《First Frost (Myanmar Translation)》Chapter 24
Advertisement
ဤအချိန် ဤအခိုက်အတန့်ရှိ စန်းရန်မှာ စန်းကျီ ပြောသမျှစကားအားလုံးကို ရှင်းရှင်းလင်းလင်းကြားလိုက်ရသည့်ပုံစံမျိုးပင်။
စန်းရန်၏ပုံစံမှာ ဖုံးကွယ်ထားလိုသည့်အစီအစဥ် လုံးဝမရှိသည့်အလား သူ့ပစ္စည်းအိတ်များကိုဆွဲပြီး မီးဖိုချောင်ဆီသို့ဦးတည်လျှောက်သွား၏။ ဝိန်းရိဖန်နားမှဖြတ်လျှောက်သွားသည့်အချိန်တွင်တော့ သူမအား တစ်ချက်လှမ်းကြည့်လာပြီး နှုတ်ခမ်ထောင့်စွန်းကိုလှစ်ခနဲကွေးပြကာ အမူအရာကမည်သည့်အရာကိုမှဂရုမစိုက်သည့်ဟန်။
ဆိုလိုချင်သည်က --
--အဲ့တော့ ဘာဖြစ်လဲ?
"...."
ဝိန်းရိဖန်လည်း မီးဖိုချောင်ထဲ တိတ်တိတ်ဆိတ်ဆိတ်လိုက်ဝင်လာခဲ့သည်။
ဘယ်လိုပင်ဖြစ်စေ ဤအဖြစ်အပျက်များမှာ ၇နှစ် ၈နှစ်နီးပါး ကြာသွားခဲ့ပြီမဟုတ်လား။
စန်းရန်၏အကျင့်က သည်လိုမျိုးပင် ၊ လုပ်ခဲ့ဖူးသည့်ကိစ္စများနှင့်ပတ်သတ်ပြီး ပုန်းလျှိုးကွယ်လျှိုးမလုပ်တတ်သည့်အပြင် ၊ တစ်ဖက်လူအား ဤအမှားဟာ သူ့အမှားပါဆိုသည့်ခံစားချက်မျိုးများပေါက်လာအောင်ပင် မျက်နှာပြောင်ပြောင်ဖြင့်လုပ်ပြတတ်သေး၏။
ရေခဲသေတ္တာကိုဖွင့်ပြီး ဒိန်ချဥ်တစ်ဘူးအား ထုတ်ယူလိုက်၏။ စန်းရန် ဝယ်လာသည့်ပစ္စည်းများအား ဖြတ်ခနဲမြင်လိုက်ရပြီး အခြေအနေကြည့်ရသည်မှာ ဟော့ပေါ့ချက်စားတော့မည့်ပုံမျိုးဖြစ်သည်။
ဝိန်းရိဖန်က အကြည့်များလွှဲလိုက်ပြီး မီးဖိုချောင်ထဲမှထွက်လာခဲ့လိုက်သည်။
ခြေအိတ်သာဝတ်ထားသည့် စန်းကျီကို သတိထားမိလိုက်သဖြင့်လည်း ဝိန်းရိဖန်က တံခါးဝနားသို့လျှောက်သွားကာ အိမ်နေရင်းစီးဖိနပ်တစ်ရံအား ဖိနပ်စင်ထဲမှထုတ်ပေးလိုက်၏။
"မမမှာ နောက်တစ်ရံရှိသေးတယ်..စိတ်မရှိဘူးဆိုရင် ညီမလေး ယူစီးလို့ရတယ်နော်"
စန်းကျီက ချက်ချင်းစကားပြန်ဆိုလိုက်၏။
"ကျေးဇူးတင်ပါတယ် မမ"
"ထိုင်လေ..စားချင်တာ ယူစားလို့ရတယ်"
သူမ၏တည်ရှိနေမှုက အခြားသူအတွက် နေရထိုင်ရခက်နေမည်ကိုစိုးရိမ်ပြီး ဝိန်းရိဖန်က ဆက်၍
"ဒီပစ္စည်းတွေအားလုံးကလည်း ညီမလေးအစ်ကိုရဲ့ဟာတွေချည်းပဲ"
ဝိန်းရိဖန် အိပ်ခန်းထဲသို့ ဝင်သွားပြီးနောက်တွင် စန်းကျီက တီဗွီစင်ထက်ရှိဗီဒိုအားဖွင့်ကြည့်ကာ အတွင်းထဲမှ သရေစာများကို စပ်စုနေလိုက်သည်။ အချိန်ကိုက်ဆိုသလို စန်းရန်က မီးဖိုချောင်ထဲမှ ထွက်လာသည့်အချိန်။
"ကိုကို"
စန်းကျီက ဗိုက်ဆာနေသဖြင့် အာလူးကြော်တစ်ထုပ်ကို လှမ်းယူလိုက်ရင်း
"ကိုကို ဘာလို့ အခြားသူနဲ့အိမ်ခန်းမျှနေတာလဲ?..ပြီးတော့လည်း မိန်းကလေးတစ်ယောက်နဲ့နေ,နေတာ..ဖေဖေမေမေတို့ကို ပြောပြပြီးပြီလား..သူတို့ရော သိလား"
စန်းရန်က စန်းကျီလက်ထဲမှ အာလူးကြော်ထုပ်ကို ပြန်လုယူပြီး ဗီဒိုထဲပစ်ထည့်လိုက်၏။
"စည်းကမ်းလေးဘာလေး ရှိစမ်း"
စန်းကျီက တအံ့တသြဖြင့်
"ဒါတွေက ကိုကိုဝယ်ထားတာမဟုတ်ဘူးလား"
"သိရဲ့သားနဲ့ လာထိရဲသေးတယ်?"
စန်းရန်က အေးအေးလူလူဖြင့်
"ငါ မင်းအတွက်ဝယ်ပေးထားတယ်လို့များထင်နေလား"
"...."
စန်းရန် ကတ်စီးကုတ်သည့်အကြောင်းအား စန်းကျီမငြင်းချင်တော့လို ၊ ထို့အပြင် အာလူးကြော်ထုပ်အား သည်းကြီးမည်းကြီးလိုချင်သည်လည်း မဟုတ်သဖြင့် လက်လျော့လိုက်ဖို့သာ ဆုံးဖြတ်လိုက်၏။
"ဒါဆို ကိုကို မြန်မြန်ချက်လေ..စားပြီးသွားရင် အိမ်စာပြန်ရေးရဦးမှာ"
"နာရီဝက်လောက် လိုသေးတယ်..အရင်ဆုံး ရေးနှင့်လေ..ကိုယ့်ဘာသာကိုယ် အချိန်ကိုစီမံတတ်စမ်းပါ"
စန်းရန်က ထမင်းစား စားပွဲဆီသို့ မေးငေါ့ပြ၍
"အဲ့မှာထိုင်နေ..မထိုင်ချင်ရင် ငါ့ အခန်းထဲမှာ သွားရေးလည်းရတယ်"
စန်းကျီက လွယ်အိတ်ကိုပိုက်ပြီး ထမင်းစား စားပွဲဆီသို့လျှောက်လာကာ ထပ်၍မေးခွန်းထုတ်လိုက်သည်။
"အဲ့ဒီတော့ ကိုကိုက ဘာလို့ အိမ်ခန်းမျှနေနေတာလဲ"
စန်းရန် ;
"ငါ လုပ်သမျှကိစ္စတိုင်းကို မင်းလိုကလေးပေါက်စကို လိုက်ပြီးတင်ပြနေရဦးမှာလား"
"အို့"
စန်းကျီက အိပ်ခန်းကြီးရှိရာဘက်သို့ တစ်ချက်လှမ်းကြည့်လိုက်ပြီး သဘောပေါက်သွားသည့်ပုံစံဖြင့်
"ကိုကို ဟိုမမကိုသဘောကျနေတာမလား"
"...."
"ထားလိုက်ပါတော့ ကိုကိုရာ..ညီမလေးက ကိုကို့ဘက်မှာ မနေပေးချင်လို့မဟုတ်ဘူးနော်..."
ဝိန်းရိဖန်၏ပုံစံလေးကို မြင်ယောင်ကြည့်ရင်း စန်းကျီက သက်ပြင်းချ၍
"ဒါပေမယ့်လေ ညီမလေးတို့က ကိုယ့်အခြေအနေကိုယ် နားလည်ရမယ်ကွာ..သိလား"
"...."
စန်းရန်က ဒေါသထွက်ထွက်ဖြင့်ရယ်လိုက်ပြီး
"ကိုယ့်အခြေအနေကိုယ်နားလည်ရမယ်?"
"ဟုတ်တယ်လေ"
"ရှောင်ကွေ..မင်း စဥ်းစဥ်းစားစားလေးလည်း ပြောစမ်းပါ"
စန်းရန်က အရင်တစ်ခေါက်က ဗီဒိုထဲထည့်ထားသည့် ဟော့ပေါ့ ပါဝင်ပစ္စည်းများကိုထုတ်ယူလာရင်း
"တခြားသူတွေ ငါ့ကို လာကြိုက်တဲ့အချိန်မျိုးမှာမှ ဒီစကားလုံးကို သူတို့ဘက်က တွေးကြည့်နေရမှာ..နားလည်လား"
"...."
စန်းရန်က အတော်လေးကိုအရှက်မရှိကြောင်း စန်းကျီခံစားမိလိုက်ကာ သူနှင့်စကားများများပြောပြီး အချိန်မဖြုန်းချင်တော့၏။
ထမင်းစား စားပွဲ၌နေရာယူလိုက်ပြီးနောက် လွယ်အိတ်ထဲမှ စာအုပ်တစ်ချို့ကိုထုတ်ကာ အိမ်စာများအား အာရုံစိုက်ရေးနေလိုက်သည်။
နာရီဝက်ကြာသွားပြီးနောက်။
စန်းရန်က ဟော့ပေါ့အိုးအား မီးဖိုပေါ်မှ အချိန်ကိုက် ချလာရင်း
"ပြင်ထားတဲ့ပန်းကန်ပြားတွေ သွားယူလာခဲ့"
စန်းကျီ ; "အို့"
စူပါမားကတ်မှဝယ်လာသည့် ဟင်းသီးဟင်းရွက်သားငါးများက စနစ်တကျလှီးဖြတ်ထားပြီး ရေစင်စင်ဆေးကာ ပန်းကန်ပြားချပ်များပေါ်တွင် တင်ထားသည်။ စန်းကျီက တစ်ခါသယ်လျှင် နှစ်ချပ်သုံးချပ်မျှသာနိုင်ပြီး သုံးလေးကြိမ်ခန့်သွားသွားလာလာလုပ်ပြီးချိန်တွင်တော့ ပန်းကန်များအားလုံး ပြင်ဆင်ပြီးသွားခဲ့၏။
ထမင်းစားစားပွဲ၌ နေရာပြန်ယူလိုက်ပြီးနောက် စန်းကျီက ထိုင်လိုက်လိုက်ချင်းပင် ရုတ်တရက်ဆိုသလိုသတိရသွားခဲ့၏။
"ကိုကို..ဟိုမမကို အတူတူစားဖို့ မခေါ်ဘူးလား"
စန်းရန်က စကားပြန်မပြောဘဲ ရေခဲသေတ္တာထဲမှ ဘီယာဘူးအား ထုတ်နေ၏။
"ကိုကို တကယ်ကြီး သွားမခေါ်ဘူးလား..နှစ်သစ်ကူးအချိန်ကိုတောင်မှလေ.."
စန်းကျီက သူမအစ်ကို၏လူသားမဆန်ပုံအကြောင်းကို မယုံနိုင်စွာတွေးကြည့်နေရင်း
"ကိုကိုတို့နှစ်ယောက်က တစ်အိမ်တည်းမှာမျှနေနေပြီဆိုမှတော့ အချင်းချင်း ဆက်ဆံရေးသင့်မြတ်အောင် နေသင့်တာပေါ့"
စန်းရန်က သူမအား လှမ်းကြည့်လိုက်ပြီး
"မင်းအပူပါလို့လား"
စန်းကျီက မကျေမနပ်ဖြင့်
"သူများကဖြင့် ညီမလေးကို တကူးတကဖိနပ်လည်းထုတ်ပေးတယ်..စားချင်တာလည်း စိတ်ကြိုက်ယူစားခိုင်းသေးတယ်..တွေ့လား..သူများက ညီမလေးအပေါ် အရမ်းကောင်းပေးတာ..အဲ့ဒီတော့ ကိုကို့ဘက်ကနေလည်း သူများကို ထမင်းအတူလာစားဖို့ သွားခေါ်သင့်တယ်မဟုတ်ဘူးလား"
"မင်းအပေါ်ကို ကောင်းတာလေ"
စန်းရန်က ရယ်လိုက်ရင်း
Advertisement
"ငါနဲ့ ဘာဆိုင်လို့လဲ"
စန်းကျီ ; "...."
စန်းရန်က အာရုံစိုက်ရမည်ကိုပင် ပျင်းရိလွန်းသည့်အမူအရာတို့ဖြင့်
"ခေါ်ချင်ရင် ကိုယ့်ဘာသာကိုယ်သွားခေါ်"
စန်းကျီက သူ့အား စူးစိုက်ကြည့်နေပြီး ဤကိစ္စက သူမ၏အိမ်ခန်းဖော်လည်း ဟုတ်မနေသည့်အတွက် ဝင်မပါတော့ရန်သာဆုံးဖြတ်လိုက်၏။ ထို့နောက် တူကို ကောက်ယူကာ ဟင်းရွက်များ အိုးထဲသို့ထည့်ပြီး မွှေလိုက်၏။
သိပ်ပင်မကြာလိုက်သည့်အချိန်တွင်း စန်းရန်က ရုတ်တရက် စကားဆိုလာ၏။
"မင်းဆိုတဲ့လူက တအားသိတတ်တာဆို"
စန်းကျီ ; "?"
သို့သော် စန်းရန်က ထိုစကားကိုဆက်မပြော။
နောက်တွင်တော့ စန်းကျီက ချက်ချင်းဆိုသလို စန်းရန်၏ ရွဲ့စောင်းပြောနေသည့်စကားများကို ကြားလိုက်ရတော့၏။ သူမသည် အခြားသူမှ သူမအပေါ်ကောင်းကောင်းမွန်မွန်ဆက်ဆံပေးသည်ကို စကားအဖြစ်ပြောရုံသာပြောတတ်ခြင်း ၊ သူ့ဆီအကူအညီလာတောင်းရုံကလွဲ ဘာမှမလုပ်တတ်ခြင်း ၊ ပါးစပ်လှုပ်ရုံသာလှုပ်တတ်ပြီး ကိုယ်တိုင်ကိုယ်ကျဘာမှမလုပ်နိုင်ကြောင်း ရွဲ့စောင်းနေခြင်းပေ။
"...."
စန်းရန်က ပျင်းတိပျင်းရွဲပုံစံဖြင့် တူကို ကောက်ကိုင်ပြီး မျက်နှာက မည်သည့်အရာကိုမှ ဂရုစိုက်သည့်မျက်နှာပေးမျိုးဖြစ်ကာ ကြည့်လိုက်ရုံဖြင့် ထရိုက်ချင်စရာကောင်းလွန်းလေသည်။
စန်းကျီက သည်းညည်းမခံနိုင်သည့်အဆုံးတွင် မတ်တပ်ထရပ်လိုက်ပြီး အိပ်ခန်းကြီးဆီသို့ ဦးတည်လျှောက်လာလိုက်တော့သည်။
----
အခြားတစ်ဖက်တွင်။
ဝိန်းရိဖန်က နောက်ဆုံးအသစ်ထွက်ထားသည့်အပိုင်းတစ်ပိုင်းကို ကြည့်ပြီးပြီးချင်းဖြစ်ကာ ကွန်ပျူတာမျက်နှာပြင်၏ ညာဘက်အောက်ထောင့်နားရှိ အချိန်နာရီအား တစ်ချက်လှမ်းကြည့်ပြီးနောက် ရေချိုးပြီးအိပ်ရာဝင်ရန်တွေးလိုက်သည့်အခိုက်တွက် အိပ်ခန်းတံခါးခေါက်သံမြည်လာခဲ့သည်။
မတ်တပ်ထရပ်ပြီး တံခါးဖွင့်ကြည့်လိုက်၏။
အပြင်ဘက်တွင်ရပ်နေသည့်သူမှာ စန်းကျီ။
မိန်းမငယ်လေးက သူမထက် အနည်းငယ်အရပ်နိမ့်ပြီး ပြုံးပြလိုက်သည့်အခါမျိုးတွင် ပါးချွိုင့်လေးနှစ်ခုက သိသိသာသာထင်းထွက်လာခဲ့၍
"မမ..ညီမလေးတို့နဲ့ အတူတူလာစားလေ..ညီမလေးကြည့်နေတာ မမလည်း ညစာမစားရသေးဘူးမလား"
"တော်ပါပြီ"
ဝိန်းရိဖန်က ပြုံးပြရင်း
"ညီမလေးတို့ပဲ ပျော်ပျော်ရွှင်ရွှင်လေး စားပါနော်"
ဝိန်းရိဖန်က သူမတို့အပေါ်အားနာနေသည်ဟု စန်းကျီထင်လိုက်မိရင်း စကားကို တုံးတိသာဆိုလိုက်တော့၏။
"မမ..မမက သေချာမသိလို့.."
"အမ်?"
"ညီမလေးနဲ့ ကိုကိုနဲ့ နှစ်ယောက်တည်းစားနေရတာလေ..ပျော်ပျော်ရွှင်ရွှင်စားနေနိုင်တာမျိုး ဖြစ်နိုင်ပါ့မလား"
"...."
နောက်ဆုံးတွင် ထူးထူးဆန်းဆန်းကိုတက်ကြွနေသည့်စန်းကျီ၏ ဆွဲခေါ်ရာနောက်သို့ ဝိန်းရိဖန် ပါသွားခဲ့လေတော့သည်။
ထောင့်မှန်စတုဂံပုံသဏ္ဍာန်ထမင်းစားပွဲအဖြူရောင်၏တစ်ဖက်တွင် ဝိန်းရိဖန်နှင့်စန်းကျီထိုင်နေပြီး စန်းရန်က မျက်နှာချင်းဆိုင်တစ်ဖက်တွင်ဖြစ်သည်။ ထိုသူက သူမတို့နှစ်ဦးရောက်လာသည့်အချိန်ကတည်းက မျက်လုံးတစ်ချက်ပင့်ကြည့်ရုံသာကြည့်ပြီး စကားတစ်ခွန်းမဆိုသေး။
ဝိန်းရိဖန်၏ အရှည်မြန်သည့်ဆံပင်တို့က ဤအချိန်ကာလများအတွင်း ပုံစံပြောင်းညှပ်ထားခြင်းလည်းမရှိသောကြောင့် လက်ရှိအချိန်တွင် ရင်ဘတ်နားထိ ရှည်နေပြီဖြစ်သည်။ခေါင်းစည်းကြိုးဖြင့် သေသေသပ်သပ်စည်းထားခြင်းကြောင့် ကြည်လင်နေသည့်နဖူးပြင်ကလှစ်ဟနေကာ မျက်နှာတစ်ခုလုံး ပြောင်သလင်းခါနေသော်ငြား လှပနေဆဲပင်။
မြေခွေးမျက်လုံးလေးများက ကြည်တောက်နေပြီး အသားအရည်က ကြွေထည်နီးနီးပျေပျစ်ဖြူဖွေးနေကာ နှုတ်ခမ်းပါးတို့က စွေးစွေးနီလျက်။
စန်းကျီတစ်ယောက် မနေနိုင်မထိုင်နိုင် ခဏခဏခိုးကြည့်နေပါတော့၏။
စန်းကျီ၏အမူအရာကိုကြည့်ရုံဖြင့် ဤစားပွဲဝိုင်းသို့ဖိတ်ခေါ်လာသည့်ဆန္ဒထဲတွင် စန်းရန်၏သဘောတူညီပါမှုမပါကို မသိနိုင်သောကြောင့် ဝိန်းရိဖန်က သူမ၏တည်ရှိနေမှုအား အတတ်နိုင်ဆုံးကွယ်ဖျောက်ထားကာ ပူနွေးနေသည့်ဖက်ထုပ်လုံးများကိုသာ ငြိမ်ပြီးစားနေလေသည်။
တခြားတစ်ဖက်တွင်မူ စန်းကျီက သူမအား အဆက်မပြတ်ကိုအမေးအမြန်းပြုနေပြီး ဟိုဟာစားကြည့် ဒီဟာစားကြည့်နှင့် အလုပ်ရှုပ်နေခဲ့သည်။
အချိန်မိနစ်ပိုင်းမျှ ကြာပြီးသွားနောက်တွင် စန်းကျီက
"မမ..မမနာမည်က ဘယ်လိုခေါ်တာလဲ"
"ဝိန်းရိဖန်"
ဝိန်းရိဖန်က ပြုံးပြနေရင်း
" 'အရင်က'ဆိုတဲ့ 'ရိ' ၊ 'သာမန်ပုံမှန်'ဆိုတဲ့ 'ဖန်' "
"အို့..ဒါဆို ရိဖန်ကျဲ လို့ခေါ်မယ်နော်"
စန်းကျီ၏ပုံစံလေးက တမူထူးခြားစွာကြည့်ကောင်းသည့်အပြင် ဝိန်းရိဖန်နှင့်ပတ်သတ်၍လည်း သဘောတကျရှိလှသည့်အတွက် ခင်မင်ရင်းနှီးဖို့ရာစိတ်အားထက်သန်နေပြီး
"ညီမလေးနာမည်က စန်းကျီ..ငယ်ရွယ်တယ်ဆိုတဲ့ 'ကျီ'..မမက ညီမလေးကို ကျီကျီလို့ခေါ်ရင်ရပြီ..အဲ့ဒါက အိမ်နာမည်"
"အင်း..ညီမလေးရဲ့အိမ်နာမည်က အရမ်းချစ်စရာကောင်းတာပဲ"
ထိုစကားကိုကြားလိုက်ရသည့် စန်းရန်က ရုတ်တရက်အသံခပ်တိုးတိုးဖြင့် ထရယ်လေတော့၏။
စန်းကျီက အလိုမကျသည့်ပုံစံဖြင့်ချက်ချင်းလှမ်းကြည့်လိုက်၍
"သူများက ညီမလေးအိမ်နာမည်ကိုချစ်စရာကောင်းတယ်လို့ ပြောတာဘာဖြစ်လဲ"
စန်းရန်က မျက်လုံးပင့်ကြည့်လာပြီး နှုတ်ခမ်းကိုကွေးထားဆဲဖြစ်သော်ငြား တစ်ဖက်လူကိုတော့ အရေးမလုပ်။
"...."
ဝိန်းရိဖန်လည်း နှုတ်ခမ်းကိုတင်းတင်းစေ့ထားမိကာ မဆီမဆိုင် စန်းရန်က သူမအား လှောင်ရယ်နေသည်ဟုပင် ထင်လိုက်မိတော့သည်။
အဘယ်ကြောင့်ဆိုသော် သူမ၏အိမ်နာမည်အား စန်းရန် ပထမဆုံးသိလိုက်ရသည့်အချိန်တွင် ယခုလိုမျိုးထက်ဆိုးအောင် အော်ရယ်နေခဲ့ခြင်းကြောင့်ပင် ၊ နောက်တွင် သည်လိုစကားတစ်ခွန်း ပြောလာပါသေးသည် -- ' မင်းရဲ့ ဒီအိမ်နာမည်က ဘယ်လိုဖြစ်လို့ အိမ်အကူကောင်မလေးနာမည်နဲ့တူနေရတာလဲ?'
စန်းရန်၏ရယ်သံအား ဝိန်းရိဖန်က မကြားချင်ယောင်ဆောင်လိုက်ရင်း စန်းကျီပြောခဲ့သည့်စကားအတိုင်းဆက်ပြောလိုက်၏။
"ချစ်စရာကောင်းတာပါနော်"
စန်းကျီက မျက်တောင်များပုတ်ခတ်ပုတ်ခတ်လုပ်နေရင်း ယခုလို မတူညီစွာဆက်ဆံပေးခံရမှုကြီးအောက်တွင် စန်းရန်အား မမြင်ရသည့်လေထုအဖြစ် သဘောထားလိုက်လေတော့သည်။
မိန်းကလေးနှစ်ဦးက စကားစမြည်ပြောနေကျရင်း
"ဒါနဲ့လေ..ကျီကျီ..ညီမလေး ဒီနေ့ဘယ်လိုဖြစ်လို့ အိမ်လိုက်လာဖြစ်သွားခဲ့တာလဲ"
ဝိန်းရိဖန်က ကသိကအောက်နိုင်နေသည့်အခြေအနေကြောင့် ကြံကြံဖန်ဖန်စကားရှာပြောနေခြင်းဖြစ်သည်။
"ဒီနေ့မှ နှစ်သစ်ကူးပြီးသုံးရက်မြောက်နေ့ပဲ ရှိသေးတာမလား..ဘာလို့ အိမ်မှာမနေတာတုန်း"
"ညီမလေးရဲ့ဖေဖေ၊မေမေတို့က ဆွေမျိုးတွေဆီသွားလည်နေတာ..လိုက်မသွားချင်လို့..ပြီးတော့ ညီမလေးက တက္ကသိုလ်ဝင်တန်းစာမေးပွဲကို ဖြေရတော့မှာလေ"
စကားပြောနေရင်း စန်းကျီ၏အသံလေး သေးငယ်သွားခဲ့၍
"အချိန်ရရင် ရသလို စာလုပ်ချင်လို့..စာမေးပွဲကိုမဖြေနိုင်မှာလည်း ကြောက်တယ်"
"အထက်တန်း တတိယနှစ်တောင် ရောက်နေပြီလား..တက်ချင်တဲ့ တက္ကသိုလ်တွေဘာတွေရော စဥ်းစားထားသေးလား"
စန်းကျီက တိတ်ဆိတ်ငြိမ်ကျသွားခဲ့တော့၏။
အစကတည်းက စကားအဖြစ်ပြောနေခြင်းသာဖြစ်သည့်အတွက် ဝိန်းရိဖန်သည်လည်း အတင်းလိုက်မေးနေခြင်းမျိုးမရှိ။
သို့သော် သိပ်မကြာလိုက်ခင်ပင် စန်းကျီက အသားတစ်တုံးကိုဝါးရင်း ဝိုးတိုးဝါးတားဆိုလာခဲ့၏။
Advertisement
"သေသေချာချာ မစဥ်းစားရသေးဘူး..နန်းဝူတက္ကသိုလ်နဲ့ ယီဟဲတက္ကသိုလ် နှစ်ခုကြားမှာ ဘယ်ဟာရွေးရမလဲ ဗျာများနေတာ"
ဝိန်းရိဖန်က ကြောင်အမ်းသွား၍
"တက္ကသိုလ်နှစ်ခုလုံးကိုအမှတ်တွေမှီအောင် စာမေးပွဲဖြေနိုင်မှာလား"
စန်းကျီ ;
"ခက်တာမျိုးတွေ မပါလာရင်ပေါ့"
ဝိန်းရိဖန်၏အမှတ်များသည် ထိုအချိန်များတုန်းကအတော်လေးကို မငြိမ်မသက်ဖြစ်ခဲ့ရသောကြောင့် စာမေးပွဲကြီးမတိုင်ခင် သူမ၏အခြေအနေဖြင့် ဤတက္ကသိုလ်ကြီးနှစ်ခုရောက်အောင် ဖြေနိုင်မဖြေနိုင်ပင် မသေချာခဲ့ပေ။ ထို့ကြောင့် ယခုအချိန်တွင် စာကြမ်းပိုးကျောင်းသားတစ်ယောက်ကို တွေ့လိုက်ရသည့်အလား ခံစားမိလိုက်ကာ
"ဒါဆို ညီမလေးရဲ့အမှတ်တွေ အရမ်းကောင်းမှာပါ"
စန်းကျီ ;
"သေချာမလုပ်နိုင်ခဲ့မှာကို စိုးရိမ်မိတာ"
"ကိုယ့်ကိုကိုယ် ဖိအားတွေအများကြီးမပေးပါနဲ့"
"ဟုတ်"
"ဒီတက္ကသိုလ်နှစ်ခုလုံးက တော်တော်လေးလည်းကောင်းတယ်..ညီမလေးက ဘယ်တစ်ခုကိုပိုသဘောကျလဲဆိုတာရယ် ဒါမှမဟုတ် ရွေးထားတဲ့မေဂျာက ဘယ်တက္ကသိုလ်မှာ ပိုပြီးအဆင့်သာတယ်ဆိုတာကိုပဲ ကြည့်ရွေးရင်ရပြီ"
ဝိန်းရိဖန်က ဆက်၍
"နောက်တစ်ခုက ယီဟဲ နဲ့ နန်းဝူက တော်တော်လေးတော့ဝေးတယ်..ရာသီဥတုကလည်း ဒီဘက်နဲ့လုံးဝမတူဘူး..မမတုန်းကတောင် အချိန်တော်တော်ကြာမှနေသားကျခဲ့တာ..ညီမလေးစဥ်းစားတဲ့အချိန်ကျရင် ဒီအချက်လေးတွေရောထည့်စဥ်းစားဖို့လိုလောက်မယ်"
စန်းကျီက ဆန်ကောက်နေသည့်ကြက်ပေါက်လေးအလား ခေါင်းတငြိမ့်ငြိမ့်လုပ်နေပြီးမှ
"ရိဖန်ကျဲ..မမက ယီဟဲတက္ကသိုလ်ကနေ ဘွဲ့ရတာလား"
ဝိန်းရိဖန် ;
"ဟုတ်တယ်"
စန်းကျီ ;
"မမက ဘယ်မေဂျာယူခဲ့တာလဲ"
ဝိန်းရိဖန် ;
"သတင်းကွန်ရက်နဲ့ဆက်သွယ်ရေးမေဂျာ"
"အာ..ညီမလေးရဲ့သူငယ်ချင်းတွေထဲမှာ ဒီမေဂျာကိုယူချင်တဲ့သူတစ်ယောက်ရှိတယ်..ညီမလေး သူ့ဆီကနေကြားဖူးတာတော့ နန်းဝူတက္ကသိုလ်ရဲ့ဆက်သွယ်ရေးမေဂျာက ယီဟဲတက္ကသိုလ်ထက် ပိုနာမည်ကြီးတယ်ဆို"
ဝိန်းရိဖန် တုံ့ခနဲရပ်သွားတော့၏။
စန်းကျီ ;
"ရိဖန်ကျဲ..မမက ဘာလို့ ယီဟဲတက္ကသိုလ်ကို ရွေးလိုက်တာလဲ"
ဝိန်းရိဖန်ကိုယ်တိုင် မည်သည့်တုန့်ပြန်ချက်တစ်ခုကိုမှ မပြုလုပ်လိုက်ရခင် စန်းရန်က ရုတ်တရက်ဆိုသလို ဘီယာဘူးအား စားပွဲပေါ်သို့ အားပြင်းပြင်းဆောင့်ချလိုက်ရာ အသံကျယ်ကြီးတစ်ချက် မြည်သွားခဲ့တော့သည်။
ထိုလှုပ်ရှားမှုကြီးကြောင့် မိန်းကလေးနှစ်ယောက် တစ်ပြိုင်တည်းလှမ်းကြည့်မိလိုက်၏။
"ဘာကြည့်နေတာလဲ"
သူတို့နှစ်ဦး၏အကြည့်များက သူ့အပေါ်ရောက်နေမှန်းသိလိုက်သည့်အခါ စန်းရန်က ထိုင်ခုံနောက်သို့ မှီချလိုက်ရင်း မတိုးမကျယ်လေသံဖြင့်
"ဆက်ပြောလေ"
"...."
စန်းရန်၏မျက်ဝန်းများက မည်းနက်မှောင်မိုက်နေကာ အပြုံးတစ်ခုက မလျော့တလျော့ပုံစံမျိုးဖြင့်ရှိနေပြီး
"အကြောင်းပြချက်ကဘာလဲဆိုတာကို ကိုယ်လည်း နားထောင်ချင်လို့.."
(Zawgyi)
ဤအခ်ိန္ ဤအခိုက္အတန့္ရွိ စန္းရန္မွာ စန္းက်ီ ေျပာသမွ်စကားအားလုံးကို ရွင္းရွင္းလင္းလင္းၾကားလိုက္ရသည့္ပုံစံမ်ိဳးပင္။
စန္းရန္၏ပုံစံမွာ ဖုံးကြယ္ထားလိုသည့္အစီအစဥ္ လုံးဝမရွိသည့္အလား သူ႕ပစၥည္းအိတ္မ်ားကိုဆြဲၿပီး မီးဖိုေခ်ာင္ဆီသို႔ဦးတည္ေလွ်ာက္သြား၏။ ဝိန္းရိဖန္နားမွျဖတ္ေလွ်ာက္သြားသည့္အခ်ိန္တြင္ေတာ့ သူမအား တစ္ခ်က္လွမ္းၾကည့္လာၿပီး ႏႈတ္ခမ္ေထာင့္စြန္းကိုလွစ္ခနဲေကြးျပကာ အမူအရာကမည္သည့္အရာကိုမွဂ႐ုမစိုက္သည့္ဟန္။
ဆိုလိုခ်င္သည္က --
--အဲ့ေတာ့ ဘာျဖစ္လဲ?
"...."
ဝိန္းရိဖန္လည္း မီးဖိုေခ်ာင္ထဲ တိတ္တိတ္ဆိတ္ဆိတ္လိုက္ဝင္လာခဲ့သည္။
ဘယ္လိုပင္ျဖစ္ေစ ဤအျဖစ္အပ်က္မ်ားမွာ ၇နှစ် ၈ႏွစ္နီးပါး ၾကာသြားခဲ့ၿပီမဟုတ္လား။
စန္းရန္၏အက်င့္က သည္လိုမ်ိဳးပင္ ၊ လုပ္ခဲ့ဖူးသည့္ကိစၥမ်ားႏွင့္ပတ္သတ္ၿပီး ပုန္းလွ်ိုးကြယ္လွ်ိုးမလုပ္တတ္သည့္အျပင္ ၊ တစ္ဖက္လူအား ဤအမွားဟာ သူ႕အမွားပါဆိုသည့္ခံစားခ်က္မ်ိဳးမ်ားေပါက္လာေအာင္ပင္ မ်က္ႏွာေျပာင္ေျပာင္ျဖင့္လုပ္ျပတတ္ေသး၏။
ေရခဲေသတၱာကိုဖြင့္ၿပီး ဒိန္ခ်ဥ္တစ္ဘူးအား ထုတ္ယူလိုက္၏။ စန္းရန္ ဝယ္လာသည့္ပစၥည္းမ်ားအား ျဖတ္ခနဲျမင္လိုက္ရၿပီး အေျခအေနၾကည့္ရသည္မွာ ေဟာ့ေပါ့ခ်က္စားေတာ့မည့္ပုံမ်ိဳးျဖစ္သည္။
ဝိန္းရိဖန္က အၾကည့္မ်ားလႊဲလိုက္ၿပီး မီးဖိုေခ်ာင္ထဲမွထြက္လာခဲ့လိုက္သည္။
ေျခအိတ္သာဝတ္ထားသည့္ စန္းက်ီကို သတိထားမိလိုက္သျဖင့္လည္း ဝိန္းရိဖန္က တံခါးဝနားသို႔ေလွ်ာက္သြားကာ အိမ္ေနရင္းစီးဖိနပ္တစ္ရံအား ဖိနပ္စင္ထဲမွထုတ္ေပးလိုက္၏။
"မမမွာ ေနာက္တစ္ရံရွိေသးတယ္..စိတ္မရွိဘူးဆိုရင္ ညီမေလး ယူစီးလို႔ရတယ္ေနာ္"
စန္းက်ီက ခ်က္ခ်င္းစကားျပန္ဆိုလိုက္၏။
"ေက်းဇူးတင္ပါတယ္ မမ"
"ထိုင္ေလ..စားခ်င္တာ ယူစားလို႔ရတယ္"
သူမ၏တည္ရွိေနမႈက အျခားသူအတြက္ ေနရထိုင္ရခက္ေနမည္ကိုစိုးရိမ္ၿပီး ဝိန္းရိဖန္က ဆက္၍
"ဒီပစၥည္းေတြအားလုံးကလည္း ညီမေလးအစ္ကိုရဲ႕ဟာေတြခ်ည္းပဲ"
ဝိန္းရိဖန္ အိပ္ခန္းထဲသို႔ ဝင္သြားၿပီးေနာက္တြင္ စန္းက်ီက တီဗြီစင္ထက္ရွိဗီဒိုအားဖြင့္ၾကည့္ကာ အတြင္းထဲမွ သေရစာမ်ားကို စပ္စုေနလိုက္သည္။ အခ်ိန္ကိုက္ဆိုသလို စန္းရန္က မီးဖိုေခ်ာင္ထဲမွ ထြက္လာသည့္အခ်ိန္။
"ကိုကို"
စန္းက်ီက ဗိုက္ဆာေနသျဖင့္ အာလူးေၾကာ္တစ္ထုပ္ကို လွမ္းယူလိုက္ရင္း
"ကိုကို ဘာလို႔ အျခားသူနဲ႕အိမ္ခန္းမွ်ေနတာလဲ?..ၿပီးေတာ့လည္း မိန္းကေလးတစ္ေယာက္နဲ႕ေန,ေနတာ..ေဖေဖေမေမတို႔ကို ေျပာျပၿပီးၿပီလား..သူတို႔ေရာ သိလား"
စန္းရန္က စန္းက်ီလက္ထဲမွ အာလူးေၾကာ္ထုပ္ကို ျပန္လုယူၿပီး ဗီဒိုထဲပစ္ထည့္လိုက္၏။
"စည္းကမ္းေလးဘာေလး ရွိစမ္း"
စန္းက်ီက တအံ့တၾသျဖင့္
"ဒါေတြက ကိုကိုဝယ္ထားတာမဟုတ္ဘူးလား"
"သိရဲ႕သားနဲ႕ လာထိရဲေသးတယ္?"
စန္းရန္က ေအးေအးလူလူျဖင့္
"ငါ မင္းအတြက္ဝယ္ေပးထားတယ္လို႔မ်ားထင္ေနလား"
"...."
စန္းရန္ ကတ္စီးကုတ္သည့္အေၾကာင္းအား စန္းက်ီမျငင္းခ်င္ေတာ့လို ၊ ထို႔အျပင္ အာလူးေၾကာ္ထုပ္အား သည္းႀကီးမည္းႀကီးလိုခ်င္သည္လည္း မဟုတ္သျဖင့္ လက္ေလ်ာ့လိုက္ဖို႔သာ ဆုံးျဖတ္လိုက္၏။
"ဒါဆို ကိုကို ျမန္ျမန္ခ်က္ေလ..စားၿပီးသြားရင္ အိမ္စာျပန္ေရးရဦးမွာ"
"နာရီဝက္ေလာက္ လိုေသးတယ္..အရင္ဆုံး ေရးႏွင့္ေလ..ကိုယ့္ဘာသာကိုယ္ အခ်ိန္ကိုစီမံတတ္စမ္းပါ"
စန္းရန္က ထမင္းစား စားပြဲဆီသို႔ ေမးေငါ့ျပ၍
"အဲ့မွာထိုင္ေန..မထိုင္ခ်င္ရင္ ငါ့ အခန္းထဲမွာ သြားေရးလည္းရတယ္"
စန္းက်ီက လြယ္အိတ္ကိုပိုက္ၿပီး ထမင္းစား စားပြဲဆီသို႔ေလွ်ာက္လာကာ ထပ္၍ေမးခြန္းထုတ္လိုက္သည္။
"အဲ့ဒီေတာ့ ကိုကိုက ဘာလို႔ အိမ္ခန္းမွ်ေနေနတာလဲ"
စန္းရန္ ;
"ငါ လုပ္သမွ်ကိစၥတိုင္းကို မင္းလိုကေလးေပါက္စကို လိုက္ၿပီးတင္ျပေနရဦးမွာလား"
"အို႔"
စန္းက်ီက အိပ္ခန္းႀကီးရွိရာဘက္သို႔ တစ္ခ်က္လွမ္းၾကည့္လိုက္ၿပီး သေဘာေပါက္သြားသည့္ပုံစံျဖင့္
"ကိုကို ဟိုမမကိုသေဘာက်ေနတာမလား"
"...."
"ထားလိုက္ပါေတာ့ ကိုကိုရာ..ညီမေလးက ကိုကို႔ဘက္မွာ မေနေပးခ်င္လို႔မဟုတ္ဘူးေနာ္..."
ဝိန္းရိဖန္၏ပုံစံေလးကို ျမင္ေယာင္ၾကည့္ရင္း စန္းက်ီက သက္ျပင္းခ်၍
"ဒါေပမယ့္ေလ ညီမေလးတို႔က ကိုယ့္အေျခအေနကိုယ္ နားလည္ရမယ္ကြာ..သိလား"
"...."
စန္းရန္က ေဒါသထြက္ထြက္ျဖင့္ရယ္လိုက္ၿပီး
"ကိုယ့္အေျခအေနကိုယ္နားလည္ရမယ္?"
"ဟုတ္တယ္ေလ"
"ေရွာင္ေကြ..မင္း စဥ္းစဥ္းစားစားေလးလည္း ေျပာစမ္းပါ"
စန္းရန္က အရင္တစ္ေခါက္က ဗီဒိုထဲထည့္ထားသည့္ ေဟာ့ေပါ့ ပါဝင္ပစၥည္းမ်ားကိုထုတ္ယူလာရင္း
"တျခားသူေတြ ငါ့ကို လာႀကိဳက္တဲ့အခ်ိန္မ်ိဳးမွာမွ ဒီစကားလုံးကို သူတို႔ဘက္က ေတြးၾကည့္ေနရမွာ..နားလည္လား"
"...."
စန္းရန္က အေတာ္ေလးကိုအရွက္မရွိေၾကာင္း စန္းက်ီခံစားမိလိုက္ကာ သူႏွင့္စကားမ်ားမ်ားေျပာၿပီး အခ်ိန္မျဖဳန္းခ်င္ေတာ့၏။
ထမင္းစား စားပြဲ၌ေနရာယူလိုက္ၿပီးေနာက္ လြယ္အိတ္ထဲမွ စာအုပ္တစ္ခ်ိဳ႕ကိုထုတ္ကာ အိမ္စာမ်ားအား အာ႐ုံစိုက္ေရးေနလိုက္သည္။
နာရီဝက္ၾကာသြားၿပီးေနာက္။
စန္းရန္က ေဟာ့ေပါ့အိုးအား မီးဖိုေပၚမွ အခ်ိန္ကိုက္ ခ်လာရင္း
"ျပင္ထားတဲ့ပန္းကန္ျပားေတြ သြားယူလာခဲ့"
စန္းက်ီ ; "အို႔"
စူပါမားကတ္မွဝယ္လာသည့္ ဟင္းသီးဟင္း႐ြက္သားငါးမ်ားက စနစ္တက်လွီးျဖတ္ထားၿပီး ေရစင္စင္ေဆးကာ ပန္းကန္ျပားခ်ပ္မ်ားေပၚတြင္ တင္ထားသည္။ စန္းက်ီက တစ္ခါသယ္လွ်င္ ႏွစ္ခ်ပ္သုံးခ်ပ္မွ်သာနိုင္ၿပီး သုံးေလးႀကိမ္ခန့္သြားသြားလာလာလုပ္ၿပီးခ်ိန္တြင္ေတာ့ ပန္းကန္မ်ားအားလုံး ျပင္ဆင္ၿပီးသြားခဲ့၏။
ထမင္းစားစားပြဲ၌ ေနရာျပန္ယူလိုက္ၿပီးေနာက္ စန္းက်ီက ထိုင္လိုက္လိုက္ခ်င္းပင္ ႐ုတ္တရက္ဆိုသလိုသတိရသြားခဲ့၏။
"ကိုကို..ဟိုမမကို အတူတူစားဖို႔ မေခၚဘူးလား"
စန္းရန္က စကားျပန္မေျပာဘဲ ေရခဲေသတၱာထဲမွ ဘီယာဘူးအား ထုတ္ေန၏။
"ကိုကို တကယ္ႀကီး သြားမေခၚဘူးလား..ႏွစ္သစ္ကူးအခ်ိန္ကိုေတာင္မွေလ.."
စန္းက်ီက သူမအစ္ကို၏လူသားမဆန္ပုံအေၾကာင္းကို မယုံနိုင္စြာေတြးၾကည့္ေနရင္း
"ကိုကိုတို႔ႏွစ္ေယာက္က တစ္အိမ္တည္းမွာမွ်ေနေနၿပီဆိုမွေတာ့ အခ်င္းခ်င္း ဆက္ဆံေရးသင့္ျမတ္ေအာင္ ေနသင့္တာေပါ့"
စန္းရန္က သူမအား လွမ္းၾကည့္လိုက္ၿပီး
"မင္းအပူပါလို႔လား"
စန္းက်ီက မေက်မနပ္ျဖင့္
"သူမ်ားကျဖင့္ ညီမေလးကို တကူးတကဖိနပ္လည္းထုတ္ေပးတယ္..စားခ်င္တာလည္း စိတ္ႀကိဳက္ယူစားခိုင္းေသးတယ္..ေတြ႕လား..သူမ်ားက ညီမေလးအေပၚ အရမ္းေကာင္းေပးတာ..အဲ့ဒီေတာ့ ကိုကို႔ဘက္ကေနလည္း သူမ်ားကို ထမင္းအတူလာစားဖို႔ သြားေခၚသင့္တယ္မဟုတ္ဘူးလား"
"မင္းအေပၚကို ေကာင္းတာေလ"
စန္းရန္က ရယ္လိုက္ရင္း
"ငါနဲ႕ ဘာဆိုင္လို႔လဲ"
စန္းက်ီ ; "...."
စန္းရန္က အာ႐ုံစိုက္ရမည္ကိုပင္ ပ်င္းရိလြန္းသည့္အမူအရာတို႔ျဖင့္
"ေခၚခ်င္ရင္ ကိုယ့္ဘာသာကိုယ္သြားေခၚ"
စန္းက်ီက သူ႕အား စူးစိုက္ၾကည့္ေနၿပီး ဤကိစၥက သူမ၏အိမ္ခန္းေဖာ္လည္း ဟုတ္မေနသည့္အတြက္ ဝင္မပါေတာ့ရန္သာဆုံးျဖတ္လိုက္၏။ ထို႔ေနာက္ တူကို ေကာက္ယူကာ ဟင္း႐ြက္မ်ား အိုးထဲသို႔ထည့္ၿပီး ေမႊလိုက္၏။
သိပ္ပင္မၾကာလိုက္သည့္အခ်ိန္တြင္း စန္းရန္က ႐ုတ္တရက္ စကားဆိုလာ၏။
"မင္းဆိုတဲ့လူက တအားသိတတ္တာဆို"
စန္းက်ီ ; "?"
သို႔ေသာ္ စန္းရန္က ထိုစကားကိုဆက္မေျပာ။
Advertisement
-
In Serial316 Chapters
Heavenly Farmer
Accidentally, Ye Xiaochen became new generation of Heavenly Farmer (Shen Nong), the treasure in the eyes of deities of three realms. Moon fairy’s rabbit eats only the carrots grown from his farm. The heavenly troop which was formed from the magical beans, came out from his farm. The ninth level elixir which was just released, he supplied the materials for it. Ye Xiaochen’s goal is to become the overlord of agriculture, not only in earth but also in whole three realms. I want the heavens to use agricultural products that I plant, I want all the sentient beings in three realms to eat food made from my vegetables, I want all the gods to give up the idea of only swallowing air and eat meals three times in a day just like a normal person.
8 1623 -
In Serial29 Chapters
Protettore.
"P-please. I'll be good. Please don't hurt me." I begged him, wrapping my arms around myself, as though that would keep me from completely falling apart. "I'm not going to hurt you princess." He told me comfortingly. His hand raised to my face and his fingers ghosted over the cut from uncle's ring. "I'm not going to let anyone hurt you ever again. My name is Lorenzo Conti. Will you tell me your name?" Nora Phillips didn't think she would ever escape her uncle's grasp. Little did she know knights in shining armor could come in the form of mafia bosses. As soon as Lorenzo saw her, he knew he had to save her, but can he protect her from everything? Can he be her protettore?Rated M for language and violence.REVISIONS AND EPILOGUE HAVE BEEN POSTED!
8 142 -
In Serial37 Chapters
His Little Amelia
"Be more direct, sweetheart.""I just...really want to kiss you right now."-It was as though the sun escorted her wherever she went, her entire self radiated a pleasing, envious aura. Her bubbly persona never ran dry. It had me intrigued, and admittedly a bit infatuated.It also made me feel guilty about being so attracted, being so drawn to a girl that was so young and acted so childishly. But dear oh dear, did I plan on making her mine.-In which a 20-year-old, childish girl encounters rough around edges, military man, Everest Simon who couldn't seem to get her out of his head.
8 268 -
In Serial60 Chapters
Drowning Love
The stars in my Galaxy are drowned in tears- pihuPihu Sharma 23-year-old girl who is Loyal, devoted, Sensitive to feelings, and Caring and has a crush on eeshan.Eeshan Kapoor 28-years-old young man who is arrogant, Self-confident, Inflexible, Argumentative, and Bossy.Eeshan and pihu get married due to a promise between both of their families. Before getting married to pihu, Eeshan had a "girlfriend" named Tia. He had asked Tia for her hand in marriage, but Tia rejected him. How will Eeshan and pihu'a love story unfold?Started on 31st sep 2022Ended on 20th October 2022#1 in contract marriage#2 in forced marriage#1 in arranged#4 in arranged marriage#1 in unwanted#2 in family in 267k#1 in indian#1 in angry #1 in crush#1 in emotional
8 108 -
In Serial11 Chapters
heartbreak haven
OF ALL THE BOYS & GIRLS I LOVED, LOST, AND LEFT.♡ ranked 1st in #selflove♡ ranked 1st in #prose♡ ranked #5 in POETRY♡ a wattpad feature story: pocketful of posies ♡ featured on wattpad: teen fiction
8 79 -
In Serial16 Chapters
A Silence Full of Sound
He stared at me, his green eyes bore into mine as if searching for an answer to an unasked question. He cracked a smile, the warmth hit me, and in that moment it was the safest I had felt in a while. The scar on his face shimmered in the light and his eyes seemed to dance with excitement.He pointed at himself, then crossed his arms over his chest. Then pointed at me. Oh god.<><><><><><><><><><><><><><><><><><><><><>Riley Davidson had felt alone her whole life. Her family knew what she was going through, but they could never understand it. How can you try to understand something that you had never been through yourself?When her family packed up and moved across the country, she thought she would be alone forever. It was a 'new start' according to her mother, a 'new life'. With the first day of her new high school looming, and the nervousness she felt at trying to fit in, would Riley's life really change? Or would it be the same, just half way across the country?#1 in 'asl' category September 2022#1 in 'signlanguage' category May 2022#1 in 'signing' category April 2022#7 in 'Romance' category November 2022#5 in 'deaf' category#2 in 'bsl' category April 2021
8 181
