《First Frost (Myanmar Translation)》Chapter 26
Advertisement
ကျန်နေခဲ့သည့်စကားလုံးများက ကတ်ဆတ်တိပ်ခွေထစ်သွားသကဲ့သို့ရပ်တန့်သွားကာ အခန်းတစ်ခုလုံး လုံးဝတိတ်ဆိတ်ငြိမ်သက်သွားတော့သည်။
စန်းရန်၏မျက်တောင်များက လှုပ်လှုပ်ရှားရှားဖြစ်ကုန်ပြီး သူ့ရှု့ထောင်မှကြည့်လျှင် ဝိန်းရိဖန်၏ခပ်ယောင်းယောင်းပွနေသည့်ဆံပင်တို့နှင့် လွှာချထားသည့်မျက်တောင်မွှေးများကိုသာ မြင်နေရသည်။ လည်စလုတ်က အထက်မှအောက်သို့ တစ်ချက်ရွေ့လျားသွားခဲ့ပြီး ခြောက်ကပ်ကပ်နိုင်လှသည့်အသံတို့ဖြင့်
"မင်း ဒါဘာလုပ်နေတာလဲ"
ဝိန်းရိဖန်က ပြန်မဖြေ။
စန်းရန်၏ဆံပင်တို့က စိုထိုင်းထိုင်းရှိနေဆဲဖြစ်ကာ ရေစက်များက ဆံပင်ဖျားမှသည် မျက်နှာပေါ်တစ်လျှောက်ဖြတ်ပြေးသွားပြီး မေးဖျားမှတဆင့်လျှောဆင်းသွားကာ သူမ၏ဆံပင်ရှည်များကြားထဲ ခုန်ကူးသွားခဲ့သည်။ သူ စိုက်ကြည့်နေမိရင်း လက်တစ်ဖက်အား ဖြေးဖြေးချင်းမြှောက်လိုက်ကာ ထိုရေစက်လေးအား လက်ချောင်းထိပ်များဖြင့်အသာအယာပွတ်ဆွဲလိုက်၏။
သူမမှာတော့ ဘာမှမခံစားမိလိုက်သည့်အလား တုတ်တုတ်မျှမလှုပ်ပေ။
ဝိန်းရိဖန်သည် အရပ်နိမ့်သည်ဟုမဆိုနိုင်သော်ငြား စန်းရန်နှင့်ယှဥ်လိုက်လျှင်တော့ သူ့မေးဖျားထိလုနီးနီးသာရှိသည်။ အရိုးအဆစ်များကသေးသွယ်ပြီး ခန္ဓာကိုယ်ထက်တွင် အသားဟူ၍မရှိသလောက်။ လက်ရှိအချိန်တွင် သူမ၏မျက်နှာတစ်ခြမ်းက သူ့ရင်ဘတ်ပေါ်၌မှီနေပြီး လက်နှစ်ဖက်က သူ့ခါးအား မပြင်းလွန်း မပျော့လွန်းသောအနေအထားဖြင့် ဖက်တွယ်ထားသည်။
ဤအခြေအနေကြီးထဲတွင် သူ့ခန္ဓာကိုယ်မှစီးကျနေသည့်ရေစက်တစ်ခုချင်းစီတိုင်းဟာ မီးတောင်ချော်ရည်များသဖွယ် ပူပြင်းတောက်လောင်နေတော့သည်။
၁၀စက္ကန့်နီးပါး ဆက်တိုက်ကုန်ဆုံးလာခဲ့သည့်နောက်။
"ကိုယ့်ကို တိကျတဲ့စကားတစ်ခွန်းလောက် ပြောပေးလို့ရမလား"
စန်းရန်က နောက်တစ်ကြိမ်ထပ်၍စကားဆိုလာကာ တလေးတနက်ဖြစ်နေသည့်ပုံမျိုးတော့မဟုတ်၏။
"မင်း ဘယ်လောက်ကြာကြာထိ ဖက်ထားမှာလဲ"
စန်းရန်၏စကားဆုံးသည်နှင့်တပြိုင်နက် ဝိန်းရိဖန် ချက်ချင်း လက်လွှတ်ပစ်လိုက်၏။ ခြေတစ်လှမ်းစာ နှေးတိနှေးကွေးဖြင့်နောက်ဆုတ်သွားခဲ့ကာ စန်းရန်ကိုလည်းမကြည့် ၊ ဝိုးတိုးဝါးတားအသံများသာထွက်လာခဲ့သည်။ စကားလုံးများက လျှာဖျားထိပ်၌ လုံးထွေးနေကာ အသံမှာလည်း မသဲမကွဲ။
စန်းရန်က သေသေချာချာမကြားရသဖြင့်
"ဘာပြောလိုက်တာလဲ ဟမ်"
သို့သော် ဝိန်းရိဖန်က စကားတစ်ခွန်းမှထပ်မဆိုတော့ဘဲ ဘာမှမလုပ်ထားသည့်အလား တစ်ဖက်သို့လှည့်ကာ အိပ်ခန်းကြီးဆီသို့ ဖြေးဖြေးချင်းလျှောက်ထွက်သွားခဲ့တော့သည်။ ပုံစံက တည်တည်ငြိမ်ငြိမ်မျိုးဖြစ်နေကာ မသိလျှင် ညသန်းခေါင်ကြီးထဲ ရုတ်တရက် သူ့ကိုပြေးလာဖက်သည့်အမှုက အလွန်ကိုမှ ပုံမှန်အတိုင်း နေသားကျနေသည့်ကိစ္စတစ်ခုမျိုးနှယ်။
ဝိန်းရိဖန်ထံမှ ယခုလိုတုန့်ပြန်မှုမျိုးရလာလိမ့်မည်ဟု မထင်မှတ်ထားမိသည့် စန်းရန်မှာ မျက်ခုံးတစ်ချက်ပင့်မြှောက်ရင်း စကားသံတို့ထဲ၌ မယုံကြည်နိုင်ဖြစ်နေသည့်အငွေ့အသက်များပါနေတော့၏။
"ဝိန်းရိဖန်?"
အချိန်ကိုက်မှာပင် ဝိန်းရိဖန်၏ခြေလှမ်းများက မီးဖိုချောင်ထဲမှအထွက်တွင် သူ့အသံကိုကြားလိုက်ရသည့်အတွက်ကြောင့်လားမသိ တုံ့ခနဲရပ်တန့်သွားခဲ့၏။ သူမ၏မျက်ဝန်းများက စန်းရန်အိပ်ခန်းရှိရာဘက်ကိုသာ စိုက်ကြည့်နေပြီး စက္ကန့်ပိုင်းမျှမမှင်မသွေဖြင့်ရပ်နေသေးသည်။
နောက်တွင် အကြည့်များကိုလွှဲ၍ ဆက်လျှောက်သွားခဲ့သည်။
"...."
တံခါးပိတ်သံတစ်ခုအပြီးတွင် နှစ်ယောက်သားက သီးခြားစီ ခွဲခွာခံလိုက်ရတော့သည်။
စန်းရန်က မူလနေရာ၌သာ ရပ်နေရင်း ; " ? "
ပတ်ဝန်းကျင်မြင်ကွင်းတစ်ခွင်မှာ မလှုပ်မယှက်ဖြင့်ရပ်သွားသည့်အလား။
စက္ကန့်ပိုင်းကြာပြီးနောက် ပုခုံးပေါ်တင်ထားသည့်တဘက်မှာ ကြမ်းပြင်ပေါ်သို့ လျှောခနဲပြုတ်ကျသွားကာ အသံတစ်ခုပဲ့တင်ထွက်လာခဲ့၏။
စန်းရန်၏အတွေးများက ပြန်လည်စုရုံးသွားခဲ့ပြီး ခန္ဓာကိုယ်ကိုကိုင်းကာ ကောက်ယူလိုက်သည်။ ဧည့်ခန်းရှိအဖြူရောင်မီးချောင်းများဟာ အမြင်အာရုံများစူးသွားနိုင်သည်အထိ လင်းထိန်နေပြီး လေထုတစ်ခွင်၏တိတ်ဆိတ်နေမှုကြီးမှာ ခပ်ဖြေးဖြေးတိုးဝေ့နေသည့်လေတိုက်သံလေးများကိုပင် ကြားနေကြသည်။ ဝိန်းရိဖန်၏ တိုပြတ်တောင်းလှသည့်အသက်ရှူနှုန်းများဟာ အဆုံးတွင် ဖြေးဖြေးချင်းလွင့်ပါးတည်ငြိမ်သွားခဲ့ရင်း...
အိပ်မက်ကမ္ဘာတစ်ခု ပြီးဆုံးသွားခဲ့သလိုပါပင်။
နောက်တစ်နေ့ နိုးလာသည့်အချိန်။
ဝိန်းရိဖန်၏ မကြည်လင်စိတ်များ ၊ မသက်သာမှုများက လွင့်စင်ပျောက်ကွယ်သွားခဲ့ကာ ညတွင်းချင်း ခွန်အားများပြည့်ဝသွားသည့်အလား နိုးလာသည့်အချိန်တွင် ပုံမှန်အတိုင်းပြန်ဖြစ်နေခဲ့ပြီ။ အိပ်ရာထက်၌ တစ်ခဏမျှထိုင်နေပြီး အိပ်စက်ခြင်းသည်သာ အစွမ်းထက်ဆုံးသောလက်နက်ဖြစ်ကြောင်း ပေါက်ကရလျှောက်တွေးမိလိုက်သေးသည်။
တစ်ညတာ အိပ်ရေးဝဝအိပ်လိုက်ရုံဖြင့် မကောင်းသည့်စိတ်ခံစားချက်များအားလုံးကို ချေဖျက်သွားနိုင်သည်မဟုတ်လား။
ဝိန်းရိဖန်က လက်ကိုင်ဖုန်းကိုယူပြီး သန့်စင်ခန်းထဲသို့ဝင်လာလိုက်၏။ သူမ၏အနေဖြင့် သတင်းအသစ်များကိုဖတ်ကြည့်ပြီးမှ Wechat ထဲမှမက်ဆေ့များအား ဝင်ကြည့်တတ်ခြင်းဖြစ်ရာ အောက်သို့ဆွဲချလိုက်သည်နှင့် မနေ့ည ၉နာရီဝန်းကျင်၌တွင် စန်းရန် ပို့ထားသည့်မက်ဆေ့ရှိကြောင်း သတိထားမိလိုက်၏။
စန်းရန် ; [ မင်း ဘာဖြစ်နေတာလဲ? ]
ဝိန်းရိဖန်တစ်ယောက် မျက်လုံးများပုတ်ခတ်ပုတ်ခတ်လုပ်နေမိရင်း ထိုအချိန်တုန်းက သူမ အိပ်ပျော်မပျော်သေးအား သေချာမမှိတ်မိတော့ ၊ မနေ့ည သန့်စင်ခန်းထဲမှ ထွက်လာပြီးနောက်တွင် အိပ်ချင်လွန်း၍အိပ်ရာပေါ်သို့သာ ပစ်လှဲချလိုက်ပြီး ဖုန်းထပ်မကြည့်ဖြစ်ခဲ့ပေ။
သွားတိုက်တံအား ပါးစပ်ထဲငုံထားရင်း လက်နှစ်ဖက်ဖြင့် စာရိုက်လိုက်၏။
[ ဘာကိုလဲ? ]
နောက်တစ်စက္ကန့်တွင်။
စန်းရန်ထံမှ ပြန်စာရောက်လာခဲ့၏ ; [ ? ]
"...."
ဒီကောင်ရဲ့ ဘာပဲပြောပြော အမေးသင်္ကေတ ပစ်ပို့တတ်တဲ့အကျင့်ကြီးက ဘယ်ကပေါက်ဖွားလာတာလဲ!
ဝိန်းရိဖန်က သွားတိုက်ရင်း တွေးကြည့်လိုက်၏။ မနေ့ညက စန်းရန် ဤမက်ဆေ့အား ပို့ထားသည့်အချိန်တွင် သူမအနေဖြင့် ဧည့်ခန်းထဲ၌ရှိမနေသလို သူအနှောက်အယှက်ဖြစ်လောက်မည့်ဆူညံသံများကိုလည်း မပြုခဲ့ ၊ ထို့အပြင် အိမ်ပြန်ရောက်လာပြီးနောက် သူနှင့်စကားပြောသည့်အချိန်တွင်လည်း သူမ၏အမူအရာတို့မှာ ပုံမှန်နီးနီးပင်။
ထိုသို့တွေးကြည့်နေရင်း ဝိန်းရိဖန် ; [ နင် လူမှားပို့မိထားတာလား ]
စန်းရန် ; [ ? ]
စက္ကန့်ပိုင်းကြာပြီးနောက်တွင် စန်းရန်က ထပ်၍ လက်မပုံတစ်ပုံ ပို့လာသေး၏။
"...."
ဝိန်းရိဖန်တစ်ယောက် ကြာလေ ရှုပ်ထွေးလာလေဖြစ်ကာ စန်းရန်၏အတွေးကို လုံးဝနားမလည်နိုင်ပါတော့ပေ။ သို့သော်လည်း အမေးသင်္ကေတနှစ်ခုနှင့် လက်မတစ်ခု အရ ဘာမှမဟုတ်ကြောင်း ရည်ရွယ်ချင်သလိုလိုပါပင်။ ပါးစပ်ထဲမှ အမြှုပ်များကိုထွေးထုတ်လိုက်ပြီး သူမအနေဖြင့် ဘာပြောရမှန်းမသိပါတော့၏။
ထို့အပြင် ဤလူ၏စိတ်အတက်အကျက အတော်လေးကိုပုံမှန်မဟုတ်ကြောင်းပါ တွေးမိပါတော့သည်။
နေ့တိုင်းနေ့တိုင်း တစ်မျိုးမဟုတ်တစ်မျိုး ထူးဆန်းနေသည်လည်း မဟုတ်လား။
ဝိန်းရိဖန်က များများစားစားမတွေးနေတော့ဘဲ ဤလက်မပုံအား မူရင်းအဓိပ္ပါယ်အတိုင်းဖြစ်သည့် စန်းရန်က သူမအား ကြိုးစားပမ်းစားအလုပ်လုပ်ရန် မနက်ခင်းစောစော အားလာပေးနေသည်ဟုသာ မှတ်ယူလိုက်တော့၏။
ဤကိစ္စမျိုးက 'နင်ရော ငါ့ကိုပြန်ပို့ပေး' ဆိုသည့်သဘောသက်ရောက်ကြောင်း တွေးမိလိုက်ရင်း ဝိန်းရိဖန်က စန်းရန်ထံသို့ လက်မတစ်ခု ပြန်ပို့ပေးလိုက်တော့သည်။
------
Advertisement
အချိန်ကား မနက် ၈နာရီဝန်းကျင်။
ဝိန်းရိဖန်က အပေါ်ဝတ်အင်္ကျီကိုယူ ၊ လက်ထဲပိုက်ထားကာ အိမ်နေရင်းဖိနပ်ပါးဖြင့် အိပ်ခန်းထဲမှထွက်လာခဲ့သည်။ စန်းရန်က အိပ်ရာနိုးကောင်းနိုးနှင့်နေပြီဖြစ်နိုင်သော်လည်း မနက်ခင်းအစောပိုင်းပင်ရှိသေးသောကြောင့် ဝိန်းရိဖန်ကလှုပ်ရှားမှုများအား အတတ်နိုင်ဆုံးငြင်သာထားလိုက်သည်။
စန်းရန်က အိပ်ခန်းထဲမှထွက်မလာနိုင်လောက်သေးသည်ဟု ထင်မှတ်ထားသော်ငြား မီးဖိုချောင်ထဲဝင်လာသည့်အချိန်တွင်တော့ ထိုသူက ပန်းကန်စင်နားလေး၌ရပ်ပြီး ရေခဲရေသောက်နေလေ၏။ စန်းရန်က ခပ်မှောင်မှောင်အရောင်များကိုသဘောကျပုံရပြီး အိမ်နေရင်းအဝတ်အစားများကအစ အရောင်ရင့်များသာဖြစ်သည်။သူက အနက်ရင့်ရင့်တီရှပ်တစ်ထည်နှင့် အရောင်တူဘောင်းဘီရှည်အား သမာရိုးကျဝတ်စားထားပြီး အိပ်ရေးမဝထားသည့်အလား အနည်းငယ်အိပ်ချင်မူးတူးပုံံစံမျိုးဖြစ်သည်။
ဤအခိုက်အတန့်တွင် စန်းရန်က ခေါင်းငုံ့ထားရင်း တစ်ဖက်ကလည်းဖုန်းကစားနေ၏။
သူမ ရောက်လာမှန်းသိသည့်အခိုက်တွင် အေးအေးလူလူပုံစံဖြင့်မျက်လုံးပင့်လာသည်။
ဝိန်းရိဖန်က ရေခဲသေတ္တာထဲမှ ဒိန်ချဥ်တစ်ဘူးနှင့်ပေါင်မုန့်တစ်ထုပ်ကို ထုတ်ယူလိုက်ကာ ရေခဲသေတ္တာအား ပြန်ပိတ်လိုက်သည့်အချိန်တွင်တော့ ချိတုံချတုံဖြစ်သွားရင်း သူပို့ထားသည့် Wechat မက်ဆေ့အကြောင်း စကားစလိုက်၏။
"နင် မနေ့ညက ငါ့ကို wechat ထဲမှာစာပို့ထားတာ ပြောစရာတစ်ခုခုရှိလို့လား"
စန်းရန်က မျက်လွှာကိုပင့် ၊ သူမအား တည့်တည့်မတ်မတ်စိုက်ကြည့်လာပြီး ရုတ်တရက်ဆိုသလို ပြုံးပြလာ၍
"ဘာမှမဖြစ်ခဲ့ချင်ယောင်ဆောင်တယ်ပေါ့?"
"...."
အကယ်၍ ဝိန်းရိဖန်သာ မနေ့ညက အရက်သောက်မိခဲ့လျှင် ကိုယ့်ကိုကိုယ်နှင့်ပတ်သတ်ပြီး အာမခံနိုင်မည်မဟုတ် ၊ သူမအနေဖြင့် အမူးလွန်ပြီး ဘာလုပ်ထားလို့လုပ်ထားမှန်းမသိဖြစ်နေမည်မှာအမှန်ပင်။
မီးခတ်ကျောက်နှစ်ခု ပွတ်တိုက်လိုက်သည့်အချိန် ပွင့်ထွက်လာသည့် မီးစတစ်ခုကဲ့သို့ လျပ်တပြက်အချိန်လေးအတွင်း မနေ့ည ကိုးနာရီမထိုးခင်မှကိစ္စများ ပြန်တွေးကြည့်ပစ်လိုက်သည်။
မနေ့ညက သူမ အိမ်ရောက်သည်နှင့် စန်းရန်အား စောစောအနားယူချင်ကြောင်းရှင်းပြပြီး တီဗွီအား ၉နာရီမထိုးခင်ပိတ်ပေးရန် ပြောဆိုခဲ့သည်။ သို့သော် နှစ်ယောက်သား အိမ်ခန်းမျှမနေခင်တုန်းက သူမဘက်မှထုတ်ထားသည့်စည်းကမ်းမှာ ည ၁၀နာရီနောက်ပိုင်းတွင်မှ ဆူဆူညံညံမလုပ်ရန်ဖြစ်၏။
အချိန်တစ်နာရီ စောသွားခဲ့ခြင်းပေ။
ဝိန်းရိဖန်အနေဖြင့် ဤကိစ္စအား ပြဿနာကြီးကြီးမားမားဟုမတွေးထားသော်ငြား...
စန်းရန်သည်တော့မဟုတ် ၊ သူဆိုသည်မှာ အမြဲတမ်း ကိစ္စသေးသေးကို ပြဿနာကြီးကြီးမားမားဖြစ်အောင် လုပ်လိုက်ရမှ...
ဖြစ်နိုင်သည်မှာ စန်းရန်က ထိုကိစ္စအားတွေးလေလေ အချိန်တစ်နာရီစောပြီးအသံတိတ်ပေးလိုက်ရသည့်ကိစ္စက သူ့အား မပျော်မရွှင်ဖြစ်အောင်လုပ်လေလေမျိုးပင်။
ဝိန်းရိဖန်က ရှင်းပြလိုက်၏။
"မနေ့ညကတော့ အရေးကြီးနေတဲ့အခြေအနေမျိုးမလို့..နင့်ကိုအနှောက်အယှက်ဖြစ်သွားစေမိရင် တောင်းပန်ပါတယ်..နောက်ဆိုရင် အဲ့လိုမဖြစ်စေရဘူး..ငါ့အတွက် ထည့်စဥ်းစားပြီးလိုက်လျောပေးခဲ့တဲ့အတွက်လည်းကျေးဇူးတင်ပါတယ်"
"...."
စန်းရန်က မပူမအေးမျက်နှာမျိုးဖြင့် အကြည့်လွှဲလိုက်ပြီး
"ရတယ်"
ဝိန်းရိဖန်က သက်ပြင်းရေးရေးချလိုက်၏။
"ကိုယ့်အနေနဲ့ပြောရရင် ဒီကိစ္စက သေးသေးမွှားမွှားလေးမဟုတ်ဘူး"
စန်းရန်က ခေါင်းတစ်ဖက်စောင်းလိုက်ရင်း ဆက်၍
"နောက်ဆို ဒီလိုကိစ္စမျိုး ထပ်ပြီးလုပ်လာခဲ့ရင် မင်းဘက်ကနေ ကိုယ့်ကို ကျိုးကြောင်းဆီလျော်မယ့်ရှင်းပြချက်တစ်ခုလောက်တော့ ပေးနိုင်မယ်လို့ မျှော်လင့်တယ်"
"...."
ဤတစ်ကြိမ်တွင်တော့ ဝိန်းရိဖန်တစ်ယောက် စန်းရန်ကအလွန်လက်ပေါက်ကတ်ပြီး ပြောရဆိုရခက်ကြောင်း အမှန်တကယ်ခံစားမိလိုက်တော့၏။
ဒါမျိုးကိုလည်း ကိစ္စကြီးကြီးမားမားလို့ ခေါ်တာပဲလား?
တီဗွီအသံလေး လျော့ခိုင်းမိတာကိုတောင်မှလေ...
ဝိန်းရိဖန်က သည်းညည်းခံလိုက်ရင်း
"အင်း..ငါ ပေးမှာပါ"
-----
ဝိန်းရိဖန် ရုပ်မြင်သံကြားဌာနသို့ရောက်သည့်အချိန်တွင် ရုံးခန်းတစ်ခုလုံးက ဗလာကျင်းနေဆဲ။ ပထမဦးစွာ လက်ဖက်ရည်ခန်းထဲသို့သွားပြီး ကော်ဖီတစ်ခွက်ဖျော်လိုက်ကာ ပြန်ထွက်လာသည့်အချိန်တွင် စုထျန်းက ရောက်နှင့်နေပြီ။ စုထျန်းက အလွန်ကိုမှအိပ်ချင်နေသည့်အလား စားပွဲပေါ်၌ မှောက်ပြီးအိပ်နေလေသည်။
နှုတ်ဆက်လိုက်သည့်အနေဖြင့် ဝိန်းရိဖန်က စကားဆိုလိုက်၏။
"နင် ဒီနေ့စောလိုက်တာ"
"အိမ်မပြန်ဘူးလေ..တစ်ညလုံး အချိန်ပိုဆင်းပြီး အခုလေးတင် စက်ခန်းထဲကထွက်လာတာ..ငါ ခဏလောက်အိပ်လိုက်ဦးမယ်"
"ရတယ်လေ"
ဝိန်းရိဖန်က ဆက်၍
"ဒါဆို နင် အိပ်နေလိုက်..တစ်ခုခုဆို ငါနင့်ကို နှိုးလိုက်မယ်..ဒါပေမယ့် စားပွဲပေါ်မှောက်အိပ်နေတာမျိုးက သက်တောင့်သက်တာမရှိလောက်ဘူး..ဆိုဖာပေါ် သွားအိပ်ပါလား..ငါ့ဆီမှာ ခြုံစောင်ရှိတယ်"
"ရတယ် ရတယ်..ငါ နာရီဝက်လောက်ပဲအိပ်မှာ..စာရေးစရာတွေကျန်သေးတယ်"
ဝိန်းရိဖန်က စကားထပ်မဆိုတော့သော်လည်း ခြုံစောင်ကိုတော့ စုထျန်းထံလှမ်းပေးလိုက်သေးသည်။ အချက်အလက်ဖိုင်များထဲသို့ ဝင် ၊ လိုအပ်သည့်စာတမ်းများကိုထုတ်ပြီး ခဏနေလျှင်အသုံးပြုရမည့် အင်တာဗျူး၏အဓိကအချက်များကို ရေးထုတ်နေလိုက်၏။
အချိန်မည်မျှကြာသွားခဲ့မှန်းမသိ ၊ ဘေးနားရှိ စုထျန်းက ရုတ်တရက်မတ်မတ်ထထိုင်လိုက်ကာ အသက်ရှူသံများပြင်းပြပြီး အိပ်ချင်မူးတူးဖြင့် ဝိန်းရိဖန်ဘက်သို့လှည့်ကြည့်လာ၍
"ရိဖန်"
အသံကြားရာ ဝိန်းရိဖန်လှည့်ကြည့်လိုက်၏။
"ဘာဖြစ်လို့လဲ"
"ငါ အခုလေးတင် အိပ်မက်ဆိုးမက်လို့"
စုထျန်း၏နဖူးထက်တွင် ချွေးစေးများပြန်နေပြီး သူမ၏ပုံစံက သက်တောင့်သက်တာအိပ်ပျော်ပုံမရ၏။
"အိပ်မက်ထဲမှာ ငါက ဒီနေရာမှာ လှဲအိပ်နေတာတဲ့..ပြီးတော့ နင် စာရိုက်နေတဲ့အသံကိုကြားနေရပြီး ဒီနားလေးမှာ ကလေးငိုသံတစ်ခုလည်းရှိနေသေးတယ်..ငါ့ကျောပေါ်ကိုလည်း တစ်ခုခုဖိထားသလိုမျိုးနဲ့"
ဝိန်းရိဖန် ;
"နားထောင်ကြည့်ရတာတောင် ဘာဖြစ်လို့ ဒီလောက်ထိကြောက်စရာကောင်းနေရတာလဲ"
"ဟုတ်တယ်နော်..ငါဆို ခုဏတုန်းက အသက်ရှူကြပ်နေသလိုမျိုးကြီး..ပလပ်စတစ်အိတ်ထဲထည့်ခံထားရသလိုမျိုး ဘယ်လိုလှုပ်လှုပ် လှုပ်လို့လည်းမရ ၊ သတိလည်းမရနဲ့"
"ကြည့်ရတာ ဘီလူးစီးတာနေမှာ..နင် ခုဏတုန်းက မှောက်အိပ်နေတာမလို့ သွေးကြောတွေကောင်းကောင်းမစီးတာဖြစ်လောက်တယ်..ဆိုဖာပေါ်မှာသွားအိပ်လိုက်ပါလား..ထပ်မဖြစ်လောက်တော့ဘူး"
"ထားလိုက်ပါတော့..စိတ်ထဲမှာ ကြောက်နေလို့ အိပ်လို့မရလောက်ဘူး..ဒီလောက်ထူးဆန်းတဲ့အိပ်မက်မျိုးကို ပထမဆုံးမက်ဖူးတာပဲ"
စုထျန်း၏စကားကိုကြားလိုက်ရလျှင် ဝိန်းရိဖန်က တစ်ခုခုကို အမှတ်ရသွားခဲ့ပြီး
"ငါလည်း မနေ့ညက အရမ်းထူးဆန်းတဲ့အိပ်မက်တစ်ခု မက်တယ်"
စုထျန်းက ရေခွက်ကိုလှမ်းယူရင်း
"ဘယ်လိုမျိုးလဲ"
"ဒါပေမယ့် အိပ်မက်ဆိုးလို့လည်း ပြောလို့မရလောက်ဘူး..အိပ်မက်ထဲမှာ ငါက မှောင်မည်းနေတဲ့တောအုပ်ကြီးထဲကို တစ်ယောက်တည်းဝင်သွားခဲ့တာ..အချိန်ကြာကြီး လျှောက်နေပေမယ့် ထွက်ပေါက်ကိုမတွေ့ဘူး..နောက်တော့ မိုးချုပ်သွားခဲ့လို့ ငါ ဘာမှလည်းမမြင်ရတော့ဘူး..အဲ့ချိန်မှာ တဖြည်းဖြည်းနဲ့ အေးစိမ့်လာရော"
Advertisement
"ပြီးတော့ရော?"
"နောက်တော့ ငါ လျှောက်လာခဲ့တဲ့လမ်းပေါ်မှာ နေမင်းကြီး ရှိနေတာကို ရုတ်တရက်သတိရမိသွားခဲ့တယ်..အဲ့ဒါနဲ့ ငါ နောက်ပြန်လှည့်ပြီး နေမင်းကြီးရဲ့အနွေးဓါတ်ကို ပြန်ရှာခဲ့ရင်း အချိန်အကြာကြီး လမ်းလျှောက်လာခဲ့ပြီးတဲ့နောက်မှာတော့ ငါ တကယ်ရှာတွေ့ခဲ့တယ်"
စုထျန်းက သဘောတရားကျကျဖြင့် ထောက်ပြလာခဲ့၏။
"မိုးတောင်ချုပ်နေပြီမဟုတ်ဘူးလား..ဘယ်ကနေရောက်လာတဲ့ နေမင်းကြီးရှိမှာလဲ"
ဝိန်းရိဖန်က ပြုံးလိုက်ရင်း
"အဲ့ဒါကြောင့်မလို့ အိပ်မက်လို့ ပြောတာပေါ့"
"ဒီလိုပဲ ပြီးသွားတာလား..နင်ရော တောအုပ်ကြီးထဲကနေထွက်လာနိုင်ခဲ့လား"
"ထွက်လာနိုင်ခဲ့တယ်..နေမင်းကြီးကိုတွေ့လိုက်ကတည်းက ထွက်လာနိုင်ခဲ့တာ"
ဝိန်းရိဖန်က ပြန်တွေးကြည့်လိုက်သော်လည်း အိပ်မက်ထဲမှမှတ်ဥာဏ်အပိုင်းအစများဟာ မှေးမှိန်လွန်းသဖြင့် ထိုအချိန်တုန်းကမြင်ကွင်းနှင့်ပတ်သတ်၍ ရှင်းရှင်းလင်းလင်းမမှတ်မိပါတော့ပေ။
"ပြီးတော့..ငါ နေမင်းကြီးကိုမြင်လိုက်ရတဲ့အချိန်တုန်းက..ကြည့်ရတာ..."
"ဘာလဲ?"
"မနေနိုင်ပဲ လှမ်းပွေ့ဖက်လိုက်သလားလို့"
------
ဝိန်းရိဖန်က ယနေ့ စောစောအလုပ်လာခဲ့သည့်အပြင် အခုတလော၌ ဌာနထဲတွင်အလုပ်ပါးနေခဲ့သဖြင့် ပုံမှန်အချိန်တိုင်းအလုပ်ဆင်းလာနိုင်ခဲ့သည်။
အိမ်ရာဝန်းထဲသို့ဝင်လာပြီး ဓါတ်လှေကားအရောက်တွင် တိုက်တိုက်ဆိုင်ဆိုင် စန်းရန်နှင့်ဆုံလေ၏။ သူသည်လည်း အခုလေးတင်မှ ပြန်ရောက်လာပုံရပြီး မြေအောက်ကားပါးကင်မှတဆင့် ဓါတ်လှေကားစီးလာကာ လက်ရှိတွင်ဖုန်းပြောနေခြင်းဖြစ်၏။
ဝိန်းရိဖန်က နှုတ်ဆက်သည့်အနေဖြင့် ခေါင်းငြိမ့်ပြလိုက်၏။
စန်းရန်က သူမအား တစ်ချက်ကြည့်ရုံသာကြည့်လာ၏။
တစ်ခဏကြာပြီးတွင် စန်းရန်က ပျင်းတိပျင်းရွဲအသံဖြင့်
"လျှောက်တွေးမနေနဲ့..မင်းအပေါ်ကို ဘာစိတ်မှမရှိဘူး"
"...."
အချိန်ကိုက်ဆိုသလို ဆယ့်ခြောက်လွှာသို့ ရောက်လာခဲ့သည်။
ဝိန်းရိဖန်က အိတ်ကပ်ထဲမှ အိမ်သော့ကိုထုတ်လိုက်ရင်း ဓါတ်လှေကားထဲမှ ထွက်လာခဲ့သည်။
စန်းရန်က သူမ၏အနောက်မှ လိုက်လာပြီး
"မင်း ငါ့ကိုပြောစမ်းပါ..သူ(မ)က မင်းအပေါ်ကို ဘယ်လိုမပြတ်မသားပုံစံမျိုးတွေလုပ်တာလဲ"
ဝိန်းရိဖန် အိမ်တံခါးကိုဖွင့်လိုက်ပြီး အိမ်နေရင်းဖိနပ်ပါးအား လဲစီးတော့မည့်အခိုက်တွင်..
အနောက်ဘက်မှစန်းရန်က ဆက်၍စကားဆိုလာ၏။
"မင်းကို ဖက်လိုက်တာလား?"
"...."
ဤစကားသံက တံခါးပိတ်သံနောက်မှ ကပ်လိုက်လာခြင်း။
တစ်ချိန်တည်းဆိုသလို စန်းရန်က ဝိန်းရိဖန်၏ခေါင်းကို လှမ်းပုတ်လိုက်၍
"ဝေ့"
ဝိန်းရိဖန် လှည့်ကြည့်လိုက်၏။
"မင်းတို့မိန်းကလေးအချင်းချင်းတွေဆိုတော့ မင်း ဖြေကြည့်"
စန်းရန်က မေးငေါ့ပြ၍
"အဲ့လူက ကိုယ့်သူငယ်ချင်းကို ဖက်သွားတယ်ကွာ..နောက်နေ့ရောက်တော့ ဘာမှမဖြစ်ခဲ့တဲ့အတိုင်း နေနေတယ်..အဲ့ဒါက ဘာအဓိပ္ပါယ်လဲ"
ဝိန်းရိဖန်က ချက်ချင်းပြန်မဖြေတတ်ဘဲ
"အာ?"
စန်းရန် ;
"အဲ့လိုလုပ်ရင် ရဲတိုင်လို့ရလား"
"...."
ဝိန်းရိဖန်က ကြောင်အမ်းနေရင်း အတွေတွေအဝေဝေဖြင့်
"ဖက်တာလား..အဲ့လောက်ထိ လုပ်စရာမလိုဘူးထင်..."
စန်းရန်၏အမူအရာကို လှမ်းကြည့်နေရင်း ဝိန်းရိဖန်က ငြင်ငြင်သာသာဖြင့်သာဆက်ပြောလိုက်၏။
"အဓိကအချက်က နင့်သူငယ်ချင်းနဲ့ အဲ့ဒီမိန်းကလေးက ဘယ်လိုဆက်ဆံရေးမျိုးဆိုတာပေါ် မူတည်တယ်လေ..ဖြစ်နိုင်တာကတော့ စိတ်အခြေအနေမကောင်းလို့ နှစ်သိမ့်ပေးတာကို လိုအပ်နေတာမျိုးများလား"
စန်းရန်က စကားမပြော။
သူ့အမူအရာကြီးကြောင့် ဝိန်းရိဖန်တစ်ယောက် သူမကိုယ်တိုင်က ယခုကိစ္စကိုလုပ်ထားသည့်တရားခံအလား ခံစားမိလာရကာ စကားပြောရန်ပင်ခက်ခဲလာတော့၏။
"ဒီလိုဖက်တာမျိုးက အခြားအဓိပ္ပါယ်မျိုးတွေမပါဘဲ ဒီတိုင်း သူငယ်ချင်း အချင်းချင်း...."
စန်းရန်ထံမှ စိုက်ကြည့်ခံနေရခြင်းကြောင့် ဝိန်းရိဖန် ဆက်မပြောနိုင်တော့ဘဲ
"ဒါပေမယ့် နင့်သူငယ်ချင်းနဲ့ အဲ့ဒီမိန်းကလေးကြားက အခြေအနေကို ငါမှမသိတာ..ငါ ပြောတဲ့စကားတွေက ဟုတ်ချင်မှလည်းဟုတ်မှာ"
ဤစကားအဆုံးတွင် စန်းရန်က သူ့အကြည့်များအား ပြန်ရုတ်သိမ်းလိုက်ပြီး ဖုန်းတစ်ဖက်မှလူအား လှမ်းပြောလိုက်၏။
"မင်းကို မေးနေတယ်..အဲ့လူနဲ့ မင်းနဲ့က ဘယ်လိုဆက်ဆံရေးမျိုးလဲတဲ့"
"မင်း ရူးနေတာလား!..ဘာကို ရဲတိုင်မှာလဲ!"
အခြားတစ်ဖက်ရှိ ချန်ဖေးမှာ အချိန်အကြာကြီးလျစ်လျူရှုခံထားရသဖြင့် အသံနေအသံထားက ပိုမြင့်လာပြီး
"ဆက်ဆံရေးက ဘယ်လိုဖြစ်ရဦးမှာလဲ!..လောင်ဇစ်ရဲ့ နတ်သမီးလေးကို တိတ်တခိုးချစ်နေတာ တစ်နှစ်ကျော်ပြီ!"
"...."
ချန်ဖေး ;
"ပြီးတော့ မင်းဘာတွေပြောနေတာလဲဟာ! ငါပြောလိုက်တာကို မင်း သေချာမကြားရလို့လား!..ငါ့နတ်သမီးလေးက ချစ်သူများနေ့တုန်းက ငါ့ကို ချောကလက်ပေးသွားတာ!..ဖက်သွားတာ မဟုတ်ဘူး!..နားလည်ပြီလား!"
"အို့..သူပြောတာ ဟိုတစ်ယောက်က.."
စန်းရန်က လက်ထဲမှဖုန်းကို ချထားလိုက်ပြီး ဝိန်းရိဖန်အား အထက်မှအောက်ထိ တစ်ချက်လှမ်းကြည့်ကာ မသိလျှင် သူမ၏ခန္ဓာကိုယ်ပေါ်မှ အဖြေထွက်လာမည့်အလားပင်။
"သူ့ကို အရူးအမူးချစ်နေတဲ့လူတဲ့"
"...."
(Zawgyi)
"မင်း ဒါဘာလုပ်နေတာလဲ"
ဝိန်းရိဖန်က ပြန်မဖြေ။
"ဘာပြောလိုက်တာလဲ ဟမ်"
"ဝိန်းရိဖန်?"
"...."
Advertisement
- In Serial20 Chapters
Terminal
My heart was shattered that day. It was on that day that I realized that life had an end, and that mine was coming. It was on that day that I realized that I was going to die. Leukemia, they told me. It's almost over. I didn't know what to do after that. I thought that maybe it would be best to die right then, get it over with. I thought that I could push myself away from all my friends, all my family, stop them from missing me after I was gone. I thought that I could handle it on my own, that perhaps the world was better off without me. I was wrong. So please help me, I'm dying. Save me, I'm falling. They tell me I won't survive. Please catch me, because if you don't, I'll shatter. I can't grab on anymore, I can't keep fighting. It's going to swallow me up. My name is Alyssa Gray, and by the time you finish reading this, I'll be dead. ________________________________ A few warnings and things to note: -I've put up the tramatising content tag due to a lot of mentions on death, dying, illness, and a mother who tends to be rather cruel. I know that I take a perspective that many will strongly disagree with, and I'm okay with that. Just be warned that this isn't lighthearted stuff. This is real, and death is real, and this part streaches beyond the fiction into reality. -I'm going to say a minor spoiler, but I don't want it to take you unaware because it is something to be aware of. At one point, my MC attempts suicide and fails. It's a very violent scene and I will put up the gore tag after writing this, and it's also just really depressing. If this will be triggering, you need to be aware of this before you read it. -This is a christian book. It may go against some of your beliefs. I hope that you can read and comment anyway even if some of it does not sit well with you. Credits for the cover go to the user 'Media in Sanity'. Your help and assitance has meant so much to me, God bless you in your writing and your endevours. A proud member of WriTE. I've promised to finish this fiction and update it at least once a month. My schedule is very irregular, and I'm working on that, but I'm going to do everything I can to make sure that this book stays out there. I'm not ending it until it's done.
8 180 - In Serial51 Chapters
DDLG Academy: Double Life
Forced upon her to attend Ravenwood Academy, a special school for Ddlg/Mdlb, Carmen Aguilar is more than unhappy when she finds out that she has to attend there and be a little for someone else. Coming from a background where her parents married over a Ddlg relationship, both her parents thought it was a good idea to enroll her so she can find the "one". She's mad but still goes to attends so she can make both her parents happy and proud.Zane Black the son of the headmistress of the school and soon to be the heir of the Black fortune. His parents too got together through a DDLG academy and got together. Zane is known to be serious but with his little, he's always a bundle of joy. But now there's something no one knows about Carmen, she's living a double life. In the daytime, she's a little, but when nighttime hits she's one of the most popular faceless gaming streamers there is. What happens when Zane chooses Carmen to be his little? Will he be able to tame her and make her enjoy being his little? Or will she dismiss him and just play this whole thing off as if it was another game to her.
8 206 - In Serial70 Chapters
His Reporter Biwi.✅
Excuse me!? .. What? Marriage? What marriage are you talking about?" I shouted. Shreya, you are being called. You start in exactly 1.5 minutes. Hurry up!" shouted Rahul, my colleague.Without thinking I started running out of my room and like a klutz I am, was about to fall down when a strong pair of arms caught me. He helped me stand properly."Aree you all right?" He asked." Yes" I replied promptly."I'm Kabir." He said extending an arm towards me."And I'm late" I shouted and ran to the PR. I heard some chuckles........Shreya Kashyap- She is a 24 years old Reporter. She loves her job and is dedicated to it wholeheartedly. She works in a reputed news channel. She is very confident and sarcasm drips off her tongue. She is her daddy's little girl and the centre of her brothers existence. She has been single is all the 24 years of her existence. Though she has a vast friend circle, her best friend is Anika, who is a reporter too. They both work in the same organisation and have known each other since they were is diapers.Kabir Rathore- He is 27 year old CEO of his own company. He has a very powerful aura around him and he loves his family and can do anything for them. He is a man of less words. He is his mummy's boy. He has many acquaintances but one best friend Dhruv Singhania who is the CFO of Kabir's company. He avoids the topic of marriage like plaque.
8 160 - In Serial13 Chapters
Healing in Medicine Bow
Misty Rundell, a bright eyed waitress and single mother was running for her life. She would do anything to protect her tiny daughter, even if it meant running from town to town for the rest of their lives.Jackson Silverman, a grouchy, but young and successful rancher, had sworn off women three years ago after he found his wife in HIS bed with one of the ranch hands. He was an impossible man to read and he always wore a scowl under his Stetson. He has never been known for being gentle, and certainly never known to smile.So, what happens when a friend intervenes and a certain past comes to haunt?
8 123 - In Serial40 Chapters
His Angel - Klaus Mikaelson
"you saved me"∆ ∆ ∆Life has never been simple for Kaitlyn Paige. From the very beginning of her youth she has known pain. After the mysterious death of her mother, Kaitlyn's body had stopped aging, and she didn't know why.She has been stuck in the body of a 17-year-old since 1864, and has spent her whole life running away from curious doctors, only once getting caught.It is the year 2010 when she finally arrives at the city of Mystic Falls, expecting a peaceful life.That is of course, until she gets sucked into all the supernatural drama which never seems to leave the town. 1x22 - 3x22P.S. unedited. BEWARE of a few spelling and grammatical mistakes. Maybe some plot holes...HIGHEST RANKING:#1 in klausmikaelson#2 in popular #2 in katherinepierce
8 190 - In Serial26 Chapters
Her Bodyguard
Katlyn, a young woman in her early 20's. Taken in by the mafia years ago for a reason she didn't dare speak of... Until she met her, the bosses daughter. Warning - Contains mature language, mention of assault, sexual content. There is a warning before all of these events throughout the story.If you don't like it, stop reading. It's not hard.
8 228

