《First Frost (Myanmar Translation)》Chapter 39
Advertisement
ကိုယ့်ကိုကိုယ် အမြင်မှားနေသည်ဟုပင် ထင်လိုက်မိရင်း စန်းရန်၏ ဆံပင်သုတ်နေသည့်လက်တစ်ဖက်မှာ ချက်ချင်းရပ်တန့်သွားတော့သည်။ စက္ကန့်ပိုင်းကြာအောင် တောင့်တောင့်ကြီးကြည့်နေမိပြီး တဘက်ကိုဘေးသို့ချ ၊ မတ်တပ်ထရပ်ကာ အိပ်ခန်းဆီသို့ ဝိန်းရိဖန်နောက်မှ လိုက်လာခဲ့သည်။
ဝိန်းရိဖန်သည် ဟိုအရင်က ဤအခန်းထဲနေခဲ့ဖူးသည်။
သို့သော် စန်းရန်ပြောင်းလာပြီးနောက်ပိုင်းတွင် အိပ်ခန်းအပြင်အဆင်ကိုပြောင်းထားပြီး ကွန်ပြူတာစားပွဲခုံတစ်လုံး ထပ်ထည့်ထားသေးသည်။ ပြတင်းပေါက်နားကပ်ထားသည့်ကုတင်ကိုလည်း အလယ်တည့်တည့်ပြောင်းထားပြီး ဘယ်ဘက်တွင် စာကြည့်စားပွဲခုံရှိကာ ညာဘက်တွင် ညအိပ် မီးအိမ်ရှည်တစ်ခုရှိသည်။
လက်ရှိအချိန်တွင် ဝိန်းရိဖန်က အိပ်ခန်း၏အလယ်သို့ ရောက်နေပြီဖြစ်သည်။
ဘာဆက်လုပ်ရမှန်းမသိဖြစ်နေသည့် သူမနားသို့ စန်းရန်ရောက်လာခဲ့ကာ အရှေ့တွင်ပိတ်ရပ်လိုက်၏။
"ဘယ်သွားချင်နေတာလဲ?"
ဝိန်းရိဖန်၏နဖူးက သူ့မေးဖျားနှင့်တိုက်မိသည့်အချိန် ခြေလှမ်းများ ရပ်တန့်သွားခဲ့၏။ ခေါင်းသဲ့သဲ့လေးမော့လာရင်း သူ့အား ဗလာသက်သက်ချည်းစိုက်ကြည့်ပြီးနောက်တွင် ဘေးနားသို့ ဖြေးဖြေးချင်းရှောင်လိုက်ကာ ရှေ့ဆက်သွားရန် ပြင်နေလေသည်။
စန်းရန်လည်း ခြေတစ်လှမ်းထပ်လှမ်းကာ လမ်းကိုဆက်ပိတ်လိုက်၍
"နေရာမှားနေပြီ"
ဝိန်းရိဖန်က တဖန်ပြန်မော့ကြည့်လာကာ သူ့စကားများကို တွေးတောနေပုံလည်းရပြီး တစ်ချိန်တည်းဆိုသလို သူ လမ်းဖယ်ပေးမည့်အချိန်ကိုပါ စောင့်နေသည်။
ကလေးတစ်ယောက်ကိုဆက်ဆံသည့်အတိုင်း စန်းရန်က စိတ်ရှည်ရှည်ဖြင့် စကားဆိုလာခဲ့၏။
"ဒါ မင်းရဲ့အိပ်ခန်း မဟုတ်ဘူးလေ"
ဝိန်းရိဖန်မှာ မလှုပ်မယှက်။
စန်းရန်က သူမအား မထိဘဲ မေးတစ်ချက်ငေါ့ပြ၍
"တံခါးက ဟိုမှာ"
ဝိန်းရိဖန်မှာ တစ်ခဏမျှကြောင်ကြည့်နေသေးသော်လည်း နောက်တွင် သူပြောသည့်စကားကို နားလည်သည့်အလား တစ်ဖက်သို့လှည့်ပြီး တံခါးရှိနေသည့်ဦးတည်ရာဘက်သို့ စက်ရုပ်တစ်ရုပ်လို လိမ်လိမ်မာမာလေးလျှောက်သွားခဲ့တော့သည်။
နောက်ထပ်တစ်နေရာ ထပ်မှားဝင်ဦးမည်ကို စိုးရိမ်သည့်အတွက် စန်းရန်က နေရာ၌ရပ်ကျန်မနေခဲ့ဘဲ နောက်မှလိုက်လာခဲ့သည်။
သူမ အိပ်ခန်းထဲ ပြန်ရောက်သွားသည့်အချိန်ထိ စောင့်ကြည့်နေပြီးတံခါးပိတ်သံကြားလိုက်ရသည့်အချိန်တွင်မှ ဧည့်ခန်းထဲရှိ လက်တော့ပ်ကို ပြန်ယူရန်ရောက်လာခဲ့၏။ ဧည့်ခန်းမီးချောင်းများအား ပိတ် ၊ စင်္ကြံလမ်းရှိမီးလုံးကိုသာ ချန်ထားခဲ့ပြီး အိပ်ခန်းထဲပြန်ဝင်လာခဲ့ကာ ဖုန်းထဲရှိမက်ဆေ့များအား ပျင်းတိပျင်းရွဲစစ်ကြည့်နေလိုက်သည်။
ချက်ချင်းဆိုသလို ဘေးနားသို့ ဖုန်းပြန်ချထားလိုက်၏။
သူ့မျက်လုံးများဟာ ပင်ပန်းလွန်း၍ခပ်စပ်စပ်ပင်ဖြစ်နေလေပြီး မျက်လုံးမှိတ်မှိတ်လိုက်ချင်းတွင် ဝိန်းရိဖန် သူ့အိပ်ခန်းထဲ လမ်းလျှောက်ဝင်လာသည့်အကြောင်းအား တွေးမိလိုက်တော့သည်။
ကြည့်ရသည်မှာ ခေါင်းမပါသည့်ယင်ကောင် အတိုင်းပင်။
အရင်အကြိမ်တွေတုန်းကတောင် အကောင်းကြီးရှိသေးတာ..ဒီတစ်ခေါက်က လျှောက်မယ့်လမ်းကြောင်း ပြောင်းသွားတာများလား?
ဒါမှမဟုတ် အရင်အကြိမ်တွေတုန်းက သူ့အခန်းတံခါးက အမြဲပိတ်ထားတာနဲ့ကြုံတာမလို့ မဝင်လာတာလား?
သူမ အိပ်နေရင်းလမ်းထလျှောက်သည််မှာ ပုံသေဟူ၍မရှိဘဲ ဖွင့်ထားသည့်နေရာ ၊ မပိတ်ထားသည့်အခန်းများထဲသို့ အလျင်းသင့်သလို လျှောက်ပတ်နေခြင်းလား?
စန်းရန်၏ခန္ဓာကိုယ်ထဲရှိ ဆဲလ်တစ်ခုချင်းစီတိုင်းသည် ပင်ပန်းနွမ်းနယ်နေသည့်အကြောင်း ထုတ်ပြနေပါသည့်တိုင် ဤအကြောင်းအားတွေးမိလိုက်သည့်အချိန်တွင်တော့ မျက်လုံးကို ဆတ်ခနဲဖွင့်လိုက်သည်။ အိပ်ရာထက်မှထကာ အိပ်ခန်းထဲမှထွက်လာခဲ့လိုက်ပြီး မျက်နှာကျက်မှကြမ်းပြင်အပြည့် မှန်တပ်ထားသည့် ဝရံတာပြတင်းပေါက်များ နှင့် မီးဖိုချောင်တံခါးတို့ကို ပိတ်လိုက်တော့သည်။
---------
နောက်တစ်နေ့တွင်။
ဝိန်းရိဖန်က မျက်လုံးနှစ်လုံးပွင့်လာသည်နှင့် အိပ်ရာထက် ထထိုင်ကာ အသိစိတ်ကပ်ပြီးနိုးလာသည်အထိစောင့်နေလိုက်သည်။ မျက်ခွံများတစ်ချက်လှုပ်လိုက်သည့်အခါ ထိုင်ခုံက မှန်တင်ခုံအရှေ့တွင် ပုံမပျက်ရှိနေကြောင်း မြင်လိုက်ရသည်။ တစ်ခဏကြောင်ကြည့်နေရင်း ကြည့်ရသည်မှာ မနေ့ညက ထိုင်ခုံကို တံခါးနားရွေ့ရန် မေ့သွားခဲ့ခြင်းလား။
သို့သော်လည်း ဤအချိန်များအတွင်း အိပ်နေရင်းလမ်းထမလျှောက်မိထားသဖြင့် ထိုင်ခုံကိစ္စအား သိပ်အာရုံမစိုက်တော့၏။
ဝိန်းရိဖန် အိပ်ရာထဲ၌တော်တော်ကြာအောင်ကွေးနေလိုက်သေးသည်။
Wechat မက်ဆေ့များကို ဖွင့်ကြည့်လိုက်သည့်အချိန်တွင် ကျုံးစစ်ချောင်နှင့်ရှန့်လန်တို့ အပြန််ပြန််အလှန်လှန်ပြောထားကြသည့်မက်ဆေ့များမှာ တပုံတပင်။ ရှန့်လန်ကိုမြင်လိုက်ရသည့်အခါ မနေ့က ကျုံးစစ်ချောင်ပြောထားသည့်စကားများကို ပြန်အမှတ်ရသွားပြီး Website ထဲဝင်ကာ 'ယိုရှန့်နည်းပညာကုမ္ပဏီ'အကြောင်းအား ရှာကြည့်လိုက်၏။
ဝင်မကြည့်မိခင် ဝိန်းရိဖန်က စိတ်တစ်မျိုးပြောင်းသွားခဲ့ပြန်၏။
သူမအနေဖြင့် ရှာကြည့်နေစရာအကြောင်းမရှိ။
ဝိန်းရိဖန် ချက်ချင်း Website ထဲမှပြန်ထွက်ခဲ့လိုက်သည်။
အိပ်ရာထဲမှနောက်ကျမှထွက်လာသဖြင့် အိပ်ခန်းအပြင်ရောက်သည့်အချိန်တွင် စန်းရန်က ထွက်သွားနှင့်ပြီးပုံရသည်။
စားပွဲပေါ်၌ ရှိနေသည်မှာ ရိုးရိုးရှင်းရှင်းပဲနို့ပေါင်း။
ဤအစားအသောက်က ညအထိ အထားမခံသည့်အမျိုးအစားဖြစ်၍ မစားလျှင် လွှင့်ပစ်ရမည်သာ။
'ဝိန်းအမှိုက်ပုံး' က မဖြုန်းတီးချင်သည့်အပြင် ဤကိစ္စက အသွားအပြန်သဘောမျိုးသက်ရောက်ကာ သူမ မနက်စာထွက်ဝယ်သည့်အခါတွင်လည်း စန်းရန်အတွက် ပြန်ဝယ်ပေးမည်ပင်။ ပဲနို့ပေါင်းကိုပြန်နွေးလိုက်ရင်း ဖုန်းကိုဖွင့် ၊ မက်ဆေ့များ စစ်ကြည့်နေလိုက်၏။
စန်းရန်က သူမအား မည်သည့်ကိစ္စကိုမှ ပြောထားခြင်းမရှိ။
ဝိန်းရိဖန် သက်ပြင်းချမိလိုက်၏။
ဒါဆို မနေ့ညက ဘာမှမဖြစ်သွားခဲ့တာလို့ ဆိုလိုတာမလား?
သို့သည့်တိုင်။
တကယ်ပဲ အိပ်နေရင်းလမ်းထလျှောက်လျှင်တောင် ညသန်းခေါင်အချိန်ကြီး၌ အကြိမ်တိုင်းလိုလို စန်းရန်နှင့်တွေ့နေမည်မှာ မဖြစ်နိုင်ချေ။
အလုပ်များလာသည့်အချိန်တွင်တော့ ဝိန်းရိဖန်တစ်ယောက် ဆေးရုံသွားပြမည့်ကိစ္စအား သတိရပါသည့်တိုင် အချိန်ပိုရှာမရတော့ပေ။ အားရက်ရသည့်အချိန်တွင်လည်း အပြင်ထွက်ရမည်ကိုပျင်းရိလွန်းကာ နှေးတိနှေးကန်ဖြင့် တစ်နေ့လုံး အိမ်ထဲ၌သာအချိန်ကုန်ခဲ့သည်။
ထို့အပြင် အမှန်တိုင်းဆိုရလျှင် ဝိန်းရိဖန်၏အိပ်နေရင်းလမ်းထလျှောက်သည့်ရောဂါမှာ အရေးတကြီးဖြစ်နေခြင်းမျိုးမဟုတ်သဖြင့် အချိန်ကြာလာသည်နှင့်သမျှ မေ့မေ့ပျောက်ပျောက်ပင်ဖြစ်သွားခဲ့၏။
-----
မြင့်တက်လာသည့်အပူချိန်အရ လေထုတစ်ခွင်မှာ ပူအိုက်ခြောက်သွေ့လျက်။
ဇူလိုင်လလယ်သည် နန်းဝူမြို့၏ တစ်နှစ်ပတ်လုံးတွင် အပူဆုံးအချိန်ကာလ။ ညတာက တဖြည်းဖြည်းတိုလာပြီး နေလုံးကြီးက အဆိပ်ပြင်းပြင်း ၊ စူးစူးရဲရဲနှင့် အားမနာတမ်း ထွန်းလင်းနေသည့်အချိန်။ အပြင်ဘက်တွင် ခဏလေးထွက်နေရုံမျှဖြင့် တစ်ကိုယ်လုံး ချွေးပျံလာစေမည့် ရာသီဥတုဆိုလည်း မမှားပါပေ။
ဝိန်းရိဖန်က တည်းဖြတ်ခန်းထဲမှ ရုံးခန်းထဲသို့ ပြန်ရောက်ရောက်ချင်းပင် 'ကန်ဟုန်ယွမ်'က သူမအား သတင်းအချက်အလက်တစ်ခုပေးလာခဲ့ပြီး ကျန်နေသေးသည့်နောက်ဆက်တွဲကိစ္စများအားလုပ်ပေးရန် စကားဆိုလာခဲ့သည်။
သတင်းမှာ လွန်ခဲ့သည့်ရက်အနည်းငယ်ကဖြစ်ပွားခဲ့သည့် ယာဥ်မတော်တဆမှုအကြောင်း။
လမ်းသရဲလမ်းမကြီးအနီးနားမှ လမ်းတစ်ခုတွင် အရက်မူးသမားတစ်ယောက်က ကားကိုမီးနီဖြတ်မောင်းပြီး လမ်းဖြတ်ကူးနေသည့် အလယ်တန်းကျောင်းသားလေးတစ်ဦးကို တိုက်မိလိုက်ခြင်းကြောင့် ကျောင်းသားလေး ညာဘက်ခြေထောက်ရိုး အက်သွားသည့်သတင်းဖြစ်သည်။
Advertisement
အလုပ်နေရာသို့ ပြန်ရောက်ပြီး ဝိန်းရိဖန်က ကွန်ပြူတာကိုဖွင့် ၊ အချက်အလက်များကို စိစစ်ပြီး အင်တာဗျူးရန်အတွက် အဓိကအချက်များကို ထုတ်ယူနေလိုက်၏။
စာရိုက်နေသည့်အခိုက်တွင် ဘေးနားတွင်ချထားသည့်ဖုန်း မက်ဆေ့သံမြည်လာခဲ့သည်။
Wechat မှတဆင့် စန်းရန် စာပို့လာခြင်း။
စန်းရန် ; [ ဒီနေ့ည ကိုယ့်ညီမ အိမ်လာပြီးထမင်းစားမှာ ]
စန်းရန် ; [ အဆင်ပြေမလား? ]
ဝိန်းရိဖန်က အမြန်စာပြန်လိုက်၏။
[ ရတယ် ]
စဥ်းစားကြည့်ရင်း ဝိန်းရိဖန်က ထပ်၍
[ နောက်ဆို နင့်ညီမလေးလာရင် ဒီတိုင်းသာ တန်းခေါ်လာခဲ့လိုက်ပါ ]
ဝိန်းရိဖန် ; [ ဒီကိစ္စကိုတော့ နင် ငါ့ကို အသိမပေးလည်း အဆင်ပြေတယ် ]
တစ်ခဏကြာပြီီးတွင် စန်းရန်က 'Ok' emoji တစ်ခု ပြန်ပို့လာ၏။
--------
ဝိန်းရိဖန်က အချိန်ပိုမဆင်းတော့ဘဲ ည ၇နာရီဝန်းကျင်တွင် ဌာနမှထွက်လာခဲ့သည်။
အိမ်ပြန်ရောက်သည့်အချိန်တွင်တော့ ဆိုဖာထက်၌ထိုင်ပြီး တီဗွီကြည့်နေသည့် စန်းကျီကို မြင်လိုက်ရ၏။အရင်တစ်ခေါက်တွေ့သည့်အချိန်တုန်းကနှင့်ယှဥ်လျှင် စန်းကျီမှာ တော်တော်လေးပိန်သွားပြီး မျက်နှာသေးသေး၊မေးရိုးများပင် ထင်းနေလေသည်။
ဝိန်းရိဖန်ကို မြင်လိုက််သည့်အခါ စန်းကျီက ပြုံးပြပြီးနှုတ်ဆက်လာခဲ့သည်။
"ရိဖန်ကျဲ.."
ဝိန်းရိဖန် ပြန်ပြုံးပြရင်း အိမ်ထဲ တစ်ချက်ဝေ့ကြည့်လိုက်၏။ လက်ရှိအချိန်တွင် စန်းရန်က မီးဖိုချောင်ထဲရှိနေကာ ချက်ပြုတ်နေပုံရသည်။ အချိန်မှာ ညစာစားချိန်ကျော်နေပြီဖြစ်သောကြောင့် ဝိန်းရိဖန် အနည်းငယ်အံ့သြသွားရင်း
"အခုထိ မစားရသေးဘူးလား"
"ဟုတ်"
စန်းကျီက မျက်လုံးတစ်ချက်စွေကြည့်လိုက်ပြီး ခပ်တိုးတိုးလေးဖြင့်
"ညီမလေးရဲ့ကိုကိုက နှေးတုံ့နှေးတုံ့နဲ့..ခုဏလေးကမှ စ,ချက်တာ"
ဝိန်းရိဖန်က စန်းကျီအနားသို့လျှောက်သွားလိုက်ပြီး ဘေးနားတွင် ဝင်ထိုင်လိုက်၏။ထို့နောက် တီဗွီစင်ဘက်သို့ ညွှန်ပြပြီး
"မုန့်စားထားနှင့်မလား..၈နာရီတောင်ထိုးတော့မှာမလို့ အဆာမလွန်စေနဲ့ဦး"
စန်းကျီက ပြုံးနေရင်း
"တော်ပါပြီ..ညီမလေးလည်း အရမ်းဗိုက်ဆာနေမျိုး မဟုတ်ပါဘူး"
ဝိန်းရိဖန်က ရေတစ်ခွက်ငှဲ့နေရင်း စန်းကျီမျက်နှာအား လှမ်းကြည့်လိုက်၏။
"ဘယ်လိုဖြစ်လို့ ဒီလောက်တောင်ပိန်သွားရတာလဲ..စာမေးပွဲဖြေရတာ ဖိအားအရမ်းများလို့လား"
စန်းကျီ ;
"အဆင်ပြေတာတော့ပြေပါတယ်..ညီမလေးလည်း အများကြီးစားတာပဲ ဘာလို့ပိန်နေမှန်းမသိဘူး"
"နောက်ဆို အစားထိုးအနေနဲ့များများပြန်စားနော်..စာမေးပွဲပြီးပြီဆိုတော့ အပြင်များများထွက်လည်ပြီး စိတ်ကိုအနားပေးပစ်လိုက်"
ဝိန်းရိဖန်က အလျင်းသင့်သလိုမေးလိုက်သေး၏။
"ဟုတ်သားပဲ..ကျီကျီ..ဝင်ခွင့်စာရင်းတွေထွက်ပြီလား..အရင်တုန်းက နန်းဝူတက္ကသိုလ်နဲ့ ယီဟဲတက္ကသိုလ်ကြား ဘယ်ဟာရွေးရမှန်းဝေခွဲရခက်နေတယ်ဆိုပြီး ညီမလေးပြောပြဖူးထားသလားလို့"
စန်းကျီ ;
"ဟုတ်..ပြောဖူးတယ်"
ဝိန်းရိဖန် ;
"ဘယ်တစ်ခုကို ရွေးဖြစ်လိုက်လဲ"
စန်းကျီက အမှန်တိုင်းဆိုလာခဲ့၏။
"ယီဟဲတက္ကသိုလ်"
"အမ်?"
ဝိန်းရိဖန် အနည်းငယ်အံ့သြသွားမိ၍
"သေချာစဥ်းစားပြီးပြီလား..ယီဟဲက ဒီနဲ့ဆို တော်တော်လေးဝေးတာနော်"
"သေသေချာချာစဥ်းစားပြီးပါပြီ..ညီမလေး အကြာကြီးကို တွေးပြီးမှဆုံးဖြတ်ခဲ့တာပါ"
စန်းကျီက ခပ်တိုးတိုးအသံလေးဖြင့်
"နန်းဝူတက္ကသိုလ်ထက်စာရင် ညီမလေးလိုချင်တဲ့မေဂျာက ယီဟဲတက္ကသိုလ်မှာပိုပြီးအဆင့်မြင့်တယ်..ပြီးတော့ အချိန်တိုင်း နန်းဝူမြို့မှာချည်းပဲ မနေချင်ဘူး..အခြားမြို့တွေ လည်ပတ်သွားကြည့်ချင်သေးတယ်"
ဝိန်းရိဖန် ;
"ဒီလိုဆိုတော့လည်း ကောင်းပါတယ်"
စန်းကျီက အနည်းငယ်မကျေနပ်သည့်အမူအရာဖြင့်
"ဒါပေမယ့် ညီမလေးရဲ့ကိုကိုက အရမ်းစိတ်တိုနေတာလေ"
ဝိန်းရိဖန် ;
"ဘာလို့လဲ"
"ညီမလေးက စာမေးပွဲနဲ့ဆိုင်တဲ့ကိစ္စတွေကို သူ့ကိုအများကြီးမပြောပြထားမိဘူး..တော်တော်များများကလည်း မိဘတွေနဲ့ပဲတိုင်ပင်ဖြစ်တာ..အဲ့ဒါကို သူက ညီမလေး နန်းဝူတက္ကသိုလ်ကိုပဲ ဝင်ခွင့်တင်မယ်လို့ ထင်ထားခဲ့တာလေ..ခုဏလေးကမှ ညီမလေးရဲ့ဝင်ခွင့်စာရင်းကိုသိသွားပြီး ညီမလေးကို ဆဲဆူထားတာ"
"...."
"ဝင်ခွင့်စာရင်းကဖြင့် အရင်အပတ်ထဲကထွက်ထားတာကို သူ့ဘာသာသူ လာမမေးဘဲနဲ့"
စန်းရန်က အတော်လေးကိုကျိုးသင့်ကြောင်းသင့်မရှိလှကြောင်း စန်းကျီ ခံစားလာမိကာ ပြောပြလေလေ မပျော်မရွှင်ဖြစ်နေလေဖြစ်၍
"ဒါကြီးကဘယ်လောက်တောင်ကြာသွားပြီမလို့လဲ ဟုတ်တယ်မလား..အဲ့ဒါကို ဒီနေ့ကျမှ ညီမလေးဆီလာပြီး စကားအဖြစ်လျှောက်မေးပြတာလေ..ယီဟဲတက္ကသိုလ်လို့လည်းပြောပြလိုက်ရော အဲ့မှာစပြီးတော့ ညီမလေးကို ရန်တွေလုပ်တော့တာပဲ..ပြီးတော့ ပြောသေးတယ်..ညီမလေးက အတောင်ပံတွေစုံသွားပြီဆိုတော့ လုပ်ချင်ရာကိုဇွတ်လုပ်ပြီး ဘာမှသေချာမစဥ်းစားဘူးတဲ့"
ဝိန်းရိဖန် ;
"ညီမလေးရဲ့အစ်ကိုက ညီမလေးတစ်ယောက်တည်း အဝေးလွှတ်လိုက်ရင် သူများတွေအနိုင်ကျင့်မှာကို စိတ်ပူလို့နေမှာပါ"
"သူ့ပုံစံက ဘယ်လိုဖြစ်နေတာလဲဆိုတော့..ညီမလေးကပဲ အစက နန်းဝူတက္ကသိုလ်ကိုရွေးမယ်ပြောထားပြီး နောက်ကျမှ ဘယ်သူ့ကိုမှအသိမပေးဘဲ စိတ်ပြောင်းလိုက်တဲ့ပုံစံမျိုးလိုလိုနဲ့ လိုက်ပြောနေတာ"
ဤစကားကြားလိုက်ရသည့်အခါ ဝိန်းရိဖန်၏လှုပ်ရှားမှုများ ရပ်တန့်သွားတော့၏။
စန်းကျီက စန်းရန် ကြားသွားမည်ကိုကြောက်ပြီး အသံကျယ်ကျယ်မပြောရဲဘဲ
"ညီမလေး သူ့ကိုအကြံတောင်းတုန်းကကျတော့ သူဖြင့် ညီမလေးကို အာရုံတောင်မစိုက်ဘူး..ဘာတဲ့ ဒီလိုအစုတ်ပလုတ်ကိစ္စကအစ သူ လိုက်စဥ်းစားပေးနေရမှာလားဆိုပြီးတော့လေ..အခု ညီမလေးဘာသာရွေးလိုက်ပြန်တော့လည်း သူက ထပ်ပြီးဆူပြန်ပြီ"
ဝိန်းရိဖန်က ပြုံးရုံသာပြုံးနေပြီး စကားမဆိုတော့၏။
စောဒကတက် မကျေနပ်ချက်များထုတ်ပြနေမိသည်မှာ များလွန်းနေပြီဟုခံစားမိလိုက်ခြင်းကြောင့်လားမသိ စန်းကျီက သူမ၏စိတ်ကိုပြန်ထိန်းကာ စကားလမ်းကြောင်းလွှဲလိုက်၏။ အရင်တစ်ခေါက် ဝိန်းရိဖန်နှင့်စကားပြောနေသည့်အချိန် စန်းရန်ကြောင့်အဆက်ပြတ်သွားရသည့် အတင်းအဖျင်းကို ပြန်အစဖော်လိုက်၍
"ရိဖန်ကျဲ..ညီမလေး ကိုကိုရဲ့အထက်တန်းကျောင်းတုန်းက ငယ်ရည်းစားလေးက ဘယ်သူမှန်း အစ်မ သိလား"
ဝိန်းရိဖန်က ရေသောက်နေရင်း တည်တည်ငြိမ်ငြိမ်ဖြင့် လိမ်လိုက်၏။
"အစ်မလည်း သေချာမသိဘူး"
"ညီမလေး အဲ့ကိစ္စကို အခုထိကို သိချင်နေတုန်းပဲ သိလား..သူ့လိုမျိုး ပြိုင်ဘက်ကင်းခွေးဒေါသကြီးနဲ့သူက ဘယ်သူ့ကိုများ ကြိုက်..."
ဤအထိစကားဆိုလာပြီးမှ စန်းကျီက စကားပြင်ပြောချင်သည့်ဟန်ဖြင့်
Advertisement
"အို့..မှားလို့..ဘယ်သူကများ ကြိုက်တာလဲ"
"...."
"ဒါပေမယ့်လေ ကိုကိုက သူ့ရဲ့ ငယ်ရည်းစားလေးကို အရမ်းသဘောကျတာနော်.."
ထမင်းဟင်းကျက်မည့်အချိန်ကို စောင့်ရသည်မှာ ပျင်းစရာကောင်းလွန်းလှသဖြင့် စန်းကျီက အတိတ်မှကိစ္စများအား စကားဆိုလာခဲ့သည်။
"ညီမလေး မှတ်မိသလောက်ဆိုရင် ကိုကို့ရဲ့ အဆင့်တွေက အရင်တုန်းကအရမ်းဆိုးတာ..အထက်တန်း ဒုတိယနှစ်မှာထင်တယ် ကိုကိုက ရုတ်တရက်ကြီး စာတွေထလုပ်တော့တာပဲ"
ဝိန်းရိဖန်က ငြိမ်ပြီး နားထောင်နေမိ၏။
"ကိုကိုက အမြဲတမ်း စာကိုဟုတ်တိပတ်တိမလုပ်ခဲ့တဲ့သူမျိုး ၊ ပြီးတော့ ဟိုဘာသာ ဒီဘာသာဆိုပြီး ရွေးသေးတာ..ဒါပေမယ့်လေ အဲ့အချိန်တုန်းကဆို ကိုကိုက သရဲဝင်ပူးခံထားရတဲ့အတိုင်း စာချည်းပဲလုပ်တာပါဆို..မေမေတို့တောင် အဲ့တုန်းက အရမ်းပျော်ကြတာ..ကိုကိုက နောက်ဆုံးတော့ သိတတ်လာပြီပေါ့..ဖေဖေဆို ကိုကို့ကို ဘယ်တက္ကသိုလ်တက်ချင်နေလို့လဲဆိုပြီး ခဏခဏမေးဖူးတယ်..ဒါပေမယ့် ကိုကိုက ဘယ်တုန်းကမှ ပြန်မဖြေဘူး..ဒီအတိုင်း ရွေးချယ်စရာများများရှိအောင်လို့လို့ပဲ ပြောတာ"
ဝိန်းရိဖန်က မျက်လွှာကိုချထားရင်း တိတ်ဆိတ်၍သာ ရေသောက်နေခဲ့သည်။
"နောက်တော့လည်း သူ နန်းဝူတက္ကသိုလ်ကိုပဲ ဝင်ခွင့်တင်တာပါ..ဝင်ခွင့်စာရင်းကျတဲ့နေ့ဆို သူ အရမ်းပျော်နေခဲ့တာ..နန်းဝူတက္ကသိုလ်ကို ဘာစမ်းသပ်စာမေးပွဲမှထပ်ဖြေစရာမလိုဘဲ တိုက်ရိုက်တန်းဝင်နိုင်တယ်ဆိုပြီး ဂုဏ်ဆာနေတာလည်း တစ်ချိန်လုံးပဲ..အဲ့လိုတွေပြောပြီး သိပ်မကြာလိုက်ခင်ပဲ သူ အိမ်ကထွက်သွားခဲ့တယ်..နောက်တော့ အရမ်းနောက်ကျမှ ပြန်ရောက်လာခဲ့တာ"
စန်းကျီက ပြန်တွေးကြည့်နေရင်း တစ်ခုခုကိုခန့်မှန်းထားသည့်အမူအရာဖြင့်
"ညီမလေးအထင်တော့ သူ အဲ့နေ့က ထားခဲ့ခံရတာထင်တယ်"
ဝိန်းရိဖန် မျက်လုံးပင့်ကြည့်လာခဲ့၏။
"ဘာလို့လဲ?"
"ဘာလို့လဲဆိုတော့ သူ အိမ်က ထွက်မသွားခင်တုန်းကအခြေအနေ နဲ့ ပြန်ရောက်လာတဲ့အခြေအနေက လုံးဝကြီးကွာခြားနေတာကိုး..သူ နန်းဝူတက္ကသိုလ်ကိုဝင်နိုင်တဲ့အကြောင်းလည်း ထပ်မပြောတော့သလို ညီမလေးလည်း သူ့ ငယ်ရည်းစားလေးကို ဘယ်တုန်းကမှ မတွေ့ခဲ့လိုက်ရဘူး"
"...."
"အဲ့ချိန်ကနေ အခုထိ ကိုကို ရည်းစားထားတာကို ညီမလေး လုံးဝမတွေ့မိတော့ဘူးလေ"
တစ်စုံတစ်ရာကို တွေးမိလိုက်သည့်အလား စန်းကျီက ရှုံ့မဲ့သွား၍
"ဒါပေမယ့် နေ့တိုင်းနေ့တိုင်း သူက ဘယ်လိုမိုက်ကြောင်း ၊ လူဘယ်နှယောက်တောင်မှ သူ့ကို လိုက်ပိုးပမ်းတာတို့ ၊ သူ့အဆောင်အခန်းဖော်တွေကတောင် သူ့ကို လိုက်ချင်နေတာတို့ကတော့ ပြောသလားမမေးနဲ့"
"...."
ဝိန်းရိဖန်ဘက်မှ မည်သည့်စကားမှမဆိုရသေးခင် စန်းရန်က မီးဖိုချောင်ထဲမှ ထွက်လာခဲ့သည်။ နှစ်ယောက်သား တီးတိုးပြောဆိုနေကြသည်ကိုမြင်ပြီး မျက်ခုံးကိုမြှောက်ပြကာ စိတ်ဝင်တစားဖြင့်မေးလာ၏။
"ဘာတွေပြောနေကြတာလဲ'
စန်းရန်၏အတင်းကိုပြောထားသည့် စန်းကျီက မလုံမလဲဖြစ်နေရင်း
"ပြီးပြီလား"
"အင်း"
စန်းရန်က ကော်ဖီစားပွဲနားထိလျှောက်လာကာ ရေတစ်ခွက်ငှဲ့လိုက်၍
"သွားစားတော့"
စန်းကျီက ဝိန်းရိဖန်၏လက်ကို ဖမ်းဆွဲထားကာ လက်ဦးမှုယူပြီး စကားဆိုလာခဲ့၏။
"ရိဖန်ကျဲ..အစ်မ စားပြီးပြီလား..ညီမလေးတို့ တူတူစားရအောင်လေ"
ဝိန်းရိဖန် ခေါင်းရမ်းပြ၏။
"ညီမလေးတို့ပဲစားတော့,.အစ်မ စားပြီးပြီ..ကုမ္ပဏီကနေ စားပြီးမှ ပြန်လာတာ"
ဝိန်းရိဖန်က စန်းရန်၏မျက်နှာကို လှမ်းမကြည့်တော့ဘဲ မတ်တပ်ထရပ်လိုက်၍
"ငါ အရင်နားနှင့်ပြီနော်"
သုံးလေးလှမ်းမျှပင် မလှမ်းရသေး ၊ စန်းကျီက သူမ၏လက်ကို နောက်တစ်ကြိမ် ထပ်ဆွဲလိုက်၏။
"ရိဖန်ကျဲ..အစ်မ နည်းနည်းပါးပါးလေးပဲ မြည်းလည်းရတယ်လေ..မစားချင်လည်း ဘာမှမဖြစ်ဘူး..ညီမလေးတို့ စကားတော့ပြောရအောင်.."
စန်းကျီက စန်းရန်ရှိရာဘက်သို့ တစ်ချက်လှမ်းကြည့်ပြီး ခပ်တိုးတိုးလေးစကားဆိုလိုက်သည်။
"ညီမလေးနဲ့ ကိုကိုနဲ့ နှစ်ယောက်တည်းသာဆိုရင် ကိုကိုက သေချာပေါက်ထပ်ပြီးဆူဦးမှာ"
ဝိန်းရိဖန် မဖြစ်မနေသဘောတူလိုက်ရတော့သည်။ သူမက စွပ်ပြုတ်တစ်ပန်းကန်သာ ယူထားပြီး တစ်ချိန်လုံးလည်း တိတ်ဆိတ်နေမိခဲ့သည်။
ညစာစားသည့်အချိန်တစ်လျှောက်လုံးတွင် စန်းကျီကသာ စကားအများဆုံးဖြစ်ပြီး အချိန်အတော်အသင့်ကြာလှပြီးနောက်တွင် စန်းရန်က စိတ်မရှည်သည့်ဟန်ဖြင့် စကားဖြတ်ပြောတော့၏။
"မြန်မြန်စားလို့မရဘူးလား"
"...."
စန်းကျီက တစ်ညနေခင်းလုံး သည်းခံထားရသည့်အခါ ဤတစ်ကြိမ်တွင်တော့ ပြိုင်မငြင်းဆန်ဘဲမနေနိုင်တော့ချေ။
"ကိုကိုက ဘာကိစ္စနဲ့ တစ်ချိန်လုံး ဒီလိုကြီးလာလုပ်ပြနေတာလဲ..ဝင်ခွင့်ကိစ္စကို ညီမလေး မပြောပြခဲ့တာလည်းမဟုတ်ဘဲနဲ့..ကိုကို့ဘာသာ သေချာနားမထောင်ခဲ့တာကို အခုမှလာပြီး အပြစ်လာတင်နေတယ်"
"ငါ အိပ်ချင်လွန်းလို့သေတော့မယ်"
စန်းရန်က ပြိုင်ငြင်းနေဖို့ရာပင် စိတ်မရှိ ၊ မျက်လုံးတစ်ဝိုက်ရှိ အညိုရောင်အကွင်းလေးများက သူတကယ်ပင်ပန်းနေကြောင်း သက်သေပြပေးနေကာ
"မဟုတ်ရင် မင်းဘာသာမင်း တက္ကစီစီးပြန်..ငါ သွားအိပ်တော့မယ်"
သူ့ပုံစံကို ကြည့်ရသည်မှာ အမှန်တကယ်ကြီးကို အချိန်ကြာကြာ ကောင်းကောင်းမအိပ်ဖြစ်ထားခဲ့သည့်ပုံစံပင်။
"...."
စန်းကျီက မကျေနပ်ချက်များကို ပြန်မြိုချရုံသာရှိတော့၍လည်း
"သိပြီ..အခုပဲ အမြန်စားလိုက်မယ်"
သူတို့နှစ်ဦးသား ထွက်သွားပြီးနောက်တွင် ဝိန်းရိဖန်က စားပွဲကိုသိမ်းဆည်းရှင်းလင်းပြီး အိပ်ခန်းထဲဝင်လာခဲ့သည်။ ရေချိုးပြီး ပြန်ထွက်လာသည့်အချိန်တွင် အချိန်ကိုက်ဆိုသလို အိမ်တံခါးဖွင့်ပိတ်လုပ်သံကို ကြားရလိုက်၏။ သို့သော်လည်း အပြင်ထွက်မကြည့်ဖြစ်တော့ပေ။
ဝိန်းရိဖန်က အိပ်ရာထက်၌လှဲအိပ်လိုက်ပြီး ခြုံစောင်ကိုပိုက်ထားရင်း စန်းကျီ၏စကားများကို ဗလာသက်သက်တွေးကြည့်မိလိုက်၏။
---'ဝင်ခွင့်စာရင်းထွက်တဲ့နေ့ကဆို သူအရမ်းပျော်နေတာ'---
---'ဘာလို့လဲဆိုတော့ အိမ်က ထွက်မသွားခင်တုန်းကအခြေအနေနဲ့ ပြန်ရောက်လာတဲ့အခြေအနေက လုံးဝကြီးကွာခြားနေတာမလို့လေ'---
သူမ၏ရင်ဘတ်တစ်နေရာက ကျောက်တုံးကြီးတစ်တုံးဖြင့် ဖိခံထားရသည့်အလား လေးလံလာခဲ့ကာ ဝိန်းရိဖန် အသက်ရှူဖို့ရာပင် ခက်ခဲလာခဲ့၏။
အတိတ်မှအကြောင်းအရာများကို ထပ်မတွေးချင်တော့သဖြင့် ခန္ဓာကိုယ်အား တစ်ဖက်သို့စောင်းပစ်ကာ လက်ကိုင်ဖုန်းကိုလှမ်းယူပြီး သည်းထိုရင်ဖိုဇာတ်ကားတစ်ကား ရှာကြည့်လိုက်သည်။ ရုပ်ရှင်ထဲသို့သာ အလုံးစုံ အာရုံနှစ်စူးစိုက်ထားပစ်လိုက်ကာ ဇာတ်သိမ်းစာတမ်းမထိုးမချင်း မျက်ဝန်းတစ်စုံအား မမှိတ်။ တည်ငြိမ်အောင်ပြုလုပ်နေသည့်နည်းအမျိုးမျိုးတို့ကြောင့် အိပ်ငိုက်ခြင်းဆိုသည့်ခြေလှမ်းတစ်လှမ်းကို စလှမ်းမိလိုက်ကာ...
တဖြည်းဖြည်းနှင့်အိပ်ပျော်သွားခဲ့တော့သည်။
အချိန်မည်မျှကြာသွားခဲ့လည်းမသိ။
ဝိန်းရိဖန် ထထိုင်ပြီး ကြမ်းပြင်ပေါ် ခြေချလိုက်၏။ တံခါးတွင် ပိတ်ကန့်ထားသည့်ထိုင်ခုံကို မှန်တင်ခုံနားသို့ ဖြေးဖြေးချင်းတွန်းလာပြီး တစ်ဖက်သို့လှည့်ကာ အခန်းပြင်ထွက်လာခဲ့သည်။ အရှေ့သို့တည့်တည့်လျှောက်လာပြီး ဧည့်ခန်းထဲရှိဆိုဖာပေါ်၌ ထိုင်ချလိုက်၏။
ဤမှိန်ပျပျမီးရောင်အောက်တွင်။
ဝိန်းရိဖန်က ခေါင်းမော့ပြီး တစ်ချက်ချက်ရွေ့နေသည့်နာရီစက္ကန့်လက်တံအား မျက်တောင်မခတ်တမ်းစိုက်ကြည့်နေကာ..
ဧည့်ခန်းတစ်ခွင်မှာ တိတ်ဆိတ်လျက်။
သူမ၏ အသက်ဖွဖွရှူနေသည့်အသံမှလွဲ ဘာဆိုဘာမှမရှိ။
အရင်အကြိမ်များနှင့်ယှဥ်ကြည့်လိုက်လျှင် တစ်ခုခုလစ်လပ်နေသည့်ခံစားချက်မျိုး ဖြစ်လာခြင်းကြောင့်လားမသိ ဝိန်းရိဖန်က တစ်ခဏလေးသာထိုင်ပြီး မတ်တပ်ပြန်ရပ်လိုက်သည်။ စင်္ကြံလမ်းအတိုင်းလျှောက်လာပြီး အိပ်ခန်းငယ်ရှေ့မှဖြတ်မည့်အချိန်တွင် နောက်တစ်ကြိမ် ပြန်ရပ်သွားခဲ့ပြန်၏။
ပိတ်ထားသည့်အခန်းတံခါးအား စက္ကန့်ပိုင်းကြာကြာစိုက်ကြည့်နေရင်း..
နောက်တွင်တော့ ဝိန်းရိဖန်၏အပြုအမူတို့မှာ တစ်စုံတစ်ရာ၏တွန်းအားပေးခြင်းကိုခံလိုက်ရသည့်အလား လက်တစ်ဖက်ကို ချိတုံချတုံဖြင့်မြှောက်လာကာ အခန်းတံခါးလက်ကိုင်ကို ကိုင်ပြီး လှည့်ဖွင့်လိုက်တော့၏။
တံခါးက သော့မခတ်ထားချေ။
ဝိန်းရိဖန်က အလွယ်လေးလှည့်ပြီး အရှေ့သို့တွန်းဖွင့်လိုက်၏။ ဂွမ်းစများပေါ် နင်းလျှောက်နေသည့်အတိုင်း ခြေဗလာသက်သက်ဖြင့် အသံတိတ်လျှောက်ဝင်လာခဲ့ကာ တဖန် ပြန်ရပ်သွားသေး၏။ တံခါးကို ငြင်ငြင်သာသာပြန်ပိတ်ပြီးနောက် အိပ်ရာဆီသို့ ဦးတည်လျှောက်လာလိုက်သည်။
စက်ရုပ်တစ်ရုပ် သံပတ်ပေးထားသည့်အလား အိပ်ရာပေါ်သို့တက်လာကာ လွတ်နေသည့်နေရာ၌ ဝင်လှဲချပစ်လိုက်၏။
အခန်းငယ်လေးထဲရှိ လေအေးပေးစက်အသံမှာ မတိုးလွန်း မကျယ်လွန်း။
ယောက်ျားလေး၏အသက်ရှူနှုန်းများက ဖြေးဖြေးမှန်မှန်ပုံသေသာဖြစ်ပြီး ခန္ဓာကိုယ်ထက်ရှိကိုယ်သင်းရနံ့ခပ်ဖျော့ဖျော့တို့မှာ စန္ဒကူးရနံ့များကြား စီးကရက်နံ့ရောနေခြင်းမျိုး။ သူက အနက်ရောင်တီရှပ်ကိုဝတ်ထားပြီး သူ့တစ်နေရာစာ၌ လှဲအိပ်နေကာ ရင်ဘတ်မှာနိမ့်ချည်မြင့်ချည်။ ခြုံစောင်က ခန္ဓာကိုယ်တစ်ဝက်ထိသာ ခြုံထား၏။
ဝိန်းရိဖန်က သူ့အား ဗလာသက်သက်စိုက်ကြည့်နေပြီးနောက် ရုတ်တရက်ဆိုသလို သူ့ခြုံစောင်အား ဆွဲယူပစ်ကာ..
သူမ၏ကိုယ်ပေါ် ခြုံထားလိုက်တော့သည်။
-----
နောက်တစ်နေ့ မနက်ခင်းတွင်။
ဝိန်းရိဖန် အိပ်မက်ထဲမှနိုးလာပြီး မှုန်မှိုင်းမှိုင်းရီဝေဝေဖြင့်မျက်လုံးနှစ်လုံး ဖွင့်လာခဲ့သည်။ မြင်နေရသည့်အရာများကို တစ်ခဏငေးကြည့်နေရင်း ချက်ချင်းဆိုသလို တစ်စုံတစ်ရာကလွဲမှားနေကြောင်း သိလိုက်တော့သည်။ နားမလည်နိုင်ခြင်းများစွာဖြင့် ရင်းနှီးသလိုရှိနေသည့်နေရာအား ဝေ့ဝဲကြည့်မိကာ အမူအရာမှာလည်း ခပ်ကြောင်ကြောင်။
နောက်တစ်စက္ကန့်တွင် တစ်ခုခုကိုခံစားမိနေသည့်အတိုင်း ဝိန်းရိဖန် မျက်လုံးများအောက်စိုက်ကြည့်လိုက်ရာ လက်တစ်ဖက်က သူမ၏ခါးပေါ်တွင် နေရာယူထားကြောင်း မြင်လိုက်ရလေသည်။
ရုတ်ချည်း အိပ်ချင်ပြေသွားခဲ့ကာ မျက်နှာမှာလည်း အက်ကွဲကြောင်းကြီးပေါ်လာသည့်အလား။
Advertisement
- In Serial41 Chapters
17
"I finally found you. After all these years. I'm not letting you go." She is the only one who can control him. She is the only one who he cares for. She is the one . At that moment, he knew. He has never wanted anything so bad.
8 233 - In Serial37 Chapters
The Scarlet Logs (Book 2)
Prequel to the first book, Drake. The Scarlet Logs is a four-part spin-off book that focuses on the lives of four separate entities. Irene, the spoiled daughter. Lyn, the beautiful ballerina. Drake, the demon and Anna, the scarlet witch.
8.18 159 - In Serial14 Chapters
Love's Counterpart
Annabelle is frightened as her first season in London approaches. Marriage? She always hoped it would be for love. But what does she know about love. When looking for clues among her letters from her past suitors, she finds a letter she's never read before. Such passion and love, although she does not know its author, she has made it her ideal of what she wishes to find ... Love's Counterpart. Cyril Kane is probably the least romantic person on the planet. He wouldn't know a sonnet from a bonnet but upon seeing Annabelle all that has to change. He does not know how but he is determined to be the man worthy of her love. Made it through 3 rounds of the contest and on the short list from which the top five finalists and grand prize winner will be picked. 2-19-1802-01-18 Ranked 215 in Historical Fiction#OpenNovellaContest©All Rights Reserved by Ruechari If you are reading this story on any other site other than Wattpad you may be subjecting yourself to Malware. To view this story in it's original, safe form please go to the link provided. https://www.wattpad.com/story/128874217-love%27s-counterpart-opennovellacontest
8 198 - In Serial13 Chapters
Talking Loudly
So she can't hear but it doesn't stop her from falling in love.
8 150 - In Serial31 Chapters
Our Corner of the Universe
Melanie Anderson's specialty was going unnoticed. She was perfectly happy hiding away at the library for the next four years, exchanging her troubling past for the imaginary world she escapes to in her books. Hunter Woods was known by everyone on campus, between being the quarterback of the football team and the president of the top fraternity on campus he was basically a celebrity. He took advantage of this status by sleeping with any girl of his choosing and doing so as often as possible.What happens when the two meet? Will Hunter force Melanie to come out from the shadows? Will she succumb to his charms like all the other girls?Warning: Contains strong language and mature content. ALL RIGHTS RESERVED.
8 132 - In Serial38 Chapters
GAMMA COLE & THE SILVER WOLF
"Hey Gamma." Alice giggles looking up to me, not even noticing that Jay has gone. Her cheeks have a pink hue to them from all the Vodka, her eyes are full of mischief as she goes to take another sip. I quickly grab the drink from her hand before it can reach her lips and throw it away into a nearby bush without a second thought. "Yeah, you're done with that, Wonderland." I grin at her as she scowls at me."Hey!" Alice protests. She gets to her feet, a little wobbly. Then stands on the log she was just sat on, so she is at my height. She puts her hands on her hips and scrunches up her eyes as if to try and get me into focus. "I'm not scared of you, Gamma! You can't just take a girls drink you know!" She slurs out as she pokes my chest now with an accusing index finger. Anyone else would be in a world of pain for talking to me like this, but all I want to do is pull her into my arms and kiss her till her lips are bruised and swollen. She's fucking adorable when drunk. Not giving a fuck if anyone's watching us or not, I step forward, crowding right into her space making her physically gulp at our proximity."I don't scare you huh?" I growl at her in a deep but quiet voice. She bites her lip, but not out of fear, she likes it when I talk to her like this. "You don't look like the big-bad-wolf to me." She whispers."What do I look like to you?" I rasp out quietly as her fingertips continue featherlight touches to my lips."I don't know...something..." She breathes, her eyes crease with both confusion and fascination.----------Labelled as having a dangerous wild wolf, Alice is left feeling isolated on her family's farm for most of her childhood. However, now she is of age, she can finally follow her dreams and compete to be on the elite enforcers squad and win the heart of long-time crush Beta Jay. That is until the packs Gamma, Cole, takes over her training and flips her life upside down. (This is a slow burn; I hope you enjoy x)
8 183

