《First Frost (Myanmar Translation)》Chapter 12
Advertisement
ဤပုံစံအတိုင်းသာ ဆက်သွားနေလျှင် များမကြာခင်အချိန်အတွင်း စန်းရန်၏စကားများကြောင့် ဝိန်းရိဖန်တစ်ယောက် ဦးနှောက်ဆေးခြင်း(Brainwash) ခံရပါတော့မည်။
သူမ ဦးနှောက်ဆေးခံရမည့်ခေါင်းစဥ်မှာ -- သူမက ဟိုးအရင်ကတည်းက ဤစန်းထို့ဖန်( စန်း အဓိကသင်္ကေတ /ခေါင်းကြီး) ၏ဂုဏ်သတင်းများကို ကြားဖူးနားဝရှိခဲ့ရပြီး ထိုသူ၏ တမူထူးခြားလှပါဘိ ဆိုသောခန့်ညားမှုကို ရှုစားရန်အတွက်လည်း မိုင်ပေါင်းသောင်းချီခရီးနှင်လာခဲ့ကာ ၊ ထိုအဓိကသင်္ကေတမှာ တစ်ချိန်က သူမကို ပိုးပမ်းဖူးသည့်အဆက်ဟောင်းမှန်း သိသွားခဲ့ပြန်သည့်အချိန်တွင်လည်း ရင်ခုန်နေဆဲဖြစ်သောကြောင့် သူ့အရှေ့တွင် သူမ၏ဖြစ်တည်မှုကိုသိသာစေနိုင်မည့် နည်းလမ်းအားလုံးကို သုံးပြခဲ့သည်ဟူ၍....
သူ့ရှေ့မှောက်တွင် ပြုမူမိသည့်အရာအားလုံးက ရည်ရွယ်ချက်ရှိရှိဖြင့် လုပ်ကြံထားခဲ့သလိုလိုပင် ဖြစ်နေပါတော့၏။
ဝိန်းရိဖန်က မနေနိုင်အောင် ပြန်ပက်လိုက်ချင်သဖြင့် ချက်ချင်းစာပြန်လိုက်၏။
[လက်စသတ်တော့ နင့်ဆီမှာ ကျကျန်နေခဲ့တာကိုး]
ဝိန်းရိဖန် ; [ အားနာလိုက်တာ..နင့်ကိုပဲ ထပ်ပြီးအလုပ်ရှုပ်အောင် လုပ်မိပြန်ပြီ..ဒါမှမဟုတ် နင် အဆင်ပြေမယ့်အချိန်ကိုပြောလေ..ငါ နင့်ဆီလာယူလိုက်မယ် ]
စဥ်းစားရင်း တွေးရင်း ၊ သူတို့နှစ်ဦး နောက်တစ်ကြိမ်ဆုံကြမည့်အခွင့်အရေးကို ကျော်ချပစ်လိုက်ရနိုးနိုးဖြင့်
[ မဟုတ်လည်း သော့ကို နင့်ဘားမှာပဲ ပေးထားခဲ့လိုက်လေ..ငါ့ဘာသာငါ သွားယူလိုက်မယ်..ဒီလိုဆိုရင်ရော အဆင်ပြေမလား ]
တစ်ခဏကြာသွားပြီသည်အထိ။
စန်းရန်ဘက်မှ ပြန်စာ ပို့မလာသေးပေ။
ဝိန်းရိဖန်က လောလည်းမလောသလို သူ့ဆီမှ ပြန်စာကိုလည်း တကူးတကစောင့်နေခြင်းမရှိ ၊ အလုပ်များကိုသာ ဆက်လုပ်နေပြီး ပထမဆုံး စာပိုဒ်အား သေသေချာချာပြန်စစ်ပြီးလျှင် အယ်ဒီတာဆီသို့ လှမ်းပို့ပေးလိုက်သည်။ ဖုန်းမက်ဆေ့သံမြည်သွားသည့်အချိန်မှသာ ဖုန်းကိုကောက်ယူပြီး ဖတ်ကြည့်လိုက်၏။
စန်းရန် ; [ ကိုယ် အခုတလော အားတဲ့အချိန်မရှိဘူး ]
ဝိန်းရိဖန်က စိတ်ရှည်လက်ရှည် စာပြန်ပို့လိုက်၏ ; [ ဒါဆို ခန့်မှန်းချေ ဘယ်အချိန်လောက်အားနိုင်မလဲ ]
နောက်တစ်စက္ကန့်တွင်။
စန်းရန်က အသံမက်ဆေ့တစ်ခုကို ပို့လာခဲ့၏။ သူ့အသံမှာ ပျင်းတိပျင်းရွဲဖြင့်
"စနေနေ့ည"
စနေနေ့ည...
ဝိန်းရိဖန်က တွေးကြည့်လိုက်ပြီးနောက်တွင်..
တနင်္ဂနွေနေ့သည်ကား သူမ၏ပိတ်ရက်ပင်။
စနေနေ့ည၌ စန်းရန်ထံမှ သော့ပြန်ယူပြီး တနင်္ဂနွေနေ့တွင် အရင်အိမ်ခန်းပိုင်ရှင်အား သွားပြန်ပေးလိုက်ခြင်း - အစီအစဥ်က မဆိုးပေ။ အိမ်ခန်းပိုင်ရှင်ထံသို့ ရက်အနည်းငယ်နောက်ကျမည့်အကြောင်း ပြောပြလိုက်ရုံသာရှိပြီး အခြားပြဿနာမရှိ။
ဝိန်းရိဖန် ; [ အိုကေ ]
ဝိန်းရိဖန် ; [ ဒါဆို 'Overtime' ဘားကို လာခဲ့ရမလား နင့်အိမ်နားကို လာခဲ့ရမလား ]
ဝိန်းရိဖန် ; [ နင့်ကို ငါရှိတဲ့နေရာထိ တကူးတက လာပေးခိုင်းရမှာ အားနာလို့ပါ ]
မိနစ်ဝက်ခန့်မျှကြာသွားပြီးနောက်တွင် စန်းရန်က အသံမက်ဆေ့နှစ်ခုကို ထပ်ပြီးပို့လာခဲ့၏။
ဝိန်းရိဖန် ဖွင့်နားထောင်ကြည့်လိုက်၏။
စန်းရန်က တမျိုးတမည်မြည်သောအဓိပ္ပါယ်မျိုးဖြင့် ရယ်နေရင်း စကားလုံးနှစ်လုံးကို ပြောထွက်လာပါတော့၏။
"ကိုယ့်အိမ်?"
"...."
ဝိန်းရိဖန်၏မျက်ခွံများ လှုပ်လှုပ်ခတ်ခတ်ဖြစ်သွားခဲ့ရသည်။
ပထမအသံမက်ဆေ့ အဆုံးတွင် ဒုတိယအသံမက်ဆေ့က အလိုအလျောက် ပွင့်သွားခဲ့၏။
စန်းရန်၏ စကား ၊ လေသံအသိမ်းအယူအရ သူ့စကားလုံးများကြားတွင် ' မင်းရဲ့ဦးတည်ချက်ကြီးက အရမ်းသိသာလွန်းနေပြီ ' ဟူသောဆိုလိုရင်းသဘောက ကပ်ပါနေမှန်း ဝိန်းရိဖန် ရှင်းရှင်းလင်းလင်းခံစားနေမိကာ ထိုသူက ဤသို့တိုက်ရိုက်မပြောရုံတမယ်ဖြင့်
"အမ်?..မလုပ်ပါနဲ့"
စန်းရန် ; " Overtime ကိုပဲ တိုက်ရိုက်လာခဲ့လိုက် "
"...."
နှစ်ဖက်စလုံးသည် ကိုယ်စီတပ်ထားကြသောမျက်နှာဖုံးများကို အသီးသီးခွာချလိုက်ပြီးနောက်တွင် အပြန်အလှန်ဆက်ဆံရေးက ပုံမှန်နေသားကျသွားလိမ့်မည်ဟု ဝိန်းရိဖန် တွေးမိခဲ့သေးသည်။ သို့သော် စန်းရန်မှာတော့ ယခုနှစ်များအတွင်း မကြာခဏ လိုက်ပိုးပမ်းခံနေရခြင်းကြောင့်လားမသိ သူ့ကိုယ်ပေါ်၌ ကိုယ့်ကိုကိုယ်ဂုဏ်ဆာပြနေသည့်အငွေ့အသက်များပင် မွှန်ထူလို့နေပြီ။
ရလဒ်အနေဖြင့် မည်ကဲ့သို့သော သမာရိုးကျကိစ္စမျိုးပင်ဖြစ်နေပါစေ တစ်ဖက်လူက သူ့အားရည်ရွယ်ချက်ရှိရှိဖြင့် ချဥ်းကပ်နေသည်ဟုသာ ထင်နေလေရော့၏။
ဤအခိုက်အတန့်တွင် ဝိန်းရိဖန် တွေးကြည့်မိလိုက်၏ ၊ စန်းရန်ရှေ့၌ စကားပြောရမည့်အချိန်တိုင်း၊စက္ကန့်တိုင်းအတွက် သူမထံ၌ အင်နာဂျီခွန်အားပေါင်း တစ်သိန်းတိတိ ရှိရပေမည်။
မဟုတ်လျှင် သူနှင့်ပတ်သတ်သည့်စကားလေးတစ်ခွန်းလေးကမျှ မှားပြောမိ၍မရ။
ဝိန်းရိဖန်က သက်ပြင်းချလိုက်၍
[ကောင်းပြီ]
ထို့နောက်တွင် ဝိန်းရိဖန်က ဖုန်းအား ဘေးသို့ချထားလိုက်သည်။
အချိန်ကိုက်ဆိုသလို အယ်ဒီတာထံမှ စာမူနှင့်ပတ်သတ်သည့်ထင်မြင်ချက်များကိုပြောပြထားသည့် emailတစ်စောင် ပြန်ပို့ထားကာ ဝိန်းရိဖန်က ဖတ်ကြည့်နေရင်း ကွန်ပြူတာမျက်နှာပြင်၏ ညာဘက်ထောင့်နေရာလေးမှ ရက်စွဲအား လှမ်းကြည့်မိလိုက်သည်။
အတွေးများက ချက်ချင်းပျံ့နှံ့သွားခဲ့၏။
ရုတ်တရက်တွေးလိုက်မိသည်မှာ နောက်ဆုံးတစ်ခေါက် စန်းရန်နှင့်တွေ့ဖြစ်ခဲ့သည့်နေ့မှာ နှစ်သစ်ကူးပြီးနှစ်ရက်မြောက်သည့်နေ့ ၊ အိမ်ခန်းသော့ကလည်း ထိုအချိန်တုန်းက ပြုတ်ကျခဲ့ခြင်းဖြစ်နိုင်ကာ ယနေ့ရက်စွဲနှင့်ဆိုလျှင် တစ်ပတ်နီးပါး ကြာသွားခဲ့ပြီဖြစ်သည်။
အဘယ်ကြောင့် အခုချိန်ကျမှ သော့ကျန်ခဲ့ကြောင်း လာပြောပြရသနည်း။
သူမနှင့် အဆက်အသွယ်မလုပ်ချင်၍များ..သူမဘက်က စ၍ ဆက်သွယ်လာမည့်အချိန်ကို စောင့်နေခြင်းလား။
ဤသို့ဖြစ်နိုင်ချေက ပို၍များနေပေသည်။
ဝိန်းရိဖန်က ဤအကြောင်းကိစ္စပေါ် ထပ်၍အာရုံစိုက်မတွေးချင်တော့သဖြင့် အလုပ်ဆင်းသည်နှင့် အိမ်သို့သာ တန်းပြန်လာခဲ့လိုက်၏။
အိမ်ထဲသို့ဝင်လိုက်သည်နှင့် ဧည့်ခန်းထဲမှ ဆိုဖာထက်တွင်လှဲအိပ်နေသော ဝမ်လင်လင်အား လှမ်းမြင်လိုက်ရ၏။ လက်ရှိအချိန်တွင် ဝမ်လင်လင်က မျက်နှာပေါင်းတင်ရင်း တီဗွီကြည့်နေကာ ဘေးနားတွင်လည်း အရွက်သုပ်တစ်ပန်းကန်ချထားသေးသည်။ သူမပုံစံက စိတ်ပျော်နေပုံရပြီး သီချင်းလေးပါ ညည်းနေသေး၏။
ဝိန်းရိဖန်ဘက်က ဦးစွာ လှမ်းခေါ်လိုက်၏။
Advertisement
"လင်ကျဲ"
ဝမ်လင်လင်က မပီမသအသံဖြင့်
"ပြန်လာပြီလား..ဒီနေ့ စောတယ်နော်"
"အင်း..ဒီနေ့ လုပ်စရာအလုပ်လည်းနည်းလို့"
"ဒီအလုပ်က အရမ်းပင်ပန်းတယ်မလား"
ဝမ်လင်လင်က တွေးတွေးဆဆဖြင့်
"အစ်မ 'ချွမ်တ' မှာအလုပ်လုပ်နေခဲ့တဲ့နှစ်တွေအတွင်း ဝန်ထမ်း ဘယ်နှလောက်တောင်အလုပ်ထွက်ကုန်ကြလဲသိလား..အချိန်ပိုတွေအရမ်းဆင်းရပြီး လစာကျတော့ မတိုးလာရင် ဘယ်သူမှခံနိုင်ရည်ရှိမှာမဟုတ်ဘူး..အစ်မတို့ဌာနထဲကလူတွေကို ကြည့်ကြည့်ပါလား..နေမကောင်းလို့ ဆေးရုံတစ်ခေါက်ရောက်ရင် လစာအားလုံးပြောင်တာပဲ"
ဝိန်းရိဖန်က ပြုံးရုံသာပြုံးနေပြီး
"အဆင်တော့ ပြေပါသေးတယ်"
"ဒါနဲ့ ရှောင်ဖန် "
ဝမ်လင်လင်က ထထိုင်လိုက်ပြီး မေးခွန်းတစ်ခုမေးလာခဲ့၏။
"မင်းမနေ့ညတုန်းက တရေးနိုးပြီးထသေးလား"
ဝိန်းရိဖန်က ကြောင်အသွားရင်း
"မထပါဘူး"
ဝမ်လင်လင်၏ပုံစံက စကားအဖြစ်ပြောသည့်ပုံစံမျိုးသာဖြစ်ပြီး
"ဒါဆို အစ်မ အိပ်မက်မက်တာပဲနေမှာပါ..အစ်မ မနေ့ညတုန်းက ဧည့်ခန်းထဲကနေ လှုပ်လှုပ်ရှားရှားအသံတွေကိုကြားလိုက်ရလို့..နာရီကိုတောင် လှမ်းကြည့်လိုက်သေးတယ်..မနက်ခင်း သုံးနာရီကျော်လောက်ဖြစ်မယ်ထင်တယ်"
"...."
ဤစကားကိုကြားလျှင်ကြားလိုက်ရခြင်း ဝိန်းရိဖန်က အတိတ်တွင်ရှိခဲ့ဖူးသောရောဂါတစ်ခုအကြောင်းကို သတိရမိလိုက်၏။သို့သော်လည်း လက္ခဏာများပျောက်သွားခဲ့သည်မှာ ကြာလှပြီဖြစ်ပြီး ဝမ်လင်လင်ကလည်း မသေချာမရေရာဖြင့်မေးမြန်းနေသောအမေးတစ်ခုသာ ဖြစ်သည့်အတွက် သူမအနေဖြင့် တွေးကြည့်ရုံသာတွေးလိုက်ပြီး ရှင်းတော့ရှင်းမပြဖြစ်ပေ။
"အင်း"
ဝိန်းရိဖန်က နာရီကိုတစ်ချက်လှမ်းကြည့်လိုက်၍
"လင်ကျဲ..ကျွန်မ ရေသွားချိုးလိုက်တော့မယ်"
"ခဏလေး..ခဏလေးနေမှ ချိုး "
ဝမ်လင်လင်က သူမ၏ဘေးခုံအား လက်ဖြင့်ပုတ်ပြပြီး
"ရှောင်ဖန်..အစ်မတို့ စကားပြောရအောင်..ဒီမှာ လာထိုင်ဦး..အစ်မမှာ မင်းကို ပြောစရာလေးတွေရှိလို့"
ဝိန်းရိဖန်က အနားသို့လျှောက်သွားလိုက်၏။
"ဘာဖြစ်လို့လဲ"
"မင်း အရင်ဆုံး အစ်မကို ကတိပေးရမယ်"
ဝမ်လင်လင်က မျက်နှာပေါင်းတင် mask ကို ဖယ်လိုက်ပြီး အမှိုက်ပုံးထဲထည့်ကာ အနည်းငယ်ချစ်စဖွယ်ကောင်းသည့်အမူအရာမျိုးဖြင့်
"အစ်မပြောမှာတွေကို နားထောင်ပြီးရင် စိတ်မဆိုးပါဘူးလို့ ကတိပေး"
ဝိန်းရိဖန်က ခေါင်းငြိမ့်ပြ၏။
"ကောင်းပြီ"
"အစ်မ အခုလေးတင် ပြောလိုက်ပါသေးတယ်..အလုပ်က အရမ်းပင်ပန်းတယ်လို့..တစ်လစာလုပ်အားခကလည်း အစ်မကောင်လေး ဝယ်ပေးနေတဲ့အိတ်တစ်လုံးဖိုးတောင် မရှိဘူး..အစ်မအနေနဲ့လည်း ဒီလောက်အချိန်တွေအကြာကြီး ဒီအလုပ်လုပ်လာရတာ အတိုင်းအတာတစ်ခုထက်ကိုကျော်နေခဲ့ပြီ"
ဝမ်လင်လင်က ဆက်၍
"လွန်ခဲ့တဲ့သုံးလေးရက်က အစ်မရဲ့နှုတ်ထွက်စာကို ဒါရိုက်တာဆီ တင်ထားခဲ့ပြီးပြီ..ပြီးတော့ ဒီအလုပ်ဆက်မလုပ်ဖို့ပါ ဆုံးဖြတ်ထားတာ..အစ်မရဲ့ ဝမ်းကွဲအစ်ကိုကလည်း အစ်မကို အလုပ်တစ်ခု မိတ်ဆက်ပေးထားသေးတာ..နေရာက 'ကောင်းဇီခုန်' ဘက်မှာ..."
ဒီအထိ စကားဆိုလာပြီးချိန်တွင် ဝမ်လင်လင်က တစ်ခဏရပ်သွားခဲ့သလို အသံကိုလည်း နိမ့်ချတိုးဖျလိုက်၏။
"အလုပ်ရှိတဲ့နေရာနဲ့ ဒီနေရာနဲ့က အရမ်းဝေးတယ်လေ ဟုတ်တယ်မလား"
ဝိန်းရိဖန်က တစ်ဖက်လူ၏ဆိုလိုရင်းကို နားလည်သွားခဲ့ပြီး
"အစ်မက ဒီနေရာမှာ ဆက်မနေတော့ဖို့စဥ်းစားထားတာလား"
ဝမ်လင်လင် ချက်ချင်းရှင်းပြလာခဲ့၏။
"မင်း ကျေးဇူးပြုပြီး လုံးဝစိတ်မဆိုးပါနဲ့နော်..အစ်မလည်း အစ်မရဲ့နောက်ထပ်အလုပ်အသစ်က ဒီနေရာနဲ့ အရမ်းဝေးနေမယ်မှန်း မထင်ထားခဲ့လို့ပါ..အစ်မက မင်းနဲ့ အိမ်ခန်းကိုအတူတူမျှနေဖို့တောင် တွေးထားပြီးသား.."
"...."
အမှန်တကယ်အားနာပြီး စိတ်မသိုးမသန့်ဖြစ်နေခြင်းကြောင့်လားမသိ ဝမ်လင်လင်၏အပြုအမူတို့က ပုံမှန်ထက်ပင် ပျော့ပျောင်းသွားခဲ့ပြီး
"အစ်မ နောက်ထပ်ရက်နည်းနည်းကြာလောက်မှပြောင်းဖြစ်မှာပါ..မပြောင်းခင် အစ်မဘက်က မင်းအတွက် အဆင်ပြေမယ့်အိမ်ခန်းငှားဖော်တစ်ယောက် ရှာခဲ့ပေးမယ်လေ..ဒီလိုဆိုရင်ရော အဆင်ပြေမလားဟင်"
ဤကိစ္စနှင့်ပတ်သတ်ပြီး ဝိန်းရိဖန်၏စိတ်ထဲ ထွေထွေထူးထူးလှုပ်ခတ်သွားခြင်းမျိုးမရှိ။
စုထျန်းထံမှ ဝမ်လင်လင်အလုပ်ထွက်တော့မည့်အကြောင်း ကြားလိုက်ရသည့်အချိန်ကတည်းက ယခုလိုဖြေနိုင်ချေများကိုတွေးထားခဲ့ပြီးဖြစ်ရာ လက်ရှိအချိန်တွင်တော့ စိတ်ဆိုးဖို့ကိုမဆိုထားနှင့် သိပ်၍ပင်မအံ့သြမိပေ။
ဝိန်းရိဖန်က နွေးနွေးထွေးထွေးဖြင့်
"ဘာမှမဖြစ်ပါဘူး..ကျွန်မ နားလည်ပေးနိုင်ပါတယ်..အစ်မက အစ်မနဲ့အဆင်ပြေမယ့်အလုပ်တစ်ခုကို ရှာတွေ့သွားတဲ့အတွက် အစ်မနဲ့ထပ်တူ ဝမ်းလည်းဝမ်းသာပါတယ်..အိမ်ခန်းငှားအသစ်အတွက်ကတော့ အစ်မ အရမ်းစိတ်ရှုပ်ခံနေဖို့မလိုပါဘူး..ကျွန်မဘာသာ ဖြေရှင်းလို့လည်းရပါတယ်"
"အိုင်း..ရှောင်ဖန်..မင်း အရမ်းသဘောကောင်းလွန်းတာပဲကွာ!"
ဝမ်လင်လင်က သက်ပြင်းချကာ ဝိန်းရိဖန်၏လက်မောင်းကို ကလူသလိုလိုတွဲဖက်ထား၍
"အစ်မက မင်းဘက်ကနေ အစ်မကိုများ ရန်တွေ့လာမလားဆိုပြီး စိတ်ပူနေခဲ့တာ..အစ်မရဲ့ အရင်အခန်းဖော်ကလည်း ဒီကိစ္စကြောင့်နဲ့ပဲ စကားများပြီးထွက်သွားခဲ့တာလေ"
"...."
ပြဿနာကို ဖြေရှင်းပြီးသွားပြီဟု ယူဆလိုက်သည့် ဝမ်လင်လင် မကျေမချမ်းစကားများကို စတင်ပြီးဆိုလာပါတော့၏။
"အဲ့တုန်းကဆို အစ်မ တကယ်ကိုဘာပြောလို့ပြောရမှန်းမသိတော့တာ..အစ်မက ဘယ်နေရာများအမှားလုပ်မိလိုက်လို့လဲပေါ့..ကိုယ့်ဘာသာကိုယ် အိမ်ပြောင်းချင်တာတောင် ပြောင်းလို့မရတော့ဘူးလား?..အစ်မဘက်ကလည်း သူနဲ့အတူတူ အိမ်ခန်းငှားနေဖို့ စပ်တဲ့အချိန်တုန်းက ဒီလိုမျိုး မြန်မြန်ပြောင်းထွက်သွားမယ်ဆိုတဲ့ ရည်ရွယ်ချက်မျိုးနဲ့လုပ်ခဲ့တာမှမဟုတ်တာ.."
ဝိန်းရိဖန်က ပြုံး၍သာနေပြီး စကားတစ်ခွန်းမဆို။
"ဒါပေမယ့်လေ ရှောင်ဖန်..မင်းကတော့ အရမ်းကိုစကားပြောလို့ဆိုလို့ကောင်းပြီး နားလည်ပေးတတ်တယ်..အစ်မဘက်က သေချာပေါက် အချင်းချင်းရိုင်းပင်းပြီးနေထိုင်တတ်မယ့် အခန်းဖော်ကောင်းကို ရှာခဲ့ပေးပါ့မယ်"
"မလိုပါဘူး..တကယ် အဆင်ပြေတယ်"
"အိုက်ယား အစ်မကို ပြန်အားနာမနေနဲ့..ပြီးတော့ စိတ်လည်းမပူနဲ့..အစ်မက အခန်းဖော်ကိုရှာလာပေးရင်တောင် မင်းရဲ့အမြင်ကိုလည်း အရင်မေးမှာပါ..မင်း မကြိုက်ဘူးဆိုရင် အစ်မ မိတ်ဆက်ပေးတဲ့အခန်းဖော်နဲ့လည်း အတင်းနေခိုင်းတာမျိုးတွေ မလုပ်ပါဘူး"
ဤစကားကြောင့် ဝိန်းရိဖန်က တုန့်ပြန်မှုတစ်ခုသာ ပြုလိုက်တော့၏။
"ဒါဆို အစ်မကိုအလုပ်များစေမိပါပြီ"
ဝမ်လင်လင် ဆိုလိုချင်ခဲ့သည်မှာ သူမက အလုပ်မှတရားဝင်နှုတ်ထွက်လိုက်ပြီဖြစ်ပြီး 'ကောင်းဇစ်ခုန်' ရပ်ကွက်ဘက်တွင် နေအိမ်တစ်ခုရှာထားပြီးဖြစ်သောကြောင့် ပြောင်းရွေ့နေထိုင်တော့မည်။နောက်အပတ်ပိတ်ရက်မတိုင်မီ နောက်ဆုံးထား၍ ပြောင်းရွေ့မည်လည်းဖြစ်သည်။
Advertisement
ဝိန်းရိဖန်ကလည်း အလွန်အမင်းစိုးရိမ်နေခြင်းမျိုးမဟုတ် ၊ ဘယ်လိုပင်ဖြစ်စေ ဝမ်လင်လင်က တစ်လစာအခန်းငှားခအား ပေးချေထားပြီးသောကြောင့် အခန်းဖော်အသစ်တစ်ဦးရှာရန် အချိန်မီသေး၏။
သို့သော်လည်း ဝိန်းရိဖန်အနေဖြင့် နန်းဝူမြို့ထဲ၌အပေါင်းအသင်းမိတ်ဆွေမှာ များများစားစားမရှိ ၊ အရင်က အတန်းဖော်သူငယ်ချင်းများနှင့်လည်း အဆက်အသွယ်မလုပ်ဖြစ်ခဲ့သည်မှာ ကြာလှပြီဖြစ်သည်။ QQ အကောင့်ထဲ၌ အထက်တန်းကျောင်းမှသူငယ်ချင်းများကို Friend အဖြစ်ထားထားသေးသော်လည်း ပုံမှန်အားဖြင့် ဆက်သွယ်နေခြင်းမျိုးမရှိသည့်အတွက် မရင်းနှီးတော့သည့်အပြင် ၊ သူစိမ်းများနှင့်ပင် မခြားမနားတော့ပေ။
ထို့ကြောင့် ကျုံးစစ်ချောင်ထံသို့ မဖြစ်မနေ အကူအညီတောင်းမှ ရတော့မည်။ ကျုံးစစ်ချောင်က ဤမြို့၌သာကြီးပြင်းလာပြီး နန်းဝူတက္ကသိုလ်၌သာ ကျောင်းတက်ခဲ့သည့်အတွက် သူမထက်စာလျှင် ကျုံးစစ်ချောင်က မိတ်ဆွေအပေါင်းအသင်းပိုများပါလိမ့်မည်။ ထို့အပြင် ကျုံးစစ်ချောင် မိတ်ဆက်ပေးမည့်သူဆိုလျှင် သူမအနေဖြင့် များများစားစားစိုးရိမ်နေစရာမလိုဘဲ စိတ်အေးရမည်လည်းဖြစ်သည်။
မသိလိုက်ပါဘဲ အချိန်မှာကား စနေနေ့ညသို့ ရောက်လာခဲ့သည်။
စန်းရန်ဘက်မှ သူမဆီသို့ အရင်ဆက်သွယ်လာမည်မဟုတ်မှန်း သိနေသဖြင့် အလုပ်ဆင်းခါနီးအချိန်တွင် ဝိန်းရိဖန်က Wechat မှတဆင့် စန်းရန်ထံ စာတစ်စောင်ပို့လိုက်၏။
ည ၈ နာရီထိုးခါနီးတွင်မှ စန်းရန်က စာပြန်လာခဲ့၏။
[လာခဲ့တော့]
ဝိန်းရိဖန် အချောသတ်ရေးနေသည့်စာမူများမပြီးသေးသော်လည်း စန်းရန်အား စောင့်ခိုင်းထားရန် မဖြစ်သည့်အတွက် ပစ္စည်းများကို အလျင်အမြန်သိမ်းပြီး အိမ်ရောက်မှဆက်ရေးရန် ပြင်လိုက်သည်။အခြားလုပ်ဖော်ကိုင်ဖက်များကို နှုတ်ဆက်ပြီးသည်နှင့် ကုမ္ပဏီထဲမှ ထွက်လာခဲ့လိုက်သည်။
လမ်းသရဲလမ်းမကြီးနားသို့ ရောက်ခါနီးတွင်။
ဝိန်းရိဖန်က ဖုန်းကိုထုတ်ပြီး စန်းရန်ထံသို့ စာပြန်လိုက်၏။
[ငါ ရောက်တော့မယ်]
တစ်လမ်းကျော်မျှ လျှောက်လာအပြီးတွင် လမ်းသရဲလမ်းမကြီး၏အချိုးအကွေ့ဆီသို့ ရောက်လာခဲ့သည်။ လမ်းထဲသို့ လျှောက်မဝင်ခင် အခိုက်အတန့်လေးတွင် အပြင်ဘက်၌ထွက်ရပ်နေသည့် စန်းရန်အား လှမ်းမြင်လိုက်ရ၏။
သူက အနက်ရောင်လမ်းမီးတိုင်အား မှီရပ်နေပြီး သူ့အသားအရည်က မီးရောင်ကြောင့် ဖြူဖွေးနုဖတ်နေကာ မျက်နှာထက်တွင် မည်သည့်အမူအရာမျိုးမှမရှိ ၊ ခပ်မှောင်မှောင် အင်္ကျီအရောင်မျိုးကို ဝတ်ထားပြီး အေးစက်နေသည့်အငွေ့အသက်များကိုတော့ မိုင်ပေါင်းများစွာမှပင် ခံစားလို့ရမိနေသည်။
စန်းရန်ကိုယ်တိုင် လာပေးလိမ့်မည်ဟူ၍ ဝိန်းရိဖန် ဘယ်တုန်းကမှ မထင်ထားခဲ့ ၊ ဘားကောင်တာပေါ် တင်လျှင်တင် ဒါမှမဟုတ် စားပွဲထိုးတစ်ယောက်ကို မှာထားပြီး ပေးခိုင်းလိမ့်မည်ဟုသာ တွေးထားခဲ့၏။
ဝိန်းရိဖန်က စန်းရန်၏အချိန်ကို မဖြုန်းလိုတော့သဖြင့် အတွေးများကိုအမြန်ရုတ်သိမ်းကာ စန်းရန်အား လှမ်းခေါ်လိုက်မည်အပြုတွင် တစ်ဖက်လူက သူမရောက်ရှိနေကြောင်းအား သတိထားနှင့်ပြီးဖြစ်နေခဲ့၏။ သူ့မေးဖျားက မသိမသာမော့လာရင်း ပျင်းတိပျင်းရွဲပုံစံဖြင့် စကားတစ်ခွန်းမဆို ၊ သော့တွဲကိုသာ လှမ်းပစ်ပေးလာခဲ့သည်။
ဝိန်းရိဖန် လှမ်းဖမ်းယူလိုက်၍
"ကျေးဇူး"
စန်းရန်က ပေါ့ပေါ့ပါးပါးခေါင်းငြိမ့်ပြ၏။
ဝိန်းရိဖန်က သော့တွဲအား အိတ်ကပ်ထဲသို့ထည့်ပြီး စာမူပြန်ရေးရန်သာ တွေးလိုက်၏။ သူမအနေဖြင့် စန်းရန်နှင့် ပလဲပနှံသင့်သင့်စကားပြောနိုင်မည်လည်း မဟုတ်သည့်အတွက်ကြောင့်
"ဒါဆို ငါ နင့်ကိုမနှောက်ယှက်တော့ဘူးနော်..အရင်ပြန်နှင့်တော့မယ်"
သူ့ဘက်က ပြန်ဖြေလာခြင်းမရှိ။
"ဒီအချိန်တွေအတွင်း နင့်ကို ခဏခဏအလုပ်ရှုပ်စေမိခဲ့ပါပြီ"
တစ်ဖက်လူက ဘယ်လိုပင်ဖြစ်စေ သဘောတူမည်မဟုတ်မှန်း သိနေသည့်အတွက် ဝိန်းရိဖန်က အပေါ်ယံအဖြစ်သာ ကြည့်ပျော်ရှု့ပျော်စကားဆိုလိုက်၏။
"နင် ဘယ်အချိန်လောက် အဆင်ပြေမလဲဆိုတာ ကြည့်ထားပေးပါဦး..ငါ နင့်ကို တစ်ခုခုလိုက်ကျွေးချင်လို့..ငါ့ဘက်ကတော့ အချိန်မရွေးအားတယ်"
စန်းရန်က ပြုံးလိုက်၍
"ဒီစကားကို မင်း ဘယ်နှခေါက်လောက် ပြောနေဦးမှာလဲ"
သူမဘက်မှ မည်သည့်အဖြေမျိုးမှပြန်မပေးရသေးခင် စန်းရန်က လက်ရှိအချိန်တွင်သူမတွေးနေသည့်အတွေးများကို နားလည်သည့်အလား စိုက်ကြည့်နေလေပြီး သူ့နှုတ်ခမ်းပါးများက ခပ်ရေးရေးကွေးတက်သွားခဲ့၍
"ကိုယ့်ဆီကနေ လက်ခံပါတယ်ဆိုတဲ့စကားကို မကြားရမချင်း မင်းဘက်က လက်မလျော့တော့မှာများလား"
"...."
"ကောင်းပြီလေ"
စန်းရန်၏ပုံစံက အနည်းငယ်လေးမျှစိတ်မရှည်သလိုဖြစ်နေသည့်ပုံစံဖြင့်
"ဒါဆိုလည်း ဒီနေ့ပဲလုပ်ကြတာပေါ့"
"...."
ယခုလိုတုန့်ပြန်ချက်မျိုးကို မမျှော်လင့်ထားသည့် ဝိန်းရိဖန်၏အမူအရာမှာ တောင့်တောင့်တင်းတင်း။
သူမ၏အမူအရာကို သတိထားမိသည့်စန်းရန်က ခေါင်းသဲ့သဲ့စောင်းကာ အနည်းငယ်ကစားချင်သည့်အမူအရာမျိုးဖြင့်
"ဘာဖြစ်လို့?"
ဝိန်းရိဖန်က မတတ်နိုင်သည့်အဆုံးတွင်
"ဘာမှမဖြစ်ပါဘူး..နင် ဘာစားချင်လဲ?"
စန်းရန်က အရှေ့သို့လျှောက်ထွက်လာရင်း
"ဘာပဲဖြစ်ဖြစ်"
ဝိန်းရိဖန်က သူ့အနောက်သို့ အလျင်အမြန်လိုက်၍
"နင်က ဘယ်လိုအစားအသောက်မျိုးကို ခံတွင်းတွေ့တာလဲ"
"အများကြီးပဲ"
"...."
ဝိန်းရိဖန် ; "ဒါဆို ဟော့ပေါ့ သွားစားမလား?"
စန်းရန် ; "မစားဘူး"
ဝိန်းရိဖန် ; "အသားကင်ရော?"
စန်းရန် ; "အနံ့ပြင်းတယ်"
ဝိန်းရိဖန် ; "စီချွမ်းဟင်းရည်?"
စန်းရန် ; "အရမ်းစပ်တယ်"
ဝိန်းရိဖန် ; "ဒါဆို အသားဆန်ပြုတ် ဆိုရင်ရော"
စန်းရန် ; "မစားဘူး"
"....."
ဝိန်းရိဖန်တစ်ယောက် ဤလူလောက်ခစားရခက်သည့်သူမျိုးအား တစ်ခါမှမတွေ့ဖူးသေးချေ။
သူမအနေဖြင့် အမြဲတမ်း အပြင်စာများ မှာစားလျှင်စား မဟုတ်လျှင် ကိုယ်တိုင်ချက်စားခြင်းဖြစ်ကာ အပြင်သို့ထွက်လည်စားသောက်ခြင်းမှာ မရှိသလောက်ရှားလွန်းခဲ့သည်။ ထို့ကြောင့် လက်ရှိအချိန်တွင် အခြားနေရာ အစားအသောက်များကို လုံးဝမစဥ်းစားတတ်တော့သည့်အတွက် ဝိန်းရိဖန်က သက်ပြင်းချကာ ငြင်ငြင်သာသာဖြင့်သာ မေးလိုက်၏။
"ဒါဆို နင်စားချင်တဲ့ဟာကို အရင်ရွေးလိုက်ပါ..ငါက ဘာမဆိုအဆင်ပြေတယ်..အထူးတလည်အစားရွေးတာမျိုးမရှိဘူး"
စန်းရန် စကားပြောလုနီးနီးတွင် သူ့လက်ကိုင်ဖုန်းသံ မြည်လာ၏။
သူ လက်ခံဖြေလိုက်၏။
နှစ်ယောက်သားမှာ အနီးကပ်လေးရှိနေကြခြင်းဖြစ်ပြီး ဖုန်းတစ်ဖက်မှထွက်လာသည့်အော်သံကြီးအား ဝိန်းရိဖန်ပင် ရှင်းရှင်းလင်းလင်းကြားလိုက်ရသည်။
"စန်းရန်!..မင်းအိမ်ကြီး ပေါက်ကွဲနေပြီ!"
"..."
စန်းရန်က မျက်မှောင်ကျုံ့လိုက်၍
"လူစကား ပြောစမ်းပါ"
"ငါ-ူး..မဟုတ်သေးဘူး..မင်းအိမ်ရဲ့ အောက်ထပ်က ပေါက်ကွဲနေတာ"
ဖုန်းတစ်ဖက်ရှိလူ၏အသံမှာ ပို၍ပင် စိတ်လှုပ်တရှားဖြစ်လာရင်း စူးစူးဝါးဝါးပင် အော်ဟစ်၍
"မင်းအိမ်ကိုပါ မီးစွဲနေပြီ!..မင်းကြီးတော်ကြီးက အကုန်ပါတော့မှာ!..မြန်မြန် ပြန်လာဟ! !"
ပတ်ဝန်းကျင်တစ်ခွင်က ရုတ်တရက်ဆိတ်ဆိတ်သွားခဲ့ရာ ဝိန်းရိဖန်က အလိုလိုခေါင်းမော့ပြီး စန်းရန်၏ဖုန်းအား လှမ်းကြည့်မိလိုက်၏။
"...."
နားငြီးလွန်း၍လားမသိ စန်းရန်က ဖုန်းအား အဝေးတစ်ဖက်သို့ လွှဲထားရင်း တစ်ဖက်လူ၏အော်သံများ ရပ်သွားသည့်အခါတွင်မှ နား,နားသို့ပြန်ကပ်လိုက်ကာ အေးအေးလူလူစကားဆိုလိုက်၏။
"အို့..ဒါဆို မင်း ငါ့အစား 119 ကိုဖုန်းခေါ်လိုက်"
စကားပြောပြီးသည်နှင့် ဖုန်းချလိုက်၏။
ထို့နောက် ဘာမှမဖြစ်သွားသည့်အလား ဝိန်းရိဖန်ကို လှမ်းကြည့်လာပြီး
"သွားမယ်လေ"
ဝိန်းရိဖန် ;
"နင့်အိမ် မီးလောင်နေတာကို နင် အိမ်မပြန်ဘူးလား?"
စန်းရန် တဖန်ပြန်ပြီး မေးခွန်းထုတ်လာခဲ့၏။
"ကိုယ်က မီးသတ်သမားလား?"
"...."
သုံးဘေးစက္ကန့်ကြာပြီးနောက်တွင်။
ဝိန်းရိဖန်က ရုတ်တရက်မေးလာခဲ့၏။
"ငါ တစ်ခုလောက်မေးလို့ရမလား..နင့်အိမ်က ဘယ်နားလေးမှာလဲ"
စန်းရန်က တစ်ချက်လှမ်းကြည့်လာပြီး
"ဘာလုပ်မလို့လဲ"
ဝိန်းရိဖန်က အိတ်ကပ်ထဲမှဖုန်းကိုထုတ်နေရင်း အရိုးသားဆုံးဖြေဆိုလိုက်တော့၏။
"ငါ အမြန်ပြေးသွားပြီး သတင်းယူချင်လို့"
"...."
(Zawgyi)
နောက်တစ်စက္ကန့်တွင်။
"စနေနေ့ည"
စနေနေ့ည...
တနင်္ဂနွနေ့သည်ကား သူမ၏ပိတ်ရက်ပင်။
Advertisement
- In Serial8 Chapters
The sand of time. Volume 2. "The Book of Flame"
A few years earlier ... The plane was falling. He felt it with every cell of his body, as if he were one with this wounded machine, fighting in the air for its life. Such wounds inflicted on a huge beast flying through space were incompatible with life. Kai understood that. But he fought, fought to the last. Fuel leaked from the holes, leaving the huge body drained of blood. The last growls, coughs, groans, and sobs came from a motor beating in death throes. "Don't die, my friend in battle! You've saved me in this battle, save me now! Do not take with you to this endless blue sky! I want to live so much!"
8 139 - In Serial10 Chapters
Where Are You?
Cassia doesn't feel complete she's missing something, a very part of herself, but will this part of her prove to be more fatal then what she wanted? Will she simply turn back? A mystery will be solved.
8 110 - In Serial37 Chapters
When I'm with you | Wendy x OC
Love journey of Wendy and a very first man who caught her heart. Let see what will happen between an idol who is popular with long time single title and a foreign man who try to win her heart. Will he be her first love or they will end up just friend? Have fun reading. Thanks!With love, HTJ
8 220 - In Serial35 Chapters
Despicable Arrogance
There are five things that I hate: 1.) Arrogant Guys 2.) Guys who have girls falling at their feet and they proceed to use them 3.) Guys who assume everyone loves them 4.) Guys who ride motorcycles 5.) Strawberry Ice CreamAnd Grayson Carter just so happens to be 4 of them. Even his name sounds like a celebrity's: Grayson Carter.The boy is everywhere; he lives down the street from me, he goes to my school, our mothers are even longtime friends yet he doesn't even know my name. The only place I can get away from him is my part time job at the library and the day he comes sauntering in looking for a job is the day I just might go insane. ROMANCE - TEEN FICTION - HUMORTitle Thanks To - factorfate------I DO NOT TAKE CREDIT FOR THE PICTURE IN THE COVER. I SIMPLY SLAM DUNKED SOME WORDS ONTO IT. I DON'T OWN THE PICTURE. I SIMPLY FOUND IT ONLINE.
8 360 - In Serial43 Chapters
To Learn to Let Go | ✔
Grayson Daniels is trying to cope with the trauma he suffered as a child when Trent, the beautiful local bad boy fights his way into his life. Will Grayson take a chance on love and learn to heal? #1 in LGBTFiction 1/7/22*CONTENT WARNING*This story contains discussions of sexual assault and abuse, mental illness, self-harm, drugs, alcohol, and contains a queer relationship. You have been warned!©JessMarie1017 all rights reserved.
8 232 - In Serial59 Chapters
I Attacked Because I was Afraid of Death
Chi Xin was afraid of death but was convinced by her roommate to watch a newly released doomsday movie. At first glance, she was attracted by the handsome, calm, and resolute male lead.When the tide of zombies flooded the city, the male protagonist stood on the wall with a sad smile and raised his gun. And when the camera closed up on a scarlet mouth that took the entire screen, Chi Xin screamed and fainted in shock.When she opened her eyes again, the city wall under her feet was shaking and countless zombies rushed to bite her neck. A desert eagle in her hand, she trembled and almost fell off the wall. When she turned her head, the face that had made her swoon a moment ago was looking at her with a cold smile."Chi Xin, use your life to pay for this mistake."Chi Xin: Frightened to the extreme but expressionless.jpgShe remembered the voice of the self-proclaimed troublemaker system when she closed her eyes: [The doomsday world is highly difficult. The host can choose to add defense, attack, foresight, or other functions...]What did she answer?"Attack! Give me full attack!"Chi Xin was about to hug the hero's thigh and beg for forgiveness when a zombie came to bite her. She instinctively raised her gun and in the male protagonist's horrified eyes, she smashed the zombie's head with the butt of the gun.Chi Xin: Blood!!!Everybody saw her look sad (scared), stunned (scared), and silent (scared) as she shot the remaining zombies one by one in ruthlessly accurate headshots.Everyone: Why did you pretend to be so weak!You can find the original translations at Qilin Translations.!!FOR OFFLINE PURPOSES ONLY. STORY AND TRANSLATION ARE NOT MINE. ALL CREDITS GOES TO THE RIGHTFUL OWNNER/S!!
8 107

