《First Frost (Myanmar Translation)》Chapter 16
Advertisement
တစ်ချိန်တည်းမှာပင် အိပ်ခန်းကြီးထဲ၌။
ဝိန်းရိဖန်က ဖုန်းမျက်နှာပြင်ပေါ်မှ ဂဏာန်းနံပါတ်ကို စိုက်ကြည့်နေရင်း လုံးလုံးလျားလျားတိတ်ဆိတ်သွားမိတော့သည်။ တွေးမိလိုက်သည်မှာလည်း အကယ်၍ ငွေလွှဲလိုက်သည့်ပမာဏမှာ '250' ဖြစ်နေခဲ့လျှင် ယခုနံပါတ်ကြီးထက် ပိုကောင်းလိမ့်မည်ဟူ၍ပင်။ သို့သော်လည်း သူမအနေဖြင့် စိတ်မသိုးမသန့်ဖြစ်နေခြင်းမရှိဘဲ တည်တည်ငြိမ်ငြိမ်ဖြင့်
[ဒါက နင် လွှဲထားတဲ့ထဲက ပိုတဲ့ငွေ ၊ ငါ နင့်ကို ပြန်လွှဲပေးလိုက်တယ်နော် ]
--ပေးပို့၍မရပါ။
နှစ်ယောက်သားက Alipay အကောင့်ထဲတွင် friend မဖြစ်သေး။
အကောင့်၏မျက်နှာပြင်ပေါ်၌ ချက်ချင်းပေါ်လာသည့် system မှာ 'Friend ဖြစ်ပြီးသွားမှ စာပေးပို့၍ရပါမည် ၊ Friend request ပေးပို့ရန်'။
တစ်ချိန်တည်းဆိုသလို စန်းရန်က သူမအား Wechat မှတဆင့် စာပို့လာခဲ့သည်။
[ ? ]
"...."
တကယ်ကို အမေးသင်္ကေတကြီးတစ်ခု...
စန်းရန်၏ 520 ဆိုသည့်နံပါတ်အားမြင်လိုက်ရပြီးနောက် ဖြစ်သွားမည့်မျက်နှာပေးကို မြင်ယောင်ကြည့်မိလိုက်၏။
အရမ်းတော့ မဆိုးလောက်ဘူးမလား..
ဝိန်းရိဖန်၏ပြန်စာကို မစောင့်တော့ဘဲ စန်းရန်က ထပ်၍စာပို့လိုက်၏။
[ မင်းမှာ ဘာပြောစရာရှိလို့လဲ ]
ဤကိစ္စက တစ်ဖက်လူအတွက် စိတ်ကူးယဥ်ဆန်သွားနိုင်သည်ပဲဆိုဆို ၊ ဝိန်းရိဖန်အနေဖြင့်တော့ တမင်သက်သက် ဖန်တီးယူလိုက်ခြင်းမဟုတ်ပါပေ။ ဝိန်းရိဖန်က လှဲအိပ်နေရာမှ ထထိုင်လိုက်ပြီး ရှင်းပြရန်ဆုံးဖြတ်လိုက်၏။
[ ဟိုဟာက ငါ နင့်ကို ပိုတဲ့ငွေ ပြန်လွှဲပေးတာ ]
ဝိန်းရိဖန်က အတွက်အချက်စာရင်းကို တစ်ခုချင်းစီချရေး၍
[ အိမ်ခန်းငှားခက ၉၀၀၀ ၊ ကြိုပေးထားတဲ့စရံငွေက ၂၅၀၀ ၊ ရေဖိုးမီတာဖိုးက ၄၀၀ ]
ထို့နောက်တွင် အဝတ်လျှော်စက်ဝယ်ထားသည့်စာရင်းကိုပါ ပို့ပေးလိုက်ပြီး
[ အဝတ်လျှော်စက်က ယွမ် ၁၁၉၀ နဲ့ဝယ်ထားတာ ]
ဝိန်းရိဖန် ; [ ငါက စာရင်းအင်းတွေထိန်းသိမ်းတဲ့နေရာမှာ မတော်ဘူး..ဒါကြောင့်မလို့ နင် ငါ့ကို ပိုက်ဆံတွေကြိုမပေးထားနဲ့..ပစ္စည်းတစ်ခုခုဝယ်ဖြစ်တဲ့အချိန်ကျမှပဲ ထပ်ပြောရအောင် ]
တစ်ခဏအကြာတွင်။
စန်းရန်က အသံမက်ဆေ့တစ်ခု ပို့လာခဲ့သည်။
"မင်း နောက်တစ်ခါပြန်တွက်ကြည့်လိုက်ဦး"
သူ့အသံနေအသံထားတို့က တစ်ချက်လေးမျှ ယိမ်းယိုင်သွားခြင်းမရှိ ၊ နားထောင်ရသူအဖို့ အေးစိမ့်နေသည့်အငွေ့အသက်များကိုပါ ထုတ်လွှတ်ပေးနေသေးသည်။ သို့သော် နောက်ဆုံးစကားလုံးကို ပြောလိုက်သည့်အချိန်တွင်တော့ အနားသတ်စကားသံက သိသိသာသာကို ခလုတ်တိုက်ပြလေပြီး ရန်စလိုသည့်အရိပ်အယောင်များပင် ပါနေလေသည်။
နားထောင်လိုက်ရသူအဖို့ ချက်ချင်းပြေးဆင်းသွားပြီး သူနှင့် တစ်ပွဲတစ်လမ်း နွှဲပစ်ချင်စိတ်များက တဖွားဖွား။
"...."
သို့သော်လည်း ဝိန်းရိဖန်က တစ်စုံတစ်ရာအားမရှင်းမလင်းဖြစ်နေရသေးသဖြင့်...
သူ့စကားက ဘာအဓိပ္ပါယ်လဲ?..
သူမ မှားတွက်ထားတယ်လို့ ပြောချင်တာလား..
ထို့အပြင် သူမ ပို့လိုက်သည့် ငွေပမာဏကိန်းဂဏာန်းများကိုကြည့်နေရင်းလည်း စိတ်ထဲမသေချာမရေရာဖြစ်လာရတော့သည်။
မှားတော့ မတွက်လောက်ပါဘူးမလား..
ဝိန်းရိဖန်က ချက်ချင်းစာမပြန်သေးဘဲ ဂဏာန်းပေါင်းစက်ကိုဖွင့်ပြီး တဖန်ပြန်တွက်ကြည့်လိုက်၏။
တွက်ချက်ပြီးသွားသည့်ရလဒ်မှာ '505'။
( အခန်းခ 3000×3=9000 ၊ စရံငွေ - 2500 ၊ ရေဖိုး - 400 ၊ အဝတ်လျှော်စက်တစ်ဝက် - 595 ၊ total -12495 ... စန်းရန်ပေးတဲ့ 13000-12495 = 505 ကျန် )
ဤရလဒ်မှာ ဝိန်းရိဖန်အတွက်တော့ နွေခေါင်ခေါင်၌မိုးကြိုးပစ်ချလိုက်သည့်အလား။
အဖြေမှန်ရလဒ်ကို ရင်မဆိုင်ချင်သည့်အပြင် ယခုအချိန်တွင် အတွက်အချက်အဖြေတစ်ခုတည်းကသာ သူမ၏ရိုးရိုးသားသားမက်ဆေ့ကို သက်သေလုပ်နိုင်မည့်အခြေအနေ။ထို့ကြောင့် ဂဏာန်းတွက်စက်မှ ကိန်းနံပါတ်များကိုရှင်းလိုက်ကာ နောက်တစ်ကြိမ် အစမှပြန်ပြီးတွက်ချက်လိုက်၏။
အဖြေသည်ကား မပြောင်းမလဲ။
ဝိန်းရိဖန်တစ်ယောက် အေးခဲရပ်တန့်သွားသည့်အလား ငြိမ်သက်နေကာ ဦးနှောက်တစ်ခုလုံး ဘယ်လိုရှင်းပြရမည့်အကြောင်းများဖြင့်လည်ပတ်နေလေပြီ။
သိပ်မကြာလိုက်ခင်ပင် စန်းရန်ထံမှ အသံမက်ဆေ့တစ်ခု ထပ်ရောက်လာခဲ့၏။
သူ့ပုံစံမှာ သူမထက် ခြေတစ်လှမ်းစောအောင်လှမ်းလိုက်သည့်ပုံစံမျိုးဖြစ်ပြီး အသံနေအသံထားက ယောင်ဝါးဝါးရယ်ထားပုံလည်းရကာ သူမအတွက် ကာပြောပေးလိုက်သည့်ဟန်ဖြင့်
"ရတယ်..ကိုယ် နားလည်တယ်..မင်း မှားတွက်မိထားတာနေမှာ"
"...."
ဝိန်းရိဖန်တစ်ယောက် စန်းရန်ကဲ့သို့သောလူမျိုးအား တစ်ခါလေးမှ မတွေ့ခဲ့ဖူး...
စန်းရန်လိုလူမျိုးနှင့် အဆက်အဆံလုပ်ရန်အတွက်တော့ သူမနားလည်ထားသည့်တစ်ခုတည်းသောနည်းလမ်းမှာ သူ့ဆိုလိုရင်း နားမလည်ချင်ယောင်ဆောင်ရုံသာ ဖြစ်တော့၏။
ဝိန်းရိဖန် ; [ ဟုတ်တယ်..သတိပေးတဲ့အတွက် ကျေးဇူး ]
ဟိုသင်္ကေတခေါင်းကြီးက ပြန်စာ မပို့တော့ပေ။
ဆယ်မိနစ်ကျော် ကြာသွားပြီးနောက်တွင်။
ဝိန်းရိဖန်က နောက်ထပ်စာကြောင်းတစ်ကြောင်း ပို့လိုက်၏။
[ ဒါဆို ငါနင့်ကို ပိုလွှဲထားမိတဲ့ ယွမ် ၁၅ ကျပ်....]
ဝိန်းရိဖန် ;
[ ငါ့ wechat အကောင့်ထဲကိုပဲ ပြန်လွှဲပေးလိုက်နော် ]
"...."
ပစ္စည်းများ နေရာတကျထားပြီးနောက်တွင် ကြမ်းပြင်တစ်ခုလုံးက ဖုန်မှုန့်များပေပွနေသဖြင့် ဝိန်းရိဖန် အိပ်ခန်းတံခါးကိုတစ်ခဏဖွင့်ထားလိုက်၏။အပြင်ဘက်တွင် ဧည့်ခန်းမီးများ မှိတ်ထားပြီး စင်္ကြံလမ်းမီးကိုသာ ဖွင့်ထား၏။ ဝိန်းရိဖန်က ဝရံတာထိလျှောက်သွားပြီး သန့်ရှင်းရေးပစ္စည်းများကို ယူလာလိုက်၏။
သန့်ရှင်းပြီးနောက်တွင် ကြမ်းတိုက်အဝတ်တုတ်အား ပြန်လည်ဆေးကြောပြီး ဝရံတာတွင်နေရာတကျပြန်ထားလိုက်၏။
သူမ၏အိပ်ခန်းဆီသို့ အပြန် ၊ စန်းရန်၏အိပ်ခန်းတံခါးရှေ့သို့ ဖြတ်ရသည့်အခိုက်တွင် ရုတ်တရက်ဆိုသလို စန်းရန်၏အိပ်ခန်းတံခါးကပွင့်လာလေတော့သည်။
Advertisement
ဝိန်းရိဖန်၏ခြေလှမ်းများ တုံ့ခနဲရက်တန့်သွားကာ နှစ်ဦးသား အကြည့်ချင်းဆုံသွားခဲ့၏။
စန်းရန်၏ဆံပင်များက ရေစက်လက်ဖြစ်ပြီး အနက်ရောင်ဆံပင်တို့က နဖူးထက်၌ ဟိုတစ်စုဒီတစ်စု ဝဲကျနေ၍ ၊ သူမသည်လည်း သာမန်ညအိပ်ဝတ်စုံတစ်ထည်ဝတ်ထားခြင်းဖြစ်ရာ ပုံမှန်ထက်ပိုပြီး ငယ်ရွယ်ပုံပေါက်နေခဲ့သည်။
သူက သူမအား တစ်ချက်သာလှမ်းကြည့်ပြီး စကားပြောလာခြင်းမရှိ။
ဝိန်းရိဖန်လည်း စကားတစ်ခွန်းမဆို ၊ အကြည့်လွှဲလိုက်ပြီးနောက် အိပ်ခန်းထဲသို့ ပြန်ဝင်လာကာ တစ်ပါတည်း တံခါးလော့ပါချလိုက်သည်။
အချိန်မှာကား ည ဆယ့်တစ်နာရီထိုးပြီးဖြစ်သော်လည်း အိပ်မပျော်သည့်ဝိန်းရိဖန်က စားပွဲရှေ့သို့သွားကာ ကွန်ပျူတာကိုဖွင့်ပြီး စာမူများရေးနေလိုက်၏။ တစ်ခဏအကြာတွင် ငိုက်မျည်းလာသော်လည်း အခန်းပြောင်းသွားသောကြောင့် ကျင့်သားမရဖြစ်နေကာ ချက်ချင်းလည်းအိပ်မပျော်။
တစ်ဖက်ခန်းရှိစန်းရန်သည်လည်း တိတ်ဆိတ်နေလျက်သား။
နောက်တွင်တော့ ဝိန်းရိဖန်တစ်ယောက် အတွေးကမ္ဘာထဲမျောပါသွားရင်း ထူးဆန်းသောခံစားချက်များအား တွေးကြည့်မိတော့၏။
နောက်ဆုံးအကြိမ် ပြန်တွေ့ဆုံကြသည့်အချိန်တုန်းက ဝိန်းရိဖန်တွေးခဲ့ဖူးသည်မှာ သူတို့နှစ်ဦးကြားတွင် ပတ်သတ်စရာဆက်ဆံရေးမျိုး တစ်စိုးတစ်စိလေးမျှရှိလာလိမ့်မည်မဟုတ် ဟူ၍ပင်။
အကြောင်းပြချက်မှာ ထိုအထက်တန်းကျောင်းပြီးသွားခဲ့ပြီးနောက် ဖြတ်ပစ်ခဲ့ကြသည့် ဆက်ဆံရေးကြောင့်လည်းဖြစ်နိုင်သလို တွေ့ကြသည့်အချိန်မျိုးတွင် ခေါင်းတစ်ချက်မငုံ့ပြခဲ့သည့်ဆက်ဆံရေးကြောင့်လည်း ဖြစ်နိုင်ပါလိမ့်မည်။
အဘယ်ကြောင့်ဆိုသော် သူတို့နှစ်ဦးနှစ်ယောက်လုံး၏ အကျင့်စရိုက်များမှာ လုံးဝမတူညီသည့်အပြင် ၊ ထပ်ပေါင်းပြောရလျှင် နှစ်ဦးစလုံးသည် စကားကို တတွတ်တွတ်ပြောတတ်သည့်သူမျိုးများ မဟုတ်။ ထို့ကြောင့် ကျောင်းစတက်သည့်နေ့၌ နောက်ကျခဲ့ကြသည့် ဝိန်းရိဖန် နှင့် စန်းရန်သည် စားပွဲခုံတစ်ခုတည်း၌ထိုင်နေကြသော်လည်း စကားစမြည်ပြောခဲ့ခြင်းမျိုးမရှိ၏။
ထို့အပြင် တစ်ခုံတည်းထိုင်ခဲ့ကြသည့်အချိန်များမှာလည်း သိပ်မကြာလိုက်၏။
နောက်ပိုင်းတွင် အတန်းထဲရှိသူငယ်ချင်းများကြားထဲတွင် ပျံ့နေသောကောလဟလများကြောင့်သာ နှစ်ယောက်သားက အဆက်အဆံရှိနေကြခြင်းဟု ဆိုရမည်။
ကောလဟလမှာလည်း အခြားမဟုတ်။
ပထမဆုံးကျောင်းတက်သည့်နေ့တွင် သူတို့နှစ်ဦးက အတူတူနောက်ကျခဲ့ကြပြီး နှစ်ယောက်စလုံးမှာ ထူးထူးခြားခြားကိုကြည့်ကောင်းကြသူများ ဖြစ်သောကြောင့်ပင်။
ထို့ကြောင့် အခြားသူများ၏အမြင်တွင် သူတို့နှစ်ဦးမှာ အတင်းပေးစားခံရသည့် အတွဲတစ်တွဲ ဖြစ်လာခဲ့တော့၏။
ဤကောလဟလနှင့်ပတ်သတ်ပြီး ပုံစံကွဲမျိုးစုံရှိပါသေးသည်။
နှစ်ယောက်သားက အလယ်တန်းကျောင်းကတည်းက အတူတူရှိခဲ့ကြသည့်သူငယ်ချင်းများဖြစ်ကြပြီး အထက်တန်းကျောင်းကိုလည်း အတူတူတက်ရန် ကတိပြုထားကြသည် ဟူ၍လည်းကောင်း...
သူတို့နှစ်ယောက်မှာ အစပိုင်းတွင် တစ်ယောက်နှင့်တစ်ယောက် အချင်းပွားမှုများဖြစ်ခဲ့ကြသော်လည်း စစ်ကျေအေးပြီးနောက်တွင်တော့ ခင်မင်ရင်းနှီးရာမှစ၍ အခြားသောစိတ်ခံစားချက်များပါ ပေါက်ဖွားလာကာ ယခုအချိန်တွင် တိတ်တခိုးဆက်ဆံရေးမျိုးရှိလာပြီ ဟူ၍လည်းကောင်း...
နှစ်ယောက်သားက ကျောင်းလာသည့်လမ်းတွင် အကြည့်ချင်းဆုံရာမှ မြင်မြင်ချင်းချစ်မိသွားကြပြီး မျက်နှာသာပေးနေသည့်ကံကြမ္မာကို မလွဲချော်လိုခြင်းအလို့ငှာ သူတို့နှစ်ဦးက တစ်ယောက်ခံစားများကို တစ်ယောက်ဖွင့်ဟဝန်ခံကြပြီးနောက်တွင်တော့ လက်ချင်းတွဲသွားကြပြီ ဟူ၍လည်းကောင်း...
စစချင်းတွင် ဝိန်းရိဖန်က ဤကောလဟလပုံစံကွဲများကို လုံးဝမသိခဲ့ပါချေ။
တန်းခွဲများမှာ အလယ်တန်းစာမေးပွဲ၏ရလဒ်အပေါ် မူတည်ပြီးခွဲပေးထားခြင်းဖြစ်၍ သူမက ကျုံးစစ်ချောင် ၊ ရှန့်လန် တို့နှင့် တန်းခွဲတစ်ခုတည်း မကျခဲ့။ထို့အပြင် ကောလဟလများကလည်း သူတို့၏တန်းခွဲ (၁၇) ထဲ၌သာ အုပ်စုလိုက်ပြောနေကြခြင်းဖြစ်ရာ အတန်းထဲ၌ အထူးတလည်ခင်မင်သည့်သူငယ်ချင်းမရှိသည့်အတွက် သူမအား ဤပေါက်ကရလေးဆယ်ကောလဟလများကို လာပြောပြမည့်သူ မရှိ၏။
စုဟောက်အန်းကြောင့်သာ ကောလဟလများအား ဝိန်းရိဖန်သိခဲ့ရခြင်းဖြစ်၏။
အဘယ်ကြောင့်ဆိုသော် စန်းရန်၏နားရွက်ဖျားဆီသို့ ဤသတင်းများကို နေ့တိုင်းနေ့တိုင်း ပို့ပေးနေသည့်သူမှာ စုဟောက်အန်းပင်။
မှတ်မိသလောက်ဆိုရလျှင် တစ်ခါက အားကစားကွင်းမှ စာသင်ခန်းဆီသို့ပြန်လာသည့်အချိန်။
ဝိန်းရိဖန်က ကော်ရစ်တာနားရှိ ကျောင်းရေသန့်စက်မှ ရေသွားထည့်ရာ တန်းစီနေသည့်လိုင်းများကြားမှ ရုတ်တရက်ဆိုသလို အရှေ့နားတွင်ရပ်နေသည့် စုဟောက်အန်း၏အသံကို ကြားလိုက်ရသည်။
စုဟောက်အန်းက အတန်းထဲ၌ တော်တော်လေးနာမည်ရှိပြီး စကားများနိုင်လွန်းသည့်အတွက်ကြောင့် ကျောင်းဖွင့်ပြီးရက်အနည်းငယ်အတွင်းပင် အတန်းတစ်ဝက်စာနီးပါးနှင့် ခင်မင်ရင်းနှီးသွားခဲ့ပြီဖြစ်သည်။ ထိုအချိန်တွင် စုဟောက်အန်းက တဟားဟားအော်ရယ်နေပြီး ကျောပေးရပ်နေသည့်သူ၏ရင်ဘတ်အား တဘုန်းဘုန်းထုကာ စကားဆိုနေလေသည်။
"ဒီနေ့လည်း သတင်းအသစ်ရှိပြန်ပြီ..နာမည်ကြီးနေတဲ့ကောင်လေး..နားထောင်ဦးမလား?"
ဝိန်းရိဖန် အလိုလိုမော့ကြည့်မိလိုက်၏။
သူမ၏အရှေ့တွင်ရပ်နေသည့်သူက စန်းရန် ဖြစ်နေမှန်း တွေ့မြင်လိုက်ရကာ သူ့ကျောပြင်က ပိန်ပိန်ပါးပါးနှင့် အရပ်ခပ်မြင့်မြင့်။ သူ့စကားပြောသံတို့က စိတ်မရှည်သည့်ဟန်မျိုးသာ ဖြစ်ပြီး
"မင်းရဲ့ ပေါက်ကရတွေတော်လောက်ပြီ"
"ဘာလဲကွာ..ဂရုမစိုက်ချင်ယောင်ဆောင်မနေနဲ့"
စုဟောက်အန်းက ဆက်၍
"ဟိုအက,ကတဲ့ကျောင်းသူက ဘယ်လောက်တောင်များ လှလိုက်သလဲ..ဒီလိုအလှလေးနဲ့ သတင်းထွက်ရလို့ မင်း ကျိတ်ပြီးခိုးပျော်နေတာမလား..သူ ဟိုနေ့က ငါ့အနောက်မှာလာထိုင်တဲ့အချိန်တုန်းကဆို ငါ့မှာ သူနဲ့စကားတောင်သွားမပြောရဲဘူး"
စန်းရန် ;
"မင်း အရူးထပြန်ပြီလား"
စုဟောက်အန်း ;
"ငါ့ကိုပြောပြစမ်းပါ!..မင်း မဟုတ်မှလွဲ သူ့ကို တိတ်တိတ်လေး...."
စကားမဆုံးခင် စုဟောက်အန်းက စန်းရန်၏အနောက်ဘက် မလှမ်းမကမ်းတွင်ရပ်နေသည့်ဝိန်းရိဖန်အား ရုတ်တရက်သတိထားမိလိုက်ကာ ချက်ချင်းအသံတိတ်လိုက်တော့၏။ သိပ်မကြာလိုက်ပါဘဲ လက်ရမ်းပြပြီး ဝိန်းရိဖန်အား လှမ်းနှုတ်ဆက်လိုက်၏။
"ဟိုင်း..."
စန်းရန်သည်လည်း လှမ်းကြည့်လာခဲ့သည်။
ဝိန်းရိဖန်က ဘာမှမကြားလိုက်သည့်အလား ခေါင်းငြိမ့်ပြုံးပြရင်း ဖတ်စာအုပ်ကိုကြည့်နေဟန်ဖြင့် ခေါင်းငုံ့ပစ်လိုက်၏။
စက္ကန့်ပိုင်းကြာပြီးနောက်တွင်။
စန်းရန်ဘက်မှ လှမ်းခေါ်လာခဲ့၏။
"ဂျူနီယာညီမလေး"
ဝိန်းရိဖန် ထပ်ပြီး ခေါင်းမော့ကြည့်လိုက်သည်။
"မင်း ကြားလိုက်တယ်မလား"
စန်းရန်က နှုတ်ခမ်းပါးကို လှစ်ခနဲကွေးလိုက်၍
"မကြားချင်ယောင်ဆောင်လိုက်သေးတယ်ပေါ့"
ဝိန်းရိဖန် ;
"နင်တို့ ဘာတွေပြောနေမှန်း ငါ တကယ်မသိတာ"
စန်းရန်က မျက်လုံးအောက်စိုက်ကြည့်လိုက်ရင်း အနည်းငယ်တွန့်ဆုတ်သွားသည့်အသံတို့ဖြင့်
"သူတို့ပြောနေကြတာက ငါနဲ့ မင်းနဲ့တွဲနေကြတယ်တဲ့"
"...."
ဝိန်းရိဖန်က ကြောင်အမ်း၍ကြည့်နေရင်း
"ငါနဲ့နင်နဲ့လား"
"အင်း"
"ငါ မသိထားဘူး..သူများတွေလည်း ငါ့ကို လာမပြောပြပါဘူး"
ဝိန်းရိဖန်က ဤကိစ္စများအား စိတ်ထဲပင်မထည့်ဘဲ
"နင် စိတ်ထဲသိပ်ထည့်မနေပါနဲ့..သူတို့လည်း ဘယ်လောက်မှကြာကြာမပြောနိုင်ပါဘူး"
ကိစ္စတိုင်းတွင် ဖြစ်ပေါ်လာသည့်သဲလွန်စဟူ၍ ရှိစမြဲ ၊ အကယ်၍ သဲလွန်စသာမရှိလျှင် ဤကောလဟလများက ဖြေရှင်းစရာမလိုဘဲ အလိုလိုမှေးမှိန်သွားမည်သာ။
Advertisement
စန်းရန်က မျက်ခုံးများပင့်လိုက်၍ ပုံမှန်အတိုင်းဆိုလာခဲ့၏။
"ဒီလိုဆိုရင်တော့ အကောင်းဆုံးပဲ"
ထိုအချိန်တုန်းက သူတို့နှစ်ဦးမှာ အလွန်ကိုမှ သမရိုးကျသာမန် အတန်းဖော်သူငယ်ချင်းများသာ ဖြစ်ခဲ့ကြသည်။
တစ်ယောက်အကြောင်း တစ်ယောက်မသိကြသည့်အပြင် စကားအပြောအဆိုမှာလည်း သိပ်မရှိ။
ထို့ကြောင့် ယခုလက်ရှိအချိန်တွင် ဝိန်းရိဖန် လက်ခံထားသည့် - စန်းရန်မှ သူမအား သဘောမကျဖြစ်နေရခြင်း၏အကြောင်းအရင်းမှာ သူမကိုယ်တိုင်က ချစ်ခင်စရာကောင်းအောင်မနေပြတတ်ရုံသာမက စန်းရန်၏အမူအရာမှာလည်း သူတို့နှစ်ဦး စတွေ့တုန်းကအချိန်နှင့်ပင် မခြားမနားဖြစ်နေမှန်း ဝိန်းရိဖန် ခံစားနေမိခဲ့သေးသည်။
သို့သည့်တိုင် စန်းရန်၏ သူသဘောကျသည့်သူအပေါ်ထားရှိသည့် သဘောထား နှင့် သဘောမကျသည့်သူအပေါ်ထားသည့် သဘောထားတို့မှာတော့...
မိုးလောက်ကြီးပင် ကွာခြား ခြားနားလေသည်။
စန်းရန်၏အကျင့်စရိုက်မှာ အလွန်တရာမာနကြီးပြီး အကြောမာသည့်သူမျိုး..
သူသာ တစ်စုံတစ်ယောက်အား သဘောကျနေလျှင်...
အကယ်၍ တစ်ဖက်သတ်သဘောကျခြင်းမျိုး ဖြစ်နေလျှင်တောင်...တစ်လောကလုံး သိသွားလည်း ဂရုမစိုက်မည့်ပုံစံမျိုးပင်ဖြစ်၏။
နောက်တစ်နေ့တွင်။
မနက်ဆယ်နာရီထိုးပြီးမှ ဝိန်းရိဖန် အိပ်ရာနိုးလာခဲ့၏။ ကိုယ့်ကိုကိုယ်ပြင်ဆင်ပြီးနောက်တွင် ဝိန်းရိဖန်က အပေါ်ထပ်ကုတ်အင်္ကျီကိုယူပြီး အိပ်ခန်းထဲမှထွက်လာခဲ့သည်။ ဧည့်ခန်းနားသို့ရောက်သည်နှင့် ဆိုဖာပေါ်တွင်ထိုင်ပြီး ဖုန်းကစားနေသည့် စန်းရန်အား မြင်လိုက်ရသည်။
လှုပ်လှုပ်ရှားရှားအသံများကို ကြားလိုက်သည့်သူကလည်း မျက်လုံးတစ်ချက်ပင့်ကြည့်လာရုံကလွဲ ၊ သူမအား လျစ်လျူရှုထား၏။
ဝိန်းရိဖန်က ယဥ်ကျေးမှုအရ နှုတ်ဆက်လိုက်ချင်သော်လည်း သူပြောဖူးသည့် 'အနားမကပ်လာနဲ့' ဆိုသည့်ဝေါဟာရကြောင့် လက်လျော့ပစ်လိုက်တော့သည်။
တီဗွီတင်ထားသည့် ဘီဒိုပေါ်မှ ကော်ဖီထုပ်ကိုယူကာ ရေနွေးအိုးတည်လိုက်ရင်း ဆိုဖာပေါ်ထိုင်နေလိုက်၏။ဘီစကစ်မုန့်တစ်ထုပ်ကိုဖောက် ၊ ကော်ဖီမှုန့်အား ခွက်ထဲထည့်ပြီးနောက် ဝိန်းရိဖန်က ဖုန်းဖွင့်ပြီး မက်ဆေ့များစစ်ကြည့်လိုက်သည်။
တော်တော်များများမှာ ကျုံးစစ်ချောင်ထံမှ မက်ဆေ့များပင်။
ကျုံးစစ်ချောင် ; [ သူ! ငယ်! ချင်း! ရေ! ]
ကျုံးစစ်ချောင် ; [ ငါနင့်အတွက်! အိမ်ခန်းဖော်! ရှာတွေ့ပြီလို့! ]
ဝိန်းရိဖန် မျက်တောင်တဖျက်ဖျက်ခတ်ရင်း
[ ငါ နင့်ကိုပြောဖို့မေ့နေတာ ]
ဝိန်းရိဖန် ; [ ငါ အိမ်ခန်းဖော်ရသွားပြီးပြီ ]
ရှင်းပြတော့မည့်ဆဲဆဲ ၊ ရေနွေးအိုးဆူသွားခဲ့သဖြင့် ဝိန်းရိဖန်က ဖုန်းကိုချထားလိုက်ပြီးနောက် ရေနွေးအိုးကိုယူကာ ခွက်ထဲလောင်းထည့်လိုက်၏။ ရေနွေးအိုးပြန်ချချပင် ကျုံးစစ်ချောင်မှ ဖုန်းခေါ်ဆိုလာခဲ့၏။
ဝိန်းရိဖန်က ကော်ဖီခွက်အား ဇွန်းဖြင့်မွှေရင်း ဖုန်းလက်ခံဖြေဆိုလိုက်ရာ...
ကျုံးစစ်ချောင် ;
"နင် အိမ်ခန်းဖော်ရှာတွေ့သွားပြီလား..ဘယ်သူလဲ"
ဝိန်းရိဖန်က စန်းရန်ရှိရာသို့ တစ်ချက်လှမ်းကြည့်လိုက်သော်လည်း ဤမေးခွန်းအား ကျော်ချသွားရန်သာ ဆုံးဖြတ်လိုက်၍
"အင်း..ရှာတွေ့ထားပြီ..ဒါပေမယ့် ကြာကြာမနေဘူး..သုံးလပဲ"
ဝိန်းရိဖန် ;
"ငါ နင့်ကို ပြောပြဖို့မေ့သွားလို့..နင် ငါ့အစား နင့်မိတ်ဆွေကို တောင်းပန်ပေးဦးနော်"
"ဘယ်ကသာ ငါ့ရဲ့မိတ်ဆွေလဲ!..တော်ပြီကွာ ငါမအောင့်နိုင်တော့ဘူး"
ကျုံးစစ်ချောင်က တဟားဟားအော်ရယ်ကာ ဘေးနားမှတစ်ယောက်ယောက်အား စကားပြောနေပုံရ၍
"တော်ပြီ ရှန့်လန်..ဒီတိုင်းငြိမ်ပြီးနားထောင်မနေနဲ့တော့..နင် နေနိုင်တာလဲမဟုတ်ဘဲနဲ့ "
ဝိန်းရိဖန် တအံ့တသြဖြစ်သွားပြီး
"ရှန့်လန်က နင့်ဘေးမှာလား"
ဤစကားကိုကြားလျှင်ကြားလိုက်ချင်း စန်းရန်က ဝိန်းရိဖန်ရှိရာဘက်သို့ မသိမသာခေါင်းစောင်းကြည့်လာခဲ့၏။
နောက်တစ်စက္ကန့်တွင် ဖုန်း၏အခြားတစ်ဖက်မှ ယောက်ျားသံတစ်ခုပီပီသသထွက်လာကာ စကားသံတို့ထဲတွင် ရယ်သံပါစွက်နေသေး၏။
"ဟုတ်တယ်..ငါ.."
"ဘယ်အချိန်တည်းက ပြန်ရောက်နေတာလဲ..ငါလည်း ချောင်ချောင်ဆီက ဘာမှမကြားထားရပါလား"
"ငါ ဘယ်တုန်းကများ အသိမပေးခဲ့လို့လဲ"
ကျုံးစစ်ချောင်က လှမ်းအော်ရင်း ရှင်းပြလာ၏။
"ငါ အရင်က ဒီကောင်စုတ် နောက်လဆိုရင်ပြန်လာတော့မယ့်အကြောင်း နင့်ကို ပြောထားတယ်လေ..နင့်ဘာသာနင် မေ့နေတာ"
ပြောရလျှင် ဝိန်းရိဖန်နှင့် ရှန့်လန် မတွေ့ဖြစ်ခဲ့ကြသည်မှာ အတော်ကြီးပင်ကြာသွားခဲ့ပြီဖြစ်သည်။
သူမက 'ပေယွီ'မြို့သို့ ပြောင်းသွားခဲ့ပြီးနောက်တွင် နန်းဝူမြို့သို့ တစ်ခါမှပြန်မလာဖြစ်ခဲ့သလို ရှန့်လန်ကလည်း အထက်တန်းအောင်ပြီးသည်နှင့် နိုင်ငံခြားထွက်သွားခဲ့ရာ ထိုအချိန်မှစရေတွက်လျှင် ခုနှစ်နှစ်ပင်ကြာသွားခဲ့ပြီ။ ကြားထဲ၌လည်း အဆက်အသွယ်က ပြတ်တစ်လှည့် ရတစ်လှည့်မျိုးဖြစ်ပြီး ဆက်သွယ်ကြသည့်အရေအတွက်လည်း နည်းသွားခဲ့သည်။
သူ့လတ်တလောအခြေအနေများကိုတော့ ကျုံးစစ်ချောင်ထံမှ ကြားဖူးနားဝရှိထားခဲ့၏။
"ဒီနေ့က တနင်္လာနေ့လေ..ချောင်ချောင် နင် အလုပ်မသွားဘူးလား..နင်တို့နှစ်ယောက်ကရော ဘယ်လိုဖြစ်ပြီးအတူတူရှိနေကြတာလဲ"
"ငါတို့ကုမ္ပဏီက ရုံးပိတ်ရက် စပေးနေပြီလေ..ငါတို့နှစ်ယောက်က အခုလေးတင်ပဲတွေ့ကြတာ..ဒါကြောင့်မလို့လည်း နင်နဲ့ပါအတူတူတွေ့ရအောင်လို့ ငါ နင့်ကို အစောကြီးမက်ဆေ့ပို့ထားတာပေါ့..နင်က အခုမှစာပြန်တာကိုး"
ဝိန်းရိဖန် ;
"ငါ အခုမှနိုးလို့"
ရှန့်လန်က ခပ်ပြုံးပြုံးဖြင့်
"ငါ ခန့်မှန်းမိပါတယ်"
ကျုံးစစ်ချောင် ;
"ဒါဆိုလည်း ပြီးရောလေ..နင် မနက်စာမြန်မြန်စားပြီး ရုံးသွားတက်တော့..နင် ဒီနေ့မအားမှန်းသိသွားပြီမလို့ ငါတို့ ထပ်ပြီးချိန်းမယ်လေ..နင် ဘယ်အချိန် ပိတ်ရက်ရမှာလဲ..ငါတို့ သုံးယောက် အတူတူစကားပြောကြရအောင်လို့"
"နောက်ထပ်နှစ်ရက်နေရင် ရပြီ..ငါ ဗုဒ္ဓဟူးနေ့ကျရင် ရုံးမတက်ဘူး"
ကျုံးစစ်ချောင်က ထပ်၍
"နင် နှစ်သစ်ကူးပိတ်ရက် ဘယ်နှရက်ရတာလဲ"
ဝိန်းရိဖန် ;
"သုံးရက်"
"ငါလခွမ်း..အိုင်း...ဝူး ဝူး ဝူး ငါတို့ရဲ့ရိဖန်လေးက အရမ်းသနားစရာကောင်းတာပဲရော်..တော်ပါပြီ ငါ နင့်ကို မနှောက်ယှက်တော့ပါဘူး..ဒါဆို နောက်ထပ်နှစ်ရက်နေမှတွေ့မယ််နော်..ငါ့ရဲ့ ဟိုလက်ကောက်ကိုရော ယူလာပေးဖို့ မမေ့နဲ့ဦး"
ရှန့်လန်က ဆက်၍
"ငါတို့ ချိန်းထားတာကိုလည်း မမေ့နဲ့ဦး"
ဝိန်းရိဖန်က ရယ်လိုက်ရင်း
"မမေ့ပါဘူးဟာ"
ဖုန်းချပြီးနောက် ဝိန်းရိဖန်က ခေါင်းအသာအယာငုံ့ရင်း ကော်ဖီတစ်ငုံသောက်လိုက်ကာ ပြန်မော့လာသည့်အချိန် စန်းရန်၏မျက်ဝန်းများနှင့် ဆုံလေတော့၏။ ရုတ်တရက်တိုက်ဆိုင်သွားမှန်း သိသောကြောင့် ဝိန်းရိဖန်က အကြည့်လွှဲလိုက်သော်ငြား မျက်ဝန်းထောင့်တစ်နေရာမှနေ၍ စန်းရန်က သူမအား ဆက်ကြည့်နေသေးကြောင်း မြင်နေရ၏။
တစ်ခုခုပြောစရာရှိ၍လား ဟူ၍ မေးမြန်းမည်အပြုတွင် စန်းရန်ဘက်မှနေပြီး သူမအား စကားဆိုလာခဲ့၏။
"မင်း ဗုဒ္ဓဟူးနေ့ပိတ်ရက်?"
ဝိန်းရိဖန်က သူ့အားလှမ်းကြည့်ရင်း
"အင်း"
စန်းရန်က လက်ထဲမှဖုန်းကိုချထားလိုက်ပြီး
"အပြင်ထွက်လည်မလို့လား"
ဝိန်းရိဖန်က ခေါင်းငြိမ့်ပြရင်း
"ရှန့်လန် ပြည်ပကပြန်ရောက်လို့..ဆုံကြမလိို့"
မေးသမျှကိုဖြေနေရင်း ဝိန်းရိဖန်က စန်းရန်အား လှမ်းကြည့်နေဆဲဖြစ်ကာ
"နင်တို့နှစ်ယောက်လည်း သိလောက်ကြမယ်ထင်တယ်..အထက်တန်း တတိယနှစ်တုန်းက နင်တို့နှစ်ယောက်က တန်းခွဲတစ်ခုတည်းလို့ ရှန့်လန် ပြောပြဖူးသလားလို့"
စန်းရန် ;
"အို့..မမှတ်မိဘူး"
"...."
ဝိန်းရိဖန်က စန်းရန်ဘက်မှ ဘယ်လိုအခြေအနေမျိုးဖြစ်ချင်နေမှန်း မသိသည့်အတွက် မည်သည့်မှတ်ချက်မျိုးမှပြန်မပေးဘဲ ငြိမ်နေလိုက်၏။
တစ်ခဏအကြာတွင်။
စန်းရန် ;
"တွေ့ကြမယ့်နေရာကို ရွေးပြီးပြီလား"
ဝိန်းရိဖန် ;
"မရွေးရသေးဘူး"
"ဒါဆို ကိုယ့်ဘားမှာ တွေ့ကြရင်ရော"
စန်းရန်က ဆိုဖာပေါ်၌ ခြေထောက်ချိတ်ထိုင်နေရင်း ဖြေးဖြေးချင်းဖြင့်
"ကိုယ်တို့က အိမ်ခန်းဖော်တွေဖြစ်နေပြီဆိုမှတော့ အိမ်ခန်းဖော်ရဲ့စီးပွားရေးကို အားပေးသင့်တာပေါ့..ဟုတ်တယ်မလား"
(Zawgyi)
--ပေးပို့၍မရပါ။
[ ? ]
"...."
တစ်ခဏအကြာတွင်။
"...."
Advertisement
- In Serial148 Chapters
Cold Hearted Devil Fell In Love
When Ivy Hughes meets Ceo and Underworld boss Noah Adler sparks and fists fly. The first time she meets him she hates him, the second time she meets him she saves his life. Burnt by love before she wants to be free with no ties but Noah wants her everything.
8 1623 - In Serial7 Chapters
CEO Cinderella - A modern humorous retelling
Life is good for Max Bilan. He’s made it to the top of the corporate ladder and even secured a hot date for the Winston Charity Ball. So it’s a nasty surprise to discover that his new secretary failed to get him tickets for the sold-out event. With just hours to go before the ball, his chances of finding a couple of spares seem slim.To make things worse, an eccentric, winged lady shows up in Max’s office claiming to be his long-lost godmother. She didn’t even make an appointment! But she’s promised to get him to the ball and she might just be his only chance. Max must swallow his instincts and his pride and play along with her peculiar demands, or end up missing the networking event of the year.
8 150 - In Serial44 Chapters
When Darkness Falls (Book 1, the Darkness Falls Series)
When darkness falls, the vampires come out. Sixteen-year-old Kiara Morrow knows that better than anyone. She's been trained her whole life to wipe bloodsuckers off the face of the earth. But then she meets Luke. He's a vampire but he's unlike any vamp Kiara's ever known. *****Luke may be what Kiara's been looking for her whole life, but as far as her family is concerned, the only good vampire is a dead vampire. The closer she grows to him, the more Kiara is forced to confront the foundation of lies her life has been built on. But Kiara's bloodthirsty family isn't the only problem they have to face. People in town are dying. Something evil is looming on the horizon...[[word count: 100,000 - 150,000]]Cover designed by Holly Thurston
8 144 - In Serial41 Chapters
INSIDE
He hates the girl He thinks she is a self centered egocentric women with no heart .He hates her because he can't understand her And he hates himself more for the attraction he feels towards her . Zion Irvine a handsome charismatic with a alluring personality. He is the CEO of the famous Irvine company . When he meets this one women who confuse the hell out of him and brings him to hell with her presence . But Between all the chaos something happens . Read my story to find out what is gonna happen .
8 347 - In Serial43 Chapters
Love the little one OLD VERSION
We had been searching for our mate for over two years now. But we weren't going to lose hope.Me and my brother both knew that she was somewhere out there, we just had to look harder. And then that one day at the little coffee shop we went to...That's when everything changed.Sequel - Loving the little one
8 288 - In Serial46 Chapters
silent love { Dutch Van Der Linde x Reader } / rdr2
ever since your family was killed by a gang of outlaws, you've lived your life on the run. you had to learn to survive on your own and protect yourself.never staying in one place for long lead you up into the Grizzlies where you got stuck in a snowstorm. freezing and starving, you thought you were going to die, until one day when two outlaws found you and took you back to their gang. there, you were introduced to their charismatic leader. you quickly fall for the wise leader, but how will you react when he wants to keep your relationship a secret?
8 124

