထဲတြင္ 'သူငယ္ခ်င္း' ဆိုသည္မွာ စန္းရန္တစ္ေယာက္တည္းကိုဆိုလိုျခင္း မဟုတ္သည့္အေၾကာင္းကိုပင္။
လူတစ္အုပ္စုကို ရည္ၫႊန္းျခင္းေပ။
သူတို႔အားလုံးက သီးသန္းအခန္းတစ္ခုကို ယူထားၾကၿပီး လူမ်ားပင္ျပည့္ေနခဲ့ၿပီျဖစ္၏။
အခ်က္က်က်ေတြးရလွ်င္ ဝိန္းရိဖန္က ဝမ္လင္လင္ေခၚလာသည့္သူျဖစ္သည့္အတြက္ သူမက ဝမ္လင္လင္ႏွင့္အတူထိုင္ရမည္ျဖစ္သည္။သို႔ေသာ္ ေနာက္ဆုံးက်န္ေနသည့္ ခုံေလးေနရာစာမွာ ႏွစ္ခုံစီ သီးသန့္ျဖစ္ေနသည့္အတြက္ ဝမ္လင္လင္က ဝိန္းရိဖန္ႏွင့္ထိုင္မည့္အစား စုေဟာက္အန္းႏွင့္သာ ထိုင္ေလေတာ့၏။
ဝိန္းရိဖန္မွာ စန္းရန္ႏွင့္အတူထိုင္ရန္အေၾကာင္းဖန္လာခဲ့ၿပီး မသိလွ်င္ စန္းရန္က ဝိန္းရိဖန္ကိုေခၚလာသည့္အေနအထားမ်ိဳးပင္။
ေယာက္်ားေလးတစ္ဦးက စကားဆိုလာခဲ့၏။
"စန္းရန္..မင္း မရိုးသားဘူးကြာ..ဘာလို႔ ႐ုတ္တရက္ႀကီး Singleအျဖစ္ကေန ႏႈတ္ထြက္ပစ္ရတာလဲ"
စုေဟာက္အန္းက စုတ္တစ္ခ်က္သပ္လိုက္၍
"ေလွ်ာက္ေျပာမေနနဲ႕..ဒီေသာက္႐ူးေကာင္ စန္းရန္ နဲ႕ တန္လို႔လား..ဒီတစ္ေယာက္က ငါတို႔ရဲ႕သူငယ္ခ်င္း..ငါတို႔ အထက္တန္းေက်ာင္းသားဘဝတုန္းက ေက်ာင္းရဲ႕နာမည္အႀကီးဆုံး အလွေလးေလ...ခ်န္ေဖး မင္းမွတ္မိေသးလား..မင္းအထက္တန္းကိုလည္း နန္းဝူရဲ႕အမွတ္(၁)ေက်ာင္းမွာပဲ တက္တာမလား"
"မွတ္မိတယ္ေလ..ဝိန္းရိဖန္ မလား..ၿပီးေတာ့ ကြၽန္ေတာ္က မင္းရဲ႕သူငယ္ခ်င္းတစ္ေယာက္နဲ႕တန္းခြဲတစ္ခုတည္းကေလ..က်ဳံးစစ္ေခ်ာင္နဲ႕.."
စန္းရန္၏ေဘးတြင္ထိုင္ေနသည့္ ခပ္ဝဝအမ်ိဳးသားတစ္ဦးက ဝိန္းရိဖန္ဘက္သို႔ လွမ္းၾကည့္ရင္း အနည္းငယ္ရွက္ေနသည့္ပုံစံမ်ိဳးျဖင့္ ၿပဳံးျပေနခဲ့ကာ ဆက္၍
"က်ဳံးစစ္ေခ်ာင္က Group ထဲမွာမက္ေဆ့ပို႔ရင္းနဲ႕ မင္းရဲ႕ပုံကို ျမင္ဖူးတာ"
ဝိန္းရိဖန္က ျပန္ၿပဳံးျပရင္း ေခါင္းၿငိမ့္ျပလိုက္သည္။
ေနာက္တြင္ အျခားေယာက္်ားေလးက စကားဆိုလာ၏။
"ဖက္တီး..မင္းက ဘာကိစၥမ်က္ႏွာနီေနရတာလဲ"
စန္းရန္က စကားဝိုင္းထဲသို႔လုံးဝဝင္မလာခဲ့ဘဲ အျခားသူမ်ားက သူ႕နာမည္အား မၾကာခဏထည့္ေျပာေနၾကပါသည့္တိုင္ေအာင္ သူ႕ပုံစံက လုံးဝ နားမၾကားသည့္လူတစ္ေယာက္လိုသာ ျပဳမူေနခဲ့သည္။သို႔ေသာ္ ဤစကားတစ္ခြန္းတြင္ေတာ့ သူ႕မ်က္ဝန္းက ခပ္ဖြဖြေလးလႈပ္ရွားသြားကာ ခ်န္ေဖးကို လွမ္းၾကည့္လိုက္ေတာ့၏။
စုေဟာက္အန္း ;
"သူ႕ပုံစံက အၿမဲတမ္းဒီတိုင္းပဲ မဟုတ္ဘူးလား..ေခ်ာေခ်ာလွလွေလးကို ေတြ႕လိုက္တာနဲ႕ စကားေတြပါမေျပာတတ္ေတာ့တာေလ"
လ်စ္လ်ဴရႈခံထားရသလိုျဖစ္ေနသည့္ ဝမ္လင္လင္က မေပ်ာ္မ႐ႊင္ျဖစ္လာၿပီး သူတို႔၏စကားဝိုင္းထဲသို႔ ဖ်က္ဝင္လာခဲ့သည္။
"ဘာလဲကြာ..အခ်စ္က ဘာလို႔ တို႔ေရွ႕မွာ အျခားသူကို လွတယ္လို႔ေျပာရတာလဲ"
စကၠန့္ပိုင္းမွ် တိတ္ဆိတ္သြားၿပီးသည့္ေနာက္တြင္ စုေဟာက္အန္း ;
"ေပါင္ေပ့အာ..မင္း ဘာေတြေလွ်ာက္ေတြးေနရတာလဲကြာ..သဝန္ေတြ ေလွ်ာက္တိုမေနနဲ႕ေတာ့"
-----
ဤစားေသာက္ဆိုင္၏ဟင္းလ်ာမ်ားမွာ ေတာ္ေတာ္ၾကာၾကာကိုေစာင့္ရသျဖင့္ စားပြဲဝိုင္းပတ္ပတ္လည္ရွိ ေယာက္်ားေလးတစ္အုပ္ႀကီးမွာ သူတစ္ခြန္း ငါတစ္ခြန္းျဖင့္ ေရေသာက္ၿပီး စကားမ်ားေနခဲ့ၾကပါသည့္တိုင္ စားပြဲေပၚသို႔ ဟင္းတစ္ခြက္လာမခ်ပါေသးေပ။စကားလမ္းေၾကာင္းေခါင္းစဥ္မ်ားကလည္း အခ်ိန္ႏွင့္အမွ် တျဖည္းျဖည္းေျပာင္းလဲသြားၿပီျဖစ္ကာ သူမလို သူစိမ္းတစ္ေယာက္ေရာက္လာခဲ့အေပၚ အာ႐ုံမိၾကသည့္အေၾကာင္းအရာမ်ားလည္း နည္းပါးသြားခဲ့ၿပီျဖစ္သည္။
ဝိန္းရိဖန္လည္း အနည္းငယ္ေနသာထိုင္သာရွိသြားခဲ့ၿပီး စန္းရန္အား အမွတ္တမဲ့လွမ္းၾကည့္မိလိုက္သည္။
စန္းရန္က စကားဝိုင္းထဲသို႔ ဝင္ပါလာျခင္းမ်ိဳး လုံးဝမရွိပါဘဲ ယခုအခ်ိန္တြင္လည္း ဘာမွကိုဂ႐ုမစိုက္သည့္ပုံစံမ်ိဳးျဖင့္ ေခါင္းငုံ႕ၿပီးသာ ဖုန္းကစားေနခဲ့သည္။
အျခားသူမ်ားမွ သူ႕အား လွမ္းေခၚလွ်င္ေတာင္ လ်စ္လ်ဴရႈထားၿမဲ။
ဝိန္းရိဖန္လည္း ေခါင္းငုံ႕ၿပီးသာ ေရတစ္ခြက္ေသာက္လိုက္၏။
Advertisement
- In Serial36 Chapters
Legacy - Book 01
Ikher Ybarra just graduated college and needs to figure out what he’s going to do with his life. Nancy Lanover deals with strife at home and at her job as the CEO of a large company. Janine Hoyt is boisterous and friendly, but something doesn’t add up. Their interactions spin a web that will drawn them, and others, together. Legacy is a multi-book very slow burn life story about several people from different walks of life who end up becoming a large blended family. Elevator Pitch: It's a soap opera that takes itself seriously with some scifi and supernatural elements. Polite constructive comments and criticism always welcome. Thanks for reading! ^_^
8 182 - In Serial32 Chapters
heiress || beomryu
[ completed + edited ]in which, after years of avoiding the truth.the truth conceals itself.this book took, inspiration from "akagami no shirayukihime" or "snow white with the red hair".i advise you to read book one ("royalty"), first before this one, so you wouldn't be confused with the plot.book two of the royalty series.↦ royalty series: royalty || beomryu↠ heiress || beomryu memoirs || beomryumost impressive ranking:#69 lia: 07 - 04 - 2020#525 royalty: 07 - 06 - 2020#5 moa: 09 - 09 - 2020date published: 06 - 12 - 2020date ended: 09 - 12 - 2020date republished: 08 - 30 - 2020date edited: 08 - 08 - 2020© Center_Queen
8 208 - In Serial45 Chapters
Love, Lust or Bloodlust?
Gaara casted a jutsu on Naruto, and Gaara wants to kill Naruto now. And together, (with others!!) the have to go capture a missing nin. So, now, does Gaara really want to kill naruto?? And is there really a jutsu on Naruto???? Is this a yaoi??????Answers in the story.
8 312 - In Serial33 Chapters
Grabbed(VancexReader)
What if the Grabber actually grabbed kids and just kept them? A Vance Hopper love story, if you want any other characters remake of this then lmk! AND NO SMUT, LET ME REMIND YOU HES 16 IN THIS FANFIC AND THE ACTUAL ACTOR IS 17. If your over 18 I would kindly advise you off this story now.
8 129 - In Serial21 Chapters
The Bully.
Win Metawin was the schools bad boy and bully. Bright Vachirawit, who was the introvert type, was the main victim to Win Metawins bullying. What happens when Bright finally fights back after years of torture from Win.
8 97 - In Serial21 Chapters
Watch Me ✔️
"I would prefer not to hurt you, but I will if I need to." They said. I felt cold metal on my neck moving lightly against my skin. My emotions were a wreck, I felt anger, fear, and adrenaline all within me at once. But I knew I was not going to die today. Let them think I want this, I'll play into their delusions, and work towards the best plan of escape. Someone had to know I was missing, so now I would just have to start the long game. *************************************************Trigger warning: some scenes contain mention or detail related to sensitive topics. Story is rated mature for the mentioned topics*#1 in editing 5/23/2019#9 in scary 7/10/2019#11 in pride 1/10/2021#27 in stalker 5/9/2019#40 in fiction 1/22/2019
8 88

