《First Frost (Myanmar Translation)》Chapter 43
Advertisement
ရှေ့လျှောက်ကာလများတွင်တော့ နှစ်ယောက်စလုံးသည် အလုပ်ကိုယ်စီ၌ အချိန်ပိုများဆင်းကြရသဖြင့် အိမ်မှာတွေ့ဖြစ်ကြသည့်အကြိမ် အရေအတွက်နည်းလာခဲ့သည်။ဝိန်းရိဖန်သည်လည်း ဤအချိန်များအတွင်း အိပ်နေရင်း တစ်ကြိမ်သာ လမ်းထလျှောက်ပြီး နိုးလာသည့်အချိန်၌ စန်းရန်၏အိပ်ခန်းထဲ ရောက်နေကြောင်း သိလိုက်ရသည်။
ထိုနေ့က စန််းရန် အိမ်ပြန်နောက်ကျခဲ့၏။ ဝိန်းရိဖန် အိပ်ရာနိုးပြီး အခန်းထဲမှထွက်လာသည့်အချိန်တွင် စန်းရန်က ဆိုဖာပေါ်၌သာ တစ်ညလုံး အိပ်နေကြောင်းတွေ့လိုက်သည်။
ထိုအခိုက်အတန့်တွင်။
သူမသည် အခြားသူတစ်ယောက်နှင့် အိမ်ခန်းမျှနေရန် လုံးဝမသင့်လျော်ကြောင်း ဝိန်းရိဖန် ရှင်းရှင်းလင်းလင်းသဘောပေါက်လိုက်၏။ တတ်နိုင်သမျှ အိမ်အမြန်ပြောင်းပြီး တစ်ကိုယ်တည်းနေလို့ရမည့်အိမ်ခန်းရှာရန် တွေးမိလိုက်သည်။
လွန်ခဲ့သောလအနည်းငယ်မှစ ဝိန်းရိဖန်သည် အစမ်းခန့်ကာလကုန်လွန်ပြီး ပုံမှန်ဝန်ထမ်းတစ်ဦးအဖြစ် ပြောင်းသွားခဲ့ကာ လစာသည်လည်း ရေးရသည့်စာမူများအတိုင်း ခံစားခွင့်ရှိပြီဖြစ်သည်။သူမ၏တွက်ချက်မှုအရ အလုပ်ကိုကြိုးစားလုပ်နေသရွေ့ သူမ၏ဝင်ငွေသည် တစ်ယောက်နေအိမ်ခန်းငှားရန် ခက်ခဲတော့မည်မဟုတ်။
သို့သော်လည်း တကယ်တမ်း အိမ်ခန်းရှာတွေ့သည့်အချိန်တွင်တော့ စိတ်မဆုံးဖြတ်နိုင်တော့ပေ။
သူမ အမှန်တကယ်တွင်လည်း ပြောင်းမထွက်လာခဲ့ချင်။
ခံစားမိနေခဲ့သည်မှာ အကယ်၍ သူမသာ ပြောင်းသွားခဲ့လျှင် နှစ်ယောက်သားက အိမ်ခန်းမျှနေကြတော့မည်မဟုတ် ၊ နေ့တိုင်း မဖြစ်မနေမျက်နှာချင်းဆိုင်ရမည့်အခြေအနေမျိုးလည်း ရှိတော့မည်မဟုတ် ၊ သည့်ထက်အပြင် သူမနှင့်စန်းရန်ကြားတွင် နောက်ပိုင်းအဆက်အသွယ်ပြုရန်အကြောင်းပင် ရှိနိုင်တော့မည်မဟုတ်၏။
ဤကိစ္စမှာ မဖိတ်ခေါ်လည်း အနှေးနှင့်အမြန်ဖြစ်လာမည့် ကိစ္စတစ်ရပ်ဖြစ်ပါသော်ငြား ဝိန်းရိဖန်အနေဖြင့်တော့ အချိန်ဆွဲထားလိုစိတ်က မသိမသာဖြစ်တည်လာခဲ့ပြီး အိမ်ပြောင်းမည့်ကိစ္စနှင့်ပတ်သတ်၍ စန်းရန်အား ထပ်၍စကားမစမိတော့၏။
မျှော်လင့်ချက်တစ်ခုအဖြစ်လည်း...
ထိုခွဲခွာရမည့်တစ်နေ့ဟာ နှေးသထက်နှေးပါစေဟူ၍...
စက်တင်ဘာလလယ်သို့အရောက်တွင် ဝိန်းရိဖန် ဆေးရုံ၌အင်တာဗျူးတစ်ခုလုပ်ပြီးနောက် စိတ်ကျန်းမာရေးဆရာဝန်နှင့်ပြသရန် စာရင်းပေးသွင်းခဲ့သည်။ ဆရာဝန်၏တောင်းဆိုချက်အတိုင်း ကျန်းမာရေးဆေးစစ်ချက်များကိုလည်း ပြုလုပ်ခဲ့သည်။
ဝိန်းရိဖန်၏ အိပ်နေရင်းလမ်းထလျှောက်သည့်ရောဂါသည် မျိုးရိုးစဥ်ဆက်ပါလာသည့်ရောဂါမျိုးဖြစ်ကာ ယီဟဲမြို့၌နေစဥ်အတွင်းတွင်လည်း ကုသမှုမျိုးစုံ ခံယူခဲ့ပါသော်ငြား ထူးခြားမှုမရှိခဲ့ပေ။ထို့အပြင် သူမ၏အိပ်နေရင်းလမ်းထလျှောက်သည့်ရောဂါက မကြာခဏဖြစ်ခြင်းမျိုးမဟုတ်သဖြင့် တစ်ခါတစ်လေ ထထဖြစ်သည့်အပေါ်တွင်တော့ သူမအနေဖြင့် ဂရုစိုက်ရန်ပျင်းလွန်းလှ၏။
ဤတစ်ကြိမ်တွင်လည်း အတူတူပင်။
ဆရာဝန်က အိပ်ဆေးတစ်ချို့ပေးပြီး အိပ်ရေးဝဝအိပ်ရန် ၊ အစားအသောက်ကို ဂရုစိုက်ပြီးစားရန်သာ ညွှန်ကြားလိုက်သည်။
ဝိန်းရိဖန်က ကျေးဇူးတင်စကားပြီးနောက် ပထမအလွှာသို့ဆင်းလာ၍သောက်ဆေးယူပြီး ဆေးရုံထဲမှ အမြန်ပြန်ထွက်လာခဲ့၏။
အပြန်လမ်းတွင် ဝိန်းရိဖန်တစ်ယောက်တွေးကြည့်နေမိသည်မှာ သူမ၏အိပ်နေရင်းလမ်းထလျှောက်သည်က စန်းရန်နှင့်တစ်အိမ်တည်းနေပြီးကာမှ ပိုစိတ်လာသလိုပါပင်။သို့သော်လည်း အသေးစိတ်ပြန်တွက်ကြည့်လိုက်လျှင်တော့ အရေအတွက်မှာ မများပေ။သူမ သိသလောက်အရအိမ်ခန်းမျှငှားသည့်ကာလအတွင်း ငါးကြိမ်အောက်သာ ရှိခဲ့သည်။
တစ်ခုတည်းသောဖြစ်ရပ်က အိပ်နေရင်းလမ်းထလျှောက်သည့်အခါတိုင်း စန်းရန်နှင့်တည့်တည့်တိုးခြင်းပင်။
ဝိန်းရိဖန်သည်လည်း ကူကယ်ရာမဲ့ရသလို စိတ်လည်းပင်ပန်းရ၏။
အဘယ်ကြောင့် သူမထံ၌ အခုလိုရောဂါမျိုးရှိနေမှန်းမသိ။
တွေးကြည့်လေလေ လူကိုလန့်အောင်လုပ်စေနိုင်မှန်းသိပါသော်ငြား ဝိန်းရိဖန်မှာတော့ အိမ်မပြောင်းထွက်လာချင် ၊ သူမ လုပ်သင့်သောအရာကိုသာလုပ်ပေးမည်ဖြစ်၏။
ကျန်အရာများအတွက်တော့ သူမလည်း မတတ်နိုင်စွမ်း။
မသိမခံစားမိလိုက်ပါဘဲ အချိန်ကာလက အောက်တိုဘာလကုန်များဆီသို့ ရောက်လာခဲ့သည်။
အမျိုးသားနေ့အားလပ်ရက်ဖြစ်သောကြောင့် ဝိန်းရိဖန်က တရားဝင်ခွင့်သုံးရက်ရထားသည်။ ပိတ်ရက်တစ်ရက်ကို ကျုံးစစ်ချောင်နှင့် အပြင်ထွက်လည်ရန် ချိန်းထားပြီး နှစ်ယောက်သားကအထူးတလည်လုပ်စရာလည်းမရှိသဖြင့် သရေစာဆိုင်တစ်ခုရှာပြီး နေ့လည်ခင်းတစ်ခုလုံး အချိန်ကုန်ရန်ဆုံးဖြတ်ထားကြသည်။
စတွေ့သည့်အချိန်ကတည်းက အခုတလောကြုံတွေ့ဖြစ်ကြသည့်ကိစ္စများကို စကားစမြည်ပြောနေကြပြီး အချိန်တစ်ခုစာပြောလာပြီးနောက်တွင် ကျုံးစစ်ချောင်က ရုတ်တရက်စကားဆိုလာခဲ့၏။
"နင် အခုတလော စန်းရန်နဲ့ဘယ်လိုလဲ"
ဝိန်းရိဖန်က မထူးမခြားနားဖြင့်
"အမ်?"
ကျုံးစစ်ချောင် ;
"နင်တို့နှစ်ယောက်က တကယ်ပဲမဖြစ်နိုင်ကြတော့ဘူးလား"
"ဘာကိုလဲ?"
အဘယ်ကြောင့် ကျုံးစစ်ချောင်က ဤစကားကို အကြောင်းအရင်းမရှိစပြောလာမှန်း မသိပါသော်ငြား ဝိန်းရိဖန်က ခပ်ပြုံးပြုံးဖြင့်သာ ပြန်ဖြေလိုက်၏။
"ငါတို့နှစ်ယောက်က တစ်အိမ်ထဲငှားနေနေတယ်ဆိုပေမယ့် နှစ်ယောက်လုံး ကိုယ့်အလုပ်နဲ့ကိုယ်ရှုပ်နေကြတာ..အိမ်မှာတွေ့ဖြစ်ကြတဲ့အချိန်လည်း ရှားတယ်"
"ငါက ဒီတိုင်းမေးကြည့်ကြည့်တာ..အခုတလောလေ ရှန့်လန်နဲ့စုဟောက်အန်းတို့ အရမ်းတည့်နေကြတာ..ငါ သူ့ဆီကနေကြားလာတာတစ်ခုရှိတယ်..စန်းရန်က အခုတလော သူ့မိသားစုက စီစဥ်ပေးလာတဲ့ Blind Date ရှိတဲ့ပုံပဲ"
ဤစကားအား ပထမဆုံးကြားလိုက်ရသည့်အခါ ဝိန်းရိဖန် အနည်းငယ်လည်းမှင်သေသွားမိသလို ပြုံးလက်စနှုတ်ခမ်းပါးမှာလည်း တင်းခနဲဖြစ်သွားခဲ့၏။
"Blind Date?"
"အင်း..ကြည့်ရတာ စီစဥ်ပေးတာ သုံးလေးကြိမ်လောက်တောင်ရှိပြီထင်တယ်..အတော်လေးတော့ စိတ်ဝင်စားစရာကောင်းသား..သူ့အခြေအနေနဲ့ဆို ဘာကို Blind Date နေစရာလိုလို့လဲ?..ဒါပေမယ့်လည်း အရင်ကဆို ငါက နင်တို့ လက်မထပ်ရသေးတဲ့ယောက်ျားလေးနဲ့လက်မထပ်ရသေးတဲ့မိန်းကလေး နှစ်ယောက်လုံးကို အချင်းချင်းမေတ္တာမျှသွားလိမ့်မယ်လို့ တွေးထားခဲ့တာ..အချိန်တွေဒီလောက်ကြီးကြာခဲ့တောင် မီးပန်းကမပွင့်ဘူးဖြစ်နေတယ်ရယ်.."
ကျုံးစစ်ချောင်က ဆက်၍
"နောက်ဆုံးတော့လည်း အချိန်တွေဒီလောက်ကြာပြီး ဘာမှလည်းမဖြစ်ကြဘူး"
"...."
ဝိန်းရိဖန် မျက်လွှာကိုချထားရင်း နို့လက်ဖက်ရည်နှစ်ငုံ့ခန့်သောက်လိုက်၏။
"ဒါပေမယ့် စန်းရန်ရဲ့ဒေါသကြီးက အရမ်းဆိုးတာ..နင် ကပ်ဘေးဒုက္ခကနေလွတ်မြောက်သွားတယ်လို့မှတ်လိုက်.."
ဤစကားခေါင်းစဥ်က တစ်ခဏသာကြာလိုက်ပြီး ကျုံးစစ်ချောင်က အခြားလမ်းကြောင်းတစ်ခုသို့ပြောင်းသွားခဲ့ပြန်သည်။
"စကားမစပ် ဒါနဲ့လေ..အမျိုးသားနေ့တုန်းက ငါ ယောက်ျားလေးတစ်ယောက်နဲ့ ရင်းနှီးခဲ့သေးတယ်..ချောချက်ကတော့ လက်လန်နော်..ငါ အခုပြောင်းချိန်တော့မှာ"
ဘာတွေးနေမှန်းမသိသည့် ဝိန်းရိဖန်က ပြန်မဖြေ။
ကျုံးစစ်ချောင်က သူမအား လှမ်းခေါ်ကြည့်လိုက်၏။
"အစက်အစက်"
ဝိန်းရိဖန် ချက်ချင်းခေါင်းမော့ကြည့်လာ၍
"အမ်?"
ကျုံးစစ်ချောင် ;
"နင် ဘာတွေတွေးနေတာတုန်း..ဘာလို့ ငါ့ကိုအရေးမလုပ်တာလဲ..ငါ့ နတ်သားလေးကို ပြောင်းပစ်တော့မယ်လို့ ပြောနေတာတယ်လေ!"
"အို့"
ဝိန်းရိဖန်က ပြုံးပြလာရင်း
"အရင်တစ်ယောက်ကရော?"
"အရင်တစ်ယောက်က အရမ်းဆန်ကုန်မြေဆန်တယ်..သူ့ပုံစံက လှေနံငါးဖက်ခြောက်ဖက်လောက် နင်းတဲ့အမျိုးအစား..ငါနဲ့စကားပြောနေတဲ့တစ်ချိန်တည်းမှာပဲ နောက်ထပ် မိန်းကလေး သုံးလေးယောက်ကိုပါ တပြိုင်တည်းပြောနေသေးတာ..ဒီတစ်ခေါက်တော့ ငါ့အမြင်အာရုံတွေကို သေချာဖွင့်ပြီး လူအကဲခတ်ပြီပဲ"
Advertisement
ဝိန်းရိဖန် ခေါင်းငြိမ့်ပြလိုက်၏။
ကျုံးစစ်ချောင်က မေးဖျားကိုပွတ်လိုက်ရင်း စိတ်ပျက်လက်ပျက်ရှိသွားသည့်ဟန်ဖြင့်
"ဒါပေမယ့်ကွာ သူ့ဘက်ကရော ငါ့ကိုစိတ်ဝင်စားရဲ့လားဆိုတာတော့ ငါလည်းမသိသေးဘူး..အရင်ဆုံး တီးခေါက်စစ်ဆေးကြည့်ရဦးမယ်..ငါ့နှယ်..လိုက်ပိုးပမ်းရမှာ ပျင်းလိုက်တာ"
ဝိန်းရိဖန် ;
"ဘယ်လို တီးခေါက်စစ်ဆေးရတာလဲ?"
ဤစကားကြားလိုက်သည့်အခါ ကျုံးစစ်ချောင်က ခပ်ပြုံးပြုံးဖြစ်သွားခဲ့၍
"နင် flirt ဖူးလား"
"...."
"နင် ပြောစမ်း..နင့်ဒီမျက်နှာမျိုးရှိထားတော့ရော ဘယ်နေရာ အသုံးချတတ်လဲ?..ဒါက သက်သက်မဲ့မျက်နှာကိုရိုက်ချနေတာမဟုတ်ဘူးလား?"
ကျုံးစစ်ချောင်က ဆက်၍
"စကားပြောရင် မပြတ်မသားလုပ်တာမျိုးပြောတာကွာ..သူ စကားပြောနေတဲ့အချိန်မှာ နင့်ဘက်က လက်ခံပေးနိုင်သလိုလိုမျိုးလုပ်ရမယ်..နင့်ဘက်က သူ့အပေါ်ကို ဟိုလိုခံစားချက်မျိုးရှိကြောင်း ဖော်ပြလို့ရတယ် ဒါပေမယ့် အရမ်းမသိသာရဘူးဟာ"
အဲ့တော့ ပြောတာနဲ့မပြောတာနဲ့က အတူတူပဲမဟုတ်ဘူးလား???
ဝိန်းရိဖန် ;
"နင် ငါ့ကို ဥပမာတစ်ခုလောက်ပေးလို့ရလား"
"ဥပမာ?"
ကျုံးစစ်ချောင်က တလေးတနက်တွေးကြည့်နေရင်း
"အရင်ဆုံး စကားကို ဟိုဟိုဒီဒီ ပြောနေမယ်..နောက် စကားလမ်းကြောင်းက ပိုလေးနက်လာတဲ့အချိန်ကျမှ သူ့ကို ဘယ်ရာသီခွင်ဖွားလဲလို့ မေးကြည့်လိုက်မယ်ပေါ့..ပြီးကျရင် နင်က အဲ့ရာသီခွင်ဖွားကောင်လေးမျိုးကိုပဲ သဘောကျတာလို့ ပြောလိုက်တာမျိုးလေ"
ဝိန်းရိဖန် ကြောင်အမ်းသွား၍
"ဒါကြီးက သိသာလွန်းတယ်မလား"
ကျုံးစစ်ချောင်သည်လည်း ဆွံအသွားလျက်ဖြင့်
"ထားပါတော့..ငါလည်း အဲ့လောက်ကြီးမကျွမ်းဘူး"
"...."
"အိုင်း..ငါလည်း လူတွေကို အဲ့လောက်ထိမှ မ Flirt ဖူးထားတာ"
ကျုံးစစ်ချောင်က ဖုန်းကိုကောက်ယူပြီး ဓါတ်ပုံအယ်ဘမ်ထဲသို့ဝင်ကာ ဓါတ်ပုံအချို့ပြလာခဲ့၏။
"ငါ ရင်းနှီးလာတယ်ဆိုတာ ဒီတစ်ယောက်..ငါ့ထက် ၁နှစ်ကြီးတယ်..ပြီးတော့ အကျင့်စရိုက်ပုံစံတွေအားလုံးက ငါ သဘောကျတယ်"
ဝိန်းရိဖန်က ဖုန်းမျက်နှာပြင်အား တစ်ချက်လှမ်းကြည့်လိုက်သည်။
ယောက်ျားလေး၏ရုပ်ရည်သွင်ပြင်က ခန့်ညားရဲရင့်ပြီး အပြုံးများက နွေးထွေးနူးညံ့သည့်ဟန်မျိုးဖြစ်သည်။
ကျုံးစစ်ချောင်က ဖုန်းကိုတဖန်ပြန်ကြည့်ရင်း ညည်းတွားလိုက်၍
"ထားလိုက်တော့ကွာ..သူ့ဘက်က ငါ့အပေါ် ဘာခံစားချက်မှမရှိရင်တောင် ငါကတော့ လိုက်ပိုးပမ်းကြည့်မှာပဲ..မဟုတ်ရင် ငါပဲ နောင်တရနေရလိမ့်မယ်"
ဤစကားကြားလိုက်သည့်အခါ အအေးခွက်ကိုမွှေနေသည့်ဝိန်းရိဖန်၏လက်များ တုံ့ခနဲရပ်သွားခဲ့တော့၏။
"သူ့ပုံစံက သေချာပေါက် ရေပန်းစားမယ့်ပုံပဲ"
ကျုံးစစ်ချောင်က ယုံကြည်မှုအပြည့်ဖြင့်
"ဒါပေမယ့် ငါကလည်း သူ့ကို လိုက်ပိုးပမ်းမယ့်သူတွေထဲမှာမှ အချောဆုံးကောင်မလေးဖြစ်မှာအသေချာပဲ..တကယ်လို့ ငါ သူ့ကိုမလိုက်ရင် အခြားသူက လိုက်ပိုးပမ်းပြီးရသွားလိမ့်မယ်..အဲ့တော့ ငါမရှုံးဘူးလား"
------
တွေ့ဆုံခြင်းအမှုအပြီး ဝိန်းရိဖန် အိမ်ပြန်ရောက်သည့်အခါ မိုးစုန်းစုန်းချုပ်နေလေပြီ။
အားလပ်ရက်ဖြစ်သည့်အတွက် စန်းရန်လည်း အိမ်ထဲ၌ရှိနေလေသည်။ သူမပြန်ရောက်လာသည့်အချိန်တွင် သူက ဖုန်းပြောနေခြင်းဖြစ်ပြီး သူ့ပုံစံက အနည်းငယ်ခေါင်းကိုက်နေပုံရကာ သူ့စိတ်မရှည်မှုများကိုထိန်းနေရသည့်ပုံစံမျိုးဖြစ်သည်။
"ထပ်ပြီး လာပြန်ပြီ?"
"...."
သူမ ပြန်လာသည်ကိုမြင်လိုက်သည့်အခါ စန်းရန်က တစ်ချက်လှမ်းကြည့်လာ၏။
ဝိန်းရိဖန်က အိမ်နေရင်းဖိနပ်ပါးကိုလှဲစီးပြီးနောက် မီးဖိုချောင်ထဲ ဝင်လာခဲ့သည်။ အနောက်ဘက်ဆီမှ စန်းရန်၏အသံကို ကြားနေရဆဲဖြစ်ကာ
"မဟုတ်သေးဘူးလေ..မား..ဘာလို့ ဒေါသတွေထွက်နေရတာလဲ?"
"ကျွန်တော့်ကိုနေ့တစ်ဝက်လောက်စောင့်နေတယ်ဆိုတာက ဘာစကားကြီးလဲ?..ကျွန်တော် ဘယ်တုန်းက လက်ခံခဲ့လို့လဲ?"
"ဟုတ်ပြီ ဟုတ်ပြီ ဟုတ်ပြီ..အားမှပဲ ဆက်ပြောတော့မယ်"
"မသိဘူး..ကျွန်တော် ကြည့်ကြည့်လိုက်ဦးမယ်"
"ဖုန်းချပြီ"
ချက်ချင်းဆိုသလို ဧည့်ခန်းတစ်ခုလုံး တိတ်ဆိတ်သွားခဲ့တော့၏။
ဝိန်းရိဖန်က ရေခဲသေတ္တာထဲမှ ဒိန်ချဥ်တစ်ဘူးကိုထုတ်ပြီး ပိုက်ဖြင့်ထိုးဖောက်ကာ သောက်နေလိုက်သည်။ မီးဖိုချောင်ထဲ၌သာ အတွေးများပြီး မတ်တပ်ရပ်နေခဲ့ကာ ဧည့်ခန်းထဲသို့လည်းထွက်မလာလို အိပ်ခန်းထဲသို့လည်း ချက်ချင်းမဝင်သေး။
ဤဖုန်းခေါ်မှုက သူ့ Blind Dateကိစ္စပင်ဖြစ်လိမ့်မည်။ စန်းရန်နှင့်မိန်းကလေးတစ်ဦး ထိုင်ပြီးစကားပြောနေကြမည့်မြင်ကွင်းအား ပုံဖော်ကြည့်မိလိုက်သည့်အခါ ဝိန်းရိဖန်၏မျက်လွှာများ အောက်သို့စိုက်ကျလာပြီး နှုတ်ခမ်းပါးသည်လည်း တဖြည်းဖြည်းတင်းရင်းလာမိကာ အကြောင်းပြချက်မရှိဘဲစိတ်ရှုပ်လာတော့သည်။
ဒိန်ချဥ်သောက်ပြီးသွားသည်အထိ မီးဖိုချောင်ထဲ တစ်ခဏကြာကြာရပ်နေခဲ့ပြီးမှ ဧည့်ခန်းထဲ ထွက်လာခဲ့လိုက်၏။
စန်းရန်က ဖုန်းကစားနေပြီး အသာအယာပင့်ကြည့်လာ၍
"မင်းရဲ့ ဟိုငယ်ချစ်လေးနဲ့ ချိန်းတွေ့လာတာလား?"
"အမ်?..ငါ ရှန့်လန်နဲ့အပြင်သွားတာမဟုတ်ဘူး"
"အို့"
ဝိန်းရိဖန်သည် Blind date သွားခဲ့သည့်အကြောင်းနှင့်ပတ်သတ်၍မေးမြန်းကြည့်ချင်သော်လည်း သူမမှာ မေးပိုင်ခွင့်ရှိသည့်နေရာမျိုးတွင်မဟုတ် ၊ ဆိုဖာပေါ်၌ထိုင်လိုက်ရင်း သူမ၏အတွေးများထဲ ရုတ်တရက်ကြီးစိုးလာခဲ့သည်မှာ ကျုံးစစ်ချောင်ပြောသည့် 'နောင်တ' အကြောင်းပင်။
နေရာတိုင်းက မအေးချမ်းနိုင်ဖြစ်လာရတော့ကာ...
ကျုံးစစ်ချောင်နှင့်ပြောထားခဲ့သည့်စကားများက ဝိန်းရိဖန်၏စိတ်ထဲ ဖြတ်ခနဲပေါ်လာလေတော့သည်။
---'အရင်ဆုံး တီးခေါက်စစ်ဆေးကြည့်"
---'အရင်ဆုံး ဟိုဟိုဒီဒီစကားစပြောကြည့်"
ဝိန်းရိဖန်က အသေအချာတွေးကြည့်ပြီးနောက် စန်းရန်အား တဖန်ထပ်၍လှမ်းကြည့်လိုက်၏။
စန်းရန်က ဆိုဖာပေါ်ကိုယ်တစ်ဝက်မှီချထားပြီး အင်္ကျီလက်တိုခပ်ပွပွကိုဝတ်ထားကာ ညှပ်ရိုးနေရာမှာ သိသိသာသာကိုလှစ်ဟနေသေးသည်။ သူ့နာမည်အား လှမ်းမခေါ်လိုက်ခင် ချိတုံချတုံဖြစ်နေသေး၍
"စန်းရန်"
"ဟမ်"
"နင် အခုတလော မျှသုံးရမယ့်နေရာတွေမှာ ဝတ်စားထားတာက နည်းနည်း..."
ဝိန်းရိဖန်က စကားခေါင်းစဥ်တစ်ခုရရန် အတင်းဖျစ်ညှစ်ထုတ်ပြီး
"ဟိုပေါ်ဒီပေါ်ဖြစ်နေသလားလို့"
"ဘယ်လို?..မင်း တအားကိုတွေးမြင်တတ်တာနော်"
စန်းရန်က တစ်ချက်လှမ်းကြည့်လာကာ ပျင်းတိပျင်းရွဲဖြင့်
"မင်း စိတ်မထိန်းနိုင်မှာ ကြောက်လို့လား?"
"...."
"နည်းနည်းလေးတောင် မထိန်းထားနိုင်တော့တာလား?..ကိုယ့်ရဲ့ဒီမျက်နှာက လူကို ပြစ်မှုကျူးလွန်မိအောင်ထိဆွဲဆောင်နိုင်မှန်း ကိုယ်လည်း သိပါတယ်"
Advertisement
စန်းရန်က အကြည့်များကိုတည်တည်ငြိမ်ငြိမ်ဖြင့်ပြန်လွှဲသွားခဲ့ပြီး ထုံးစံအတိုင်း အထက်မှမဆင်းလာသည့်လေသံဖြင့်
"ဒါပေမယ့် အားလုံးက အသက်ပြည့်ပြီးသားလူတွေပဲ ဖြစ်နေပြီ..နည်းနည်းပါးပါးတော့ ထိန်းသိမ်းဆုံးဖြတ်တတ်တဲ့စိတ်ရှိမှာပါ ဟုတ်တယ်မလား"
ဝိန်းရိဖန်က နှစ်စက္ကန့်တိတိအသံတိတ်နေခဲ့ပြီးမှ ခပ်တိုးတိုးဖျဖျလေသံလေးဖြင့်
"တကယ်မရှိတော့ဘူး"
ဤတုံ့ပြန်မှုက အနည်းငယ်အံ့သြသွားစေမည်မှာ မမှားပေ။
စန်းရန်က မျက်လုံးပင့်ပြီး သူမအား နောက်တစ်ကြိမ်လှမ်းကြည့်လာခဲ့၏။
"နင် အဝတ်အစားကို သေသေချာချာဝတ်..မဟုတ်ရင်..."
ဝိန်းရိဖန်၏စိတ်ထဲတွင် 'မပြတ်မသားစကားလုံးများ' တန်းစီပေါ်လာတော့ကာ ထိုထဲမှာမှ အသင့်တော်ဆုံးစကားတစ်ခွန်းကိုရွေးထုတ်လိုက်ပြီး တလေးတနက်ဖြင့်
"ငါ ပြစ်မှုကျူးလွန်မိသွားမှာကို ကြောက်လို့"
"...."
ဤစကားများ လွှတ်ထွက်လာသည့်အခါ စန်းရန်၏မျက်ခုံးတို့ပင့်မြှောက်ကုန်ပြီး ဖုန်းကစားနေသည့်လက်ချောင်းများမှာလည်း ရပ်တန့်သွားခဲ့တော့၏။
လေထုမှာ အငွေ့မှသည် အစိုင်အခဲအဖြစ် ပြောင်းသွားသည့်အလား။
ဝိန်းရိဖန် ချက်ချင်းသိလိုက်ပါ၏။ သူမ၏စကားများက ကျုံးစစ်ချောင်ပေးသည့်ဥပမာထက်ပင် ပို၍တည့်တိုးဆန်နေပါကြောင်း။ စန်းရန်၏မျက်ဝန်းနက်နက်များကို စိုက်ကြည့်နေမိပြီးနောက်တွင်တော့ ခပ်တည်တည်ပင် အကြည့်ပြန်လွှဲလိုက်၏။
အခြေအနေမှာ သူတို့နှစ်ဦး 'Overtime' ဘား၌ ပထမဆုံးစတွေ့သည့်အကြိမ်ကနှင့်ပင် တစ်နေရာရာ ဆင်တူနေပါတော့သည်။ သို့သော် ထိုအကြိမ်တုန်းက ဝိန်းရိဖန်အတွေးထဲတွင် စန်းရန်က သူမအား မမှတ်မိနိုင်လောက်မည်ဟုယူဆမိထားကာ အခြေအနေမှာလည်း ရှင်းပြရခက်နေသည့်အခြေအနေမျိုးတွင်ဖြစ်နေသောကြောင့် ရေကရားကိုတိုက်ရိုက်ခွဲချသည့်အတိုင်း နောက်တစ်ကြိမ်ပြန်မတွေ့ကြတော့မည့်စိတ်ဖြင့် --'ဟုတ်လား..ဒီလိုဆိုရင်တော့ နှမြောစရာကောင်းလိုက်တာ' ဆိုသည့်စကားမျိုးကို ပြောခဲ့ပါသေးသည်။
ဤတစ်ကြိမ်တွင်တော့ နှစ်ယောက်စလုံးဟာ အသိစိတ်များကြည်ကြည်လင်လင်ကပ်နေသည့်အနေအထားကြီးဖြစ်ကာ။
ကာကွယ်ဖုံးဖိစရာ ဘာမှမရှိ။
သူမ ပြုလိုက်မိသည့်စမ်းသပ်ချက်က အောင်မြင်လား ကျရှုံးလားပင်မသိ ၊ ဝိန်းရိဖန်က ဤအဆင့်နှင့်ပင် ရပ်လိုက်သင့်ကြောင်းကိုတော့ နားလည်လိုက်၏။ မတ်တပ်ထရပ်ကာ အလျင်းသင့်သလိုပုံစံမျိုးဖြင့်
"နောက်ဆိုရင် နင် ပိုပြီးသတိထားပေးပါ..ငါ အရင်ဆုံးသွားနားတော့မယ်"
သုံးလေးလှမ်းလှမ်းပြီးနောက်။
အနောက်ဘက်ဆီမှ စန်းရန်၏အသံထွက်လာခဲ့၏။
"ခဏလေး"
ဝိန်းရိဖန် နှုတ်ခမ်းကိုတင်းတင်းစေ့ထားကာ ခံစားချက်များကိုထိန်းညှိပြီး နောက်လှည့်ကြည့်လိုက်သည်။
"နားထောင်ရအောင်လို့ ပြောကြည့်ပါဦး..."
စန်းရန်က သူမ၏မျက်ဝန်းများကို တည့်တည့်စိုက်ပြီး ခပ်မတ်မတ်ထိုင်လိုက်ကာ တလေးတနက်အသံနေအသံထားမျိုးဖြင့်
"မင်းက ဘာပြစ်မှုကျူးလွန်မိမှာကို ကြောက်တာလဲ"
"...."
ဝိန်းရိဖန် သတ္တိရှိရှိဖြင့်ရင်ဆိုင်လိုက်၏။
"ငါက ဒီတိုင်း နင်ပြောတဲ့စကားနောက်ကို လိုက်ပြောရုံပဲလေ"
စကား၏ဆိုလိုရင်းမှာ--
ငါလည်း နင်ဆိုလိုချင်တဲ့ပြစ်မှုကို ဆိုလိုတာပဲလေ...
"အို့"
စန်းရန်က နားလည်သွားသည့်ဟန်ဖြင့်
"မင်းက ကိုယ့်ကိုနမ်း..."
"...."
နမ်း?
ဝိန်းရိဖန်၏မျက်လုံးထဲ သဘာဝမကျတော့သည့်ပုံရိပ်များတစ်ခဏ ဖြတ်ပြေးသွားပါတော့၏။ သူမအနေဖြင့် ဤမျှအရှည်ကြီးအကျယ်ချဲ့မထားမိ ၊ စန်းရန်ပြောလိုက်သည့်စကားများကိုသုံးလိုက်ခြင်းကြောင့် စန်းရန်မှ သူမအပေါ် စကားပြန်ပြောလာမည့်ပုံစံကို ကြည့်ကြည့်ချင်ရုံသာဖြစ်သည်။
သူမ ငြင်းဆန်တော့မည်အပြုတွင်။
စန်းရန်၏အဆုံးသတ်ရန်ကျန်နေသေးသည့်စကားများကို ကြားလိုက်ရပါတော့၏။
"ကိုယ့်ကို အတင်းအကြပ်လုပ်ချင်တာပေါ့"
"...."
အို့။
နမ်းချင်တာမဟုတ်ဘဲ ထိပါးကျူးကျော်ချင်တာ..
မင်းက ကိုယ့်ကို ထိပါးကျူးကျော်ချင်နေတာ..
ဝိန်းရိဖန် ; "...."
ကျောက်တုံးကြီးသဖွယ်လေးလံလွန်းလှသည့် အိုးကြီးတစ်လုံးက သူမအား ရုတ်တရက်ဖိချလိုက်သလိုပါပင်။
ဝိန်းရိဖန်က ကြောင်အနေရင်း စိတ်ထဲမှနေ၍လည်း သူမဆိုလိုချင်သည့်ပြစ်မှုက ဤလောက်ထိမပြင်းထန်ကြောင်း ရှင်းပြချင်သည့်စကားလုံးများကိုလည်း တသီတသန်းစဥ်းစားနေမိသည်။
သူမ မစဥ်းစားမိခင်။
နောက်တစ်စက္ကန့်တွင်။
စန်းရန်က ရုတ်တရက် ဖုန်းကိုဘေးသို့ပစ်ချလိုက်ပြီး ဆိုဖာနောက်သို့ မှီထိုင်ပစ်လိုက်၏။ ခေါင်းကိုမော့လာပြီး သူမအား စူးစူးစိုက်စိုက်ကြည့်လျက်။ အနက်ရောင်ဆံပင်ပျော့များက နဖူးထက်ဝဲကျနေကာ မျက်ဝန်းနက်များထဲတွင် ဧည့်ခန်းထဲမှမီးရောင်များ အရောင်ပြန်လျက်ရှိသည်။ စိန်ခေါ်လိုက်ခြင်းနှင့်လည်းတူသလို ဗြောင်ကျကျ မြှူဆွယ်နေခြင်းနှင့်လည်း တူနေပါသေးသည်။
"လုပ်ရဲရင် လာခဲ့လေ"
------
အိပ်ခန်းထဲသို့ ပြန်ရောက်ပြီးလျှင်။
အခန်းတံခါးကိုပိတ် ၊ ဝိန်းရိဖန်က တံခါးအား ကပ်လျက်မှီထားရင်း သက်ပြင်းတစ်ချက်ချလိုက်မိ၏။ အသက်ရှူနှုန်းများငြိမ်သက်တည်ငြိမ်သွားကာမှ ရေချိုးခန်းထဲဝင်ကာ မျက်နှာသစ်လိုက်လျှင် တဒိတ်ဒိတ်ခုန်နေသည့်နှလုံးခုန်သံများအား အတိုင်းသားကြားနေရတော့သည်။
အတော်ကြာသည်အထိ ငြိမ်ကျမသွားနိုင်ခဲ့ပေ။
ဝိန်းရိဖန်က ရေပိုက်ခေါင်းကိုပိတ် ၊ မျက်နှာအား တစ်သျှူးဖြင့်သုတ်ကာ မှန်ထဲစိုက်ကြည့်နေမိလိုက်၏။ စန်းရန်နောက်ဆုံးပြောသွားသည့်စကားလုံးများက ဦးနှောက်ထဲ ကပ်ညှိနေသည့်အလား ဘယ်လိုပင်ခွာချခွာချ ကွာကျမသွားနိုင်ခဲ့ချေ။
--'လုပ်ရဲရင် လာခဲ့လေ'
သူမ ဘယ်ကနေဘယ်လို လုပ်ရဲပါ့မလဲ...
သူမ ဘယ်ကနေဘယ်လို မိုးလောက်ကြီးတဲ့သတ္တိမျိုးရှိပါ့မလဲ..
ဤအကြောင်းကိုစဥ်းစားမိပြီးနောက် ဝိန်းရိဖန် နောက်တစ်ကြိမ် မျက်နှာထပ်သစ်မိကာ သူမ၏အသိစိတ်များကို ပြန်လည်ဖော််ဆောင်ဖို့ရာ ကြိုးစားပါတော့၏။
ဝိန်းရိဖန် မှတ်မိပါသေးသည် ၊ 'ငါက အဲ့လိုအဓိပ္ပါယ်မျိုးဆိုလိုတာမဟုတ်ဘူး' ဆိုသည့်ဝါကျတစ်ကြောင်းကိုသာ အားတင်း၍ပြောဆိုမိခဲ့ပြီး ထို့နောက်တွင်တော့ တစ်လှမ်းမျှမရပ်ပါတော့ဘဲ အိပ်ခန်းထဲ ဝင်လာပါတော့၏။ လွန်ခဲ့သည့်မိနစ်ပိုင်းလေးတွင်မှ ဖြစ်သွားသည့်ကိစ္စဆိုပါသည့်တိုင် သူမအနေဖြင့် ဤတစ်ကြိမ်တွင် ဘယ်လိုများကိုယ့်ကိုကိုယ် မတုန်မလှုပ်ထိန်းချုပ်ထားခဲ့သည့်အကြောင်းကိုတော့ သိပင်မသိပါတော့ပေ။
ကြည့်ရသည်မှာ တည်ငြိမ်နေသည်နှင့်လည်း တူလွန်းလှသလို..
အဝေးသို့ထွက်ပြေးနေခြင်းနှင့်လည်း တူလွန်းလှ၏။
ဝိန်းရိဖန် သက်ပြင်းကြီးကြီးချမိရင်း သူမ၏အမူအရာများက စိတ်လိုက်မာန်ပါဖြစ်သွားသလားပင် မဝေခွဲတတ်တော့၏။
ကျုံးစစ်ချောင်နှင့်တွေ့ပြီး ပြန်လာသည့်လမ်းတစ်လျှောက်လုံးတွင်လည်း ဝိန်းရိဖန်က စန်းရန်၏ Blind Date အကြောင်းကိုသာ တွေးနေခဲ့သည်။ ဟုတ်ပါ၏ ၊ သူမနှင့်ဘာမှမသက်ဆိုင်သောကိစ္စ ၊ စန်းရန်၏ သူ့အကြောင်းသာဖြစ်သည့် ကိစ္စပင်။
သူ့မိသားစုအမြင်တွင် သူဟာ သင့်တော်သည့်အရွယ်တစ်ခုရောက်နေပြီဖြစ်သည့်အတွက် လက်တွဲဖော်တစ်ယောက် စီစဥ်ရှာဖွေပေးသည်မှာ လွန်စွာကျိုးကြောင်းသင့်လှပါသည်။ သူမအနေဖြင့် အရင်ကအတိုင်း နားထောင်ပေး၍သာ ပြီးသွားသင့်သည့်ဖြစ်ပြီး မေးကြည့်နေစရာအကြောင်းလည်းမရှိသလို ဝင်ရောက်စွက်ဖက်နေဖို့ရာလည်း မသင့်။
သို့သည့်တိုင်အောင် ယနေ့ညတွင် အဘယ်ကြောင့်မှန်းသေချာမသိပါဘဲ သူမ၏အမူအကျင့်များဟာ အတော်လေးကို ထိန်းချုပ်မှုကင်းမဲ့နေကြောင်း သိရှိိလိုက်ရပါတော့၏။
ဤလုပ်ရပ်ဟာ မကောင်းသည့်အကြောင်း အမြဲတမ်းခံစားသိရှိနေသည့်အတိုင်း ကျူးလွန်လိုက်ဖို့ရာလည်းမသင့်ပါပေ။ လုပ်ရပ်လေးတစ်ခုကြောင့်ဖြင့် လုံခြုံနေသည့်အကွာအဝေးလေးတစ်ခုကို ချိုးဖောက်ပစ်နိုင်သည်မဟုတ်လား။ သူမပြောလိုက်သည့် စကားတစ်ခွန်း လုပ်ရပ်တစ်ခု ၊ ဖော်ပြမိသည့်ခံစားချက်တစ်ခုချင်းစီတိုင်းသည် အားလုံးနီးပါး ဆီလျော်နေမည်မှာ ပို၍ပင်မဖြစ်နိုင်ပါချေ။
သူမတွင်လည်း ခံစားချက်ဟူ၍ရှိသည်။
မမျှော်မှန်းထားရဲသော စိတ်ဆန္ဒများလည်း ရှိပါသည်။
သူမသည်လည်း သူ့အနားသို့ အနည်းလေးမျှဖြစ်ဖြစ် နီးကပ်သွားကြည့်ချင်ပါသေး၏။
ထို့အပြင် အကွာအဝေးဟာ သိပ်ခြားနားလွန်းနေမည်ကိုလည်း ကြောက်မိပါသေးသည်။
စန်းရန်၏မိသားစုအခြေအနေမှာ ကောင်းမွန်လှပြီး ပြည့်စုံသည့်ဘဝမျိုးကိုပိုင်ဆိုင်ထားရသည်။ အသက်ငယ်ငယ်ဖြင့် ဘားတစ်ခုကိုဖွင့်ထားနိုင်ပြီး လက်ရှိတွင် အသက်တူရွယ်တူများထက်သာသည့် အလုပ်အကိုင်မျိုးပါ ရှိထားသည်။ သူလုပ်ချင်သည့်ကိစ္စရပ်တိုင်းကို အခက်အခဲမရှိ လွယ်လွယ်ကူကူကျော်ဖြတ်လုပ်ဆောင်နိုင်ပြီး မည်သည့်အဆင်မပြေမှုမျိုးကိုမှ တွေ့ကြုံရမည်မဟုတ်၏။
မွေးဖွားလာရသည့်အခြေအနေက သာလွန်သည်ထက်မြင့်မားနေခဲ့ပြီး အထက်စီးဆန်သည့်မာနများဟာလည်း တလူလူလွင့်ထားသည့်အနေအထားပင်။
သူမ၏အခြေအနေမျိုးနှင့် လုံးလုံးလျားလျားမတူပါပေ။
ဝိန်းရိဖန်အနေဖြင့် သူမ၏ရုပ်ရည်နှင့်ပတ်သတ်ပြီးများများစားစားယုံကြည်ထားခြင်းမျိုးမရှိ ၊ သို့သော် အခြားသူများ၏ပြောစကားအရ သူမသည် အမှန်တကယ်ကိုကြည့်၍ကောင်းလွန်းသူတစ်ယောက်ဖြစ်သည်။ သို့သည်တိုင်အောင် ရုပ်ရည်ရူပကာဟာ အလွန်ကိုမှအခွင့်ထူးခံရထားသည့်ကောင်းကျိုးတစ်ပါးဟူ၍ မတွေးခေါ်မယူဆထား။
ဘယ်လိုပင်ဖြစ်စေ ကြည့်၍ကောင်းသောသူများမှာ အများအပြားပင် မဟုတ်လား။
အတည်တကျရှိသည့်အလုပ်တစ်ခုကလွဲလျှင် ဝိန်းရိဖန်ထံ၌ ဘာဆိုဘာမှမရှိဘဲ နေ့ရက်တိုင်းကို ခြိုးခြံချွေတာပြီးဖြတ်သန်းခဲ့ရသည်။ တစ်ခုတည်းသော ချီးမွန်းစရာကောင်းသည့်ကျွမ်းကျင်မှုဖြစ်သည့် အက,ပညာမှာလည်း လွန်ခဲ့ပြီးသောကာလများကတည်းက စွန့်လွှတ်ထားခဲ့ပြီဖြစ်ရာ ထားရာနေ စေရာသွားနေသည့် အလယ်အလတ်ဇာတ်ရုပ်ကြီးကပင် ပျင်းစရာကောင်းလွန်းနေခဲ့၏။
ဝိန်းရိဖန်အတွက်တော့ သူမလိုလူအား အခြားသူတစ်ယောက်က နှစ်ပေါင်းများစွာကြာအောင်မေ့မရဖြစ်နေဖို့ရာ မထိုက်တန်သည့်သူဟုပင် ခံယူထားနှင့်ပြီးဖြစ်သည်။
စန်းရန်က လက်ရှိအချိန်တွင် သူမအား အခြားသူတွေနှင့်မတူညီအောင် ဘယ်လိုများထူးခြားစွာ ဆက်ဆံပေးနေခဲ့သည်ကိုလည်း သူမ မသိ။
Advertisement
- In Serial1203 Chapters
The Days Of Being In A Fake Marriage With The CEO
No one is optimistic about the marriage between the most respectable man in Yun Cheng and the most disfavored daughter of the Mu family.
8 1386 - In Serial50 Chapters
The Billionaire's Personal Shopper
Nina Merigold found her calling. She loves her job as Mr. Blackwood's personal shopper. As his personal shopper, she gets to know all his secrets. She gets a glimpse of his life no one else does and it excites her.Jacob Blackwood gets bored with the women he's dating easily. No one holds his interest. He is searching for the one who gets his heart racing. Then one night at a party he is certain he finally found the one. Yet she is so eager to run away from him. Is that why she intrigues him?
8 211 - In Serial45 Chapters
The Deal
COVER MADE BY Lakshminambiar --------------------Blair Sherwin, twenty-five-year-old from Los Angeles works for a cosmetic's company. She comes from a wealthy family, is spoiled, and gets what she wants. What she wants is to own and run her own company and when the cosmetic company goes up for sale she decided to buy it. The problem is the present owner is a devoted family man and will only sell to someone who is married and in a loving relationship. Blair is willing to do whatever it takes to get her hands on the company, even if it means getting married. She comes up with a plan to find someone who will agree to be a temporary husband. She has the perfect man in mind, someone she knew from high school, Austin Cooke. He used to follow her around like a puppy dog, knowing he had a crush on her she could get him to do anything back then and suspected she still could. Back then he was one of those nerds, a straight A student and not much to look at. He was her best shot so she looked him up. Blair was in for a big surprise when she tracked him down, he had changed and she was going to find herself in deep water, her smarts and beauty will prove to be no match for Austin.
8 198 - In Serial6 Chapters
Ghosts Over the Forest
Anya is bored and lonely. Her friends have gone away to summer camp and she is left alone in her tiny forest village. When she meets Gabriel, the boy whose family has moved in next door, it seems that she has made a new friend. But all is not well in the village. Disciple Phobia, (pictured on the cover) an exceptionally evil spirit and a villain from one of my dystopian universes, manages to break through into Anya's world and her nefarious agenda of universal destruction threatens everyone. Can Anya and Gabriel race against time to defeat Phobia? For time is running out and if they fail, it's the end of everything. And Anya is not all she seems. Gabriel may suspect more about her than she knows about herself, but he isn't telling her. Why not? This story is set in a parallel universe with less advanced technology than our own, in a forest that is meant to resemble old rural Saxony. Notice the way Anya talks, she sometimes addresses people as "Dear (insert their name)" Other slang will be explained at the end of each chapter.
8 192 - In Serial57 Chapters
Mr. Write [COMPLETED]
"This book is therapy!" - Abbieking86"I want to shoot my left knee cap," Elliot said. "A natural response. Is it because you favor your right?" Tristan asked."No, not particularly," she replied. "So the issue is...?" "I found the most amazing writer." "Damn! I hate when that happens," Tristan said. Is it better to write well, or to be well known? Elliot McKenzie is a prolific YA writer. Having published four books by the time she left high school, she is ready to branch out. For her fifth novel, she decided to use dual point of views. Wanting the male point of view to ring true, she needs a co-author. In her search for a co-author, she encounters Beck Daniels, a cocky introvert with the habit of speaking his mind. After their first meeting, Beck is the last person Elliot wants to work with. That is, until she reads his writing. As they begin to write together, Beck challenges Elliot's formulaic and clichéd writing, while Elliot calls out Beck's self-sabotage and procrastination. Mix in a crazy family, her sister's wedding and a publishing deadline; and Elliot might discover she has more of a voice than she thought."This story!! Seriously, I'm already hooked! It's so refreshing to read something that's not cliche and the typical highschool romance..." - thequ4rterric4n"This book just keeeps getting better!! XD!" - Eternal_Vagabond"eeeeeeeehhhhhhhhhhhh i love love love love lovethis book" - Sct12000"Man I love this book, I can't get enough of their personality. All of them are so unique I love it!" - jrod567"I love this book so much!!" - bluedrop77"Love it, love it, love it.... LOVE THIS BOOK SOOOO FUDGING MUCH!!! ❤❤❤❤" - BinkaBrummer"I'm sure m gonna die by the end of this book and there will be a permanent grin on my face!!!!!!" - ItsRoshu [Wattpad Featured Story] 2019 Fiction Awards winner for Best Humor#24 in Humor #18 in Teen Fiction Started December 2016 Completed June 30, 2017
8 116 - In Serial25 Chapters
Lipstick
Kat and Josie have been thick as thieves since middle school. They've made a name for themselves as two of the most popular girls at school. Their lives have all the perks and drawbacks of being the popular kids in school. When local bad boy Carson Bowers comes back to school and Kat takes a liking to him Josie is forced to face some hard truths about herself. How will Kat react to those truths?
8 212

