《First Frost (Myanmar Translation)》Chapter 40
Advertisement
လေထုအခြေအနေမှာ တင်းခနဲ။
စန်းရန်၏မျက်နှာတစ်ဝက်နီးပါးက သူမ၏ဆံပင်များကြားထဲတိုးဝေ့နေပြီး သူ့ညာဘက်လက်မှာ သူမ၏ခါးကိုဆွဲဖက်ရင်း ခန္ဓာကိုယ်ပေါ်တင်ထားသည်။လှုပ်ရှားမှုများက သဘာဝဆန်ဆန်နှင့်တရင်းတနှီးရှိလှကာ တန်ဖိုးကြီးရတနာကို ထွေးပိုက်ထားသည့်သဖွယ် ၊ ထို့အပြင် ချုပ်နှောင်ထားသည်နှင့်လည်း တူသောကြောင့် သူမအနေဖြင့် လှုပ်ရှားလိုက်ဖို့မလွယ်ကူချေ။
တွေးမိထားသည့်တစ်ခုတည်းသောအတွေးလေးမှာလည်း ကျေပျက်သွားသည်မှာ တစ်စစီ။
ဝိန်းရိဖန်၏ခန္ဓာကိုယ်မှာ တောင့်တောင့်ကြီးဖြစ်နေပြီး လက်သီးနှစ်ဖက်ဆုတ်ကာ အသက်ပင်မရှူရဲတော့ပေ။ သူမအနေဖြင့် ယခုလို ဆန့်ကျင်ဘက်လိင်နှင့် တပူးတကပ်လုပ်နေခဲ့ခြင်းမျိုး လုံးဝမရှိခဲ့သည့်အတွက် လက်ရှိအချိန်တွင် သူမ၏မျက်နှာမှာ လောက်မြိုက်နေသည့်အတိုင်း။
လုံးဝကို ထိန်းချုပ်မရတော့၏။
အသက် မအောင့်ထားနိုင်တော့သည့်အချိန်မှသာ ဖြည်းဖြည်းချင်းအသိစိတ်ပြန်ကပ်လာပြီး ခပ်ဖွဖွလေးရှူထုတ်လိုက်သည်။
ဝိန်းရိဖန်က နောက်တစ်ကြိမ် အလောတလျင် ဘာမှမလုပ်ရဲသလို နောက်သို့လှည့်ပြီးလည်း သူ့အခြေအနေအား မကြည့်ရဲ။ လှည့်ကြည့်မိခါမှ နိုးနှင့်နေပြီးသောသူ၏ အဓိပ္ပါယ်ပါပါအကြည့်များက ကြိုတင်စောင့်နေမည်ကို ကြောက်ပါသေးသည်။
ဤတည်ငြိမ်နေသေးသည့်အခြေအနေက အချိန်ကြာကြာတည်မြဲနေမည်လည်း မဟုတ်။
ကိုယ့်ကိုကိုယ် လိမ်ညာနေသည်မှာ-
သူမသာ နောက်လှည့်မကြည်လျှင် စန်းရန်က လုံးဝနိုးလာမည်မဟုတ် ဟူ၍ပင်။
ဝိန်းရိဖန်က ရှိသမျှသောအာရုံအလုံးစုံအား ခန္ဓာကိုယ်အနောက်ဘက်မှ စန်းရန်ထံ နစ်မြှုပ်ထားလိုက်၏။ သူမ၏စိတ်ထဲ၌ မည်သည့်အရာကိုမှမတွေးတောနိုင်တော့ဘဲ သူ့အသက်ရှူနှုန်းအရ ဘယ်လောက်မြန်မြန် ပြန်အိပ်မောကျသွားနိုင်သည့်အပေါ်တွင်သာ စူးစိုက်နေတော့သည်။
မိနစ်အနည်းငယ်ကြာပြီးနောက်တွင်။
အချိန်ကြာလာသည်နှင့်အမျှ ဝိန်းရိဖန် စပြီး စိုးရိမ်ပူပန်လာတော့၏။
ယခုလိုအခြေအနေတိုင်း တစ်ချိန်လုံးရှိနေဖို့မှာ မဖြစ်နိုင်။
ဝိန်းရိဖန်က သတ္တိအားလုံးကိုပြန်စုပြီး နောက်တစ်ကြိမ် ကြိုးစားကြည့်ရန် ဆုံးဖြတ်လိုက်သည်။
စန်းရန်ဆုတ်ကိုင်ထားသည့် လက်ကောက်ဝတ်တစ်ဖက်ကိုလှမ်းကြည့်ပြီး ဝိန်းရိဖန်က အခြားလက်တစ်ဖက်ဖြင့် သူ့လက်ချောင်းများအား တစ်ချောင်းချင်းစီဖြည်နေလိုက်၏။ သူ့လက်အား နေရာတကျပြန်ထားပြီးသည့်အချိန်မှသာ သူမ၏စိတ်ဝိဥာဥ်လေးက စိတ်သက်သာရာရသလိုလို ရှိသွားရငြား။
သူမ ချိတုံချတုံဖြင့် တဖန် နောက်လှည့်ကြည့်လိုက်၏။
စန်းရန်၏နဖူးထက်တွင် ဝဲကျနေဆံပင်တို့က ခပ်ပွပွ ၊ သူ့ပုံစံမှာ ပုံမှန်ချိန်များထက်စာလျှင်တော့ အနည်းငယ်လျော့ပေါ့ပြီး မာမာထန်ထန်ရှိသည့်ပုံစံ ၊ မျက်လုံးတစ်စုံက မှိတ်ထားဆဲဖြစ်ပြီး မျက်တောင်ရှည်များကပင် လှုပ်ရှားမှုမရှိ။
ဝိန်းရိဖန်၏စိတ်ထဲ အလင်းရောင်များထွက်လာတော့မည့်မိုးသောက်ချိန်တစ်ခုသဖွယ် ခံစားမိလိုက်ရ၏။
အကြည့်များကိုပြန်ရုတ်သိမ်းပြီး အသက်ကိုအောင့်ကာ အိပ်ရာထက်မှ နည်းနည်းချင်းစီရွေ့လာလိုက်သည်။
တစ်ဆယ် စင်တီမီတာ။
ငါး စင်တီမီတာ။
နည်းနည်းသာ လိုတော့သည့်အချိန်။
ခြေထောက်တစ်စုံ ကြမ်းပြင်ပေါ်ချလိုက်ချင်း တစ်ချိန်တည်းမှာပင် စန်းရန်၏သြရှရှအသံအား ဝိန်းရိဖန်ကြားလိုက်ရပါတော့သည်။
"ဝိန်းရိဖန်?"
"...."
ဝိန်းရိဖန်၏ဦးနှောက်တစ်ခုလုံး ရိုက်ချခံလိုက်သည့်အလား ၊ စက္ကန့်ပိုင်းခြားသွားပြီးကာမှ သံပတ်ပေးခံရသည့်အလား နောက်လှည့်ကြည့်လိုက်လျှင်--
စန်းရန်၏အကြည့်များနှင့် တစ်တန်းတည်း။
လောကကမ္ဘာကြီးတစ်ခုလုံးက ဤအခိုက်အတန့်တွင် တိတ်ဆိတ်ငြိမ်သက်သွားလေတော့၏။
ဘယ်အချိန်ကတည်းက နိုးနေမှန်းမသိ ၊ စန်းရန်၏အမူအရာက နားမလည်နိုင်လောက်အောင် ခုဏလေးကထက် ပို၍ကြည်လင်နေလေသည်။ သူသည်လည်း အိပ်ရာထက် ထထိုင်နေပြီး ဘေးကိုတစ်ချက်လှမ်းကြည့်ပြီးမှ ဝိန်းရိဖန်ကိုပြန်ကြည့်၍
"မင်း ဘာလို့ဒီနေရာကို ရောက်နေတာလဲ"
သူမ၏အဖြေကိုမစောင့်ဘဲ စန်းရန်ကထပ်၍ စကားဆိုလာခဲ့၏။ ကြည့်ရသည်မှာ အိပ်ရေးမဝသောကြောင့် သူ့မျက်ခွံများက အနည်းငယ်မှေးကျနေပြီး အသံမှာ ခပ်သြသြဖြစ်နေသည့်အပြင် အိပ်ရာနိုးသွား၍ဒေါသထွက်နေသည့်အငွေ့အသက်မျိုးပါ ရှိနေသေး၏။
"တစ်ချက်လောက် ရှင်းပြပါဦး"
"...."
ဝိန်းရိဖန် မျက်လုံးဇွတ်မှိတ်မိတော့၏။ သူမက အိပ်ရာထက်မှဆင်းလာပြီး အခန်းထဲမှထွက်လာရန် ခြေလှမ်းနည်းနည်းသာလိုတော့သည်။
ရလဒ်မှာမူ စန်းရန်က အချိန်ကိုက်နိုးလာခြင်းပေ။
ဤမတိုင်ခင်ရှိခဲ့သည့် သူမ၏ထိတ်လန့်တုန်လှုပ်မှုများမှာ ဟာသလိုလိုဖြစ်နေမှန်းပင် ဝိန်းရိဖန်ခံစားမိလိုက်တော့၏။ အစကတည်းက သူ့ကို တိုက်ရိုက်နှိုးလိုက်သည်ကမှ ဟုတ်ပါဦးမည်။
"နင် အိပ်မက်မက်နေတာ"
ဤတစ်ကြိမ်တွင် ဝိန်းရိဖန်က စန်းရန် လုံးဝမနိုးလာသေးသည့်အချိန်တွင်း ယာယီတစ်ခဏအချိန်ဆွဲ လှည့်စားမည့်နည်းလမ်းကိုသုံးမည်ပင်။ ဝိန်းရိဖန်က သူမ၏စိတ်ခံစားချက်ကို ဖုံးဖိထားပြီး မျက်နှာတည်တည်ဖြင့်
"နိုးလာရင် ပုံမှန်အတိုင်းဖြစ်သွားမှာ"
"...."
စန်းရန်က သူမကို စူးစိုက်ကြည့်နေရင်း ဒေါသထွက်ထွက်ဖြင့်ရယ်လိုက်မိ၏။
"ကိုယ့်ပုံစံက ကျပ်မပြည့်တဲ့အရူးနဲ့တူနေလို့လား"
"အင်း"
ဝိန်းရိဖန်က ပြောလည်းပြောရင်း အပြင်ဘက်သို့လည်းခြေလှမ်းလှမ်းလိုက်ရင်း မျက်နှာပြောင်ပြောင်ဖြင့်ပင် နှစ်သိမ့်လိုက်၏။
"ပြန်အိပ်လိုက်နော်...နိုးလာရင် မတူတော့ဘူး"
"...."
စန်းရန်၏အိပ်ခန်းထဲမှ ခပ်တည်တည်ထွက်လာပြီးသည်နှင့်တပြိုင်နက် သူမ၏အိပ်ခန်းဆီသို့ ဝရုန်းသုန်ကားပြေးဝင်လာပါတော့၏။ အိပ်ခန်းတံခါးကိုသော့ခတ်ပြီး အမောတကောနှင့်ကြမ်းပြင်ပေါ်ထိုင်ချလိုက်၏။ တံခါးကိုမှီထားရင်းလည်း အပြင်ဘက်မှလှုပ်ရှားသံများကို နားစွင့်နေလိုက်သည်။
စန်းရန်ဘက်မှ မည်သည့်အသံကိုမှ မကြားရ။
ဝိန်းရိဖန် စိတ်သက်သာရာရသွားရင်း သက်ပြင်းချမိလိုက်သည်။
သိပ်ပင်မကြာလိုက်ပါဘဲ ဝိန်းရိဖန် မတ်တပ်ထရပ်ကာ ရေချိုးခန်းထဲဝင်လာလိုက်၏။ အချိန်တိုတိုတစ်ခုစာအတွင်း သူမခံစားမိလိုက်သည့်တစ်ခုတည်းသောအရာမှာ စန်းရန်နှင့် တစ်နေရာတည်း၌ နေနေဖို့ရာ မဖြစ်နိုင်ချေ။ စန်းရန် အခန်းထဲမှမထွက်လာခင် သူမ အရင်ဆုံးအိမ်ပြင်ထွက်သွားရမည်။ ညပြန်ရောက်လာသည့်အခါမှ ဤပြဿနာအား ဖြေရှင်းတော့မည်။
ခံစားချက်များထိန်းညှိပြီးသည့်အခါတွင်တော့ အေးအေးချမ်းချမ်းနှင့်ဖြေရှင်းနိုင်ဖို့ရာ ယုံကြည်မှုတစ်ချို့ရှိလာခဲ့သည်။
တတ်နိုင်သမျှ အမြန်ဆုံးပြင်ပြင်ဆင်ဆင်လုပ်လိုက်ပြီးနောက် ဝိန်းရိဖန်က အိတ်ကိုလွယ်ပြီး အခန်းပြင်ထွက်လာခဲ့သည်။ လက်ရှိအချိန်တွင် စန်းရန်၏အိပ်ခန်းတံခါးက ပိတ်ထားကာ အခြားတစ်ဖက်ရှိရေချိုးခန်းတံခါးမှာ ပွင့်နေပြီး လက်ဆေးကန်ရှေ့၌ရပ်နေသည့် စန်းရန်ကို ဝိုးတိုးဝါးတားမြင်နေရသည်။
ထို့အပြင် ရေကျနေသည့်အသံတစ်ခု။
သူမ၏ခြေလှမ်းများရပ်သွားရင်း ခေါင်းပြူထွက်ကြည့်လိုက်၏။
တစ်ချိန်တည်းဆိုသလို ရေကျနေသံရပ်သွားခဲ့ကာ ဝိန်းရိဖန်က ရေချိုးခန်းတံခါးရှေ့မှ ဖြတ်လျှောက်သွားတော့မည့်အချိန်။
စန်းရန်က သူမရှိရာဘက်သို့ ခေါင်းလှည့်ကြည့်လာခဲ့၏။ သူက အခုလေးတင် မျက်နှာသစ်ထားသည်ဖြစ်ရာ သူ့မျက်နှာထက်တွင် ရေစက်များက ကပ်ညှိနေဆဲ။ ဤအခြေအနေကို မြင်လိုက်ရသည့်အခါ ကြိုတင်သတိပေးသံတစ်ချက်မပြုဘဲ ဝိန်းရိဖန်၏လက်မောင်းကို ဖမ်းဆွဲကာ သူရှိရာသို့ ဆွဲခေါ်ပစ်လိုက်၏။
ဝိန်းရိဖန်က အတင်းအကြပ်ရပ်တန့်ခြင်းခံလိုက်ရကာ သူ့ဆီရောက်ဖို့ရာ ခြေလှမ်းသုံးလေးလှမ်းမျှပင် လှမ်းလိုက်ရသည်။
Advertisement
သူမ မော့ကြည့်လိုက်လျှင်..
တည့်တည့်တိုးသွားသည်မှာ စန်းရန်၏မျက်ခုံးများ။
"ပြေးတာမြန်တယ်နော်"
"...."
ဝိန်းရိဖန်က အမူအရာတစ်ချက်မပျက်ဘဲ
"ဘာလဲ?"
စန်းရန်က ဘာစကားမှထပ်မဆို။ ဤအခြေအနေမှာ အချိနိကြာကြာ မသိဟန်ဆောင်ပြုထား၍ရမည်လည်း မဟုတ်။ ထို့ကြောင့် ဝိန်းရိဖန်က ကျိုးကြောင်းအသင့်ဆုံး အကြောင်းပြချက်တစ်ခုကို ဆွဲထုတ်လာခဲ့၏။
"ငါက ဘာမှမဖြစ်ထားသလိုမျိုး ဟန်ဆောင်ချင်တာမဟုတ်ပါဘူး..ဒါပေမယ့် အခုလောလောဆယ် ငါ အလျင်လိုနေတာ..မနက်ခင်းမှာ အင်တာဗျူးရမယ့်ဟာရှိလို့..အချိန်ကပ်နေပြီ"
စန်းရန်၏ပုံစံက တည်တည်ငြိမ်ငြိမ်ရှိလှပြီး သူမ နောက်ထပ် ဘယ်လိုစကားမျိုးများပြောထွက်လာဦးမည့်အကြောင်းကိုလည်း စောင့်နေပုံရသည်။
ဝိန်းရိဖန်က ငြင်ငြင်သာသာဖြင့် ဆက်၍
"ညနေပြန်ရောက်တဲ့အခါကျမှ ငါတို့ ဒီကိစ္စကိုဖြေရှင်းကြမယ်လေ..ရတယ်မလား?"
"အမ်?"
စန်းရန်က တစ်ချက်ပြုံးလိုက်၍
"မရဘူးဆိုရင်ရော"
ဝိန်းရိဖန်မှာ သီးလုနီးနီး နင့်ခနဲ။
စန်းရန်က ဝိန်းရိဖန်၏လက်ကိုလွှတ်ပေးလိုက်ပြီး ခန္ဓာကိုယ်ကိုနည်းနည်းကိုင်းချကာ သူမအား လှမ်းကြည့်လာ၏။ သူ့မျက်တောင်များထက်တွင် ရေစက်များတင်နေဆဲဖြစ်ပြီး သူ့နှုတ်ခမ်းစွန်းများက သိသိသာသာကွေးနေရင်း
"အရင်ဆုံးပြောကြည့်ပါဦး..ဒီနေ့မနက်က ဘယ်လိုအခြေအနေမျိုးလဲ"
"အိပ်နေရင်းလမ်းထလျှောက်တာ"
ဝိန်းရိဖန်က ဆက်၍
"ဒီအကျင့်ကို ငါလည်း ထိန်းထားလို့မှမရတာလို့"
"အရင်တစ်ခေါက်တုန်းကပြောတော့ ကိုယ့်အခန်းထဲ ဝင်လာမှာမဟုတ်ဘူးဆို"
"ဒီတစ်ခေါက် ငါကိုယ်တိုင်ကို ဘာဖြစ်လို့ဖြစ်သွားမှန်းမသိလိုက်ဘူး"
စန်းရန်၏အမူအရာကိုလှမ်းကြည့်ရင်း ဝိန်းရိဖန်က တလေးတနက်ဖြင့်ဆိုလိုက်၏။
"တောင်းပန်ပါတယ်..ဒီကိစ္စက ငါ့ဘက်ကပြဿနာပါ..နောက်တစ်ခါ မရှိလာစေရဘူး"
စန်းရန် ;
"မင်းက ကိုယ့်ကို တော်တော်လေးကြောက်အောင်လုပ်သွားခဲ့တာရော"
ဝိန်းရိဖန် ;
"အာ?"
"စဥ်းစားကြည့်လေ..မင်း ဘယ်လောက်အတိုင်းအတာထိ လုပ်သွားနိုင်လဲဆိုတာ ကိုယ်မှမသိနိုင်တာ..ပြောမရရင် တစ်နေ့နေ့များ အိပ်ရာနိုးလာတဲ့အခါ..."
စန်းရန်၏စကားသံတို့က တစ်ချက်ချက်ထိုးနှက်နေသလို အရှက်လည်းမရှိစွာဖြင့်
"ကိုယ့်ရဲ့ ဖြူစင်တဲ့ဘဝလေးကို မင်းက အညှာအတာကင်းကင်း ယူသွားရင်ရော"
"...."
"မင်း ဒီလောက်ကြီးထိလည်း..."
စန်းရန် သိသိသာသာကို စကားရပ်လိုက်ပြီးမှ
"ကိုယ့်ကို လိုချင်တဲ့စိတ်တွေမပြင်းပြပါနဲ့ကွာ"
ဝိန်းရိဖန်မှာ မျက်မှောင်ကြီးကျုံ့လျက် ; နင်! စကားကို! ကျိုးသင့်ကြောင်းသင့်! ပြောလို့မရဘူးလား!
ဝိန်းရိဖန်က သည်းသည်းခံထားရင်း စိတ်ရှည်ရှည်ဖြင့်စကားဆိုလာခဲ့သည်။
"ဒီကိစ္စအကြောင်းပြောရမယ်ဆိုရင် ငါက နင့်အိပ်ရာပေါ်မှာ အိပ်နေခဲ့ရုံပဲ..ငါ လုံးဝလုံးဝ နင့်ကို မထိမိခဲ့ဘူးနော်"
စန်းရန် ;
"မင်း ဘယ်လိုလုပ်ပြီးသိလဲ"
"ငါ နင့်ထက် အရင်နိုးတာ"
ဤပြဿနာက သူမကို ခေါင်းကိုက်စေနှင့်ပြီးသည့်အပြင် စန်းရန်ကလည်း လုံးဝ အလွတ်ပေးမည့်ပုံမပေါ်သည့်အတွက် ဝိန်းရိဖန်က တိုက်ရိုက်သာဆိုတော့၏။
"ပြောင်းပြန်အနေနဲ့ နင်က ကောင်းကောင်းကြီးအိပ်မောကျနေတာမျိုးမဟုတ်ဘူး..ငါ ထလိုက်တဲ့အချိန်တုန်းကဆိုရင် နင်တောင် ငါ့ကို ပြန်ဆွဲခေါ်ပြီး.."
ဤစကားတစ်ခွန်းရောက်လာသည့်အချိန်တွင်တော့ ဝိန်းရိဖန် တုံ့ခနဲရပ်သွားပြီး ကျန်နေသေးသည့်စကားလုံးများကို ပြန်မျိုချပစ်လိုက်၏။
"ဘာဖြစ်တယ်?..ပြန်ဆွဲခေါ်တယ် ဟုတ်လား?..ပြီးတော့ရော.."
စန်းရန်က ကစားလိုသည့်အငွေ့အသက်များဖြင့်လှမ်းကြည့်နေပြီး နောက်ဖြစ်သွားသည့်ကိစ္စအား သူ မသိသည့်ပုံစံမျိုးဖြင့် ခပ်တိုးတိုးလေးမေးလာခဲ့၏။
"မင်း ပြောပြတာပြီးသွားပြီလား"
"...."
"ဘာပဲဖြစ်ဖြစ်..နင်အိပ်ပျော်နေတဲ့အချိန်တုန်းက ငါ့ကို အသားချင်းလာထိသွားတယ်"
ဝိန်းရိဖန်က အောက်နှုတ်ခမ်းကိုဖိထားရင်း
"ဒါကြောင့်မလို့ ငါတို့နှစ်ယောက် ကျေပြီလို့သတ်မှတ်လိုက်"
စန်းရန်က မျက်ခုံးကိုပင့်မြှောက်လိုက်၍
"ဘာကို ကျေပေးရမှာလဲ?"
ဝိန်းရိဖန် ;
"အရင် ငါ အိပ်နေရင်းလမ်းလျှောက်တုန်းက နင့်ကိုဖက်မိထားတဲ့ဟာနဲ့"
"အို့"
စန်းရန် ;
"လက်စသတ်တော့ ဒါမျိုးနဲ့လည်း ပြန်ပေးလို့ရတယ်လား"
ဤစကားကိုကြားလိုက်ရသည့်အခါ ဝိန်းရိဖန်သည်လည်း သူမ ပြောနေသည့်စကားများက တော်တော်ပုံမှန်မဟုတ်နေမှန်း ခံစားနေရပါသည်။
"ဒါပေမယ့် နစ်နာရတဲ့သူက ကိုယ် ဖြစ်နေတုန်းပဲလေ"
စန်းရန်က နှုတ်ခမ်းကိုခပ်လျော့လျော့ ဖြေချလိုက်ပြီး မထီမဲ့မြင်ဖြင့်
"ကိုယ်တို့နှစ်ယောက်မှာ ဘယ်သူက ဘယ်သူ့အပေါ် အကြံအစည်တွေရှိနေတယ်ဆိုတဲ့ကိစ္စကြီးက တစ်ချက်ကြည့်ရုံနဲ့တင် သိသာနေတာ မဟုတ်ဘူးလား?"
"...."
ဝိန်းရိဖန်သည် လက်ရှိအချိန်တွင်တော့ ဦးနှောက်တစ်ခုလုံး ရှုပ်ထွေးနေလေပြီး ဤလူအား ဘယ်လိုဘယ်ပုံဆက်ဆံရမည်မှန်းပင် မသိပါတော့ချေ။
ထို့အပြင် အရင်က သူပြောသည့်ယခုလိုစကားမျိုးများကို ကြားရသည့်အခါ ဆွံ့အသွားရရုံကလွဲ၍ အခြားမရှိ ၊ လက်ရှိတွင်တော့ စိတ်မသိုးမသန့်ဖြစ်ရခြင်းများစွာ ရှိလာတော့၏။ အင်တာဗျူးကို အပြေးအလွှားသွားလုပ်ရမည့်ကိစ္စကိုအခွင့်ကောင်းယူကာ ညအိမ်ပြန်ရောက်သည့်အချိန်တွင် ဖြေရှင်းပေးမည်ဖြစ်ကြောင်း သူ့အား ရိုးရိုးရှင်းရှင်း စကားဆိုလိုက်တော့သည်။
သူမ၏အမူအရာတို့မှာမူ ခပ်ငြိမ်ငြိမ်လေးပင်။
စန်းရန်က သူမအား စေ့စေ့စပ်စပ်လှမ်းကြည့်နေရင်း ကြည့်ရသည်မှာ မူမမှန်အရာတစ်ခုခုကိုရှာဖွေနေသည့်အတိုင်း။
နောက်တွင်တော့ သူ သဘောတူပေးလာခဲ့၏။ ဤစကားများက လွတ်ငြိမ်းခွင့်ရသွားသည့်အလား ဝိန်းရိဖန်တစ်ယောက် ဘာမှထပ်ပြောမနေတော့ဘဲ ချက်ချင်း အပြင်ရောက်လာပါတော့သည်။
စန်းရန်နှင့် နှစ်ယောက်တည်းရှိနေရသည့်နေရာအတွင်းမှ ထွက်လာပါသည့်တိုင် ဝိန်းရိဖန်မှာ စိတ်ဒုန်းဒုန်းချ မနေနိုင်သေး။ တစ်ဆစ်ဆစ်နှင့်ခေါင်းကိုက်နေရသည့်အပြင် ညနေ အိမ်ပြန်ရောက်လာသည့်အခါ ဤကိစ္စကြီးကို ခမ်းခမ်းနားနားဆွေးနွေးရဦးမည်မဟုတ်လား။
အဓိကအချက်မှာ ဝိန်းရိဖန်က ဘယ်လိုဖြေရှင်းပေးရမည်ကို မသိခြင်းပေ။
One-night Stand တစ်ညအိပ်ဖော်လည်း မဟုတ် ၊ အမူးလွန်ပြီး လွန်ကျူးထားမိခြင်းလည်း မဟုတ်။
အိပ်နေရင်းလမ်းထလျှောက်ရာမှ နေရာမှားဝင်ကာ နှစ်ယောက်သားက တစ်ယောက်ကိုတစ်ယောက် နစ်နာစေခြင်းမရှိဘဲ တစ်အိပ်ရာထဲ အိပ်ခဲ့ကြရုံလေးသာ။ အကောင်းဘက်မှတွေးပြောရလျှင် သူ့အိပ်ရာကို တစ်ဝက်ငှားလိုက်ခြင်းပေ။
Advertisement
အိုင်း...
ဒါကြီးကို ဘယ်လိုဖြေရှင်းပေးရမှာလဲ?
ပြောမရမယ့်အဆုံး သူမရဲ့အိပ်ရာတစ်ဝက် သူ့ကို ပြန်ငှားပေးလိုက်ရမှာလား?
တစ်လမ်းလုံး မှိုင်မှိုင်တွေတွေဖြင့် ဌာနဆီသို့ရောက်လာသည့်အခါ ဝိန်းရိဖန်က ခွန်အားပြည့်ပြန်ဖြစ်သွားပြီး အခြားကိစ္စများကို ဘေးဖယ်ထားလိုက်တော့သည်။ ပစ္စည်းများပြင်ဆင်ပြီး ဌာနမှအင်တာဗျူးကားကိုယူကာ ရုံးထဲတွင် တစ်ဦးတည်းသောအားလပ်နေသည့် မုချန်ယွင်နှင့်အတူ အင်တာဗျူးရန် ထွက်လာခဲ့သည်။
နှစ်ယောက်သားက ကားပါကင်ဆီသို့လျှောက်လာနေသည့်အချိန်။
ဝိန်းရိဖန်က ခေါင်းငုံ့ရင်း ဖုန်းထဲမှသတင်းများကို ဖတ်နေ၏။
ဘေးနားမှ မုချန်ယွင်မှာ စကားတပြောပြောဖြင့်
"ရိဖန်ကျဲ..အစ်မ မနက်ဖြန်အလုပ်ဆင်းတဲ့အချိန်ကျရင် အားလား"
"မနက်ဖြန်လား?"
ဝိန်းရိဖန်က မနက်ဖြန်၏အချိန်ဇယားများကို စဥ်းစားကြည့်ရင်း
"မသေချာသေးဘူး..ဘာဖြစ်လို့လဲ"
"ကျွန်တော်နဲ့ရင်းနှီးတဲ့စီနီယာတစ်ယောက်က သမီးလေးမွေးတာ"
မုချန်ယွင်က ခေါင်းကုတ်ရင်း အနည်းငယ်ရှက်နေသည့်ဟန်ဖြင့်
"အဲ့ဒါ ကျွန်တော် သူ့အတွက် လက်ဆောင်ဝယ်ပေးမလို့..ဒါပေမယ့် ဒါမျိုးတွေကိုသိပ်နားမလည်ဘူးဖြစ်နေတာ"
"သမီးလေးလား..ဒါဆို အစ်မကျန့်ယွီကို မေးကြည့်ပါလား..သူ့မှာလည်း သမီးလေးရှိလို့လေ"
"...."
မုချန်ယွင်က သုံးစက္ကန့်မျှငြိမ်သွားခဲ့ပြီးမှ
"ဟုတ်ကဲ့"
ကားနားသို့ ရောက်လာသည့်အချိန်တွင် မုချန်ယွင်က ဝိန်းရိဖန်၏မျက်နှာအား ရုတ်တရက်စိုက်ကြည့်လာ၏။
"ရိဖန်ကျဲ..အစ်မမျက်နှာပေါ်မှာ တစ်ခုခုပေနေတယ်"
မုချန်ယွင်က သူ့မျက်နှာပေါ်ရှိ နေရာတစ်ခုကိုထောက်ပြပြီး
"ဒီနားလေးမှာ..ကြည့်ရတာ အမှုန်တစ်ခုခုထင်တယ်"
"အာ"
ဝိန်းရိဖန်က အိတ်ကပ်ထဲမှ တစ်သျှူးတစ်ရွက်ဆွဲထုတ်ပြီး သူပြောသည့်နေရာအား ပွတ်သုတ်လိုက်၏။
"ဒီနားလား"
"အောက်နည်းနည်းဆင်းလိုက်..မဟုတ်သေးဘူး..ဘယ်ဘက်"
အချိန်တော်တော်ကြာအောင် မသုတ်မိသေးသည်ကိုကြည့်ရင်း မုချန်ယွင်က သူမ၏လက်ထဲမှ တစ်သျှူးအားလှမ်းယူလိုက်ကာ ရိုးရိုးရှင်းရှင်းအမူအရာမျိုးဖြင့်
"ကျွန်တော် သုတ်ပေးမယ်"
"...."
ဝိန်းရိဖန်ဘက်မှ ဘာမှမပြောရသေးခင်ပင် မုချန်ယွင်က လက်မြှောက်လာနှင့်ပြီးသား။
ဤမျှထိနီးကပ်လာခြင်းက ဝိန်းရိဖန်အား အနည်းငယ်မသက်မသာဖြစ်စေကာ ငြင်းဆန်အောင် လှုံ့ဆော်နေသည့်အလား ဝိန်းရိဖန်က နောက်သို့ခြေတစ်လှမ်းဆုတ်လိုက်ပြီး ယဥ်ယဥ်ကျေးကျေးသာ ပြုံးပြလိုက်၏။
"ရပြီ..ခဏနေမှ အစ်မဘာသာ လုပ်လိုက်မယ်"
မုချန်ယွင်မှာ ကြောင်အမ်းသွားရင်း သူ့နှာခေါင်းကိုလည်း ကသိကအောက်နိုင်နိုင်ထိလိုက်၏။
"ကောင်းပါပြီ"
နှစ်ယောက်သား ကားထဲ ဝင်လာခဲ့ကြသည်။
ဝိန်းရိဖန်က ယာဥ်မောင်းသည့်နေရာတွင်ထိုင်လိုက်ပြီး နောက်ကြည့်မှန်မှတဆင့် မျက်နှာပေါ်ရှိအရာအား သုတ်လိုက်ရင်း ကားစက်နှိုးလိုက်သည်။ အရှေ့သို့ကြည့်နေရင်း စကားဆိုလာခဲ့၏။
"ချန်ယွင်..အရင်ဆုံး ပစ္စည်းတွေကို ပြန်စစ်ကြည့်လိုက်ဦး"
မုချန်ယွင်က ထိုအခါမှ အသိစိတိပြန်လည်သွားတော့သည်။
"ဟုတ်"
မည်သူကမှ စကားမဆိုတော့ဘဲ ကားအတွင်း ရေဒီယိုမှသတင်းကြေညာနေသည့်အသံသာ ရှိသည်။ ထို့ကြောင့် တိတ်ဆိတ်လွန်းနေသည်ဟု ထင်ရပြီး အမှန်တကယ်တိတ်ဆိတ်နေခြင်းမျိုးမဟုတ်။
မကြာခင်ပင် မုချန်ယွင်က တိတ်ဆိတ်မှုအား အပြုံးလေးဖြင့် ဖြိုခွင်းလာတော့သည်။
"ပြောရဦးမယ်..ကျွန်တော် ခုဏကပြောတဲ့စီနီယာဆိုတာက စီနီယာအစ်ကိုစန်းနဲ့ တစ်တန်းထဲပဲလေ..ဘွဲ့ရပြီးပြီးချင်း မင်္ဂလာဆောင်လိုက်တာ..အခုဆို ကလေးတောင်ရသွားပြီ"
ဝိန်းရိဖန်က ခေါင်းငြိမ့်ပြ၏။
"ကောင်းပါတယ်"
မုချန်ယွင် ;
"ရိဖန်ကျဲ..အစ်မနဲ့ စီနီယာအစ်ကိုစန်းက ဘယ်လိုရင်းနှီးကြတာလဲ..ကျွန်တော်သိတာ အစ်မက ယီဟဲတက္ကသိုလ်ကလားလို့"
ဝိန်းရိဖန် ;
"အထက်တန်းကျောင်းတုန်းက သူငယ်ချင်း"
မုချန်ယွင်က 'အာ' ဟုအသံတစ်ချက်ပြု၍
"ရင်းနှီးတာ ဒီလောက်တောင်ကြာခဲ့ပြီလား?..ကျွန်တော့်အမြင်မှာ အစ်မတို့နှစ်ယောက်ရဲ့ဆက်ဆံရေးက အရမ်းကောင်းတဲ့ပုံပဲ"
"အင်း"
"ကျွန်တော်တောင် အရင်က အစ်မတို့နှစ်ယောက်ကို အတွဲတွေလို့ထင်ခဲ့သေးတာ..ဘာလို့လဲဆို ကျွန်တော့်မျက်လုံးထဲမှာ စီနီယာအစ်ကိုစန်းက အစ်မကိုဆို အများနဲ့မတူဘဲ အထူးတလည်ဆက်ဆံပေးနေတာလေ..."
မုချန်ယွင်က အနည်းငယ်အားကျ မနာလိုသွားသည့်ဟန်ဖြင့်
"လက်စသတ်တော့ အစ်မတို့က ဆက်ဆံရေးအရမ်းကောင်းတဲ့သူငယ်ချင်းတွေ ဖြစ်နေတာကိုး"
ဝိန်းရိဖန်က ရှင်းပြရမည်ကို ပျင်းလွန်းသဖြင့် ပြုံးရုံသာပြုံးနေလိုက်၏။
"ရိဖန်ကျဲ..ဒါဆို စီနီယာအစ်ကိုစန်း အထက်တန်းတုန်းက အရမ်းသဘောကျတဲ့သူရှိတယ်ဆိုတာရော အစ်မ သိထားလား? ကြည့်ရတာ အစ်ကိုက အဲ့တစ်ယောက်ကို အကြာကြီးလိုက်ခဲ့တာတောင်မှ မရလိုက်တာနဲ့တူတယ်"
မုချန်ယွင်က ရယ်လိုက်ရင်း
"ကျွန်တော့်စီနီယာက ကျွန်တော့်ကို ခဏခဏပြောပြဖူးတယ်..ဒါပေမယ့် ဘယ်သူလဲဆိုတာတော့ သူလည်းမမြင်ဖူးဘူးလေ..ပြီးတော့ စီနီယာအစ်ကိုစန်းရန်လိုပြီးပြည့်စုံတဲ့လူတစ်ယောက်ကိုတောင် အချိန်အကြာကြီးသဘောကျစွဲလမ်းနေအောင် ဘယ်လိုလူမျိုးကများ ပြုစားထားတာလဲဆိုတာကို အရမ်းသိချင်ခဲ့တာ"
ဝိန်းရိဖန်၏စိတ်ထဲ ဤကောင်လေးက ဖုကျွမ့်ထက်ပင် အတင်းပြောတတ်ကြောင်း သတ်မှတ်လိုက်ကာ စိတ်မပါလက်မပါဖြင့်ပြန်ဖြေလိုက်၏။
"အစ်မလည်း သေချာမသိဘူး"
"စီနီယာတို့ဘွဲ့ရညစာစားပွဲတုန်းက လူတစ်ယောက်ကိုပြောတာကို ကျွန်တော် မှတ်မိနေသေးတယ်..မရလိုက်တဲ့အရာတွေကိုမှ အကောင်းဆုံးလို့ ထင်နေတယ်မလားတဲ့"
မုချန်ယွင် ရုတ်ချည်း ပြန်ရပ်သွားပြီးကာမှ
"အာ..ဟုတ်သားပဲ..အဲ့အချိန်တုန်းက စီနီယာအစ်ကိုစန်း ဘာပြောခဲ့လဲဆိုတာ ကျွန်တော်သတိရပြီ"
ဝိန်းရိဖန် သူ့အား တစ်ချက်လှမ်းကြည့်လိုက်၏။
"သူပြောတာက..."
မုချန်ယွင်၏မျက်လုံးနှင့်အပြုံးတို့ဟာ ကြည်လင်မြဲကြည်လင်နေဆဲဖြင့်
"မဟုတ်ရင်ရော..မင်းအမြင်မှာ ငါက ဒီလောက်အချိန်ကြာကြီးထိအချစ်ကြီးနေမယ့်သူလို့များ ထင်နေတာလား?"
---------
(Zawgyi)
တစ်ဆယ် စင်တီမီတာ။
ငါး စင်တီမီတာ။
"ဝိန်းရိဖန်?"
"...."
"...."
Advertisement
- In Serial294 Chapters
Vintage Red [GL]
Aurora was just your average totally-not-super-dense-closet-lesbian high school girl who loved to hang out with her friends. Especially with her childhood friend, and cuddle-buddy extraordinaire, Corelia. However, one night after a long study session her life changed forever. Disclaimer: This story is partly based on a manga that got axxed so the premise is very similar at times but it is for 99% it's own story.Release window: I try to release a chapter every week on Monday around 14:00 CET. (That being said, untill I've caught up publishing this story so it's at the same chapter as on SH, I'll be relatively frequently releasing new chapters on here.)
8 305 - In Serial156 Chapters
36 Ways To Chase After My Wife's Love
THE BEST WAY TO CHASE AFTER YOUR LOVE~
8 831 - In Serial15 Chapters
My Witch-Infested Life!
Key, who spent most of his days alone. A person who doesn't want to socialize.. But he's life routine changed when his mom sent someone to watch him over. Unbeknownst to him, he's being watched over by a.. witch? A loner and a witch. Now living under the same roof.
8 204 - In Serial19 Chapters
The Arrangement
My heart had been broken once before. Afterwards, I vowed I would never let myself be anything other than someone's first choice. But sometimes life doesn't always turn out the way you want it to. So here I am, faced with a choice that is impossible for a myriad of reasons, all to save my pack. But I'm starting to think that maybe this arrangement isn't the end of the world. [Romance Type: slow burn, enemies to lovers, arranged marriage]
8 270 - In Serial92 Chapters
I transmigrated inside of my favorite TV Series
My modern soul transmigrated to a famous R-19 TV series on Netflix. A villainess character destined to die on the first episode of Season 2. She didn't even make it to season 3 for Christs sake!Waking up inside the tv series and meeting her favorite character, the final boss of this world, Duke Sebastian Astrid.Will she be able to avoid her death and return to her world?And what about the duke proposing a contract marriage to cure the curse in his blood. "My sweet Duchess, the contract have changed. I decided to keep you here forever".".........."Rachel can't believe she got scammed by the Duke. Why did she believe this scammer in the first place."Your majesty, this is not what we agreed". She almost cried of desperation to convince him to follow their contract."You can't run away from me Rachel. Your soul belongs to me".Will she be able to return from her world?*WARNING: Explicit Content R🔞*ORIGINAL STORYRankings so far from Sep-Nov '22#1 Adultromance#2 Original#3 romance#1 Historical#1 Villainess#1 Plottwist#1 Webnovel#1 novel#1 sarcasm#1 isekai#1 yandere#1 handsomemalead#1 anotherdimension#1 reincarnation#1 wattpad#1 matureadience*I do not own any of the media materials used inside this book. All rights and credits to the original owners
8.33 763 - In Serial33 Chapters
Saved
Isabella Rose RomanoA 13 year old to which love is something very unfamiliar to her. Having grown up in the foster system, it didn't come very often or in her case at all. She has a heart of pure gold, despite everything. So what happens when her current abusive foster family die. And she discovers she has a family. In that family she not only has a father but seven brothers! How is she supposed to adjust to this new environment while trying to overcome her past?________________________________________________Antonio Francesco RomanoHis only principessa was taken from him when she was a year old. 12 years later he gets a call that she is alive and he can take custody. His seven sons, of course, are over the moon about this along with himself. What happens when he discover that she didn't have the life she deserved? Can he and his sons teach her the meaning of love?Started: October 16, 2021Finished: September 24, 2022
8 215