《First Frost (Myanmar Translation)》Chapter 25
Advertisement
ပတ်ဝန်းကျင်တစ်ခွင်က ရှေ့မတိုးသာ နောက်မဆုတ်သာ ကျဥ်းထဲကျပ်ထဲအခြေအနေသို့ ရောက်သွားခဲ့ပြီ။
တိတ်ဆိတ်နေသည့်လေထုကြီးထဲတွင် တပွက်ပွက်မြည်နေသည့်ဟင်းရည်ပွက်သံတစ်ခုတည်းသာ ရှိပြီး အမြင်အာရုံ၏အရှေ့တွင် ထောင်းထောင်းထနေသည့်ရေနွေးငွေ့များက အကြည်လွှာတစ်ခုသဖွယ် လျှပ်ပြေးနေကာ စန်းရန်၏မျက်ခုံးမျက်လုံးတို့ကို ဝေဝေဝါးဝါးသာ မြင်နေရ၏။
"အစတုန်းက ဒီမေဂျာကို ရွေးထားခဲ့တာမဟုတ်ဘူး"
ဝိန်းရိဖန်က မျက်လွှာချထားပြီး သဘာဝအကျဆုံးအကြောင်းပြချက်တစ်ခုသာ ပေးလိုက်၏။
"အဲ့ချိန်တုန်းက မေဂျာခွဲတဲ့အချိန်မှာ ပြဿနာတစ်ခုရှိသွားလို့နေမှာ..လျှောက်ထားတဲ့ မေဂျာမရလိုက်ဘဲ ဆက်သွယ်ရေးမေဂျာကို ရောက်သွားတာ"
ဤစကားကိုကြားလိုက်ရပြီးနောက် စန်းရန်က အကြည့်များကိုပြန်ရုတ်သွားခဲ့ပြီး ဘီယာတစ်ငုံအားအေးအေးလူလူဖြင့်သာ သောက်လိုက်၏။
စန်းကျီသည်လည်း စန်းရန်ရှိရာသို့ လှမ်းကြည့်လိုက်ပြီးနောက်မှ ဝိန်းရိဖန်ဘက်သို့ ပြန်လှည့်သွားခဲ့ကာ လေထုအခြေအနေမှာ ကသိကအောက်နိုင်လွန်းနေမှန်း ခံစားမိလိုက်သည်။
ဝိန်းရိဖန်တစ်ယောက်တည်းကသာ အခြေအနေကိုမရိပ်မိသည့်အမူအရာမျိုးဖြစ်နေပြီး ဆက်၍
"ဒါပေမယ့် အခုချိန်မှာတော့ အမှတ်စာရင်းထွက်လာပြီးမှ တက္ကသိုလ်တွေကိုလျှောက်တဲ့စနစ်မျိုးဖြစ်သွားခဲ့ပြီဆိုတော့ လျှောက်ရမယ့်အချိန်ကျရင် ညီမလေးက အရင်နှစ်တွေရဲ့ဝင်ခွင့်အမှတ်တွေကိုပြန်ကိုးကားကြည့်ပြီးမှ သတိထားဖြည့်ပေါ့"
"ဟုတ်"
စန်းကျီက တလေးတစားပုံစံလေးဖြင့်
"ကျေးဇူးတင်ပါတယ်..ရိဖန်ကျဲ"
စကားခေါင်းစဥ်က အခြားကိစ္စများထံသို့တဖြည်းဖြည်းပြောင်းသွားခဲ့ပြီး အရင်စကားခေါင်းစဥ်က သည်အတိုင်းကျော်ချလိုက်သလို ပြီးဆုံးသွားခဲ့သည်။
ညစာစားပြီးနောက်တွင်။
ချက်ပြုတ်ပေးထားသည့် စန်းရန်က စားပြီးသည်နှင့်ထထွက်သွားခဲ့ပြီး ဧည့်ခန်းထဲမှဆိုဖာထက်တွင် သခင်လေးတစ်ယောက်လိုထိုင်ကာ ဖုန်းကစားနေလေသည်။
စန်းကျီသည်လည်း ပုံမှန်အတိုင်း ဧည့်ခန်းထဲသို့ထွက်သွားတော့မည့်အခိုက်တွင် ဝိန်းရိဖန်တစ်ယောက်တည်း ပန်းကန်ခွက်ယောက်များကို သိမ်းဆည်းရှင်းလင်းနေသည်ကိုမြင်လိုက်ရသောကြောင့် ကူညီပေးရန် ပြန်လျှောက်လာခဲ့၏။
ဝိန်းရိဖန်က စန်းကျီအား ပြုံးပြရင်း
"ညီမလေး သွားပြီးစာလုပ်နေလေ..မမဘာသာ သိမ်းလို့လည်းအဆင်ပြေတယ်"
"ရတယ်..အချိန်လည်းဘယ်လောက်မှ ယူတာမှမဟုတ်တာ"
"ဒါဆို ညီမလေးက မမကို ဒီဟင်းတွေကို ပေါင်းထည့်ပေးပါလား"
"ဟုတ်"
မိနစ်ဝက်မျှကြာပြီးသွားနောက်။
"ရိဖန်ကျဲ"
စန်းကျီက ဝိန်းရိဖန်အနားသို့ကပ်လိုက်ပြီး စူးစမ်းချင်စိတ်များပြည့်နေသည့်အလား အသံကိုနိမ့်၍
"မမကို တစ်ခုလောက်မေးကြည့်လို့ရလား"
"ဘာကိုလဲ"
"တကယ်လို့ မမ ပြန်မဖြေချင်ဘူးဆိုရင်လေ..ညီမလေးပြောမယ့်ဟာကို မကြားခဲ့ဘူးလို့ပဲ သတ်မှတ်လိုက်နော်"
စန်းကျီက မေးရမည်ကို အားနာရှက်ရွံ့မိသော်လည်း သူမအနေဖြင့် အမှန်တကယ်သိချင်လွန်းနေခဲ့ကာ ယခုမေးမည့်မေးခွန်း၏အဖြေက စန်းရန်ပါးစပ်မှ လုံးဝထွက်ကျလာမည်မဟုတ်သောကြောင့်ပင်။
"မမနဲ့ ညီမလေးကိုကိုနဲ့ အရင်တုန်းက ချစ်သူတွေဖြစ်ခဲ့ဖူးတာလား"
"...."
ဝိန်းရိဖန် ;
"မဖြစ်ခဲ့ပါဘူး"
အငြင်းဝါကျအဖြေမျိုးကိုကြားလိုက်ရသည့်အခါတွင်လည်း စန်းကျီက အံ့သြသွားခြင်းမရှိဘဲ
"ဘာလို့လဲဆိုတော့ ညီမလေးရဲ့ ဖေဖေနဲ့မေမေက ပြောပြဖူးတယ်..ကိုကိုက အထက်တန်းကျောင်းတုန်းက ချစ်ကျွမ်းဝင်နေတာတဲ့..ပြီးတော့ ခုဏကပြောတဲ့ ညီမလေးငယ်ငယ်က လမ်းပျောက်ခဲ့တဲ့ကိစ္စကိုပါ ပေါင်းတွေးကြည့်လိုက်တော့ မမ ဖြစ်နေမယ်လို့ ထင်လိုက်မိတာ"
"...."
"အဲ့ဒီတော့ ကိုကိုက မမကို လိုက်ပိုးပမ်းတာမရခဲ့လို့များ.."
စန်းကျီက တဖန်ပြန်တွေးကြည့်လိုက်ရင်း
"နောက်တော့မှ နောက်တစ်ယောက်ပြောင်း....."
သူမ၏စကားမဆုံးခင် စန်းရန်က ရုတ်တရက်မတ်တပ်ထရပ်လာပြီး
"ရှောင်ကွေ"
စန်းကျီက နောက်လှည့်ကြည့်လိုက်၍
"ဘာလဲ?"
"သွားမယ်"
စန်းရန်က ဆိုဖာပေါ်မှ အပေါ်ထပ်အင်္ကျီကိုလှမ်းယူရင်
"မင်းကို ပြန်ပို့တော့မယ်"
စန်းကျီက အတင်းပြော၍မပြီးသေးသဖြင့် အမူအရာကမှုန်မှိုင်းနေကာ
"ညီမလေး ခဏလောက်ထပ်နေလို့မရဘူးလား"
"မင်းပဲ အိမ်စာ အရမ်းပြန်ရေးချင်နေတာဆို"
စန်းရန်က ကုတ်အင်္ကျီကိုဝတ်လိုက်ပြီးနောက် ဘီယာသောက်ထားသောကြောင့် အိမ်တံခါးသော့ကိုသာလှမ်းယူလိုက်၍
"လေကျယ်ရုံသက်သက်ပဲလား"
"...."
စန်းကျီက မတတ်နိုင်သည့်အဆုံးတွင်
"ရိဖန်ကျဲ..နောက်တစ်ခေါက်မှတွေ့မယ်နော်..ညီမလေး သွားတော့မယ်"
ဝိန်းရိဖန် ;
"ဟုတ်ပါပြီ..လမ်းမှာ ဂရုစိုက်နော်"
------
အိမ်ရာထဲမှထွက်လာသည်နှင့် စန်းရန်က တက္ကစီတစ်စီး လှမ်းတားလိုက်၏။
စန်းကျီက ကားထဲသို့အရင်ဝင်သွားခဲ့ပြီး လုံခြုံရေးခါးပတ် ပတ်လိုက်ပြီးနောက်
"ကိုကို..ညီမလေးခံစားနေမိတာလေ ကိုကိုက ရိဖန်ကျဲကိုဆို ကောင်းကောင်းမဆက်ဆံသလားလို့..မမကဖြင့် အကျင့်ရော သဘောရောကောင်းတယ်မဟုတ်ဘူးလား..စကားပြောရင်လည်း သိမ်သိမ်မွေ့မွေ့လေးနဲ့"
စန်းကျီအနေဖြင့် စန်းရန်၏သူငယ်ချင်းများနှင့်တွေ့ဆုံဖူးသော်လည်း အားလုံးမှာ ယောက်ျားလေးများချည်းသာဖြစ်သည်။
အားလုံးနီးပါးသည်လည်း စကားအလွန်များပြီး အတူဆုံကြသည့်အခါတိုင်းတွင်လည်း ကလေးကလားဖြင့်ဆူညံနေကြသေးသည်။ စန်းရန်၏ သူ့သူငယ်ချင်းများအပေါ်ဆက်ဆံသည့်ပုံမှာလည်း မထူးမခြားနားပင်ဖြစ်ကာ ဆိုးဆိုးရွားရွားကိုပြောပစ်တတ်ပြီး စကားပြောလျှင်ကောင်းကင်ပေါ်မှမဆင်းတော့သည့်အတွက်ကြောင့် ထရိုက်ချင်စရာကောင်းသည်မှာလည်း မလွဲပေ။
သို့သော် ဝိန်းရိဖန်အပေါ်ဆက်ဆံသည့်ပုံစံမှာတော့ မတူ ၊ မထုံတတ်သေးပုံစံမျိုးနှင့် စကားပြောလျှင် အေးတိအေးစက်ပုံစံမျိုးလုပ်ပြကာ တစ်ခါတစ်ခါဂရုမစိုက်သလိုလျစ်လျူရှုတတ်သေးသည်။
သို့ပေမယ့်လည်း စန်းကျီအနေဖြင့် စန်းရန်၏ဘေးတွင် အခြားမိန်းကလေးတစ်ဦးရှိနေခဲ့ခြင်းမျိုးကို မမြင်ဖူးခဲ့သည့်အတွက် သူ့ဆက်ဆံပုံက ပုံမှန်ဟုတ်မဟုတ် မဆုံးဖြတ်တတ်၏။
"ဒီပုံစံက ကိုကို မိန်းကလေးတွေကိုလိုက်နေတဲ့ပုံစံလား"
စန်းကျီက အစ်ကိုဖြစ်သူ၏မျက်နှာအား စိုက်ကြည့်ရင်း
"ဒါပေမယ့်လည်း ကိုကိုတို့နှစ်ယောက်က ရုပ်ကြည့်လိုက်ရုံနဲ့ တစ်ကမ္ဘာတည်းကလူတွေမဟုတ်မှန်း သိသာပါတယ်လေ"
စန်းရန် သူမအား လှမ်းကြည့်လိုက်၏။
စန်းကျီက အမှန်တကယ်ကိုအကြံဥာဏ်ပေးလိုသည့်စိတ်ဖြင့်
"ပြီးတော့လေ ကိုကို..ကိုကို့ရဲ့ဒီလိုအကျင့်ကြီးကို မိန်းကလေးတွေ သဘောကျမှာမဟုတ်ဘူး"
"...."
"များသောအားဖြင့် နွေးနွေးထွေးထွေးနေတတ်တာမျိုးကိုပဲ သဘောကျကြတာ"
စန်းကျီက စဥ်းစားနေရင်း လက်ချောင်းများဖြင့်ရေတွက်ပြ၍
"ဒေါသကလည်း အရမ်းမကြီးရဘူး..ဂရုစိုက်တတ်ရမယ်..လူကို အရေးမလုပ်တာမျိုးတွေမလုပ်ရဘူး..မိသားစုအခြေအနေ မကောင်းတာမျိုးတွေက အဲ့လောက်အရေးမကြီးဘူး..."
စန်းရန်၏ အလုပ်ထွက်ထားသည့်ကိစ္စနှင့် နောက်ထပ်အလုပ်မရှာသေးသည့်အကြောင်းကို တွေးမိလိုက်ပြီး စန်းကျီက
"ကြိုးစားချင်တဲ့စိတ်မျိုး ရှိရင်ရပြီ..တစ်နေ့လုံး အိမ်မရှိရာမရှိလူလိုမျိုး မနေနေနဲ့"
စန်းရန်က နောက်ဆုံးတွင် စိတ်မရှည်လက်မရှည်ဖြင့်စကားပြောလာခဲ့၏။
"မင်းပြောနေတဲ့စံပြပုံစံက သွမ့်ကျားရွှီ?.."
"...."
စန်းကျီ တိခနဲ ပါးစပ်ပိတ်လိုက်လေတော့သည်။
Advertisement
တစ်လမ်းလုံးမှသည့် အိမ်ရာဝန်းထဲသို့ရောက်လာသည့်အချိန်ထိ တိတ်ဆိတ်နေလျက်သား။
စန်းကျီက ကားပေါ်မှဆင်းလိုက်ပြီးနောက် ပြန်လှည့်ကြည့်လိုက်ရာ ကားပေါ်၌ထိုင်နေဆဲဖြစ်သည့် စန်းရန်ကို တွေ့လိုက်ရသဖြင့်
"ကိုကို ဘာလို့ကားပေါ်ကမဆင်းသေးတာလဲ"
စန်းရန် ;
"မင်းဘာသာမင်း တက်သွားတော့"
စန်းကျီ ;
"ကိုကို ဒီနေ့ညရော ပြန်လာ မအိပ်သေးဘူးလား"
စန်းရန် ;
"အင်း"
"ဖေဖေမေမေတို့ ကိုကို့ခြေထောက်ကိုရိုက်ချိုးပစ်တော့မှာမကြောက်ဘူးလား"
စန်းရန်က ဤမျှထိသတ္တိရှိရှိ လုပ်ရဲနေမည်မှန်း မထင်ထားသည့်စန်းကျီက
"ဒါဆိုလည်း ကိုကို့ဘာသာ ဖုန်းဆက်ပြီးတော့ပြော..မဟုတ်ရင် ညီမလေးကို လာမေးနေတော့မှာ"
စန်းရန်က စုတ်တစ်ချက်သပ်လိုက်ကာ စကားဆက်ပြောနေရမည်ကို ပျင်းရိလွန်းနေသည့်ဟန်မျိုးဖြင့်
"မင်း ပါးစပ်ထဲရှိတဲ့အကြောင်းပြချက်မျိုး ပြောပေးလိုက်တော့ ဘာဖြစ်သွားမှာမလို့လဲ"
"...."
"သွားပြီ"
-----
ထမင်းစားပွဲ ရှင်းလင်းပြီးနောက်တွင် ဝိန်းရိဖန် အိပ်ခန်းထဲ ပြန်ဝင်လာလိုက်သည်။ ချက်ချင်းရေချိုးသန့်စင်မှုမပြုသေးဘဲ စားပွဲခုံရှေ့ထိုင်ကာ ဖုန်းမက်ဆေ့များအား တစ်ချက်စစ်ဆေးလိုက်၏။ Wechat မှတဆင့် ကျောက်ယွမ့်တုံပို့ထားသည့်မက်ဆေ့များကိုတွေ့လိုက်ရကာ ဖုန်းနံပါတ်က အရင်အကောင့်သာဖြစ်ပြီး ပြောထားသည့်အကြောင်းအရာများမှာ ဝိန်းရိဖန်အား နှစ်သစ်ကူးကာလတွင် အချိန်ပိုဆင်းရသဖြင့် ကျန်းမာရေးဂရုစိုက်ရန် ၊ အားရက်ရလျှင် သူမဆီ အလည်လာရန် ပြောထားခြင်းပင်။
ဝိန်းရိဖန်က 'ကောင်းပြီ' ဆိုသည့်စကားတစ်ခွန်း ပြန်စာပို့လိုက်၏။ နောက်တွင်တော့ ဇာတ်လမ်းတွဲအပိုင်းသစ်တစ်ပိုင်း စပြီးကြည့်ပါတော့၏။
မသိလိုက်ပါဘဲ အတွေးများက လွှင့်မျောလာရကာ ခုဏလေးတင်ပြောသွားခဲ့သော စန်းကျီ၏စကားတစ်ခွန်းကို ပြန်တွေးမိလာခဲ့သည်။
--'ဘာလို့လဲဆိုတော့ ညီမလေးရဲ့ ဖေဖေနဲ့မေမေက ပြောပြဖူးတယ်..ကိုကိုက အထက်တန်းကျောင်းတုန်းက ချစ်ကျွမ်းဝင်နေတာတဲ့'
အကယ်၍ ဤစကားတစ်ခွန်းသာ မမှားခဲ့လျှင်..
ရည်ညွှန်းချင်သည့် ရည်းစားချစ်သူ ဆိုသည့်သူမှာ 'သူမ' ပင် ဖြစ်ပါလိမ့်မည်။
အထက်တန်းကျောင်းတုန်းက အဖြစ်အပျက်တစ်ခုမှာ အတန်းပိုင်ဆရာမမှ သူမတို့နှစ်ဦး ချစ်ကျွမ်းဝင်နေကြသည်ဟုထင်မှတ်ပြီး သူတို့နှစ်ဦးအား ရုံးခန်းထဲသို့ခေါ်၍သတိပေးစကားဆိုသည့်အပြင် အုပ်ထိန်းသူများထံသို့ပါ တိုင်စာပို့ခဲ့သည်။ ထို့အပြင် ဤကိစ္စက အထက်တန်း ပထမနှစ်တွင် တစ်ခါ ၊ ဒုတိယနှစ်တွင် တစ်ခါ ၊ စုစုပေါင်း နှစ်ခါတိတိ ဖြစ်ခဲ့ခြင်းပေ။
ဝိန်းရိဖန်၏အတွေးများက ဖုန်းမြည်သံတစ်ခုကြောင့် လွင့်ပျယ်သွားခဲ့ရတော့သည်။
လက်ကိုင်ဖုန်းအား ဖြေဆိုလိုက်လျှင် တစ်ဖက်မှထွက်လာသည့်အသံပိုင်ရှင်မှာ ကျုံးစစ်ချောင် ;
"နင် မနက်ဖြန်အလုပ်သွားရမှာလား"
ဝိန်းရိဖန် ;
"အင်း"
ကျုံးစစ်ချောင် ;
"အိုင်း..ငါတို့နှစ်ယောက် အခုတလော မတွေ့ဖြစ်ကြပြန်ဘူး.."
ဝိန်းရိဖန် ;
"အခွင့်မသာသေးလို့ပါ"
"ငါတို့က ဘာလို့ဒီလောက်အဝေးကြီး နေနေကြတာလဲလို့..."
ကျုံးစစ်ချောင် အသက်ပြင်းရှည်ကြီးချလိုက်ပြီး
"ဒီရက်တွေထဲ ငါ့ဆွေမျိုးဆီသွားရတာလည်း ပင်ပန်းပြီးပျင်းစရာကောင်းလွန်းလို့..တွေ့လိုက်တိုင်း ငါ့မှာ ရည်းစားရှိနေပြီလား ၊ အိမ်ထောင်ဖက်တွေ့ချင်လား ၊ မိတ်ဆက်ပေးရမလား ၊ မသိရင် ချက်ချင်းချိန်းပေးတော့မယ့်အတိုင်းပဲ"
"နင်နဲ့ နင့်အမျိုးသားနတ်ဘုရားနဲ့ကရော အခြေအနေဘယ်လိုလဲ"
"အစကတော့ အဆင်ပြေသလိုလိုနဲ့ နောက်တော့ သူ့ဘက်က မသိချင်ယောင်ဆောင်နေတာ"
ကျုံးစစ်ချောင်က အနည်းငယ်စိတ်ပျက်အားလျော့သွားသည့်ဟန်ဖြင့်
"သူ ငါ့ကို လိုသုံးများလုပ်နေတာလား..ဒါမှမဟုတ် အဓိပ္ပါယ်တွေလေးလေးနက်နက်ကိုရှိမယ့်နေ့ကို စောင့်ပြီးမှ ငါ့ကို ဖွင့်ပြောမှာမျိုးလား"
"တကယ်လို့သာ တကယ်သဘောကျတာမျိုးဆိုရင် သူ့ဘက်က စပြီးလှုပ်ရှားတာကိုစောင့်လည်း ပြဿနာမရှိပါဘူး..ဒါပေမယ့် နင့်ဘက်ကနေတော့ သူက ဘယ်လိုလူမျိုးလဲဆိုတာ အရင်ကြည့်..."
စကားပြောမဆုံးခင် ၊ ဝိန်းရိဖန်က အိမ်တံခါးဖွင့်သံနှင့်ပိတ်သံကို ရုတ်တရက်ကြားလိုက်ရခြင်းကြောင့် ရပ်တန့်မိသွားခဲ့ခြင်း။
"ဘာဖြစ်တာလဲ"
"ဘာမှမဖြစ်ဘူး..ဧည့်ခန်းထဲကနေ အသံကြားလိုက်လို့"
ယနေ့ည စန်းရန် ပြန်လာလိမ့်မည်ဟု မထင်မှတ်ထားခြင်းကြောင့်လည်း ဝိန်းရိဖန်ကအနည်းငယ် အံ့သြမိသွားခြင်းဖြစ်၏။
"စန်းရန် ပြန်လာတာနေမှာ"
ကျုံးစစ်ချောင်သည်လည်း အလားတူအံ့သြသွား၍
"နှစ်သစ်ကူးသုံးရက်မြောက်ပဲရှိသေးတာကို သူ့အိမ်မှာ သူမနေဘူးလား"
ဝိန်းရိဖန်၏အဖြေကိုမစောင့်ဘဲ ကျုံးစစ်ချောင်က ဆက်ကာ
"ဒါပေမယ့်လည်းလေ နင်တို့နှစ်ယောက် အိမ်ခန်းမျှနေတဲ့ကိစ္စက ငါ့အတွက်တော့ အခုထိထူးဆန်းသလိုမျိုးခံစားနေရတုန်းပဲ..ဘယ်လိုပဲဖြစ်ဖြစ်ကွာ သူ အရင်က နင့်ကို သဘောကျခဲ့ဖူးတာပဲလေ..နင်တို့နှစ်ယောက် တကယ်ပဲ ဘာမှမဖြစ်ကြဘူးလား"
ဝိန်းရိဖန်က အမှန်တိုင်းသာဆိုလိုက်၏။
"မျက်နှာချင်းဆိုင်တာတောင် သုံးလေးကြိမ်မပြည့်ဘူး"
"ထားပါတော့လေ..ဟုတ်လည်းဟုတ်မှာပါ..နှစ်တွေတောင်အများကြီးကြာခဲ့ပြီပဲဟာ"
ယနေ့ညစကားဝိုင်းထဲမှ တက္ကသိုလ်များအကြောင်းကို ရုတ်တရက်တွေးလိုက်မိသည့်အခါ ဝိန်းရိဖန်က စ၍
"ချောင်ချောင်..ရှန့်လန်ကလေ အစတုန်းက ယီဟဲတက္ကသိုလ်ကိုတက်ဖို့ စဥ်းစားထားတယ်ဆိုတာ တကယ်လား..ငါတော့ အဲ့ကိစ္စနဲ့ပတ်သတ်ပြီး တစ်ခါမှမကြားဖူးသလားလို့"
"အင်း..ဒါပေမယ့် အထက်တန်းပထမနှစ် ကျောင်းစတက်လောက်တုန်းက သုံးလေးကြိမ်လားပဲ ပြောဖူးတာပါ"
ကျုံးစစ်ချောက်က စပ်မိစပ်ရာတွေးကြည့်ရင်း
"နင် ပြောချင်တာက ငါတို့ ညစာအတူစားခဲ့တဲ့နေ့က အမှန်တိုင်းပြောတဲ့ကစားနည်းကို ကစားနေတုန်း ရှန့်လန်ပြောလိုက်တဲ့စကားကိုလား..သူ ဒီစကားကြီးကိုထုတ်ပြောလာတဲ့အချိန်တုန်းကဆိုရင်လေ ငါပြန်ပြောလိုက်ချင်တာမှ ပါးစပ်ကိုယားလို့ မနည်းသည်းညည်းခံထားရတယ်"
"...."
"သူ တမင်သက်သက်လုပ်နေတာ..အဲ့စကားက စန်းရန်ကြားအောင် သူ တမင်ပြောတာ..သူတို့နှစ်ယောက် အထက်တန်းတတိယနှစ်မှာ တစ်တန်းထဲကျတဲ့အချိန်တုန်းက သိပ်မတည့်ကြဘူးလေ"
ကျုံးစစ်ချောင်က အော်ရယ်လိုက်ရင်း
"အော်..ငါ နင့်ကို ပြောပြဖို့မေ့နေတာ..အဲ့နေ့က နင့်ကို ပြန်ပို့ပြီးတဲ့နောက် အဲ့အရူးကောင်က သတိမထားမိဘဲပါးစပ်ကနေ လွှတ်ခနဲပြောထွက်လာတာတစ်ခုရှိသေးတယ်..သူပြောတာက သူဆို ကျင့်သားပါရသွားပြီး နှစ်တွေတော်တော်ကြာသွားခဲ့ပြီမလို့ အားလုံးကိုမေ့တောင်မေ့နေပြီတဲ့..ပြီးတော့ ပြောသေးတယ်..စန်းရန်က အခုမှသာ အေးတိအေးစက်ပုံစံမျိုး ၊ စိတ်မဝင်စားတဲ့ပုံစံမျိုးလုပ်နေတာ..အရင်တုန်းကဆိုရင် သူ့ဘက်က ဒီလိုစကားမျိုးတွေပြောမိလိုက်တာနဲ့ စန်းရန်က ရစရာမရှိအောင် အခွန်းတစ်ရာလောက်ကို ပြန်ပြောတာတဲ့"
Advertisement
"...."
နှစ်ယောက်သားက တော်တော်ကြာသည်အထိ ဖုန်းပြောခဲ့ကြပြီးနောက် ဖုန်းချပြီး ဝိန်းရိဖန်လည်း မတ်တပ်ထရပ်လိုက်၏။
ရေချိုးမည်အပြုတွင် ဖုန်းကိုထပ်ပြီးကောက်ကိုင်မိလိုက်သေး၏။ နှုတ်ခမ်းပါးကတင်းတင်းစေ့ထားရင်း Wechat ထဲမှ စန်းရန်၏မက်ဆေ့ဘောက်ထဲသို့ ဝင်လိုက်ကာ ဖြေးဖြေးချင်းစာရိုက်လိုက်သည်။
[ အရင်က ရှန့်လန်ပြောတဲ့ ငါနဲ့အတူတူ ယီဟဲတက္ကသိုလ်ကိုတက်မယ်ဆိုတာကလေ...]
စကားလုံးများက ဤနေရာအရောက်တွင် သူမ ဖုန်းမျက်နှာပြင်ကိုသာစိုက်ကြည့်နေမိပြီး ရပ်တန့်ပစ်လိုက်တော့သည်။
အချိန်မည်မျှပင် ကုန်ဆုံးသွားခဲ့မှန်းမသိ။
ဝိန်းရိဖန်က အသက်ပြင်းပြင်းရှူရှိုက်ကာ စာစီထားသည့်စကားလုံးများအားလုံးကို ပြန်ဖျက်ပစ်လိုက်တော့၏။
ဒီအတိုင်းသာ ရှိပါစေတော့..
ဒီကိစ္စကဘယ်လောက်တောင် ကြာခဲ့ပြီမလို့လဲ..
အခုချိန် ထပ်ပြီး စကားစနေမှ ထူးဆန်းသလိုဖြစ်နေမှာ..
ပြီးတော့ သူမကိုယ်တိုင်က အဲ့အချိန်တုန်းက ကောင်းကောင်းမကိုင်တွယ်နိုင်ခဲ့တော့..
အခုချိန်မှ သွားရှင်းပြနေရင်လည်း ဘာမှအရာထင်မှာမဟုတ်လောက်ဘူး..
----
တိုတောင်းလှသည့် သုံးရက်တာ အားလပ်ရက်လေးက တစ်ခဏလေးဖြင့်ကုန်ဆုံးသွားခဲ့သည်။
ဝိန်းရိဖန်တစ်ယောက် မျက်လုံးနှစ်လုံးဖွင့်လိုက်သည်နှင့် အိမ်ပြင်ထွက်အလုပ်လုပ် ၊ အိမ်ပြန်ရောက်သည်နှင့် ရေချိုးသန့်စင်ပြီး မျက်လုံးပြန်မှိတ်ရသည့် နေ့ရက်များကို စတင်၍ပြန်လည်ဖြတ်သန်းရတော့မည်။ အနည်းငယ်လေးမျှသဟဇတဖြစ်သလိုရှိခဲ့သည့် စန်းရန်နှင့်ဆက်ဆံရေးမှာလည်း ပွဲတော်ရက်ကုန်ဆုံးသည်နှင့် ပျောက်ချင်းမလှပျောက်ကွယ်သွားသလိုပင်။
အရာအားလုံးက ပုံမှန်အတိုင်း ပြန်ဖြစ်သွားခဲ့တော့သည်။
ပုံမှန်အားဖြင့် နှစ်ဦးသားက နေ့တိုင်း မျက်နှာချင်းကြပါသော်လည်း စကားပြောကြသည့်အကြိမ်ရေ အရေအတွက်မှာ သနားစရာကောင်းအောင် နည်းလွန်းလှသည်။
သို့သော်လည်း ဝိန်းရိဖန်အနေဖြင့်တော့ ယခုလိုအခြေအနေမျိုးက မကောင်းသည့်အခြေအနေဟု မခေါ်နိုင် ၊ အဓိကအချက်မှာ အတူနေထိုင်ကြသည့်ဤအချိန်လေးအတွင်း သူတို့နှစ်ဦး၏ဆက်ဆံရေးက အနည်းငယ်လေးမျှနီးစပ်သွားခြင်း မရှိဘဲ တစ်ဦးတစ်ဖက်စီမှ ထုတ်ထားကြသည့်စည်းကမ်းချက်များအတိုင်းလိုက်နာပြီး တစ်ယောက်၏ဘဝကို တစ်ယောက်က ဝင်စွက်ဖက်ခြင်းမပြုကြ၏။
သတိမထားမိပါဘဲ ဖေဖော်ဝါရီလတစ်လက ကုန်ဆုံးသွားခဲ့ပြီဖြစ်၏။
ကြည့်ရသည်မှာ တစ်ညလုံး အရိုးခိုက်အောင်ချမ်းစိမ့်စေသည့်ဆောင်းလေကြမ်းများက နှင်ထုတ်ခံလိုက်ရပြီး နွေဦးရာသီတို့ အစားထိုးဝင်ရောက်လာကာ အပူချိန်မှာလည်း သိသိသာသာနွေးထွေးလာခဲ့သည်။
နွေဦးရာသီပွဲတော်ကာလတစ်လျှောက်လုံးတွင် ဝိန်းရိဖန်က ကျောက်ယွမ့်တုံထံသို့ သွားရောက်ခဲ့ခြင်းမရှိ။
ထိုအချိန်မှအစပြုပြီး ကျောက်ယွမ့်တုံက သူမအား မကြာခဏဆိုသလို အကြောင်းမရှိအကြောင်းရှာဖုန်းဆက်လာပြီး အဆုံးတွင် 'သမီး ဘယ်အချိန်လောက်အားမလဲ..မေမေ့ဆီ လာခဲ့ဦး' ဆိုသည့်စကားတစ်ခွန်းကိုသာ ဆိုနေတော့သည်။
အချိန်ကြာလာသည်နှင့်အမျှ ဝိန်းရိဖန်အတွက် ဤပြဿနာက အချိန်ဆွဲလေလေ စိတ်ရှုပ်စရာကောင်းလေလေဖြစ်လာကာ ထိပ်တိုက်တွေ့ပြီး ဖြေရှင်းရန် ဆုံးဖြတ်လိုက်တော့၏။ သူမ၏အတွေးမှာ ဤတစ်ကြိမ် ကျောက်ယွမ့်တုံနှင့်တွေ့လိုက်လျှင် အချိန်တစ်ခုစာအထိ သူမအား ထပ်လာရှာနေဦးမည်မဟုတ်တော့ပေ။
ဝိန်းရိဖန်၏အလုပ်ပိတ်ရက်မှာ သစ်ပင်ပန်းမန်များနေ့ပြီး နောက်တစ်ရက်တွင်ဖြစ်၏။
ထိုနေ့ နေ့လည်ခင်းတွင် ကျောက်ယွမ့်တုံပေးထားသည့်လိပ်စာဆီသို့ မြေအောက်ရထားဖြင့်ထွက်လာခဲ့လိုက်သည်။
အိမ်ရာဝန်းထဲသို့ရောက်သည်နှင့် ကျောက်ယွမ့်တုံ၏ပုံရိပ်အား လှမ်းမြင်လိုက်ရ၏။ ကျောက်ယွမ့်တုံမှာ ဂါဝန်ရှည်တစ်ထည်ကိုဝတ်ထားပြီး မျက်နှာထက်၌ မိတ်ကပ်ပေါ့ပေါ့ပါးပါးလိမ်းထားကာ ခပ်လိမ်လိမ်ဆံပင်တို့က ခါးအထက်နားထိရှည်နေပြီဖြစ်သည်။
အချိန်ကာလယန္တရားက သူမ၏မျက်နှာပေါ်သို့ မည်သည့်အမှတ်အသားမှမချန်ထားခဲ့သည့်အလား အရင်ကခုနှစ်များနှင့်ယှဥ်ကြည့်လျှင် သူမ၏အမူအရာအသွင်ပြင်တို့က များများစားစားပြောင်းလဲသွားခြင်းမရှိဘဲ အလှတရားတို့က ကျက်သရေရှိပြီးနှစ်လိုဖွယ်ကောင်းသည့်ဘက်သို့ ရောက်နေခဲ့ပြီ။
ဝိန်းရိဖန်၏ရုပ်ရည်သွင်ပြင်အများစုမှာ သူမနှင့် ဆင်တူခြင်းပင်။
ဝိန်းရိဖန်ကို မြင်လိုက်သည်နှင့် ကျောက်ယွမ့်တုံ၏ ဟိုဟိုဒီဒီလှမ်းကြည့်နေသည့်အကြည့်များက ရပ်တန့်သွားကာ အနားသို့ ချက်ချင်းလျှောက်လာသည်။ သူမ၏အမူအရာထက်ရှိ စိတ်လှုပ်ရှားမှုများက ဖုံးကွယ်ထား၍မရလောက်အောင် သိသာလွန်းနေသော်လည်း အထိအတွေ့လှုပ်ရှားမှုများသည်တော့ ခြားနားလွန်းလှစွာဖြင့် ဝိန်းရိဖန်၏လက်မောင်းအား ဖွဖွလေးဆွဲယူကာ
"အားကျန့် ရောက်လာပြီလား"
"အင်း"
"အပြင်ထွက်လာတာကို ဘာလို့ ဒီလောက်ပါးပါးလေးပဲဝတ်လာရတာလဲ"
ဝိန်းရိဖန်က လာရာလမ်းမှ ဝယ်လာခဲ့သည့်သစ်သီးများကို ကိုင်ထားရင်း ခပ်ရေးရေးပြုံးလိုက်၍
"သိပ်မအေးပါဘူး"
---တိတ်ဆိတ်သွားလျက်။
ကျောက်ယွမ့်တုံ၏အကြည့်များက ဝိန်းရိဖန်၏မျက်နှာပေါ်၌ ရှိနေဆဲ ၊ နှစ်ယောက်သား မတွေ့ဖြစ်ခဲ့ကြသည်မှာ နှစ်အတော်ကြာခဲ့သည်ဖြစ်၍ နှစ်ဦးနှစ်ဖက်စလုံးက မရင်းနှီးတော့သလို ခံစားနေမိတော့သည်။
သူမ၏မျက်နှာကိုစိုက်ကြည့်နေရင်း ကျောက်ယွမ့်တုံ၏မျက်လုံးများက တဖြည်းဖြည်းနီရဲလာရင်း အလိုက်သင့်ခေါင်းလှည့်ပစ်လိုက်၍
"သမီးကိုကြည့်ရတာ မေမေ..."
"...."
ဝိန်းရိဖန်အတွက်တော့ ယခုလိုအခြေအနေမျိုးကို မကြုံချင်ဆုံး မဖြေရှင်းချင်ဆုံးဖြစ်သည့်အတွက် နှုတ်ခမ်းပါးကိုတင်းတင်းစေ့ရင်း
"အရင်ဆုံး ဝင်ကြရအောင်..သမီး ခဏနေကျရင်လုပ်စရာတွေရှိသေးတယ်..ညစာစားပြီးတာနဲ့ ပြန်မှာ..အမေ့ဆီမှာ ကြာကြာနေလို့မရဘူး"
"ကောင်းပါပြီ..မေမေနဲ့ အိမ်လိုက်ခဲ့"
ကျောက်ယွမ့်တုံက မျက်လုံးများပွတ်ရင်း
"မေမေကလည်း သမီးရဲ့အလုပ်ချိန်နဲ့နားချိန်တွေကို အနှောက်အယှက်ပေးမိမှာစိုးရိမ်နေတာ..တကယ်လို့ သမီးမအားဘူးဆိုရင် မေမေ သမီးဆီလာခဲ့မယ်လေ..နောက်ဆို သမီးစားချင်တာမျိုးရှိရင် မေမေ့ဆီဖုန်းဆက်လိုက်..မေမေ လာချက်ပေးမယ်"
"သမီးက အခြားသူနဲ့အိမ်ခန်းမျှနေနေတာ..အခန်းဖော်အတွက် အဆင်မပြေလောက်ဘူး"
"ဒါဆိုလည်း သမီးအားတဲ့အချိန်တိုင်း လာခဲ့လေ.."
ကျောက်ယွမ့်တုံက သူမအား ခေါင်းအစခြေအဆုံးလှမ်းကြည့်၍
"ကြည့်ပါဦး ဒီလောက်ထိပိန်နေတာ..အသားလေး တောင်မရှိဘူး..ထမင်းကို ကောင်းကောင်းမစားဘူးမလား"
ဝိန်းရိဖန် ;
"စားတယ်"
ကျောက်ယွမ့်တုံက သူမအား အကြိမ်ကြိမ်အခါအခါ ကြည့်နေပြီးနောက် ထပ်၍သက်ပြင်းချပြီး
"မေမေတို့ရဲ့ အားကျန့်က အရွယ်ရောက်လာတော့ အရင်ကထက်တောင် အများကြီးပိုလှလာတယ်"
ဝိန်းရိဖန်က ပြုံးရုံသာပြုံးနေခဲ့၏။
နှစ်ယောက်သားက ကျောက်ယွမ့်တုံနေသည့်အဆောက်အဦးဆီသို့ လျှောက်လာခဲ့ကြသည်။ ကျောက်ယွမ့်တုံ လက်ရှိနေနေသည့်အိမ်မှာ နောက်အိမ်ထောင်ပြုပြီးခါစတုန်းက ဝိန်းရိဖန်နှင့်အတူ ရောက်လာခဲ့သည့်အိမ် မဟုတ်တော့ပေ။ လွန်ခဲ့သောနှစ်များအတွင်း ပြောင်းလာခဲ့ပုံရသည့် ဤအိမ်က အသစ်တည်ဆောက်ထားသည့် အဆင့်မြင့်အိမ်ရာမျိုးဖြစ်ကာ အိမ်ရာဝန်းကျင် စိမ်းလန်းနေရေးနှင့် အလှဆင်ပစ္စည်းများကို တော်တော်လေးကောင်းကောင်းမွန်မွန်ပြုလုပ်ထားသည်။
နေရာထိုင်ခင်းကလည်း အတော်လေးပင် ကျယ်ဝန်း၏။
မှတ်ဥာဏ်များအရ ကျောက်ယွမ့်တုံက သူမအား ဤကိစ္စအကြောင်းပြောပြဖူးသော်ငြား သူမအနေဖြင့်စိတ်ထဲမထည့်ခဲ့သည့်အတွက် မှတ်မှတ်ရရရှိမနေခြင်းလည်းဖြစ်၏။
ဓါတ်လှေကားထဲရောက်သည့်အချိန်တွင် ဘေးနားမှ ကျောက်ယွမ့်တုံက စကားစပြောလာ၏။
"ဒါနဲ့..သမီး အခုထိ 'ရှင်းရှင်း' ကို မမြင်ဖူးသေးဘူးမလား"
ဤစကားကိုပြောနေသည့်အချိန်တွင် ကျောက်ယွမ့်တုံမျက်နှာပေါ်မှအပြုံးများက ပို၍သိသာလာခဲ့ကာ
"သုံးနှစ်တောင် ပြည့်တော့မှာ"
ကျောက်ယွမ့်တုံ ပါးစပ်ဖျားမှပြောဆိုနေသည့် ရှင်းရှင်း၏ နာမည်အပြည့်အစုံမှာ 'ကျိန့်ခယ်ရှင်း'။
ဝိန်းရိဖန်၏ အမေတူ အဖေကွဲ မောင်လေး။
"သမီးရဲ့ ဦးလေးကျိန့်က အခုထိအလုပ်ဆင်းနေတုန်း"
ဓါတ်လှေကားရပ်သွားသည့်အချိန်တွင် ကျောက်ယွမ့်တုံက အိတ်ကပ်ထဲမှသော့ကိုထုတ်လိုက်၍
"ကျားကျားလည်း အိမ်မှာမရှိဘူး..တက္ကသိုလ်တက်နေတာဆိုတော့ တစ်ပတ်နေမှတစ်ခါလောက် အိမ်ပြန်လာတာ..ပြီးတော့ သူ မေမေ့ကိုအလေးအနက်ပြောထားတာလည်းရှိိသေးတယ်..အရင်တုန်းက သူ အသက်ငယ်သေးတာမလို့ သမီးအပေါ်ဆက်ဆံမိခဲ့တာတွေက အရမ်းလွန်ခဲ့ပါတယ်တဲ့..အခုချိန်မှာ သူလည်း စဥ်းစားတွေးခေါ်တတ်လာတော့ သမီးအပေါ်ကို တောင်းပန်ချင်နေတာ"
ဝိန်းရိဖန်က 'အင်း' ဟု အသံတစ်ချက်ပြုလိုက်၏။
ကျောက်ယွမ့်တုံက အိမ်တံခါးကိုဖွင့်ကာ ဝိန်းရိဖန်အား အရင်ဝင်စေပြီးနောက်
"အရင်ထိုင်လေ"
စကားပြောနေရင်း တစ်ခုခုကိုသတိရသွားသည့်ဟန်မျိုးဖြင့်
"ဟုတ်သားပဲ..အားကျန့်..သမီးရဲ့ ဒေါ်လေး(ဘကြီး၏အမျိုးသမီး)လည်း ဒီရောက်နေတာ..လွန်ခဲ့တဲ့ရက်က သမီး နန်းဝူရောက်နေတဲ့အကြောင်းကို မေမေ သူ့ကိုပြောပြလိုက်တော့ သမီးကိုတွေ့ချင်လို့ဆိုပြီး 'ပေယွီ'ကနေ တကူးတကလာ.."
ဤစကားကိုကြားလျှင်ကြားလိုက်ရခြင်း ဝိန်းရိဖန်၏မျက်ဝန်းများ ပင့်မြှောက်ကြည့်လာကာ တစ်ချိန်တည်းဆိုသလို ဒေါ်လေး 'ချယ်ယန့်ချင်'က အိပ်ခန်းထဲမှထွက်လာခဲ့၏။
"ယို..ရွှမ်းကျန့် ရောက်လာပြီလား"
ချယ်ယန့်ချင်က ကျောက်ယွမ့်တုံနှင့် အသက်အရွယ်မခြားမနားဖြစ်သော်ငြား ရုပ်ရည်မှာတော့ အသက် ဆယ်စုနှစ် နှစ်ခုစာနီးနီးကွာခြားကာ အသံမှာလည်း ကြမ်းတမ်းရင့်မာလွန်း၏။
"လာပါဦး လာပါဦး..ဒေါ်လေး ကြည့်ရအောင်လို့"
"...."
"မတွေ့ရတာ ဘယ်နှနှစ်တောင်ရှိနေပြီတုန်း.."
ချယ်ယန့်ချင်က အနားသို့လျှောက်လာရင်း
"နင်ဆိုတဲ့ကလေးမလေးကလေ တကယ်ကိုသိတတ်နားလည်တဲ့စိတ်မရှိဘူး..တက္ကသိုလ်သွားတက်ပြီးနောက်ပိုင်း အိမ်က ဘယ်နေရာမှာရှိလဲဆိုတာ မသိတော့တဲ့အတိုင်းပဲ..ဒေါ်လေးကို ပြန်လာကြည့်ရကောင်းမှန်းမသိဘူး"
Advertisement
- In Serial43 Chapters
My Brother's Best Friend
Falling in love never scared Maddie Davis until she fell for the one boy she swore to stay away from forever. ********* Maddie Davis has been in love with her brother's best friend, Cameron Holden since she was in the sixth grade. They used to be best friends too until he got into high school and became a version of himself she didn't even recognize. Everyone said he was a shoo-in for the NFL, and he let it get to his head. Right before high school started, he worked out until he was built like a sculpture, he got rid of his braces, and suddenly the girls fell at his feet. But that was fine because her middle school crush faded. And besides, even if she did think he was hot, Cameron wasn't someone she could go for even if she wanted to. Unless of course, she found herself wound up with him in a closet during a game of blind seven minutes -- a closet so tiny and secretive that she would finally be able to act on the feelings she's tried so desperately to hide. But what were the odds of that happening?This is book ONE of three:My Brother's Best FriendIn Five YearsThe Perfect Timing Content warning: This story contains mature sexual content and themes of bullying, sexual assault, violence, and explicit language.
8 3832 - In Serial18 Chapters
I Love You; Good Bye
Deep in the woods of a faraway, banished land, a young woman wept over the corpse of a deer. [Dark Fantasy/Romance]
8 170 - In Serial16 Chapters
TGS 1st - Silly Marriage
Cerita pertama rangkaian The Gentlemen's Series. Kisah antara Naraya Ibrahimovich dengan Alexander Davrio yang melibatkan intrik, dendam, kekuasaan, kepuasan dan hati.Aku tau aku kuat. Aku bisa memimpin perusahaan Papa dengan keahlianku yang pas-pasan. Tapi sepertinya orang-orang di sekitarku tak percaya akan kemampuanku. Bahkan aku didesak untuk melakukan sebuah perjanjian untuk menyelamatkan perusahaan papa.-Naraya Ibrahimovich-I know she's strong. Tapi aku bahkan tidak bisa melepaskan pandanganku darinya ketika dia meminta bantuanku. Well, despite of her body, tujuanku menikahinya ada sekian banyak. Dan aku tak bisa mengatakannya lewat kalimat-kalimat manis. Aku terpaksa menjebaknya lewat pernikahan bisnis dengan kedok menyelamatkan perusahaannya.-Alexander Davrio-
8 75 - In Serial36 Chapters
My Orphan Mate ✓
MATE TRILOGY #1 | Being an orphan at the mere age of sixteen, Lyra Dane, with no place in the pack is faced with an ultimatum; to go Rogue or marry Alpha Gabriel. Although, not mated by destiny, Gabriel is determined to make Lyra his. Meanwhile, Alpha Alexander, leader of the largest pack, believes his existence is solely for the purpose of leading and protecting his pack. So what happens when he discovers that his mate is promised to none other than Alpha Gabriel- his exact enemy?MATE TRILOGY:1. My Orphan Mate2. My Luna Mate3. My Eternal MateHighest Ranking:#1 Short Story#2 Werewolf#13 Romance
8 163 - In Serial75 Chapters
Lowkey
Arabella Malik, the lethal American mob boss's daughter.The beauty of the nineteen-year-old was well-known. Her hourglass figure and glowing grey eyes-which mirrored her father's, had practically everyone praising the ground she walked on.Arabella was a sweet, soft-hearted woman. Although she was also recognised as the best assassin and seductress in the underworld.Not only did her appearance attract men and women's notice, but she also managed to capture the attention of her father's business partner's son.Roman Agnello, the heir to the Italian Mafia. The twenty-year-old was every bit as ruthless as everyone alleged he was. Like his soul, his heart was cold and empty. Roman had no emotions or feelings for anything or anyone.But that all changed when his gaze fell on the seductress herself. And when he discovered the forbidden fruit, his soul begged him to take a bite.~~ Highest Rankings #4 ChickLit - NOV 2021#1 College Student - JAN 2022#1 Forbidden Romance - JULY & OCT 2022#2 Teen Romance - SEP 2022
8 223 - In Serial10 Chapters
Everything I Broke
(First book of the trilogy: The Strangest of Love Stories) My lawyer assured me I can be honest in this book. Not that I trust that bastard, but that's beyond the point. Thankfully, I know a thing or two about the laws here, so if I am not mistaken, I can talk about my years in middle school and in high school without going to jail. I mean, I am not 100 percent sure, but what's life without a little risk?
8 147

