《First Frost (Myanmar Translation)》Chapter 37
Advertisement
လှုပ်ရှားမှုတစ်ခုနောက်သို့လိုက်သွားခဲ့ရင်း လေဟာပြင်တွင်ရှိနေသည့် သူ့ဗလာသက်သက်လက်မောင်းတစ်စုံကို ထိမိလိုက်သည့်အခါ ဝိန်းရိဖန်တစ်ယောက် လျှပ်စီးဓါတ်များကူးစက်ခံသလိုပင် ခံစားလိုက်ရသည်။ လက်နောက်ပြန်ရုတ်ချင်သည့်အသိစိတ်တစ်ခုပေါ်လာသည့်အပြင် မနေနိုင်အောင် အရှေ့သို့ဆက်တိုးချင်သည့်ဆန္ဒမျိုးပါ တစ်ပြိုင်နက်ပေါ်ပေါက်လာခဲ့သည်။
ဤရှုထောင့်မှ၏ကြည့်လျှင် သူမအနေဖြင့် ဘာဆိုဘာမှမမြင်ရချေ။
စန်းရန် ခေါင်းငုံ့ကြည့်လာသည်ကိုသာ ခံစားမိလိုက်ပြီး ခပ်ကျယ်ကျယ်ရင်ဘတ်တစ်စုံက နွေးထွေးမှုနှင့်အတူ မသိမသာလေး နိမ့်ချည်မြင့်ချည်ဖြစ်နေသည်။ သူမ၏အသက်ရှူငွေ့များမှာလည်း သူ့ကိုယ်သင်းရနံ့များနှင့် လုံးလုံးလျားလျားပေါင်းစည်းသွားပါတော့သည်။
ဘေးပတ်လည်တွင်ရှိနေသည့် လောကကမ္ဘာကြီးနှင့် အဆက်ဖြတ်လိုက်သလိုပါပင်။
ဤအချိန်တွင် ဝိန်းရိဖန်ခံစားမိသည်မှာ သူမ၏နှလုံးသားထဲတွင် လစ်လပ်နေခဲ့သောနေရာတစ်ခုဟာ အရာဝတ္ထုတစ်ခုခုဖြင့် တဖြည်းဖြည်း ဖြည့်ခံလိုက်ရသောခံစားချက်မျိုးဖြစ်သည်။ ထိုတည်မြဲသေချာလွန်းသည့်ခံစားချက်မှာမူ အပ်ချည်ကြိုးမျှင်လေးများဖြင့် သူမအား ရစ်နှောင်နေသည့်အလားပင်။
သူတစ်ယောက်တည်းကသာ လွှဲပြောင်းပေးနိုင်သော အနွေးဓါတ်လေးနှင့်လည်း တူပါသေးသည်။
တစ်စက်မျှ ၊ အနည်းငယ်လေးမျှနှင့်ပင် လုံလောက်စေနိုင်ခဲ့သည်။
ဝိန်းရိဖန်သည် သူမ၏စိတ်ခံစားချက်ကို အစွမ်းကုန်ဖုံးဖိထားပြီး အသက်ရှူနှုန်းကိုလည်း တတ်နိုင်သမျှ အငြင်သာဆုံးဖြစ်အောင် ကြိုးစားနေခဲ့သည်။
သူမအနေဖြင့် အချိန်အကြာကြီးလည်း မဖက်ထားရဲပါပေ။ ဘယ်လိုပင်ဖြစ်စေ အိပ်ပျော်ချင်ယောင်ဆောင်ထားပြီး အခြားသူအပေါ် ယခုလိုမျိုးလုပ်နေခြင်းမှာ ဂုဏ်ယူစရာကောင်းသည့်ကိစ္စလည်းမဟုတ်။
ဝိန်းရိဖန် လက်လွှတ်တော့မည့်အခိုက်။
ဤအခိုက်အတန့်တွင် ဘေးတစောင်းမြင်နေရသည့်မြင်ကွင်းဆီမှ စန်းရန်၏လက်များဖြေးဖြေးချင်းမြှောက်လာသည်ကို သတိထားမိလိုက်၏။ ဝိန်းရိဖန်၏အမူအရာတို့ ရပ်သွားခဲ့သလို ၊ စိတ်ခံစားချက်များကလည်း ရုတ်ချည်းလွင့်ပါးသွားခဲ့ကာ သူမ အရင်က စန်းရန်ကိုပြောဖူးသည့်စကားတစ်ခွန်းသာ ခေါင်းထဲပြေးဝင်လာခဲ့သည်။
---'တကယ်လို့ နောက် ဒီလိုကိစ္စမျိုးထပ်ရှိလာရင် နင် ငါ့ကို တန်းပြီးသာ တွန်းထုတ်လိုက်'
မလုံမလဲဖြစ်သွားသည့်စိတ်မှာ ထိတ်ခနဲ။
သူ့ 'လက်သီး' တစ်ချက်မရောက်လာခင် သဘာဝကျကျလက်ကိုလွှတ်ချလိုက်ကာ သူ့မျက်နှာကိုမကြည့်ဘဲ တစ်ဖက်သို့ဖြေးဖြေးချင်းလှည့်ကာ အိပ်ခန်းကြီးဆီသို့ ပြန်လျှောက်လာခဲ့သည်။
စန်းရန်၏စကားသံမှာ အနောက်မှကပ်ပါလာခဲ့၏။
သူ့ပုံစံမှာ ကျင့်သားရသွားသည့်အလား ပြဿနာကြီးကြီးမားမားဟုပင်မသတ်မှတ်ဘဲ ပျင်းတိပျင်းရွဲအသံဖြင့်
"ဒီနေ့တော့ ဒီလောက်လေးပဲ ဖက်သွားတာလား"
"...."
ဝိန်းရိဖန်၏ခြေလှမ်းများက ခြေလှမ်းတစ်ဝက်ပင်မရပ်တန့်ခဲ့ပေ။
ဝိန်းရိဖန်က သူမ၏လှုပ်ရှားမှုပုံစံအား အရင်အခန်းဖော်သူငယ်ချင်းများ ပြောပြထားသည့်အတွေ့အကြုံအတိုင်း တတ်နိုင်သမျှ စက်ရုပ်တစ်ရုပ်နှင့်တူအောင် ပြုမူထားလိုက်သည်။ အခန်းတံခါးသော့ကိုလှည့်ဖွင့်ပြီး အခန်းထဲဝင်လာခဲ့သည်။
အခန်းတံခါးပိတ်လိုက်သည့်အသံနှင့်အတူ ဝိန်းရိဖန်၏စိတ်ဝိဥာဥ်လေးလည်း သက်သာရာရသွားခဲ့တော့သည်။
ဝိန်းရိဖန်က အိပ်ရာနားသို့ပြန်လျှောက်သွားပြီး ငူငူငိုင်ငိုင် ထိုင်ချပစ်လိုက်၏။နောက်တွင် အနောက်သို့လှန်ချပစ်လိုက်ပြီး နူးညံ့သည့်မွေ့ယာထက်မှနေကာ မျက်နှာကျက်ကြီးအား ဗလာချည်းသက်သက်စိုက်ကြည့်နေမိသည်။
နောက်စက္ကန့်တွင်မှ ပြန်လည်အသိစိတ်ကပ်ပြီး တုံ့ပြန်သွားနိုင်သည့်အလား ဘေးမှခေါင်းအုံးကိုဆွဲယူကာ မျက်နှာထက် အပ်ထားမိလိုက်တော့သည်။
ဝိန်းရိဖန် တစ်ပတ်လိမ့်လိုက်ပြီး ရုတ်တရက်ကောက်ထ ထိုင်လိုက်ပြန်သည်။
သူမ၏မျက်နှာတစ်ခုလုံးမှာ အတွင်းသားများဖောက်မြင်နေရသလိုမျိုးကို နီရဲနေတော့၏။
သူမ
အခုတုန်းက
ဘာ
လုပ်လာတာလဲ?
သူမ ခုဏတုန်းက တကယ်ကြီး အိပ်နေရင်းလမ်းထလျှောက်ချင်ယောင်ပြီး စန်းရန်ကိုဖက်ခဲ့တာလား?
သူမ တကယ်ကြီး စန်းရန်ကို အခွင့်အရေးယူလိုက်တာလား?
သူမ! ဘယ်လိုဖြစ်ပြီး! သူ့ကို! ဖက်လိုက်ရတာလဲ!
ကိုယ်တိုင်လုပ်မိခဲ့သည့်ကိစ္စအား မယုံကြည်နိုင်ရဲဖြစ်လာရကာ ဝိန်းရိဖန်၏စိတ်မှာ ပေါက်ကွဲသွားသည့်အတိုင်း ဗလာကျင်းနေသည့်လေဟာပြင်ကိုစိုက်ကြည့်ပြီး စတင်ရေရွတ်တော့၏။
"ငါ အရက်မူးနေတာ"
"ဟုတ်တယ်"
"ငါ အရက်မူးနေတာ"
"အရက်သောက်တာက မကောင်းတဲ့ကိစ္စ"
"ငါ နောက်ဆို အရက်မသောက်တော့ဘူး"
"တကယ်လို့သာ အခွင့်အရေးရှိခဲ့ရင် ဒီအရက်က စန်းရန်ကို တောင်းပန်လိမ့်မယ်လို့ မျှော်လင့်ပါတယ်"
"ပြီးတော့ ဒီပြစ်မှုကြီးကို ငါ့ခန္ဓာကိုယ်ပေါ် လာမတင်ပါစေနဲ့"
"ဒီအပြစ်ကြီးကို ငါ မထမ်းထားပါရစေနဲ့"
ကျန်နေသည့်အရက်ရှိန်က အမြင့်ဆုံးထိတွန်းပို့နေခဲ့သည့်အပြင် စိတ်မလုံမလဲဖြစ်ရမည့်ကိစ္စမျိုးကိုပါလုပ်ထားမိသောကြောင့် ဝိန်းရိဖန် ပို၍ပင် အိပ်မပျော်ပါတော့ပေ။ သူမကိုယ်တိုင်အတွက် အကြောင်းပြချက်မျိုးစုံရှာနေပြီး သူမကိုယ်တိုင်အတွက်ပဲ အပြစ်လွတ်အောင်ဖြည့်တွေးနေတော့သည်။
အချိန်ကြာလာသည်နှင့်အမျှ ဝိန်းရိဖန်၏စိတ်အခြေအနေတည်ငြိမ်စပြုလာခဲ့ကာ ဘေးနားမှဖုန်းကိုလှမ်းယူပြီး Weibo ထဲဝင်ကြည့်လိုက်၏။
အကြိမ်ရေအနည်းငယ်ပွတ်ဆွဲပြီးနောက် နာမည်ကြီးနေသည့်ပို့စ်တစ်ခုကို တွေ့လိုက်ရ၏။
---လိုက်ပိုးပမ်းနေတာကြာနေပြီဖြစ်တဲ့ ကောင်လေးက မနေ့ညက အရက်မူးပြီး ငါ့ကိုနမ်းသွားတယ် ၊ ပြီးတော့ ငါနဲ့အတူနေမယ့်အကြောင်းလည်း ကတိပေးသွားသေးတယ် ၊ ငါ့မှာတော့တစ်ညလုံး ပျော်လိုက်ရတာ ၊ ဒါပေမယ့် ဒီနေ့ ငါသူ့ဆီ မြူးထူးပြီးရောက်သွားတော့ သူ ငါ့ကိုပြောလွှတ်လိုက်တာက သူမနေ့ညက အရက်မူးနေတာမလို့ ဘာမှမမှတ်မိဘူးတဲ့...
ဝိန်းရိဖန် မျက်ခုံးတစ်ချက်လှုပ်သွားပြီး Comment ထဲဝင်ဖတ်ကြည့်လိုက်၏။
[ ငါ့အထင်တော့ နောက်တစ်ခါအရက်မူးရင် နင့်ကို သူ့အိပ်ရာထဲဆွဲသွင်းမယ်ဆိုတာပဲ ]
[ ကောင်းလိုက်တာ ၊ အရက်မူးနေတယ်ဆိုတဲ့အကြောင်းပြချက်က လုံးဝပြိုင်ဘက်ကင်းပဲ ]
[ လူယုတ်မာ ၊ အော့ ]
အုန်းခနဲ ပေါက်ကွဲသွားသည့်အလား..
'လူယုတ်မာ' ဆိုသည့်စကားလုံးက ဦးနှောက်နှစ်ခြမ်းခွဲခံလိုက်ပြီးနောက် ဝိန်းရိဖန်၏မျက်နှာတည့်တည့် အားဖြင့်ပစ်ပေါက်လိုက်သလိုပါပင်။
ချက်ချင်းဆိုသလို Comment ထဲမှထွက်လိုက်ပြီး ဆက်၍မဖတ်တော့၏။
ဝိန်းရိဖန်က ဖုန်းကို တစ်ဖက်သို့ပြန်ချထားလိုက်ပြီး ကိုယ့်အပြစ်ကိုယ်ဖာထေးဖို့ရာအတွက် ပြောထားမိသည့်စကားလုံးများဟာ လက်ရှိအချိန်တွင် အရာမဝင်တော့ချေ။ ထို့ကြောင့် အကြောင်းပြချက်များအား ရမိရရာ ခက်ခက်ခဲခဲဆက်၍ဆွဲထုတ်လိုက်၏--
အရင်တုန်းက သဘောကျခဲ့လို့...
နှစ်တွေအများကြီးကြာလာပြီးတဲ့အချိန်မှာတော့ အစောတည်းက သဘောမကျတော့ပြန်ဘူး..ဒါပေမယ့်လည်း သူ့အပေါ်တော့ စိတ်မသိုးမသန့်ဖြစ်ရပြီး..ပြီးတော့ အရက်ရှိန်အရမ်းမြင့်နေလို့...
ဤအကြောင်းပြချက်များက ရှေ့သို့ပင် မဆက်နိုင်တော့ဘဲ မထိန်းမချုပ်နိုင်အောင်တွေးနေမိသည့် အတွေးတစ်ခုတည်းကသာ လွှမ်းမိုးခြယ်လှယ်ထားတော့သည်။
ဝိန်းရိဖန်က တစ်ကိုယ်လုံး စောင်ထဲသို့မြှပ်အောင်ကွေးလိုက်ပြီး သူမ၏အတွေးများကို တတ်နိုင်သမျှတွန်းလှန်ပါသေးသည်။
ညအချိန်တွင် အတွေးများရသည်မှာ အလွယ်ဆုံးပင်မဟုတ်လား။
အိပ်ရာနိုးလျှင် အရာအားလုံးကောင်းသွားပါလိမ့်မည်။
ဤသို့ဤနှယ်တွေးရင်းတွေးရင်း လုပ်ထားမိသည့်အဖြစ်အပျက်က ဝိန်းရိဖန်အား အမှန်တကယ်ရှော့ခ်ရအောင်ပြုလုပ်နိုင်ထားကာ တော်တော်နှင့် အိပ်မပျော်။ ထို့အပြင် စန်းရန်က သူမ ရေမသောက်လိုက်ရခင် ထွက်လာသည်ဖြစ်၍ ဝိန်းရိဖန်၏နှုတ်ခမ်းများ ခြောက်ကပ်နေပါသည့်တိုင် အခန်းအပြင်ထပ်ထွက်ဖို့ရာတော့ သတ္တိမရှိပါတော့ပေ။
Advertisement
မတော်တဆ စန်းရန်က တစ်ခုခုကိုသတိထားမိမည်ကို ကြောက်ပါသေးသည်။
နောက်တစ်နေ့ မနက်ခင်းတွင်။
ဝိန်းရိဖန် စိတ်ကိုပြင်ဆင်ထားပြီး ပုံမှန်အတိုင်း အိပ်ခန်းထဲမှထွက်လာခဲ့သည်။ ဧည့်ခန်းထဲသို့ဝင်လာသည့်အချိန်တွင် ထမင်းစားပွဲ၌ မနက်စာစားနှင့်နေပြီဖြစ်သော စန်းရန်ကို တွေ့လိုက်ရသည်။
စားပွဲပေါ်၌ ရိုးရိုးရှင်းရှင်း ဆန်ပြုတ်နှင့် ကြက်ဥ။
နှစ်ယောက်သားက စက္ကန့်ပိုင်းမျှ အကြည့်ချင်းဆုံလျက်။
ဝိန်းရိဖန်က အကြည့်လွှဲပြီး မီးဖိုချောင်ထဲဝင်လာလိုက်ကာ ရေခဲသေတ္တာထဲမှ နွားနို့တစ်ဘူးထုတ်လိုက်၏။ ရေခဲသေတ္တာရှေ့တွင် စက္ကန့်ပိုင်းကြာကြာရပ်နေမိရင်း စန်းရန် မေးလာနိုင်မည့်မေးခွန်းများကို ခန့်မှန်းကြည့်နေမိ၏။
ကြိုတင်ပြင်ဆင်ပြီးသည့်အခါ ဝိန်းရိဖန် ထမင်းစားပွဲဆီသို့ ဦးတည်လိုက်၏။
စန်းရန် ;
"ဆန်ပြုတ်သောက်ဦးမလား"
ဝိန်းရိဖန်က အိုးထဲသို့ဆန်ပြုတ်ကိုတစ်ချက်လှမ်းပြီးနောက် သုံးစက္ကန့်လောက် ငြိမ်လိုက်သေးသည်။
"အင်း သောက်မယ်"
တိတ်ဆိတ်သွားခဲ့၏။
ဝိန်းရိဖန်၏ထင်မြင်ချက်များနှင့်ပြောင်းပြန်ဖြစ်နေသော စန်းရန်မှာ အေးအေးလူလူသာရှိပြီး မည်သည့်မေးခွန်းကိုမှ မေးဖို့ရည်ရွယ်ထားပုံမရ ၊ သူမ အိပ်နေရင်းလမ်းထလျှောက်'ပြီး သူ့ကိုဖက်မိသည့်ကိစ္စမှာ သူ့အတွက် သိပ်အရေးမပါသည့်ကိစ္စလို သထောထားထားသည့်ပုံမျိုးပင်။
သူ့အမူအရာကိုကြည့်ရုံဖြင့် အတွင်းစိတ်ထဲ၌ မည်သို့မည်ပုံတွေးနေလောက်မည်မှန်း ဝိန်းရိဖန် မခန့်မှန်းနိုင်ကာ သူမ၏စိတ်ထဲ ပို၍မလုံမလဲဖြစ်လာတော့၏။ ခပ်နွေးနွေးဆန်ပြုတ်ကို သုံးလေးငုံမျှသောက်ပြီး ဦးစွာစကားစလိုက်၏။
"ငါ မနေ့ညက အိပ်နေရင်းလမ်းထလျှောက်မိသေးတယ် ထင်တယ်"
စန်းရန်က မျက်လုံးပင့်ကြည့်မလာ ;
"အင်း"
"ဒါဆို ငါ ဒီတစ်ခေါက်ရော..."
ဝိန်းရိဖန် တည်ငြိမ်ဟန်ဆောင်ရင်း
"တစ်ခုခု လုပ်မိသေးလား"
"အင်း"
ဝိန်းရိဖန်က သူ့ကိုစိုက်ကြည့်နေရင်း အဖြေကို စိတ်ရှည်လက်ရှည်စောင့်နေ၏။
"ဒီတိုင်း.."
စန်းရန်က တစ်ခဏရပ်ပြီး မျက်လုံးပင့်ကြည့်လာကာ အဓိပ္ပါယ်ပါပါဖြင့်
"ဖက်သွားရုံပဲ"
"...."
စန်းရန်က ပျင်းတိပျင်းရွဲဖြင့်
"မနေ့ညက တော်တော်လေးထိန်းချုပ်ထားနိုင်တာပဲ"
သူ့အဖြေမှာ မနေ့ညကဖြစ်ပျက်ခဲ့သည့်အခြေအနေနှင့် ဘာမှမကွဲပြားပါပေ။
ထို့ကြောင့် ဝိန်းရိဖန်အား ပြန်တွေးစေမိလိုက်သည်မှာ အရင်က စန်းရန်ပြောပြဖူးသည့် သူမ၏အိပ်နေရင်းလမ်းထလျှောက်သည့်အကြောင်းများကိုပင် ဖြစ်သည်။ အစက သိပ်မယုံကြည်မိပါသော်ငြား သည်တစ်ကြိမ်တွင်တော့ စန်းရန်က အမှန်တိုင်းပြောပြနေသည့်အတွက် သူမ၏အထင်အမြင်များ အနည်းငယ်ဝေဝါးသွားခဲ့သည်။
သို့သော်လည်း ထိုအရာများအားပြန်တွေးနေဖို့ရာ အချိန်မရှိပြန် ၊ စန်းရန်၏အမူအရာ အသံအနေအထားတို့က မည်သည့်နေရာကမှ လွဲမှားနေခြင်းမရှိသဖြင့် ဝိန်းရိဖန် သက်ပြင်းလည်းချလိုက်မိသလို မသိုးမသန့်ဖြစ်သွားသည့်စိတ်လည်း ဖြစ်တည်လာခဲ့သည်။
စန်းရန်က သူမထံမှ အမြဲအခွင့်အရေးယူခံနေရပြီး ပြန်စွပ်စွဲခံရသည့်ခံစားချက်ကြီးပါ ပေါ်ပေါက်လာတော့၏။
တွေဝေနေခြင်းများထဲမှ ဝိန်းရိဖန် ခပ်တိုးတိုးလေးသာ စကားဆိုလိုက်၏။
"တောင်းပန်ပါတယ်"
စန်းရန် ; "ဘာလဲ"
စကားများလေ အမှားများလေ ဆိုသည့်ဆိုရိုးစကားကို နားလည်သော်ငြား သူမ၏အတွင်းစိတ်တစ်နေရာတွင်ရှိနေသည့် ကိုယ့်ကိုကိုယ်အပြစ်တင်နေစိတ်ကြောင့် ဝိန်းရိဖန်က ရဲရဲရင့်ရင့်စကားဆိုလိုက်တော့သည်။
"အခြေအနေကိစ္စတွေကို ငါ မသိပေမယ့် နင့်အပေါ် လုပ်ထားမိတဲ့အပြုအမူတွေအတွက် တကယ်ကိုတောင်းပန်ပါတယ်"
"ဒါတွေဖြစ်နေတာ ဘယ်နှကြိမ်တောင်ရှိနေပြီမလို့လဲ"
မနက်စာ စားပြီးသွားသည့်စန်းရန်က ခုံနောက်သို့မှီလိုက်ပြီး သူမအား ခေါင်းအစ ခြေအဆုံးကြည့်၍
"မင်း ဘာဖြစ်လို့ အခုကျမှရုတ်တရက် ကိုယ့်ကို အားနာတတ်သွားတာလဲ"
"...."
"အရင်တုန်းကကျတော့ အရမ်းကို ဆိုးသွမ်းနေတာမဟုတ်ဘူးလား"
"ငါ..."
ဤစကားလုံးဖြင့် သုံးနှုန်းခံလိုက်ရသည့်အခါ ဝိန်းရိဖန် ကြောင်အမ်းသွားပါတော့၏။
"အရမ်းဆိုးသွမ်းလို့....လား"
"မဟုတ်ဘူးလား?"
စန်းရန်က မျက်ခုံးပင့်မြှောက်ပြ၍
"အရင်က မင်းနဲ့ ဒီကိစ္စကို ပြောတဲ့အချိန်တိုင်း ကပ်သီးကပ်သပ်နဲ့လိုက်ငြင်းနေတာတွေချည်းပဲလေ..ကိုယ့်ဘာသာကိုယ် ရှင်းရှင်းလင်းလင်းမသိတဲ့အချက်ကိုကိုင်ပြီး ကိုယ်တစ်ခွန်းပြောတိုင်း မင်း တစ်ခွန်းပြန်ခံပြောမယ်..နောက်ဆုံး ပိုက်ဆံပေးမယ့်ကိစ္စကိုပါ ပြောလိုက်သေးတယ်"
သူ့ဘက်မှ သူမက ယခုလိုမျိုးတွေးထင်နေလိမ့်မည်ဟု ဝိန်းရိဖန် မထင်မှတ်ထားမိ ၊ အဓိကအချက်မှာ သူမဘက်က နိုးနိုးကြားကြားမဟုတ်နေသည့်အခြေအနေကြောင့်သာ သူ့မကျေနပ်ချက်များက ဒီအတိုင်းအတာထိပြင်းထန်ရုံလေးရှိနေခြင်းပေ ၊ ဝိန်းရိဖန် ပို၍မတွေးကြည့်ရဲတော့သည်မှာ အကယ်၍များ စန်းရန်ကသာ မနေ့ညက သူမ နိုးနေမှန်းသိသွားခဲ့လျှင် ဘယ်လောက်ထိပေါက်ကွဲသွားမည့်အကြောင်းပင် ဖြစ်သည်။
"ဒါဆို နောက်ဆိုရင် နင်..ညဘက်တွေကျရင် အိပ်ခန်းထဲမှာနေ..အပြင်မထွက်လာခဲ့နဲ့..အိပ်ခန်းတံခါးကိုလည်း သော့ခတ်ထားလိုက်..ငါ နင့်အခန်းထဲတော့ မဝင်လာလောက်ဘူး"
စန်းရန် ;
"မင်းက အိပ်နေရင်းလမ်းထလျှောက်တဲ့ချိန်မှာ အတော်လေးကျွမ်းကျင်အဆင့်ရောက်နေပြီ..သူများတွေကို အမြတ်လိုက်ထုတ်နေတာ"
ဝိန်းရိဖန်က အလိုက်တသင့်ရှင်းပြလိုက်၍
"ငါ အရင်တုန်းက အဲ့လိုမ..."
ပြောနေရင်းတန်းလန်း သူမပြောမည့်စကားက တအားသိသာသွားစေမည့်စကားမျိုးဖြစ်နေသောကြောင့် ချက်ချင်းပြန်ပြောင်းပြောဆိုလိုက်၏။
"ငါ သေချာရှင်းရှင်းလင်းလင်းမသိလို့"
"အို့"
စန်းရန်က မျက်ခုံးကိုမသိမသာပင့်မြှောက်၍
"ဒါဆို ကိုယ့်တစ်ယောက်တည်းကိုပဲ အမြတ်ထုတ်နေတာပေါ့"
"...."
အခြေအနေက သေချာပေါက် သည်အတိုင်းပင်။
သို့သော် တည့်တိုးပြောလာသည့်အခါတွင်တော့ တစ်နေရာရာမူမမှန်သလိုခံစားလာမိကာ တစ်ခဏကြာသည်အထိ ဝိန်းရိဖန် မည်သို့ပြန်ဖြေရမှန်းမသိဖြစ်နေခဲ့၏။
"မဟုတ်သေးပါဘူး"
စန်းရန်က ပြုံးလိုက်၍
"ဒါက မင်း အသစ်ထွင်ထားတဲ့ လူကိုလိုက်ပိုးပမ်းတဲ့နည်းလမ်းလား"
"...."
"ဒီလိုမျိုးလည်း ရှိသေးတာလား? မင်းကတော့ ကိုယ့်ကို နည်းနည်းလေးသံသယဝင်အောင် လုပ်နေပြီ"
စန်းရန်က ခပ်မတ်မတ်ထိုင်လိုက်ကာ လက်နှစ်ဖက်ကိုစားပွဲပေါ်သို့တင်ပြီး သူမအနားသို့ ကပ်သွားလိုက်၍
"တကယ်ပဲ အိပ်နေရင်းလမ်းထလျှောက်တာလား"
ဝိန်းရိဖန်အနေဖြင့် အမှန်တကယ်ကိုစိတ်လိုလက်ရ ဖြေရှင်းပြလိုက်သင့်ပါသော်ငြား လက်ရှိအချိန်တွင် သူမက ရဲရဲတင်းတင်းကိုမျက်နှာပြောင်တိုက်နိုင်နေသည့်အလား ခေါင်းငုံ့၍ ဆန်ပြုတ်ကိုသောက်ရင်း
"ဟုတ်တယ်"
"မင်း ဒီနေ့ တော်တော်လေးစကားနည်းနေပါလား"
စန်းရန်က သူမအား စိုက်ကြည့်နေပုံမှာ တစ်စုံတစ်ရာကို မြင်အောင်ကြည့်ယူနေသည့်ပုံစံမျိုးနှင့်
Advertisement
"အရင်ကဆို မင်းနဲ့ ဒီကိစ္စကိုပြောတဲ့အချိန်တိုင်း ပြန်ပေးစရာအကြောင်းပြချက်တွေအများကြီးရှိခဲ့တာလေ..မဟုတ်ဘူးလား"
ဝိန်းရိဖန်က အမူအရာတစ်ချက်မပျက်ဘဲ
"ဒါမျိုးက ဘယ်နှကြိမ်တောင်ဖြစ်ပြီးပြီမလို့လဲ"
စန်းရန်က အကြည့်ပြန်လွှဲလိုက်၍
"ဟုတ်ပါတယ်လေ"
စကားဝိုင်း အဆုံးသတ်သွားခဲ့သည်။
စန်းရန်လည်း မတ်တပ်ထရပ်ပြီး မီးဖိုချောင်ထဲမှ ထွက်သွားခဲ့၏။
သူ ထွက်သွားပြီးခါမှ ဝိန်းရိဖန်လည်း သူမ ဟာကွက်မရှိအောင်လုပ်နိုင်ကြောင်း အတည်ပြုနိုင်လိုက်ကာ တိတ်တိတ်လေးသက်ပြင်းချလိုက်မိ၏။ ဤအချိန်တွင် သူမ ခံစားလိုက်ရသည်မှာ ဆရာ့ထံမှ နာမည်ခေါ် ၊ စာအမေးခံလိုက်ရသည့် ကျောင်းသားလေးက ကောင်းကောင်းဖြေနိုင်လိုက်သည့်အတွက် စိတ်လျော့ချပစ်လိုက်သည့်ခံစားချက်ပင်။
------
နှစ်ယောက်သားက တစ်ချိန်တည်းနီးပါး အိမ်မှထွက်လာခဲ့ကြသည်။
ဓါတ်လှေကားထဲ ဝင်လာကြပြီးနောက် ဝိန်းရိဖန်က ထုံးစံအတိုင်း ဓါတ်လှေကား၏အတွင်းဘက်အကျဆုံးထောင့်၌ မှီရပ်နေလိုက်သည်။ စန်းရန်က သူဝတ်နေကျအဝတ်အစားမျိုးကို ပြန်ဝတ်ထားသဖြင့်လည်း မည်သည့်အလုပ်မျိုးရှာတွေ့ထားကြောင်း မေးလိုက်ချင်မိသည်။ သို့သော် မနေ့ညကဖြစ်ထားသည့်ကိစ္စကြောင့် သူမ၏စိတ်ထဲ သက်တောင့်သက်တာရှိမနေဘဲ သူနှင့်စကားစပြောလိုက်ဖို့ရာ သတ္တိမရှိချေ။
ဓါတ်လှေကားက ပုံမှန်အတိုင်း အောက်ဆင်းလာခဲ့သည်။
ခုနှစ်လွှာ ရှစ်လွှာနားသို့ ရောက်သည့်အချိန်တွင် စန်းရန်က မြေအောက်ထပ်ခလုတ် တစ်ခုတည်းကိုနှိပ်ထားကြောင်း ဝိန်းရိဖန် လှမ်းသတိထားမိလိုက်၏။ ထို့ကြောင့် အရှေ့သို့ခြေနှစ်လှမ်းတိုးပြီး သူမအတွက် ပထမအလွှာခလုတ်အား နှိပ်ရန် လက်ရွယ်လိုက်သည့်အချိန်...
ခြေလှမ်းများက စန်းရန်နားသို့ တိုးကပ်သွားရပြီး ဝိန်းရိဖန် လက်တစ်ဖက်ကိုမြှောက်လိုက်သည့်အခိုက်တွင် စန်းရန်က သူမ၏လက်ကောက်ဝတ်ကို ဖမ်းဆွဲလိုက်၏။ ဖုန်းကြည့်နေရင်းမှတဆင့် သူမကို လှမ်းကြည့်လာပြီး မသိလျှင် နစ်နာသူလေးက အမြဲတမ်းအခွင့်အရေးယူခံရသည့်အတွက် အလိုအလျောက် ကာကွယ်လိုက်သည့်အတိုင်းပင်။
"ဘာလုပ်ချင်နေတာလဲ"
"...."
ဝိန်းရိဖန် ;
"ပထမလွှာကို နှိပ်မလို့"
စန်းရန်က လက်လွှတ်ပေးလိုက်၏။
"အို့..နောက်ကိုပြန်ဆုတ်"
ဝိန်းရိဖန် ;
"အင်းပါ"
"ကိုယ် ဒီနေ့စိတ်ကြည်နေတာမလို့ 'ရှန့်အန်း'ရပ်ကွက်ဘက်ကို လမ်းကြုံသွားရင်း လိုက်ပို့ပေးမယ်"
"...."
အလကားစီးရမည့် ကားရှိနေပြီဖြစ်သည့်အတွက် ဝိန်းရိဖန်လည်း မြေအောက်ရထားထဲ၌ တကူးတကသွားတိုးဝေ့မနေချင်။ သူမ ပြုံးပြလိုက်ပြီး ဟန်ဆောင်ပန်ဆောင်ကျေးဇူးတင်လိုက်၏။
"ဒါဆိုရင်တော့ ကျေးဇူးပါပဲ"
မြေအောက်ထပ်သို့ရောက်သည့်အချိန် နှစ်ယောက်သားက ဓါတ်လှေကားထဲမှထွက်လာပြီး ကားပါကင်ဆီသို့ လျှောက်လာခဲ့၏။ ဝိန်းရိဖန်က အရှေ့ခုံ၌ထိုင်ရင်း လုံခြုံရေးခါးပတ်ပတ်လိုက်၏။ စန်းရန် အနားကပ်နေရသည့်စက္ကန့်တိုင်း လှုပ်ရှားမှုတိုင်းတွင် သူမ၏ဦးနှောက်ထဲ မနေ့ညကအဖြစ်အပျက်အကြောင်းမှာ အဆက်မပြတ်သတိပေးနေသည့်အတိုင်း ရင်တထိတ်ထိတ်။
ထို့ကြောင့် လက်ရှိအချိန်တွင် သူနှင့် ဘယ်လိုဘယ်ပုံအဆက်အဆံပြုရမည်မှန်း မသိချေ။
ကားစက်နှိုးသည့်အချိန်မှစ လမ်းတစ်လျှောက်လုံး တိတ်ဆိတ်နေခဲ့သည်။
တစ်ခဏကြာပြီးသွားနောက်တွင်။
တစ်မနက်ခင်းလုံး ပုံမှန်မဟုတ်သည့် သူမ၏အခြေအနေကို သတိထားမိသွားပုံရသည့် စန်းရန်က သူမဘက်သို့ မကြာမကြာလှည့်ကြည့်နေပြီး နောက်တွင်တော့ အသံထွက်မေးလာခဲ့၏။
"နေလို့မကောင်းဘူးလား"
ဝိန်းရိဖန်က ပြတင်းမှန်ကိုမှီထားရင်း
"မဟုတ်ပါဘူး"
ကြည့်ရသည်မှာ စိတ်အခြေအနေမကောင်းသည်နှင့်လည်း တူသလို..
နေထိုင်မကောင်းဖြစ်နေသည်နှင့်လည်း တူနေသေးသည်။
စန်းရန် ;
"အိပ်နေရင်း လမ်းထလျှောက်ပြီးတော့ အားတွေကုန်သွားခဲ့တာလား"
ဝိန်းရိဖန် ; "အမ်?"
စန်းရန် ;
"မနေ့ညက ကိုယ့်အင်္ကျီကိုဆွဲတင်နေတုန်းကတော့ အရမ်းတက်ကြွနေခဲ့တာပါ"
အကြည့်များက ပြတင်းပေါက်အပြင်ဘက်သို့သာ ငေးကြည့်နေရင်း ဝိန်းရိဖန်၏နှုတ်ခမ်းမှ သတိမထားမိဘဲ လွှတ်ခနဲထွက်လာခဲ့၏။
"ငါ မနေ့ညက နင့်အင်္ကျီကိုဆွဲမတင်ပါဘူး"
ဤစကားပြောလိုက်ပြီး သုံးလေးစက္ကန့်ကြာသွားသည့်အခါတွင်တော့ ကားတွင်းအခြေအနေမှာအတော်လေး ကသိကအောက်နိုင်သွားပြီမှန်း ဝိန်းရိဖန် တန်းသိလိုက်သည်။ အသိစိတ်ကချက်ချင်းပြန်ဝင်လာပြီး သူမပြောမိသွားသည့်စကားတစ်ခွန်းကို ပြန်တွေးကြည့်ရင်း တစ်ဖက်သို့လည်း ဆတ်ခနဲလှည့်ကြည့်မိလိုက်၏။
တိုက်တိုက်ဆိုင်ဆိုင် မီးပွိုင့်မီးနီသွားသည့်အချိန်။
စန်းရန်က ကားရပ်လိုက်ပြီး သူမဘက်သို့လှည့်လာကာ ဖြေးဖြေးချင်း အကြည့်ချင်းဆုံလိုက်၏။ အဓိပ္ပါယ်ပါပါဖြင့် စိုက်ကြည့်နေခဲ့ပြီးမှ
"မင်း မလုပ်ခဲ့မှန်း ဘယ်လိုလုပ်ပြီးသိတာလဲ"
"...."
ဝိန်းရိဖန် သူ့အကြည့်များကိုမရှောင်သည့်အပြင် တည့်တည့်စိုက်ကြည့်၍
"အမ်?"
စန်းရန်ကလည်း နောက်ထပ်တစ်ကြိမ် ထပ်မဆို ၊ စနောက်လိုသောအဓိပ္ပါယ်များအပြည့်ပါသည့် မျက်လုံးများဖြင့် အပေါ်စီးမှလှမ်းကြည့်နေလေသည်။ မျက်ဝန်းထောင့်များမှတဆင့် သူ့လက်ချောင်းထိပ်များဟာ ကားစတီယာရင်အား ဖြေးဖြေးမှန်မှန်ဖြင့် ခေါက်နေကြောင်း မြင်နေရသေးသည်။
ကြည့်ရသည်မှာ တစ်စုံတစ်ရာကိုတွေးနေသည့်ပုံစံမျိုးပင်။
သူမအတွက်တော့ ဤသည်မှာ မုန်တိုင်းမလာခင် ငြိမ်သက်နေသည့်ရာသီဥတု ၊ ကြိုးစင်မတင်ခင် ငြိမ်သက်နေရသည့်အခြေအနေ။
ဝိန်းရိဖန်၏ဦးနှောက်တစ်ခုလုံးက အကြောင်းပြချက်ကို သည်းကြီးမည်းကြီးရှာဖွေနေပြီး မျက်နှာအမူအရာမှာ အထိုက်အလျောက်ကြောင်အနေမိကာ အခုမှ တုံ့ပြန်နိုင်သည့်အလား ငြင်ငြင်သာသာလေးပြုံးပြလိုက်၍
"နင်ပဲ ခုဏတုန်းကပြောခဲ့တာလေ..ငါ မနေ့ညတုန်းက နင့်ကို ဖက်ရုံပဲဖက်တာဆို"
ကားစတီယာရင်ကိုခေါက်နေသည့်အသံမှာ ရပ်တန့်သွားပြီး စန်းရန်၏မျက်တောင်များ လှုပ်လှုပ်ရှားရှားဖြစ်သွားခဲ့၏။ သူ့အမူအရာကိုကြည့်လိုက်ခြင်းအားဖြင့် သူမ၏ရှင်းပြချက်ကိုလက်ခံသည့်အတိုင်း 'အာ' ဟုသည့်အသံတစ်ချက်သာပြုပြီး အကြည့်လွှဲသွားခဲ့သည်။
နောက်ထပ် လိုက်မေးနေခြင်းမျိုးမရှိတော့၏။
---ပတ်ဝန်းကျင်မှာ တဖန်ပြန်အေးစက်ငြိမ်စက်သွားလျက်။
ဝိန်းရိဖန်အနေဖြင့် စကားစမြည်ပြောနေရမည်ကို မနှစ်သက်လှသော်ငြား ပြီးပြည့်စုံအောင် သရုပ်ဆောင်ရမည့်သဘောတရားအရ ;
"အဲ့တော့ ငါ မနေ့ညက နင့်အင်္ကျီကိုဆွဲတင်ခဲ့သေးတာလား"
စန်းရန်က အရှေ့ဘက်သို့ကြည့်နေရင်း
"အမှတ်မှားသွားလို့"
"...."
"အရှေ့တစ်ခေါက်က"
သူ့စကားက ရှေ့ဆင့်နောက်ဆင့်မညီမည်ကိုစိုးရိမ်သည့်စန်းရန်က ရှင်းပြလာခဲ့သည်။
"တစ်ကြိမ်နှစ်ကြိမ်လည်း မကတော့ဘူးဆိုတော့ အကြိမ်တိုင်းမှာဖြစ်ခဲ့တဲ့ကိစ္စတွေကို ကိုယ်လည်း အသေးစိတ်မမှတ်မိနိုင်ဘူး"
"...."
ဝိန်းရိဖန်တစ်ယောက် သူမက သူ့အင်္ကျီကိုဆွဲတင်သည့်ကိစ္စမျိုးလုပ်မည်မဟုတ်ကြောင်း ငြင်းချင်လိုက်မိသော်လည်း မနေ့ညက သူမဘက်မှ သူ့အားဖက်လိုက်သည့်အချိန် စန်းရန်က ရုန်းကန်နေရမည်ကိုအရမ်းပျင်းလွန်းပြီး ကံကြမ္မာအလိုကျနေလိုက်တော့မည့်ပုံစံအား ပြန်တွေးမိလိုက်သည်။ အရင့်အရင်အကြိမ်များတွင်လည်း သူမအနေဖြင့် သူမတွေးနိုင်ထက်ကျော်လွန်သောကိစ္စများကိူ လုပ်ကောင်းလုပ်ထားလိမ့်မည်မှာ မလွဲ၏။
ဝိန်းရိဖန်က ထိုပုံရိပ်များကို တူးဖော်မကြည့်ရဲတော့ဘဲ ခေါင်းသာငြိမ့်ပြလိုက်၏။
"နင့်ကို နစ်နာစေမိပြီ"
"...."
အချိန်တစ်ခဏကြာသွားပြီးနောက် ဝိန်းရိဖန်က စန်းရန် အခုလိုနစ်နာနေရသည့်ရက်မျိုးများ လျော့သွားမည့်အကြောင်း နှစ်သိမ့်ပေးလိုသည့်အနေဖြင့်
"ငါ အချိန်ရလို့ရှိရင် ဆေးရုံသွားပြကြည့်မှာပါ"
------
နန်းဝူ ရုပ်မြင်သံကြားဌာန အဆောက်အဦးအောက်သို့ ရောက်လာခဲ့သည်။
ဝိန်းရိဖန်က လုံခြုံရေးခါးပတ်ကိုဖြုတ်လိုက်၏။ စန်းရန်က ရှန့်အန်းရပ်ကွက်သို့လာပြီး 'Overtime' ဘားကိုသွားခြင်းလား အခြားအလုပ်ကိစ္စကြောင့်လား သေချာမသိသော်ငြား အထူးတလည်မေးနေခြင်းမျိုးမပြုတော့ဘဲ
"ကျေးဇူးပဲနော်..ငါ အရင်သွားနှင့်တော့မယ်"
စန်းရန်က ပျင်းတိပျင်းရွဲဖြင့် 'အင်း' ဟုသာ အသံတစ်ချက်ပြုလာခဲ့သည်။
ဝိန်းရိဖန် ကားတံခါးဖွင့်တော့မည့်ပြုရင်း
"နင် လမ်းမှာဂရုစိုက်မောင်းနော်"
"ဝိန်းရိဖန်"
စန်းရန် ရုတ်တရက်လှမ်းခေါ်လိုက်၏။
အသံကြားလိုက်ရသည့်အခါ ဝိန်းရိဖန်က ရပ်သွားပြီး ပြန်လှည့်ကြည့်လာခဲ့သည်။
"ဘာလဲဟင်"
စန်းရန် ;
"ဆံပင်ပေါ်မှာ တစ်ခုခုကပ်နေတယ်"
ဝိန်းရိဖန် ချက်ချင်းလက်ကိုမြှောက်ပြီး ခေါင်းပေါ်ထိကြည့်လိုက်၏။
"ဘယ်နားမှာလဲ"
"ဘယ်ဘက်နည်းနည်းတိုး"
ဝိန်းရိဖန် လက်က ဘယ်ဘက်ကိုရွေ့လိုက်၏။
"နည်းနည်းထပ်တိုးဦး"
လက်က ဘေးဘက်ဆီထပ်တိုးသွားလျက်။
"ညာဘက် ပြန်တိုး"
သူမ ပုံစံမျိုးစုံလုပ်နေပါသည့်တိုင် သူပြောသည့် 'တစ်ခုခု' ကို မထိမိသေး။
နောက်တစ်စက္ကန့်တွင် စန်းရန်၏စိတ်မရှည်သည့်အသံဖြင့် စုတ်တစ်ချက်သပ်သံကို ကြားလိုက်ရသည်။ ဦးရေပြားမှာ တင်းခနဲဖြစ်သွားကာ အရှေ့တွင်ရှိနေသည့် ကားထဲမှအလှကြည့်မှန်ကိုဖွင့်ပြီး ကြည့်တော့မည့်အခိုက်တွင် သူမ၏ခေါင်းအား ခပ်လေးလေးအရာတစ်ခုက လာရောက်ထိတွေ့နေသည့်ခံစားချက်ကြီးကို ခံစားလိုက်ရသည်။
သူမ ဘေးဘက်သို့လှည့်ကြည့်လိုက်၏။
စန်းရန်က လက်တစ်ဖက်ကိုမြှောက်လာပြီး ဆံပင်ပေါ်၌ကပ်နေသည့်အရာကို ဖယ်တော့မည့်အလား သူမ၏ခေါင်းပေါ်၌ လက်လာတင်ထားကာ နောက်တစ်စက္ကန့်တွင် ဆံပင်များပွသွားအောင် အားမနာတမ်းပွတ်သပ်ပစ်လိုက်တော့သည်။
Advertisement
- In Serial17 Chapters
Raven Eyes - A truly magical Adventure
Synopsis The Witch in training Alice Dutrar was born as a conduit. Together with incredible potential and untold power, also came an almost non-existent control over her own magic. After finishing school and repeatedly getting fired from any job she applied for she knew something had to change. When she finally decides to enroll at the Royal Academy of Witchcraft she didn’t expect to get so much more than she had bargained for. In between suspicious deaths, vanishing magical artifacts, and her own dark heritage arising, there is the unfortunate contract she entered with the mysterious and talented Ithelyn Dawnstar. But when the accidents around the Academy start to increase, the rather unlikely pair of Witches might just be the only one with a chance of standing against the forces that lurk in the shadows. Cover art by: Znodden
8 186 - In Serial7 Chapters
The Unwanted
Cyan Ravindra was only a child when she came into Genesis Vadell's care. Years later, she still doesn't know why her parents gave her to such a monster. However, when she sees him, her heart takes over and it seems to know the truth. Genesis' caring nature overwhelms him whenever she's near. Genesis tries his best to stay away from Cyan but it's like he's naturally drawn to her. His solution? Lie. Cyan must never discover the truth about her parents or the small, isolated village she once called home, even if it means she has to hate him. Will Destiny prevail when she finds out her existence is a lie? The Unwanted can also be found on Inkitt.
8 84 - In Serial23 Chapters
Whirl
a flower shop worker and an infamous CEOcollide livesin a whirl wind romanceCopyright © 2021 The Queen Slushie
8 148 - In Serial28 Chapters
Kairos
Time travel is legal and Ada Blum is looking for love. But what happens when one of her charming bachelors from the past makes his way to the present? ***** Time travel isn't just possible, it's been legalized by the US government. Many industries have capitalized on the trend, including dating agencies. Now anyone can travel to the past for their own Regency romance or wild west affair-for the right price. Ada Blum is no exception. Often dubbed an old soul, Ada finally has the chance to explore relationships with men who are more up her alley. What she doesn't expect is for her new beau to be a part of the 1920s gang scene in New York. And when she smuggles him into the 21st century to keep him safe, all hell breaks loose. Jealous lovers and glitches in time make for deadly enemies, but can Ada have her happy love story after all?[[word count: 90,000-100,000 words]] Formerly "The Kairos Temporal Matchmaking Service."Cover designed by Lydia Carr
8 395 - In Serial35 Chapters
Hunting Season
#1 in Wendigo 05/28#1 in Darkromance 05/16#1 in Monsterromance 05/18#2 in Horror 05/27#2 in Dark 05/21#9 in Romance 05/13*COMPLETED*A cursed forest.A string of missing people.A beast lurking inside.One individual on a quest to find their beloved.Adira ventures inside the infamous Whispering Winds Forest to search for her missing boyfriend, unaware of the monster who is watching her every move...
8 290 - In Serial109 Chapters
Paris Wills is a dreamer. His father always said he got it from his mom, an artist who was unlike any other. Her virtue was painting, and Paris' is poetry. No matter where he is, Paris finds inspiration for his poems. In the summer after his sophomore year of high school, Paris finds his biggest inspiration yet, one to overshadow his mom's untimely death. Paris has met Grayson Pierce, the new boy next door, who is not only friendly but also incredibly cute. With his blond waves and charismatic smile, Grayson has found a new place in Paris' heart.Still, Paris cannot help but wonder if his budding love for Grayson is merely one-sided. For now, Grayson's only friend is Paris. Yet, when school starts again after the summer, will he stick around? In order to ensure that Grayson stays, Paris must make one of the most difficult choices of his life. Should he play it safe and ignore his romantic feelings or take a chance and let himself bathe in color?💕 Featured on @BACommunity "LGBTQ+" reading list. 💕 Featured on @BullyingPrevention "LGBTQIAP+ Pride" reading list. 💕 Featured on @ComeAndSitWithUs "#LGBTQIAP+ - I am who I am" reading list. 💕 Featured on @cupid "Love Conquers All" reading list.💕 Featured on @CupidsBookClub "Eros" reading list.💕 Featured on @CupidsBookClub "Cupid's Arrow (Summer 2020 Edition)".💕 Featured on @FreeTheLGBT "Coming of Age" reading list.💕 Featured on @Romance "Young Love" reading list. 💕 Featured on @YA "Love, Actually" reading list.💕 #1 in poem (out of 151K stories).💕 #1 in gaycharacters (out of 229 stories).💕 #3 in teenager (out of 33.1K stories). 💕 #3 in cupid (out of 3.2K stories). ⚠️ Trigger Warning ⚠️ This story depicts loss, grief, drug addiction, depression, and suicide. Read at your discretion.© ALL RIGHTS RESERVED
8 192

