《First Frost (Myanmar Translation)》Chapter 21
Advertisement
စန်းရန်ထံမှ ဤဝါကျစကားထွက်ကျလာပြီးပြီးချင်းပင် ကျောင်းတက်ခေါင်းလောင်းမြည်သွားခဲ့သည်။
ခေါင်းလောင်းသံက သက်သာရာရအောင်လုပ်ပေးနိုင်ခြင်းနှင့်အလားတူစွာ မျက်မှန်နှင့်ကောင်လေးသည်လည်း သက်ပြင်းကြီးကြီးချမိပြီး တောင်းပန်စကားဆိုလိုက်တော့သည်။စန်းရန်က မည်သည်ကိုမှဂရုမစိုက်သည့်ဟန်မျိုးဖြင့် ထိုကောင်လေးကိုသာ တစ်ချက်လှမ်းကြည့်ပြီးနောက် သူ့ထိုင်ခုံနေရာသို့ ပြန်လျှောက်သွားခဲ့သည်။
သူ့ဘေးနားပတ်ပတ်လည်ဝိုင်းကြည့်နေကြသည့်သူများမှာလည်း တစ်စစနှင့် လမ်းဖယ်ပေးကုန်ကြ၏။
ဆရာမ မဝင်လာခင် အတန်းထဲ၌ ယခုလိုတိတ်ဆိတ်နေသည့်အချိန်မျိုးမှာ ရှားကိုရှားလှပေတော့သည်။
ဝိန်းရိဖန်က စားပွဲခုံအောက်မှဖတ်စာအုပ်ကိုထုတ်ပြီး သင်စာခန်းမာတိကာသို့လှန်လှောကြည့်လိုက်၏။သို့သော်လည်း စိတ်အစဥ်က ယခုလေးတင်ဖြစ်သွားခဲ့သည့်ကိစ္စပေါ်၌သာ ရောက်နေဆဲ။ မနေ့က စန်းရန်သူငယ်ချင်းအပေါင်းအပါများနှင့် ထမင်းစားခန်းထဲ၌ ဆုံဖြစ်ကြသည့်အကြောင်းအား တွေးမိလိုက်သည့်အချိန်တွင်တော့ ပြဿနာအား ချောချောမွေ့မွေ့အစဖော်ကြည့်လိုက်နိုင်၏။
ထို့ကြောင့် အခြားသူများ၏အမြင်တွင် သူမက စန်းရန်ကိုသစ္စာဖောက်ပြီး ရှန့်လန်နှင့်အတူရှိလိုက်ခြင်းပင် ဖြစ်မည်။
ဝိန်းရိဖန်က ဘောပင်အား ကျစ်ကျစ်ပါအောင်ဆုတ်ကိုင်ထားမိလိုက်၏။
အခြားသူများက သူမအား ရွံစရာကောင်းသည်ဟူ၍ သမုတ်နေကြသည်ကို မထူးဆန်းတော့။
ခေါင်းမော့ပြီး စန်းရန်ရှိရာဆီသို့ လှမ်းကြည့်လိုက်၏။
သူ့အရပ်ကမြင့်သောကြောင့် သူ့ထိုင်ခုံနေရာအား ပထမလိုင်း၏နောက်ဆုံးအတန်းတွင် စီစဥ်ပေးလိုက်ကာ သူမနေရာနှင့်ယှဥ်လျှင် နှစ်ယောက်ကြားရှိအကွာအဝေးမှာ တော်တော်လေးလှမ်းသည်။ စန်းရန်က အောက်သို့စိုက်ကြည့်နေပြီး မည်သည့်အကြောင်းအရာကိုဖတ်ကြည့်နေမှန်းမသိ။
သူ့ဘေးနားတွင်ထိုင်နေသည့်ကောင်လေးက သူ့အား အဆက်မပြတ်စကားပြောနေသော်လည်း တစ်ချက်မှမတုန့်ပြန်သည့်အပြင် သူ့မျက်နှာပေါ်ရှိအမူအရာမှာလည်း မည်သည့်ခံစားချက်ဟူ၍ ဖော်ပြထားခြင်းမရှိပေ။
ဝိန်းရိဖန် အကြည့်လွှဲလိုက်ပြီးနောက် အခွင့်အရေးတစ်ခုရှာပြီး သူ့အား ကျေးဇူးတင်စကားဆိုရန် တွေးထားလိုက်တော့သည်။
-----
ဤအတွေးမှာ ဝိန်းရိဖန်၏စိတ်ကူးသက်သက်ဖြစ်သော်ငြား...
သူမ လုံးဝမထင်မှတ်ထားမိသည်က စန်းရန်နှင့်စကားပြောရန် အခွင့်အရေးတစ်ခုလေးပင် ရှာမတွေ့ခဲ့ချေ။
အဘယ်ကြောင့်ဆိုသော် စန်းရန်၏ဘေး၌ မည်သူမှရှိမနေတတ်သည့်အချိန်မျိုး မရှိသောကြောင့်ပင်။ သူ့ပုံစံက မသိလျှင် မမှီမခိုပဲလမ်းမလျှောက်တတ်သည့်အလား ရေသန့်ဘူးရေဖြည့်ခြင်းမှသည် သန့်စင်ခန်းဝင်သည်အထိ သွားလေရာတိုင်း အုပ်စုလိုက်ကြီးသာဖြစ်၏။
ဝိန်းရိဖန်လည်း အလောတလျင်မလုပ်တော့ဘဲ အခွင့်အရေးရလာမည့်အချိန်ကိုသာ စောင့်နေလိုက်သည်။
ဤစောင့်ဆိုင်းမှုက နောက်တစ်ပတ် သောကြာနေ့ကျောင်းဆင်းချိန်ထိပင် ရောက်သွားခဲ့သည်။
အတန်းထဲရှိ တာဝန်ကျအချိန်ဇယားမှာ အပတ်စဥ်အလိုက်စီစဥ်ထားခြင်းမျိုးဖြစ်ပြီး စန်းရန်သည် နှစ်ပတ်ခြားတစ်ခါ သောကြာနေ့တိုင်းတွင် သန့်ရှင်းရေးတာဝန်ကျသည်။ သူ့တာဝန်ကျရက်ဖြစ်သောကြောင့် အခြားကျောင်းသားများထက်နောက်ကျမှ ပြန်ရမည်ဖြစ်ပြီး သူ့အား ညီအစ်ကိုဟုခေါ်လေ့ရှိသည့်လူတစ်စုမှာ ယနေ့လိုနေ့မျိုးတွင် သူ့အား ထားခဲ့ပြီးဘတ်စကတ်ဘောကစားနှင့်ကြသည်ဖြစ်၏။
စန်းရန်က စာသင်ခုံမြင့်ထက်တွင်မတ်တပ်ရပ်နေပြီး ကျောက်သင်ပုန်းဖျက်နေလျက်ရှိကာ ဝိန်းရိဖန်က သူမ၏ပစ္စည်းများကိုသိမ်း ၊ လွယ်အိတ်ထဲထည့်၍ သူ့အနားသို့လျှောက်သွားပြီး လှမ်းခေါ်လိုက်၏။
"စန်းရန်"
စန်းရန်က သူမအား တစ်ချက်လှမ်းကြည့်လာရင်း ကျောက်သင်ပုန်းကိုလည်းဖျက်နေဆဲပင်။
"ပြော"
ဝိန်းရိဖန် ;
"အရင်ကကိစ္စအတွက် နင့်ကိုကျေးဇူးတင်ပါတယ်"
သူ ရုတ်ချည်းရပ်တန့်သွားပြန်ကာ သူမအား ထပ်၍လှမ်းကြည့်လာ၏။
"ဘာကိုလဲ"
"အတန်းထဲကလူတွေပြောနေတဲ့ ဟိုစကားတွေအတွက်..."
ဝိန်းရိဖန်က ပြန်ရှင်းပြရင်း ထပ်၍ကျေးဇူးတင်လိုက်၏။
"နင် ငါ့ကိုကူညီပြီး စကားကိုရှင်းအောင်ပြောခဲ့ပေးအတွက်ကျေးဇူးတင်ပါတယ်"
စန်းရန်က 'အို့' ဟူ၍ အသံတစ်ချက်ပြုပြီး
"မင်း ကျေးဇူးလာတင်တဲ့အချိန်ကလည်း တော်တော်လေးကိုအချိန်ရွေးမှန်တာပဲ"
ဝိန်းရိဖန် ;
"ဟမ်?"
"ငါတောင် အဲ့ကိစ္စကို မေ့နေပြီ..မင်းပြောမှ ပြန်ပြီးမှတ်မိတာ"
"...."
သူမကိုယ်တိုင်လည်း အချိန်အတော်ကြာသွားပြီဖြစ်မှန်း သိနေခဲ့သဖြင့် ဝိန်းရိဖန်က အနည်းငယ်ရှက်ကိုးရှက်ကန်းနိုင်သွားရသော်ငြား မျက်နှာထက်တွင်တော့ဖော်ပြခြင်းမရှိ။
"စကားပြောဖို့အခွင့်အရေး မရလို့ပါ"
"မလိုတော့ဘူး"
စန်းရန်က ဤကိစ္စအား စိတ်ထဲ လုံးဝမထည့်သည့်ပုံစံမျိုးဖြင့် ကျောက်သင်ပုန်းပေါ်မှ နောက်ဆုံးကျန်နေသည့်နေရာအား သန့်ရှင်းနေရင်း
"ငါနဲ့သာမဆိုင်ရင် ငါလည်း ဒီလိုအစုတ်ပလုတ်ကိစ္စတွေမှာ လိုက်ပါနေမှာမဟုတ်ဘူး"
ဝိန်းရိဖန်က ခေါင်းငြိမ့်ပြ၍
"ဘာပဲဖြစ်ဖြစ် ကျေးဇူးတင်ပါတယ်"
စန်းရန်က မည်သည့်တုန်ပြန်ချက်ကိုမှ ပြန်မပြုလာတော့ပေ။
ဝိန်းရိဖန်လည်း စကားထပ်မဆိုနေတော့ဘဲ အခန်းတံခါးဝဆီသို့လျှောက်လာခဲ့လိုက်၏။ လမ်းလျှောက်နေရင်းဖြင့် မည်သည့်အကြောင်းပြချက်ကြောင့်မှန်းမသိ စန်းရန်အား ပြန်လှည့်ကြည့်မိလိုက်၏။ သူက ကျောက်သင်ပုန်းဖျက်ပြီးသွားပြီဖြစ်၍ သန့်စင်ခန်းထဲသို့သွားပြီး သင်ပုန်းဖျက်အား ဆေးကြောတော့မည့်ပုံပင်။
ထိုအခိုက်အတန့်လေးတွင် စန်းရန်က မျက်လုံးပင့်ကြည့်လာသည့်အတွက်ကြောင့် ငေးကြည့်နေသည့် သူမ၏မျက်ဝန်းများနှင့် ဆုံဆည်းသွားပါလေရော့၏။
စန်းရန်က အံ့သြသွားသည့်ပုံစံမျိုးလုံးဝမရှိပါဘဲ မျက်ခုံးပင့်မြှောက်ပြ၍
"ဘာလဲ"
"အာ?"
စန်းရန် ;
"တကယ်ကြီး ငါ ဆွဲဆောင်တာကို ခံလိုက်ရလို့လား"
"...."
သူ့မတိုင်ခင်ထိ ဝိန်းရိဖန်၏ဘဝတွင် သူ့လိုလူမျိုးအား တစ်ခါမှ မတွေ့ဖူးပါပေ။
သူ့ခန္ဓာကိုယ်ထက်ရှိ မွေးလာကတည်းကပါလာသည့် မာနကြီးမှု ၊ ကိုယ့်ကိုကိုယ်ယုံကြည်မှုရှိလွန်းသည့်အပြင် အရိုးတစ်ချောင်းချင်းစီတိုင်းတွင် အပြည့်ရှိနေသောခက်ထန်ထန်မောက်မာမှုများက တစ်စက်ကလေးမျှ လူကိုအနှောက်အယှက်မဖြစ်စေပါဘဲ သူ၏မွေးရာပါကိုယ်ပိုင်ပုံစံဟူ၍သာ တွေးမြင်စေနိုင်ခဲ့သည်။
သူ့ဖြစ်တည်မှုဟာ ကြယ်များဝန်းရံခံထားရသည့်အလယ်မှ လမင်းတစ်ကြီးတစ်စင်းနှင့် တူလေပြီး...
သူရှိရာအရပ်မျက်နှာတိုင်းတွင် အလင်းရောင်ရှိနေခြင်းမျိုး---
------
ဒုတိယထပ် သီးသန့်နေရာမှဆင်းလာပြီးနောက်တွင် စန်းရန်က အောက်ထပ်ရှိ ဝန်ထမ်းများနားနေခန်းထဲသို့ ဝင်လာခဲ့သည်။
ဆိုဖာပေါ်ထိုင်လိုက်ပြီးနောက် ဖုန်းကိုထုတ်၍ဖွင့်ကြည့်ကာ တစ်ခဏအကြာ၌ တဖန်ပြန်ချထားလိုက်၏။ သူ့ အရက်သောက်နိုင်သည့်အားက မသေး ၊ ထို့အပြင် ယနေ့ည၌လည်း များများစားစားမသောက်လိုက်ပါသည့်တိုင် နားလည်ရခက်လောက်အောင် ခေါင်းတဆစ်ဆစ်ထိုးကိုက်နေတော့သည်။
စန်းရန်က အိတ်ကပ်ထဲမှစီးကရက်ဘူးကိုထုတ်ပြီး ဘူးထဲမှတစ်လိပ်ထုတ်ယူလိုက်ကာ အပေါ်ထပ်မှယူလာခဲ့သည့်မီးခြစ်နှင့် မီးညှိလိုက်၏။အချိန်တော်တော်ကြာကြာ တစ်ယောက်တည်း စီးကရက်ရှိုက်နေပြီးနောက်တွင်တော့ စုဟောက်အန်းပါ ရောက်လာခဲ့သည်။
"မင်း မပြန်သေးဘူးလား..အိပ်ချင်နေပြီဆို"
စုဟောက်အန်းက စန်းရန်ကို အသေအချာကြည့်နေရင်း ဆက်၍
"နတ်ဘုရားမလေးဝိန်းနဲ့ အတူတူပြန်ဖို့ စောင့်နေတာလား"
စန်းရန်က ခြေထောက်နှစ်ဖက်အား စားပွဲခုံပေါ်သို့တင်ထားကာ စုဟောက်အန်းအား အရေးမလုပ်။
စုဟောက်အန်းက စန်းရန်၏ဘေး၌ ဝင်ထိုင်လိုက်ကာ စီးကရက်ဘူးထဲမှတစ်လိပ်ထုတ်လိုက်၏။သူ့ပုံစံမှာလည်း စိတ်ကြည်နေပုံမရ၏။
"အေ့..ငါ-ူး ငါ အေးအေးဆေးဆေးဖြစ်တော့မယ့်အချိန်ကျမှ ဒီနေ့ ဟိုမိန်းကလေးအကြောင်းကို ပြန်ကြားလိုက်တော့ နေလို့ထိုင်လို့မကောင်းတော့ဘူး"
Advertisement
"...."
"လောင်ဇစ် ရည်းစားထားပြီး အသဲတွေလိုက်ခွဲခဲ့တာ ဘယ်နှနှစ်လောက်တောင်ရှိနေပြီလဲ"
စုဟောက်အန်းက စီးကရက်မီးညှိလိုက်ပြီးသည့်တိုင် စီးကရက်သောက်ဖို့ရာပင်မအားဘဲ စကားဆက်ပြောနေ၏။
"ငါ-ူး ဒါ ငါပထမဆုံးဦးထုပ်စိမ်းဆောင်းခံရတာပဲ..မင်း ယုံနိုင်လား ဟမ်..ငါ့ရုပ်က..."
စုဟောက်အန်းက တစ်ခဏရပ်ပစ်လိုက်ပြီး သူ့မျက်နှာသူ လက်ညှိုးထိုးပြ၍
"ဒီလိုရုပ်ရည်မျိုး! ပိုက်ဆံကလည်းချမ်းသာသေးတယ်ကွာ!"
"...."
"အဲ့ဒါကို ဦးထုပ်စိမ်းဆောင်းခံရတာ!"
"မင်းရဲ့ ဒီ IQ နဲ့ "
စန်းရန်က နှာတစ်ချက်မှုတ်လိုက်၍
"အသဲကလိုက်ခွဲချင်သေးတယ်"
"သွားစမ်းကွာ..မင်း လူရောဟုတ်သေးရဲ့လား"
စုဟောက်အန်းက မကျေမနပ်ဖြင့်
"မင်းဆီကနေ ငါ့ကိုနှစ်သိမ့်ပေးတဲ့စကားမျိုးကို တစ်ခါလေးတောင် မကြားဖူးဘူး!"
"ဘာကို နှစ်သိမ့်ပေးရဦးမှာလဲ"
စန်းရန်၏ပုံစံက အနည်းငယ်အိပ်ချင်နေပုံရကာ မျက်လွှာများ အောက်သို့စိုက်ချထားပြီး စကားကိုလည်းနှေးနှေးကွေးကွေးသာဆိုနေ၏။
"ယောက်ျားရင့်မာကြီးတွေက ဒီလိုစကားတွေကိုလျှောက်ပြောနေတတ်လို့လား"
"အဓိကကကွာ..အဲ့ဒီဝမ်လင်လင်က ဟိုတစ်ယောက်ကသူ့အစ်ကိုဝမ်းကွဲပါဆိုပြီး တစ်ချိန်လုံးပြောထားခဲ့တာ..ငါဆိုတဲ့ကောင်ကလည်း ယုံပြီး သုံးလေးကြိမ်တောင်တွေ့ဖူးသေးတယ်..တွေ့တဲ့အချိန်တိုင်းလည်း ကောင်းကောင်းမွန်မွန်နဲ့ အစ်ကိုဝမ်းကွဲလို့ပဲခေါ်ပြနေတာကွာ..နောက်ဆုံးတစ်ခေါက် ငါ သူ့ဆီသွားတဲ့အချိန်တုန်းက အဲ့နှစ်ယောက် သည်းကြီးမည်းကြီးကိုနမ်းနေကြတာ"
"...."
"ငါ တစ်ညလုံးစားထားသမျှတွေတောင် အန်ထုတ်ပစ်ချင်စိတ်ပေါက်တယ်!..ငါ-ိုးပဲ!"
"တော်ပြီကွာ..ငါ-ူး လမ်းတောင်ခွဲပြီးပြီမလား"
စုဟောက်အန်းက မကျေမနပ်ဖြစ်နေဆဲဖြစ်ပြီး
"အဲ့လိုဆိုရင်တောင် ငါ ခဏလေးဖြစ်ဖြစ်ပေါက်ကွဲလို့မရဘူးလား!..မင်း ဒီနေ့ည ဘယ်လိုဖြစ်နေတာတုန်း..မင်းရဲ့ညီအစ်ကိုလိုသူငယ်ချင်း ငါက ဦးထုပ်စိမ်းဆောင်းခံလိုက်ရတာ! လမ်းခွဲလိုက်ပြီ! ရည်းစားမရှိတော့ဘူး! မင်းငါ့ကို အခုထိ စိတ်မရှည်သလိုဆက်ဆံနေတုန်းလား!"
စန်းရန်က ဆက်၍နားမထောင်ချင်တော့သဖြင့် ရုတ်တရက်မတ်တပ်ထရပ်ကာ စီးကရက်မီးအားငြိမ်းသတ်လိုက်၏။
"ငါ သွားပြီ"
စုဟောက်အန်းက ချက်ချင်းဆိုသလို ငြိမ်သက်သွားခဲ့၏။ သူ မည်မျှပင်စကားများပေါက်ကွဲနေပါစေ စန်းရန်၏စိတ်အခြေအနေကိုတော့ သူ ခန့်မှန်းနိုင်ပါသေးသည်။
"မင်း ဘာဖြစ်နေတာလဲ"
"...."
"မင်း ကားမယူလာဘူးလေ..ပြီးတော့ အရက်လည်းသောက်ထားသေးတယ်..ဘယ်လိုပြန်မှာလဲ?"
စုဟောက်အန်းက စန်းရန်အား လှမ်းတားလိုက်၍
"ခဏနေရင် ချန်ဖေး လာလိမ့်မယ်..အဲ့ကျမှ သူ့ကို လိုက်ပို့ခိုင်းလိုက်..မင်း ပြန်သွားပြီးလည်း လုပ်စရာမှမရှိတာ"
သူ ပြောလိုက်သည့်စကားက ကျိုးသင့်ကြောင်းသင့်ရှိသောကြောင့်လား မသိ ၊ စန်းရန်က ဆက်မသွားတော့ဘဲ ဆိုဖာပေါ် ပစ်မှီချလိုက်တော့၏။
စုဟောက်အန်းက သူ့အား စိုက်ကြည့်နေရင်း
"မင်း သောက်တာများသွားလို့လား?"
"...."
"ဒါမှမဟုတ် ရှန့်လန်ကြောင့် စိတ်မကြည်တော့တာလား"
စန်းရန်က ဘာမှပြန်မပြောဘဲ ဆိတ်ဆိတ်ငြိမ်နေလေသည်။
"မင်း ဒီလိုဖြစ်သွားစရာလိုလို့လားကွာ..သူတို့နှစ်ယောက်ကဖြင့် ရင်းနှီးနေတာ ကြာလှပြီ..တကယ်လို့သာ တွဲချင်ကြမယ်ဆိုရင် ငါ-ူး ဟိုးအစောကတည်းက တွဲကြမှာပေါ့..."
ဤအထိစကားဆိုလာရင်း စုဟောက်အန်းက သူပြောနေသည့်စကားများသည် စန်းရန်၏ပုံစံနှင့် အလွန်တရာကိုလိုက်ဖက်ညီနေခြင်းကြောင့် ဆက်၍
"ပြောရရင်..မင်း ဝိန်းရိဖန်ကို သဘောကျနေတုန်းလား?..အစကတော့ မင်း သူ့အပေါ် အဲ့လိုအဓိပ္ပါယ်မျိုးသက်ရောက်နေတုန်းပဲလို့ထင်လိုက်ပြီး မင်းအတွက်အခွင့်အရေးရှာပေးချင်တာနဲ့ မင်းတို့နှစ်ယောက်ကို အိမ်ခန်းမျှနေဖြစ်အောင်လုပ်ပေးလိုက်တာ..ဒါပေမယ့် ဒီနေ့ မင်း သူ့အပေါ် ဆက်ဆံနေတဲ့ပုံစံကိုကြည့်ပြီး ငါ ခန့်မှန်းလိုက်တာတွေမှားနေသလားလို့"
"...."
စုဟောက်အန်းက သူ့လက်မောင်းကိုပုတ်လိုက်၍
"လာ..ငါ့ကို ရင်ဖွင့်စမ်းပါ..မင်းလိုမျိုး ပါးစပ်ကနေ လုံးဝလျှောက်မပြောဘူးလို့ ငါ အာမခံတယ်..လူတစ်ယောက်က ဝမ်းနည်းစရာကောင်းတဲ့စကားပြောနေတဲ့အချိန်မှာလည်း မင်းလိုမျိုး ဟိုနေရာကို ဓါးနဲ့မထိုးဘူး"
"မင်းကို ရင်ဖွင့်ရအောင် ငါက ရူးနေတာမလို့လား"
စန်းရန်က ရယ်လိုက်ရင်း
"မင်းပြောကြည့်စမ်းပါ..မင်း နဲ့ လော်စပီကာနဲ့ ဘာကွာလို့လဲ"
"...."
စုဟောက်အန်း နင့်ခနဲဖြစ်သွားပြီး စန်းရန်နှင့် ငြင်းခုန်တော့မည့်အခိုက်။
"လောင်ဇစ်က အိပ်ချင်နေရုံပဲ"
စန်းရန်က မျက်လွှာကိုအောက်သို့စိုက်ချထားရင်း ခပ်တိုးတိုးအသံဖြင့်သာ စကားဆိုလာခဲ့၏။
"မင်းက တော်တော်လေးကိုဦးနှောက်ဆေးတတ်တဲ့ကောင်"
စုဟောက်အန်း မတ်တပ်ထရပ်၍
"သွားစမ်းပါ..ငါကပဲ ငါ့ခံစားချက်တွေကို ဖြုန်းတီးပစ်နေတယ်လို့မှတ်လိုက်ပြီ"
စုဟောက်အန်းက ကြာကြာငြိမ်ငြိမ်နေတတ်သည့်သူမျိုးမဟုတ်သဖြင့် ထိုင်နေပြီးသိပ်မကြာခင်ပင် အပြင်ထွက်ရန်ပြင်တော့၏။ စန်းရန်၏စကားလုံးများကို နားထောင်လိုက်ရပြီးနောက်တွင်တော့ သူကိုယ်တိုင်က ယနေ့တွင် တော်တော်လေးစကားများလိုက်ပြီမှန်း နားလည်လိုက်ကာ ဘယ်အရာကိုမှမျက်လုံးထဲမထည့်တတ်သည့်အနှီအကြီးဆုံးသခင်လေးက သူ့ကြောင့်ဖြင့် စိတ်ခံစားချက်များရှုပ်ထွေးခံလိုက်ရမည်မှန်းလည်း အမှန်တကယ်ခံစားမိလိုက်သည်။
အနားယူခန်းထဲမှထွက်မသွားခင် စုဟောက်အန်းက ဆိုဖာပေါ်၌လှဲနေသည့် စန်းရန်အား တစ်ချက်လှမ်းကြည့်လိုက်သည်။
ရုတ်တရက်ဆိုသလို စန်းရန်၏လက်ရှိအမူအရာတို့ဟာ ရင်းနှီးနေသယောင်ယောင် ခံစားမိလိုက်ရပြီး သူတို့၏တက္ကသိုလ်ဝင်တန်းစာမေးပွဲအောင်စာရင်းထွက်လာသည့်နေ့အား အမှတ်ရမိလိုက်၏။
စုဟောက်အန်း၏အဆင့်များဟာ အတော်လေးကိုဆိုးချာပြီး အထက်တန်း တတိယနှစ်သို့ရောက်လာခြင်းသည်ပင် အလယ်တန်းကျောင်းအုပ် သူ့ဦးလေးတစ်ဦးရှိနေခြင်းကြောင့်ဖြစ်သည်။ ထိုအချိန်တုန်းက စနစ်မှာ အထက်တန်းစာမေးပွဲဖြေပြီးနောက်တွင် ရနိုင်မည့်အမှတ်များကို ခန့်မှန့်ချေတွက်ပြီး တာဝန်ကျသူများအား ပြောပြပြီးမှသာ အပြင်ထွက်ခွင့်ရခြင်းဖြစ်သည်။
စာမေးပွဲခန်းထဲမှ ထွက်လာပြီး နောက်တစ်စက္ကန့်တွင် စုဟောက်အန်းက ဤတစ်ကြိမ်တွင် သူလုံးဝသွားပြီ ဖြစ်ကြောင်း တန်းသိလိုက်၏။
သို့သော်လည်း အဖေဖြစ်သူက သူ့အား တက္ကသိုလ်ဝင်တန်းစာမေးပွဲသာ အောင်လာပြီး မည်သည့်တက္ကသိုလ်ရောက်သည်ဖြစ်စေ ကွန်ပျူတာအသစ်တစ်လုံး ဝယ်ပေးမည့်အကြောင်း ပြောထားခဲ့ဖူးသည်။ ထို့ကြောင့် စုဟောက်အန်းက စိတ်လှုပ်တရှားဖြင့် စာမေးပွဲပြီးသွားသည့်နေ့၌ပင် သူ့အဖေအား သူသည် ပထမအသုတ်ဖြင့် အောင်မည်ဖြစ်ကြောင်း ၊ နန်းဝူတက္ကသိုလ်ကိုပင် အလွယ်လေးရောက်မည်ဖြစ်ကြောင်း ရုပ်တည်တည်ဖြင့်ပြောဆိုခဲ့သည်။
Advertisement
အဖေဖြစ်သူက သူ့လေလုံးထွားမှုကိုနားထောင်ပြီး နောက်တစ်နေ့၌ စုဟောက်အန်းအား ကွန်ပျူတာအသစ်တစ်လုံး ဝယ်ပေးခဲ့တော့သည်။
အချိန်များ ဖြတ်သန်းကုန်ဆုံးသွားခဲ့ပြီး တက္ကသိုလ်ဝင်တန်းစာမေးပွဲအောင်စာရင်းထွက်သည့်နေ့တွင် စုဟောက်အန်းက တစ်နေ့လုံး အိမ်မပြန်ရဲတော့ဘဲ အင်တာနက်ဆိုင်ထဲသာ နေနေခဲ့သည်။နောက်တွင်တော့ ထုံးစံအတိုင်း စန်းရန်အိမ်သို့ ခြေဦးလှည့်လာခဲ့၏။
အချိန်ကား ည ၈နာရီဝန်းကျင်ရောက်နေပြီဖြစ်ပြီး စန်းရန်နှင့် စန်းရန်၏အဖေ 'စန်းရုံ' တို့မှာ အိမ်ထဲတွင်မရှိကြ ၊ စန်းရန်၏အမေ 'လီဖင်' က အိမ်စာလုပ်နေသည့် စန်းကျီကို စာပြနေရင်း သူ့အား နွေးနွေးထွေးထွေးကြိုဆိုကာ စန်းရန်၏အိပ်ခန်းထဲ၌သာ စောင့်ခိုင်းထားလိုက်၏။ စုဟောက်အန်းက စန်းရန်၏အိမ်သို့ လာနေကျဖြစ်သဖြင့် အားနာစိတ်တို့မဖြစ်ပါဘဲ စန်းရန်၏အိပ်ခန်းထဲသို့သာ တန်းဝင်သွားလိုက်၏။
စန်းရန်အိပ်ခန်းထဲမှ ဂိမ်းစက်ကိုဖွင့်လိုက်ပြီး တစ်ကိုယ်တည်းကစားနေခဲ့ကာ တစ်နေ့လုံး လျှပ်စစ်ဖန်သားပြင်ကိုကြည့်လာခဲ့ကြောင့် အချိန်ကြာကြာကစားသည်နှင့်အမျှ ငိုက်မျည်းလာပြီး စန်းရန်၏အိပ်ရာပေါ် ဝင်လိုက်တော့သည်။
တံခါးအဖွင့်အပိတ်လုပ်သံတစ်ခုကြောင့် နိုးနိုးကြားကြားဖြစ်သွားခဲ့သည့်စုဟောက်အန်းက မျက်လုံးဖွင့်ကြည့်လိုက်လျှင် စန်းရန်အား မြင်လိုက်ရ၏။
တံခါးပိတ်နေသည့် ဆယ်ကျော်သက်ကောင်လေးက အနက်ရောင်ရှပ်အင်္ကျီလက်တိုအား ခဲရောင်ဘောင်းဘီနှင့် တွဲဖက်ဝတ်ဆင်ထားသည်။ခန္ဓာကိုယ်အပေါ်ပိုင်းက မသိသာသော်ငြား ဘောင််းဘီအရောင်က သိသိသာသာကိုနက်မှောင်နေကာ ဆံပင်များကလည်း အနည်းငယ်ရေစိုနေလေသည်။စုဟောက်အန်းက
"အပြင်မှာ မိုးရွာနေတာလား..ငါလာတုန်းကတောင် ရာသီဥတုက အကောင်းကြီးပါ"
စန်းရန် သူ့အား တစ်ချက်လှမ်းကြည့်၍
"မင်း ဘာလို့ရောက်နေတာလဲ"
"အောင်စာရင်းထွက်ပြီလေကွာ..အိမ်မပြန်ရဲတော့ဘူး..ငါ့အဖေက ငါ့ခြေထောက်ကို ရိုက်ချိုးမှာကြောက်တယ်"
"ခံသင့်တဲ့ကောင်..လေကျယ်နေတုန်းကကျတော့ ခြေထောက်ရိုက်ချိုးခံရမှာကို မကြောက်ခဲ့ဘူးလား"
ယနေ့ညတွင် စန်းရန်က သူ့အားခေါ်ထားပေးမည့်ကျေးဇူးရှင်ဖြစ်သည့်အတွက် စုဟောက်အန်းက ပြန်ငြင်းခုန်ခြင်းမလုပ်ဘဲ
"မင်း ဘယ်တွေသွားနေတာလဲ..ငါ မင်းကို ဂိမ်းဆော့ရင်းစောင့်နေတာ အကြာကြီးပဲ.."
ပြောနေရင်း စုဟောက်အန်းက အချိန်တစ်ချက်လှမ်းကြည့်လိုက်၍
"ငါ-ူး..၁၁နာရီတောင် ထိုးနေပြီလား"
"ဘယ်မှမသွားဘူး..ဒီအတိုင်း ပြန်မလာတာ"
စန်းရန်က ရေမချိုးတော့ဘဲ ဂိမ်းစက်အရှေ့ရှိ ကော်ဇောခင်းပေါ်ထိုင်ချလိုက်ကာ စုဟောက်အန်းထံသို့ ဂိမ်းခလုတ်တစ်ခုပစ်ပေးလိုက်၍
"ကစားမှာလား မကစားဘူးလား"
စုဟောက်အန်းက ချက်ချင်းလှမ်းယူပြီး
"ချကွာ"
နှစ်ယောက်သားက အချိန်တစ်ခဏကြာအောင် ကစားနေကြရင်း စုဟောက်အန်းက
"မင်း ဒီလောက်နောက်ကျမှပြန်လာတာ..ဦးလေးနဲ့အန်တီတို့က မဆူဘူးလား"
စန်းရန် ;
"ဖြစ်နိုင်လား?"
စုဟောက်အန်းက ပြောစရာမဲ့သွားရင်း
"အဲ့တော့ မင်းက အခွင့်အရေးအပြည့်အဝယူပြီပေါ့"
သူက ဆက်၍
"မင်း ဘယ်သွားနေခဲ့တာလဲ..နန်းဝူတက္ကသိုလ်ကို ဝင်ခွင့်ရထားတာမလား..ဒီလောက်တောင် မိုက်လဲ..ငါသာ အဲ့အမှတ်ထိရောက်ခဲ့ရင် ငါ့အိမ်မှာ ငါက ကောင်းကင်မင်းကြီးလုပ်နေရုံပဲ"
စန်းရန် ;
"မင်း စကားတအားများတာပဲ"
"အေ့"
စုဟောက်အန်းက စန်းရန်၏အကျင့်နှင့် နေသားကျနေသူဖြစ်ကာ ဆက်၍
"ငါတော့ ဘယ်တက္ကသိုလ်ကိုရောက်မယ်မှန်းမသိသေးဘူး..ခုဏလေးတုန်းကတော့ 'ချန်ချန်' ပို့စ်တင်ထားတာတွေ့တယ်..သူ(မ) A တက္ကသိုလ်ကို ရောက်တယ်တဲ့..ဒါပေမယ့် ငါက A မြို့က တက္ကသိုလ်ကိုမလျှောက်ထားဘူး"
စန်းရန်က စကားတစ်ခွန်းမဆို။
စုဟောက်အန်းက တစိမ့်စိမ့်ဖြင့် ဆက်လက်တွေးနေဆဲ။
အချိန်မည်မျှကြာသွားခဲ့မှန်းမသိ ၊ ရုတ်တရက်ဆိုသလို စုဟောက်အန်းက ဂိမ်းဖန်သားပြင်ထက်ရှိ စန်းရန်ကိုင်ထားသည့်သူရဲကောင်းက မလှုပ်မယှက်ရပ်နေပြီး သူရိုက်သမျှငြိမ်ပြီးခံနေသည်အား တွေ့လိုက်ရ၏။ ဂိမ်းကစားလာသမျှပွဲတိုင်းတွင် စန်းရန်အား တစ်ခါလေးမှ မနိုင်ခဲ့ဖူးသည့်အတွက် စုဟောက်အန်းက ဤအခွင့်အရေးကိုအပြည့်အဝယူကာ အရူးမီးဝိုင်းရိုက်ပါလေတော့၏။
သူရဲကောင်းအား သေသည်အထိ နိုင်အောင်ချပြီးသွားသည့်အချိန်တွင်တော့ စုဟောက်အန်းက စန်းရန်ဘက်သို့လှည့်ကာ ဟန်ပန်အပြည့်ဖြင့်
"မင်းဟာက ကြောင်နေတာလား ဘာလား..ဘာလို့ ဒီလောက်လွယ်....."
စကားဆုံးအောင်မပြောလိုက်ရပါဘဲ စကားလုံးများက လည်ချောင်းဝ၌ ဖြစ်ညှစ်ခံလိုက်ရသလို ပိတ်ဆို့သွားခဲ့တော့၏။အဘယ်ကြောင့်ဆိုသည့် အကြောင်းပြချက်မျိုးမရှိသော်ငြား ထိုအခိုက်အတန့်စာလေးတွင် စုဟောက်အန်း အမှန်တကယ်ကိုစကားပြောမထွက်လာတော့ခြင်းပေ။
သူမြင်လိုက်ရသည့်စန်းရန်က လက်ထဲတွင်ကိုင်ထားသည့် ဂိမ်းခလုတ်အား ငြိမ်သက်တိတ်ဆိတ်၍ကြည့်နေပုံရသော်လည်း သူ့ပုံစံက ထိုအရာကို ငေးကြည့်နေခြင်းမျိုးမဟုတ်။ စိတ်ဝိဥာဥ်က ခန္ဓာကိုယ်ထဲတွင် မရှိတော့သည့်အလား ခန္ဓာကိုယ်ကို ခပ်လျော့လျော့ကိုင်းချထားပြီး ထပ်ကြည့်လိုက်လျှင်လည်း တင်းထားသယောင်ယောင်။
သူ့ပုံစံက မလှုပ်မယှက်နေနေသည့် ပန်းချီပြရုပ်တစ်ခုသဖွယ်...
ထပ်ပြီး နောက်ဆုံးကန့်သတ်ချက်ရောက်အောင်တင်းရင်းနေသော လေးကြိုးတစ်ခု ပြတ်ထွက်တော့မည့်အလား...
စုဟောက်အန်းက သူ့အား အလယ်တန်းကျောင်းသားအရွယ်ကတည်းက ရင်းနှီးခဲ့ခြင်းဖြစ်ရာ ပထမဆုံးစတင်ရင်းနှီးသွားကြသည့်အချိန်မှစ စန်းရန်သည် အမြဲတမ်း မာနကြီးပြီး မထီမဲ့မြင်ပြုတတ်သည့်ပုံစံမျိုးသာ ဖြစ်ခဲ့သည်။သူ့မျက်ဝန်းများဟာ အမြဲတမ်း အမြင့်ဆုံး၌သာ ရှိပြီး မည်သူ့ကိုမှ မည်သည့်အရာကိုမှ ဂရုမစိုက်သည့်ပုံစံဖြင့် နေခဲ့သည့်သူမျိုး။
အမြင့်ဆုံးတွင် နေထိုင်ရာဖို့အတွက် မွေးဖွားလာသလိုမျိုးပင်...
သို့သော် ထိုစက္ကန့်အခိုက်အတန့်လေးတွင်...
စုဟောက်အန်း နားမလည်နိုင်စွာ ခံစားမိလိုက်သည့် ထင်ယောင်ထင်မှားတစ်ခုမှာ...
သူ့ တစ်ကိုယ်လုံးပေါ်လွှမ်းခြုံထားသည့် မာနများဟာ...
ချိုးချေခံထားရသကဲ့သို့နှယ်...
-----
Photo Caption ; From Chapter 14
စန်းရန် ; "မေ့မရနိုင်ခဲ့တဲ့သူက မင်းဖြစ်နေခဲ့လို့?"
ဝိန်းရိဖန် ; "...."
(Zawgyi)
-----
Advertisement
- In Serial14 Chapters
A Blank Tale
I only hope to be with him for this life. For he's the one who fills in the blank in my life. Yet, my mind only draws a blank as to who he is. (NOTE: Story under same author (Fluffypie) on different site with same progress)
8 149 - In Serial75 Chapters
HAPPIER•TIMOTHÉE CHALAMET
HAPPIER (TIMOTHEE CHALAMET) "she's beautiful, she looks kind, she probably gives you butterflies"the rising romance of timothée and victoria, will they survive it without any problems? will they be happy? what happens in their relationship? they change each other's life that's for sure. (timothée chalamet x oc) (real life x social media)(2021)
8 120 - In Serial66 Chapters
Allea
[Part 1 | Completed ✓]Allea's life can be summed up in one word; waste.Looking back all she saw was a girl running behind things, things that never belonged to her. The thought of having another chance never crossed her mind, yet here she was. Staring at the reflection of her sixteen-year-old self, the time when Allea, herself, started it all.//Rebirth///Warning;/Use of profanities./┉[Ruji: Please know that my knowledge lacks, so there might be mistakes, go easy on me. Please no hate/ shit-talking in the comments. Thank you!][ I, Ruji, take no credits of pictures or art of any kind used inside this book, all credits go to the rightful owners.]This work is only published here on wattpad and Inkitt, and all rights are under @itsrujihere.[Disclaimer: This work is only published on watt/pad and In-kitt under profile: itsrujihere. The complete rights of the work: Allea belongs under this profile and Ruji. If you're reading [Allea] on some platform other than watt/pad(Unless I, Ruji, say so) then, I'm pretty sure they are stealing my work (i.e, a site that's name start with novel), please don't support the thief.]
8 158 - In Serial16 Chapters
Empress is now LIVE
A girl in her early 20s stood in front of the camera. She had a healthy bronze tan, an oval face, and a celestial nose. Warm brown eyes, minor makeup made them look cat-like - with the outer corners pointed like a cat’s. Short brown hair, styled in a casual boyish hairstyle. She carefully put on a well-worn but high-quality headset SkyTech - Ghost Seeker Limited Edition. Somewhere on it, there was an inscription, "Stream for us, your fans and friends!", which was beginning to fade in places.
8 89 - In Serial35 Chapters
My Step-Brother's Dirty Secret (BoyxBoy)
Sixteen year-old Chris Devero had no idea the nightmare he was about to enter once he moved into his new home with his mother. He liked his new step dad, Mark, and his step-brother Pablo. However, Chris was terrified of his second step-brother, Royce. Royce was the definition of perfection for Chris but the problem was that Royce hated him and wanted nothing to do with the shy sixteen year-old boy. Chris wanted to hate Royce and his bullying ways, but he just couldn't. Chris knows it's wrong to like his new step-brother, so he tries to hide his feelings with fear that his new family would find him disgusting.Until days and weeks pass by and Chris slowly starts to realize there is something sinister Royce is hiding that only he seems to notice...********************************Warning: There will be, violence, offensive language, sexual encounters, attempted rape, etc., please read with caution. Note: this story has some grammar errors or other mistakes since my butt is too lazy to fix them. Please don't comment the obvious. *Amazing cover photo done by Healer12*
8 101 - In Serial8 Chapters
Get Diddled
In which 3 male best friends get diddled.In no way is this book meant to be taken seriously. It's basically just a shitpost
8 79

