《First Frost (Myanmar Translation)》Chapter 36
Advertisement
ဝိန်းရိဖန်က စကားဆုံးသည်နှင့် စန်းရန်ဘက်မှတုံ့ပြန်လာမှုကိုမစောင့်တော့ဘဲ ခပ်တည်တည်ဖြင့် လျှောက်ထွက်လာခဲ့သည်။ လမ်းလျှောက်ပုံက အတော်လေးငြိမ်ပါသော်ငြား ခြေလှမ်းများမှာတော့ လေးလံလွန်းပြီး မ,ဖို့ရာပင်မလွယ် ၊ ထို့အပြင် ဂွမ်းစများအပေါ်လမ်းလျှောက်နေရသည့် ခံစားချက်မျိုးပါ ရှိနေသေးသည်။
စန်းရန်က ဝိန်းရိဖန်တစ်ယောက် ပုံမှန်မဟုတ်နေမှန်း သတိထားမိလိုက်ကာ
"မင်း ဘယ်လောက်တောင် သောက်ထားတာလဲ"
ဝိန်းရိဖန်က တုံ့ခနဲရပ်သွား၍
"၁ခွက်"
စန်းရန် ;
"၁ခွက်က ဘာတွေလဲ"
ဝိန်းရိဖန် ခေါင်းရမ်းပြပြီး
"မသိဘူး"
စန်းရန်က မျက်မှောင်ကျုံ့လိုက်၍ စကားသံတို့က စိတ်မကြည်တော့သည့်ပုံစံဖြစ်သွားခဲ့သည်။
"မသိဘဲနဲ့ မင်း လျှောက်သောက်လာတာလား"
ဝိန်းရိဖန် ;
"ရှောင်ထျန်း ပေးတာ"
သူမက စက်ရုပ်တစ်ရုပ်အလား မေးသမျှပြန်ဖြေနေပြီး အမူအရာတို့မှာ ပုံမှန်နှင့်ဘာမှမကွာခြားပေ။ အကယ်၍ ခုဏကစကားမျိုးများသာ မပြောလာခဲ့လျှင် စန်းရန်အနေဖြင့် သူမ အရက်မူးနေမှန်းပင် သိမည်မဟုတ်၏။
လှဲကျသွားမည်ကိုစိုးရိမ်သည့်အတွက် စန်းရန်က အရှေ့တိုးလာပြီး လက်ဆန့်ထုတ်ကာ သူမကိုထိန်းပေးမည့်ဟန်မျိုး ပြုလုပ်လိုက်၏။
"မတ်မတ်ရပ်"
သူ့လှုပ်ရှားမှုကို မြင်လိုက်ရသည့်အခါ ဝိန်းရိဖန်က အလိုလိုနောက်ဆုတ်သွားမိပြီး လက်တစ်ဖက်က အင်္ကျီဆွယ်တာခေါင်းစွပ်ကို ဖိထားလိုက်၍
"စန်းရန်"
"?"
သူ့မျက်ဝန်းများကို လှမ်းကြည့်ပြီး ဝိန်းရိဖန်က နှုတ်ခမ်းကိုတင်းတင်းစေ့ကာ သူနှင့်အနားကပ်ဖို့ရာကြိုးစားနေသည့်အတိုင်း စကားလုံးများကိုအလေးအနက်ထားပြောလာခဲ့သည်။
"ငါ နင့်ကို ဒီအချိန်တွေအတွင်းမှာ အရမ်းကောင်းကောင်းမွန်မွန်ဆက်ဆံပေးခဲ့တာလေ..ဟုတ်တယ်မလား"
စန်းရန်၏လှုပ်ရှားမှုက သိသိသာသာရပ်သွားခဲ့သည်။
ဝိန်းရိဖန်ကဆက်၍
"နင် ဘာပဲပြောပြော ငါ ပြန်လည်းခံမပြောဘူး..ပြီးတော့ စကားလည်းနားထောင်သေးတယ်"
စန်းရန်က သူ့လက်ကိုပြန်ရုတ်လိုက်၏။
"မင်း ဘာပြောချင်နေတာလဲ"
"ငါက နင်နဲ့ ဆွေးနွေးချင်တာ"
ဝိန်းရိဖန်က ရုတ်တရက်ပျို့အန်ချင်လာပြန်သဖြင့် သူ့အနားသို့ ပြန်ကပ်သွားခဲ့ကာ သူ့ခန္ဓာကိုယ်ပေါ်မှရနံ့သင်းသင်းကိုရှူရှိုက်လိုက်သည့်အခါတွင်မှ သက်သာသလိုရှိသွားခဲ့သည်။
"နင် ငါ့ကို မွန်းအောင်မဆွဲလို့ရလား"
စန်းရန် ; "?"
"ငါ...ကောင်းကောင်း အသက်ရှူချင်လို့"
"...."
ဤစကားတစ်ခွန်းအဆုံးတွင် ဝိန်းရိဖန်က သူမ၏ဆွယ်တာခေါင်းစွပ်ကိုတစ်ချိန်လုံးကိုင်ထားခဲ့မှန်း စန်းရန် သတိထားမိလိုက်သည်။ ထိုအခါ အစောလေးတုန်းက သူ မုချန်ယွင်ကိုလုပ်ထားခဲ့သည့်ကိစ္စကိုလည်း ပြန်သတိရမိလိုက်၏။ သူ့နှုတ်ခမ်းထောင့်များ ကွေးသွားခဲ့သလို ပြောစရာစကားလည်းမဲ့သွားခဲ့ရင်း ဝိန်းရိဖန်၏လက်မောင်းကိုလှမ်းဆွဲထားလိုက်၏။
ဝိန်းရိဖန်၏ ဆွယ်တာခေါင်းစွပ်ကိုကိုင်ထားသည့်လက်တစ်ဖက်က တုတ်တုတ်မျှမလှုပ် ၊ ခန္ဓာကိုယ်၏ဘာသာစကားအရ သူ့အား သတိကြီးကြီးထားနေခြင်းပေ။
"အင်းပါ အင်းပါ"
စန်းရန် စုတ်တစ်ချက်သပ်ပြီး အားကိုခပ်ဖျော့ဖျော့သာ သုံးပြီးဆွဲခေါ်လိုက်၏။
"ဦးထုပ်ကိုမထိဘူး"
"...."
ဝိန်းရိဖန်၏အမူအရာမှာ မယုံသင်္ကာဖြစ်နေဆဲ ဖြစ်သည့်တိုင် လက်ကိုတော့ ဖြေးဖြေးချင်းလွှတ်ချလာပေး၏။
စန်းရန်က သူမကိုထိန်းထားပေးရင်း အိမ်ခန်းဆီသို့လျှောက်လာခဲ့ကြသည်။ သူမ၏မျက်နှာကို တစ်ချက်လှမ်းကြည့်ပြီးနောက် သူ့မျက်ဝန်းကအောက်သို့ဆက်ဆင်းသွားပြီး သူမ၏အရိုးမရှိသည့်အလား နူးညံ့နေသည့်လက်မောင်းကိုစိုက်ကြည့်ရင်း ခပ်တိုးတိုးလေးသာ စကားဆိုလိုက်၏။
"မင်းကိုတော့ အဲ့လိုဆက်ဆံမှာမဟုတ်ဘူးလေ"
အိမ်ထဲသို့ဝင်လာပြီးနောက် ဝိန်းရိဖန်က အိမ်နေရင်းဖိနပ်ကိုလဲစီးပြီးသည်နှင့် အိပ်ခန်းဆီသို့ ဦးတည်ပြီးလျှောက်သွားတော့သည်။ သုံးလေးလှမ်းမျှပင်မလှမ်းရသေးခင် စန်းရန်က သူမအား ပြန်ဆွဲခေါ်လိုက်ပြီး ဆိုဖာပေါ်၌ထိုင်ခိုင်းထား၏။
"ထိုင်နေ"
ဝိန်းရိဖန် 'အို့' ဟု အသံတစ်ချက်ပြုပြီး စန်းရန်က ရေနွေးအိုးတည်ပြီး မီးဖိုချောင်ထဲဝင်သွားသည်အား လိုက်ကြည့်နေလိုက်၏။
ချက်ချင်းဆိုသလို စန်းရန်က နောက်ပြန်လှည့်လာ၍
"အဲ့ရေကို မထိနဲ့"
စန်းရန်က ဘာလုပ်ချင်နေမှန်း သူမလည်း မသိသဖြင့် ခေါင်းသာငြိမ့်ပြလိုက်၏။ ဤအခိုက်အတန့်တွင် အစာအိမ်ထဲမှ မသက်မသာဖြစ်နေရပြီး မျက်ခွံများကလည်း ထိန်းမရအောက်မှေးလာခဲ့ကာ ပူပူနွေးနွေးတစ်ခုခုစားသောက်ပြီး အိပ်ရာထဲသာဝင်ချင်တော့သည်။
တစ်ခဏကြာကြာစောင့်ပြီးချိန်တွင်။
ဘေးနားမှ ရေနွေးအိုးမှာ အချိန်ကိုက် ဆူပွက်လာသည့်အတွက် ဝိန်းရိဖန် သက်ပြင်းချကာ ရေနွေးတစ်ခွက်လှမ်းငှဲ့တော့မည့်အချိန် ရုတ်တရက်လက်ပြန်ရုတ်လိုက်မိပြီး နောက်စက္ကန့်ပိုင်းလေးအတွင်း စန်းရန်၏အသံ ထွက်လာခဲ့၏။
"ဘာလုပ်နေတာလဲ"
"...."
ဝိန်းရိဖန် ချက်ချင်းလက်ရုတ်သိမ်းလိုက်၏။
တစ်စုံတစ်ယောက်၏ပစ္စည်းကို ခွင့်ပြုချက်မတောင်းဘဲ ထိချင်နေသည့်မသိုးမသန့်ဖြစ်သွားရသောစိတ်မျိုး ပေါက်ဖွားလာလျက်။
စန်းရန်က အနားသို့ပြန်လျှောက်လာပြီး သူမ၏ဘေးတွင် ဝင်ထိုင်လိုက်၏။လက်ထဲတွင် ပျားရည်ပုလင်းကိုကိုင်လာပြီး ဖန်ခွက်ထဲသို့ သုံးလေးဇွန်းထည့် ၊ ရေအေးကိုလောင်းပြီးနောက် ရေနွေးဖြင့် ရောသမျှအောင်ပြန်မွှေလိုက်သည်။
သူ့အနောက်တိုင်းဝတ်စုံမှာ အခုထိမချွတ်ရသေး ၊ ခပ်ကျယ်ကျယ်ပုခုံးပြင် ၊ ခြေတံရှည်ရှည်တို့နှင့် တွဲဖက်လိုက်သည့်အခါ သူ့ပုံစံမှာ လေးနက်တည်ကြည်သည့်စိတ်နေသဘောထားဘက်သို့ရောက်သွားပြီး အဆိုးမြင်ဝါဒီသမားမဟုတ်ကြောင်း ဖုံးဖိထားသလိုလိုပင်။
ဝိန်းရိဖန်က သူ့အဝတ်အစားများကို သတိထားမိနေသည်မှာကြာလှပြီဖြစ်၍
"နင် ဒီနေ့ဘာလို့ ဒီလိုဝတ်စုံမျိုး ဝတ်ထားတာလဲ"
စန်းရန်က ပြန်မဖြေဘဲ ဖန်ခွက်ကို သူမအရှေ့သို့ချပေးလာ၏။
"သောက်လိုက်"
ဝိန်းရိဖန် လှမ်းယူပြီးနောက် သုံးလေးငုံမျှသောက်လိုက်ပြီး ဆက်၍
"နင် အလုပ်ရှာတွေ့သွားပြီလား"
စန်းရန်က တမူထူးခြားအောင်အေးစက်နေပြီး စကားတစ်ခွန်းမှပြန်မဖြေပေ။
သို့သော်လည်း သောက်ထားသည့်ဝိန်းရိဖန်က ပုံမှန်ထက် ပို၍စကားများနေခဲ့ပြီး
"ဘယ်အချိန်တုန်းက ရသွားတာလဲ"
ဝိန်းရိဖန်မှာမူ တစ်ဖက်လူကဖြေသည်ဖြစ်စေ မဖြေသည်ဖြစ်စေ ဂရုမစိုက်အား ၊ သူမဘာသာ ဆက်မေးနေဦးမည့်သဘောဖြင့်
"ဒီအလုပ်က ဝတ်စုံပြည့်ဝတ်ဖို့လိုတာလား"
စန်းရန်က ပြုံးလိုက်မိရင်း
"မေးခွန်းတွေကလည်း များလိုက်တာ"
ဝိန်းရိဖန် မျက်တောင်တဖျက်ဖျက်ခတ်ရင်းလှမ်းကြည့်နေ၏။
"ဒါပေမယ့် ကိုယ်ကတော့ အခုလောလောဆယ်..."
တစ်ဝက်နီးပါးသောက်ပြီးသွားသည့် သူမ၏ဖန်ခွက်ကိုကြည့်လိုက်၍
"မင်းနဲ့ စကားပြောဖို့ကို စိတ်မဝင်စားဘူး..အရက်သမား"
စွပ်စွဲခံရလိုက်သည့် ဝိန်းရိဖန်က ချက်ချင်းခွန်းတုံ့ပြန်လာသည်။
"ငါ တစ်ခွက်ပဲသောက်တာ"
စန်းရန်က အာရုံမစိုက်တော့ဘဲ မီးဖိုချောင်ဘက် ပြန်ထွက်လာလိုက်၏။
Advertisement
အနောက်တွင်ကျန်နေခဲ့သည့် ဝိန်းရိဖန် ;
"နင့်လိုမျိုး ဘွဲ့ရတဲ့နေ့တုန်းကတစ်ဒါဇင်နီးပါးသောက်တဲ့လူကိုမှ အရက်သမားလို့ ခေါ်တာ"
စန်းရန် ချက်ချင်းငြိမ်သွားခဲ့ကာ နောက်ပြန်လှည့်လာခဲ့သည်။
"မင်း ဘယ်လိုလုပ်ပြီး သိတာလဲ"
ဝိန်းရိဖန် ;
"မုချန်ယွင် ပြောပြတာ"
"...."
"နင် ဘာဖြစ်လို့ အဲ့လောက်အများကြီးသောက်ခဲ့တာလဲ"
အချိန်အတော်ကြာအောင်ငြိမ်နေခဲ့ပြီးမှ စန်းရန်က အကြည့်လွှဲလိုက်၍
"ဘယ်လောက်တောင်ကြာခဲ့ပြီးတဲ့ကိစ္စတွေမလို့လဲ"
စန်းရန် ; "အစောတည်းက မေ့သွားခဲ့ပြီ"
"အို့"
ပျားရည်တစ်ဝက်နီးပါးသောက်ပြီးသွားနောက် ဝိန်းရိဖန်၏စိတ်က နဂိုကထက် ကြည်လာပြီး အစာအိမ်မှာလည်း အနည်းငယ်နေသာထိုင်သာရှိလာခဲ့သည်။
"ဒါဆိုလည်း နောက်ဆိုရင်တော့ နင် နည်းနည်းလျော့သောက်ပေါ့"
စန်းရန်က မည်သည့်အဖြေမျိုးကိုမှ ပြန်မပေးတော့ဘဲ မီးဖိုချောင်ဆီသို့သာ တိုက်ရိုက်ဝင်လာခဲ့သည်။
သိပ်မကြာလိုက်ခင် ဆန်ပြုတ်တစ်ပန်းကန်နှင့် ပြန်ရောက်လာပြီး ဝိန်းရိဖန်ရှေ့သို့ ချပေးလာ၏။ ထို့နောက် ဆိုဖာပေါ်သို့မှီချလိုက်ကာ သူ့တာဝန်ပြီးဆုံးသွားသည့်အလား ပျင်းတိပျင်းရွဲဖြင့်
"သောက်ပြီးသွားရင် သွားအိပ်တော့"
"...."
ဤအခိုက်အတန့်တွင်တော့ ဝိန်းရိဖန်တစ်ယောက် အိမ်ခန်းဖော်တစ်ဦးရှိသည့်အကျိုးကျေးဇူးများကို ပျော်ပျော်ကြီးခံစားနေမိတော့သည်။ သူမ၏စိတ်ထဲ စန်းရန်က သဘောကောင်းလွန်းသည့်အကြောင်းတွေးမိလိုက်သည့်အပြင် အကယ်၍နောင်တွင် သူ မသက်မသာဖြစ်လာသည့်အခါမျိုး၌ သူမဘက်က သေချာပေါက်ပြန်စောင့်ရှောက်ပေးမည်ဖြစ်ကြောင်း တိတ်တိတ်လေးတွေးထားလိုက်သည်။
စန်းရန်က ဆိုဖာပေါ်ကျောမှီထိုင်ထားရင်း ဖုန်းကစားနေ၏။
ဝိန်းရိဖန်က ဆန်ပြုတ်ကို ခပ်ဖြေးဖြေးသောက်ရင်း သူ့အား ကျေးဇူးတင်စကားဆိုမည့်အခိုက်တွင် စန်းရန်၏လက်ကိုင်ဖုန်းသံမြည်လာခဲ့သည်။
စန်းရန်က ချက်ချင်းလက်ခံဖြေဆိုလိုက်၏။
"ပြော"
သူ့ပုံစံက အမြဲတမ်း သည်လိုမျိုးပင် ၊ အခြားသူနှင့်ဖုန်းပြောသည့်အချိန် နှုတ်ဆက်သည့်စကားတစ်ခွန်းတောင်မဆိုဘဲ အလွန်အမင်းစိတ်မရှည်သည့်အလား ပထမဆုံးအဖွင့်စကားလုံးဖြင့်ပင် တစ်ဖက်လူအား လွင့်ထွက်သွားအောင်မောင်းထုတ်နေလေသည်။
ဝိန်းရိဖန်လည်း သူမစကားလုံးများအား ပြန်မျိုချပစ်လိုက်တော့၏။
ဖုန်းတစ်ဖက်မှလူသည် ဘာပြောနေမှန်းမသိသော်ငြား စန်းရန် ပြန်မေးလိုက်သည်မှာ
"ဘယ်သူ့မွေးနေ့?"
"အို့..မင်း ငါ့ကိုတကူးတကဖုန်းဆက်ပြီး လာသတိပေးနေစရာမလိုဘူး..မင်းဘာသာမင်း သွမ့်ကျားရွှီကိုတိုက်ရိုက်သွားပြော..သူ့ ဒီအသက်ဒီအရွယ်ကြီးနဲ့ မွေးနေ့ရှိကြောင်းကို တစ်လောကလုံးလိုက်ကြေညာပေးနေစရာလိုလို့လား"
"...."
"တအားတွေ မွေးနေ့လုပ်ချင်နေရင်..ကိုယ့်ဘာသာကိုယ် တိုးတိုးတိတ်တိတ်လေး လုပ်ရင်တော်ပြီပေါ့"
စက္ကန့်ပိုင်းမျှရပ်သွားနောက် စန်းရန်က ခနဲ့တဲ့တဲ့ရယ်လိုက်၍
"ဘယ်လို..ငါလည်း အိုနေပြီ ဟုတ်လား?..သူ့လို 80ခုနှစ်ဖွား နဲ့ လောင်ဇစ်လို 90ခုနှစ်ဖွားကို မင်း လာမယှဥ်ချင်စမ်းနဲ့"
"တော်စမ်းပါ..မြန်မြန်လစ်ပြီး စာသာလုပ်နေ..နောက်လဆိုရင်ပဲ တက္ကသိုလ်ဝင်တန်းစာမေးပွဲကဖြေရတော့မှာကို ဒီအစုတ်ပလုတ်ကိစ္စတွေကို ဘာကိစ္စနဲ့လိုက်စိတ်ပူနေတာလဲ"
"ဖုန်းချပြီ"
ဖုန်းချပြီးနောက်တွင် အခန်းတစ်ခုလုံး တိတ်ဆိတ်သွားခဲ့၏။
ဝိန်းရိဖန်က ဦးနှောက်ထဲ နှေးနှေးကွေးကွေးစဥ်းစားရင်း တစ်စုံတစ်ရာအား သတိရလာခဲ့ပြီးနောက်
"နင့်မွေးနေ့က 90ခုနှစ် 1လပိုင်းထဲမှာ မလား"
စန်းရန်က လှမ်းကြည့်လာ၍
"ဘာလဲ?"
"နှစ်သစ်ကူးပြီး နောက်တစ်နေ့မလား(1လပိုင်း 2ရက်နေ့)..89ခုနှစ်ဖွားတွေနဲ့ နှစ်ရက်ပဲခြားတာကို"
စန်းရန်က ဖုန်းကစားနေပြန်ကာ သူမပြောသည့်စကား၏အဓိပ္ပါယ်ကိုမကြားချင်ယောင်ဆောင်ကာ သိပ်စိတ်မဝင်စားသည့်အသံမျိုးဖြင့်
"မင်း ကိုယ်နဲ့ပတ်သတ်တာတွေကို သေချာမှတ်မိသေးတယ်ပေါ့"
ဝိန်းရိဖန် တုံ့ခနဲရပ်သွားရင်း ခပ်တိုးတိုးသာပြန်ဖြေလိုက်သည်။
"အဲ့ရက်စွဲက မှတ်ရလွယ်လို့ပါ"
"အို့"
စန်းရန်က သိပ်ဂရုမစိုက်သည့်အမူအရာမျိုးဖြင့်သာဆိုလာခဲ့၏။
"မှတ်ရလွယ်လို့လား"
--------
ဆန်ပြုတ်သောက်ပြီးနောက်တွင် ဝိန်းရိဖန်က စန်းရန်ကိုကျေးဇူးတင်လိုက်ပြီး အိပ်ခန်းထဲသို့ ဝင်လာခဲ့၏။ ရေနွေးနွေးဖြင့်ရေချိုးလိုက်ခြင်းကြောင့် စိတ်အစဥ်က တဖြေးဖြေးပြန်ကြည်လင်လာခဲ့ကာ ယနေ့ညတွင် သူမပြောမိထားသည့် ပေါက်ကရစကားများနှင့် အပြုအမူများကို ပြန်မြင်ယောင်လာကြည့်မိတော့သည်။
နောက်ကျမှ နောင်တရသည်ဟုပဲဆိုဆို အရက်သောက်မိသွားသည့်အတွက် ကိုယ့်ကိုကိုယ် စိတ်ညစ်မိသည်မှာလည်းမလွဲ။
ကျန်နေသေးသည့်အရက်ရှိန်ကလည်း ဝိန်းရိဖန်အား အိပ်ချင်စိတ်များ အမြင့်ဆုံးသို့ရောက်အောင် တွန်းပို့နေပါသေး၏။
ရေချိုးခန်းထဲမှထွက်လာပြီး အိပ်ရာပေါ်ပစ်လှဲအိပ်လိုက်ရာ မျက်ခွံများက လုံးဝမဖွင့်နိုင်တော့သည့်အခြေအနေဆီသို့ ရောက်သွားခဲ့ပြီး ယနေ့ညတွင်ဖြစ်ခဲ့သည့်ကိစ္စများကိုတွေးပူနေဖို့ပင် ခွန်အားမကျန်တော့ချေ။ ရီဝေဝေကြားကာလထဲတွင် စန်းရန်မှ သူမလက်ထဲသို့ထည့်ပေးလာသည့် ပျားရည်တစ်ခွက်ကို သွားသတိရမိလိုက်သည်။
အလွန်တရာကိုမှ နွေးထွေးနေသောခံစားချက်။
ထိုအပူချိန်က လက်ချောင်းထိပ်လေးမှတဆင့် တစ်ကိုယ်လုံးဆီသို့ ပျံ့နှံ့သွားသလိုပင် ခံစားမိစေနိုင်ခဲ့သောနွေးထွေးမှု။
လုံးဝသတိလက်လွတ် အိပ်မောမကျသွားခင် စက္ကန့်ပိုင်းလေးတွင်။
ဝိန်းရိဖန်၏စိတ်ထဲ၌ အတွေးတစ်ခုက ထိန်းမရအောင်ပေါ်လာခဲ့တော့၏။
စန်းရန်က သည်နေရာတွင် ကြာကြာပိုနေသွားရန် မျှော်လင့်လိုက်ခြင်းပေ။
ယနေ့ညတွင်ကြားခဲ့ရသည့် မုချန်ယွင်၏စကားများကြောင့်လားမသိ ဝိန်းရိဖန်သည် သူမ ဘွဲ့ယူခဲ့သည့်နေ့ရက်အား အိပ်မက်ထဲ၌ တိတိကျကျထည့်မက်လာခဲ့တော့သည်။ သို့သော် ပုံရိပ်များက အနည်းငယ်ဝေဝါးသလိုရှိနေသည့်အတွက် မြင်နေရသည့်သူမှာ အမှန်တကယ်ဟုလည်းခံစားမိရသလို သိပ်မသေချာသည့်မြင်ကွင်းများလိုလည်း ဖြစ်နေခဲ့၏။
သူမ၏အိပ်မက်ဖြစ်နေပါသည့်တိုင် ဤအရာများဟာ အမှန်တကယ်လား ထင်ယောင်ထင်မှားသက်သက်လား ကာယကံရှင်သူမကိုယ်တိုင် မခွဲခြားနိုင်ပါတော့ချေ။
မှတ်ဥာဏ်ပုံရိပ်များထဲတွင် ဘွဲ့ယူပွဲအခမ်းအနားက နေ့လည်ခင်းပြီးသွားပုံရသည့်အချိန်။
ဝိန်းရိဖန်က ဘွဲ့ဝတ်စုံကိုဝတ်ထားပြီး လက်ထဲတွင် ဘွဲ့လက်မှတ်အားကိုင်ထားကာ ဘွဲ့ခန်းမထဲမှထွက်လာကြသည့်လူအုပ်ကြီးထဲမှနေ၍ အခန်းဖော်သူငယ်ချင်းများနှင့်အတူ ထွက်လာခဲ့သည်။
အပြင်ဘက်တွင် လူစုံတက်စုံရှိလှပြီး အများဆုံးမှာ ဘွဲ့ဝတ်စုံဝတ်ထားသည့်ကျောင်းသားကျောင်းသူများက မိဘဆွေမျိုးသူငယ်ချင်းများနှင့် ဓါတ်ပုံရိုက်နေကြခြင်းသာဖြစ်သည်။ သွားသွားလာလာလုပ်နေကြသည့်သူများမှာလည်း နေရာတိုင်းတွင်ရှိပြီး ရင်းနှီးသည့်သူနှင့်ပင် တစ်ခါတစ်ခါမျက်မှန်းတန်းမိနိုင်ပါသေးသည်။
ဝိန်းရိဖန်သည်လည်း အမှတ်တရဓါတ်ပုံရိုက်ဖို့ရာအတွက် မကြာမကြာဆွဲခေါ်ခံနေရ၏။
နောက်ဆုံးနှစ်ကျောင်းသားများဖြစ်ကြသည့်အတွက် ကိုယ်စီအလုပ်သင်ဆင်းကြပြီး ဤမိန်းကလေးအုပ်စုလေးမှာ အချိန်တစ်ခုစာအတွင်း တစ်ယောက်နှင့်တစ်ယောက် မတွေ့ဖြစ်ခဲ့ကြပေ။ထို့ကြောင့် ပြန်ဆုံကြသည့်အချိန်လေးအတွင်းတွင် ပြောစရာစကားများ တစ်ပုံတစ်ပင်ရှိနေကြပြီး များသောအားဖြင့် အလုပ်သင်ဆင်းရသည့်အတွေ့အကြုံများသာ ဖြစ်သည်။
စကားဝိုင်းတစ်ဖြတ်ပြီးသွားသည့်အချိန်တွင် အခန်းဖော်သူငယ်ချင်းတစ်ယောက်က စကားဆိုလာခဲ့၏။
"ဒါနဲ့လေ..ခုဏတုန်းက ငါ ဘွဲ့ယူပြီး ဆင်းလာတဲ့အချိန် နောက်ဆုံးတန်းမှာထိုင်နေတဲ့ အရမ်းအရမ်းအရမ်းကိုချောတဲ့ကောင်လေးတစ်ယောက်တွေ့လိုက်တယ်..ဘယ်မေဂျာက ကောင်လေးလဲမသိဘူး"
အခြားအခန်းဖော်တစ်ဦး ;
"ငါလခွမ်း!..ဘာလို့ ငါ့ကိုလှမ်းမခေါ်တာလဲ"
"ဘာလို့ ငါ့ကို လာအပြစ်တင်နေတာလဲ..အဲ့တုန်းက နင်တို့ ဘွဲ့ယူဖို့ရပ်စောင့်နေရတဲ့အချိန်လေ..နင်တို့ ဆင်းလာတဲ့အချိန်ကျတော့ ငါပြောပြမယ်ဆိုပြီး လှမ်းကြည့်တဲ့အချိန် အဲ့ကောင်လေးကို အဲ့နေရာမှာရှာမတွေ့တော့လို့..ငါ့မျက်လုံးတွေတဖျက်ဖျက်လက်သွားတဲ့ခံစားချက်ကြီးတောင် အခုထိရှိသေးတယ်"
Advertisement
"အင်းပါ..ငါ နင့်ကို မျက်လုံးလက်သွားတဲ့ဟာမကြီးလို့ သတ်မှတ်လိုက်ပြီ"
ဝိန်းရိဖန်က သူတို့ပြောနေကြသည့်စကားများကိုနားထောင်ရင်း သဘောတကျလိုက်နေခဲ့၏။
သိပ်မကြာလိုက်ခင် သူတို့လေးဦးအား အခြားအတန်းဖော်များက ဓါတ်ပုံရိုက်ရန် လှမ်းခေါ်လာခဲ့၏။
ဝိန်းရိဖန်က သူမ၏သူငယ်ချင်းအုပ်စု၏ဦးဆောင်မှုဖြင့် အလယ်တည့်တည့်တွင်နေရာပေးခံလိုက်ရပြီး ကင်မရာကိုကြည့်ကာ ခပ်ရေးရေးလေးပြုံးနေလိုက်၏။ ဓါတ်ပုံဆရာက ကင်မရာကိုကိုင်ထားပြီး နံပါတ်စဥ်အား ခပ်ကျယ်ကျယ်ရေတွက်လာပေး၏။
"သုံး..နှစ်.."
နောက်ဆုံးတစ်လုံးအား မရေတွက်လိုက်ခင်။
ထိုအခိုက်အတန့်တွင် ရောထွေးနေသည့်လူအုပ်ကြီးထဲမှ တစ်စုံတစ်ယောက်က သူမ၏နာမည်ခေါ်သံအား ဝိန်းရိဖန် ရုတ်တရက်ကြားလိုက်ရ၏။ အသံမှာ ငြင်သာလွန်းသည်လည်းမဟုတ် ပြင်းထန်လွန်းသည်လည်းမဟုတ်ဘဲ အလွန်ကိုမှရင်းနှီးနေသည့်အသံ။ သူမ၏အသက်ရှူသံများရပ်တန့်သွားခဲ့ပြီး ခေါင်းကိုအလိုလိုလှည့်လိုက်ကာ ဘေးပတ်ဝန်းကျင်ကို လှည့်ပတ်ကြည့်မိလိုက်သည်။
ဓါတ်ပုံဆရာက အသံတစ်ချက်ပြု၍
"စီနီယာအစ်မ..ဘာလို့ ရုတ်တရက်ကြီး လှုပ်လိုက်ရတာလဲ"
ဘေးနားမှ အခန်းဖော်သူငယ်ချင်းကလည်း မေးလာ၏။
"ဘာဖြစ်လို့လဲ"
ဝိန်းရိဖန်က ဘေးပတ်ပတ်လည်လိုက်ကြည့်နေဆဲဖြစ်ကာ အနည်းငယ်ထူးဆန်းသလိုခံစားမိလိုက်ရ၍
"တစ်ယောက်ယောက်က ငါ့ကိုလှမ်းခေါ်နေသလားလို့"
"အာ?"
ဤစကားကြားသည့်အခါ အခန်းဖော်သူငယ်ချင်းကပါ ဘေးသို့လိုက်ကြည့်လိုက်၏။
"နင် နားကြားမှားတာများလား..နင့်ကိုခေါ်တဲ့အသံတော့ ငါမကြားမိဘူး..တစ်ယောက်ယောက်ရဲ့နာမည်က နင်နဲ့ဆင်နေတာနေမှာပါ..ဒီမှာ လူတွေအများကြီးရှိ..."
အခန်းဖော်သူငယ်ချင်း၏နောက်ဆက်တွဲစကားများကို ဝိန်းရိဖန် သေချာမကြားရတော့ပေ။
သူမ၏အကြည့်များက နေရာတစ်ခုတည်း၌ ပုံသေကပ်ညှိသွားခဲ့လျက်။
ယောက်ျားလေး၏နောက်ကျောပြင်မှာ ပိန်ပိန်ပါးပါးနှင့်အရပ်မြင့်မြင့် ၊ သူ့ပုံစံမှာ ဘွဲ့ယူပွဲအခမ်းအနားသို့ အထူးတလည်လာသည့်ပုံစံမျိုးဖြစ်ပြီး သာမန်အဖြူရောင်ရှပ်အင်္ကျီနှင့် အနောက်တိုင်းစတိုင်လ်ဘောင်းဘီကို ဝတ်ထားသည်။ ထိုအချိန်တွင် သူက ခေါင်းငုံ့ပြီးလက်ကိုင်ဖုန်းကိုကြည့်နေပုံရကာ ဤစည်ကားပြီးဆူညံနေသည့်နေရာမှ ဖြေးဖြေးချင်းထွက်ခွာသွားနေခဲ့ပြီး...
လူအုပ်ကြီး၏ဝေးရာဆီသို့ ဦးတည်နေခြင်းပေ။
ဤစက္ကန့်ပိုင်းတွင်...
ဝိန်းရိဖန် ပြန်မြင်ယောင်လာမိသည်မှာ လွန်ခဲ့သောလေးနှစ်က ကိုပင်။
မိုးရေစက်များ အေးစက်နေသည့်တိုင် လေထုမှာ ပူအိုက်နေသည့်အချိန်။
တိတ်ဆိတ်နေခဲ့သည့်ကောင်ငယ်လေးက သူမအား အိမ်အောက်ထပ်ထိလိုက်ပို့ပေးခဲ့ပြီး မျက်ခုံးနှစ်ခုကြားတွင်ရှိသော မာနများဟာ ကျိုးပဲ့ပြီးနေခဲ့ပြီ။ မြင်မြင်ချင်းကတည်းက ခံစားမိခဲ့ရသော ကောင်ငယ်လေး၏ တလူလူလွင့်နေသည့်ဂုဏ်ရှိန်ဂုဏ်ဝါများဟာလည်း အရိုးများထဲမှကိုဆွဲနှိုက်ထုတ်ပြီး ချိုးချေပစ်ခံလိုက်ရသည့်အလား ၊ ထိုနှိမ့်ချလိုက်ခြင်းများကိုတော့ ထပ်၍ ဖုံးကွယ်နိုင်စွမ်း မရှိတော့ချေ။
ထိုအဆုံးမရှိသည့်သဖွယ် နှေးကွေးရှည်လျားနေပါသောလမ်းကြားငယ်လေးထဲတွင်...
ကောင်ငယ်လေးသည် အတိတ်ဆိတ်ဆုံးကျောပေးထားခဲ့ပြီး သူမ၏ကမ္ဘာထဲမှ တစ်လှမ်းချင်း တစ်လှမ်းချင်း ထွက်ခွာသွားခဲ့ပေတော့သည်။
ဝေဝါးမိန်းမောမှုများကြား။
ဤမြင်ကွင်းပုံရိပ်နှစ်ခုဟာ တစ်ထပ်တည်းကျတော့မည့်ဆဲဆဲ။
ဝိန်းရိဖန် စိတ်လွတ်ထွက်သွားခဲ့ကာ အရှေ့သို့ အလိုလိုခြေလှမ်းလှမ်းမိသည့်အချိန် အခန်းဖော်သူငယ်ချင်းက ချက်ချင်းပြန်ဆွဲခေါ်လိုက်၍
"ရှောင်ဖန်..ဘယ်သွားမလို့လဲ"
ဓါတ်ပုံဆရာကလည်း စကားထပ်ဆိုလာခဲ့သည်။
"စီနီယာအစ်မ..နောက်တစ်ပုံ ထပ်ရိုက်မယ်!"
ဝိန်းရိဖန် ဗလာသက်သက် ပြန်လှည့်ကြည့်လာမိ၏။
သည်အချိန်တွင် သူက နန်းဝူမှာပဲ ရှိနေမှာ..ကီလိုမီတာပေါင်းထောင်ချီဝေးသည့် ယီဟဲမှာ ပေါ်လာနိုင်စရာအကြောင်း မရှိ။
သူ ဤနေရာသို့ရောက်လာစရာ အကြောင်းပြချက်လည်း မရှိ။
ဝိန်းရိဖန်က စိတ်လွတ်လွတ်ဖြင့်ဓါတ်ပုံအရိုက်ခံလိုက်ပြီးနောက် ထိုနေရာအား တဖန်ပြန်ကြည့်မိလိုက်သည်။
လွန်ခဲ့သောမိနစ်ပိုင်းလေးက တွေ့ခဲ့ရသည်မှာ စိတ်ထင်ယောင်ထင်မှားဖြစ်နေသည့်အလား...
ထိုရင်းနှီးနေခဲ့သောပုံရိပ်လေးက လူအုပ်ကြီးထဲမှ ထွက်ခွာပျောက်ကွယ်သွားခဲ့ပြီး ထပ်၍ပေါ်မလာတော့ပေ။
-------
ဝိန်းရိဖန် အိပ်မက်မှနိုးလာသည့်အချိန်တွင်။
သူမ၏နှုတ်ခမ်းများ ခြောက်ကပ်နေပြီး အိပ်ရာထက် ထထိုင်ကာ အိပ်ရာဘေးမှမီးအိမ်အား ဖွင့်လိုက်၏။ မီးရောင်ကြောင့် မျက်လုံးများစူးခနဲဖြစ်သွားပြီး ဝိန်းရိဖန် မျက်မှောင်ကျုံ့လိုက်ကာ အနည်းငယ်နောက်ကျိကျိဖြစ်နေသေးသည်။
အိပ်မက်ထဲမှမြင်ကွင်းများသည် လုံးဝကိုကြည်လင်နေသည့်အနေအထား။
သို့သော် ဤအခိုက်အတန့်တွင် ဝိန်းရိဖန်အနေဖြင့် သူမသည် ဘွဲ့ယူပွဲအခမ်းအနားနေ့က ထိုနောက်ကျောပြင်အား အမှန်တကယ်ကိုမြင်ခဲ့ရခြင်းလား သို့မဟုတ် သူမ၏မှတ်ဥာဏ်များကြောင့် ဖြစ်တည်လာသည့်အိပ်မက်တစ်ခုလား ကိုယ်တိုင်ကိုယ်ကျ မသဲကွဲနိုင်ခဲ့၏။
ဝိန်းရိဖန် အတော်ကြာအောင်မှင်သေနေပြီးနောက်မှ မျက်လုံးများကို ပြန်မှိတ်ချလိုက်သည်။
အိပ်မက်ထဲမှပုံရိပ်ယောင်များ လွှမ်းမိုးခံရခြင်းကြောင့်လား သို့တည်းမဟုတ် တစ်ညလုံး ပုံကြီးချဲ့လာသည့်ခံစားချက်ကြောင့်လား မသိ ၊ လက်ရှိအချိန်တွင်တော့ သူမ၏စိတ်အခြေအနေမှာ အတော်လေးကိုမသာယာပေ။
အိပ်ချင်စိတ်များပါ ပျောက်လာခဲ့သဖြင့် အိပ်ရာထက်မှထကာ ရေနွေးတစ်ခွက်လောက်သောက်ရန် စဥ်းစားမိလိုက်သည်။
စန်းရန်ကို အနှောက်အယှက်ပေးမိမည်စိုးရိမ်၍ ဝိန်းရိဖန်က အိမ်နေရင်းဖိနပ်ပါးကိုမစီးတော့ဘဲ အခန်းတံခါးကိုဖွင့်ပြီး ဧည့်ခန်းထဲလျှောက်လာခဲ့သည်။ ကော်ဖီစားပွဲနားရောက်ရုံမျှရှိသေး ၊ အနောက်ဘက်ဆီမှ တံခါးဖွင့်သံကိုကြားလိုက်ရတော့၏။
ဝိန်းရိဖန်၏ခြေလှမ်းများရပ်သွားကာ နောက်ပြန်လှည့်ကြည့်မိလိုက်သည်။
အိပ်ခန်းထဲမှထွက်လာသည့်စန်းရန်က သာမန်အင်္ကျီလက်တို ဘောင်းဘီအတိုမျိုးကို ဝတ်ထားပြီး အနည်းငယ်အိပ်ချင်နေသည့်ပုံစံအရ တစ်ရေးနိုး သန့်စင်ခန်းသွားမည့်ပုံစံပင်။ သူမ၏တည်ရှိမှုကို သတိထားမိလိုက်သည့်သူက ခေါင်းစောင်းကြည့်လာပြီး သာမန်ကာလျှံကာအသံမျိုးဖြင့်
"အိပ်နေရင်းလမ်းထလျှောက်ပြန်ပြီလား?.."
"...."
"မင်းရဲ့ ဒီအိပ်နေရင်းလမ်းထလျှောက်တာရဲ့ အဓိကပြဿနာက ဘာများလဲ"
အခုလေးမှ နိုးလာခြင်းကြောင့် စန်းရန်၏အသံတို့က တိုးဖျပြီးခပ်သြသြဖြစ်နေကာ
"အရက်မူးရင်လည်း လမ်းထလျှောက်တာပဲလား"
ဝိန်းရိဖန် အသံမထွက်ချေ။
သူ့လက်ရှိပုံစံကို မြင်နေရသည့်အခါ အိပ်မက်ထဲမှပုံရိပ်များကလည်း တရိပ်ရိပ်ဖြင့်ပြေးတက်လာခဲ့သည်။
ဝိန်းရိဖန်၏ဦးနှောက်ထဲတွင် လူအုပ်ကြီး၏ဝေးရာကို လျှောက်ထွက်သွားသည့်နောက်ကျောပြင်ပုံရိပ်က လုံးလုံးလျားလျားပြည့်နှက်လာခဲ့တော့၏။
အလွန်ကိုမှ တိတ်ဆိတ်နေသည့်နေရာ ၊ မှေးမှိန်ဖျော့တော့နေသည့်မြင်ကွင်းတို့က အရာအားလုံးကိုညှို့ယူနေသည့်အလား..
သူမ၏အတွင်းစိတ်ထဲ၌ တွန်းအားကြီးတစ်ခု လှိုင်းတံပိုးသဖွယ် ထကြွလာခဲ့တော့သည်။
ရုတ်တရက် စန်းရန် အရင်ကပြောဖူးသည့်စကားတစ်ခွန်းအား ပြန်သတိရသွားလျက်။
--'မင်း ရုတ်တရက်ပြေးလာပြီး ကိုယ့်ကို ဖက်သွားတယ်'
ဘယ်လိုပင်ဖြစ်စေ စန်းရန်မှ မသိဘဲ...
သူမ အိပ်နေရင်းလမ်းထလျှောက်နေသည်ဟုသာ ထင်နေလိမ့်မည်။
သူမ နိုးနေမှန်း သူ မသိနိုင်။
ဝိန်းရိဖန်က စန်းရန်ရှိသည့်နေရာသို့ ဖြေးဖြေးချင်းလျှောက်သွားလိုက်၏။
စန်းရန်က ပျင်းတိပျင်းရွဲဖြင့်သန်းနေပြီး သူမအတွက် လမ်းဖယ်ပေး၍
"ဒီတစ်ခေါက်ရော ကိုယ့်ကို အခွင့်အရေးမယူတော့ဘူးလား"
ဒီတစ်ခေါက်တည်း..
သူမ အခွင့်အရေးယူတာ ဒီတစ်ခေါက်တည်း..
အချိန်နာရီများက တက္ကသိုလ်ဝင်တန်းစာမေးပွဲကြီးပြီးနောက် ရောက်လာသည့်နွေရာသီသို့ ပြန်ရောက်သွားခဲ့ပြီး...
ဆယ်ကျော်သက်အရွယ် သူမက ကျောခိုင်းထွက်ခွာသွားခဲ့သည့် ဆယ်ကျော်သက်ကောင်လေး၏ကျောပြင်ကို စိုက်ကြည့်နေခဲ့ရင်း အရှေ့သို့ပြေးထွက်ပြီး ပွေ့ဖက်ချင်သည့်စိတ်များကို ထိန်းချုပ်ထားခဲ့ရသည်။ သူမ၏အကြည့်များကို အတင်းကာရောလွှဲပစ်ခဲ့ပြီး ဖြေးဖြေးချင်းနောက်ဆုတ်ကာ သူ့ကမ္ဘာထဲမှ နှုတ်ထွက်မည့်လမ်းကိုလည်း ရွေးချယ်ခဲ့ဖူးသည်။
ဤအချိန် ဤအခိုက်အတန့်တွင်တော့..
ဤစက္ကန့်ပိုင်းသာကြာမည့် အချိန်တစ်ခုစာလေးတွင်တော့..
အချိန်နာရီများ နောက်ပြန်လှည့်သွားခဲ့အတိုင်း...
ထိုအချိန်တုန်းက သူမ လုပ်ချင်ခဲ့သည့် တစ်ခုတည်းသောလုပ်ရပ်အား လုပ်ချင်လာမိသည်။
ဝိန်းရိဖန်၏နှလုံးသားတစ်ခုလုံးက စိတ်ဆန္ဒများနှင့် ကျန်နေသေးသောအရက်ရှိန်တို့ ပေါင်းစပ်သွားခဲ့ကာ တားမြစ်နိုင်မည့်အကြောင်းပြချက်များက ဘာဆိုဘာမှမကျန်တော့ချေ။ သူမက သူ့ဘေးနားတွင်ရပ်နေပြီး လက်ရှိအချိန်တွင် နှလုံးသားတစ်ခုက ခန္ဓာကိုယ်ထဲမှခုန်ထွက်လာတော့အတိုင်း အတိုင်းအဆမရှိခုန်နေတော့သည်။
သူမနှင့်စန်းရန်ကြားရှိ အကွာအဝေးမှာ ခြေတစ်လှမ်းစာလေးသာ ကျန်တော့သည်။
Advertisement
- In Serial12 Chapters
The Crow Queen of Shrikeport
Beneath the surface of the city of Shrikeport lies a magical, sometimes dangerous underworld filled with mage clans, back-alley seers, and ancient spirits. Lately, more and more strange things have been happening, and an unusual tension fills the air... Lola, a young 20-something who's lived in the city her whole life, spends most of her time working at the Haven Cafe: a neutral meeting place and popular hangout for non-mundane city-dwellers. But, one night, everything changes when she finds a mysterious, injured spirit surrounded by crows collapsed in front of her apartment door... What to expect: lots of mystery, some occasional casual slice-of-life, and slow-burn wlw romance between the main leads. Disclaimer: I am writing this exclusively for myself, as a fun side project with minimal editing, so I won't make any guarantees about quality/plot/etc. I hope you enjoy! This story will start off with updates twice a week. We'll see how that goes, and the pace may end up changing, but for now updates can be expected on Monday and Friday.
8 267 - In Serial7 Chapters
CARNIVORES: AURORA
Hi, It's a story about girl from orphanage with vampires and werewolves. More romance, than action. (sorry for my poor english!) Hope some of you will enjoy the story. xoxo
8 141 - In Serial33 Chapters
Beast love
#18 in werewolf (3 jan 2017)#23 in werewolf (15 dec 2016)"The words from our king that nobody wants to hear" his own people said...He is a beast.He is a monster.He is a living nightmare.People called him a beast or a walking dead on earth. In your childhood,when your parents tell you a bed time story, the monster in that story they warn you of staying away from is him. He is the devil found in the dark night.He never loves anybody.He is ruthless and reckless.Words will never describe him..He is nobodies beloved. Because he lost the hope of never ever being loved ...But until he met her..His heart skipped a beat at that moment he saw her and one word came out from his mouth."MINE"But remember one thing :-" Fate will never be by your side because fate never play's fair"Editting one chapter everday..!!ON HOLD
8 294 - In Serial20 Chapters
Slauson Nights
Two single parents finding peace within their hectic lives
8 122 - In Serial22 Chapters
The Ugly Duck-Kim || MyungJin || Astro
"Beautiful. He was right about that. Kim Myungjun is very beautiful.." Jinwoo said in a whisper, both boys gazing intently at each other as they held their breathe in.»»»»Kim Myungjun tries to live a normal life but everything changes when Park Jinwoo enters the picture. Everything Kim Myungjun thinks he knows begins to distort as he slowly starts to find out that he had been the only one in the Dark all along. ••••Myungjin || Astro
8 101 - In Serial12 Chapters
Finding my Forever (Camila/You) ✔️
Y/N comes from a long line of werewolves. Generation after generation her family has always been the top pack. The Silver Moon Pack is known for having the top Alpha over all Alphas. Y/N is not like most female wolves. She is intersex and her wolf is male. She's had a rough life watching a rouge wolf kill her mother when she was a young pup. After this her father became ruthless and was not very welcoming to other packs in the area. Y/N is anxious to find out who her mate is and once she turns 16 the hunt will be on. But once she finds her mate will they live happily ever after, or will someone get in the way?Y/N is g!p (intersex)Contains mature and explicit contentCover created by @BrooklynMHM
8 115

