《First Frost (Myanmar Translation)》Chapter 42
Advertisement
ဝိန်းရိဖန်၏အသက်ရှူသံများ ရပ်တန့်သွားလျက်။
ဦးနှောက်တစ်ခုလုံးက အဆက်အသွယ်ပြတ်သွားသည့်အလား ရုတ်ချည်းဗလာကျင်းသွားခဲ့ကာ နားအိမ်အတွင်း၌လည်း တဝီဝီ ဆူညံသွားပါတော့သည်။ သူ ထိသွားခဲ့နေရာ၌ နောက်တစ်ကြိမ် ထပ်ထိတွေ့ခံနေရသလို ခံစားလိုက်ရပြီး နောက်တစ်ကြိမ် လောင်ကျွမ်းနေသည့်အတိုင်းပင်။
ပြင်းပြနေမှုမှာ အတိုင်းအဆမရှိ။
"အို့"
ဝိန်းရိဖန်က အလေးတနက်မရှိသလိုဟန်ဆောင်ရင်း လျစ်လျူရှုကာ မူလစကားလမ်းကြောင်းဆီသို့ ပြန်ဆွဲခေါ်လာခဲ့သည်။
"ငါလည်း မကြာခင် ဆေးရုံကိုသွားပြပြီး ဆရာဝန်နဲ့တိုင်ပင်ကုသမှာပါ"
စန်းရန်၏အကြည့်များက သူမအပေါ်၌သာရှိနေပြီး တွေးတွေးဆဆဖြင့် 'အင်း' ဟု အသံတစ်ချက်ပြုလာခဲ့သည်။ သို့သည်တိုင် သူ့ပုံစံက သူမပြောနေသည့်စကားများကို နားထောင်နေပုံမရ ၊ အာရုံမရှိသည့်အလားဖြင့်
"ဘာလို့ မျက်နှာတွေနီနေတာလဲ"
"ရာသီဥတုက အရမ်းပူလို့"
ဝိန်းရိဖန်က အကြည့်လွှဲလိုက်ပြီး အကြောင်းပြချက်တစ်ခုပေးလာခဲ့၏။
"အခုတလော ၄၀ ဒီဂရီစင်တီဂရိတ် နီးပါးရှိနေတာ"
"အို့"
စန်းရန်က အနောက်သို့မှီချလိုက်ပြီး လေအေးပေးစက်ရှိသည့်ဘက်သို့ တစ်ချက်လှမ်းကြည့်၍
"လေအေးပေးစက် ဖွင့်ထားတယ်လေ"
"...."
"မင်း ပြန်ရောက်ရောက်ချင်းတုန်းက မျက်နှာမနီသေးပါဘူး"
စန်းရန်က ပြုံးလိုက်ရင်း သူမအား တစ်လှမ်းမျှအလွတ်မပေးချင်ပုံရသည့်အပြင် ကစားနေသည့်လေသံမျိုးဖြင့်
"လေအေးပေးစက်နားမှာ ကြာကြာနေလိုက်လို့ မျက်နှာနီသွားတာများလား"
"...."
စန်းရန်ဘက်မှ အလွတ်မပေးချင်နေသောကြောင့် ဝိန်းရိဖန်လည်း ကူကယ်ရာမဲ့သည့်အဆုံးတွင် အမှန်တိုင်းသာ စကားဆိုလိုက်၏။
"စန်းရန်..ယောက်ျားလေးတစ်ယောက် အဝတ်အစားမပါတာကို ငါ တစ်ခါမှမမြင်ခဲ့ဖူးဘူး"
စန်းရန်က မျက်ခုံးတစ်ဖက်ပင့်မြှောက်ပြလာ၏။
ဝိန်းရိဖန်သည်လည်း ဤကိစ္စတစ်ရပ်လုံးက သူ့တာဝန်သာဖြစ်ကြောင်း ၊ သူမ မျက်နှာနီလာရခြင်းမှာ ကျိုးကြောင်းသင့်ကြောင်း ၊ သူမထံ၌ အခြားရည်ရွယ်ချက်မျိုးမရှိသည်မှာ လုံးဝသေချာကြောင်း အစွမ်းကုန်ရှင်းပြနေလိုက်၏။
"ငါတို့ အိမ်ခန်းမျှမနေခင်တုန်းက အဝတ်အစားတွေကို အရမ်းဖော်ထားတာမျိုး မဝတ်ရဘူးလို့ ငါ ပြောထားတယ်လေ..နင်လည်း အဲ့အချိန်တုန်းက သဘောတူပြီး ငါ့ကိုတောင် 'စိတ်ကူးယဥ်မနေနဲ့' ဆိုပြီးပြန်ဖြေသေးတယ်"
"ကိုယ် တကယ်လည်းအဲ့လိုပြောခဲ့ပါတယ်"
စန်းရန်က ဆက်၍
"ဒါပေမယ့်လေ..ကိုယ် ဒီနေ့ စိတ်ကြည်နေတာ.."
"?"
"မင်းကို ချိုတာလေးတွေ ကျွေးချင်နေလို့"
ဝိန်းရိဖန်တစ်ယောက် တံတွေးသီးလုနီးနီးပင် ဖြစ်သွားခဲ့တော့၏။
"...."
ဒီလောက်ထိ အရှက်မရှိတဲ့လူကို တစ်ခါမှ မတွေ့ဖူးဘူး!
မထီမဲ့မြင်ပြုနေသည့် သူ့မျက်လုံးများကို စိုက်ကြည့်ရင်း ဝိန်းရိဖန်က သူပြောသမျှအား ဂရုမစိုက်တော့ဘဲ
"ဒါဆို ပြောစရာရှိတာက ဒီလောက်ပဲ..ငါ့ဘက်ကလည်း ဒီလိုမျိုးထပ်မဖြစ်အောင် အတတ်နိုင်ဆုံးရှောင်ပေးမယ်..နင့်ဘက်ကနေလည်း ကျေးဇူးပြုပြီး ကြိုတင်ကာကွယ်ပေးပါ"
စန်းရန် ;
"မင်း ဖြေရှင်းပေးနေတဲ့နည်းလမ်းက အကြိမ်တိုင်း တစ်ပုံစံတည်းချည်းပဲ"
"...."
"ပြောင်းသွားတာဆိုလို့ စကားပြောတဲ့ပုံစံရယ်..ဟိုဟာလုပ်ပါ ဒီဟာလုပ်ပါ အမိန့်လိုက်ပေးနေတာရယ်ပဲ..ပြောပြီးသွားရင်လည်း ထပ်ပြီး ကိုယ်ထိလက်ရောက်ကျူးလွန်နေတုန်းပဲမလား?"
"...."
ဝိန်းရိဖန် သုံးစက္ကန့်မျှငြိမ်နေပြီးမှ
"ဒါဆိုလည်း နင်တွေးထားတဲ့ဟာမျိုးရှိရင် ပြောကြည့်လေ..ငါ လုပ်ပေးနိုင်တာမျိုးဆို လိုက်လုပ်ပေးမယ်"
"ကိုယ့်မှာ တောင်းဆိုစရာအချက်က တစ်ချက်ပဲရှိတယ်"
စန်းရန်က ထိုင်ခုံထက်၌ကျောမှီထိုင်ထားရင်း သူမအား အဓိပ္ပါယ်ပါပါလှမ်းကြည့်လာခဲ့၍
"ဒီကိစ္စနဲ့ပတ်သတ်ပြီး မင်းဘက်က အမှန်တကယ်ဖြေရှင်းပေးနိုင်မယ့် နည်းလမ်းမျိုး မရခင်အချိန်ထိ..ကျေးဇူးပြုပြီး တခြားယောက်ျားတွေနဲ့ ဝေးဝေးနေပေးပါ"
ဝိန်းရိဖန် ကြောင်အမ်းသွားခဲ့၏။
"ဟိုဘက်မှာကျ တစ်မျိုး ၊ ဒီဘက်မှာကျ တစ်မျိုးနဲ့ ကိုယ့်ကို မင်းလက်ထဲမှာ ကပြောင်းကပြန်ကစားခံထားရတဲ့..."
စန်းရန်က ရည်ရွယ်ချက်ရှိရှိဖြင့် နှစ်စက္ကန့်မျှ ရပ်လိုက်ပြီးကာမှ
" သနားစရာလေး ဖြစ်အောင် မလုပ်ပါနဲ့"
"...."
ဆွေးနွေးပွဲ ပြီးဆုံးသွားပြီးနောက်တွင် ဝိန်းရိဖန်က သူမ၏အိပ်ခန်းထဲ ပြန်ဝင်လာခဲ့သည်။
ပထမဆုံးအနေဖြင့် မှန်တင်ခုံရှေ့ရောက်လာပြီး မှန်ထဲလှမ်းကြည့်ရာ အမှန်တကယ်ကို မျက်နှာနီနေခြင်းပေ။ ဝိန်းရိဖန်က အလိုလိုလက်မြှောက်ရင်း စန်းရန်ထိသွားခဲ့သည့်နေရာအား ထိကြည့်မိလိုက်၏။ နှုတ်ခမ်းပါး တင်းတင်းစေ့မိလိုက်ရုံသာမက ချက်ချင်းဆိုသလိုလည်း အသက်ရှူထုတ်မိလိုက်သည်။
ယနေ့ မုချန်ယွင်က သူမ၏မျက်နှာအား ထိတွေ့မည်ပြုသည့်အခါတုန်းက ဝိန်းရိဖန်အနေဖြင့် များများစာစားမတွေးမိခဲ့ဘဲ သူမအတွက် မသက်မသာဖြစ်စေမည့်ခံစားချက်မျိုးဖြစ်လာခဲ့ပြီး သဘောမကျသည့်အတွက် ရှောင်ဖယ်လိုက်ရုံသာဖြစ်သည်။
သို့သော် ဤတစ်ကြိမ်တွင်တော့ ဝိန်းရိဖန် မရှောင်ခဲ့ပေ။
သူမ၏ပုံစံက စန်းရန်၏အထိအတွေ့များကို စိတ်မကွက်သည့်ပုံစံမျိုး။
အခြားသူများအပေါ်ထားသည့်ခံစားချက်များနှင့်လည်း မတူညီချေ။
စန်းရန်က တစ်စုံတစ်ရာရိပ်မိသွားခဲ့သည်လား ဟူ၍လည်း မသိပါတော့၏။
ဝိန်းရိဖန်က လေအေးပေးစက်ရီမုကို လှမ်းယူပြီး အပူချိန်ညှိ၍ ဖွင့်ထားလိုက်သည်။ အိပ်ရာဘေးမှ ကော်ဇောခင်းပေါ်ထိုင်ပြီး လက်ကိုင်ဖုန်းကိုထုတ်ကာ အလျင်းသင့်သလိုပွတ်ဆွဲကြည့်နေလိုက်သည်။
ယခုလေးတင်ပြောသွားကြသည့်စကားများအား စိတ်လွတ်ကိုယ်လွတ်ဖြင့် ပြန်တွေးကြည့်မိလိုက်ရာ စန်းရန်ပြောသည့် 'အခြားယောက်ျားတွေနဲ့ ဝေးဝေးနေပေး' ဆိုသည့်စကားတစ်ခွန်း။
ဤစကားတစ်ခွန်းက အတော်လေးလည်း ထူးဆန်းပြီးကသိကအောက်နိုင်နေကာ တစ်စုံတစ်ရာကို ဖော်ပြရည်ရွယ်ချင်နေသည့် အဓိပ္ပါယ်မျိုးလည်းရှိနေသေးသည်။
ဒါမှမဟုတ် သူမကသာ အတွေးလွန်နေခြင်းလား။
ဝိန်းရိဖန်က Weibo ထဲဝင်ပြီး ပျင်းတိပျင်းရွဲပွတ်ဆွဲကြည့်နေရင်း 'စုထုန်းပေါ်'ကိုတွေ့လေသည်။ သူမ အိမ်ပြန်မလာခင် ပေးပို့ထားသည့် သီးသန့်စာတိုမှာ ယခုအချိန်တွင် Blogger က Screenshot ရိုက်ပြီး ပို့စ်တင်ထားပေးပြီးပြီ။
ပို့စ်အောက်တွင်မူ မှတ်ချက်ပေါင်းရာချီ ရှိနှင့်နေပြီဖြစ်၏။
ဝိန်းရိဖန်က စိတ်ကိုပြင်ဆင်ထားပြီး အမြန်ဆုံးဝင်ကြည့်လိုက်တော့၏။
ပထမဆုံးတစ်ခုမှာ ဝိန်းရိဖန်၏အမူအရာအား အက်ကွဲသွားအောင် လုပ်စေနိုင်စွမ်းသော မှတ်ချက်။
Advertisement
[ သိချင်တာတစ်ခု ၊ တစ်ဖက်လူက မနက်ခင်းဟိုဟာတုံ့ပြန်နေပြီလား ]
"...."
ချက်ချင်းဆိုသလို Weibo ထဲမှထွက်မိလိုက်တော့သည်။
ဝိန်းရိဖန်၏မျက်နှာမှာ နောက်တစ်ကြိမ်ပူလောင်လာရပြန်ပြီး အခြား APP ထဲသို့ဝင်ကြည့်ကာ အတွင်းစိတ်နှလုံးသားကို ဖြူစင်သွားအောင် ၊ ရိုးသားသွားအောင် ပြုလုပ်ပေးနိုင်မည့်အရာတစ်ခုခုကို လိုက်ရှာကြည့်မိလိုက်တော့သည်။ တစ်ခဏအကြာတွင် စိတ်ပြန်ငြိမ်သွားပြီး Weibo ထဲ ပြန်ဝင်လာခဲ့သည်။
ကံကောင်းစွာဖြင့် ပထမဆုံးမှတ်ချက်မှလွဲ၍ အခြားဟာများမှာ ပုံမှန်သာဖြစ်သည်။
[ နင့်ကို သူ့ကောင်မလေး or အရင်ကောင်မလေးနဲ့ မှားနေတာလည်းဖြစ်နိုင်တယ် ]
[ ? နင့်ကို စ,ချင်နေတာလား ]
[ နင့်ကို တိတ်တိတ်လေးကျိတ်ပြီးသဘောကျနေတာများလား..သူ့ဘက်က ဒီလိုကိစ္စမျိုးဖြစ်လာဖို့ အကြိမ်တစ်ရာလောက်စိတ်ကူးယဥ်ထားလောက်မှာ..သူ့ကိုယ်သူတောင် အိပ်မက်မက်တယ်လို့ပဲ ထင်ရင်ထင်နေမှာ ]
[ အမှန်တိုင်းပြောပြမယ်..ဘယ်လိုပဲ စိတ်မကြည်သေးဘူးပဲပြောပြော ကိုယ့်ဘေးနားမှာ အသက်ရှင်နေတဲ့လူအကောင်လိုက်ကြီးရောက်နေတာကိုမြင်ရင် ဘယ်သူမဆို လန့်သွားမှာပဲ..သူ့မှာ ရည်းစားရှိတာမလို့ မနက်ခင်းအိပ်ရာနိုးတိုင်း ဘေးနားမှာလူတစ်ယောက်ရှိနေကျဆိုရင်တော့ တစ်မျိုးပေါ့..ဒါမှမဟုတ်ရင်တော့ သူ တမင်သက်သက် နင့်ကို အခွင့်အရေးယူတာပဲ ]
[ ? ? ? သူ အရက်မူးနေတာ သေချာရဲ့လား ]
[ အခြားသူကို ဖက်ထားတာတော့ မမြင်ဘူးမလား..နင်တို့ နှစ်ယောက်ထဲမှာ တစ်ယောက်ကတော့ ဟန်ဆောင်နေတာအသေအချာပဲ ]
ကျန်နေသည့်မှတ်ချက်များမှာ အပေါ်မှဟာများနှင့် အတူတူနီးပါး။
ဝိန်းရိဖန်က အောက်သို့အနည်းငယ်မျှသာ ပွတ်ဆွဲကြည့်ပြီး ထပ်၍မကြည့်တော့။ လက်ကိုင်ဖုန်းကို ဘေးချထားပြီး တစ်ခဏကြာကြာကြောင်အမ်းနေမိရင်း ဤအချိန်တိုလေးအတွင်း ဖြစ်သွားခဲ့သည့်ကိစ္စရပ်တိုင်းကို ပြန်တွေးကြည့်မိလိုက်၏။
သူမ ရုတ်တရက်ခံစားမိလိုက်သည်မှာ...
စန်းရန်ဘက်မှ သူမအပေါ် ဆက်ဆံနေသည့်ပုံစံက တကယ်လည်း အနည်းငယ်ထူးခြားပေးနေသလိုပင်။
သူမ၏ ထိုလုပ်ရပ်များက ထိန်းချုပ်၍မရသောကြောင့်ဟု ဆိုထားလျှင်တောင် အကယ်၍ စန်းရန်၏အကျင့်စရိုက်အရ သူသာ စက်ဆုပ်ပြီးလက်မခံပေးနိုင်လျှင် ယခုလို ဆက်၍သည်းညည်းခံပေးမနေဘဲ အိမ်ပြောင်းသွားမည်ဖြစ်သည်။ ထို့အပြင် ဤမျှကြာလာပြီးသည့်လက်ရှိအချိန်အရဆိုလျှင် သူ့အရင်အိမ် ပြန်ပြင်ပြီးသည်မှာလည်း ကြာလှလောက်ပြီဖြစ်၏။
ယနေ့ မုချန်ယွင် ပြောပြသည့်စကားများ ၊ စန်းကျီ ပြောပြဖူးသည့်စကားများအရ တက္ကသိုလ်ဝင်ခွင့်စာရင်းထွက်လာသည့်နေ့မှ စန်းရန်၏အခြေအနေ ကို တွေးကြည့်မိလိုက်ရာ...
စန်းရန်၏မျက်လုံးထဲတွင် သူမက သူ့အားနှစ်ပေါင်းများစွာကြာအောင် အနှောက်အယှက်ပေးနေသည့်ဆူးတစ်ချောင်းလို ဖြစ်နေခဲ့ခြင်းများလား။ ထို့ကြောင့် ပြန်တွေ့သည့်အချိန်တုန်းက ဆွဲနှုတ်ပစ်မည်ဟူ၍ တွေးထားခဲ့ခြင်းလား။
အရင်ဆုံး ယိုင်နဲ့ပြီး နောက်မှ ဆွဲထုတ်ပစ်ကာ..
နောက်ဆုံး လက်လွှတ်ချပစ်လိုက်သည်အထိ။
ဤအထိတွေးကြည့်နေရင်း ဝိန်းရိဖန်က ရုတ်တရက်ဆိုသလို ဟိုးအရင်က တစ်တန်းထဲအတူတက်ခဲ့သည့်ကောင်မလေးတစ်ယောက် စန်းရန်၏စကားတစ်ခွန်းကို ပြန်ချေပသည့်အကြောင်း သတိရလိုက်မိ၏။ အချိန်တွေအများကြီးကြာခဲ့ပြီဖြစ်သည့်အတွက် မူလစကားလုံးကိုတော့ အတိအကျမမှတ်မိ။ မှတ်မိနေသည့်တစ်ခုတည်းသောက မထူးမခြားနားဖြစ်နေသည့် အဓိပ္ပါယ်မှာ စန်းရန်၏ ထိုမထီမဲ့မြင်ပြုတတ်သောအပြုအမူက မျက်လုံးထဲသိပ်ကြည့်မရကြောင်းနှင့် ၊ သူ မလုပ်နိုင်လောက်မည့်ကိစ္စမျိုးများရှိလာရန်မျှော်လင့်ပြီး အရမယူနိုင်သည့်အရာမျိုးနှင့်လည်း ကြုံတွေ့ပါစေ ဟူ၍ သူ့စိတ်ဓါတ်အား မကျေမနပ်စကားဆိုခဲ့ဖူးသည်။
ထိုအချိန်တုန်းက ဝိန်းရိဖန်အနေဖြင့် နားထောင်ခဲ့ရုံကလွဲ အခြားဘာမှမပြောခဲ့ပါပေ။
သို့သော် သူမ၏အတွင်းစိတ်ထဲတွင်တော့ လုံးဝမတူညီသည့်အတွေးတစ်ခုက ဖြစ်တည်လာခဲ့သည်။
ထိုကဲ့သို့သော မာနကြီးလွန်းပြီး ပြည့်စုံနေသည့်ဆယ်ကျော်သက်ကောင်လေးတစ်ယောက်က..
အရာအားလုံးကို အပိုင်ရယူနိုင်သည့်အခွင့်အရေးမျိုး ရှိသင့်သည်ဟူ၍ပင်။
လိုချင်လာသည့်အရာတိုင်း ၊ သူ့ကို ပေးကိုပေးရမည်ဆိုသည့်ဆိုလိုရင်း။
တောင်းဆိုလာသည့်အရာက ကောင်းကင်ပေါ်မှ ကြယ်တစ်စင်းဆိုလျှင်တောင် သူ့အတွက် ခူးယူလာပေးပြီး...
သူ့အတွက်ပဲ ထာဝရထိန်းသိမ်းပေးထားမည်ဟူ၍ပင်။
-------
(T/N ; Chapter 42 မှာ စာနည်းနည်းကျန်ဦးမယ် ..မနက်ဖြန်မှ 43 နဲ့ ပေါင်းလာ ပါမယ်နော်.."ဝမ်အန်း" )
(Zawgyi)
ဝိန္းရိဖန္၏အသက္ရႉသံမ်ား ရပ္တန့္သြားလ်က္။
ဦးႏွောက္တစ္ခုလုံးက အဆက္အသြယ္ျပတ္သြားသည့္အလား ႐ုတ္ခ်ည္းဗလာက်င္းသြားခဲ့ကာ နားအိမ္အတြင္း၌လည္း တဝီဝီ ဆူညံသြားပါေတာ့သည္။ သူ ထိသြားခဲ့ေနရာ၌ ေနာက္တစ္ႀကိမ္ ထပ္ထိေတြ႕ခံေနရသလို ခံစားလိုက္ရၿပီး ေနာက္တစ္ႀကိမ္ ေလာင္ကြၽမ္းေနသည့္အတိုင္းပင္။
ျပင္းျပေနမႈမွာ အတိုင္းအဆမရွိ။
"အို႔"
ဝိန္းရိဖန္က အေလးတနက္မရွိသလိုဟန္ေဆာင္ရင္း လ်စ္လ်ဴရႈကာ မူလစကားလမ္းေၾကာင္းဆီသို႔ ျပန္ဆြဲေခၚလာခဲ့သည္။
"ငါလည္း မၾကာခင္ ေဆး႐ုံကိုသြားျပၿပီး ဆရာဝန္နဲ႕တိုင္ပင္ကုသမွာပါ"
စန္းရန္၏အၾကည့္မ်ားက သူမအေပၚ၌သာရွိေနၿပီး ေတြးေတြးဆဆျဖင့္ 'အင္း' ဟု အသံတစ္ခ်က္ျပဳလာခဲ့သည္။ သို႔သည္တိုင္ သူ႕ပုံစံက သူမေျပာေနသည့္စကားမ်ားကို နားေထာင္ေနပုံမရ ၊ အာ႐ုံမရွိသည့္အလားျဖင့္
"ဘာလို႔ မ်က္ႏွာေတြနီေနတာလဲ"
"ရာသီဥတုက အရမ္းပူလို႔"
ဝိန္းရိဖန္က အၾကည့္လႊဲလိုက္ၿပီး အေၾကာင္းျပခ်က္တစ္ခုေပးလာခဲ့၏။
"အခုတေလာ ၄၀ ဒီဂရီစင္တီဂရိတ္ နီးပါးရွိေနတာ"
"အို႔"
စန္းရန္က အေနာက္သို႔မွီခ်လိဳက္ၿပီး ေလေအးေပးစက္ရွိသည့္ဘက္သို႔ တစ္ခ်က္လွမ္းၾကည့္၍
"ေလေအးေပးစက္ ဖြင့္ထားတယ္ေလ"
"...."
"မင္း ျပန္ေရာက္ေရာက္ခ်င္းတုန္းက မ်က္ႏွာမနီေသးပါဘူး"
စန္းရန္က ၿပဳံးလိုက္ရင္း သူမအား တစ္လွမ္းမွ်အလြတ္မေပးခ်င္ပုံရသည့္အျပင္ ကစားေနသည့္ေလသံမ်ိဳးျဖင့္
"ေလေအးေပးစက္နားမွာ ၾကာၾကာေနလိုက္လို႔ မ်က္ႏွာနီသြားတာမ်ားလား"
"...."
စန္းရန္ဘက္မွ အလြတ္မေပးခ်င္ေနေသာေၾကာင့္ ဝိန္းရိဖန္လည္း ကူကယ္ရာမဲ့သည့္အဆုံးတြင္ အမွန္တိုင္းသာ စကားဆိုလိုက္၏။
"စန္းရန္..ေယာက္်ားေလးတစ္ေယာက္ အဝတ္အစားမပါတာကို ငါ တစ္ခါမွမျမင္ခဲ့ဖူးဘူး"
စန္းရန္က မ်က္ခုံးတစ္ဖက္ပင့္ျမႇောက္ျပလာ၏။
ဝိန္းရိဖန္သည္လည္း ဤကိစၥတစ္ရပ္လုံးက သူ႕တာဝန္သာျဖစ္ေၾကာင္း ၊ သူမ မ်က္ႏွာနီလာရျခင္းမွာ က်ိဳးေၾကာင္းသင့္ေၾကာင္း ၊ သူမထံ၌ အျခားရည္႐ြယ္ခ်က္မ်ိဳးမရွိသည္မွာ လုံးဝေသခ်ာေၾကာင္း အစြမ္းကုန္ရွင္းျပေနလိုက္၏။
Advertisement
"ငါတို႔ အိမ္ခန္းမွ်မေနခင္တုန္းက အဝတ္အစားေတြကို အရမ္းေဖာ္ထားတာမ်ိဳး မဝတ္ရဘူးလို႔ ငါ ေျပာထားတယ္ေလ..နင္လည္း အဲ့အခ်ိန္တုန္းက သေဘာတူၿပီး ငါ့ကိုေတာင္ 'စိတ္ကူးယဥ္မေနနဲ႕' ဆိုၿပီးျပန္ေျဖေသးတယ္"
"ကိုယ္ တကယ္လည္းအဲ့လိုေျပာခဲ့ပါတယ္"
စန္းရန္က ဆက္၍
"ဒါေပမယ့္ေလ..ကိုယ္ ဒီေန႕ စိတ္ၾကည္ေနတာ.."
"?"
"မင္းကို ခ်ိဳတာေလးေတြ ေကြၽးခ်င္ေနလို႔"
ဝိန္းရိဖန္တစ္ေယာက္ တံေတြးသီးလုနီးနီးပင္ ျဖစ္သြားခဲ့ေတာ့၏။
"...."
ဒီေလာက္ထိ အရွက္မရွိတဲ့လူကို တစ္ခါမွ မေတြ႕ဖူးဘူး!
မထီမဲ့ျမင္ျပဳေနသည့္ သူ႕မ်က္လုံးမ်ားကို စိုက္ၾကည့္ရင္း ဝိန္းရိဖန္က သူေျပာသမွ်အား ဂ႐ုမစိုက္ေတာ့ဘဲ
"ဒါဆို ေျပာစရာရွိတာက ဒီေလာက္ပဲ..ငါ့ဘက္ကလည္း ဒီလိုမ်ိဳးထပ္မျဖစ္ေအာင္ အတတ္နိုင္ဆုံးေရွာင္ေပးမယ္..နင့္ဘက္ကေနလည္း ေက်းဇူးျပဳၿပီး ႀကိဳတင္ကာကြယ္ေပးပါ"
စန္းရန္ ;
"မင္း ေျဖရွင္းေပးေနတဲ့နည္းလမ္းက အႀကိမ္တိုင္း တစ္ပုံစံတည္းခ်ည္းပဲ"
"...."
"ေျပာင္းသြားတာဆိုလို႔ စကားေျပာတဲ့ပုံစံရယ္..ဟိုဟာလုပ္ပါ ဒီဟာလုပ္ပါ အမိန့္လိုက္ေပးေနတာရယ္ပဲ..ေျပာၿပီးသြားရင္လည္း ထပ္ၿပီး ကိုယ္ထိလက္ေရာက္က်ဴးလြန္ေနတုန္းပဲမလား?"
"...."
ဝိန္းရိဖန္ သုံးစကၠန့္မွ်ၿငိမ္ေနၿပီးမွ
"ဒါဆိုလည္း နင္ေတြးထားတဲ့ဟာမ်ိဳးရွိရင္ ေျပာၾကည့္ေလ..ငါ လုပ္ေပးနိုင္တာမ်ိဳးဆို လိုက္လုပ္ေပးမယ္"
"ကိုယ့္မွာ ေတာင္းဆိုစရာအခ်က္က တစ္ခ်က္ပဲရွိတယ္"
စန္းရန္က ထိုင္ခုံထက္၌ေက်ာမွီထိုင္ထားရင္း သူမအား အဓိပ္ပါယ်ပါပါလှမ်းကြည့်လာခဲ့၍
"ဒီကိစၥနဲ႕ပတ္သတ္ၿပီး မင္းဘက္က အမွန္တကယ္ေျဖရွင္းေပးနိုင္မယ့္ နည္းလမ္းမ်ိဳး မရခင္အခ်ိန္ထိ..ေက်းဇူးျပဳၿပီး တျခားေယာက္်ားေတြနဲ႕ ေဝးေဝးေနေပးပါ"
ဝိန္းရိဖန္ ေၾကာင္အမ္းသြားခဲ့၏။
"ဟိုဘက္မွာက် တစ္မ်ိဳး ၊ ဒီဘက္မွာက် တစ္မ်ိဳးနဲ႕ ကိုယ့္ကို မင္းလက္ထဲမွာ ကေျပာင္းကျပန္ကစားခံထားရတဲ့..."
စန္းရန္က ရည္႐ြယ္ခ်က္ရွိရွိျဖင့္ ႏွစ္စကၠန့္မွ် ရပ္လိုက္ၿပီးကာမွ
" သနားစရာေလး ျဖစ္ေအာင္ မလုပ္ပါနဲ႕"
"...."
ေဆြးႏြေးပြဲ ၿပီးဆုံးသြားၿပီးေနာက္တြင္ ဝိန္းရိဖန္က သူမ၏အိပ္ခန္းထဲ ျပန္ဝင္လာခဲ့သည္။
ပထမဆုံးအေနျဖင့္ မွန္တင္ခုံေရွ႕ေရာက္လာၿပီး မွန္ထဲလွမ္းၾကည့္ရာ အမွန္တကယ္ကို မ်က္ႏွာနီေနျခင္းေပ။ ဝိန္းရိဖန္က အလိုလိုလက္ျမႇောက္ရင္း စန္းရန္ထိသြားခဲ့သည့္ေနရာအား ထိၾကည့္မိလိုက္၏။ ႏႈတ္ခမ္းပါး တင္းတင္းေစ့မိလိုက္႐ုံသာမက ခ်က္ခ်င္းဆိုသလိုလည္း အသက္ရႉထုတ္မိလိုက္သည္။
ယေန႕ မုခ်န္ယြင္က သူမ၏မ်က္ႏွာအား ထိေတြ႕မည္ျပဳသည့္အခါတုန္းက ဝိန္းရိဖန္အေနျဖင့္ မ်ားမ်ားစာစားမေတြးမိခဲ့ဘဲ သူမအတြက္ မသက္မသာျဖစ္ေစမည့္ခံစားခ်က္မ်ိဳးျဖစ္လာခဲ့ၿပီး သေဘာမက်သည့္အတြက္ ေရွာင္ဖယ္လိုက္႐ုံသာျဖစ္သည္။
သို႔ေသာ္ ဤတစ္ႀကိမ္တြင္ေတာ့ ဝိန္းရိဖန္ မေရွာင္ခဲ့ေပ။
သူမ၏ပုံစံက စန္းရန္၏အထိအေတြ႕မ်ားကို စိတ္မကြက္သည့္ပုံစံမ်ိဳး။
အျခားသူမ်ားအေပၚထားသည့္ခံစားခ်က္မ်ားႏွင့္လည္း မတူညီေခ်။
စန္းရန္က တစ္စုံတစ္ရာရိပ္မိသြားခဲ့သည္လား ဟူ၍လည္း မသိပါေတာ့၏။
ဝိန္းရိဖန္က ေလေအးေပးစက္ရီမုကို လွမ္းယူၿပီး အပူခ်ိန္ညွိ၍ ဖြင့္ထားလိုက္သည္။ အိပ္ရာေဘးမွ ေကာ္ေဇာခင္းေပၚထိုင္ၿပီး လက္ကိုင္ဖုန္းကိုထုတ္ကာ အလ်င္းသင့္သလိုပြတ္ဆြဲၾကည့္ေနလိုက္သည္။
ယခုေလးတင္ေျပာသြားၾကသည့္စကားမ်ားအား စိတ္လြတ္ကိုယ္လြတ္ျဖင့္ ျပန္ေတြးၾကည့္မိလိုက္ရာ စန္းရန္ေျပာသည့္ 'အျခားေယာက္်ားေတြနဲ႕ ေဝးေဝးေနေပး' ဆိုသည့္စကားတစ္ခြန္း။
ဤစကားတစ္ခြန္းက အေတာ္ေလးလည္း ထူးဆန္းၿပီးကသိကေအာက္နိုင္ေနကာ တစ္စုံတစ္ရာကို ေဖာ္ျပရည္႐ြယ္ခ်င္ေနသည့္ အဓိပ္ပါယ်မျိုးလည်းရှိေနေသးသည္။
ဒါမွမဟုတ္ သူမကသာ အေတြးလြန္ေနျခင္းလား။
ဝိန္းရိဖန္က Weibo ထဲဝင္ၿပီး ပ်င္းတိပ်င္း႐ြဲပြတ္ဆြဲၾကည့္ေနရင္း 'စုထုန္းေပၚ'ကိုေတြ႕ေလသည္။ သူမ အိမ္ျပန္မလာခင္ ေပးပို႔ထားသည့္ သီးသန့္စာတိုမွာ ယခုအခ်ိန္တြင္ Blogger က Screenshot ရိုက္ၿပီး ပို႔စ္တင္ထားေပးၿပီးၿပီ။
ပို႔စ္ေအာက္တြင္မူ မွတ္ခ်က္ေပါင္းရာခ်ီ ရွိႏွင့္ေနၿပီျဖစ္၏။
ဝိန္းရိဖန္က စိတ္ကိုျပင္ဆင္ထားၿပီး အျမန္ဆုံးဝင္ၾကည့္လိုက္ေတာ့၏။
ပထမဆုံးတစ္ခုမွာ ဝိန္းရိဖန္၏အမူအရာအား အက္ကြဲသြားေအာင္ လုပ္ေစနိုင္စြမ္းေသာ မွတ္ခ်က္။
[ သိခ်င္တာတစ္ခု ၊ တစ္ဖက္လူက မနက္ခင္းဟိုဟာတုံ႕ျပန္ေနၿပီလား ]
"...."
ခ်က္ခ်င္းဆိုသလို Weibo ထဲမွထြက္မိလိုက္ေတာ့သည္။
ဝိန္းရိဖန္၏မ်က္ႏွာမွာ ေနာက္တစ္ႀကိမ္ပူေလာင္လာရျပန္ၿပီး အျခား APP ထဲသို႔ဝင္ၾကည့္ကာ အတြင္းစိတ္ႏွလုံးသားကို ျဖဴစင္သြားေအာင္ ၊ ရိုးသားသြားေအာင္ ျပဳလုပ္ေပးနိုင္မည့္အရာတစ္ခုခုကို လိုက္ရွာၾကည့္မိလိုက္ေတာ့သည္။ တစ္ခဏအၾကာတြင္ စိတ္ျပန္ၿငိမ္သြားၿပီး Weibo ထဲ ျပန္ဝင္လာခဲ့သည္။
ကံေကာင္းစြာျဖင့္ ပထမဆုံးမွတ္ခ်က္မွလြဲ၍ အျခားဟာမ်ားမွာ ပုံမွန္သာျဖစ္သည္။
[ နင့္ကို သူ႕ေကာင္မေလး or အရင္ေကာင္မေလးနဲ႕ မွားေနတာလည္းျဖစ္နိုင္တယ္ ]
[ ? နင့္ကို စ,ခ်င္ေနတာလား ]
[ နင့္ကို တိတ္တိတ္ေလးက်ိတ္ၿပီးသေဘာက်ေနတာမ်ားလား..သူ႕ဘက္က ဒီလိုကိစၥမ်ိဳးျဖစ္လာဖို႔ အႀကိမ္တစ္ရာေလာက္စိတ္ကူးယဥ္ထားေလာက္မွာ..သူ႕ကိုယ္သူေတာင္ အိပ္မက္မက္တယ္လို႔ပဲ ထင္ရင္ထင္ေနမွာ ]
[ အမွန္တိုင္းေျပာျပမယ္..ဘယ္လိုပဲ စိတ္မၾကည္ေသးဘူးပဲေျပာေျပာ ကိုယ့္ေဘးနားမွာ အသက္ရွင္ေနတဲ့လူအေကာင္လိုက္ႀကီးေရာက္ေနတာကိုျမင္ရင္ ဘယ္သူမဆို လန့္သြားမွာပဲ..သူ႕မွာ ရည္းစားရွိတာမလို႔ မနက္ခင္းအိပ္ရာနိုးတိုင္း ေဘးနားမွာလူတစ္ေယာက္ရွိေနက်ဆိဳရင္ေတာ့ တစ္မ်ိဳးေပါ့..ဒါမွမဟုတ္ရင္ေတာ့ သူ တမင္သက္သက္ နင့္ကို အခြင့္အေရးယူတာပဲ ]
[ ? ? ? သူ အရက္မူးေနတာ ေသခ်ာရဲ႕လား ]
[ အျခားသူကို ဖက္ထားတာေတာ့ မျမင္ဘူးမလား..နင္တို႔ ႏွစ္ေယာက္ထဲမွာ တစ္ေယာက္ကေတာ့ ဟန္ေဆာင္ေနတာအေသအခ်ာပဲ ]
က်န္ေနသည့္မွတ္ခ်က္မ်ားမွာ အေပၚမွဟာမ်ားႏွင့္ အတူတူနီးပါး။
ဝိန္းရိဖန္က ေအာက္သို႔အနည္းငယ္မွ်သာ ပြတ္ဆြဲၾကည့္ၿပီး ထပ္၍မၾကည့္ေတာ့။ လက္ကိုင္ဖုန္းကို ေဘးခ်ထားၿပီး တစ္ခဏၾကာၾကာေၾကာင္အမ္းေနမိရင္း ဤအခ်ိန္တိုေလးအတြင္း ျဖစ္သြားခဲ့သည့္ကိစၥရပ္တိုင္းကို ျပန္ေတြးၾကည့္မိလိုက္၏။
သူမ ႐ုတ္တရက္ခံစားမိလိုက္သည္မွာ...
စန္းရန္ဘက္မွ သူမအေပၚ ဆက္ဆံေနသည့္ပုံစံက တကယ္လည္း အနည္းငယ္ထူးျခားေပးေနသလိုပင္။
သူမ၏ ထိုလုပ္ရပ္မ်ားက ထိန္းခ်ဳပ္၍မရေသာေၾကာင့္ဟု ဆိုထားလွ်င္ေတာင္ အကယ္၍ စန္းရန္၏အက်င့္စရိုက္အရ သူသာ စက္ဆုပ္ၿပီးလက္မခံေပးနိုင္လွ်င္ ယခုလို ဆက္၍သည္းညည္းခံေပးမေနဘဲ အိမ္ေျပာင္းသြားမည္ျဖစ္သည္။ ထို႔အျပင္ ဤမွ်ၾကာလာၿပီးသည့္လက္ရွိအခ်ိန္အရဆိုလွ်င္ သူ႕အရင္အိမ္ ျပန္ျပင္ၿပီးသည္မွာလည္း ၾကာလွေလာက္ၿပီျဖစ္၏။
ယေန႕ မုခ်န္ယြင္ ေျပာျပသည့္စကားမ်ား ၊ စန္းက်ီ ေျပာျပဖူးသည့္စကားမ်ားအရ တကၠသိုလ္ဝင္ခြင့္စာရင္းထြက္လာသည့္ေန႕မွ စန္းရန္၏အေျခအေန ကို ေတြးၾကည့္မိလိုက္ရာ...
စန္းရန္၏မ်က္လုံးထဲတြင္ သူမက သူ႕အားႏွစ္ေပါင္းမ်ားစြာၾကာေအာင္ အႏွောက္အယွက္ေပးေနသည့္ဆူးတစ္ေခ်ာင္းလို ျဖစ္ေနခဲ့ျခင္းမ်ားလား။ ထို႔ေၾကာင့္ ျပန္ေတြ႕သည့္အခ်ိန္တုန္းက ဆြဲႏႈတ္ပစ္မည္ဟူ၍ ေတြးထားခဲ့ျခင္းလား။
အရင္ဆုံး ယိုင္နဲ႕ၿပီး ေနာက္မွ ဆြဲထုတ္ပစ္ကာ..
ေနာက္ဆုံး လက္လႊတ္ခ်ပစ္လိုက္သည္အထိ။
ဤအထိေတြးၾကည့္ေနရင္း ဝိန္းရိဖန္က ႐ုတ္တရက္ဆိုသလို ဟိုးအရင္က တစ္တန္းထဲအတူတက္ခဲ့သည့္ေကာင္မေလးတစ္ေယာက္ စန္းရန္၏စကားတစ္ခြန္းကို ျပန္ေခ်ပသည့္အေၾကာင္း သတိရလိုက္မိ၏။ အခ်ိန္ေတြအမ်ားႀကီးၾကာခဲ့ၿပီျဖစ္သည့္အတြက္ မူလစကားလုံးကိုေတာ့ အတိအက်မမွတ္မိ။ မွတ္မိေနသည့္တစ္ခုတည္းေသာက မထူးမျခားနားျဖစ္ေနသည့္ အဓိပ္ပါယ်မှာ စန္းရန္၏ ထိုမထီမဲ့ျမင္ျပဳတတ္ေသာအျပဳအမူက မ်က္လုံးထဲသိပ္ၾကည့္မရေၾကာင္းႏွင့္ ၊ သူ မလုပ္နိုင္ေလာက္မည့္ကိစၥမ်ိဳးမ်ားရွိလာရန္ေမွ်ာ္လင့္ၿပီး အရမယူနိုင္သည့္အရာမ်ိဳးႏွင့္လည္း ႀကဳံေတြ႕ပါေစ ဟူ၍ သူ႕စိတ္ဓါတ္အား မေက်မနပ္စကားဆိုခဲ့ဖူးသည္။
ထိုအခ်ိန္တုန္းက ဝိန္းရိဖန္အေနျဖင့္ နားေထာင္ခဲ့႐ုံကလြဲ အျခားဘာမွမေျပာခဲ့ပါေပ။
သို႔ေသာ္ သူမ၏အတြင္းစိတ္ထဲတြင္ေတာ့ လုံးဝမတူညီသည့္အေတြးတစ္ခုက ျဖစ္တည္လာခဲ့သည္။
ထိုကဲ့သို႔ေသာ မာနႀကီးလြန္းၿပီး ျပည့္စုံေနသည့္ဆယ္ေက်ာ္သက္ေကာင္ေလးတစ္ေယာက္က..
အရာအားလုံးကို အပိုင္ရယူနိုင္သည့္အခြင့္အေရးမ်ိဳး ရွိသင့္သည္ဟူ၍ပင္။
လိုခ်င္လာသည့္အရာတိုင္း ၊ သူ႕ကို ေပးကိုေပးရမည္ဆိုသည့္ဆိုလိုရင္း။
ေတာင္းဆိုလာသည့္အရာက ေကာင္းကင္ေပၚမွ ၾကယ္တစ္စင္းဆိုလွ်င္ေတာင္ သူ႕အတြက္ ခူးယူလာေပးၿပီး...
သူ႕အတြက္ပဲ ထာဝရထိန္းသိမ္းေပးထားမည္ဟူ၍ပင္။
-------
(T/N ; Chapter 42 မွာ စာနည္းနည္းက်န္ဦးမယ္ ..မနက္ျဖန္မွ 43 နဲ႕ ေပါင္းလာ ပါမယ္ေနာ္.."ဝမ္အန္း" )
Advertisement
- In Serial9 Chapters
I Want To Become The Emperor, So I Need A Divorce
Born as an imperial princess, Arnoah was forced to marry a pathetic king from a small neighboring kingdom. Her older brother is the emperor, so what is she supposed to do?
8 231 - In Serial51 Chapters
Me or sum|Nardo wick
"She not my main thing but on the weekends she lovin my crew lovin my crew "
8 144 - In Serial50 Chapters
Love Me Again
Elizabeth Bell can't escape her past. No matter what she does: changing her name or her looks. It's her handsome ex-husbands face on a magazine that haunts her every day. The nightmares of her past continue to torment her, and it gets worse when she comes face to face with the devil himself.--------------------"You don't have a girlfriend right now.""That's right," Blake said sounding bored."Everyone is wondering if that's because you aren't over your ex-wife, Elizabeth Bell."When he said that I froze. The last thing I wanted from this interview was for him to bring up my past life. Although I changed my name to Rose Matthews, I still freeze every time someone mentions that name. I try so hard to forget my past before I was Rose but when you have so many people constantly bringing it up you can't escape it.Blake's answer brought me back to the present."No! Honestly, I was glad to be out of that marriage. It was a burden, constantly having to be married to her. I don't have a girlfriend because I want to be able to enjoy the single life for a while. Since I was tied to someone for so long, I just want to have some freedom in my life." He said honestly.I felt France and Jay each grab my hand. I felt my heart break again. I didn't think that was possible. My heart is already broken into a million pieces and somehow he was able to break it even more...----------------------Can Elizabeth and Blake learn to love each other again? Or will their past catch up to them?
8 238 - In Serial37 Chapters
Believe Me, I'm Lying
When 17 year old Harley finds herself jobless, she needs a new job-- and quick. Her uncle comes to her house with a job offer. For her to become a teacher at his school. A school for delinquents.Watty Awards 2010 Winner of Best Overall, Best Romance, Best Female Lead, and Best Cast!
8 105 - In Serial9 Chapters
GAY TRAIN
WELCOME TO THE GAY TRAIN WHERE EVERYONE IS WELCOME EXCEPT FOR THOSE WHO ARE BIASED AND HOMOPHOBIC! WE SUPPORT EVERYTHING AND ANYTHING AND YOU WILL ALWAYS BELONG HERE. WE ARE YOUR FAMILY WHO WILL ALWAYS BE THERE TO SUPPORT YOU NO MATTER WHAT. JOIN THE RAINBOW FAM! JOIN US!
8 72 - In Serial29 Chapters
Sun mere humsafar
Will Shiva get a 2nd chance for love?(Slow update)
8 216

