《First Frost (Myanmar Translation)》Chapter 30
Advertisement
အတိတ်မှကိစ္စများနှင့်ပတ်သတ်၍ အမှန်တကယ် များများစားစား မရှင်းလင်းတော့ပါပေ။
ဝိန်းရိဖန်အနေဖြင့် အတိတ်မှအရာများအား ပြန်တွေးကြည့်နေခြင်းမျိုးမှာသိပ်လုပ်လေ့မရှိ ၊ သို့သည့်တိုင် တစ်ခါလေးမျှ ပြန်တွေးကြည့်လိုက်မိတိုင်းတွင် အထူးသဖြင့် စန်းရန်နှင့်ပတ်သတ်သည့်မှတ်ဥာဏ်များဆိုလျှင် ပုံရိပ်တစ်ခုချင်းစီတိုင်း အသေးစိတ်တစ်ခုချင်းစီတိုင်းကိုတော့ ရှင်းရှင်းလင်းလင်းမှတ်မိနေခဲ့သည်။
ဤအချိန်အခါလေးသည်လည်း မှတ်မိနေသည့်အထဲ သေချာပေါက်အပါအဝင်။
ထိုအချိန်က သူမ အသေအချာခံစားမိလိုက်သည်မှာ သူမ၏နှလုံးခုန်သံများ တစ်ခဏရပ်တန့်သွားခဲ့သည့်အကြောင်းပင်။
------
အရှေ့မှာရှိနေသည့် ကျုံးစစ်ချောင်က စကားပြောနေဆဲဖြစ်၏။
"အဲ့အချိန်တုန်းက ငါနဲ့ ချွေးကျင့်ယွီနဲ့က တန်းခွဲတစ်ခုတည်းလေ..နေ့တိုင်းနေ့တိုင်း သူပြောပြတဲ့ စန်းရန်အကြောင်းတွေကိုမရိုးနိုင်အောင်နားထောင်ခဲ့ရတာ..အဲ့ဒါနဲ့ပဲ ငါတို့အတန်းထဲက စန်းရန်ကိုမသိတဲ့လူတွေတောင် သူပြောလွန်းလို့ အားလုံး သိကုန်ရော"
ဝိန်းရိဖန် ငြိမ်၍နားထောင်နေမိရင်း နှုတ်ခမ်းထောင့်စွန်းများထက်တွင်လည်းအကွေးရာလေးတစ်ခု ပေါ်လာတတ်သေးသည်။
"အေ့..ငါ ခုဏတုန်းကမေးတဲ့မေးခွန်းကို နင် ပြန်မဖြေရသေးဘူးနော်..ဘာပဲဖြစ်ဖြစ် နှစ်တွေလည်းအများကြီးကြာခဲ့ပြီဆိုတော့ ငါတို့ စကားအဖြစ်တော့ပြောကြရအောင်"
ကျုံးစစ်ချောင် မူလခေါင်းစဥ်ဆီသို့ပြန်ရောက်သွားပြီး စနောက်ချင်သည့်အမူအရာဖြင့်
"သဘောကျတဲ့အဆင့်ထိ ငါမပြောသေးဘူး..အရင်ဆုံး ရင်ခုန်ခဲ့ဖူးလား? စိတ်လှုပ်ရှားသလိုမျိုးလေ"
"...."
"ပြန်မဖြေဘူးဆိုတော့..ဒါဆို နင် ဝန်ခံတယ်လို့ ငါသတ်မှတ်လိုက်မှာနော်"
ဤတစ်ကြိမ်တွင် ဝိန်းရိဖန်က အသံထွက်လာခဲ့၍
"ရတယ်လေ"
"နင် ဝန်ခံနေတယ်လို့ ငါ့ဘက်သတ်မှတ်လိုက်လို့ရကြောင်းပြောတာလား?"
ထိုအဖြေမျိုးကြားလိုက်ရသည့်အခိုက် ကျုံးစစ်ချောင် လုံးလုံးလျားလျားဆွံ့အသွားတော့၏။
"တကယ်ပြောနေတာလား?"
ဝိန်းရိဖန်က အသံထွက်အောင်ရယ်လိုက်ပြီး
"နင့်ပုံစံက ဘာဖြစ်သွားခဲ့တာလဲ"
"နင် အရင်က တကယ်ကြီး စန်းရန်ကိုသဘောကျခဲ့တာလား?"
"အင်း"
ကျုံးစစ်ချောင်မှာ တကယ်ကို ရှော့ခ်ရသွားခြင်းပေ။ သူမ၏အမြင်တွင် ဝိန်းရိဖန်ဆိုသည်မှာ မည်သည့်အရာကိုမှအလေးမထားသလိုပုံစံမျိုးဖြင့် အေးအေးဆေးဆေးနေတတ်သည့်သူမျိုးဖြစ်၏။
"ဒါဆို နင် အခုရော သဘောကျသေးလား"
ဝိန်းရိဖန်က ပြုံးနေရင်း
"နင်လည်း ပြောနေတာပဲလေ..အားလုံးက ဟိုးအရင်ကကိစ္စတွေပါလို့"
"အဲ့လိုဆိုရင်တောင် နင်တို့နှစ်ယောက် အိမ်ခန်းမျှနေနေကြတာလေ!..နေ့တိုင်းနေ့တိုင်း မျက်နှာချင်းဆိုင်နေရတာလေ!..နှစ်ဖက်စလုံးကလည်း တစ်ချိန်တစ်ခါကဟိုလိုအဓိပ္ပါယ်မျိုးတွေ ရှိခဲ့ဖူးကြတယ်လေ!..မတော်လို့များ အချစ်ဟောင်းတွေ ပြန်နိုးထလာခဲ့ရင်ရော!"
"...."
ဝိန်းရိဖန်က ;
"မဖြစ်နိုင်ပါဘူး"
"အမ်?"
"သူ မကြာခင်အိမ်ပြောင်းတော့မှာ"
ကျုံးစစ်ချောင် ;
"အဲ့ဒီတော့ နင်ဆိုလိုချင်တာက သူသာ ထပ်ပြီးကြာကြာနေမယ်ဆိုရင် နင့်စိတ်ကို နင်ထပ်ပြီးထိန်းထားနိုင်တော့မှာမဟုတ်ဘူး?..အဲ့လိုလား"
"...."
သူမလို အပြင်လူတစ်ယောက်ကပင် အနည်းငယ်နှမြောပြီးနောင်တမိသည့်အတွက် ထပ်၍မေးကြည့်လိုက်၏။
"ဒါဆို နင် ဘာဖြစ်လို့ အဲ့ဒီအချိန်တုန်းက သူနဲ့မတွဲခဲ့တာလဲ"
ဝိန်းရိဖန် ပြန်မဖြေပေ။
ကျုံးစစ်ချောင်က ခန့်မှန်းကြည့်ရင်း
"နင် ကျောင်းပြောင်းသွားခဲ့လို့လား..အဲ့ဒီကနေ နင်တို့နှစ်ယောက် အဆက်အသွယ်ပြတ်သွားကြလို့လား"
"မဟုတ်ဘူး"
"ဒါဆို ဘာဖြစ်လို့လဲ"
တိတ်ဆိတ်မှုက ကြီးစိုးသွားခဲ့တော့၏။
အချိန်ကိုက်ဆိုသလို မှာထားခဲ့သည့်ခေါက်ဆွဲများရောက်လာ၍ ဝိန်းရိဖန်က သူမအား တူတစ်စုံလှမ်းပေးလာခဲ့၏။ ဝိန်းရိဖန်၏မျက်လွှာများက အောက်သို့ချထားပြီး ယခုကမေးခွန်းကိုပြန်မဖြေဘဲ ရုတ်တရက်ဆိုလာသည့်စကားတစ်ခွန်းမှာ
"အခြားသူဘက်ကလည်း ငါလိုလူမျိုးဖြစ်နေပါ့မလားဆိုတာကို ငါမသိလို့"
"အမ်?"
"ငါ တက္ကသိုလ်တက်နေတဲ့အချိန်တုန်းက ငါ့အခန်းဖော်သူငယ်ချင်း ပြောခဲ့ဖူးတာတစ်ခုရှိတယ်..ငါဆိုတဲ့လူက ခံစားချက်ထားတတ်တဲ့အပေါ်မှာ အားနည်းလွန်းတယ်တဲ့..အစက ငါ့အခန်းဖော်တွေနဲ့ဆက်ဆံရေးက အရမ်းကောင်းခဲ့တာ..ဒါပေမယ့် ငါ့ဘက်ကနေစပြီး သူတို့ဆီကို ဆက်သွယ်တာအရမ်းရှားတယ်..ဘွဲ့ရပြီးနောက်ပိုင်းမှာဆို လုံးဝအဆက်အသွယ်ကိုမလုပ်တော့တာမျိုးလေ..ဒီကိစ္စနဲ့ပတ်သတ်ပြီး သူတို့ဘက်ကဆက်သွယ်လာတိုင်း ငါ့ကိုပြောကြတာက သူတို့အရမ်းဝမ်းနည်းတယ်ပေါ့..ငါ့ဘက်က သူတို့အပေါ် သံယောဇဥ်မရှိဘူးပေါ့"
ဝိန်းရိဖန်က မျက်တောင်ခတ်လိုက်၍
"တကယ်တော့ ငါလည်း ဒီကိစ္စအတွက် ငါ့ကိုယ်ငါ ဝန်ခံပါတယ်"
ကျုံးစစ်ချောင်၏နှုတ်ခမ်းများက လှုပ်ရှားသွားခဲ့သော်လည်း စကားတစ်ခွန်းမှထွက်မလာနိုင်ခဲ့၏။
ဝိန်းရိဖန်က ခေါက်ဆွဲကိုဝါးလိုက်ရင်း
"ဂရုမစိုက် အလေးမပေးတာမျိုးတော့ မဟုတ်ပေမယ့် ငါ့အနေနဲ့ ဒီလိုဆက်ဆံရေးတွေ ထိန်းသိမ်းထားရမှာကို အရမ်းပျင်းလွန်းလို့ပါ..ရှန့်လန်ကျကတော့ သူ နိုင်ငံခြားထွက်သွားပြီးတဲ့နောက်ပိုင်း ငါတို့ အဆက်အသွယ်နည်းသွားတယ်..ဒီကိစ္စအတွက်နဲ့လည်း ငါ ဝမ်းနည်းနေခဲ့တာမျိုး မဖြစ်ခဲ့ဖူးဘူး"
"...."
"ငါ ခံစားမိခဲ့တာဆိုလို့ ဒီအရာတွေအားလုံးက ဖြစ်သင့်ဖြစ်ထိုက်တဲ့သဘာဝပဲလို့လေ"
ကျုံးစစ်ချောင် ;
"မှန်တယ်..နင် သူများပြောတာတွေကို လိုက်ဂရုစိုက်နေစရာမလိုဘူး"
"ဒီပြဿနာက ငါ့ဘက်ကဖြစ်နေတဲ့ ပြဿနာမှန်း ငါသိတယ်..ပွင့်ပွင့်လင်းလင်းပြောရရင် ငါ့ပုံစံက လူသားမဆန်ဘူးမလား"
ဝိန်းရိဖန်က ရယ်လိုက်ရင်း ဟိုးအစမှ စကားခေါင်းစဥ်ဆီသို့ ပြန်ရောက်သွားခဲ့၍
"အဲ့အချိန်တုန်းက ငါ စန်းရန်အပေါ်ခံစားမိခဲ့တဲ့ခံစားချက်က သူလိုလူမျိုးက...."
သူမ စက္ကန့်ပိုင်းမျှခဏရပ်လိုက်၏။ဤစကားတစ်ခွန်းက သူတော်ကောင်းယောင်ဆောင်သည့်စကားလုံးမျိုး ဖြစ်နိုင်ပါသော်လည်း သူမ တလေးတနက်ဖြင့် ပြောဆိုပါဦးမည်။
"နှစ်နှစ်ကာကာနဲ့ကိုပိုပြီးအချစ်ခံသင့်တယ်လို့လေ"
အထူးတလည်ပေးစရာ ဥပမာမျိုးမရှိ။
အနည်းဆုံးအနေဖြင့် ချွေးကျင့်ယွီလိုမျိုး ငယ်ရွယ်သည့်ဆယ်ကျော်သက်ဘဝမှာ...
သဘောကျနေတာကိုလည်း ဖုံးကွယ်မထားဘူး..နှလုံးသားအပြည့်ရှိနေတဲ့သဘောကျခြင်းတွေဟာ သူ့အတွက်ချည်း..သူနဲ့စကားပြောနေရရင် မျက်လုံးလေးတွေက ထင်းထင်းလင်းလင်း တောက်ပလွန်းနေတာမျိုး..
"အဲ့တော့ ငါလိုလူမျိုး..."
ဝိန်းရိဖန်က တစ်ခဏတိတ်သွားခဲ့ပြီးမှ
"...မဟုတ်ဘူးပေါ့"
"နင် ဘာကိစ္စနဲ့ ကိုယ့်ကိုကိုယ် သိမ်ငယ်နေမှာလဲ..နင့်ရုပ်လေးက ဘယ်လောက်တောင်မှ လှလဲ..စိတ်နေသဘောထားကလည်း ကောင်းလွန်းလို့"
ကျုံးစစ်ချောင်က မျက်မှောင်ကျုံ့ကာ ဝိန်းရိဖန်၏အတွေးများကို လက်ခံခြင်းမပြုဘဲ
"အခြားသူဘက်က နင့်ရဲ့ဒီလိုပုံစံကို သဘောကျနေတာလည်း ဖြစ်နိုင်တယ်လေ"
ဝိန်းရိဖန်က တဖန် အသံပြန်တိတ်သွားခဲ့ပြီး စကားလမ်းကြောင်းလွှဲလိုက်၏။
Advertisement
"အရင်ရက်တုန်းက ငါ့ဒေါ်လေးကို ပြန်တွေ့လိုက်သေးတယ်"
ကျုံးစစ်ချောင်က အသံတစ်ချက်ပြုရင်း
"ဘယ်အချိန်တုန်းကလဲ"
"အရင်နှစ်ပတ်လောက်က"
ဝိန်းရိဖန်က သူမ၏စိတ်မပျော်ရွှင်စရာကိစ္စများနှင့်ပတ်သတ်ပြီး ပြောပြလေ့မရှိသည့်သူဖြစ်ရာ ကျုံးစစ်ချောင်အနေဖြင့် ဘကြီးအိမ်၌ဘယ်လိုပုံစံမျိုးနေရခဲ့သည့်အခြေအနေကို မသိပါဘဲ အမူအရာကြည့်ပြီးသာ မပျော်ရွှင်မှန်း ခန့်မှန်းနိုင်ခဲ့ခြင်းဖြစ်သည်။ထို့ကြောင့် လက်ရှိအချိန်တွင် မည်သည့်မှတ်ချက်မျိုးပြုရမည်မှန်း မသိပါပေ။
"ငါ့ ဘကြီးအိမ်ကို စပြောင်းသွားတဲ့အချိန်..."
ဝိန်းရိဖန်က ခေါက်ဆွဲကိုတူဖြင့်မွှေနေသော်ငြား ချက်ချင်း စားလိုက်ခြင်းမျိုးမဟုတ်ဘဲ
"တစ်ညမှာ..ငါ့ဒေါ်လေးပြောလိုက်တဲ့စကားတစ်ခွန်းကို အမှတ်တမဲ့ကြားလိုက်မိတယ်"
"ဘာလဲ?"
"အဲ့အချိန်တုန်းက ငါ့အစ်ကိုဝမ်းကွဲက အထက်တန်း တတိယနှစ် ၊ ညရောက်တိုင်း ဒေါ်လေးက ခန္ဓာကိုယ်အားပြည့်အောင်လို့ဆိုပြီး သူ့ကို စွပ်ပြုတ်တိုက်နေကျ"
ပြောရင်းဖြင့် ဝိန်းရိဖန်က ရယ်မိလိုက်ပြီး
"အဲ့တစ်ခါက..ငါ့အစ်ကိုဝမ်းကွဲပြောတာကို ကြားလိုက်တာ 'ကျွန်တော် မသောက်ချင်ဘူး..အားကျန့်ကို ပေးသောက်လိုက်' တဲ့"
"...."
"ငါ့ဒေါ်လေးက ဘာပြောလဲသိလား..ရွှမ်းကျန့်က အဲ့လောက်ကောင်းတဲ့ဟာမျိုးတွေ သောက်စရာမလိုဘူးတဲ့"
ကျုံးစစ်ချောင်က တစ်ခဏကြောင်အသွားမိပြီးနောက် ရုတ်ချည်းဒေါသထွက်လာခဲ့တော့၏။
"ငါ-ူး..နင့်ဒေါ်လေးက ကြောင်နေတာလား"
ဝိန်းရိဖန်၏အသံတို့က တည်ငြိမ်နေခဲ့ပြီး
"ငါ အဲ့အချိန်တုန်းက ဒီစကားတွေကို ရယ်စရာတစ်ခုလို့ပဲ ထင်ခဲ့တာ..စိတ်ထဲမှာတောင် မထည့်ခဲ့ဘူး"
"...."
ဝိန်းရိဖန်၏အကျင့်မှာ ငယ်ငယ်လေးကတည်းက အခြားသူများနှင့် ငြင်းခုန်ခဲ့ခြင်းမျိုးမရှိ။ ထိုစကားကိုကြားလိုက်ရသည့်အချိန် အမှန်တကယ်ကို နားမလည်နိုင်ခဲ့ဘဲ ရယ်စရာတစ်ခုဟုသာ ထင်နေခဲ့၏။ အဘယ်ကြောင့်ဆိုသော် ဤအချင်းအရာများမတိုင်ခင်က သူမ၏ဘဝသည် မိသားစုထဲမှ လမင်းလေးတစ်စင်း ကြယ်လေးတစ်ပွင့်လို နေထိုင်ခဲ့ရခြင်းဖြစ်ပြီး နည်းလမ်းပေါင်းစုံဖြင့် အလိုလိုက်အချစ်ခံခဲ့ရခြင်းကြောင့်ဖြစ်သည်။ သောက်စရာ ၊ စားစရာ ၊ ဝတ်စရာများနှင့်ပတ်သတ်ပြီး မိဘနှစ်ပါးက အကောင်းတကာ့အကောင်းဆုံးများကိုသာ ဖြည့်စည်းပေးထားသည့်အတွက် ထိုကဲ့သို့သောစကားမျိုးကို ကြားပင်မကြားဖူးခဲ့၏။
"ဒါပေမယ့် ထူးဆန်းတာတစ်ခုက ငါ့နားထဲကို သူ့စကားလုံးတွေ တဖြည်းဖြည်းနဲ့ နေရာဝင်ယူလာခဲ့တယ်..ဘာလို့လဲဆိုတော့ အဲ့အချိန်တုန်းက ငါ ဆိုတာ..."
ဝိန်းရိဖန်က စကားလုံး အမှားများသုံးနှုန်းမိမည်ကို စိုး၍ အသေအချာတွေးကြည့်လိုက်ရာ သူမ၏အတွေးထဲ၌ပေါ်လာသည့်စကားလုံးတို့ဖြင့် ထုတ်ပြောလာခဲ့သည်။
"ရှိသမျှလူတိုင်း ရှောင်ဖယ်ချင်နေကြတဲ့ ဝန်ထုပ်ဝန်ပိုးကြီးလေ"
"...."
"အမှန်တကယ်မှာလည်း ငါ့ကို အရမ်းကောင်းတဲ့အရာတွေ မဖြစ်မနေ ပေးစရာအကြောင်းမှမရှိတာ"
"အစက်အစက်လေး"(ဝိန်းအစက်အစက်)
ကျုံးစစ်ချောင်က သက်ပြင်းချလိုက်ကာ ဝိန်းရိဖန်၏ခေါင်းကိုပွတ်သပ်လိုက်၍
"နင် အဲ့စကားတွေကို အာရုံစိုက်မနေနဲ့"
"အခုချိန်ပြန်တွေးကြည့်မိတဲ့အခါကျတော့ အဲ့စကားတွေအားလုံးက မှန်တယ်လို့လည်း ငါ မထင်တော့ပါဘူး..ဒါပေမယ့် ယွမ်ရာကျော်တန်တဲ့ စကတ်လေးတွေ ၊ ယွမ်ဆယ်ကျော်တန်တဲ့ ကိတ်မုန့်တွေကို တွေ့လိုက်တိုင်း ငါ အချိန်အကြာကြီးတွေဝေနေမိတယ်..ပြီးရင် ငါ့ကိုယ်ငါအတွက် ဘယ်တော့မှ မဝယ်ပေးမိတော့ဘူး"
"...."
ဤအယူအဆကြီးသည့် အားနည်းသည့်အညွှန့်လေးမှတဆင့် အချိန်ကြာလာသည်နှင့်အမျှ အမြစ်တွယ်နေသည့်သစ်ပင်ကြီးတစ်ပင်အဖြစ် ကြီးထွားလာခဲ့ကာ..
တစ်စတစ်စချင်းဖြင့် ကိစ္စတစ်ခုကို ရိုက်သွင်းပုံဖော်သွားခဲ့ခြင်းမျိုး။
သူမသည် သိပ်ကောင်းလွန်းသောအရာများနှင့် မထိုက်တန်ပေ။
အကောင်းဆုံးသောအရာများကို ပိုင်ဆိုင်ခွင့်လည်း မရှိသင့်ပေ။
ထိုအထဲတွင်...
တလက်လက်တောက်ပနေသည့် ကောင်ကလေးလည်း အပါအဝင်။
"မဝယ်နိုင်လို့လားဆိုလည်း မဟုတ်ပြန်ဘူး..."
ဝိန်းရိဖန်က ရယ်မိလိုက်ရင်း
"ဒီအတိုင်း စိတ်ထဲမှာအမြဲတမ်းခံစားနေမိနေတာက အဲ့လောက်တန်ဖိုးကြီးတဲ့ပစ္စည်း ၊ အဲ့လောက်တန်ဖိုးကြီးတဲ့စကတ် ၊ အဲ့လောက်ထိစျေးကြီးတဲ့အလှပြင်ပစ္စည်းတွေကို ငါ့အပေါ်မှာ လာသုံးလိုက်ရင် အလဟဿဖြစ်သွားသလိုမျိုးလေ"
ကျုံးစစ်ချောင်က တိတ်ဆိတ်၍လှမ်းကြည့်နေခဲ့ပြီး ဝိန်းရိဖန်အတွက် ဝမ်းနည်းလာမိတော့၏။ ယခင်ကနှင့်ယှဥ်လိုက်လျှင် ဝိန်းရိဖန်မှာ များများစားစားပြောင်းလဲသွားခြင်းမရှိပါဘဲ အကြီးမားဆုံးမတူညီမှုဟူ၍ ခေါင်းမာလာခြင်းသာ ရှိပါလိမ့်မည်။
"နင့်ဒေါ်လေးပြောတဲ့ ကြောင်တောင်တောင်စကားတွေကို နားထောင်မနေနဲ့..ဦးနှောက်ချောင်နေတာလားမသိ..ငါ-ူးတဲ့မှ ပြောစရာစကားတောင်မရှိတော့ဘူး"
ကျုံးစစ်ချောင်က ဤစိတ်မသာမယာဖြစ်စေသည့်ကိစ္စများကို ထပ်မပြောလိုတော့သဖြင့်
"ငါတို့ ယောက်ျားတွေအကြောင်းပဲပြန်ပြောမယ်"
"...."
"စန်းရန်ရော..သူ နင့်ကို သဘောမကျတော့ဘူးဆိုတာ နင်သေချာလို့လား..အခုမှ စဥ်းစားကြည့်မိတာ တော်တော်လေးကို ထူးဆန်းတာနော်..သူ့ရဲ့အဲ့ဒီအကျင့်စရိုက်ရယ် ပြီးတော့ ပိုက်ဆံလည်းချို့တဲ့နေတာမှမဟုတ်တာ..ဘာမှမဖြစ်ဘဲနဲ့ ဘာလို့ အိမ်ခန်းအတူငှားနေနေရတာလဲ?"
ဝိန်းရိဖန်၏အသံက သိသိသာသာကိုနူးညံ့သွား၏။
"လုံးဝ သေချာပါတယ်ဆို"
ကျုံးစစ်ချောင် ;
"ဘာလို့လဲ?"
"ဘာလို့လဲဆို ငါ သူ့အပေါ်မှာ အရမ်းကိုမကောင်းခဲ့လို့..ငါ အရမ်းကိုမှပြင်းပြင်းထန်ထန်ဆက်ဆံခဲ့မိတဲ့အချိန်တွေ ရှိခဲ့လို့"
ဝိန်းရိဖန်က နှုတ်ခမ်းကိုတင်းတင်းစေ့မိထားပြီး မှင်သေသွားခဲ့ရကာ
"စန်းရန်က ငါ့အပေါ်ကို အရမ်းကိုမှကောင်းပေးခဲ့ပြီး..ငါ့ကြောင့်ပဲ နာကျင်သွားခဲ့ရတဲ့..တစ်ယောက်တည်းသောသူ.."
သူမထံတွင် စိတ်မသိုးမသန့်ဖြစ်ရခြင်းများရော တောင်းပန်ချင်သည့်စိတ်များပါ ရှိနေခဲ့ပြီး...
သူ့ဘက်က လက်မခံတော့မည်ကိုလည်း သိနေခဲ့သည်။
တစ်စုံတစ်ယောက်က သူ့မာနများကို ခြေဖဝါးအောက်ချ၍ အကြိမ်ကြိမ်နင်းချေထားခဲ့ပြီးပြီမဟုတ်လား။
ဝိန်းရိဖန် လုံးဝရှင်းရှင်းလင်းလင်း မှတ်မိနေဆဲဖြစ်သည်မှာ ဒုတိယအကြိမ်အဖြစ် အတန်းပိုင်ဆရာမမှ သူတို့နှစ်ဦး ရည်းစားဆိုသည့်ကိစ္စနှင့်ပတ်သတ်ပြီး ခေါ်ခံရသည့်အချိန်တွင် သူမက ဘကြီးတို့အိမ်၌ပြောင်းနေနေပြီဖြစ်သည်။
ထိုအချိန်တုန်းက အတန်းပိုင်ဆရာမသည် ကျောက်ယွမ့်တုံထံအကြောင်းကြားလိုက်ခြင်းဖြစ်သော်လည်း ကျောက်ယွမ့်တုံက အချိန်မရသဖြင့် ဘကြီးဖြစ်သူ 'ဝိန်းလျန်ရှန်' ထံသို့ အကူအညီတောင်း၍ဖြေရှင်းခိုင်းခဲ့သည်။ ထို့ကြောင့် အတန်းပိုင်ဆရာမနှင့် လာရောက်တွေ့ဆုံသည့်သူမှာ 'ဝိန်းလျန်ရှန်' ဖြစ်၏။
ထို့နေ့က သောကြာနေ့ နေ့လည်ခင်း။
နှစ်ဖက်အုပ်ထိန်းသူများ အချင်းချင်းစကားပြောပြီးနောက်တွင် ဝိန်းရိဖန်က ဝိန်းလျန်ရှန် နှင့်အတူ အိမ်ပြန်လိုက်ခဲ့ရသည်။
ဝိန်းရိဖန်က လမ်းလျှောက်လုံးတွင် စကားလုံးများစွာဖြင့် ဂရုတစိုက်ရှင်းပြခဲ့ပါသည့်တိုင် ဝိန်းလျန်ရှန်က စကားမဆိုခဲ့ပေ။ သူမဘက်မှ စကားများလွန်း၍ ဘကြီးဖြစ်သူ စိတ်အနှောက်အယှက်ဖြစ်မည်စိုးကာ ရှင်းပြပြီးနောက်တွင်တော့ အသံတိတ်ပေးနေခဲ့၏။
Advertisement
ထိုသို့တိတ်ဆိတ်နေသည်မှာ ဘကြီးအိမ်သို့ ပြန်ရောက်လာသည်အထိပင်။
ထိုအချိန်တွင် ချယ်ယန့်ချင်လည်း ရှိနေပြီး အိမ်ပြန်ရောက်လာသည့် သူမအား တွေ့လိုက်သည်နှင့်
"ရွှမ်းကျန့်..နင် တော်တော်ကိုစကားနားမထောင်တာပဲ..ငါတို့ နင့်ကိုစောင့်ရှောက်နေရတာ လွယ်တယ်လို့များထင်နေလား..နင့်ကိစ္စကြောင့် ဘကြီးကတစ်နေ့လုံးအချိန်ကုန်သွားပြီ..သူ့အလုပ်နဲ့သူတောင် မအားပါဘူးဆို ငါတို့စိတ်မရှုပ်အောင် နေပေးလို့မရဘူးလား"
ဝိန်းရိဖန်က အိမ်အဝင်ဝ၌သာရပ်နေဆဲဖြစ်ပြီး သူမ၏လက်ချောင်းများဟာ တင်းခနဲ။ ဖိနပ်ကိုပင် မချွတ်ရဲခဲ့ဘဲ သူမ၏စိတ်ထဲ၌ အိမ်ထဲမဝင်သွားသင့်ကြောင်းကိုသာတွေးနေမိပြီး ဘာပဲလုပ်လုပ် အမှားအယွင်းများသာဖြစ်နေတော့မည်လိုလိုမျိုး။
ဝိန်းလျန်ရှန်က ထိုအချိန်တွင် ;
"အားကျန့်"
ဝိန်းရိဖန် ခေါင်းမော့ကြည့်ရင်း ကျသင့်လာမည့်အပြစ်ဒဏ်အား ငြိမ်သက်၍စောင့်နေမိလိုက်၏။
ထိုအခိုက်အတန့်တွင် ဝိန်းလျန်ရှန်ပြောလိုက်သည့်စကားကိုတော့ သူမ တစ်သက်လုံး မေ့ပါတော့မည်မဟုတ်ပေ။
အလင်းဘက်တွင်ရှိသည့် ဟန်ဆောင်ထားမှုများ အားလုံးက ကွာကျလာခဲ့ကာ ထပ်၍ ဟန်ဆောင်ထားဖို့ရာ မတတ်နိုင်တော့သည့်အလား
"ဘကြီးလည်း မင်းကို အပြစ်မတင်ချင်ဘူး..ဒါပေမယ့် မင်း ရှင်းရှင်းလင်းလင်းသိထားရမှာက..ငါတို့မှာ မင်းကို ကျွေးမွေးထားရပါမယ်ဆိုတဲ့ တာဝန်ဝတ္တရားရှိမနေဘူး"
ဝိန်းလျန်ရှန်က သူမ၏အဖေနှင့် ရုပ်ဆင်သော်လည်း သူ့မျက်ခုံးများကတော့ ပို၍စူးစူးရဲရဲနိုင်ခဲ့၏။
"ဒါပေမယ့် ငါတို့ဘက်က မင်းကို သမီးအရင်းတစ်ယောက်လိုပဲ စောင့်ရှောက်ပေးထားခဲ့တယ်"
ငါတို့မှာ မင်းကို ကျွေးမွေးထားရပါမယ်ဆိုတဲ့ တာဝန်ဝတ္တရားရှိမနေဘူး
မင်းကို ကျွေးမွေးထားရမယ့်
တာဝန်မျိုးမရှိဘူး။
ဝိန်းရိဖန်၏လည်ချောင်းတစ်လျှောက် တစ်စို့နေခဲ့ကာ ထိုအခိုက်အတန့်တစ်ခုစာအတွင်း စကားတစ်ခွန်းမှပြန်မပြောနိုင်ခဲ့၏။
ထိုအချိန်က ပထမဆုံးအကြိမ်အဖြစ်
သူတို့၏မျက်နှာဖုံးများကို ရှင်းရှင်းလင်းလင်းခွာပြလာခြင်း။
ရှင်းရှင်းလင်းလင်း ကွက်ကွက်ကွင်းကွင်း ထင်သာမြင်သာ အဖြစ်ဆုံး စကားလုံးများဖြင့် ပြောနေခဲ့သည်မှာ သူတို့သည် သူမအား ဤနေရာ၌ လက်မခံထားလိုခြင်းများ။
"မင်းအစ်ကိုက အခုချိန်မှာ တက္ကသိုလ်ဝင်တန်းစာမေးပွဲအတွက်ပြင်ဆင်နေပြီ..ငါတို့ရဲ့အာရုံတွေအားလုံးက သူ့ကိုပဲ စိုက်ထားပေးရမှာ..ငါတို့ မင်းဆီက လိုချင်တာဆိုလို့ စကားနားထောင်တာလေး တစ်ခုတည်းပဲ..ပုံမှန်မဟုတ်တဲ့ကိစ္စတွေ ဘာမှလုပ်မလာနဲ့..မင်းဘက်က ဒီလောက်လေးတောင် ပြန်မလုပ်ပေးနိုင်ဘူးလား"
ဝိန်းရိဖန်က နေရာ၌သာရပ်နေရင်း တဖြည်းဖြည်း ဦးညွှတ်ကျလာခဲ့ကာ
နိမ့်လွန်း၍ ဖုန်မှုန့်များနှင့်ထိတော့မည့်အလား။
အချိန်အကြာကြီးနေပြီးသွားမှ
"တောင်းပန်ပါတယ်..နောက်ဆိုရင် မလုပ်တော့ပါဘူး"
------
အိပ်ခန်းထဲသို့ရောက်သည်နှင့် ဝိန်းရိဖန်က ဘီဒိုထဲမှလက်ကိုင်ဖုန်းအား ချက်ချင်းပြေးထုတ်ကာ ပါဝါခလုတ်အား တော်တော်ကြာအောင်ဖိနှိပ်ထားလိုက်သည်။ လက်ချောင်းများက ထိန်းချုပ်မရအောင်တုန်ယင်နေခဲ့ပြီး စောင့်နေရသည့်တစ်ခဏတာက သူမအတွက်တော့ ရာစုနှစ်ကြီးတစ်ခု ဖြတ်ကျော်နေရသည့်အတိုင်းပင်။
ကျောက်ယွမ့်တုံ၏ဖုန်းနံပါတ်ထံသို့ ခေါ်ဆိုလိုက်၏။
အချိန်အကြာကြီးတစ်ခု။
ဖုန်းမြည်သံမှာ အလိုအလျောက်ကျသွားတော့မည့်အချိန်မှသာ အခြားတစ်ဖက်မှဖုန်းလက်ခံဖြေလာခဲ့သည်။
"အားကျန့်"
ဝိန်းရိဖန်၏ နှာခေါင်းမှာစူးခနဲကျင်တက်လာပြီး ထိန်းထားခဲ့သည့်မျက်ရည်များက ချက်ချင်းစီးကျလာတော့၏။
ဝိန်းရိဖန်ဘက်မှ ကျောက်ယွမ့်တုံသို့ ပြောပြချင်နေခဲ့သည်မှာ --
သူမ လိမ်မာမည်ဖြစ်ကြောင်း..
ကျိန့်ခယ်ကျားနှင့် စကားမများတော့မည့်အကြောင်း..
ဦးလေးကျိန့်နှင့်လည်း အဆင်ပြေအောင်နေပေးမည်ဖြစ်ကြောင်း..
ထို့ကြောင့် သူမအား လာခေါ်ပြီး အမေရှိသည့်နေရာသို့ ခေါ်သွားပေးပါ ဟူ၍..
သူမအား ဘကြီး၏အိမ်၌ တစ်ယောက်တည်း မနေခဲ့ခိုင်းပါနဲ့ ဟူ၍..
မေမေ..ဘကြီးတို့က သမီးကိုသဘောမကျဘူး ဟူ၍..
အိမ်ပြန်ခေါ်သွားပေးပါ ဟူ၍..
ဝိန်းရိဖန် စကားမဆိုရခင်ပင် ကျောက်ယွမ့်တုံဘက်မှ ကျိန့်ခယ်ကျား၏အသံအား ကြားလိုက်ရတော့၏။
ကျောက်ယွမ့်တုံ၏အသံက လောပြာသည့်အသံမျိုးဖြစ်သွားခဲ့ကာ အလျင်အမြန်ဆိုလာခဲ့သည်မှာ
"သမီးမှာ ကိစ္စတစ်ခုခုရှိနေရင် ဘကြီးကိုပြောပြလိုက်နော်..ဘကြီးတို့အိမ်မှာ ကောင်းကောင်းနေ..ရည်းစားမထားနဲ့..ဟုတ်ပြီလား"
နောက်တွင် ဖုန်းချသွားခဲ့တော့သည်။
ဖုန်းထဲမှ ဖုန်းချသွားသည့်အေးစက်စက်အသံကိုကြားလိုက်ရသည်နှင့်အတူ ဝိန်းရိဖန်က လက်ကိုင်ဖုန်းအား အောက်ချလိုက်၏။ ခေါင်းကိုငုံ့ပြီး တဖြည်းဖြည်းမှိန်သွားသည့်ဖုန်းမျက်နှာပြင်အား စိုက်ကြည့်ရင်း မျက်ရည်များသည်လည်း အဆက်မပြတ်စီးကျနေခဲ့ကာ နေရာ၌သာ တောင့်တောင့်ကြီးထိုင်နေမိခဲ့သည်။
ထိုစက္ကန့်ပိုင်း၌ ခံစားလိုက်သည်မှာ သူမ၏တစ်ခုတည်းသောအားကိုးရာက ကျိုးပဲ့သွားပြီဟူ၍ပင်။
အချိန်မည်မျှပင်ကြာသွားခဲ့မှန်းမသိ။
လက်ထဲတွင် ကိုင်ထားသည့်ဖုန်းမှာ နောက်တစ်ကြိမ်တုန်ခါလာခဲ့သည်။
မျက်လုံးများကို ဖြေးဖြေးချင်းပင့်ပြီး ခေါ်ဆိုသူအား ကြည့်လိုက်၏။
--စန်းရန်။
ဝိန်းရိဖန် အချိန်အတော်ကြာအောင်စိုက်ကြည့်နေပြီးမှ ဖုန်းကိုင်လိုက်သည်။
နှစ်ဖက်စလုံးတွင် တိတ်ဆိတ်နေလျက်။
ပထမဆုံး စကားစပြောလာသည့်သူမှာ စန်းရန် ;
"မင်း အိမ်ပြန်ရောက်ပြီလား"
ဝိန်းရိဖန်က 'အင်း'ဟု ခပ်တိုးတိုးလေးသာ ပြန်ဖြေလိုက်၏။
"ဆူခံထားရတာလား"
စန်းရန်၏အသံမှာ စိတ်လှုပ်ရှားနေပုံရပြီး စကားလုံးက အထစ်ထစ်အငေါ့ငေါ့ဖြစ်လျက်
"အတန်းပိုင်ဆရာမက ဒီကိစ္စကြောင့်နဲ့ အုပ်ထိန်းသူ ထပ်ခေါ်လိမ့်မယ်လို့ ငါလည်း မထင်ထားလို့ပါ..ငါ့ကြောင့် မင်းပါ ထိခိုက်သွားရတာမလို့..တောင်း..."
ဝိန်းရိဖန် ရုတ်တရက်စကားဖြတ်ပြောလိုက်၏။
"စန်းရန်"
ရှိသမျှစိတ်ခံစားချက်များက ပုန်ကန်ထကြွလာပုံလည်း ရသည်။
ကောင်လေး၏အသံတို့က ခပ်ပြင်းပြင်းစကားစဖြတ်ခြင်းခံလိုက်ရသော်လည်း ဆက်၍ပြောလာခြင်းမပြုပါပေ။
ထိုအခိုက်အတန့်သည် ဝိန်းရိဖန်၏ အဆိုးမြင်စိတ်ခံစားချက်များ အပြင်းထန်းဆုံးဖြစ်နေသည့်အချိန်။
ထိုကောင်လေးက တောင်းပန်စကားဆိုနေသည့်အချိန်တွင် သူမဘက်မှ ယခုလိုစကားမျိုးမပြောသင့်မှန်း ၊ မယဥ်မကျေး စကားဖြတ်မပြောသင့်မှန်း သိနေပါသည့်တိုင်
သူမ၏စိတ်ခံစားချက်များအား လုံးဝထိန်းချုပ်မထားနိုင်ပါတော့ချေ။
တိတ်ဆိတ်နေသည့်အိပ်ခန်းငယ်လေးထဲတွင် သူမ၏စကားအတိုးဖျဆုံးပြောမိလိုက်သည့် စကားလုံးတို့ကို ဝိန်းရိဖန်ကိုယ်တိုင်ပြန်ကြားနေခဲ့ရ၏။
"နင် ငါ့ကို ထပ်ပြီးမနှောက်ယှက်ပါနဲ့တော့လား"
(Zawgyi)
------
"...."
"ရတယ်လေ"
"တကယ်ပြောနေတာလား?"
"အင်း"
"...."
ဝိန်းရိဖန်က ;
"မဖြစ်နိုင်ပါဘူး"
"အမ်?"
ကျုံးစစ်ချောင် ;
"...."
Advertisement
- In Serial183 Chapters
The Boy Next Door | Yoonmin ✔
Previously titled "Orange Mint"________________Jimin likes poetry, music and a cute boy with mint green hair that lives in the apartment building across from his.Yoongi hates liars, the cold, and the fact that he knows nothing about Park Jimin, the boy who he sees reading every day from his apartment window.
8 223 - In Serial31 Chapters
Taming My Husband
Book 1 (Taming series)COMPLETED'Say it''Say what''Say that you love me. I know you do'With that Aditya turns his face away from me. 'I am going to make you say it Adi. I promise I will', says Noor determined to get her husband to confess his love for her.Aditya is a stubborn, dominating, hard headed man with trust issues.Noor is a free soul with a bit of sarcasm and craziness. She has been waiting for the love of her life to sweep her off her feet only to realise that her man doesn't believe in love. But she is determined to win his heart like he has won hers.Will she succeed? Or will she end up with a broken heart?30,000 words approximately.Completed on 31.12.16# 2 in Indian (21.09.2018)# 50 in short story (7.07.2018)# 275 in romance (1.10.2016)
8 323 - In Serial36 Chapters
It's Kinda Complicated
Hot Boss? ✔Love-Hate Relationship with Boss? ✔Weird Best Friends? ✔Complicated friendship with Best Friend? ✔History with Best Friend's Ex Boyfriend? ✔Crush on Best Friend's current Boyfriend? ✔Drama? ✔Sarcasm? ✔Confusion? ✔Humor? ✔You think your life is a soap opera?Honey, you haven't met Riya.#5 in hotness (7 March '19)#17 in comebacks (19 Oct '18)#18 in mess (19 Jan '19)
8 202 - In Serial20 Chapters
Her Boss
Have you ever lusted over your boss?Addison Chase is a package full of temptation. She's ahead of her game at only thirty-five years old, and that's not the only thing she's got going for her. When Samantha finds herself in the spotlight of Miss Chase's attention, it's difficult not to reciprocate those intense, hungry eyes. They're women, lawyers and mothers. What can go wrong?
8 246 - In Serial29 Chapters
You're MINE now! (Chucky X Reader) [SLOW UPDATES]
You're 18 years old and you live with your Aunt Karen and your cousin Andy Barclay and his doll (Chucky) comes to life... What happens next..?
8 197 - In Serial4 Chapters
tearjerker(completed)
Love is a Universal language:we all want to love and be loved because that's a human thing to do.Before we can share our lives to someone we all need to take a risks.Sometimes,risk pays off,and you end up with Mr. or Ms. Right.Unfortunately,it's not always the case for everybody else.#First Story
8 154