《First Frost (Myanmar Translation)》Chapter 27
Advertisement
အခြေအနေမှာ အတော်လေးကသိကအောက်နိုင်လျက်။
စန်းရန်က ထိုစကားကိုပြောလာသည့်အချိန် အဘယ်ကြောင့် သူမကိုကြည့်၍ပြောနေမှန်းလည်းမသိ ၊ ဝိန်းရိဖန်က အကြည့်လွှဲလိုက်ကာ အထဲသို့လျှောက်ဝင်လာရင်း
"ဒါဆို နင့်သူငယ်ချင်းက တော်တော်စွဲဆောင်မှုရှိလို့ပဲနေမှာ"
ဤစကားကိုပြောလိုက်ရင်း စိတ်ထဲမှနေ၍လည်း တိတ်တခိုးသက်ပြင်းချလိုက်မိ၏။
စန်းရန်ရဲ့သူငယ်ချင်းလို့ မပြောရဘူး..စကားပြောတာတောင်မှ တစ်လေသံတည်း...
စန်းရန်၏အကြည့်များက အဓိပ္ပါယ်ပါပါဖြင့် သူမပေါ်၌သာကပ်ညှိနေဆဲ။
ထို့နောက် ရုတ်တရက်ဖုန်းချပစ်လိုက်တော့၏။
ဝိန်းရိဖန်က ထုံးစံအတိုင်းကော်ဖီစားပွဲနားတွင်ထိုင်ပြီး ရေနွေးတစ်အိုးတည်လိုက်သည်။
ရေနွေးပွက်မည်ကိုစောင့်ရင်း စန်းရန်သည်လည်း သူထိုင်နေကျနေရာတွင်ထိုင်လိုက်ကြောင်း မျက်ဝန်းထောင့်မှတဆင့်လှမ်းမြင်နေရသည်။ ဝိန်းရိဖန်အနေဖြင့် လောလောလတ်လတ်လုပ်စရာအလုပ်လည်းမရှိသဖြင့် စန်းရန်၏အခုလေးတင်ဖုန်းပြောထားသည့်စကားများကို အစအနကောက်ကြည့်ရင်းစကားဆိုလိုက်၏။
"ဒါပေမယ့်..ဟိုမိန်းကလေးက နင့်သူငယ်ချင်းကို ဖွင့်ပြောထားပြီးပြီလား"
စန်းရန် လှမ်းကြည့်လာ၍
"ဘာလဲ"
"နားထောင်ကြည့်ရသလောက်တော့ မဟုတ်သေးဘူးထင်တယ်..တကယ်လို့သာ ဟိုမိန်းကလေးက နင့်သူငယ်ချင်းကို အရမ်းသဘောကျနေတာဆိုရင်တော့ သူ ဖက်လိုက်တဲ့အကြောင်းပြချက်က အရမ်းသိသာနေပါပြီ..နင့်သူငယ်ချင်းက နင့်ကို တကူးတကမေးပြီး အဖြေရှာနေစရာတောင်မလိုဘူး"
"အို့..အဲ့ဒါနဲ့.."
စန်းရန်က စကားလုံးတစ်လုံးချင်းစီတိုင်းအား အားနှင့်မာန်နှင့်ထုတ်ပြောလာတော့၏။
"ဘာမှမစဥ်းစားတော့ဘဲ ကိုယ်ကျိုးအတွက် လုပ်ချင်ရာလုပ်ပစ်လိုက်တယ်ပေါ့"
"...."
ဤအသားယူသည့်ကိစ္စကျူးလွန်ထားသူမှာ သူမ မဟုတ်ပါသော်လည်း ဝိန်းရိဖန်တစ်ယောက် စိတ်မသိုးမသန့်ဖြစ်နေရသည့်ခံစားချက်ကြီး ဖြစ်တည်နေပါတော့၏။ ထို့ကြောင့် တစ်ခဏမျှငြိမ်နေမိပြီး တည်တည်ငြိမ်ငြိမ်ဖြင့်စကားဆက်၏။
"ဒါပေမယ့် ငါ ခုဏလေးတုန်းက နင့်သူငယ်ချင်းပြောတဲ့စကားတွေကိုနားထောင်ကြည့်ရတာ ဟိုမိန်းကလေးက သူ့ဘက်ကသဘောထားကို ရှင်းရှင်းလင်းလင်းမဖော်ပြထားဘူးထင်တယ်"
စန်းရန်က ဆိုဖာပေါ်မှီချလိုက်ပြီး မျက်နှာပေးမှာ မထီမဲ့မြင်ပြုနေသည့်အမူအရာမျိုး။
"နင့်သူငယ်ချင်းဘက်ကများ..."
ဝိန်းရိဖန် တစ်ခဏလေးရပ်တန့်လိုက်၏ ၊ 'ကိုယ့်ဘာသာကိုယ်လျှောက်ထင်' ဆိုသည့်စကားလုံးကို ပြန်မြိုချလိုက်ပြီး ထို့အစား
"နားလည်မှုလွဲနေတာရော မဖြစ်နိုင်ဘူးလား"
"...."
အချိန်ကိုက်ဆိုသလို ရေနွေးအိုးဆူသွား၏။
'စန်းအေးတိအေးစက်'က ဝိန်းရိဖန်တစ်ယောက် ရေနွေးပွက်ပွက်ဆူအား ဖန်ခွက်ထဲသို့ထည့် ၊ ထို့နောက် ရေအေးထပ်ထည့်နေသည်ကို စိုက်ကြည့်နေ၏။ ဖန်ခွက်ထဲမှရေမှာ အတော်အသင့်ခပ်နွေးနွေးဖြစ်သွားပြီးနောက်တွင် လက်နှစ်ဖက်နှင့်အုပ်ကိုင်ရင်း ဖြည်းဖြည်းချင်းမော့သောက်လိုက်ပြီးမှ သူ့အမူအရာအား သတိထားမိလိုက်တော့သည်။
ဝိန်းရိဖန် တုံ့ခနဲရပ်သွား၍
"နင် ရေသောက်ချင်လို့လား"
စန်းရန်က သူမအားလှမ်းကြည့်နေရင်း သူ့အသံက မရွှင်မပြဖြစ်နေပုံရကာ
"မင်းသာဘာမင်းပဲ သောက်တော့"
ဝိန်းရိဖန် ခေါင်းငြိမ့်ပြရင်း စန်းရန်က အဘယ်ကြောင့်ယခုလိုစိတ်အခြေအနေမျိုးဖြစ်သွားခဲ့မှန်းမသိတော့၏။ ဖန်ခွက်တစ်ဝက်နီးပါးသောက်ပြီးသွားသည့်အတွက် ရေနွေးအနည်းငယ်ထပ်ထည့်လိုက်ပြီးနောက် မတ်တပ်ထရပ်၍
"ဒါဆို ငါ အရင်သွားနားတော့မယ်နော်"
ဝတ်ကျေတန်းကျေပြန်ဖြေသည့် 'အင်း'ဆိုသည့်အသံတစ်ခုသာ ပြုပြီး တီဗွီလှမ်းဖွင့်လိုက်သည်။
ဝိန်းရိဖန်က ရေတစ်ခွက်နှင့်အတူ အိပ်ခန်းထဲသို့ ဝင်သွားခဲ့ပြီ။
အိပ်ခန်းတံခါး ဖွင့်သံ ပိတ်သံအပြီးတွင် စန်းရန်က ဆိုဖာပေါ် တစ်ဝက်လှဲချလိုက်၏။ လက်တံတောင်ဆစ်က ဆိုဖာလက်ရန်းပေါ်တင်ပြီး လက်တစ်ဖက်ဖြင့်မျက်နှာကိုထောက်ကာ မသိမသာလျော့စင်းသွားသောမျက်ခွံများနှင့်အတူ ခန္ဓာကိုယ်အနေအထားအား တစ်ချက်ညှိယူလိုက်သည်။
တီဗွီချန်နယ်များအား တစ်ခုမှ တစ်ခုသို့အပြောင်းတွင် ပထမ ထုတ်လွှင့်ပြသနေသည်မှာ ကစားပွဲအစီအစဥ်တစ်ခု။
အစီအစဥ်ထဲမှ အမျိုးသားရုပ်ရှင်သရုပ်ဆောင်က ; " ငါ့မှာ သူငယ်ချင်းတစ်ယောက်ရှိ..."
အခြားလူတစ်ဦးမှ စကားဖြတ်ပြောလာ၏ ; "မင်းလိုလူမှာ ဘယ်လိုလုပ်ပြီး သူငယ်ချင်းမရှိမှာတုန်း.."
စန်းရန်က စိတ်မပါလက်မပါဖြင့်ကြည့်နေခဲ့ပြီး နောက်ချန်နယ်တစ်ခုအား ချက်ချင်းပြောင်းလိုက်သည်။
နောက်ထပ်ချန်နယ်မှာ ရုပ်ရှင်ဇာတ်ကားတစ်ခုပြသနေခြင်းဖြစ်ပြီး ကြည့်ရသည်မှာ ဟာသဇာတ်လမ်းဖြစ်ပုံရသည်။ ခေတ်ဟောင်းဖလင်ပုံစံမျိုးထဲမှ အသတ်လတ်ပိုင်းအရွယ်အမျိုးသားတစ်ဦးက အော်ဟစ်လာ၏။
"သိပ်မချစ်မိပါစေနဲ့ဟေ့!"
ထပ်ပြောင်းလိုက်ခြင်း။
လက်ရှိနာမည်ကြီးနေသည့် ဇာတ်လမ်းတွဲဖြစ်ပြီး ဖန်သားပြင်မှ သရုပ်ဆောင်မင်းသမီးဟာ မျက်လုံးများနီရဲသည်အထိတရှိုက်ရှိုက်ငိုနေပြီး
"ရှင် ကျွန်မကိုဘယ်တုန်းကမှ မချစ်ခဲ့ဘူးမလား..ရှင် ကျွန်မကို တစ်ချိန်လုံး လိမ်ညာပြီးကစားနေ..."
"...."
စန်းရန် ခနဲ့တဲ့တဲ့လှောင်ရယ်လိုက်ပြီး တီဗွီကိုတန်းပိတ်ပစ်ကာ ရီမုအား တစ်ဖက်သို့ပစ်တင်လိုက်၏။
လက်ကိုင်ဖုန်းအား ကောက်ယူကြည့်လိုက်လျှင် ချန်ဖေးပို့ထားသည့်မက်ဆေ့များက ဇာတ်လမ်းတွဲသဖွယ် တသီတသန်း ၊ အားလုံးနီးပါးက သူ့အား အမြင်ကတ်စရာကောင်းကြောင်း ၊ မပြောမဆိုဖုန်းချပစ်လိုက်သည့် အပြုအမူကို ရှုတ်ချကြောင်းများသာ။
စန်းရန်က သူ့မက်ဆေ့များအား အရေးတယူမလုပ်မှန်းသိလိုက်သည်နှင့် ချန်ဖေးသည် အဆောင်အိပ်ခန်းဖော်များအုပ်စုဖွဲ့ထားသည့်မက်ဆေ့ဘောက်ထဲသို့ပြောင်း၍ စတင်သောင်းကျန်းပါတော့၏။
စန်းရန် စာပြန်မည်အပြုတွင်။
ဖုန်းမျက်နှာပြင်ထက်၌ ဖုန်းခေါ်ဆိုမှုတစ်ခုက လျှပ်တပြက်ပေါ်လာခဲ့၏။
--သွမ့်ကျားရွှီ
စန်းရန်က ဖုန်းဖြေဆိုမည့်နေရာအားပွတ်ဆွဲရင်း ဝရံတာဘက်သို့ထွက်လာခဲ့သည်။
"ပြော"
ဖုန်းတစ်ဖက်မှထွက်လာသည့် ယောက်ျားလေး၏အသံမှာ ကြည်လင်ငြင်သာခြင်းတို့အပြည့်ပါပြီး သူ့ပုံစံမှာ ပြုံးနေပုံလည်းရသည်။
"ညီအစ်ကို..ဘာလုပ်နေတာလဲ"
ရေခဲသေတ္တာထဲမှ ဘီယာတစ်ဘူးကိုထုတ်ပြီး လက်တစ်ဖက်ထဲဖြင့် အဖုံးဖွင့်လိုက်၏။
"မင်း ဒီနေ့ အရမ်းအားနေတာလား"
"အဲ့လောက်လည်း မဟုတ်ပါဘူး"
သွမ့်ကျားရွှီသည်လည်း စကားပြောသည့်နေရာတွင် အားနာပါးနာရှိနေသည်မျိုးမဟုတ် ၊ တည့်တိုးဆန်ဆန်ဖြင့် ဖြေးဖြေးချင်းဆိုလာ၏။
"မင်း အိမ်ပြောင်းသွားတယ်ဆို..ခဏနေ ငါ့ဆီ အိမ်လိပ်စာပို့ပေး..နောက်ကျရင် ပစ္စည်းတစ်ခုလှမ်းပို့လိုက်မယ်"
ဤစကားကြားလျှင်ကြားချင်း စန်းရန်က ချက်ချင်းသဘောပေါက်လိုက်သည်။
"ငါက ပစ္စည်းလိုက်ပို့နေတဲ့ကောင်လား"
သွမ့်ကျားရွှီက ခပ်တိုးတိုးရယ်လိုက်၍
"ဘာမှလည်း ပင်ပန်းတာလဲ မဟုတ်ဘဲနဲ့"
"ဒီတစ်ခေါက်ကရော ဘာအတွက်ဖြစ်ရပြန်တာလဲ..မတ်လ ၈ရက်နေ့ အမျိုးသမီးများနေ့အတွက်လား"
"ကလေးမလေးက ဘာကိစ္စနဲ့ အမျိုးသမီးများနေ့ကိုပါဝင်ဆင်နွှဲနေရမှာလဲ..မင်းညီမက လာမယ့်စနေနေ့ကျရင် ၁၈နှစ်ပြည့်မှာမဟုတ်ဘူးလား..ကောင်မလေးက အသက်ပြည့်တော့မှာလေ..အဲ့အချိန်ကျရင် မင်း ငါ့အစား သွားလက်ဆောင်ပေးပေး"
"ရတယ်လေ"
စန်းရန်က နှစ်စက္ကန့်မျှရပ်သွားရင်း မျက်ခုံးများပင့်မြှောက်လိုက်၍
"လာမယ့်စနေနေ့က သူ့မွေးနေ့လား"
"...."
Advertisement
စန်းရန်က ပန်းကန်စင်အားမှီထားကာ ဘီယာတစ်ငုံမော့သောက်လိုက်၏။
"မင်း ငါ့အိမ်ကို တန်းပို့လိုက်လို့ရနေတာကိုကွာ"
"မွေးနေ့မတိုင်ခင် လက်ဆောင် ကြိုရောက်နေရင် suprise မဖြစ်တော့ဘူးလေ"
" suprise က လုပ်ချင်နေသေးတယ်လား.."
စန်းရန်က နှာတစ်ချက်မှုတ်လိုက်၍
"မင်း အသက်ကဖြင့် အိုသေတော့မယ်"
"ကောင်မလေးတွေအားလုံး ဒီလိုမျိုးတွေကိုသဘောကျကြတယ်မလား"
သွမ့်ကျားရွှီက တစ်ခုခုကိုမှတ်မိသွားသည့်ဟန်ဖြင့်
"ဒါနဲ့..ငါ စုဟောက်အန်းဆီကကြားထားတာ မင်း အရင်က ယီဟဲကိုလာသွားသေးတယ်ဆို"
"...."
"ငါတို့နှစ်ယောက် တက္ကသိုလ်တုန်းကထွက်ထားတဲ့သတင်းကြောင့် ဟိုကောင်က ငါ့ဆီကို တကူးတကဖုန်းဆက်ပြီးကို ဆဲသွားသေးတယ်"
သွမ့်ကျားရွှီက တစ်ခဏရပ်ကာ စကားသံတို့ထဲတွင် စနောက်လိုသည့်အငွေ့အသက်များပါနေပြီး
"ပြောပါဦး..မင်း ယီဟဲကိုလာပြီး ငါ့ကို လာတွေ့တာလား?"
စန်းရန်က ဘီယာဘူးကိုယူကာ ဧည့်ခန်းထဲသို့ဝင်လာပြီးနောက်
"ဖုန်းချပြီ"
-----
နန်းဝူမြို့၏ရာသီဥတုမှာ အတည်တကျမရှိ။
ဝိန်းရိဖန်တစ်ယောက် အပူချိန်မြင့်မလိုလေး ခံစားမိရုံရှိသေး ၊ တစ်ညအိပ်ပြီးနိုးလာသည့်အခါ ရက်ဆက်တိုက် သည်းကြီးမည်းကြီးမိုးရွာနေပါတော့သည်။ မိုးပေါက်ကြီးများ ဗြုန်းခနဲရွာကျလာခြင်းမျိုးမဟုတ် ၊ မိုးစက်လေးများ တဖွဲဖွဲနှင့်မစဲတမ်း ရွာချနေခြင်းမျိုးပင်။
လူကို စိတ်လွင့်မျောသွားအောင်လုပ်ဆောင်နေခြင်းမျိုးဆိုလည်း မမှားပါပေ။
အပူချိန်ဒီဂရီမှာလည်း သိသိသာသာကို လျော့ကျသွားခဲ့၏။
ယခုလိုရာသီဥတုမျိုးတွင် ချန်ဝေ့ဟွာက အရေးပေါ်သတင်းတစ်ပုဒ်အချိန်မှီရလာခဲ့သည်။ အကြမ်းဖျင်းအခြေအနေမှာ နန်းဝူတက္ကသိုလ်၏ အဓိကကျောင်းဆောင်ကြီးနားတွင် စိတ်ကျန်းမာရေးချိုတဲ့နေသည့်အိမ်ခြေရာမဲ့ယောက်ျားတစ်ဦးက လေလွင့်လျက်ရှိသည်။ တစ်ခါတစ်ရံ အကြောင်းအရင်းမရှိပါဘဲ လူလိုက်ရိုက်တတ်ကာ ဤကဲ့သို့ဖြစ်နေသည်မှာ အချိန်တစ်ခုစာရှိပြီဖြစ်သည်။ သို့သော် ပြင်းပြင်းထန်ထန်ဒဏ်ရာရသွားသည့်သူမျိုးမရှိခဲ့သဖြင့် မည်သူကမှ အထူးတလည်ဂရုမစိုက်ဖြစ်ခဲ့ကြပေ။
ယနေ့မနက်တွင်လည်း တိကျခိုင်လုံသည့်အကြောင်းပြချက်မရှိပါဘဲ ထိုစိတ်ကျန်းမာရေးချို့တဲ့နေသည့်အိမ်ရာမဲ့ယောက်ျားက အဝတ်အစားများချွတ်ကာ ကိုယ်လုံးတီးဖြင့် လမ်းတကာပတ်နေသည့်အတွက် တက္ကသိုလ်ကျောင်းသားတစ်ဦး၏တားမြစ်ရပ်တန့်ခြင်းကို ခံလိုက်ရ၏။
ကျောင်းသားလေးအား တွန်းဖယ်ပစ်ပြီးနောက်တွင် အိမ်ရာမဲ့ယောက်ျားက လက်နောက်ပစ်ပြီး လျှောက်သွားနေဆဲ။
မကြာခင်ပင် ရဲအရာရှိများရောက်လာပြီး ထိုအိမ်ရာမဲ့လူအား ထိန်းသိမ်းထားရန် ရဲစခန်းသို့ခေါ်သွားခဲ့ကြ၏။
အခြေအနေအကြမ်းဖျင်းကိုသိပြီးနောက်တွင် ဝိန်းရိဖန်က ချန်ဝေ့ဟွာနှင့်အတူ ဌာနမှအင်တာဗျူးကားဖြင့် ရဲစခန်းသို့လိုက်သွားခဲ့၏။ ပထမဦးစွာ နှစ်ယောက်သားက တာဝန်ကျဝန်ထမ်းရှင်းပြနေသည့် လက်ရှိအခြေအနေကို နားထောင်ကြည့်လိုက်သည်။
အိမ်ခြေရာမဲ့လူကြောင့် ထိခိုက်သွားသည့်သူ မရှိသော်ငြား ဤအဖြစ်အပျက်ကြောင့် ကြောက်လန့်သွားခဲ့ကြသည့် အလယ်တန်း အထက်တန်းကျောင်းသူကျောင်းသားများရှိခဲ့ရာ တစ်ဖက်တွင် မိဘနှင့်ဆရာဆရာမများက နှစ်သိမ့်ပေးနေရ၏။နောက်တွင်တော့ ရဲအရာရှိများက အိမ်ခြေရာမဲ့လူအား နန်းဝူမြို့ လူမှုဖူလုံရေးဌာနသို့ ပို့ဆောင်ပေးသွားမည်ဖြစ်သည်။
ချန်ဝေ့ဟွာက ကင်မရာကိုကိုင်ထားပြီး ဝိန်းရိဖန်က ဘေးနားတွင် မှတ်သားစရာများအား ချရေးနေလျက်။
ဖြစ်ကြောင်းကုန်စင်သိရှိပြီးသည့်နောက် ယခုလက်ရှိတွင် ရဲစခန်းထဲ၌ ထိုင်နေသော ကောင်လေးတစ်ယောက်အား ဝိန်းရိဖန် သတိထားမိလိုက်၏။ ရဲအရာရှိများပြောပြချက်အရ ထိုကောင်လေး၏အမည်မှာ 'မုချန်ယွင်' ဖြစ်ပြီး နန်းဝူတက္ကသိုလ်၏ ဆက်သွယ်ရေးမေဂျာမှ စတုတ္ထနှစ်ကျောင်းသား ဖြစ်သည်။ ယနေ့မနက် အိမ်ရာမဲ့လူအား ထိုးကျိတ်ခဲ့သည့် တက္ကသိုလ်ကျောင်းသားဆိုလည်း မမှားပါပေ။
မုချန်ယွင်၏ဆုံးဖြတ်ချက်ချလှုပ်ရှားမှုများက မြန်ဆန်သည်ဟုဆိုရမည်။ အတွန်းဖယ်ခံလိုက်ရပြီးနောက် သူဝတ်ထားသည့်အပေါ်ထပ်အင်္ကျီအား အလျင်အမြန်ချွတ်ကာ ထိုလူအားဖုံးအုပ်ပေးလိုက်ပြီး ရဲစခန်းသို့အကြောင်းကြားခဲ့သည်။ ရဲအရာရှိများရောက်သွားသည့်အချိန်တွင်လည်း ပူပေါင်းဆောင်ရွက်ကာ ဖြစ်ကြောင်းကုန်စင်ကိုရှင်းပြခဲ့၏။
ဝိန်းရိဖန် သူ့အားတစ်ချက်လှမ်းကြည့်လိုက်၏။
မုချန်ယွင်၏ပုံပန်းသွင်ပြင်မှာ ကြည်လင်ထင်ရှင်းနေသည့်ပုံစံမျိုးဖြစ်ကာ ခန္ဓာကိုယ်ထက်၌ ဆွယ်တာတစ်ထည်သာဝတ်ထားသည်။မျက်နှာအမူအရာမှာ နူးညံ့ပြီး အနည်းငယ်ကောင်ကလေးဆန်ဆန်မျိုးဖြစ်ကာ အရွယ်မရောက်သေးသည့်မနူးမနပ်မောင်လေးတစ်ယောက်နှင့်တူ၏။ သို့သော် အရပ်မြင့်ပြီး ခန္ဓာကိုယ်အနေအထားမှာတော့ တော်တော်လေးတောင့်တင်းသည်။
ချစ်စရာကောင်းခြင်းနှင့် ခန့်ညားခြင်းတို့ ရောမွှေထားသည့်အမျိုးအစား။
ရဲအရာရှိများနှင့်စကားပြောဆိုပြီးသည်နှင့် ချန်ဝေ့ဟွာက ထိုကောင်လေးဆီသို့လျှောက်သွားပြီး ယဥ်ယဥ်ကျေးကျေးစကားဆိုလိုက်သည်။
"မင်္ဂလာပါ..ကျွန်တော်တို့က နန်းဝူရုပ်မြင်သံကြားချန်နယ် 'ချွမ်တ' ဌာနက သတင်းထောက်တွေပါ..ခင်ဗျားကို ခဏလောက် အင်တာဗျူးလို့ရမလား"
ဝိန်းရိဖန်က ချန်ဝေ့ဟွာ၏အနောက်ဘက်တွင် ရပ်လျက်။
မုချန်ယွင်က သူတို့နှစ်ဦးအား အကဲခတ်ကြည့်နေရင်း အကြည့်များက ဝိန်းရိဖန်ထံသို့အရောက်တွင် နှစ်စက္ကန့်မျှရပ်တန့်သွားခဲ့၏။ သူ့မျက်လုံးက လက်ခနဲဖြစ်သွားကာ အပြုံးရေးရေးတစ်ခုပေါ်လာပြီး တမူထူးခြားနေသောအမူအရာတို့ဖြင့်
"ရပါတယ်"
ထို့နောက် သူ့လက်ကောက်ဝတ်မှနာရီအား တစ်ချက်ကြည့်လိုက်၍
"ဒါပေမယ့် ကျွန်တော် ခဏနေကျရင်လုပ်စရာရှိသေးတော့ အချိန်အများကြီးမရနိုင်လောက်ဘူး..ခင်ဗျားတို့ ဘာမေးချင်လို့လဲ"
ချန်ဝေ့ဟွာက အချိန်မဖြုန်းတော့ဘဲ သိလိုသည့်မေးခွန်းအနည်းငယ်မေးကာ အမြန်ဆုံး အပြီးသတ်လိုက်သည်။
နောက်တွင်တော့ ကင်မရာပစ္စည်းများကိုပြန်လည်သိမ်းဆည်းနေသည့်အချိန် ဝိန်းရိဖန်က သူ့ဘေးတွင်ရပ်ပြီးစောင့်နေ၏။
သူမ၏မျက်ဝန်းထောင့်မှတဆင့် မုချန်ယွင်၏မျက်နှာအား ဖျက်ခနဲလှမ်းမြင်နေခဲ့ရာ အနီးကပ်မြင်လိုက်ရသည့်အချိန်၌ ဤလူအား တစ်နေရာရာတွင်ရင်းနှီးထူးသလို ခံစားနေမိတော့၏။ ထို့ကြောင့် မနေနိုင်မထိုင်နိုင် သုံးလေးကြိမ်ခန့် ပိုကြည့်မိလိုက်သည်။
ဝိန်းရိဖန်၏အကြည့်များကို သတိထားလိုက်မိခြင်းကြောင့်လားမသိ မုချန်ယွင်က ရုတ်တရက် သူမအား လှမ်းကြည့်လာကာ သူ့မျက်နှာထက်၌အလိုမကျဖြစ်သွားသည့်အမူအရာမျိုးလုံးဝမရှိပါဘဲ ခေါင်းကုတ်လျက်
"ကျွန်တော့်မျက်နှာမှာ တစ်ခုခုပေနေလို့လား"
"မဟုတ်ပါဘူး"
ဝိန်းရိဖန်က တစ်ခဏမျှကြောင်အမ်းသွားမိရင်း ပွင့်ပွင့်လင်းလင်းသာဆိုလိုက်သည်။
"တစ်နေရာရာမှာ မြင်ဖူးနေသလို ခံစားမိလို့ပါ"
စကားလုံးများထွက်ကျပြီးကာမှ ဤအရာသည် စကားလမ်းကြောင်းမရှိ လမ်းကြောင်းရှာသလိုဖြစ်နေမှန်း သတိထားမိတော့သည်။
မုချန်ယွင်၏ပုံစံမှာမူ ဤအရာနှင့်ပတ်သတ်ပြီး ထူးဆန်းသလိုမျိုးဖြစ်မနေသည့်အပြင် ပေါ့ပေါ့ပါးပါးခေါင်းငြိမ့်ပြ၍
"စာအုပ်နဲ့ဘောပင်ရှိလား?"
ရုတ်တရက် ဘာကြောင့်မေးပြီး ဘာလုပ်ရန်အတွက်မှန်းမသိသော်ငြား ဝိန်းရိဖန်က မှတ်စုစာအုပ်လေးနှင့် အိတ်ကပ်ထဲဆောင်ထားသည့်ဘောပင်အား ထုတ်ပေးလိုက်၏။ မုချန်ယွင်က လှမ်းယူလေပြီး စာအုပ်အား အနောက်သို့လှန်ကာ အနောက်ဖက်အဖုံးပေါ်၌ တစ်စုံတရာရေးပေးနေလေသည်။
ဝိန်းရိဖန် ; "...."
သူက ဆက်သွယ်လို့ရမယ့်နံပါတ်တွေ ပေးမလို့လား?
ချက်ချင်းဆိုသလို မုချန်ယွင်က ရှက်နေသည့်အမူအရာမျိုးဖြင့် မှတ်စုစာအုပ်အား ပြန်လှမ်းပေးလာခဲ့၏။
"သဘောကျပေးတဲ့အတွက် ကျေးဇူးတင်ပါတယ်"
ဝိန်းရိဖန် လှမ်းယူပြီး ကြည့်လိုက်လျှင်...
စာအုပ်အဖုံးပေါ်၌ လက်မှတ်တစ်ခု...
Advertisement
"...."
ဒီလူက နာမည်ကြီးတစ်ယောက်ယောက်များလား???
ဝိန်းရိဖန် စူးစိုက်ကြည့်နေသော်လည်း တစ်ခဏကြာသည်အထိ ဤသရဲတစ္ဆေလက္ခဏာပေါ်မှ စာလုံးတွေဟာ ဘာကိုရည်ညွှန်းမှန်း မဖတ်တတ်ပါပေ။
နှစ်စက္ကန့်လောက်ငြိမ်နေခဲ့ပြီးနောက် မှတ်စုစာအုပ်အား ပြန်သိမ်းလိုက်၍
"လက်မှတ်အတွက်လည်း ကျေးဇူးတင်ပါတယ်"
မုချန်ယွင်က ကြောင်အမ်းသွားရင်း မသိမသာလေးပြုံးလျက်ဖြင့်
"ရပါတယ်"
ချန်ဝေ့ဟွာက သူတို့နှစ်ဦးဘက်သို့ အာရုံရောက်မနေခဲ့ဘဲ ပစ္စည်းများသိမ်းဆည်းပြီးသည်နှင့်
"ရှောင်ဖန်..သွားစို့"
"အင်း"
မုချန်ယွင်က နေရာ၌သာရပ်နေဆဲ ၊ သူ့ပုံစံက ထွက်သွားမည့်ပုံစံမျိုးရှိမနေဘဲ လက်ထဲတွင် ဖုန်းကိုကိုင်ထားကာ အကြည့်များက ဝိန်းရိဖန်ပေါ်၌သာရှိနေဆဲဖြစ်ပြီး နားရွက်ဖျားသည်လည်း အနည်းငယ်ရဲလျက်။
ဝိန်းရိဖန်က သူ့အား နှုတ်ဆက်လိုက်သည့်အခါ မုချန်ယွင်က တစ်စုံတစ်ရာပြောချင်နေသည့်ပုံစံမျိုးပေါက်ပါသော်ငြား အဆုံးတွင်တော့ လက်ဝေ့ရမ်းနှုတ်ဆက်ပြီး ပြုံးရုံသာပြုံးပြလာခဲ့သည်။
----
နှစ်ယောက်သားက နန်းဝူတက္ကသိုလ်ဆီသို့သွားပြီး အင်တာဗျူးနှင့်ရိုက်ကူးရေးအချို့ ပြုလုပ်လာခဲ့သည်။
အချိန်များများမယူဘဲ သိပ်မကြာခင်ပင် ပြီးစီးသွား၍ ချန်ဝေ့ဟွာက ဝိန်းရိဖန်အား ဌာနသို့ အရင်ပြန်ပို့ပေးခဲ့၏။ ချန်ဝေ့ဟွာမှာ ဆက်၍အင်တာဗျူးရမည့်ကိစ္စများရှိသေးသည်ဖြစ်ရာ တည်းဖြတ်ရမည့်စသောအလုပ်များက ဝိန်းရိဖန်ပေါ် ရောက်လာခဲ့တော့သည်။
နေ့လည်ခင်းတစ်ခုစာလုံး စက်ခန်းထဲ၌သာ အချိန်ကုန်ဆုံးရတော့၏။ အသံကိုနားထောင်ပြီး တစ်ချိန်တည်း၌ စာတန်းထိုးရသလို ၊ သတင်းတစ်ပုဒ်အား ဗွီဒီယိုအဖြစ်ပြောင်းလဲရသေးသည်။ နောက်တွင် ညနေခင်းသတင်းထုတ်လွှင့်မှုမတိုင်ခင် တည်းဖြတ်စစ်ဆေးဖို့အတွက် ပေးပို့ရပြီး အတည်ပြုပေးပြီးသည့်နောက်မှသာ အလုပ်ပြီးဆုံးမည်ဖြစ်သည်။ အတည်ပြုချက်ရပြီးချိန်တွင်တော့ ဝိန်းရိဖန် အချိန်ပိုမဆင်းတော့ဘဲ ပစ္စည်းများသိမ်းကာ အိမ်ပြန်လာခဲ့သည်။
မတ်တပ်ထရပ်လိုက်ချင်းတွင် အပြင်ဘက်မှ အင်တာဗျူးပြီးပြန်ရောက်လာသည့် စုထျန်းနှင့် ဆုံလိုက်၏။
စုထျန်း ;
"ပြန်တော့မှာလား"
ဝိန်းရိဖန် ခေါင်းငြိမ့်ပြ၏။
စုထျန်း ;
"ငါလည်း ပြန်တော့မှာ..အတူတူ ပြန်ရအောင်"
ဌာနမှထွက်လာပြီးနောက် နှစ်ယောက်သားက မြေအောက်ရထားဂိတ်သို့ လျှောက်လာခဲ့ကြသည်။
စုထျန်းက ရုတ်တရက်တစ်ခုခုသတိရသွားခဲ့၍
"ဒါနဲ့ ရိဖန်..နင် အိမ်ခန်းငှားဖော် ရှာဖို့လိုသေးလား..ငါ မှတ်မိသလောက်တော့ နင်နဲ့အတူနေနေတဲ့တစ်ယောက်က သုံးလပဲနေမယ်လို့ ပြောဖူးသလားလို့"
"ဟုတ်တယ်လေ"
"ရက်ပြည့်ဖို့ အချိန်ဘယ်လောက်လိုသေးလဲ..ငါ့သူငယ်ချင်းထဲမှာ အိမ်ခန်းမျှနေချင်တဲ့သူရှိလို့..တော်တော်လေးစာရိတ္တကောင်းတဲ့ကောင်မလေးပဲ..ငါ့အမြင်မှာ နင်တို့နှစ်ယောက် အတူတူနေလို့ရလောက်မယ်ထင်လို့လေ"
ဝိန်းရိဖန်က အချိန်တွက်ကြည့်လိုက်ရင်း
"တစ်လလောက်တော့ အချိန်ကျန်သေးတယ်"
"တစ်လလောက်ကတော့ ကိစ္စမရှိလောက်ပါဘူး..ဒါဆို နင် အခုလက်ရှိနေနေတဲ့သူနဲ့ အရင်ဆွေးနွေးကြည့်ပါလား..တကယ်လို့ သူ့ဘက်က ပြောင်းမှာသေချာနေလို့ အိမ်ခန်းဖော်အသစ်ထပ်ရှာဖို့လိုလာရင် ငါ့သူငယ်ချင်းရဲ့ wechat အကောင့် နင့်ကိုပေးမယ်လေ"
ဝိန်းရိဖန်အနေဖြင့် ဤကိစ္စအားမေ့၍ပင်နေခဲ့ပြီဖြစ်ကာ ချက်ချင်းလည်း 'အင်း'ဟု အသံတစ်ချက်ပြုလိုက်၏။
သူတို့နှစ်ဦးသား၏ နေရပ်များမှာ တစ်ဖက်စီဖြစ်နေသောကြောင့် မြေအောက်ရထားဂိတ်သို့ရောက်သည်နှင့် ကိုယ်စီလမ်းခွဲလိုက်ကြသည်။
ဝိန်းရိဖန်က ရထားပေါ်တက် ၊ အိမ်ပြန်လမ်းတစ်လျှောက် နားကြပ်တပ်ပြီး သတင်းနားထောင်နေခဲ့ရာ ဘူတာရုံမှတ်တိုင်အရောက်တွင် ဖုန်းမျက်နှာပြင်ထက်၌ မက်ဆေ့တစ်ခုပေါ်လာခဲ့၏။ ပို့လာသည့်သူမှာ စန်းရန် ;
[ ဘယ်မှာလဲ ]
ဝိန်းရိဖန် ; [ ရထားပေါ်က အခုပဲဆင်းတော့မလို့ ]
ဝိန်းရိဖန် ; [ ဘာဖြစ်လို့လဲ ]
ဤတစ်ကြိမ်တွင် စန်းရန်က အသံမက်ဆေ့ပို့လာခြင်း ;
"အင်း..ခဏနေကျရင် အိမ်ရာအပြင်ဘက်က စူပါမားကတ်ဆီ တန်းလာခဲ့"
စန်းရန် ; "ပစ္စည်း ဝယ်စရာရှိလို့"
စန်းရန် ; "တတ်နိုင်သလောက်မြန်မြန်လာ..ကိုယ် မသယ်နိုင်ဘူး"
"...."
ဝိန်းရိဖန် ; [ ကောင်းပြီ ]
စန်းရန်ပြောသည့် စူပါမားကတ်မှာ 'ရှန့်တုဟွားချန်' အိမ်ရာနှင့်အနီးဆုံးတွင်ရှိသည့်တစ်ခုကို ဆိုလိုခြင်းဖြစ်သည်။
မြေအောက်ရထားပေါ်မှဆင်းလာပြီး အချိန် ငါးမိနစ် ခြောက်မိနစ်မျှလမ်းလျှောက်ပြီးလျှင် စူပါမားကတ်၏အဝင်ဝကြီးဆီသို့ ရောက်လာခဲ့သည်။ စန်းရန်၏အရိပ်အယောင်ကိုလည်းမတွေ့သဖြင့် တိုက်ရိုက်ဝင်သွားရမည်လော သို့မဟုတ် အပြင်ဘက်၌သာရပ်စောင့်နေရမည်လော မသေချာ ၊ ထို့ကြောင့် Wechat ကနေသာ စာပို့လိုက်၏။
[ ငါ စူပါမားကတ်ရဲ့အပေါက်ဝကိုရောက်နေပြီ ]
စန်းရန်ဘက်မှ ပြန်စာ ရောက်မလာ။
ညဘက်တွင် အပူချိန်က သိသိသာသာကိုလျော့ပြီး မိုးကလည်းရွာနေဆဲဖြစ်ကာ အနည်းငယ်ချမ်းစိမ့်စိမ့်ရာသီဥတုမျိုးပင်။ ဝိန်းရိဖန်က အိတ်ကပ်ထဲသို့ လက်နှစ်ဖက်ကိုပြန်ထည့်လိုက်သည့်အချိန် ရုတ်တရက် မှတ်စုစာအုပ်အား ထိမိသွားခဲ့၏။ အိတ်ကပ်ထဲမှထုတ်ယူကြည့်ရင်း အနောက်ဖုံးပေါ်မှ လက်မှတ်အား သတိထားမိကာ နေ့လည်ခင်းတုန်းကကိစ္စများအား ပြန်အမှတ်ရသွားခဲ့သည်။
ထို့ကြောင့် ဝိန်းရိဖန်က လက်ကိုင်ဖုန်းကို တဖန်ပြန်ထုတ်လိုက်ကာ 'မုချန်ယွင်' ၏နာမည်အား Website ထဲ ရှာကြည့်လိုက်သည်။
ဤလက်မှတ်အား နေရာပေးရန်အတွက် တစ်ဖက်လူက ဘာအလုပ်လုပ်မှန်း စစ်ဆေးကြည့်ရန်လိုပါသေးသည်မဟုတ်လား။
မဟုတ်လျှင် မရင်းနှီးသည့်လူတစ်ယောက်၏လက်မှတ်အား နေရာတိုင်းသယ်သွားနေရမည်မှာ အလွန်တရာထူးဆန်းနေပါလိမ့်မည်။
'ရှာဖွေမည်' ဆိုသည့်နေရာအား ဖိနှိပ်လိုက်ချင်းချင်းပင် သူမ၏ဘေးနားမှ အလင်းရောင်များက သိသိသာသာကို မှိန်ကျသွားခဲ့၏။
ရှာဖွေထားသည့်အကြောင်းအရာမှ ပေါ်လာသည့်စာများကို ရှင်းရှင်းလင်းလင်းမမြင်လိုက်ရခင် စန်းရန်၏ပုံရိပ်က သူမ၏မြင်ကွင်းထဲသို့ ဝင်လာခဲ့မှန်း သတိထားမိလိုက်ကာ လက်ရှိအချိန်တွင် သူက ခန္ဓာကိုယ်ကိုကိုင်းပြီး သူမ၏ဘေးနားသို့တိုးကပ်လာရင်း သူ့အသက်ရှူငွေ့များဖြင့် ပတ်ဝန်းကျင်တစ်ခွင်ကို ဖုံးလွှမ်းပစ်လိုက်၏။
ရောက်ချလာသည်မှာ အသိမပေး အသံမပေး။
နှစ်ယောက်သားကြားရှိအကွာအဝေးမှာလည်း ပူးကပ်နေလျက်။
အကယ်၍သာ ဤထက်ပိုတိုးကပ်လာလျှင် ဝိန်းရိဖန် သူ့မျက်နှာကို ထိမိမည်မှာမလွဲပေ။ သူမ၏မျက်ဝန်းများက စန်းရန်၏လွှာချထားသည့်အကြည့်များကိုသာ မမှင်မသေလိုက်ကြည့်နေမိပြီး သူ့အကြည့်များမှာတော့ သူမ၏ဖုန်းမျက်နှာပြင်ထက်၌သာ ၊ ဘေးဘက်မှမြင်နေရသည့် သူ့မျက်နှာအချိုးအကျမှာ ချောမွေ့ပြီး တင်းတင်းရင်းရင်း။
ရုပ်ပုံမှာ ဝါးနေရာမှ ကြည်တောက်လာခဲ့၏။
ယောက်ျားလေး၏မျက်တောင်မွှေးများဟာ ကျီးတစ်ကောင်၏ငှက်မွှေးများအလား အဖျားများက သိသိသာသာကော့ညွှတ်လျက် ၊ မျက်ဝန်းအရောင်များက သစ်စေးအရောင်တင်ထားသည့်သဏ္ဍာန် ၊ မျက်ရစ်များက ပါးလှပ်လွန်းကာ သွေးကြောမျှင်လေးများကို မြင်နေရပြီး နတ်ဆိုးသဖွယ်မှဲ့ဖျော့ဖျော့လေးတစ်လုံးဖြင့် အလှဆင်ခြံရံထားသေးသည်။ နှုတ်ခမ်းပါး၏အရောင်မှာ ပေါ့ပေါ့ပါးပါး ၊ နှုတ်ခမ်းထောင့်စွန်းလေးများမှာတော့ လျော့လျော့လေး ကွေးနေတော့၏။
ဝိန်းရိဖန် နှုတ်ခမ်းပါးကိုလှုပ်လိုက်မိသော်လည်း စကားပြောရန်ပင်မမှီတော့ပေ။
နောက်တစ်စက္ကန့်တွင် စန်းရန်က သူမဘက်သို့လှည့်ကြည့်လာပြီး
"ဒီတစ်ယောက်ကို သဘောကျလား?"
(Zawgyi)
စန်းရန်၏အကြည့်များက အဓိပ်ပါယျပါပါဖွငျ့ သူမပေါ်၌သာကပ်ညှိနေဆဲ။
"ဘာလဲ"
"အို့..အဲ့ဒါနဲ့.."
Advertisement
- In Serial55 Chapters
Please Don't Eat Me!
I have reincarnated as Aerta Arlez, the Purifier in a fantasy novel intended for male readers.As the Purifier, I can heal the wizards' minds tainted with 'malignity'.Duke Zahid el Carnoire is the wizard who is in need of me.I did my best to avoid Zahid all my life.Because, if I get intertwined with Zahid, I was going to meet the worst ending that a human can have.Alas, my family went bankrupt even before meeting the protagonist.Now I had to choose between two worst endings.Starve to death or.....?I pondered. In the end, I decided to make a deal with one of my worst endings. *****Written by SAHA 2019Published (English) by BIFROST 2022Published (Original Work) by Feelyeon 2019Translated (English) by Yihyun Evelyn Joo 2022Note: The translation is accurate to the original Korean version - some phrases and terms may be preserved during the localization process for the spirit of the story.
8 294 - In Serial11 Chapters
Blue Orchid Awards (Open)
Open (✔️)Judgeing ()Closed ()Looking for recognition!? Look no further!!! Enter your books into the Blue Orchid Awards and get more reads, votes and the chance to place 1st, 2nd and 3rd in your catogory and get some prizes (even if you don't win you will still recieve something for your partcipation).
8 186 - In Serial41 Chapters
The Whipping
After an Alpha has given up looking for their mate, and they need a Luna to help run the pack, they will organise an event known as The Whipping. Female volunteers from packs around the country will put themselves forward if they wish to be in the chance of becoming a Luna.These she-wolves would be whipped in front of all the packs, again and again until their backs were red raw and blood covered. The last female remaining would be given the title of Luna as the Alpha would only want the strongest wolf to help run his pack. Most wolves gave up and quit as they couldn't take the pain, but some head-strong females would go until they were no longer breathing. It was an ugly tradition, from years ago. I had never heard of one happening in this day and age...until that day...Until I met him...On the day of The Whipping...
8 182 - In Serial29 Chapters
Clashing Hearts
Carter and Athena are mortal enemies. From the first moment their eyes met, they disliked each other immensely. It was HATE AT FIRST SIGHT.They could not stand the mere sight of each other, even being in the same room, the tension was overwhelming, like a grenade of smoke suffocating them. But what is the core of this hatred? Do they really hate each other? Or they are just pretending to play the silly hating game to hide their true feelings.Watch the trailer of the story on YouTube: https://www.youtube.com/watch?v=o_gyhMrtQRI&t=2s
8 209 - In Serial82 Chapters
But Too Well
"His gaze holds mine like a spell, like a dangerous, delirious kind of magic. I swallow, my heart racing, my head filling with panic and confusion and anticipation and an inexplicable, unidentifiable hunger. . ."When Rosalyn Clark moves into her new apartment, she unwillingly becomes involved in the criminal antics of her gorgeous yet completely dangerous next door neighbor. Young, dark, and mysterious, he turns Rosalyn's world upside down. Her once normal life quickly becomes a part of his chaos. The worst part? She can't seem to stay away from him, no matter how hard she tries.A not-so-cliché mafia romance by Ami. Mature content and lots of steam.⭐️ Ami's Good-Grammar Guarantee
8 189 - In Serial9 Chapters
The Bro-Code (BoyxBoy)
There's usaully a million rules in high school. But for lead jocks Damien and Steven there are only a few crucial rules that matter at all.Number One; Never Get Caught.Number Two; Learn Your Lies.Number Three; What happens in the Closet...stays in the Closet.Number Four; NEVER BREAK THE BRO-CODE.••••🏆HIGHEST RANKINGS🏆:#1 in New Story#2 in No Hate#3 in In The Closet#2 in Gay Rights#14 in TGTG#15 in Sean O'pry© 2015 Fay'lin Sparrow
8 125

