《First Frost (Myanmar Translation)》Chapter 38
Advertisement
ဝိန်းရိဖန် ကားပေါ်မှဆင်းလာပြီးနောက် ဆံပင်ကိုသေသေသပ်သပ်ဖြစ်အောင်ပြန်လုပ်ရင်း တံခါးဝဆီသို့လျှောက်လာလိုက်သည်။ တိုက်တိုက်ဆိုင််ဆိုင် ဘယ်အချိန်ကတည်းကရောက်နေမှန်းမသိသည့် မုချန်ယွင်နှင့် ထိပ်တိုက်ဆုံပြီး သူ့ဘက်မှ စ၍နှုတ်ဆတ်လာ၏။
"ရိဖန်ကျဲ..မင်္ဂလာနံနက်ခင်းပါ"
ဝိန်းရိဖန် ခေါင်းငြိမ့်ပြရင်း
"မင်္ဂလာနံနက်ခင်းပါ"
အဆောက်အဦးထဲဝင်လာခဲ့သည်။
ဝိန်းရိဖန်က အခုလေးတင် စန်းရန်လုပ်သွားသည့်အပြုအမူကိုပြန်တွေးမိရင်း ခေါင်းကိုလည်း အလိုလိုထိလိုက်မိ၏။ အတွေးများက သူမ၏ကမ္ဘာချည်းထဲသက်သက်စီးမျောသွားသည့်အလား ဘေးနားမှ မုချန်ယွင်ပြောနေသည့်စကားများကို အာရုံမရတော့ပေ။
တစ်ခဏအကြာတွင်။
မုချန်ယွင်က လှမ်းခေါ်လာခဲ့သည်။
"ရိဖန်ကျဲ?"
"...."
ဝိန်းရိဖန် အသိစိတ်ပြန်ကပ်သွားခဲ့၍
"အမ်?..ဘာဖြစ်လို့လဲ"
မုချန်ယွင်၏ရုပ်ရည်သွင်ပြင်မှာ နူးနူးညံ့ညံ့ပုံစံမျိုးလေးဖြစ်ပြီး အပြုံးတို့က အနည်းငယ်ချစ်စရာကောင်းသည့်ဘက်သို့သွားသည်။ ယခုလေးတင် လျစ်လျူရှုထားသလိုဖြစ်နေသည့် ဝိန်းရိဖန်၏အပြုအမူကို စိတ်မကွက်လေဘဲ စိတ်ရှည်ရှည်ဖြင့်နောက်တစ်ကြိမ်ထပ်မေးလာခဲ့သည်။
"အစ်မနဲ့ စီနီယာအစ်ကိုစန်းက ဒိတ်လုပ်နေတာလား"
ဝိန်းရိဖန် ;
"မဟုတ်ပါဘူး"
မုချန်ယွင်က သက်ပြင်းတစ်ချက်ချလိုက်၍
"ကျွန်တော် ခုဏလေးတုန်းက အစ်ကိုက အစ်မကို အလုပ်လာပို့တာမြင်လိုက်လို့..ပြီးတော့ အစ်မရဲ့ဆံပင်ကိုဖွနေတာမြင်လိုက်ပြီး ကျွန်တော်က..."
မုချန်ယွင်က စကားမဆုံးခင် ရှက်ရှက်နှင့်ပြုံးလိုက်၍
"ကျွန်တော် အရမ်းပဲလျှောက်ပြောနေမိပြီလား"
ဖွတယ်?
ဝိန်းရိဖန် ကြောင်အမ်းသွားခဲ့၏။
လက်ကိုပြန်ရုတ်ပြီး စန်းရန် သုံးသွားခဲ့အားကို ပြန်တွေးကြည့်လိုက်ရာ...
အားဖြင့် 'လှည့်ပတ်မွှေ' နေသည် ဆိုသည့်စကားလုံးနှင့်ဖော်ပြရန် ပိုသင့်တော်ပါလိမ့်မည်။
သို့သော်လည်း ဝိန်းရိဖန် နှင့် မုချန်ယွင်မှာ တရင်းတနှီးကြီးမဟုတ်သဖြင့် မဟုတ်ကြောင်းငြင်းဆန်လိုက်ရုံဖြင့်ပင် လုံလောက်နေပြီ ၊ ထပ်မေးလာမည့်မေးခွန်းတိုင်းကို လိုက်ရှင်းပြနေဖို့ရာ ပျင်းလွန်းသဖြင့် ဝိန်းရိဖန်က စကားများများမဆိုတော့ဘဲ ပြုံးရုံသာပြုံးလိုက်သည်။
နှစ်ဦးသားက ရုံးထဲသို့ တစ်ပြိုင်နက်တည်းဝင်လာခဲ့ကြသည်။
အလုပ်နေရာစီသို့ရောက်သည်နှင့် ဝိန်းရိဖန်က ကွန်ပြူတာကိုဖွင့် ၊ စားပွဲပေါ်မှ စာရွက်စာတမ်းများကို လှန်လှောကြည့်နေသည့်အချိန် ဘေးစားပွဲခုံမှ စုထျန်းက ကော်ဖီသောက်ရင်း အနားသို့ရောက်လာခဲ့၏။
"နင် ဒီနေ့ ဘယ်လိုဖြစ်ပြီး ချစ်စရာခွေးပေါက်လေးနဲ့ အတူတူလာခဲ့တာလဲ"
"တံခါးဝမှာ တွေ့လို့"
"အဲ့လိုလား.."
စုထျန်းက မနေ့ညကကိစ္စနှင့်ပတ်သတ်၍လည်း
"ဒါနဲ့လေ ရှောင်ဖန်..မနေ့ညက ငါနင့်ကို ပေးလိုက်တဲ့ ဟိုအရက်ခွက်က အရက်ချိန်နည်းနည်းများသွားတယ်ထင်တယ်..ငါက သစ်သီးအရက်ဝိုင်လို့ထင်ပြီး နင့်ကို ပေးလိုက်မိတာ"
ဤစကားတစ်ခွန်းကြောင်က ဝိန်းရိဖန်၏ဦးနှောက်ထဲ မနေ့ညမှအဖြစ်အပျက်များ တသီတသန်းပြန်ပေါ်လာတော့ကာ အမူအရာမှာတုံ့ခနဲရပ်သွားမိပြီး ချက်ချင်းလည်း သတိပြန်ကပ်၍
"ရပါတယ်..ကိစ္စမရှိဘူး..အိမ်ပြန်ရောက်တာနဲ့ ငါ တန်းအိပ်လိုက်တာ..ဘာအနှောက်အယှက်မှမဖြစ်ဘူး"
စုထျန်း ;
"ခေါင်းတွေဘာတွေရောကိုက်နေလား"
ဝိန်းရိဖန်က မည်သည့်မသက်မသာဖြစ်မှုမျိုးကိုမှ မခံစားရသောကြောင့်လည်း ပြုံး၍သာ ဖြေလိုက်၏။
"မကိုက်ပါဘူး"
စုထျန်းက တစ်ချက်သမ်းလိုက်ရင်း
"ငါ ကြည့်နေတာ ဒီနေ့ ဘယ်သူကမှတက်ကြွနေတာမျိုးမရှိကြဘူး..မနေ့ညက အရမ်းများသွားကြလို့နေမှာ..ငါရော အခုအရမ်းအိပ်ချင်နေတာ..မနေ့က နင်ပြန်တဲ့အချိန် လိုက်မပြန်မိလိုက်တာကို နောင်တရတယ်ကွာ"
"အပြင်ထွက်ပြီး စိတ်ပြေလက်ပျောက် ပျော်မယ့်အခွင့်အရေးကရှားတယ်လေ..ပျော်စရာရှိတာကို အားရပါးရပျော်စမ်းပါ"
ဤစကားခေါင်းစဥ်မှာ သိပ်ကြာကြာပင်မခံ၏လိုက်ဘဲ စုထျန်းက နောက်ထပ်တစ်မျိုးကို အစဖော်လာပြန်ခဲ့သည်။
"အရင်တစ်ခေါက်က ငါ့သူငယ်ချင်းနဲ့ နင်နဲ့ အိမ်ခန်းမျှနေဖြစ်အောင်ဆိုပြီး ငါမိတ်ဆက်ပေးဖူးသေးတယ်လေ မှတ်မိတယ်မလား..နောက်တော့ နင့်အိမ်ခန်းဖော်က မပြောင်းဖြစ်တော့လို့ဆိုပြီး ငါ့ဘာသာငါ သူ့အတွက် အင်တာနက်ကနေပြီးအိမ်ခန်းမျှနေမယ့်သူ ရှာပေးလိုက်တာ..တက္ကသိုလ်ကျောင်းသားလေးတစ်ယောက်ဖြစ်နေရော"
"တက္ကသိုလ်ကျောင်းသား?"
ဝိန်းရိဖန် တွေးကြည့်လိုက်ရင်း
"ကျောင်းသားက ကျောင်းဆောင်မှာမနေဘူးလား"
"ကြည့်ရတာ ဂိမ်းကစားတာတို့ အခြားတစ်ခုခုကြောင့်ဖြစ်ဖြစ် သူ့အခန်းဖော်တွေကို အနှောက်အယှက်ပေးမိမှာစိုးလို့နေမှာပေါ့..ငါ့သူငယ်ချင်းကတော့ အရင်ရက်ကလေးကတင် ငါ့ကိုရင်ဖွင့်သွားသေးတယ်..အဲ့ကျောင်းသားလေးက တစ်ကိုယ်ရည်သန့်ရှင်းမှု လုံးဝမရှိဘူးတဲ့"
"ဘာလို့လဲ"
"နင့်အိမ်ခန်းဖော်ရော အဲ့လိုဖြစ်နေသေးလား"
စုထျန်းက အနည်းငယ်စပ်စုလိုက်ရင်း အဆက်မပြတ်အတင်းချလိုက်သေး၏။
"ဘာတွေဖြစ်ရမှာလဲ..စားပြီးသား ပန်းကန်တွေ တူတွေကိုမဆေးဘဲ နေ့တိုင်းပုံထားတော့ ဆီတွေခြောက်ကပ်ကုန်တာမျိုး ၊ အဝတ်ပေတွေကိုလည်း နှစ်ပတ်နေမှ တစ်ခါလျှော်တာတဲ့..အတွင်းခံတွေရော ခြေအိတ်တွေရော အဝတ်လျှော်စက်ထဲထည့်သေးတာ..သန့်ရှင်းရေးလည်းမလုပ်တဲ့အပြင် တစ်ခါတစ်လေ အိမ်သာရေဆွဲချဖို့တောင် မေ့..."
ဝိန်းရိဖန် ခေါင်းရမ်းပြလိုက်ရင်း
"အဲ့လိုမျိုးတွေ မရှိဘူး"
ဤအကြောင်းနှင့်ဆက်စပ်ပြီးစဥ်းစားကြည့်လိုက်သည့်အခါ စန်းရန်က နေရာတိုင်းကို သန့်ရှင်းအောင်ထားပြီး သန့်ပြန့်နေအောင် နေသည့်သူမျိုးပင်။
သူမကိုယ်သူမ အနည်းငယ်ကံကောင်းသည်ဟု တွေးမိလိုက်ပြီး
"ငါ့အိမ်ခန်းဖော်ကတော့ တော်တော်လေးအဆင်ပြေတယ်"
"ဒါဆိုရင်တော့ နင့်ကံဇာတာကောင်းလို့ပဲ"
စုထျန်းက သဘောတကျရယ်လိုက်ပြီး ဆက်၍ စကားဆိုလိုက်၏။
"ဒါပေမယ့်လေ နင် တွေးတောင်တွေးကြည့်မိမှာမဟုတ်ဘူး သိလား..လွန်ခဲ့တဲ့ရက်လောက်က ငါ့သူငယ်ချင်းက ငါ့ကို ဘာပြောလာတယ်မှတ်လဲ သူ အဲ့ဒီကျောင်းသားလေးကို သဘောကျနေမိပြီထင်တယ်တဲ့"
ဤပြောင်းလဲသွားချက်ကြီးကြောင့် ဝိန်းရိဖန် နားမလည်နိုင်ဖြစ်သွားခဲ့၍
"အမ်?"
"အဲ့ဒီကျောင်းသားလေးက မိသားစုရဲ့အလိုလိုက်တာခံထားရတာကြောင့်မလို့ အိမ်အလုပ်တွေမလုပ်တတ်ရုံလေးပဲတဲ့..သူကသာ ဒီကိစ္စကိုမကြိုက်ဘူး ဟိုဟာကိုမကြိုက်ဘူးလို့ပြောရင် ဟိုကောင်လေးက အကုန်နားထောင်ပြီး နောက်တစ်ခါထပ်မလုပ်ဘူးတဲ့လေ..အရင်က ငါ့ကို တစ်နေကုန်ညည်းပြတဲ့လူက သူမဟုတ်တဲ့အတိုင်းပဲ"
"...."
"ဒါပေမယ့် ငါ့အမြင်တော့ အဓိကအချက်က အဲ့ဒီကျောင်းသားလေး အတော်လေးချောတာပဲ..အဲ့လောက်ချောတဲ့လူနဲ့သာဆို ငါလည်း အိမ်ခန်းမျှနေမှာ."
စုထျန်းက သက်ပြင်းချလိုက်ရင်း
"အဲ့ဒီတော့ ဆန့်ကျင်ဘက်လိင်နဲ့ အချိန်ကြာကြာ အိမ်ခန်းမျှနေတဲ့အခါ ဘာဖြစ်သွားလဲ?..အချစ်တွေပေါက်ဖွားလာတာပဲပေါ့"
ဝိန်းရိဖန်က ချက်ချင်းပြန်တုံ့ပြန်လိုက်၏။
"အသေအချာကြီးတော့လည်း မဖြစ်ပါဘူး"
Advertisement
စုထျန်း ;
"နင်က ဘာလို့ ချက်ချင်းကြီးမဟုတ်ကြောင်း ငြင်းနေရတာလဲ?"
"...."
"ငါ နင့်ကိုမမေးကြည့်ရသေးဘူးထင်တယ်နော်..နင့်အိမ်ခန်းငှားဖော်က ယောက်ျားလေးလား မိန်းကလေးလား..ငါမှတ်မိတာမမှားရင် ဝမ်လင်လင် ရှာသွားပေးတဲ့တစ်ယောက်မလား"
ဝိန်းရိဖန် စက္ကန့်ပိုင်းမျှငြိမ်နေသော်လည်း လိမ်ညာလိုက်ခြင်းတော့မရှိ။
"ယောက်ျားလေး"
"ငါလခွမ်း!"
စုထျန်း အံ့သြသွားခဲ့၍
"ယုံကြည်လို့တော့ရတယ်မလား"
"အင်း"
အခုလေးတင် ပြတ်ပြတ်သားသားငြင်းနေသည့်ဝိန်းရိဖန်၏အမူအရာကိုကြည့်ပြီး သူမ၏အိမ်ခန်းဖော်က သေချာပေါက် ရုပ်ဆိုးလောက်မည်ဖြစ်ကြောင်း စုထျန်း ထင်မိလိုက်၏။
"လူတွေကို ရုပ်ရည်ပဲကြည့်ပြီး အကဲခတ်လို့မရဘူးဆိုပေမယ့်လည်း သူ နင့်အပေါ်မှာ မကောင်းတဲ့စိတ်မျိုးတွေမထားတာတော့ နင် သေချာပါတယ်နော်"
ဝိန်းရိဖန် ဘာမှပြန်မပြောချေ။
ဝိန်းရိဖန်၏မျက်နှာကို စိုက်ကြည့်နေရင်း စုထျန်းကပို၍ စိတ်ပူလာခဲ့ကာ
"ငါ့အမြင်မှာတော့ ဆန့်ကျင်ဘက်လိင်နဲ့အိမ်ခန်းမျှနေတာက ပုံမှန်ကိစ္စတစ်ခုဆိုပေမယ့် နင် ကိုယ့်ဘာသာကိုယ်ဂရုစိုက်ရမယ်နော်..ဘာကိစ္စပဲဖြစ်နေနေ သတိကပ်နေရမယ် သိလား"
သူမထံမှ အမြတ်ထုတ် ၊ အခွင့်အရေးယူခံနေရသည့် စန်းရန်အကြောင်းတွေးလိုက်မိသည့်အခါ ဝိန်းရိဖန်တစ်ယောက် စိတ်မသိုးမသန့်ဖြစ်သွားခဲ့ရင်း 'မကောင်းသည့်စိတ်မျိုး'ရှိနေသည့်တစ်ယောက်မှာ သူမဖြစ်နေသလိုလိုပင် ခံစားမိလာရတော့၏။ ထိုအကြောင်းအရာအား ပြောမထွက်သည့်အပြင် မျက်နှာတည်တည်ဖြင့်
"ငါ သိပါတယ်"
-------
ဝိန်းရိဖန် အစကထင်ထားခဲ့သည်မှာ စန်းရန်က အချိန်သုံးလသာ နေထိုင်သွားမည်ဟူ၍။
ခပ်တိုတိုတောင်းတောင်းကာလအတွင်း သူမတို့နှစ်ဦးကြားတွင် များများစားစား အဆက်အဆံပြုဖြစ်လိမ့်မည်မဟုတ်ကြောင်း တွေးထားခဲ့ဖူးသည်။ အချိန်တစ်ခုစာအပြီးတွင် သူသည်လည်း ထွက်သွားမည်ဖြစ်သလို နှစ်ဦးနှစ်ဖက်လုံးအရလည်း တစ်ယောက်ကိုတစ်ယောက် သူငယ်ချင်းမိတ်ဆွေဟုပင် သတ်မှတ်စရာမလိုသည့် ဖြတ်သွားဖြတ်လာဧည့်သည်အဖြစ်ဖြင့်သာ ပြီးဆုံးသွားလိမ့်မည်။
စကားထဲထည့်ပြောနေစရာပင်မလိုသည့် ဇာတ်ကွက်လေးတစ်ခုလိုမျိုးပင်။
အရင်က အတူနေခဲ့ဖူးသည့်ဝမ်လင်လင်ကဲ့သို့ဆိုလျှင်လည်း မမှားပါပေ။
သို့သော် ထိုထင်မှတ်ချက်မှာ လက်ရှိအချိန်တွင်တော့ မမှန်ပါတော့ချေ။
စုထျန်း၏ပြောစကားများမှတဆင့် ဝိန်းရိဖန် ခက်ခက်ခဲခဲ စိစစ်ခွဲဖြာကြည့်လိုက်မိသည့်အခါ သူမနှင့်စန်းရန်သည် အချိန်တစ်ခုစာ မျက်နှာချင်းဆိုင်နေထိုင်ခဲ့ကြပြီး အတူတူအချိန်ကုန်ဆုံးဖြစ်ခဲ့သည့်အချိန်မှာလည်း အထိုက်အလျောက်များခဲ့သည်။ ထိုအခါ သူမ တွေဝေလာမိပြီး မရှိသင့်သောအတွေးမျိုးများရှိလာခဲ့တော့သည်။
မနေ့ညက ရှိခဲ့သည့် ပွေ့ဖက်မှုတစ်ခုက ရှေ့ပြေးသတိပေးချက်ဥပမာတစ်ခုလို အချိန်နှင့်အမျှ ဝိန်းရိဖန်၏မျက်လုံးထဲ မြင်ယောင်နေခဲ့သည်။
ဤကိစ္စနှင့်ပတ်သက်လျှင် ဝိန်းရိဖန်အနေဖြင့် ကိုယ့်ကိုကိုယ် ကောင်းကောင်းနားလည်မိသည်ဟု ဆိုရမည်။ စန်းရန်က သူမအပေါ်တွင် ထိုကဲ့သို့သောစိတ်များရှိနေလိမ့်ဦးမည်ဟုလည်း မတွေးထားခဲ့သလို သူမဘက်က အရင်ကကိစ္စများကိုမရှိခဲ့သလိုသဘောထားပြီး သူ့အနားသို့ အရှက်မရှိချဥ်းကပ်နေခြင်းလည်း မဟုတ်ပါပေ။
သည့်ထက်အပြင် ဝိန်းရိဖန်သည် အခြားသူတစ်ဦး၏ဖြစ်တည်မှုနှင့်လိုက်လျောညီထွေဖြစ်အောင်လိုက်နေပေးရန် အလွန်ကိုမှ မနှစ်မြို့သလို အလွန်ကိုမှလည်း ကြောက်ရွံ့မိသည်။
သူမ၏ မသိစိတ်ထဲတွင်။
ဤအရာများအတွက် အဆုံးသတ်အဖြေနှစ်ခုကလွဲ၍ ဘာမှမရှိပေ။
အဆုံးသတ်မှာ --
တစ်ဖက်လူသည် သူမ၏အဖေကဲ့သို့ တစ်နေ့တွင် တစ်စုံတစ်ရာလေးမျှအသိမပေးပါဘဲ သူမ၏ဘေးမှ ထာဝရအတွက်ထွက်သွားခဲ့မည်ဟူ၍...
သို့တည်းမဟုတ်
သူမ၏အမေကဲ့သို့ သူ့ဘဝသူတိုးတက်ကောင်းစားရေးအတွက် သူမကိုစွန့်ပစ်လိုက်ဖို့ ရွေးချယ်လိမ့်မည်ဟူ၍ပင်။
ဤကဲ့သို့သောအတွေးများအပြင် စန်းရန်အပေါ် လုပ်ခဲ့မိသည့် စိတ်နှလုံးသားထိခိုက်စရာကိစ္စရပ်များ ၊ ဤအရာများ၏အပြီးတွင် ဝိန်းရိဖန်၏စိတ်ထဲ ရှင်းရှင်းလင်းလင်းကို နားလည်ခံစားမိလိုက်သည်မှာ စန်းရန်နှင့်ဆက်၍ အဆက်အဆံပြုလုပ်နေမိလျှင် သူမ၏စိတ်မှာ အရင်ကလို ရှိနေနိုင်မည်မဟုတ်တော့ကြောင်းပင်ဖြစ်သည်။
ဝိန်းရိဖန်ဘက်မှ စတင်၍ စန်းရန်နှင့် သူမကြားရှိ အကွာအဝေးကို ပြန်စည်းခြားထားပစ်ရန်ဆုံးဖြတ်လိုက်တော့၏။
အပြုအမူများက နည်းနည်းချင်းဆီပြောင်းသွားခဲ့ခြင်းဖြစ်၍ စန်းရန်ဘက်မှ သတိမထားမိပုံလည်းရသည်။ ဤအချိန်များအတွင်းတွင် သူက အမြဲတမ်းအလုပ်ရှုပ်နေခဲ့ပြီး ညဘက်တွင်လည်း 'Overtime' ဆီသို့ပြေးရသေးသည်။ တစ်ခါတစ်လေ ညပင်ပြန်မအိပ်ချေ။
နှစ်ယောက်သား တစ်လဆိုသည့်အချိန်အတွင်း အဆက်အဆံကောင်းကောင်း မပြုမိခဲ့ကြ၏။
ဝိန်းရိဖန်သည်လည်း တစ်ခါတစ်ရံ အိမ်မှစောစောထွက်လာပြီး တစ်ခါတစ်လေ အိမ်ပြန်နောက်ကျသည်အထိ အလုပ်များနေခဲ့သည်။ အိမ်ခန်းငှားဖော်အချင်းချင်း အရမ်းမကပ်ရဆိုသည့် စည်းကမ်းချက်အရ ဝိန်းရိဖန်က စန်းရန်၏အလုပ်အကြောင်းကို မမေးဖြစ်ခဲ့ ၊ နောက်ဆုံး ကျုံးစစ်ချောင်ပြောပြမှသာ သိခဲ့ရသည့်အဖြစ်ပင်။
ကျုံးစစ်ချောင် ; [ ငါ မနေ့က ရှန့်လန်ဆီကနေ ကြားခဲ့တာ ]
ကျုံးစစ်ချောင် ; [ စန်းရန်က သူတို့ကုမ္ပဏီမှာအလုပ်လုပ်နေတာတဲ့ ]
ကျုံးစစ်ချောင် ; [ ဒါပေမယ့် သူတို့နှစ်ယောက်က ဌာနချင်းတော့မတူကြဘူး..သူလည်း အရင်ကသတိမထားမိဘဲ အခုလေးတင်မှ သိတာတဲ့ ]
ဝိန်းရိဖန် ; [ ရှန့်လန်က အခုဘယ်မှာအလုပ်လုပ်နေတာလဲ ]
ကျုံးစစ်ချောင် ; [ 'ယိုရှန့်'နည်းပညာကုမ္ပဏီ ]
ကျုံးစစ်ချောင် ; [ ရှန့်လန်က စျေးကွက်အရောင်းဌာနမှာ လုပ်တာ ၊ စန်းရန်က Software ဌာနတဲ့ ]
ကျုံးစစ်ချောင် ; [ ဒါပေမယ့် စန်းရန်ရဲ့ရာထူးက ရှန့်လန်ထက် ပိုမြင့်တယ်..သူများက မန်နေဂျာတဲ့နော် ]
ကျုံးစစ်ချောင် ; [ ရှန့်လန်က တကယ်ကိုအမှိုက်ကောင် ]
ကျုံးစစ်ချောင် ; [ သူကများ ငါ့ကိုပြောသေးတယ်သိလား..စန်းရန်က သေချာပေါက်နောက်ခံရှိနေလို့တဲ့ ]
ဤစကားကြားလိုက်ရသည့်အခါ အရင်က စန်းရန်ပြောပြဖူးသည့်အကြောင်းကို ဝိန်းရိဖန် သတိရမိလိုက်၏။ ကြည့်ရသည်မှာ စန်းရန်က လေကျယ်နေရုံသက်သက် မဟုတ်ခဲ့၏။ သူမလည်း များများစားစားမတွေးကြည့်တော့ဘဲ အထိုက်အလျောက်ပြန်စာပို့ပြီးနောက်တွင် စကားစပြတ်သွားခဲ့ကာ အလုပ်ဆက်လုပ်ရန် ပြင်လိုက်သည်။
ဖုန်းကိုဘေးသို့ချလိုက်သည့်အချိန် မတော်တဆ အခြားမက်ဆေ့ဘောက်တစ်ခုအား ဖိနှိပ်မိလိုက်၏။
ကျောက်ယွမ့်တုံ၏မက်ဆေ့ဘောက်။
ဝိန်းရိဖန်ထံမှ စာပြန်မရခြင်းကြောင့်လားမသိ ကျောက်ယွမ့်တုံ၏မက်ဆေ့များလည်း သိသိသာသာ နည်းသွားခဲ့သည်။ များသောအားဖြင့် ရာသီဥတုအပြောင်းအလဲတွင် အဝတ်အစားကိုဂရုတစိုက်ဝတ်ရန်နှင့် အဖျားမမိစေရန် မှာနေသည့်စကားများသာ။
Advertisement
ဝိန်းရိဖန် အလျင်းသင့်သလိုသာ ပွတ်ဆွဲကြည့်လိုက်၏။
ချင်းမင်ပွဲတော်နေ့ မတိုင်ခင် ရက်အလိုတွင်။
ကျောက်ယွမ့်တုံ ; [ သမီးရဲ့ဒေါ်လေး ဒီနေ့ပဲ ပေယွီကိုပြန်သွားပြီ ]
ကျောက်ယွမ့်တုံ ; [ အဲ့နေ့က သမီးရဲ့သဘောထားကို ထည့်စဥ်းစားပေးဖို့ မေမေ မေ့သွားခဲ့တယ်..နောက်ဆိုရင် မေမေ သူ့ကိုမလာခိုင်းတော့ဘူးနော် ]
ကျောက်ယွမ့်တုံ ; [ မေမေ့ကို စိတ်ဆိုးမနေပါနဲ့ ]
ချင်းမင်ပွဲတော်နေ့တွင်။
ကျောက်ယွမ့်တုံ ; [ အားကျန့်..ဒီနေ့ မေမေနဲ့အတူ သမီးရဲ့အဖေကို သွားကြည့်ကြမလား ]
ကြားထဲတွင်ကား အရေးမပါသည့်စကားများသာ ဖြစ်သည်။
လွန်ခဲ့သည့်သုံးမိနစ်ခန့်က ကျောက်ယွမ့်တုံ ထပ်၍မက်ဆေ့ပို့ထားသေး၏။
ကျောက်ယွမ့်တုံ ; [ အားကျန့်..မေမေ ဒီအတောအတွင်း သမီးရဲ့ဒေါ်လေးနဲ့စကားပြောဖြစ်သေးတယ်..အရင်တုန်းကကိစ္စကလေ အဲ့ချိန်တုန်းက မေမေ သမီးဘေးမှာမရှိခဲ့တာမလို့ အခြေအနေတွေကို မေမေနားမလည်ခဲ့ဘူး..အဲ့ဒါကြောင့်မလို့ မေမေ သမီးဘက်မှာ မရပ်တည်ပေးခဲ့တာပါ..မေမေ သမီးကိုအားနာပြီးတောင်းပန်ပါတယ် ]
ကျောက်ယွမ့်တုံ ; [ သူတို့ဘက်က သမီးကိုကောင်းကောင်းစောင့်ရှောက်ထားလိမ့်မယ်လို့ပဲ မေမေ တစ်ချိန်လုံးထင်ထားခဲ့တာမလို့ စိတ်ချလက်ချနေနေခဲ့တာ..အဲ့ဒီအချိန်တုန်းက မေမေလည်း သမီးကို အမြဲတမ်းပြန်ခေါ်ထားဖို့တွေးခဲ့ပါတယ်..ဒါပေမယ့် နေထိုင်ရတဲ့ပတ်ဝန်းကျင်က မကြာခဏပြောင်းနေရင် သမီးရဲ့တက္ကသိုလ်ဝင်တန်းစာမေးပွဲအတွက် အနှောက်အယှက်ဖြစ်မှာကို စိုးရိမ်ခဲ့တာ..အချိန်တစ်ခုစာလေး ခဏလောက်သည်းခံနေပြီး သမီးသာ နန်းဝူတက္ကသိုလ်ကိုရောက်လာခဲ့ရင် မေမေနဲ့အတူတူပြန်လာနေခိုင်းပြီး မေမေ စောင့်ရှောက်ထားမယ်ဆိုပြီးတွေးထားခဲ့တာ..နောက်တော့ သမီးက ဟီယဲလို အရမ်းဝေးတဲ့နေရာမျိုး ဝင်ခွင့်တင်လိုက်လိမ့်မယ်လို့ မေမေ မထင်ထားမိခဲ့ဘူး ]
ကျောက်ယွမ့်တုံ ; [ မေမေ နောက်ဆိုရင် သမီးအတွက် ပိုပြီးလုပ်ပေးပါ့မယ်..ဟုတ်ပြီလား ]
ဝိန်းရိဖန် တစ်ခဏမျှစိုက်ကြည့်နေပြီးနောက်တွင်တော့ Wechatထဲမှ တန်းထွက်လာခဲ့လိုက်၏။ ကွန်ပြူတာကို တဖန်ပြန်ကြည့်လိုက်သော်လည်း ဦးနှောက်ထဲရှုပ်ထွေးနေရကာ မျက်လုံးရှေ့တည့်တည့်မြင်နေရသည့် စာလုံးများကဝေဝေဝါးဝါးဖြစ်နေတော့၏။
မျက်လုံးကိုမှိတ် ၊ ဖုန်းကို ပြန်ကောက်ကိုင်လိုက်ပြီး ကျောက်ယွမ့်တုံ၏မက်ဆေ့များအားလုံး ဖျက်ပစ်လိုက်သည်။
ည ၁၁နာရီထိုးခါနီးတွင်မှ ဝိန်းရိဖန် အလုပ်အပြီးသတ်နိုင်ခဲ့ပြီး အိမ်ပြန်လာခဲ့သည်။ ဖိနပ်ကိုချွတ်ရင်း လှမ်းကြည့်လိုက်လျှင် ဆိုဖာပေါ်၌ လက်တော့တစ်လုံးနှင့်အလုပ်ရှုပ်နေသည့်စန်းရန်ကို မြင်လိုက်ရပြီး သူ့လက်ချောင်းများက ကီးဘုတ်ပေါ်၌ပြေးလွှားနေ၏။
ဝိန်းရိဖန်က သူ့အားအနောက်အယှက်မပေးလို ၊ ထုံးစံအတိုင်း မီးဖိုချောင်ထဲသို့သာ ဝင်လာပြီး ရေတစ်ခွက်သောက်လိုက်၏။ ရေသောက်ပြီးနောက် နောက်ထပ်တစ်ခွက်စာ ရေဖြည့်ပြီး အိပ်ခန်းထဲသို့ဝင်သွားတော့မည့်အချိန်။
ထိုအချိန်တွင် စန်းရန်က လှမ်းတားလိုက်၏။
"ဝေ့"
ဝိန်းရိဖန် လှည့်ကြည့်လိုက်၍
"ဘာဖြစ်လို့လဲ"
"စည်းကမ်းကိုမေ့နေတာလား"
စန်းရန်က တစ်ချက်လှမ်းကြည့်လာပြီးနောက် ချက်ချင်းအကြည့်ပြန်လွှဲသွားပြီး စာရိုက်နေရင်းဖြင့်
"ည ၁၀နာရီထိုးလို့မှ ပြန်မလာဖြစ်သေးရင် ကိုယ့်ကို အကြောင်းကြားရမယ်ဆိုတာ"
ဝိန်းရိဖန်က ကြောင်အမ်းသွားခဲ့ပြီးမှ ဖြေးဖြေးချင်းစကားဆိုလိုက်၏။
"အို့..ငါ မေ့သွားလို့..တောင်းပန်ပါတယ်"
ထို့နောက်တွင် အခြားအပိုစကားများမဆိုတော့ဘဲ အိပ်ခန်းဆီသို့ ဆက်လျှောက်လာလိုက်၏။
"ကိုယ် ခံစားနေမိတာ အခုတလော မင်း ကိုယ့်ကို ဆက်ဆံတဲ့ပုံစံက နည်းနည်း..."
စန်းရန်က ပြောရမည့်စကားလုံးကိုစဥ်းစားနေသည့်အလား တစ်ခဏမျှရပ်သွားပြီးမှ
"ဥပေက္ခာပြုနေသလားလို့"
"...."
ဝိန်းရိဖန် ထပ်၍ကြောင်အမ်းသွားခဲ့၏။
"မဟုတ်ပါဘူး..ငါ အရမ်းအိပ်ငိုက်နေလို့"
စန်းရန် မျက်လုံးပင့်ကြည့်လာခဲ့သည်။
ဝိန်းရိဖန်က ခပ်တိုးတိုးလေးဖြင့်
"ဒီတိုင်း အိပ်ချင်နေလို့"
စန်းရန်၏လှုပ်ရှားမှုများရပ်သွားပြီး သူမအား အသေအချာစိုက်ကြည့်လာခဲ့၏။
"သွားအိပ်တော့လေ"
-------
ဝိန်းရိဖန် အိပ်ခန်းထဲသို့ ဝင်သွားပြီးနောက်တွင်။
စန်းရန်က ဝိန်းရိဖန်၏အမူအရာကိုပြန်တွေးကြည့်လိုက်ရင်း တစ်ခဏတိတိငြိမ်နေခဲ့ပြီးမှ စာပြန်ရိုက်နေလိုက်သည်။
မနက် ၂နာရီထိုးခါနီးလောက်တွင်မှ စန်းရန်က လက်တော့ကိုပိတ် ၊ အခန်းထဲသို့ အဝတ်လဲဖို့ရာဝင်ယူလိုက်ပြီး ရေချိုးခန်းဆီသို့ ဦးတည်လိုက်၏။ ပြန်ထွက်လာပြီးနောက်တွင် ဧည့်ခန်းထဲသို့ပြန်လာပြီး လက်တော့ပြန်ယူသည့်အချိန် ဧည့်ခန်းထဲရောက်နေသည့် ဝိန်းရိဖန်ကို မြင်လိုက်ရသည်။
သူမက အင်္ကျီလက်တို ၊ ဘောင်းဘီတို လဲဝတ်ထားပြီးဖြစ်ရာ ဖြူဖြူသေးသေးခြေတံလက်တံလေးများက ထင်းခနဲလှစ်ဟနေလေသည်။
လက်ရှိအချိန်တွင် ဝိန်းရိဖန်က ဆိုဖာထက်၌ထိုင်ပြီး နာရီကြီးအား ဗလာသက်သက်စိုက်ကြည့်နေခြင်း။
စန်းရန်၏ဆံပင်တို့မှာ စိုထိုင်းထိုင်းဖြစ်နေဆဲဖြစ်သောကြောင့် တဘက်နှင့်သုတ်ရင်း ဝိန်းရိဖန်အနားသို့လျှောက်သွားကာ တစ်ခဏကြာကြာစိုက်ကြည့်နေလိုက်သေးသည်။ထို့နောက် ဘေးနားမှထိုင်ခုံကို ဆွဲယူပြီး သူမ၏အရှေ့တွင်ထိုင်လိုက်၍
"အဲ့ဒီတော့ မင်းက စိတ်အခြေအနေမကောင်းတဲ့အခါရယ် အရက်မူးတဲ့အခါကျရင် အိပ်နေရင်းလမ်းထလျှောက်တတ်တယ်ပေါ့"
ဝိန်းရိဖန်က တိတ်ဆိတ်မြဲ တိတ်ဆိတ်နေဆဲ။
စန်းရန် ;
"ဒီနေ့ကရော ဘာဖြစ်လာတာလဲ"
ဝိန်းရိဖန်က သူမ၏ကမ္ဘာထဲ၌ တစ်ကိုယ်တည်းနေထိုင်နေသည့်အလား မလှုပ်မယှက်ရှိနေကာ ဘေးပတ်ဝန်းကျင်မှအရာများကို ခံစားမိပုံမပေါ်ချေ။ မကြာမကြာခတ်နေတတ်သည့် မျက်တောင်များကြောင့်သာမဟုတ်လျှင် သူမက ပန်းပုရုပ်ထုတစ်ခုဖြစ်သွားသလိုမျိုးပင် စန်းရန် ထင်မိပါတော့မည်။
သူလည်း စကားမဆိုတော့ဘဲ..
ထိုနေရာ၌ ထိုင်နေရုံသာထိုင်နေပြီး အခြား ဘာဆိုဘာမှမလုပ်ပေ။
ဆယ်မိနစ်ခန့် ကြာသွားပြီးနောက်တွင်။
ဝိန်းရိဖန် မတ်တပ်ထရပ်လာပြီး အိပ်ခန်းဆီသို့ ဖြေးဖြေးချင်းလျှောက်ထွက်လာ၏။
နေရာ၌သာထိုင်နေသည့်စန်းရန်က သူမ၏ကျောပြင်အား လှမ်းကြည့်နေရင်း ခေါင်းသဲ့သဲ့စောင်းကာ အရှေ့သို့ကျော်ကြည့်လိုက်၏။ သူမ သွားမည့်လမ်းတစ်လျှောက်၌ တိုက်မိနိုင်မည့်အရာမျိုးမရှိကြောင်းကို သေချာစစ်ဆေးပြီးနောက်တွင်တော့ လိုက်မသွားတော့ပေ။
သူပုံစံမှာ အေးအေးလူလူဖြင့်သာ သူမ၏နှေးတိနှေးကွေးပုံစံအား လှမ်းကြည့်နေ၏။
ဝိန်းရိဖန်မှာ ဝိဥာဥ်လွင့်နေသည့်အလား တည့်တည့်မတ်မတ်နှင့်တသတ်မတ်တည်းသာ လျှောက်နေပြီး ဤတစ်ကြိမ်တွင်လည်း အရင်ကအကြိမ်များအတိုင်း သူ့အခန်းနားအရောက်တွင် ရပ်သွားခဲ့သည်။
အထဲသို့ လှမ်းကြည့်နေခြင်း။
စန်းရန်က ရေချိုးပြီးအဝတ်အစားလဲရန်အတွက် အိပ်ခန်းထဲဝင်ယူထားသည့်အချိန်တုန်းကအတိုင်း အိပ်ခန်းတံခါးကို မပိတ်ထားဖြစ်ခဲ့။
ဝိန်းရိဖန်က အချိန်ကြာကြာကို ကြောင်ကြောင်အမ်းအမ်းစိုက်ကြည့်နေခြင်းကြောင့်။
"ဘာတွေ လှမ်းကြည့်နေတာလဲ"
စန်းရန်က ရယ်ချင်သလိုလိုဖြစ်လာမိကာ
"မင်းပုံစံက နှာဘူးမလေး ကျနေတာပဲ"
ဤစကားအဆုံးတွင်။
ဝိန်းရိဖန် ခြေတစ်လှမ်းလှမ်းလိုက်ပြီး သူ့စကားကို လက်ခံလိုက်သည့်အလား စန်းရန်၏အိပ်ခန်းထဲသို့ ဝင်သွားပါတော့၏။
-------
(T/N ; ကဲ ကဲ ဒီကနေစပြီး နောက် chapter နည်းနည်းထိ 'ရင်ထဲ ကလိကလိ' ကာလကို ကျော်ဖြတ်ရပါမယ် ၊ 'ကလိကလိ' ကာလပြီးသွားရင်တော့ စန်းရန်ကောနဲ့ရိဖန်ကျဲတို့ အော်ဖစ်ရှယ်တွဲပါပြီ ( Chapter သိပ်မလိုတော့ဘူး ) ၊ အော်ဖစ်ရှယ်တွဲပြီးရင်တော့ ကိုယ်တို့တွေ ခွေးစားတွေစား ၊ စောင်တွေကိုက် ရတော့မှာပါ 🥲 ...အာ ခွေးစာကတော့ ကိုယ်တို့ပဲ စားရမှာမဟုတ်ပါဘူး ..စန်းရန်ကောရဲ့ပါးစပ်ကို သိတယ်မို့လား သူ့သူငယ်ချင်းတွေပါ စားရမှာ အဲ့တော့ အားမငယ်ကြပါနဲ့ 🥲..အင်း တစ်ခုရှိတာ အတိတ်ကကိစ္စလေးတွေ လှစ်ခနဲပေါ်လာတိုင်း မျက်ရည်လေးတော့ ဝဲရမှာပေါ့နော် )
ပြီးတော့ အခုတလော အလုပ်နည်းနည်းများမှာမို့ Update နည်းနည်းလေးစီနောက်ကျမယ်.. ည ၁၁ ၁၂ တို့ထိဖြစ်သွားတာမျိုးကိုပြောတာပါ..
စိတ်မဆိုးကြပါနဲ့တဲ့ စန်းရန်ကောက ပြောခိုင်းလိုက်တယ်.. သူ့ Visual ကြည့်ပြီး ဖြေသိမ့်ပါတဲ့
----------
(Zawgyi)
"မင်္ဂလာနံနက်ခင်းပါ"
တစ်ခဏအကြာတွင်။
"ရိဖန်ကျဲ?"
"...."
Advertisement
- In Serial14 Chapters
The Obsessive Male Lead Wants To Become My Husband
I reincarnated as the wicked older half-sister of the female lead of a rated-19 novel. And here, I’m destined to die at the hands of the obsessive male lead. So, I desperately tried to prevent my sister and him from meeting each other…
8 621 - In Serial10 Chapters
The Coffee Shop
Samantha had owned her own coffee shop for most of her adult life. As she began to desire a change in her life, a loyal regular approached her, offering her immortality. The deal was only that she had to continue to run the shop, making him coffee and living her life. But as time went on, the world began to shift around her, revealing that the catch was much bigger than he revealed.
8 215 - In Serial30 Chapters
Psychotic
"Psychos can't fall in love" "Then you obviously havent met me"
8 170 - In Serial40 Chapters
Love with Danger in the Purple: Being Beloved by the Hardhearted Avenger
It never occurs to Ding Manman that she would be looted away on her wedding day and to be prisoned. The man named Zhong Shaoting takes away her virginity and treats her like a low creature. Yet she has no idea why he hates her so much. She wants to eacape, but can she?
8 449 - In Serial27 Chapters
My Best Mistake
Natalia comes home to find her husband and sister in bed together after her husband tell her they have been sleeping together for 1 year .what is she to do but pack up and leave what she doesn't realize is that she's pregnant and after 3 years away she comes back to all the drama.
8 311 - In Serial42 Chapters
The Manager's Little Brother
A HAIKYUU and KUROKO NO BASKET Crossover
8 95