《First Frost (Myanmar Translation)》Chapter 19
Advertisement
ဝိန်းရိဖန်တစ်ယောက် စန်းရန်က ကားအနောက်ခန်းထဲသို့ဝင်သွားပြီး အလယ်တည့်တည့်၌ဝင်ထိုင်နေသည်အား ကြောင်အမ်းရင်းရပ်ကြည့်နေမိသည်။အခြားတစ်ဖက်တွင် ထိုင်နေသည့်သူက စုဟောက်အန်း။အရှေ့ခုံ၌ထိုင်နေသည့် ကျုံးစစ်ချောင်က လှည့်ကြည့်လာပြီး
"ဖန်ဖန်..ကားထဲဝင်လေ"
ဝိန်းရိဖန်က 'အင်း'ဟု အသံတစ်ချက်ပြုရင်း ကားထဲဝင်လာခဲ့သည်။
ကားတံခါးပိတ်ပြီးသွားသည်နှင့် စုဟောက်အန်းက အဓိပ္ပါယ်ပါပါပြုံးပြရင်း
"မင်းတို့နှစ်ယောက် ဟိုနားမှာရပ်ပြီး ဘာတွေပြောနေကြတာလဲ..ငါ့ကိုရော ပြောပြလို့မရဘူးလား"
ဝိန်းရိဖန်က စန်းရန်၏မျက်နှာအား တစ်ချက်လှမ်းကြည့်လိုက်ကာ အမှန်တိုင်းပြောပြလိုက်၏။
"သူက ငါ့ကို နေရာတိုင်းမှာလိုက်ကြွားမနေနဲ့ဆိုပြီး မှာနေလို့"
ကျုံးစစ်ချောင် ;
"ဘာကို လိုက်မကြွားခိုင်းတာလဲ"
ဝိန်းရိဖန် ;
"သူနဲ့ အတူတူနေတဲ့ကိစ္စကို"
"...."
ကားအတွင်း၌ နေရာကျပ်ညှပ်သလိုဖြစ်နေသည့်ကြားက ဤစကားတစ်ခွန်းကြောင့် လေထုတစ်ခုလုံး တင်းခနဲဖြစ်သွားလေတော့သည်။
စက္ကန့်ပေါင်းများစွာကြာပြီးနောက် တိတ်ဆိတ်နေမှုကြီးကိုဖျက်လိုက်သည်မှာ စုဟောက်အန်း၏ ညစ်ညမ်းညမ်းစကားပေ။
"ငါ-ူး..သာ့ကော..မင်းဆိုတဲ့ကောင်က အရှက်မရှိမှန်း ငါ သိပေမယ့် မင်း ဒီလောက်ကြီးထိတော့ မျက်နှာမပြောင်နဲ့လေကွာ"
စုဟောက်အန်းက ဆက်၍
"ဝိန်းရိဖန်..မင်း ဒီကောင့်ကို သိပ်အာရုံစိုက်မနေနဲ့..ဒီကောင်က ပါးစပ်ထဲရှိသမျှအကုန်လျှောက်ပြောတဲ့ကောင် ၊ အထက်တန်းကျောင်းတုန်းကနဲ့ တစ်ပုံစံတည်းပဲ..ပုံမှန်လူဆိုရင် အသက်ရလာတာနဲ့ ကိုယ့်ကိုကိုယ်ထိန်းထိန်းသိမ်းသိမ်းနေလာတတ်ပေမယ့် အဲ့ထဲမှာ ဒီကောင် မပါဘူး..ဒီကောင်က အသက်ကြီးလေလေ ပေါလာလေလေပဲ"
စန်းရန်က တစ်ဖက်သို့ခေါင်းစောင်းကြည့်လိုက်ပြီး
"မင်း ဒီနေ့ တော်တော်စိတ်ကြည်နေပုံရတယ်နော်"
ဤစကားကိုကြားလျှင်ကြားလိုက်ရချင်း စုဟောက်အန်းက ချက်ချင်းတိတ်ဆိတ်သွားတော့၏။
ကျုံးစစ်ချောင်မှ ဆက်၍
"စန်းရန်က အရင်တုန်းကအတိုင်း ဟာသဥာဏ်ရွှင်တုန်းပဲနော်"
ကားစတီယာရင်ကို ကိုင်ထားသည့်ရှန့်လန်က ခပ်နွေးနွေးထွေးထွေးအသံမျိုးဖြင့် ဝင်ပြောလာခဲ့၏။
"ရိဖန်က ငါတို့နှစ်ယောက်ကိုပဲ ပြောပြထားတာပါ..မင်း စိတ်ပူနေစရာမလိုပါဘူး"
စန်းရန်က မျက်လုံးကိုသာ ပင့်ကြည့်လာပြီး စကားတစ်ခွန်းမဆိုလာပေ။
ဝိန်းရိဖန်သည်လည်း စန်းရန်အား တစ်ချက်လှမ်းကြည့်မိလိုက်၏။
အမှန်စင်စစ်တွင် သူမအနေဖြင့် စန်းရန်ပြောသည့်စကားများအပေါ် အထူးတလည်ခံစားသွားရခြင်းမျိုးမရှိပါပေ။
ဘာပြန်ပြောရမှန်းမသိလောက်အောင် ဆွံ့အသွားခြင်းများသာ ဖြစ်ပြီး...
ဦးနှောက်ထဲ ပထမဆုံးဝင်လာသည့်တုန့်ပြန်ချက်က-
ဝါးးး..
သူမပြောလိုက်တဲ့စကားတွေက ဒီလိုအဓိပ္ပါယ်မျိုးတွေပါ ပြောင်းပစ်လို့ရတာလား...
ဒါမှမဟုတ် နောက်တုန့်ပြန်ချက်တစ်ခုမှာ-
သောက်ဆရာကြီးပဲဟေ့..
ဒီလိုစကားတွေကိုတောင် မျက်နှာတစ်ချက်မပြောင်းဘဲ ပြောနိုင်တယ်နော်..
ထို့ကြောင့်လည်း ခုဏကလေးတုန်းက စန်းရန်ပြောလိုက်သည့်စကားများကို အထူးတလည်ပုံဖော်ခံစားနေခြင်းမျိုးမရှိ ၊ ဘာကိုမှလည်း လျှောက်မတွေးဖြစ်မိတော့၏။ သူမအနေဖြင့် ထိုစကားလုံးများကို ကြည့်ကောင်းသားနားအောင် မပြင်လိုတော့သည့်အပြင် စန်းရန်သည်လည်း ထိုစကားများကို ဤသို့ပြောထွက်လာသည်ဆိုကတည်းက တစ်ဖက်လူ စိတ်ကွက်သွားမည်ကို လုံးဝဂရုမစိုက်ကြောင်း ဖော်ပြလိုက်သလိုပါပင်။
အရှိကိုအရှိအတိုင်း ၊ အမှန်ကိုအမှန်တိုင်း ပြောလိုက်ခြင်းမျိုးပေ။
သို့သော်လည်း ယခုအခိုက်အတန့်လေးတွင်တော့ သူမဘက်မှ တိုင်ပြောသလိုဖြစ်သွားသည့်ကိစ္စလေးအတွက် စိတ်မသိုးမသန့်ဖြစ်မိသွားခဲ့၏။
"ဒါနဲ့လေ..ဝိန်းရိဖန်"
စုဟောက်အန်းက စကားဆို၏။
"ဒီကိစ္စကိုပြောရင်းနဲ့ ငါ မင်းကိုတောင်းပန်ဖို့ ကျန်နေသေးတယ်..ငါက အိမ်ခန်းစာချုပ်ကို သပ်သပ်စီခွဲချုပ်ထားတယ်လို့ထင်လို့..ပြီးတော့ အိမ်ခန်းမျှနေတဲ့စည်းကမ်းတွေကိုလည်း သိပ်နားမလည်ခဲ့ဘူး..အရင်ငှားခဲ့ဖူးတဲ့သူနဲ့ တိုက်ရိုက်ဆက်သွယ်ပြီး ပြောင်းသွားရင်ရပြီလို့ထင်လိုက်တာ"
ဝိန်းရိဖန်က စုဟောက်အန်းရှိရာဆီသို့ လှည့်ကြည့်လိုက်၏။
စန်းရန်က သူတို့နှစ်ဦးကြား၌ထိုင်နေခြင်းဖြစ်သော်ငြား သူတို့နှစ်ယောက်အား မမြင်ရသည့်လေထုသဖွယ်သဘောထားပြီး စကားဝိုင်းထဲသို့ လုံးဝ ဝင်မလာပေ။
စုဟောက်အန်း ;
"အဲ့ဒါကြောင့် စန်းရန်က ငါ့ကို အိမ်ခန်းရှာပေးဖို့ပြောတဲ့အချိန်တုန်းက သူ့ကို အိမ်သော့တန်းပေးလိုက်တာ..ငါ ဟိုတစ်ယောက်ဆီကကြားလိုက်ပါတယ်..မင်းကို လန့်အောင်လုပ်မိသွားတယ်တဲ့..အဲ့အတွက်တော့ တကယ်ကိုတောင်းပန်ပါတယ်..တောင်းပန်တဲ့အနေနဲ့ ဒီနေ့ညစာကို ငါ ဒကာခံမယ်ကွာ"
ဝိန်းရိဖန် ;
"ဟိုတစ်ယောက်ဆိုတာက"
စုဟောက်အန်းက တစ််ခဏတိတ်ဆိတ်နေရင်း
"ဝမ်လင်လင်ကိုပြောတာ"
သူ့ပုံစံက ဝမ်လင်လင်နှင့်ပြဿနာတက်ထားပုံရသည်။ဝိန်းရိဖန်အနေဖြင့်လည်း ဤကိစ္စအား အရင်ကကိစ္စတစ်ခုအဖြစ် သတ်မှတ်ထားခဲ့ပြီးဖြစ်ရာ ထပ်၍လည်းအာရုံမစိုက်ချင်တော့သလို အခြားသူ၏ကိစ္စများကိုလည်း ဝင်မစွက်ဖက်ချင်သဖြင့်
"ရပါတယ်..ဒီကိစ္စက အဆင်ပြေပြေဖြေရှင်းပြီးသွားပြီ..နင်သာ နောက်ဆိုရင် ဒီလိုကိစ္စမျိုးတွေမှာ ပိုပြီးဂရုစိုက်ပေးပေါ့"
ကျုံးစစ်ချောင်က အနောက်ဘက်လှည့်ကြည့်လာပြီး
"နင် အရင်က ငါ့ကိုပြောပြဖူးသလိုပဲ..နင်နဲ့အတူတူနေတဲ့ အရင်အိမ်ခန်းဖော်က နင့်ရဲ့လုပ်ဖော်ကိုင်ဖက်ဆို..ဝမ်လင်လင်လို့ ခေါ်သလားလို့"
ဝိန်းရိဖန် ;
"ဟုတ်တယ်"
ရှန့်လန် ;
"ဒါဆို စုဟောက်အန်း..မင်းကရော ဝမ်လင်လင်ကို ဘယ်လိုသိနေတာလဲ"
စုဟောက်အန်း ;
"ငါ့ အရင်ရည်းစား"
ကျုံးစစ်ချောင်က တအံ့တသြဖြင့်
"အဲ့လောက်တောင် တိုက်ဆိုင်တာလား"
ဝိန်းရိဖန်သည်လည်း 'အရင်' ဆိုသည့်စကားလုံးကြောင့် တအံ့တသြဖြစ်သွားရတော့၏။
ရှန့်လန်က ပြုံးရင်း
"ဒါဆို မင်း စန်းရန်ကိုအိမ်သော့ပေးလိုက်တဲ့အချိန်တုန်းက အခန်းမျှငှားထားတဲ့သူက ရိဖန် မှန်း သိလား"
စုဟောက်အန်းက သက်ပြင်းရှိုက်ပြီး ဟန်ဆောင်ပန်ဆောင်ဖြင့်
"ဘယ်လိုလုပ်ပြီး သိမှာလဲ"
"ဒီလိုလား..ဒါပေမယ့် စန်းရန်ကလည်း တစ်ယောက်ယောက်နဲ့ အိမ်ခန်းကိုမျှနေလိမ့်မယ်လို့ လုံးဝမထင်ထားမိဘူး"
ရှန့်လန်က စန်းရန်အား နောက်ကြည့်မှန်မှတဆင့် လှမ်းကြည့်လိုက်ပြီး
"ကြားထားတာတော့ မင်း ဘားဖွင့်ထားတာဆို..ဝင်ငွေ တော်တော်များမှာပဲနော်"
ဆိုင်ရှယ်ယာဝင်သူဌေးတစ်ယောက်ဖြစ်သည့် စုဟောက်အန်းက 'သိပ်မဆိိုးပါဘူး' ဟု ဝင်ပြောတော့မည့်ဆဲဆဲတွင်...
စန်းရန်၏ နားရွက်၊ပါးစပ်များက ယခုအချိန်ကျမှအသက်ဝင်သွားသည့်အလား စကားသံတို့က စိတ်ပျက်အားလျော့သွားသည့်အသံမျိုးဖြင့်
"မရပါဘူးကွာ"
"...."
လူတစ်သိုက်က အနီးဆုံးတွင်ရှိသည့် နာမည်ကြီးဟော့ပေါ့ဆိုင်သို့သာ သွားခဲ့ကြ၏။
ရှန့်လန်က စုဟောက်အန်းနှင့်စန်းရန်တို့နှင့် ဆုံဖြစ်မည်ဟုမထင်ထားခဲ့ဘဲ စားပွဲဝိုင်းဘိုကင်ကြိုယူထားခဲ့ရာ ဆိုင်မှ လေးယောက်ဝိုင်းကိုသာ စီစဥ်ထားပေးခဲ့သည်။ လေးထောင့်စားပွဲ၏တစ်ဖက်စီ၌ ခုံတန်းရှည်များရှိရာ ထိုင်ခုံများက တစ်ယောက်တည်းထိုင်လျှင်ကျယ်ကျယ်လွင့်လွင့်မျိုးဖြစ်ပြီး နှစ်ယောက်ထိုင်လျှင်တော့ အနည်းငယ်ကျပ်ကျပ်သိပ်သိပ်ဖြစ်သွားရသည်။
Advertisement
သို့သော်လည်း ဆိုင်ထဲတွင် အခြားနေရာလွတ်မရှိတော့သည့်အတွက် ပူးကပ်ကျပ်သိပ်ပြီးသာ ထိုင်လိုက်ရတော့၏။
မိန်းကလေးနှစ်ယောက်က သေးသေးလေးများဖြစ်ကြသဖြင့် တစ်ခုံပေးထားပြီး ကျန်သုံးနေရာကိုတော့ ယောက်ျားလေးသုံးယောက်က နေရာယူလိုက်၏။
ဝိန်းရိဖန်၏အခြားဘေးတစ်ဖက်တွင် ထိုင်နေသည့်သူက ရှန့်လန် ၊ မျက်နှာချင်းဆိုင်တွင်က စန်းရန်။
ရှန့်လန်က အင်္ကျီလက်ကိုခေါက်တင်ပြီးနောက် စုဟောက်အန်းနှင့်စကားပြောနေရင်းဖြင့် အခြားသူများအတွက် ရေနွေးငှဲ့ပေးနေခဲ့သည်။
ဝိန်းရိဖန်က ရေနွေးတစ်ခွက်လှမ်းယူပြီး တစ်ငုံသောက်လိုက်သည့်အချိန် ကျုံးစစ်ချောင်က သူမ၏လက်မောင်းကိုရိုက်ပြီး
"နင် ခွက်ကိုချထား..နင့်ကို မသောက်ခိုင်းသေးဘူး..ငါ့ကို ပန်းကန်တွေ တူတွေ ကူပြင်ပေးဦး"
တိုက်တိုက်ဆိုင်ဆိုင် ရှန့်လန်၏ပန်းကန်ခွက်ယောက်များက ပလပ်စတစ်ချွတ်ပြီးသည်နှင့်အချိန်ကိုက်ဖြစ်သွားခဲ့ကာ ရှန့်လန်က သူ့ပန်းကန်များအား ဝိန်းရိဖန်ရှေ့သို့ တွန်းပေးလာပြီး သူမ၏ မဖောက်ရသေးသည့်ပန်းကန်များနှင့် လဲယူသွားခဲ့၏။
"ငါတို့နှစ်ယောက်က တူတူပဲ..ငါလည်း နိုင်ငံခြားမှာနေလာတာများတော့ ဒီအကျင့်တွေတောင် သိပ်မမှတ်တော့ဘူး"
အရမ်းကိုမှ ပုံမှန်သဘာဝကျခဲ့သည့်အပြုအမူများအတိုင်းပင်။
စန်းရန်က နှစ်စက္ကန့်မျှစိုက်ကြည့်နေပြီးနောက် ချက်ချင်းဆိုသလို အကြည့်လွှဲပစ်လိုက်၏။
ရှန့်လန်၏အပြုအမူကို သတိထားမိလိုက်သည့် စုဟောက်အန်းက အမှတ်တမဲ့ပြောလာခဲ့သည်။
"မင်းလုပ်ပြနေတာက မသိရင် ချစ်သူကောင်မလေးကိုဂရုစိုက်ပြနေသလိုမျိုးနဲ့"
ကျုံးစစ်ချောင်က သဘာဝကျကျပင် ရှင်းပြလာခဲ့၏။
"သိပ်မကွာတော့ပါဘူး..ငါတို့နှစ်ယောက်လုံးမှာ ဒီအကျင့်ရှိတယ်လေ..ဝိန်းရိဖန် အရင်တုန်းက ရေနွေးပူတွေသယ်ရင်း အပူလောင်ဖူးတယ်..အဲ့တုန်းကဆို ငါတို့နှစ်ယောက်လုံး ဘာလုပ်လို့ဘာကိုင်ပေးရမှန်းမသိ တုန်နေခဲ့ကြတာ..နောက်တော့ ငါ မဟုတ်ရင် ရှန့်လန်က သူ့ကို ရေနွေးနဲ့ပတ်သတ်လာရင် ကူညီပေးဖြစ်တော့တာပဲ"
စုဟောက်အန်း ;
"အို့..ငါ မေ့တော့မလို့..မင်းတို့သုံးယောက်က ငယ်ငယ်တည်းက အတူတူကြီးလာကြတာမလား"
ဝိန်းရိဖန် ;
"မူကြိုကတည်းက အတန်းတစ်ခုတည်း"
"ဟေး..ငါ ကိစ္စတစ်ခုကို မှတ်မိသွားလို့..."
ကျုံးစစ်ချောင်က စကားစမပြောရသေးခင်ကို အားရပါးရရယ်လိုက်ပြီး
"ဝိန်းရိဖန် မူလတန်းတုန်းက နာမည်ပြောင်တစ်ခုရှိဖူးတယ်..'ဝိန်းအစက်အစက်'တဲ့.."
"အာ?"
စုဟောက်အန်းက
"ဘာလို့လဲ?"
ရှန့်လန်က ပြုံးနေရင်း
"ဘာလို့လဲဆိုတော့ သူငယ်တန်းစတက်တဲ့ ပထမနေ့တုန်းက ဆရာမက ငါတို့ရဲ့နာမည်တွေကို ရေးစာအုပ်တွေပေါ်မှာ ချရေးခိုင်းတာကွာ..ဒါပေမယ့် ရိဖန်က သင်ယူတဲ့နေရာမှာနှေးတဲ့သူမလို့ အဲ့အချိန်တုန်းက သူ့မျိုးရိုးစကားလုံးပဲ ရေးတတ်သေးတာ..သူ့နာမည်ကို ချရေးခိုင်းတဲ့အခါတိုင်း အစက်နှစ်စက်ပဲ ချရေးထားတာမလို့လေ"
ကျုံးစစ်ချောင် ;
"အဲ့ဒါနဲ့ ကျောင်းစတက်ပြီးတော်တော်ကြာတဲ့အထိ သူ့နာမည်ရေးရတဲ့အခါတိုင်း ဝိန်းအစက်အစက် ပဲ "
"...."
ဝိန်းရိဖန်က အနည်းငယ်ရှက်လာရသဖြင့် ခေါင်းကိုငုံ့ပြီး ရေနွေးသောက်နေလေတော့၏။
တစ်ခဏမျှ ကြောင်အမ်းသလိုရှိနေသည့် စုဟောက်အန်းက တဟားဟားထရယ်ပြန်ပါတော့သည်။ သူ ရယ်သည့်အခါတိုင်း၌ အခြားသူအား တဘုန်းဘုန်းရိုက်တတ်သည့်ရောဂါမျိုးလည်း ရှိသေးကာ ယခုလက်ရှိအချိန်တွင် ဒဏ်ခံနေရသည့်သူမှာ သူ့ဘေးနားတွင်ထိုင်နေသည့် စန်းရန်။
"လခွမ်း..ရယ်ရလွန်းလို့ သေတော့မယ်"
စန်းရန်၏ပုံစံက စိတ်ကြည်နေပုံမရဘဲ အေးတိအေးစက်ဖြင့်
"မင်း ရူးနေတာလား"
"မင်းကလည်း ဒေါသချည်းပဲ"
စုဟောက်အန်းက သူ့လက်များကို ခပ်ရှက်ရှက်ဖြင့်ရုတ်လိုက်ပြီး သက်ပြင်းတစ်ချချက်ကာ
"ငါ မင်းတို့ကိုမနာလိုမိတယ်ကွာ..ငါ ရင်းနှီးခဲ့သမျှထဲမှာ အကြာဆုံးက စန်းရန်ဆိုတဲ့ ဒီခွေးပဲ..သူ့အကျင့်ကို မင်းတို့လည်း နားလည်တယ်မလား..ငါ့မှာ နာကျင်ခံစားလိုက်ရတာကွာ"
'နာကျင်ခံစား'ဆိုသည့်စကားကို ကြားလိုက်ရသည့်အချိန် ဝိန်းရိဖန်ကရယ်ချင်လာမိသည့်အတွက် နှုတ်ခမ်းများက မသိမသာလေးကွေးတက်သွားခဲ့၏။
ဤအခြေအနေကြောင့် မဆီမဆိုင် သူတို့နှစ်ဦး ပထမဆုံးတွေ့ခဲ့ကြသည့်အချိန်အား အမှတ်ရမိလိုက်သည်။
ဝိန်းရိဖန်က မျက်ဝန်းများပင့်ကြည့်လိုက်လျှင်...
စန်းရန်၏အေးစက်စက်မျက်လုံးများနှင့် တိုက်တိုက်ဆိုင်ဆိုင် ထိပ်တိုက်တိုးမိလေတော့သည်။
"...."
ဝိန်းရိဖန် မျက်တောင်ပုတ်ခတ်ပုတ်ခတ်လုပ်ရင်း ခေါင်းငုံ့ကာ မျက်နှာပိုးသတ်လိုက်၏။
-----
နောက်တွင် လူတစ်အုပ်လုံးက ပျော်ပျော်ပါးပါး စည်းချက်ဝါးချက်ညီညီဖြင့် စားသောက်နေခဲ့ကြသည်။
စုဟောက်အန်းရှိနေသည့်နေရာတွင် အေးတိအေးစက်ဖြစ်နေဖို့ရာမလွယ်ဆိုသည့်အတိုင်း အစမှနေအဆုံးထိ သူတစ်ယောက်တည်းကသာ ဦးဆောင်စကားများနေပြီး အစားအသောက်များကိုလည်း သူကသာ ဒိုင်ခံ စားပေးနေတော့သည်။ကိစ္စနှစ်ခုအား တစ်ချိန်တည်းလုပ်နေပါသည့်တိုင် မည်သည့်နေရာကမှ နောက်ကောက်ကျကျန်ခဲ့ခြင်းမရှိ။
ဝိန်းရိဖန်က ဟန်ပြအနေဖြင့် အနည်းငယ်မျှသာ စားနိုင်ခဲ့၏။
သူမ ညစာစားဖြစ်သည်မှာလည်း ရှားလွန်းသောကြောင့်ပင်။
အစတွင် အစားနည်းခြင်းကြောင့် ၊ ဗိုက်သိပ်မဆာခြင်းတို့ကြောင့် ၊ အလုပ်များနေခြင်းကြောင့်ဖြင့် ညစာမစားဖြစ်ခဲ့သော်လည်း နောက်ပိုင်းတွင် အားရက်ရပြီး အိမ်ထဲရောက်နေပါသည့်တိုင် ညစာချက်စားရန် ပျင်းလွန်းသည်မှစပြီး လုံးဝကိုမစားဖြစ်တော့ခြင်းပင်။
သို့သော် အပြင်ထွက်အင်တာဗျူးရသည့်အခါမျိုးတွင်တော့ အိတ်ထဲ၌ အာဟာရပြည့်ဖြည့်စွက်စာများအား သယ်သွားလေ့ရှိ၏။
ထမင်းစားပြီးနောက်တွင် ဤလူတစ်အုပ်က လမ်းသရဲလမ်းမကြီးပေါ်ရှိ ဆံပင်ညှပ်ဆိုင်နှင့်တူသော 'Overtime' ဘားဆီသို့ ချီတက်လာကြတော့သည်။ရင်းနှီးနေသော အနက်ရောင်ဆိုင်းဘုတ်က မီးရောင်စုံသည့်ပတ်ဝန်းကျင်ထဲတွင် တမူထူးခြားစွာ ရှိနေခဲ့၏။
ဘားထဲသို့ ဝင်လာပြီးနောက်တွင်။
အတွင်းထဲ၌ ခပ်ပြင်းပြင်း Metal သံစဥ်များဖွင့်ထားရာ အတွင်းထဲသို့ဝင်ဝင်ချင်းပင် ပူအိုက်လှသောလှိုင်းလုံးကြီးများရိုက်ခတ်သွားသလိုခံစားလိုက်ရသည်။
စန်းရန်က ဘားခုံရှိသည့်ဘက်သို့ လျှောက်သွားပြီး သူတို့အုပ်စုနှင့် ဤနေရာမှစ လမ်းခွဲလိုသည့်အလား ဝါကျတစ်ကြောင်းဖြင့် အစချီလာခဲ့သည်။
"မင်းပဲ သူတို့ကို အပေါ်ခေါ်သွားလိုက်တော့"
သုံးလေးလှမ်းမျှပင် မလှမ်းရသေး ၊ စုဟောက်အန်းက စန်းရန်အား လှမ်းတားလိုက်၏။
"မဟုတ်ဘူးလေ..မင်းက ဘာသွားလုပ်နေမှာလဲ..သူငယ်ချင်းဟောင်းတွေ ပြန်တွေ့တာကို ငါတို့ ကြာကြာလေးစကားပြောသင့်တာပေါ့..ပြီးတော့ မင်းရဲ့ ဒီမင်းမေကြီးတော်စူပုတ်နေတဲ့မျက်နှာကြီးနဲ့ ဘားခုံမှာသွားထိုင်နေရင် ငါတို့ စီးပွားရေးရောဆက်လုပ်လို့ရပါဦးမလား"
"...."
စုဟောက်အန်းက သူတို့အား ဒုတိယထပ်ရှိ အလယ်တွင်သီးသန့်ဖွဲ့ထားသည့်နေရာသို့ ခေါ်သွားခဲ့၏။
Advertisement
ဆိုဖာက 'U' ပုံစံထား,ထားပြီး နေရာထိုင်ခင်းစီစဥ်လိုက်ပုံက ညစာစားသည့်အချိန်ကနှင့် အတူတူပင်။မိန်းကလေးနှစ်ယောက်က အလယ်ထဲတွင်ထိုင်ပြီး စန်းရန်နှင့်စုဟောက်အန်းက ဘယ်ဘက်တွင်ထိုင်ကာ ရှန့်လန်က ညာဘက်တွင်ဖြစ်သည်။
သို့သော်ဤတစ်ကြိမ်တွင် စန်းရန်က ဝိန်းရိဖန်၏ဘေး၌ ထိုင်နေပြီး ကျုံးစစ်ချောင်ဘေးတွင် ရှန့်လန်ဖြစ်သည်။
ထိုင်ချလိုက်သည်နှင့်တပြိုင်နက် စန်းရန်က ကျောရိုးမရှိသည့်အလား ဆိုဖာနောက်သို့ ပစ်မှီပစ်လိုက်၏။သူက လည်ပိတ်ဂျက်ကတ်မျိုးကို ဝတ်ထားသဖြင့် မေးဖျားက မသိမသာဖုံးနေကာ သူ့ပုံစံက အနည်းငယ်မောဟိုက်နေပုံလည်းရသည်။
ဝိန်းရိဖန်က ဖုန်းကိုထုတ်ကြည့်ပြီး အိမ်ပြန်ရမည့်အချိန်ကိုတွက်နေလိုက်၏။
ဤအချိန်တွင် ကျုံးစစ်ချောင်က အနားသို့ကပ်လာပြီး ခပ်တိုးတိုးဖြင့်
"သူငယ်ချင်း..နင် စန်းရန်နဲ့ အိမ်ခန်းမျှနေရတာ တော်တော်လေးကိုဆိုးတယ်မလား"
"ဘာဖြစ်လို့ မေးတာလဲ"
"ညစာစားနေတဲ့တစ်လျှောက်လုံး သူပြုံးလိုက်တာမျိုးကို တစ်ခါမှ မတွေ့ရသေးဘူး..မသိရင် တစ်ယောက်ယောက်က သူ့ကို အကြွေး သန်းရှစ်ရာ တင်နေသလိုပဲ..သူ ဘာဖြစ်နေတာလဲ?..မကောင်းတဲ့ကိစ္စတစ်ခုခု ဖြစ်ထားလို့လား"
ဝိန်းရိဖန်က စန်းရန်၏အမူအရာအား ချက်ချင်းလှမ်းကြည့်လိုက်ကာ
"ဒါ ပုံမှန်ပဲမဟုတ်ဘူးလား"
ကျုံးစစ်ချောင် ; "...."
စုဟောက်အန်းက စားပွဲထိုးလေးအား သောက်စရာနှင့်တကွ လူငါးယောက်စာ ဝိုင်ခွက်များအပြင် 'အမှန်တိုင်းပြောခြင်းနှင့်လက်တွေ့လုပ်ပြခြင်း' ကစားကဒ်များကိုပါ ယူလာခိုင်းလိုက်၏။ထို့နောက် ဘီယာဘူးကိုဖွင့်ပြီး တစ်ငုံမော့လိုက်၏။
"ငါတို့ အန်စာတုံးကစားနည်း ကစားရအောင်..ရှုံးတဲ့သူက အရက်သောက်ရင်သောက် မဟုတ်ရင် အမှန်တိုင်းပြော၊လက်တွေ့လုပ်ကို တစ်ခုခုရွေးကြေး..ဘယ်လိုလဲ"
"ဖြစ်တယ်လေ"
ရှန့်လန်က ပြန်ဖြေလိုက်ပြီး သူမတို့ဘက်လှည့်ကြည့်၍
"ဒါပေမယ့် မင်းတို့ကစားတတ်ရဲ့လား"
ကျုံးစစ်ချောင်က ခနဲ့သလိုရယ်ပြလိုက်၍
"ကစားတတ်တာပေါ့ဟ..နင် ဘယ်သူ့ကို အထင်လာသေးနေတာလဲ"
ဝိန်းရိဖန် ;
"ငါ မကစားတတ်ဘူး"
စုဟောက်အန်း ;
"ဒါဆို သုံးလေးပွဲလောက် စမ်းကစားကြည့်..ကစားရင်းနဲ့ နားလည်သွားပြီဆိုမှ အပြစ်ပေးတာတွေကိုအတည်သတ်မှတ်မယ်..ဖြစ်တယ်မလား"
စကားပြောပြီးသည်နှင့် စုဟောက်အန်းက စားပွဲတွင်ထိုင်နေကြသည့်သူများအား အစဥ်လိုက်ကြည့်စဥ်ကြည့်ပြီးနောက်တွင်တော့ သနားသွားသည့်ပုံစံဖြင့်
"ဝိန်းရိဖန်..သေချာသတိထားတော့နော်..စန်းရန် ဒီခွေးက ဒီကစားနည်းကို သောက်ရမ်းကစားတတ်တာ..အမြဲတမ်း နံပါတ်တွက်တဲ့နေရာမှာ မှန်တယ်..ဘယ်သူမှ ဒီကောင့်ကို မလှန်ရဲဘူး..ဒါကြောင့်မလို့ သူ့နောက်မှာထိုင်နေတဲ့ ကစားအိမ်ကတော့ ဆိုးဆိုးရွားရွားကို အိမ်ဖွင့်ခံရမှာ"
ကစားနည်း၏စည်းမျဥ်းများမှာ ကစားသမားတစ်ဦးစီတိုင်းက အန်စာတုံးများကို လှိမ့်ပြီး ကိုယ်ပိုင်အန်စာခွက်အတွင်းမှ နံပါတ်များကို ကြည့်ထားရမည်။နာရီလက်တံဦးတည်ရာအတိုင်း လှည့်ပြီး အန်စာတုံးမှနံပါတ်အရေအတွက် သို့မဟုတ် ပေါင်းထားသည့်နံပါတ်တစ်ခုခုကို ရွေးပြောရမည်။ နောက်ကစားသမားတစ်ဦးက အရင်ကစားသမားပြောသွားသည်ထက် ပို၍မြင့်အောင် လုပ်ရမည်ဖြစ်၏။
ကစားသမားတစ်အိမ်မှ တစ်အိမ်သို့ လက်ဆင့်ကမ်းလာသည့်အခါ အရင်ကစားသမားပြောလာသည့် နံပါတ်များက မိမိအတွက်မဖြစ်နိုင်တော့သည့်နံပါတ်များဆိုလျှင် ကျော်သွားနိုင်မည့်အခွင့်အရေးရမည်ဖြစ်သည်။အကယ်၍ ကျော်သွားလျက်ဖြင့်ရှုံးလျှင်တော့ အပြစ်ဒဏ်အား နှစ်ဆ ခံရမည်ပင်ဖြစ်သည်။
ကစားဝိုင်းထဲတွင် လူ ငါးယောက်ရှိသဖြင့် စုဟောက်အန်းက အန်စာတုံးအရေအတွက် ခုနှစ်ခု မှစပြီးသတ်မှတ်လိုက်၏။
ဝိန်းရိဖန်က ကစားနည်းအား နားမလည်သေးသဖြင့် သုံးလေးကြိမ်အစမ်းသဘောကစားပြီး ဖြည်းဖြည်းချင်းနားလည်အောင်လုပ်လိုက်၏။ သို့သော်လည်း သူမက ဆိုးဆိုးရွားရွားကိုကစားနေခြင်းဖြစ်ပြီး အမှန်တကယ်ကစားနည်း စတင်သည့်အချိန်တွင်တော့ စုဟောက်အန်း၏သတိပေးစကားကြောင့် အခေါက်တိုင်းတွင် စန်းရန်ပြောသည့်နံပါတ်ထက် တစ်ခု ပိုပေါင်းထားလေတော့သည်။
ပထမတစ်ကြိမ်တွင်။
စုဟောက်အန်းက နံပါတ် '6' ၊ ဆယ့်လေးခု ဟု ခေါ်လိုက်၏။
စန်းရန်က သူ့အရှေ့ရှိ အန်စာခွက်ကို ဖွင့်ပြပြီးနောက် စုဟောက်အန်းအား မေးငေါ့ပြ၍
"ဖွင့်"
"...."
စုဟောက်အန်း အရက်သောက်လိုက်ရ၏။
ဒုတိယအကြိမ်။
တတိယအကြိမ်။
စတုတ္ထအကြိမ်။
ရှန့်လန် ရှုံးသွားခဲ့ပြီး အမှန်တိုင်းပြောသည့်အပြစ်ဒဏ်ကို ရွေးလိုက်၏။
--သင် နောင်တရခဲ့တဲ့ကိစ္စတစ်ခုကို ပြောပြပါ။
"အဖြစ်နိုင်ဆုံးကတော့..."
ရှန့်လန်က တစ်ခဏမျှရပ်ပြီး သက်ပြင်းချလိုက်ကာ
"နိုင်ငံခြားထွက်ပြီး ပညာသင်မိတာပဲ..အစတည်းက ယီဟဲတက္ကသိုလ်ကို ဝင်ခွင့်ဖြေပြီး ရိဖန်နဲ့အတူတူ တက်ခဲ့သင့်တာ..အရင်က ယီဟဲမှာ ဆေးပညာမေဂျာယူဖို့တောင် ဆုံးဖြတ်ထားခဲ့ပြီးသား"
"...."
ဝိန်းရိဖန်က တစ်ခုခုအား ပြောလိုက်လုနီးနီး...
ဤအချိန်ကလေးအတွင်းတွင်...
စန်းရန်က အန်စာခွက်ကိုခေါက်လိုက်ပြီးနောက်
"ဆက်သွားမယ်"
ဝိန်းရိဖန်၏စကားလုံးများက လည်ချောင်းဝ၌ တစ်နေလေပြီး အခြေအနေအား တစ်ချက်လှမ်းကြည့်လိုက်၏။
မီးရောင်မှိန်မှိန်အောက်ရှိ စန်းရန်၏မျက်နှာက အနည်းငယ်အေးစက်နေသယောင်ရကာ ခေါင်းကို မသိမသာအောက်စိုက်ထားပြီး ခန္ဓာကိုယ်ကလည်း အနည်းငယ်ကိုင်းထား၏။သူ့မျက်နှာက အလင်းဘက်တွင်တစ်ခြမ်း အမှောင်ဘက်တွင်တစ်ခြမ်း ရောက်နေသည့်အပြင် အနက်ရောင်ဆံပင်တို့ကလည်း နဖူးထက်၌ ဖြာကျနေသေးသဖြင့် သူ့အမူအရာအား သဲသဲကွဲကွဲမမြင်ရပေ။
ဝိန်းရိဖန်က မျက်လွှာချပြီး ဝိုင်တစ်ငုံသောက်လိုက်၏။
ဆယ့်ငါးကြိမ်မြောက်တွင်။
နံပါတ်စဥ်များက အဆက်မပြတ်အော်နေဆဲဖြစ်ပြီး စုဟောက်အန်းအလှည့်သို့ရောက်လာသည့်အချိန်တွင် နံပါတ် '5' ၊ ဆယ့်ငါးခု ပင်ဖြစ်နေပြီ။
စန်းရန်က သူ့အန်စာခွက်အား မဖွင့်။
ဝိန်းရိဖန်လည်း အနည်းငယ်စိတ်လှုပ်ရှားလာရတော့၏။
ဘယ်လိုပင်ဖြစ်စေ စန်းရန် နံပါတ်စဥ်ခေါ်လိုက်သည်နှင့် သူမ အလှည့်ရောက်ပြီပင်။
စန်းရန်က အန်စာခွက်အား စိုက်ကြည့်နေရင်း တစ်ခဏကြာကြာ ငြိမ်သက်နေပြီးနောက် ဝိန်းရိဖန်ရှိရာ လှမ်းကြည့်လိုက်၏။သူ့ပါးလွသည့်မျက်ရစ် ၊ မှင်ကဲ့သို့ မည်းနက်နေသည့်မျက်ဝန်းများက မည်သည့်အဓိပ္ပါယ်မျိုးကို ဖော်ဆောင်ပြနေမှန်း မသိနိုင်။
"နံပါတ် '5' ၊ ဆယ့်ရှစ်ခု "
စုဟောက်အန်းက စိတ်လှုပ်တရှားဖြင့် မတ်တပ်ထရပ်လေပြီး စားပွဲခုံအား ခပ်ပြင်းပြင်းရိုက်ချပစ်ကာ
"ဖွင့်!"
"...."
"မင်း တကယ်ကို တုံးသွားတာလား! ဟမ်!..အရက်သောက်ပြီးတော့များ ကြောင်သွားခဲ့တာလား..ဆယ့်ရှစ်ခု?..အရူးတောင်မှ မင်းအိမ်ကို ဖွင့်လို့ရနေပြီ"
အန်စာတုံး အားလုံးထည့်ပေါင်းလိုက်ရာ ကစားဝိုင်းပေါ်၌ နံပါတ်'5' ၊ ဆယ့်ခုနှစ်ခုသာ ရှိ၏။
ကံကောင်းစွာဖြင့် စန်းရန် ခေါ်လိုက်သည့်နံပါတ်ထက် တစ်ခုလျော့နေခဲ့ကာ...
အပြစ်ဒဏ်မှာ နှစ်ဆ ဖြစ်သွားခဲ့၏။
စန်းရန်က အမှန်တိုင်းပြောသည့်ပြစ်ဒဏ်အပြင် အပိုအနေဖြင့် အရက်တစ်ခွက်။
စုဟောက်အန်းက စိတ်လိုလက်ရဖြင့် သူ့အစား ကစားကဒ်ကိုပါ ဆွဲယူပေးလိုက်သေးသည်။
--မကြာသေးခင်က လေယာဥ်နဲ့ခရီးထွက်ဖြစ်ခဲ့တဲ့ မြို့။
"...."
စုဟောက်အန်းက မျက်မှောင်ကြီးကျုံ့ကာ ကစားကဒ်အား ဆွဲဖြဲမတတ်ဒေါသထွက်လေပြီး
"ငါ-ူး..မင်းမေကြီးတော် ဒီကောင် ရှုံးတဲ့အလှည့်ကျမှ ဘာမေးခွန်းကြီးကျတာလဲဟ!"
စန်းရန်က ကိုယ်တိုင်အရက်တစ်ခွက်ငှဲ့လိုက်ပြီးနောက် တစ်ခွက်လုံးကုန်အောင် မော့သောက်ပစ်လိုက်၏။ သူ့လည်စလုတ်က အထက်မှအောက်သို့တစ်ချက်လှုပ်ရှားသွားပြီး အနည်းငယ်စိတ်လွတ်သွားသည့်အလား စက္ကန့်ပိုင်းမျှငြိမ်သက်နေမိကာ ထို့နောက်တွင်တော့ စကားလုံးနှစ်လုံးအား အတားအဆီးမဲ့စွာ ပြောထုတ်လာလိုက်တော့၏။
"ယီဟဲ"
(Zawgyi)
"ဖန်ဖန်..ကားထဲဝင်လေ"
ကျုံးစစ်ချောင် ;
ဝိန်းရိဖန် ;
"...."
စုဟောက်အန်းက ဆက်၍
Advertisement
- In Serial195 Chapters
To Live Again, For The First Time!
Emilin died a tragically sad death in her first life, if you could call it a life at all.
8 1241 - In Serial11 Chapters
He's The One™
Kaia, Head CEO of an entertainment business, was forced into an arranged marriage. Her fiance turns out to be abusive and nothing but a cheater. After her high school crush saves her life on the streets, he comes up with the Idea of marriage. What would people do if she found out that she married her company rival? Though, even with this trial in the way, they accept their fate they decide and begin their lives as a married couple. Will they survive or will they falter?? Only time will tell...
8 218 - In Serial18 Chapters
Clove baby
Clove is a college student who moves across the world to go to her dream school. Little does she know that the men that await her will change her life forever. --------When I wake up I realize that i'm in the lap of someone. And we're moving. I stir and sit up to realize I'm in a car with Jax, Four, and Tyson. Tyson is driving Jax is in the front seat and I'm in Fours lap. His hand on my head playing with my hair gently. "Well hello there our sleepy one how did you rest" Four asks as he pulls me into him and I flinch then realize I feel safe. For the first time in years I actually feel safe and secure. His large arms and presence fill me with peace. I close my eyes and eventually give in and lean into his chest. ----WARNING!! there is rape. Strong language. Bondage. And kink, if you are young or any of this is a trigger please do not read-------#1 softgirl 4/6/21#1 daddyslut 4/9/21
8 177 - In Serial39 Chapters
The Curious Case of Danielle Parker
Danielle's new town is strange. Sure, it looks picture book pretty. But ever since she arrived, strange things keep happening. From the mysteriously and painfully beautiful boy absolutely losing it in the school parking lot, to going from being ignored one day to suddenly treated like royalty the next... Danielle can't make sense of it. But the worst part? There's a boy she is unexplainably drawn to, and as hard as she tries, she can't stay away. What is the town hiding? Is she going crazy or is there something more than simple attraction going on here? And how the hell is she meant to get any sleep with all that howling at night?!
8 219 - In Serial11 Chapters
Anthony Bridgerton One Shots
Anthony Bridgerton based One Shots
8 186 - In Serial200 Chapters
SECRET MARRIAGE: WIFE SPOILING HUSBAND {BOOK 2}
On the day of her marriage, Li Xiaolu was forced to watch her beloved younger sister marry her fiancé.Betrayed by her love, her family, she was killed. However, she is reborn to three years before where it all began. She aims to take her revenge while also fulfilling her dreams at the same time.Still one day, she falls for her sister's underhanded schemes where she meets the domineering CEO.-------------------------------------THIS IS NOT MY WORK AND NO PLAGIARISM WAS INTENDED!! CREDIT GOES TO RIGHTFUL OWNER/AUTHOR!! -------------------------------------AUTHOR :- ANNA_KNOVEL :- SECRET MARRIAGE: WIFE SPOILING HUSBAND-------------------------------------
8 253