《First Frost (Myanmar Translation)》Chapter 45
Advertisement
ဝါကျတစ်ကြောင်းစာ စကားလုံးများ ကြားလိုက်ရပြီးသည့်အခါ ဝိန်းရိဖန်တစ်ယောက် မလှုပ်မယှက်ဖြင့် မှင်သေသွားမိတော့သည်။ တွေးကြည့်နေရင်း မနေ့ညကပို့ထားသည့် အသံမက်ဆေ့ကိုလည်း မတော်တဆနှိပ်ကြည့်မိလိုက်သေးကာ မျက်တောင်များ လှုပ်လှုပ်ရှားရှားဖြစ်လာပြီး လက်ချောင်းထိပ်များက တဖန်အောက်သို့ ပွတ်ဆွဲလာခဲ့သည်။
ဝိန်းရိဖန်၏အိပ်ချင်စိတ်တို့ ကြည်လင်လာခဲ့ကာ နောက်ဆုံးပို့လာသည့် အသံမက်ဆေ့အား နောက်တစ်ကြိမ်ဖွင့်ကြည့်လိုက်သည်။
တူညီသည့်လုပ်ရပ်တစ်ခုတည်းအား ထပ်ကာထပ်ကာပြုလုပ်နေရင်းက...
ခန့်မှန်းချက်တစ်ခု ပေါ်လာလေတော့သည်။ ဝိန်းရိဖန် မျက်မှောင်ကျုံ့မိထားပြီး အပေါ်သို့ ပြန်ပွတ်ဆွဲသွားကာ အပေါ်ဘက်မှအသံမက်ဆေ့တစ်ချို့ကို ဆက်တိုက်ပြန်နားထောင်လာသည်မှာ 'နောက်ထပ် ၆၉ရက် လိုသေးတယ် ' အထိ။
၆၈ , ၆၉
အို့။
နံပါတ်များ မတူညီတော့ပေ။
ဝိန်းရိဖန်က 'ကောင်းပြီ' ဆိုသည့်စကားတစ်ခွန်း ပြန်စာပို့တော့မည့်ဆဲဆဲ ၊ စာရိုက်နေသည့်အခိုက်အတန့်တွင် အသိစိတ်ပြန်ဝင်လာခဲ့ကာ မျက်တောင်များ ပုတ်ခတ်ပုတ်ခတ်လုပ်မိရင်း ဖုန်းမျက်နှာပြင်ကြီးအား စူးစိုက်ကြည့်မိနေတော့သည်။
အရှေ့တွင် မြင်နေရသည့် ဝါကျစာကြောင်းမှာ သူမ ပို့ထားခဲ့သည့် 'နင် ငါ့ကို နေ့တိုင်း ရက်တွက်ပေးလို့ရမလား' ။
ထိုအချိန်တုန်းက သူမသည် အူကြောင်ကြားဖြစ်နေရင်း စကားပြော၍ရမည့်ခေါင်းစဥ်တစ်ခု ရလိုရငြားရှာဖွေထားခြင်းဖြစ်ပြီး ထို့မှသာ စန်းရန်ဘက်မှ သူမထံသို့ နေ့တိုင်းမက်ဆေ့ပို့နေမည်ဖြစ်သည်။ သို့သော် လက်ရှိအချိန် ထိုတောင်းဆိုမှုကြီးကို ပြန်မြင်လိုက်ရသည့်အခါ သူမပြောမိထားသည့်စကားက အတော်လေး အရှက်မရှိသည့်အပြင် အဓိပ္ပါယ်မရှိမျက်နှာပြောင်တိုက်နေသလိုပင်။
ထို့အပြင် တစ်ဖက်လူကိုပါ အတူတူ မျက်နှာလိုက်ပြောင်ခိုင်းသည့်အလား။
သို့သည်တိုင် စန်းရန်ဘက်က ငြင်းထားပြီးပြီမဟုတ်လား။ သူမကိုပါ မျက်နှာရည်ထူပြီးပြောင်နေသည့်အကြောင်း မကျေမနပ်ပြောထားပါသေးသည်။
ဝိန်းရိဖန် နှုတ်ခမ်းကိုကိုက်ရင်း စောင်ကို ထွေးပိုက်ကာ ချိတုံချတုံဖြင့်
[ နင်ပဲ ငါ့ကို ကိုယ့်ဘာသာကိုယ်မှတ်ထားခိုင်းတာ မဟုတ်ဘူးလား ]
အပြင်ဘက်၌ရောက်နေသောကြောင့် ဖုန်းမကြည့်အားပုံရကာ စန်းရန်က ပြန်စာ ချက်ချင်းမပို့လာ။
တစ်ခဏကြာပြီးနောက် ဝိန်းရိဖန် မှေးခနဲဖြစ်သွားသည့်အချိန်တွင်မှ အသံမက်ဆေ့များ ထပ်ပြီးပို့လာခဲ့၏။ နေရာပြောင်းသွားပုံရကာ စန်းရန်ဘက်မှ နောက်ခံအသံများက သိသ်သာသာတိုးပြီး ဆိတ်ငြိမ်သွားခဲ့သည်။
သူ့စကားပြောသည့်အသံနေအသံထားမှာ မည်သူကအထူးတလည်သင်ပေးထားမှန်းမသိ ၊ စကားပြောနှုန်းက မနှေးလွန်း မမြန်လွန်း ၊ မသိမ်မွေ့လွန်း မကြမ်းတမ်းလွန်းသည့်အပြင် စကားသံအဆုံးနားရောက်သည့်အခါ အနည်းငယ်အထက်စီးဆန်သွားတတ်ပြီး မထီမဲ့မြင်ပြုတတ်သောအငွေ့အသက်များ ကိန်းအောင်းလေ့ရှိသည်။
စန်းရန် ; "အမ်?..ဟုတ်တယ်လေ..ဒါပေမယ့်..မင်းဆိုတဲ့တစ်ယောက်က ရေထဲရောက်နေရင်တောင် ပြဿနာရှာတဲ့ငါး"
( ရေထဲရောက်နေရင်တောင် ပြဿနာရှာတဲ့ငါး = ဒုက္ခရောက်နေရင်တောင် အခွင့်အရေးတအားယူတဲ့သူ)
စန်းရန် ; "အရင်တစ်ခေါက်က ပြောထားတဲ့ ထမင်းတစ်နပ်ကိုလည်း အခုထိ ပြန်မဆပ်သေးဘူး..မင်းကိုသာ သတိမပေးနေဘူးဆိုရင် အရင်တစ်ခေါက်လိုပဲ မင်းပြောထားတဲ့စကားကို လေလိုသတ်မှတ်သွားတော့မှာ..အဲ့လိုဆိုရင် အရှုံးပေါ်သွားမှာက ဘယ်သူလဲ?"
စန်းရန် ; "တော်ပြီ..ချက်ချင်းအိပ်တော့"
ဝိန်းရိဖန်က အမှန်တကယ်အိပ်ချင်နေပြီဖြစ်ပြီး ဤကာလများအတွင်း သူမ၏အိပ်ချင်စိတ်က သိသိသာသာတိုးလာခဲ့ကာ အရင်လို အိပ်ပျော်ရန်ခက်ခဲမနေတော့ချေ။ မျက်ခွံကို အတင်းကာရောဖွင့်ထားပြီး စာပြန်ပို့လိုက်၏။
[ ငါ နင့်ကို အကြိမ်ရေတော်တော်များများ ချက်ကျွေးဖူးပါတယ် ]
ဝိန်းရိဖန် ; [ ပြန်ဆပ်ပြီးပြီလို့ သတ်မှတ်လို့မရဘူးလား ]
စန်းရန် ; [ ? ]
ဝိန်းရိိဖန်က တစ်ချက်သန်းဝေလိုက်၍ [ ကောင်းပါပြီ ]
ဝိန်းရိဖန် ; [ ဒါဆို နင် ဘာစားချင်လဲ စဥ်းစားထား ]
ဝိန်းရိဖန် ; [ ဘာပဲဖြစ်ဖြစ် ငါ ပြန်ဆပ်ပါ့မယ် ]
သေချာစဥ်းစားပြီးနောက်တွင် ဝိန်းရိဖန်က တလေးတနက်ဖြင့် ထပ်ပေါင်း စကားဆိုလိုက်၏။
[ ငါ နင့်ကို အရှုံးပေါ်အောင်မလုပ်ပါဘူး ]
တစ်ခဏကြာသွားသည်အထိ ပြန်စာ မရောက်လာခဲ့ကာ...
မသိလိုက်ပါဘဲ ဝိန်းရိဖန် အိပ်ပျော်သွားခဲ့တော့၏။
နောက်တစ်နေ့ အိပ်ရာနိုးသည့်အချိန်တွင် ဝိန်းရိဖန် ပထမဆုံးလုပ်သည့်အရာမှာ ဘေးနားမှ ဖုန်းကိုကောက်ယူပြီး မဖတ်ရသေးသောမက်ဆေ့ ရှိမရှိစစ်ခြင်းပေ။ သူမ အိပ်ပျော်သွားပြီးသိပ်မကြာလိုက်ခင် စန်းရန်က ပြန်စာပို့ထားခဲ့သည်။ အသံမက်ဆေ့ပင်။
"မင်းရဲ့ဒီစကားကတော့ အသစ်အဆန်းနော်..မသိရင် မြွေပါက နှစ်သစ်ကူးမှာ ကြက်ကိုလာကန်တော့နေသလိုပဲ"
( မြွေပါက နှစ်သစ်ကူးမှာ ကြက်ကိုလာကန်တော့ = မကောင်းသည့်အကြံအစည်ရှိနေတာကို မသိသာအောင်ကာကွယ် )
ယောက်ျားလေး၏အသံတို့ဟာ အိပ်ချင်နေသည့်အတိုင်း ;
"ကိုယ့်ဆီကနေ အခွင့်အရေးယူလို့ရသမျှအရာအားလုံးကို မင်း ယူပြီးသွားပြီပဲဟာ..အရှုံးပေါ်စရာနေရာရော ရှိသေးလို့လား?"
ဝိန်းရိဖန် ; "...."
ဤစကားကြားလိုက်ရသည့်အခါ ပြောင်းပြန်အနေဖြင့် အခွင့်အရေးယူခံရပြီး အရှုံးပေါ်နေသည့်သူက သူမလိုလိုပင် ခံစားလာမိတော့သည်။
ဘယ်လိုပင်ဖြစ်စေ စန်းရန် ပြောပြသမျှကိစ္စရပ်တိုင်းကို သူမအနေဖြင့် ဘာဆို ဘာမှမမှတ်မိ ၊ ဥပမာ- နမ်းလိုက် ဖက်လိုက် ကိစ္စအထိုထို။ သို့သော် ဤကိစ္စရပ်များက စန်းရန်ဘက်မှကြည့်လျှင်တော့ စိတ်ခံစားချက်အတက်အကျကို ဖြစ်စေမည်မှာတော့ အမှန်ပင်။
တရားမျှတအောင်ဆိုရလျှင် အခြားတစ်ယောက်ဖြစ်သည့်သူမက ထိုကိစ္စများကို စန်းရန်နှင့်ပြုလုပ်ခဲ့ခြင်းပေ။
လူကို လိုက်မပိုးပမ်းနိုင်ခင် ဝိန်းရိဖန် စတင်ပြီး အခြေအမြစ်စိုးရိမ်စပြုလာခဲ့သည်။ အကယ်၍ သူမသာ ကံကောင်းစွာဖြင့် နောက်ဆုံး၌ စန်းရန်ကို အမှန်တကယ်ပိုးပမ်းလိုက်နိုင်ပြီး သူမတို့နှစ်ဦး ဤကိစ္စမျိုးများ ပြုလုပ်ကြသည့်အခါ စန်းရန်က အသစ်အဆန်းမဟုတ်တော့သလို ခံစားရလေမလား။
အစပိုင်းတွင် ဝိန်းရိဖန်အနေဖြင့် သူမသည် ထိုကိစ္စမျိုးများကို အိပ်နေရင်းလမ်းထလျှောက်သည့်အခါ၌ လုပ်မည်မဟုတ်ကြောင်း ယုံကြည်ထားသေးသည်။ သို့သော် ဤအချိန်များအတွင်း သူမ နောက်ဆုံးအနေနှင့်သိလိုက်ရသည်မှာ သူမထံ၌ စန်းရန်အပေါ် ထိုအတွေးမျိုးများ အမှန်တကယ်ရှိနေခြင်းပေ။
Advertisement
ထို့ကြောင့် သူမ အမှန်တကယ်ကို ထိုကိစ္စမျိုးများ လုပ်ထားခဲ့နိုင်ကြောင်းကို တွေးလာမိတော့သည်။ မသိစိတ်ကလုပ်ချင်မိနေသည့်အရာများကို လက်တွေ့အကောင်အထည်ဖော်ခြင်းများလား။
ဤအကြောင်းကိုတွေးမိသည့်အခါ သူမကိုယ်တိုင်က အတော်လေးကြောက်စရာနေမှန်း ဝိန်းရိဖန် ခံစားမိလိုက်သည်။
စန်းရန်ဘက်မှကြည့်မည်ဆိုလျှင်...
သူမ၏ပုံစံမှာ ညသန်းခေါင် အိပ်နေရင်းလမ်းထလျှောက်သည့် နှာဘူးမတစ်ယောက်က ဖက်လား နမ်းလား ပြုသွားပြီး မနက်နိုးသည့်အခါ သူ့ကို အင်္ကျီကောင်းကောင်းဝတ်ထားရန် မဟုတ်လျှင် ပြစ်မှုကျူးလွန်ပစ်မည့်အကြောင်း ခြိမ်းခြောက်သွားလေတော့သည်။
ဝိန်းရိဖန်တစ်ယောက် လူကိုလိုက်ပိုးပမ်းရသည့်ကိစ္စက အတော်လေးခက်သလို ခံစားလာမိကာ မစတင်ခင်ကတည်းကကို လမ်းပျောက်နေပြီပင်။ ဤအခိုက်အတန့်မှာမူ လက်ရည်ထက်သည့်ပြိုင်ဘက်တစ်ယောက်ကို သူမဘက်က လုံးဝအနိုင်မယူသည့်အလားသဏ္ဍာန်မျိုးဖြစ်၏။
------
ဝိန်းရိဖန်၏စကားကြောင့် အခုတလောတွင် စုထျန်းက သူမ၏အခြေအနေ တိုးတက်မှုရှိမရှိကို မကြာခဏမေးမြန်းတတ်၏။ သူမ၏အဖြေမှာမူ အကြိမ်တိုင်း စကားလုံး ခြောက်လုံးတည်း။
"ကြိုးစားနေတုန်းပါပဲ"
ကြိမ်ဖန်များစွာရှိလာသည့်အခါ စုထျန်းက ဘေးလူတစ်ယောက်အနေနှင့် အားမလို အားမရ ဖြစ်လာတော့သည်။
"တစ်ဖက်လူက နင့်ကို ကြိုးရှည်ရှည်လှန်ထားတာလား"
"မဟုတ်ဘူး..သူကဖြင့် ငါ သူ့ကို လိုက်နေမှန်းတောင် မသိလောက်ဘူးထင်တယ်"
ပြောနေရင်းဖြင့် ဝိန်းရိဖန်က မသေချာ မရေရာဖြစ်လာရကာ
"ဒီကိစ္စကိုရော အရင်ဆုံး ထုတ်ပြောလိုက်ဖို့ လိုသေးလား"
"သေချာပေါက် မပြောရဘူးပေါ့ဟ!..နင် သူ့အပေါ် စိတ်ဝင်စားနေတဲ့အမူအရာမျိုးလေးတွေ ထုတ်ပြလို့ရတယ်ကွာ..ဒါပေမယ့် တာထွက်ထွက်ချင်း နင့်ကိုယ်နင်တော့ စိတ်ခံစားချက်အားနည်းလွန်းတဲ့ပုံစံမျိုးဖြစ်အောင် လုပ်ပြလို့မဖြစ်ဘူး..နင် ကိုယ့်ကိုကိုယ် ယုံကြည်မှုရှိစမ်းပါ..သူ အားတဲ့အချိန်တွေကျရင် သူနဲ့ စကားပြောကြည့်ကြည့်..လူအရမ်းကပ်တဲ့ပုံစံမျိုးလည်း မလုပ်ပြနဲ့နော်..ဒါမှမဟုတ် သူ ဝါသနာပါတဲ့ဟာတစ်ခုခုလိုက်လုပ်တာတို့..သူ့ကို အပြင်ထွက်လာအောင် ခေါ်ပြီး တစ်ခုခုစား ဘာညာပေါ့"
"အဲ့လိုလား..ငါ သဘောပေါက်ပြီ"
"အဲ့တော့ နင် လိုက်တာ ဘယ်အခြေအနေရောက်ပြီလဲ?"
စုထျန်းက အချိန်အား တစ်ချက်ပြန်တွက်ကြည့်လိုက်၍
"နင် ငါ့ကို ပထမဆုံး လိုက်ပိုးပမ်းမယ်လို့ပြောပြတဲ့အချိန်နဲ့ဆို အခု ၁လရှိသွားပြီ..ခံစားချက်တွေ နည်းနည်းပါးပါး နွေးနွေးထွေးထွေးရှိလာပြီလား"
ဝိန်းရိဖန် တွေးကြည့်လိုက်ရင်း
"ငါလည်း သိပ်သေချာမသိဘူး"
"ဒါဆို နင် ဘယ်အချိန်လောက်မှာ လိုက်နိုင်မယ်လို့ တွက်ထားလဲ?"
"မလောပါဘူး"
ဝိန်းရိဖန်က အတွေးများကိုပြန်ရုတ်သိမ်းပြီး စာရိုက်နေရင်းဖြင့်
"ငါ ထပ်စဥ်းစားနေတုန်း"
စုထျန်း ;
"ဘာကို စဥ်းစားဦးမှာတုန်း?"
"ဘယ်လို လိုက်ရမလဲဆိုတာလေ"
"...."
ဤအချိန်များအတွင်း ဝိန်းရိဖန်က တစ်ဖက်တွင် အလေးအနက်ကိုတွေးတောအကြံထုတ်နေပြီး တစ်ဖက်ကလည်း မျက်နှာမပျက်ဆက်ဆံနေဆဲဖြစ်ကာ စန်းရန်၏အရှေ့၌ သူမ၏တည်ရှိနေမှုကို သိသာစေရန် ကြိုးစားနေခဲ့သည်။
'စုထုန်းပေါ်'ကို တိတ်တဆိတ်ပေးပို့ထားသည့် မေးခွန်းက အရင်တစ်ခေါက်လောက် နာမည်မကြီးလိုက်သဖြင့် ဤတစ်ကြိမ်၌ ဝိန်းရိဖန် အကြံအိုက်နေခဲ့သည်။ သူမ၏ ပိုးပမ်းနည်းပေါင်းစုံမှာ ကိုယ်ပိုင်အသိ ၊ စန်းရန်အပေါ် နားလည်ထားသည့်အချက်များသာဖြစ်ပြီး အလုပ်ဖြစ်မဖြစ်လည်း မသေချာချေ။
သို့သော် စုထျန်းပြောပြထားသည့် ဝါသနာနောက်လိုက်သည့်အချက်တော့ မပါသေးပေ။
ထို့ကြောင့် သူမ၏အမြင်တွင် ဤအကြံဥာဏ်က အတော်လေးမဆိုးလှ၏။
ဝိန်းရိဖန်၏အမြင်အရ စန်းရန်၏ဝါသနာမှာ တစ်ချိန်လုံး ဂိမ်းကစားနေသည်ကိုသာတွေ့ပြီး ကျွမ်းကျွမ်းကျင်ကျင်လည်း ကစားတတ်ပုံရသည်။ အိမ်ထဲ၌ကစားနေသည့်အချိန်မျိုးတွင် တစ်ခါတစ်ရံ သူ့အသင်းဖော်များကို ဝေဖန်နေသည့်အသံများပါ ကြားနေရသေးသည်။
"ငါ-ူး..မင်း အမှိုက်လိုလုပ်မနေနဲ့"
ဝိန်းရိဖန်က ဂိမ်းကစားရသည်ကို စိတ်ဝင်စားခြင်းမရှိ။ တက္ကသိုလ်တက်ခါစအချိန်တုန်းက အခန်းဖော်သူငယ်ချင်းများနှင့် တစ်ခါတစ်လေ ကစားလေ့ရှိသော်လည်း နောက်ပိုင်းတွင်တော့ တော်တော်ကြာမှတစ်ခါ အွန်လိုင်းပေါ် တက်ဖြစ်တော့သည်။
အလုပ်လုပ်သည့်နောက်ပိုင်းကာလများတွင်တော့ ဂိမ်းကစားရန် အချိန်မရှိတော့။
ထို့ကြောင့် ဝိန်းရိဖန် ဂိမ်းမကစားတော့သည်မှာ ကြာလှပြီဖြစ်ပြီး ကွန်ပြူတာထဲမှ ဂိမ်းများပင် ဖျက်ပြီးဖြစ်၏။
သို့သော်လည်း တစ်စုံတစ်ယောက်ကို လိုက်ပိုးပမ်းတော့မည်ဖြစ်သည့်အတွက် တစ်ဖက်လူ စိတ်ဝင်စားသည့်အရာများကို သူမ စိတ်မဝင်စားလည်း လုပ်ရတော့မည်ပင်။ ထိုနေ့ည၌ပင် အိမ်ပြန်ရောက်ပြီးသည်နှင့် ဖုန်းထဲမှ ဂိမ်းများအား download ဆွဲလိုက်တော့သည်။
အွန်လိုင်းဂိမ်းကစားနည်းစနစ်များကို စနည်းနာပြီးနောက် ရက်သတ္တပတ်ကြာကြာလေ့ကျင့်ပြီးနောက်တွင် ဂိမ်းကစားသည့်အခြေအနေက တဖြည်းဖြည်းတိုးတက်လာခဲ့သည်။
အချိန်ကြာလာသည်နှင့်အမျှ အလုပ်ရောက်လာတိုင်း အိပ်ငိုက်နေတတ်သည့် ဝိန်းရိဖန်ကို စုထျန်းက သတိထားမိလာရင်း စကားအဖြစ်မေးလာခဲ့သည်။
"နင် ဘာဖြစ်နေတာလဲ?"
"ဟမ်?"
ဝိန်းရိဖန်က အမှန်တိုင်းပြောပြလာခဲ့၏။
"နင် ပြောပြတဲ့အကြံဥာဏ်အတိုင်း ငါ အခုတလော ဝါသနာပါတဲ့အရာကနေ ချဥ်းကပ်ဖို့ကြိုးစားနေတာ..ငါ သဘောကျတဲ့လူ ကစားတဲ့ဂိမ်းကို လိုက်ကစားနေလို့"
"ဘယ်လိုလဲ အခြေအနေ"
"ကစားလို့ကောင်းတယ်..အချိန်အရမ်းယူတာလေး တစ်ခုပဲ..ဒီရက်ပိုင်း ငါကောင်းကောင်းမအိပ်ရသေးဘူး"
စုထျန်း ;
"နင့်ဘာသာနင် တစ်ယောက်တည်းကစားတာလား"
"တစ်ယောက်တည်းကစားတာ"
"...."
စုထျန်းက တအံ့တသြဖြစ်သွားခဲ့၍
"မဟုတ်သေးဘူးလေ..နင် သူနဲ့အတူတူကစားရမှာ!..နင့်ဘာသာနင် တစ်ယောက်တည်းကစားနေတော့ ဘာအသုံးဝင်တော့မှာလဲ"
"ငါ ကစားတာ အရမ်းညံ့တယ်ဟ..သူနဲ့ အတူတူ မကစားရဲဘူး"
စန်းရန်၏ တစ်ဖက်လူကိုဆဲရေးနေသည့်ပုံစံအား ပြန်မြင်ယောင်လာမိကာ ဝိန်းရိဖန် စိုးရိမ်ပူပန်သွားခဲ့၏။
"အဆဲခံရမှာ ကြောက်တယ်"
"...."
စုထျန်းခမျာ ရယ်ချင်သလိုလိုပင် ဖြစ်လာရ၍
"စိတ်ချ..နင်သာ ယောက်ျားလေးနဲ့ အတူတူကစားရင်..သူတို့စိတ်ထဲမှာ ကောင်မလေးကိုခေါ်ကစားနိုင်တာနဲ့တင် ဂုဏ်ယူနေပြီးသား.. နင် ကစားတာ အရမ်းဆိုးနေရင်တောင် သူတို့ ဘာမှပြောမှာမဟုတ်ဘူး..ကောင်မလေးကိုပဲ အားပေးပြီး ဂရုစိုက်နေမှာ"
Advertisement
ဝိန်းရိဖန်က ခေါင်းရမ်းပြရင်း
"သူကတော့ အဲ့လိုလုပ်လောက်မှာမဟုတ်ဘူး"
"...."
"ပြီးတော့ အတူတူ မကစားတာလည်း တစ်မျိုးကောင်းပါတယ်"
ဝိန်းရိဖန်က စုထျန်း၏အကြံပြုချက်ကို လက်ခံသည်လည်းမဟုတ် လက်မခံသည်လည်းမဟုတ် ၊ သူမဘာသာ အကြောင်းပြချက်တစ်ခုရှာဖွေပြီး
"အဲ့ကနေပြီး စကားပြောစရာခေါင်းစဥ်တစ်ခု ရှာလို့ရတာပေါ့"
စုထျန်းက သုံးလေးစက္ကန့်မျှတိတ်နေပြီးမှ
"ဒီလိုလည်း ကောင်းတာပါပဲ"
"ခက်တာတစ်ခုက..."
ဝိန်းရိဖန် သက်ပြင်းချလိုက်ရင်း
"ငါ့မှာ သူနဲ့စကားပြောဖို့ကို အချိန်မရှိတာပဲ"
"...."
စုထျန်းတစ်ယောက် ထပ်ဆင့် အံ့သြသွားရပြန်ကာ ဝိန်းရိဖန်၏လိုက်ပိုးပမ်းသည့်နည်းများကို ထူးဆန်းသလိုလိုပင် ခံစားလာရ၏။
"မဟုတ်သေးပါဘူးဟာ..ရိဖန်..နင် အရင်က လိုက်မပိုးပမ်းဖူးရင်တောင် နင်ကတော့ ပိုးပမ်းခံရဖူးတယ်မလား"
ဝိန်းရိဖန်က 'အင်း' ဟုအသံတစ်ချက်ပြုလိုက်၏။
"ဒါဆို နင် သူများတွေသုံးသွားတဲ့နည်းကို ဥပမာယူလို့ရတယ်လေ"
"အာ?..ဒါပေမယ့် တခြားသူတွေရဲ့နည်းလမ်းက ဥပမာယူစရာမကောင်းသလားလို့"
ဝိန်းရိဖန်က ပြောင်ကျကျဖြင့်သာ တွေးကြည့်ပြီး စကားဆိုလိုက်တော့၏။
"အားလုံးက ရှုံးနိမ့်သွားတဲ့နည်းတွေချည်းပဲလေ"
"...."
------
အခြားတစ်ဖက်တွင်။
အချိန်ပိုဆင်းပြီးနောက် စန်းရန်က အိမ်သို့တန်းပြန်လာချင်ပါသော်လည်း စုဟောက်အန်း၏ နားပူနားဆာလုပ်နေခြင်းကြောင့် 'Overtime'ဆီသို့ ရောက်လာခဲ့ရသည်။ ဒုတိယအလွှာဆီသို့ တန်းတက်လာပြီး အတွင်းအကျဆုံးနေရာသို့ တိုက်ရိုက်လာခဲ့လိုက်သည်။
အတွင်းထဲတွင် လူ ခုနှစ်ယောက် ရှစ်ယောက်ခန့်ရှိပြီး အားလုံးက ရင်းနှီးပြီးသားသူများပင်။
တံခါးဖွင့်ပြီး ဝင်လိုက်သည်နှင့်တပြိုင်နက် စုဟောက်အန်း၏အသံကြီးက အသံချဲ့စက်ကိုဖွင့်လိုက်သည့်အတိုင်း ကျယ်ကျယ်လောင်လောင်လှမ်းအော်လာတော့၏။
"ယို့..ဒါက ဘယ်ကလူကြီးမင်းပါလိမ့်..ရှားပါးဧည့်သည်တော်ကြီးပါလား..ကျွန်တော်တို့လို ညီအစ်ကိုတွေရှိသေးကြောင်းကို အခုမှ သတိရတော့တာလား?"
စန်းရန်က တစ်ချက်လှမ်းကြည့်လိုက်ပြီး
"မင်း စကားကို မိန်းမလိုမိန်းမရ မပြောလို့ရမလား?"
"...."
တစ်ဖက်တွင်ရှိနေသည့် ချန်ဖေးက ခေါင်းရမ်းရင်း ;
"စုဟောက်အန်း..မင်း မတော်နိုင်သေးဘူးလား..ပါးစိပါးစပ်များတဲ့မိန်းမကြီးကျနေတာပဲ..စန်းရန်ဒီကောင့်ရဲ့သောက်ကျင့်ကြီးကို မင်းမို့လို့ အမှတ်မရှိ..မင်း သူ့မျက်နှာကြီးကို ကြည့်လိုက်စမ်း..ငါဆို ဆက်ပြီးတောင် မကြည့်နိုင်တော့ဘူး"
စန်းရန်က တစ်နေရာရှာ၍ ဝင်ထိုင်လိုက်ကာ နှုတ်ခမ်းပါးကို လှစ်ခနဲကွေးလိုက်၏။
"သူဌေးချန်..မင်းက ငါ့အပေါ်ဆို အရမ်းအထင်ကြီးနေတော့တာပါပဲ"
ချန်ဖေး ;
"မင်း အခုတလော ဘာတွေလုပ်နေတာလဲ..နားထောင်ရအောင် ပြောပြကြည့်စမ်းပါ"
"အာ..ပြောပြလို့မကောင်းဘူးထင်တယ်"
စန်းရန်က ဘီယာတစ်ဘူးလှမ်းယူပြီး လက်တစ်ဖက်တည်းဖြင့် ဆွဲဖွင့်လိုက်ကာ သိပ်အလေးအနက်မရှိသည့်အမူအရာဖြင့်
"ငါပြောတာကို နားထောင်ပြီးသွားရင် မင်းတို့ ယောက်တိုင်းစေ့ရဲ့ ရင်ထဲမှာ မမျှတလိုက်တာ ၊ ထင်ထားတာထက်ကိုပိုနေလို့ဆိုပြီး မနာလိုဖြစ်နေမှာကို စိုးရိမ်လို့"
ချန်ဖေး ; "?"
"ငါတော့ အရှုံးပေးပါတယ်.."
စုဟောက်အန်းက မျက်ဖြူလှန်ပြရင်း ချန်ဖေး၏ဘေး၌ ဝင်ထိုင်လိုက်၍
"အဲ့ကောင်ပြောတာ အခုတလော သူ့ကိုလိုက်နေတဲ့ကောင်မလေးရှိတယ်တဲ့..ငါတို့နဲ့ တွေ့ဖို့ အချိန်မရှိဘူးတဲ့..နားလည်လား?"
ချန်ဖေးက စန်းရန်၏ခပ်တည်တည်အမူအရာကြီးအား စူးစိုက်ကြည့်ကာ
"မင်း ကြောင်နေတာလား?..ပထမဆုံးအကြိမ် အလိုက်ခံရတာလဲ မဟုတ်ဘဲနဲ့..အရင်တုန်းကဆို မင်း ဒီလောက်ကြီးထိ လိုက်ကြွားမနေပါဘူးကွာ..ဘာလဲ..မင်းလည်း အဲ့တစ်ယောက်ကို စိတ်ဝင်စားနေတာလား?"
စန်းရန်က မျက်ခုံးတစ်ချက်ပင့်ပြလိုက်၍
"ဆိုပါတော့"
အဖြေမှာ အခန်းတစ်ခုလုံးကို မိုးချိန်းသံသဖွယ် တုန်လှုပ်သွားစေတော့၏။
"ငါ-ူး!..တကယ်ကြီးလား?"
"ဘယ်သူလဲဟ!"
"သံမဏိသစ်ပင်ကြီး ပန်းပွင့်ပြီလား?"
"မဟုတ်သေးပါဘူး..အဲ့တော့ မင်းကလည်း တစ်ဖက်လူကို စိတ်ဝင်စားနေရဲ့သားနဲ့ကို သူများ လိုက်ပိုးပမ်းမှာ စောင့်နေတာလား?..မင်း အဲ့လောက်ထိ ခွေးမဆန်လို့ မရဘူးလားကွာ!..မင်း သူများကို ကြိုးရှည်ရှည်နဲ့လှန်နေတာလား?.."
ချန်ဖေးက စိတ်မရှည်လက်မရှည်ဖြင့်
"မင်း ဘာတွေတွေးနေတာလဲကွာ..ယောက်ျားရင့်မာကြီးဖြစ်ပြီး ဘာတွေများ ထိန်းထိန်းသိမ်းသိမ်းလုပ်နေတာလဲ"
ဤစကားကိုကြားလိုက်ရသည့်အခါ စန်းရန်၏မျက်ခွံများ လှုပ်လှုပ်ရှားရှားဖြစ်သွားခဲ့ပြီး ချန်ဖေးအား အပြုံးမမြည်သောအပြုံးမျိုးဖြင့် လှမ်းပြုံးပြလိုက်၏။
"ချန်ဖေး"
ချန်ဖေး ;
"ဘာလဲ..ပြောစရာရှိတာ ပြောလိုက်"
"ငါ များများစားစားတော့မပြောပါဘူး..မင်းပြောကြည့်ကြည့် မင်းမှာသာ ငါ့လိုအသိဥာဏ်မျိုး တစ်ထောင်ပုံလို့ တစ်ပုံရှိမယ်ဆိုရင်..."
စန်းရန်က အေးအေးလူလူဖြင့်
"အခုလိုမျိုး ရာစုနှစ်တစ်ဝက်စာလောက်အထိ မင်းရဲ့ ဟိုနတ်သမီးဆိုတဲ့တစ်ယောက်ရဲ့လိုသုံးလေးအဖြစ် နေနေရမှာလား?"
သုံးစက္ကန့်မျှတိတ်ဆိတ်သွားပြီးနောက်တွင် စားပွဲဝိုင်းရှိလူများက တဟားဟား အော်ရယ်ပစ်ကုန်ကြပါတော့သည်။
"မင်းမေ!.."
ချန်ဖေးက သည်းညည်းခံမည်ပြုသော်ငြား အမှန်တကယ်ကို အောင့်အည်းမနေနိုင်တော့ကာ မတ်တပ်ထရပ်ပြီး အင်္ကျီလက်များကို ပင့်တင့်၍ စန်းရန်ရှိသည့်ဘက်သို့ လျှောက်လာခဲ့သည်။
"လာ..ငါနဲ့ မင်းနဲ့ အတူတူသေကြတာပေါ့"
ဘေးနားမှ အသောမသတ်နိုင်အောင်ရယ်နေသည့်တစ်ယောက်က ချန်ဖေးကိုဆွဲထားရင်း
"ထားလိုက်ပါတော့ ထားလိုက်ပါတော့..ငါတို့ကောင်တွေ ခွေးနဲ့ပြိုင်မငြင်းစမ်းနဲ့"
သိပ်မကြာခင်ဘဲ အခြားတစ်ယောက်က ဟာသအဖြစ် မေးမြန်းလာခဲ့၏။
"အဲ့တော့ ဆိုစမ်းပါဦး..ဘယ် အမတနတ်ဘုရားမလေး ကများ ငါတို့ရဲ့ အမြင့်ကိုပဲကြည့်လွန်းတဲ့ အကြီးဆုံးသခင်လေးစန်း သဘောကျတာကိုခံလိုက်ရတာလဲ?"
စုဟောက်အန်း ;
"အို့..မင်းတို့ကုမ္ပဏီကို အသစ်ဝင်လာတဲ့ ဟိုအလုပ်သင်လား?..တက္ကသိုလ်တတိယနှစ်လား စတုတ္ထနှစ်လား..တော်တော်လေး လှတဲ့တစ်ယောက်လေ"
"ဟုတ်လှချည်လား စန်းရန်...နွားအိုမြက်နုကြိုက်လား?..အခုမှ တက္ကသိုလ်ကျောင်းသူလေး?"
ထောင့်နားတွင်ထိုင်နေသည့်တစ်ယောက်က တဟားဟားအော်ရယ်ရင်း
"အေ့..ငါ အခုမှသတိရတယ်..မင်း ညီမလေးနဲ့တောင် အသက်က မတိမ်းမယိမ်း မလား?"
"အဲ့ဒီတော့ မင်းက မင်းထက်အသက်တွေအများကြီးငယ်မှ သဘောကျတယ်ဆိုပါတော့?"
စန်းရန်က စားပွဲပေါ်မှ စီးကရက်ဘူးအားလှမ်းယူလိုက်ကာ ပြန်ပစ်တင်လိုက်၏။
"စကားကို ကြည့်ပြောစမ်း"
ချန်ဖေးက သူ့သုံးသပ်ပြချက်ကြီးကြောင့် အချိန်ကြာကြာပြောစရာစကားမဲ့အောင် ဆွံ့အနေခဲ့ပြီးမှ
"အဲ့လိုဆိုရင်တောင် ဘာမှားနေလို့လဲ..အချစ်မှာ အသက်အရွယ်မခွဲခြားဘူး..အသက်လေး ငါး ၊ ခြောက် ၊ ခုနှစ် ၊ ရှစ်နှစ်လောက်ငယ်တော့ရော ဘာဖြစ်လဲ!..နှစ်ဖက်လုံး အသက်ပြည့်နေရင်ရပြီ!..ငါ့အမေရဲ့ သူငယ်ချင်းတစ်ယောက်ဆို သူ့ထက် ဆယ့်သုံးနှစ်လောက်ငယ်တဲ့တစ်ယောက်ကို ရှာယူထားတာ!"
စန်းရန်က ခနဲ့တဲ့တဲ့ရယ်လိုက်၍
"အဲ့လို အမျိုးအစားကလည်းရှိသေးတာလား"
"...."
သူ့ ဤတုံပြန်မှုမှာ စုဟောက်အန်း ခန့်မှန်းပြသည့်သူ မမှန်ခြင်းကြောင့်။
စားပွဲဝိုင်းထက်မှလူတစ်ချို့က နာမည်များကို တစ်ယောက်ပြီးတစ်ယောက် ခန့်မှန်းပြကြည့်ကြသည်။ သို့သော် စန်းရန်က အင်းမလုပ်အဲမလုပ်ဖြင့် အနည်းငယ်လေးမျှပင် အရိပ်အမြွက်မပေးချေ။ နောက်ဆုံးတွင် သူကိုယ်တိုင်ကသာ အမေးခံရလွန်း၍ အနှောင့်အယှက်ဖြစ်လာပြီး စိတ်မရှည်တော့ဘဲ
"မင်းတို့ကောင်တွေ ယောက်ျားကြီးတွေဖြစ်ပြီး တအားအတင်းပြောတာပဲကွာ"
မည်သူကမှ သူ့စကားကို အဖတ်လုပ်ပြီးစိတ်ကွက်နေခြင်းမရှိ။
စုဟောက်အန်းက ဆက်၍ ခန့်မှန်းနေဆဲပင်။
"ကြည့်ရတာ သူတို့ Blind Date မှာတွေ့ကြတာထင်တယ်"
ချန်ဖေး ;
"ဒီအကြောင်းပြောမှပဲ ငါလည်း ရုတ်တရက် သတိရတော့တယ်..အခုတလော သွမ့်ကျားရွှီလည်း Blind Date လုပ်နေတာမလား?..သူ့ သူဌေးက မိတ်ဆက်ပေးတာဆိုလား..လောလောဆယ် ဆေးရုံမှာ အူအတက် ခွဲနေတယ်ဆို..မင်းတို့ပြောကြည့်ကြပါဦး..ငါတို့ နန်းဝူတက္ကသိုလ်ကြီးရဲ့ King နှစ်ကောင်က ဘယ်လိုဖြစ်လို့များ အခုလိုအခြေအနေမျိုးတွေ ဖြစ်ကုန်ရတာလဲ"
စန်းရန်က ဘီယာတစ်ငုံသောက်လိုက်၍
"ငါ့ကို ဆွဲမထည့်နဲ့..ကျေးဇူး"
စကားခေါင်းစဥ်က တဖြည်းဖြည်းနှင့် ဝေးသထက် ဝေးလာခဲ့ကြသည်။
နောက်ဆုံး၌ စန်းရန် ထပြန်ခါနီး အချိန်တွင်တော့ တစ်ယောက်ယောက်က ရုတ်တရက် မေးလာခဲ့သည်။
"အဲ့တော့ မင်း အဲ့ဒီကောင်မလေးကို ဘယ်လိုဆက်လုပ်မယ်လို့စိတ်ကူးထားလဲ"
စန်းရန်က တစ်ချက်လှမ်းကြည့်လိုက်၏။
"ဘာကို ဘယ်လိုလုပ်ဖို့ စိတ်ကူးရဦးမှာလဲ..ကောင်မလေးက ငါ့ကို လိုက်ချင်နေတာလေ"
စန်းရန်က ခပ်ရေးရေးပြုံးလိုက်ကာ စားပွဲခုံအား ဘီယာဘူးခွံဖြင့် ခေါက်နေရင်း အမူအရာမှာလည်း သာမန်ပျင်းတိပျင်းရွဲဟန်ဖြင့်
"ငါက ဘာလုပ်နိုင်ဦးမှာမလို့လဲ"
"...."
"သူ လိုက်မှာကိုစောင့်ရုံပေါ့"
----------
အိမ်ပြန်ရောက်သည့်အချိန်တွင် စန်းရန်က ဗလာကျင်းနေသည့်ဧည့်ခန်းကို လှမ်းကြည့်ပြီးနောက် အိပ်ခန်းကြီးဆီသို့ တစ်ချက်လှမ်းကြည့်ကာ လှုပ်ရှားမှုများအားလုံးကို အသံတိတ်ငြင်သာထားလိုက်သည်။ ကုတ်အင်္ကျီကိုချွတ်ကာ သူ့အိပ်ခန်းထဲဝင်လာလိုက်၏။ အိပ်ခန်းတံခါးဖွင့်လိုက်ချင်းပင် အိပ်ရာပေါ်မှ တစ်စုံတစ်ရာအား ချက်ချင်းသတိထားမိလိုက်တော့သည်။
စန်းရန်၏လှုပ်ရှားမှုများရပ်တန့်သွားသည်မှာ တုံ့ခနဲ။
အပြင်ဘက်မှ ခပ်ရိပ်ရိပ်ဝင်လာသည့်အလင်းရောင်ကြောင့် အိပ်ရာထက်မှ ခြုံစောင်ကဖောင်းနေကြောင်း မြင်နေရသည့်အပြင် ခပ်ကွေးကွေးဆံပင်ရှည်တို့က ခေါင်းအုံးထက်၌ ပြန့်ကျဲလျက်။ ဝိန်းရိဖန်က အမြဲတမ်းငြိမ်ငြိမ်သက်သက်သာ အိပ်လေ့ရှိသည့်အတွက် သူမ၏အသက်ရှူငွေ့များဟာ လျစ်လျူရှု၍ရသည်အထိ တိုးဖျလွန်းသည်။ ဘောလုံးလေးတစ်လုံးလို ကွေးနေရသည်ကိုလည်း သဘောကျသည့်သူလေးပင်။
စန်းရန်က အနားသို့လျှောက်သွားကာ အိပ်ရာဘေး၌ ထိုင်ချလိုက်ပြီး ခြုံစောင်ဖြင့်တစ်ဝက်ကာထားသည့် မျက်နှာလေးအား ငေးကြည့်နေလိုက်၏။
ရယ်စရာကောင်းသည်ဟု တွေးလိုက်မိ၍လားမသိ ၊ ဖွဖွလေးပြုံးလိုက်ကာ
"မင်းက ဘယ်ကနေ အနိုင်ကျင့်ဖို့ရောက်လာတဲ့ လူဆိုးမလေးလဲ..အခန်းနှစ်ခုလုံးကို အပိုင်စီးထားတယ်ပေါ့"
ဝိန်းရိဖန်ကို နှိုးလိုက်ဖို့ရာလည်း အစီအစဥ်မရှိသည့်အတွက် စန်းရန်က မတ်တပ်ထရပ်ပြီး အဝတ်အစားများယူကာ ရေချိုးခန်းဆီသို့ ထွက်လာတော့မည့်အခိုက်တွင် ရုတ်တရက်ဆိုသလို ချန်ဖေးပြောခဲ့သည့်စကားများကို ပြန်အမှတ်ရလိုက်၏။ မျက်လွှာကိုချလိုက်ပြီး သူ့အိပ်ရာပေါ်၌ အပူအပင်ကင်းကင်းအိပ်ပျော်နေသည့် ဝိန်းရိဖန်အား လှမ်းကြည့်လိုက်ကာ
"ဝေ့..ဝိန်းရွှမ်းကျန့်"
အထူးတလည်ကို တိတ်ဆိတ်နေခဲ့သည့်အခန်းလေးထဲတွင် သာမန်စကားသံလေးကပင် ပဲ့တင်ထပ်နေသည့်အလား။
"မင်း ထပ်ပြီးတော့ နည်းနည်းလေးဖြစ်ဖြစ် သိသာအောင်လုပ်ပြပေးလို့မရဘူးလား?"
ဆူညံပြီး အိပ်ရာနိုးသွားမည်ကိုလည်း စိုးရိမ်သောကြောင့် စန်းရန်၏စကားသံများက လေတိုးသံများသဖွယ် တိုးဖျငြင်သာသွားခဲ့ကာ
"မဟုတ်ရင် ကိုယ် ဘာလုပ်လို့လုပ်ရမှန်း သိလောက်မှာမဟုတ်တော့ဘူး"
Advertisement
- In Serial61 Chapters
Y/N || Jeon Jungkook X Reader||
"I HATE YOU BITCH Y/N," jungkook said and slapped your face twice for hurting his mistress ...........18+Well, this is my first story so, pls understand me💜💙Book summary= this story is about a young kindhearted girl who is forced to marry the jeon jungkook CEO of jeon groups and he really hates y/n with his full heart and just wants to make her suffer but what will happen when jungkook will fall for but the thing is his competitors are not some noob players
8 227 - In Serial28 Chapters
The Wrong April Fools text
"Bro, she cheated on me""Who dis?""Yea, I saw her kissing all over the guy""Is this an April fools joke?""I should've confronted her ""Haha this is a horrible joke, you know that?" ---------------------------------------------------------------------------------------------------------------------------------------What would you do if you got a text on April fools? Any sane person would block the number but Morgan Mae Hearst is just stubborn. Being the nerd in school doesn't bring that much excitement into Morgan's life especially when you're invisible until a certain text comes to her life in April Fools. Instead of blocking the number, Morgan texted him back.Nicolas Klyne found out his girlfriend cheated on him during April Fools. Knowing this, he did the first thing he thought of, tell his friends. Realizing that he informed the wrong number and the wrong person he apologizes but never in a million years would he think that it would be a 'thing'. *WARNING*1) CURSE WORDS AHEAD!!!2) 3-4 non- dialogue storyig: @syneshouseA/N: This is supposed to be a quick read. This isn't supposed to have any complicated plots or anything, just the development of two strangers that happens to stumble on each other.
8 144 - In Serial23 Chapters
Observer - Timothee Chalamet
In which a girl couldnt help but observe the weirdest , most disliked , yet cutest kid at her school .
8 191 - In Serial48 Chapters
Racing for her love: A Madison Beer fanfiction
Fighting against the best racing drivers around the globe would never be easy... Neither would reaching the top charts of spotify; Y/N, an upcoming Formula 1 star, Madison Beer an upcoming music star. A totally different business, yet both under pressure are expected to bring out the best performance... how would that bond work?Rivals, mind games, dirty tactics. It's all part of the glamour of Formula 1, will Y/N be able to withstand the complications of being a Grand prix racer and reach his dream to be World champion Formula 1?This story is a fictional story around the 2021 Formula 1 world championship, a thrilling championship fight, full of controversy and drama between Y/N and Tyler Everdeen, two former feeder serie rivals.!MATURE RATED BECAUSE OF LANGUAGE AND SPICE!BxG!!FluffSmut
8 193 - In Serial30 Chapters
Keeping His Secret
"We're just two people thrown together through the bond of knowing one another's secrets."Mia and Noah couldn't be any more different. When a change in circumstances has Mia transferring from her private school to a public one, she couldn't fit in any less even if she tried. The kids at Bell View know that money is an invisible line that separates two worlds, so it's not surprising that Noah called her a spoilt little brat on her first day. But what happens when she accidentally finds out his biggest secret, will she tell everybody just to get back at him or are there bigger things at stake other than his rude personality?
8 123 - In Serial28 Chapters
ALPHA ONYX {BOOK 1}
{BOOK1}XXXX MATURE CONTENT AND LANGUAGE XXXX RATE R XXX 18+Avaluna was a small-town girl who moved to the USA with her family from England. She was kind, loving, funny and stubborn. She had a perfect life. A perfect guy. Alpha Onyx was a brute, a sadistic, impatient, cold heartless man. What happens when the big bad alpha kidnaps her on impulse? He broke our kiss. Both panting for air and lips red and swollen. "Are you wet for me?" he purred in my ears.My eyes widen at his question, realizing what I did. I broke from my lust fog. Get a grip of yourself Luna! "NO!" I squeal."You sure?" his hand trail the waistband of my jeans teasingly. I can hear the lust in his voice."Y-Yes." my voice sounds like a squeezie toy. Brilliant.He brushes his nose against the side of my neck and inhales, "I can smell you." I crush my thighs together. The arrogant prick smirk against my neck," I bet those panties are covered in your juice? Why don't you show me how soaked you are?"I slapped his hand away and spun around facing him. Bloody brilliant. I gulp realizing just how close he is to me. " You think rather highly of yourself. Don't you? Sorry, but you're not my type mate." I gulp when I saw the impish twinkle in his eyes. Buggar.He leans in resting his hands beside my hips on the sofa caging me in. My breathing hitched. There was nowhere to run. His body wasn't touching mine, but boy did I want it to. " Not your type huh? So... you wouldn't mind if I check?"--------------------------------------------------------------------------------------Copyright law ... All rights reserved to CherryKel only. No one is allowed to plagiarize, repost this story or anything else that comes to mind, without the author's written and signed consent.
8 402

